အပိုင်း ၆၄၅-၆၄၈
Vol. 33 Ch. 645-648
အပိုင်း ( ၆၄၅ )
ကျုပ်မျိုးရိုးနာမည်ကို ယူချင်တာလား။ ကန့်ကွက်စရာ မရှိပါဘူး
ကောင်းကျူမင်း၏ စိတ်အားထက်သန်သောမေးခွန်းကို ကြည့်သည့်အခါ ယဲ့ဖန်သည် ချက်ချင်းပြုံးလိုက်သည်။
" ခင်ဗျားက ကျုပ်ကို ခွေးရဲ့ဝိဉာဉ်ကို ဒူးထောက်အရိုအသေပေးစေချင်တာလား။ ပြဿနာမရှိပါဘူး ....... "
ကျူးရှောင်ကျောင်းက သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။
" ယဲ့ဖန် နင် ...... "
ယဲ့ဖန်က သဘောတူမယ်လို့ သူမ မျှော်လင့်ခဲ့ချေ။
ကောင်းကျူမင်းကို သူက ကြောက်နေတာလား။
အဲ့လိုသာဆိုရင် သူမ အရမ်းစိတ်ပျက်သွားရလိမ့်မည်။
ထိုအချိန်တွင် ယဲ့ဖန်က ပြောလေသည်။
" ခင်ဗျားရဲ့အမေက ဒီခွေးလေးကို သူ့သားလေးလို့ သဘောထားမှတော့ သူမက ခွေးမကြီးပေါ့၊ ဟုတ်တယ်မလား။ ဒါဆို ခင်ဗျားကလည်း ခွေးမသားလား။ ခင်ဗျားက ခွေးမသားကြီးဆိုတာ လူသိရှင်ကြား ဝန်ခံလိုက်ရင် ခင်ဗျားရဲ့ခွေးညီလေးဝိဉာဉ်ကို အရိုအသေပေးရမှာပေါ့။ ဘာလို့မဖြစ်ရမှာလဲ "
" ဖူး ဟားဟားဟားဟား "
ကျူးရှောင်ကျောင်း မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ရယ်လိုက်သည်။
" စဉ်းစားတတ်လိုက်တာ၊ အမှတ်ပြည့်ပေးမယ် နင့်ကို "
ဒီတစ်ယောက်က တကယ်ကို ဉာဏ်များလွန်းလေသည်။
သူ ဘယ်လိုလုပ် ဒီလောက်တောင် ဉာဏ်များတတ်ရတာလဲ။
ကြည့်နေသည့် လူများလည်း အံသြသွားကြသည်။
" အမေရေ၊ ဒီ ယဲ့ဖန်ဆိုတဲ့ကောင်လေးက သတ္တိရှိလှချည်လား။ သူက တကယ်ကြီး ကောင်းကျူမင်းကို ခွေးမသားလို့ ခေါ်လိုက်တာလား "
" သူက သူဌေးကောင်းရဲ့ မျက်နှာကိုတောင် လက်ညှိုးထိုးပြီး ကြိမ်းမောင်းရဲတာပဲ။ အဲ့လိုလုပ်ဖို့ကို သူ ဘယ်ကသတ္တိရလာတာလဲ "
" ဒါပေမယ့်လည်း ငါ့အထင် ...... သူပြောတာက အဓိပ္ပါယ်ရှိတယ် ဟားဟားဟား ..... "
" ငါလည်း မခံနိုင်တော့ဘူး။ ရယ်ချင်လို့ သေတော့မယ်။ ခွေးမသား ကောင်းကျူမင်း ဟားဟားဟား ....... "
သူတို့တင်မကဘဲ ချောင်ရှင်းဂိုဏ်းမှ လူတွေပင် ထိတ်လန့်သော်လည်း ရယ်ချင်နေကြကာ အပိုင်းပိုင်းအခုတ်ခံရပြီး ငါးစာအကျွေးခံရမှာ စိုးရိမ်တာကြောင့် သူတို့မျက်နှာပေါ်တွင် ဘယ်သူမှ အမူအရာ မပြရဲကြပေ။
ထိုစကားကိုကြားပြီး ကောင်းကျူမင်း၏ မျက်နှာထား မည်းမှောင်သွားသည်။
" ယဲ့ဆိုတဲ့အကောင်၊ မင်းက သေချင်နေတာပဲ "
ကောင်းကျူမင်းဆိုတာ ဘယ်သူမလို့လဲ။
အများအားဖြင့် အခြားသူများသည် သူ့ကိုမြင်တာနှင့် ကြောက်ရွံ့တုန်လှုပ်နေကြကာ သူအမြင်မကြည်မည်ကိုပင် စိုးရိမ်ကြရသည်။
သို့သော် ယခုအခါ ယဲ့ဖန်က သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ သူ့ကို ခွေးမသားဟု ခေါ်လိုက်သည်။
ဒီအကောင်ကို သူ ဘယ်လို ဖြေရှင်းရမလဲ။
ယဲ့ဖန်က သူ့ကို အပြစ်ကင်းစွာ ကြည့်နေသည်။
" ခင်ဗျားပဲ ပြောတာမဟုတ်ဘူးလား။ ခင်ဗျားအမေက ခွေးကို သူ့သားတစ်ယောက်လို ဆက်ဆံရင် ခင်ဗျားကလည်း ခွေးမသား မဟုတ်ဘူးလား။ ဘာမှားလို့လဲ "
ကောင်းကျူမင်းသည် ဒေါသထွက်လွန်း၍ သူ့တစ်ကိုယ်လုံး တုန်နေသည်။
" ယဲ့ဆိုတဲ့အကောင်၊ မင်း ဒီနေ့ ငါ့ကို ဒူးထောက်ပြီး အဘိုးလို့ မခေါ်ရင် ငါ့မျိုးရိုးကိုယဲ့နာမည်ခံယူလိုက်မယ် "
ယဲ့ဖန်၏ နှုတ်ခမ်းများက တွန့်ကွေးသွားသည်။
" ကျွန်တော့် မျိုးရိုးယူမလို့လား။ ကန့်ကွက်စရာ မရှိပါဘူး။ ဒါဆိုရင် အနာဂတ်မှာ ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ။ ယဲ့ကျူမင်းလား "
ယဲ့ဖန်သည် နောက်ပြောင်နေသော်လည်း တစ်ချက်တည်းဖြင့် ယဲ့ .... ကောင်းကျူမင်း၏ အားနည်းချက်ကို ထိသွားလေသည်။
အရင်က သူ့ကိုယ်သူ ချုပ်တည်းဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း 'ယဲ့ကျူမင်း' ဆိုသည့် နာမည်ကို ကြားလိုက်သည့်အခါ ချက်ချင်း ဒေါသပေါက်ကွဲထွက်လာတော့သည်။
" သတ်၊ သူ့ကို သတ်လိုက်ကြစမ်း ...... "
သူ့နောက်က လက်အောက်ငယ်သားတွေကို အော်အမိန့်ပေးရင်း သူ့မျက်နှာက ဒေါသကြောင့် အလွန်နီရဲနေသည်။
အနီးနားရှိ လူအုပ်ကြီးသည် အစက ဒီနေ့တွင် တိုက်ပွဲမဖြစ်ဘူးဟု ထင်ခဲ့ကြသောကြောင့် အနည်းငယ် စိတ်ပျက်သွားကြသည်။
သို့သော် အခြေအနေက ပိုဆိုးလာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။
ကောင်းကျူမင်းက ရုတ်တရက် စိတ်ဖောက်သွားသည်။
ထိုအခိုက်အတန့်တွင် ချောင်ရှင်းဂိုဏ်းဝင်များသည် ယဲ့ဖန် ဆီသို့ အရှိန်ဖြင့် ပြေးသွားနေကြသည်ကို တွေ့လိုက်ရသောအခါ အားလုံးက အလွန်ကြောက်လန့်သွားပြီး မျက်နှာများပင် ပြာနှမ်းသွားကြသည်။
သူတို့ပါ ငြိကုန်မှာကြောက်ကြ၍ အလျင်အမြန် နောက်ကို ဆုတ်သွားကြသည်။
ယဲ့ဖန်၏ အမူအရာမှာလည်း ပြောင်းသွားသည်။
ယဲ့ဖန်သည် ကျူးရှောင်ကျောင်းအား အမှောင်ထဲမှ ပုန်းပြီး ကာကွယ်ပေးနေတဲ့ လူနှစ်ယောက်ဆီ အမြန် တွန်းပို့လိုက်သည်။
" သူမကို ကာကွယ်ထားလိုက် "
သူတို့နှစ်ယောက် မလှုပ်မရှားနိုင်ခင်မှာဘဲ ကျူးရှောင်ကျောင်းက ယဲ့ဖန် ဘေးကို ပြေးသွားပြီး သူ့လက်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
" နင် ငါ့ကို မစွန့်ပစ်နဲ့လေ "
" မမလေး၊ ဒီလူတွေအားလုံးက မျက်တောင်မခတ်ဘဲ လူသတ်ရဲတဲ့ လူဆိုးလူမိုက်တွေ။ ကိုယ့်နောက်ကိုလိုက်မယ်ဆိုရင် မင်းအတွက် အရမ်းအန္တရာယ်များလိမ့်မယ် "
ကျူးရှောင်ကျောင်းသည် မတုန်လှုပ်သာ ဖြစ်နေသည်။
" ငါ အန္တရာယ်ကို မကြောက်ဘူး။ နင့်အနားမှာနေပြီး ဘယ်တော့မှ မခွဲခွာချင်ဘူး"
ယဲ့ဖန် က မျက်လုံးပြူးသွားသည်။
" ဒါက ရုပ်ရှင်ရိုက်နေတာလို့ ထင်နေတာလား။ မင်းသာ ကိုယ့်နောက်ကို လိုက်လာမယ်ဆိုရင် မင်း ကိုယ့်ကို ဆွဲချသလို ဖြစ်သွားလိမ့်မယ်၊ နားလည်လား "
ကျူးရှောင်ကျောင်းက ပြုံးလိုက်သည်။
" အဲ့ဒါက ပိုစိတ်လှုပ်ရှားစရာကောင်းပြီး ပျော်စရာကောင်းတယ်လေ။ နောက်ပြီးတော့ နင့်ရဲ့ အရည်အချင်းကို ငါ ယုံကြည်ပါတယ် "
" ......... "
ယဲ့ဖန် တစ်ခုခု ထပ်ပြောချင်သော်လည်း ထိုအချိန်တွင် ချောင်ရှင်းဂိုဏ်းမှ လူတွေက ပြေးလာနေကြပြီဖြစ်သည်။
ပုဆိန်တွေ မြှောက်ပြီး သူတို့ နှစ်ယောက်ကို ခုတ်လေသည်။
ယဲ့ဖန်တွင် တခြားဘာမှ ပြောဖို့ အချိန်မရှိတော့ပေ။
သူသည် ကျူးရှောင်ကျောင်း၏ သွယ်လျသောခါးကို အမြန်ဆွဲလိုက်ပြီး ဘေးဘက်သို့ ခြေတစ်လှမ်းတိုးရှောင်လိုက်သည်။
သူ့လက်ထဲမှ ကျန်းလုဓားကို လွှဲလိုက်သည်။
ဓား၏ အသွားသည် လေနှင့်ပွတ်တိုက်ကာ ဖြတ်ရှသောအသံ ထွက်လာသည်။
ထို့နောက် လူတစ်ယောက်၏လည်ပင်းနားတွင် ရပ်သွားသည်။
သူ့အရေပြားကို မထိထားသော်လည်း ထိုလူသည် အေးစက်သောဓား၏ စွမ်းအားသည် လည်ချောင်းကို ထိလာသည်အား ရှင်းလင်းစွာ ခံစားမိနေသည်။
သူ့ခေါင်းကို ဖြတ်ဖို့ နည်းနည်းသာ ဝေးတော့သည်။
ထိုအခိုက်အတန့်တွင် ခုနက အလွန်ရဲရင့်စွာ ပြေးလာသောလူသည် ခန္ဓာကိုယ်တစ်နေရာတွင် ချက်ချင်း စိုရွှဲသွားသည်။
အဝါရောင်အရည်များ သူ့ဘောင်းဘီအောက်ကနေ မြေကြီးပေါ်သို့ စီးကျလာသည်။
" အမှိုက်လိုဟာတွေ "
ယဲ့ဖန်က အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။
ထို့နောက် ခုတ်ထစ်ခြင်းမှ ရိုက်ခတ်ခြင်းသို့ ပြောင်းလဲခဲ့သည်။
ကျန်းလုဓားဖြင့် ထိုလူ၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ထည့်လိုက်ရာ ဘေးတိုက် လွင့်ပျံသွားပြီး သူတို့ဆီကို ချီတက်လာနေသော ချောင်ရှင်းဂိုဏ်းဝင်အချို့ကိုပါ ဖြိုချပစ်လိုက်သည်။
ထိုအရာတွေ အားလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်သွားခဲ့သည်။
ယဲ့ဖန်သည် တစ်ယောက်ပြီးတစ်ယောက် ပြန်တိုက်သည်။ တစ်ယောက်ပြီးသည့်နောက် နောက်နှစ်ယောက်က အမြန်ပြန်ပြေးလာသည်။
နှစ်ယောက် ပြီးသည့်နောက် နောက်ထပ် လေးယောက် ပြေးလာပြန်သည်။
ချောင်ရှင်းဂိုဏ်းမှ လူများသည် အဆက်မပြတ်ရွာသွန်းနေသော မိုးကဲ့သို့ တဖွဲဖွဲ ရောက်ရောက်လာလေသည်။
ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို ဖက်ထားလျက် ထိုလူအုပ်ကြီးကို တိုက်ခိုက်နေခြင်းဖြစ်သည်။
ကျူးရှောင်ကျောင်းသည် အလွန်စိတ်လှုပ်ရှားနေသည်။
ပုဆိန်ရောက်လာသည်ကို သူမမြင်တိုင်း ယဲ့ဖန်၏ ရင်ခွင်ထဲတွင် ချက်ချင်းပုံးပြီး အော်လေသည်။
အန္တရာယ်တွေ ပြီးသွားသည့်အခါ သူမက ဒေါသတကြီးဖြင့် ထိုလူတွေကို ဆဲဆိုကြိမ်းမောင်းသည်။
" နင်တို့တွေ တကယ်အမှိုက်တွေပဲ။ တစ်ယောက်တည်းရှ်တဲ့ ယဲ့ဖန်ကိုတောင် မနိုင်ကြဘူး ........ "
" နင်တို့က ဘာမှ အသုံးမကျဘူး။ ဓားကိုတောင် မှန်မှန် မကိုင်တတ်ကြဘူးလား "
" နင့်ကိုကြည့်ပါဦး။ အရမ်းပိန်ပြီး အာဟာရချို့တဲ့နေတဲ့သူကျနေတာပဲ။ တခြားသူတွေလို ဘာလို့ လိုက်ပြီး ဂိုဏ်းထဲဝင်ဖို့ လုပ်တာလဲ။ ကိုယ့်ဟာကိုယ်ကြည့်ပြီး လစ်လိုက်တာ ပိုကောင်းမယ် ...... "
သူမသည် အနားတွင် တရစပ် ပြောနေသောကြောင့် ယဲ့ဖန်၏ စိတ်အခြေအနေမှာ ပြိုလဲမတတ်ဖြစ်နေခဲ့သည်။
သူမကို လူအုပ်ထဲ ပစ်ချပြီး တစ်ယောက်တည်း တစ်သက်လုံး အရိုက်ခံရအောင် ပစ်ထားလိုက်ချင်တော့သည်။
အချိန်ကြာလာတာသည်နှင့်အမျှ လူအင်အားက ပိုများလာသည်။
အစပိုင်းတွင် ယဲ့ဖန်သည် သူ့ကိုယ်သူ ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသေးသည်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု မဖြစ်ချင်ခဲ့ပေ။
အများသောအားဖြင့် သူ့ဓားကို အသုံးပြုပြီး ရိုက်ထုတ်လိုက်သည့်အခါ တစ်ယောက်က လွင့်ထွက်ပြီး အခြားသူများကိုပါ သွားထိသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူ မခံနိုင်တော့ပေ။
ထိုလူများသည် ဒဏ်ရာအနည်းငယ်သာ ရရှိသွားကြပြီး လျင်မြန်စွာ လူပြန်စုကာ ရှေ့သို့ ဆက်လက် ချီတက်လာခဲ့ကြသည်။
ထို့အပြင် အစကတည်းက သူ့ဘက်မှ လူအင်အား နည်းနေပြီးသားဖြစ်သောကြောင့် လက်နှင့်ခြေတို့ကို ချည်နှောင်ထားသည့် ဖိအားများ တိုးလာသည်ကို ခံစားလိုက်ရသည်။
ဂိုဏ်းဝင်များမှ သူ့အား ပုဆိန်ဖြင့် ထိမတတ်ဖြစ်သွားသော အကြိမ်အနည်းငယ်လည်း ရှိခဲ့သည်။
ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သူ အနှေးနှင့်အမြန် ပင်ပန်းလာတော့မည်ဆိုတာ သူသိလေသည်။
ထိုအခါ သူသည် ခုတ်ထစ်ရန် စောင့်ဆိုင်းနေသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်လာလိမ့်မည်။
ထို့ကြောင့် အခြေအနေကို ချိုးဖျက်ချင်လျှင် ခေါင်းဆောင်ကို အရင်ဖမ်းရပေမည်။
ထိုအချက်ကိုတွေးပြီး ယဲ့ဖန် ချက်ချင်း လှည့်ကြည့်လိုက်ပြီး ကောင်းကျူမင်းကို ရှာလိုက်သည်။
အပိုင်း ( ၆၄၆ )
နတ်ဘုရားက သေမျိုးကမ္ဘာကို ဆင်းလာတာလား။
" အမလေး၊ ဒါက ဇာတ်ကားတစ်ကားထက်တောင် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းသေးတယ်။ လူအယောက်တစ်ရာကျော်ကို တစ်ယောက်တည်းက ဓားတစ်ချောင်းတည်းနဲ့ ပြန်တိုက်နေတာ "
" စိတ်လှုပ်ရှားလွန်းလို့ ခြေဆီလက်ဆီတွေပါ ထွက်ပြီး တစ်ကိုယ်လုံး ထုံကျင်နေပြီ။ ဒီလိုမြင်ကွင်းမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး။ စိတ်လှုပ်ရှားစရာကောင်းလွန်းတယ် "
" သူက ကောင်းကင်ပေါ်က ဆင်းလာတဲ့ နတ်များဖြစ်နေမလား။ တစ်ယောက်တည်းက လူရာချီကို စိန်ခေါ်နေတာဆိုတော့ ဒါကြီးက ချဲ့ကားလွန်းတယ် မဟုတ်လား "
" လူရာပေါင်းများစွာကို တစ်ယောက်တည်း တိုက်ခိုက်ရတာ နည်းနည်း ချဲ့ကားတယ် "
" လူရာနဲ့ချီ ဝိုင်းခံရတာကို ဒီလောက် အချိန်အကြာကြီး ခံနိုင်တာကတင် အရမ်း အားကောင်းနေပြီ "
ဤကဲ့သို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေသည့် တိုက်ပွဲကို ပွဲကြည့်သူများမှာ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
သူတို့အားလုံး စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့ကြသည်။
သို့သော် ယဲ့ဖန်ကတော့ လုံးဝ စိတ်မလှုပ်ရှားချေ။
သူခိုးနှင့် ဘုရင်အား ဖမ်းရန် လိုအပ်သည်ဟု စစ်စာအုပ်က ဆိုထားသော်လည်း လွယ်ကူသည့်အရာ မဟုတ်ချေ။
'ဘုရင်'သည် လူမိုက်မဟုတ်သောကြောင့် သေချာသည်မှာ သူ့ဘေးနားတွင် အကာအကွယ်များစွာ ရှိလိမ့်မည်။
ဒါဆို သူ့ကို ဘယ်လို လွယ်လွယ်နဲ့ ဖမ်းနိုင်မှာလဲ။
ယဲ့ဖန်သည် ရှေ့သို့ အကြိမ်အနည်းငယ် ပြေးတက် တိုက်ခိုက်သော်လည်း အဆုံးမရှိသော လူများ၏ ခုခံမှုကြောင့် သူနှင့် ကောင်းကျူမင်းကြား အဝေးသည် ပို၍ပို၍ ဝေးလာသည်။
ဘုရင်ကို ချုပ်ကိုင်ရန် အစီအစဉ်သည် အဆုံးသတ်သွားခဲ့သည်။
ယဲ့ဖန်သည် တိုက်ခိုက်နိုင်စွမ်း အလွန်ကောင်းကြောင်း ကောင်းကျူမင်း သိသည်။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် သူစေလွှတ်လိုက်သော လူများအားလုံးသည် ချောင်ရှင်းဂိုဏ်းမှ အကြီးတန်းလူမိုက်များဖြစ်ပြီး သူတို့အားလုံးသည် အတွေ့အကြုံရင့် တိုက်ခိုက်ရေးသမားများဖြစ်သည်။
ယဲ့ဖန်သည် စစ်သူကြီးကျောက်ကျစ်လုံဖြစ်နေလျှင်ပင် ဒီနေရာမှ အသက်ရှင်လျက် ထွက်နိုင်မည် မဟုတ်ချေ။
ရီချန်းကျယ် အဖြစ်အပျက်ပြီးသည့်နောက် ယဲ့ဖန်၏ အင်အားမှာ များစွာ တိုးလာသည်ကို သူသိသည်။
ဝေ့ချန်းဖန်းပင်လျှင် ခွင့်လွှတ်ခံရန် ကိုယ်တိုင်သွားပြီး ဒူးထောက်ခဲ့ရသည်။
ထိုကဲ့သို့ရန်သူအား ရင်ဆိုင်ရန်ရွေးချယ်ခြင်းသည် ပညာမဲ့သော်လည်း ဤအခြေအနေကို တွန်းအားပေးခံရသောကြောင့် သူ တောင့်ခံရန်သာ ရွေးချယ်ရမည်ဖြစ်သည်။
ထို့အတွက်ကြောင့် ယဲ့ဖန်သည် ဒီနေ့တွင် သေရမည်ဖြစ်သည်။
ယဲ့ဖန် လွတ်သွားသည်နှင့် သူ့အတွက် အလွန်ဒုက္ခဖြစ်လိမ့်မည်။
ထို့အပြင် ယဲ့ဖန်သည် စူပါမင်းမဟုတ်သောကြောင့် လူရာနှင့်ချီ ဝိုင်းခံထားရသည်မှ လွတ်မြောက်နိုင်မည်ဟု သူ မယုံကြည်ခဲ့ပေ။
ယဲ့ဖန်သည် ဤမျှလောက်ကြာအောင် နေနိုင်သည်မှာ အံ့ဩစရာကောင်းသော်လည်း ဒီထက်ပိုပြီး ကြာကြာမနေနိုင်လောက်တော့ပေ။
အမှန်တကယ်တွင်လည်း ယဲ့ဖန်သည် သူ၏ ခံနိုင်ရည်အဆုံးနား နီးနေပြီဖြစ်သည်။
ဤသို့ အဆုံးမရှိသော တရားမ၀င်လူမိုက်များကို ရင်ဆိုင်ရသည့်အခါ သမဏိဖြင့် ပြုလုပ်ထားလျှင်ပင် ကြာကြာထိန်းထားနိုင်မည် မဟုတ်ပေ။
ယဲ့ဖန် သတိမထားမိသည့် အခိုက်အတန့်တွင် သူ့၏ ညာဘက်ပခုံးကို ပုဆိန်ဖြင့် ရုတ်တရက် လျပ်ထိသွားသည်။
ကံကောင်းထောက်မစွာဖြင့် သူသည် အရေးကြီးသောအခိုက်အတန့်တွင် ခြေတစ်လှမ်းဆုတ်နိုင်ခဲ့သည်။
မဟုတ်ပါက သူ၏ ညာလက်မောင်းတစ်ခုလုံး ပြတ်တောက်သွားနိုင်သည်။
သို့သော် သူ့ညာဘက်ပခုံးတွင် သွေးများ ရွှဲလာသည်။
" ယဲ့ဖန် နင် ဒဏ်ရာရသွားတာလား "
ကျူးရှောင်ကျောင်းက ချက်ချင်းအော်လိုက်သည်။
" ကိုယ် မသေပါဘူး။ ကိုယ် အသက်ရှင်နေသရွေ့ မင်း အဆင်ပြေပါလိမ့်မယ် "
ယဲ့ဖန်သည် စိတ်အေးလက်အေး ဟန်ဆောင်ကာ တန်ပြန်တိုက်စစ်ကို ဆက်လက်လုပ်ဆောင်တော့မည် ဖြစ်သော်လည်း သူ ရုတ်တရက် ချော်သွားပြီး လဲကျမတတ် ဖြစ်သွားခဲ့သည်။
အချိန်အတော်ကြာ ဝိုင်းထားခံရပြီးသည့်နောက်တွင် သူ၏ ခံနိုင်ရည်အားသည် အလွန်ပင်ပန်းနွမ်းနယ်လာရသည်။
အခုအချိန်အထိ သူ အသက်ရှင်နေနိုင်တာကပင် အံ့ဩစရာကောင်းနေပြီဖြစ်သည်။
ချောင်ရှင်းဂိုဏ်း၏ အဖွဲ့ဝင်များအားလုံးသည်လည်း အတွေ့အကြုံရင့်သူများဖြစ်သောကြောင့် သူ ရှုံးတော့မည်ဟုပင် ပြောလို့ရသည်။
ထို့ကြောင့် ဂိုဏ်းသားများက တိုက်ခိုက်ရန် အခွင့်အရေးကို ချက်ချင်းလက်ငင်း ဆုပ်ကိုင်လိုက်ကြသည်။
ဓားနှင့် ပုဆိန်များဖြင့် ပြေးလာသည် မြင်လိုက်ရသောအခါ ကျူးရှောင်ကျောင်းသည် ယဲ့ဖန်အား သူမနောက်သို့ ရုတ်တရက် ပို့လိုက်ပြီး သူမကိုယ်ခန္ဓာကို အသုံးပြုကာ ထိုလူဆိုးများကို ရင်ဆိုင်လိုက်လေသည်။
ယဲ့ဖန် အံ့သြသွားသည်။
သူမကို ပြန်ဆွဲထုတ်ချင်သော်လည်း အရမ်းနောက်ကျသွားပြီဖြစ်သည်။
ထိုဓားများနှင့် ပုဆိန်များသည် သူမကို ထိတော့မည်။
ထိုအချိန်၌ မထင်မှတ်ထားသောအရာတစ်ခု ဖြစ်သွားလေသည်။
" ဖောင်း၊ ဖောင်း၊ ဖောင်း ...... "
ဆက်တိုက်ဆိုသလို စူးရှသည့် လေကွဲသံအချို့နှင့်အတူ တိုက်ခိုက်ရန် ရွယ်ထားသူတစ်ချို့၏ လက်ကောက်ဝတ်များကို တစ်ချိန်တည်း၌ ကျည်ဆန်များဖြင့် ထိမှန်သွားကာ သူတို့၏ လက်ထဲမှ ဓားနှင့် ပုဆိန်တို့သည် မြေကြီးပေါ်သို့ ပြုတ်ကျသွားရသည်။
ထိုအပြောင်းအလဲသည် ရုတ်တရက် ဖြစ်သွားပြီး ချောင်ရှင်းဂိုဏ်းသည် ချက်ချင်းပင် ပရမ်းပတာဖြစ်သွားသည်။
သူတို့သည် သတ်ဖြတ် လုယက်ကြသော်လည်း သေနတ်ကို မသုံးရဲကြပေ။
ဤနိုင်ငံတွင် သေနတ်သုံးလျှင် အခြေအနေတွေ ပြောင်းလဲသွားပေလိမ့်မည်။
အမှောင်ထဲတွင် ပုန်းအောင်းနေသည့် စနိုက်ပါတစ်ဦး ရှိနေမည်ဟု ဘယ်သူမှ မမျှော်လင့်ထားသောကြောင့် ချက်ချင်း ထိတ်လန့်သွားကြသည်။
ကြည့်ရှုသူများလည်း အံ့အားသင့်ခဲ့ကြသည်။
" အမလေး ဘုရားရေ၊ ဘာတွေဖြစ်နေတာလဲ။ ဘယ်သူက သေနတ်နဲ့ ပစ်လိုက်တာလဲ "
" သေနတ်တွေတောင် သုံးနေကြတာလား။ ငါဘယ်ရောက်နေတာလဲ။ ငါက စစ်ဒဏ်ခံနေရတဲ့ တိုင်းပြည်မှာလား "
" ဒါက လူဆိုးတွေကြားက တိုက်ပွဲတစ်ခုပဲလေ။ သေနတ်သုံးရအောင်ထိက ချဲ့ကားလွန်းတယ် မဟုတ်လား "
" ငါ့ဦးနှောက်တွေတောင် နည်းနည်းထုံသွား။ ဘာဖြစ်နေတာလဲဆိုတာ ငါ့ကို ပြောကြပါဦး "
သူတို့တင် မပြောနှင့် ယဲ့ဖန်ပင် အံသြသွားသည်။
ယဲ့ဖန်သည် ဆန့်ကျင်ဘက် ခေါင်မိုးပေါ်ကို အမြန်ကြည့်လိုက်သည်။
သူတို့နှင့် ဆန့်ကျင်ဘက် ဆယ်ထပ် အဆောက်အအုံ၏ ခေါင်မိုးပေါ်၌ ပုံရိပ်နှစ်ခု တဖျပ်ဖျပ်နှင့် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
ထို့နောက် သူက ကျူးရှောင်ကျောင်းကို ထိတ်လန့်စွာ ကြည့်လိုက်သည်။
ထိုလူနှစ်ယောက်သည် အနှေးနှင့်အမြန် မလှုပ်မရှားဘဲ အန္တရာယ်ကျရောက်နေချိန်မှာသာ တိုက်ခိုက်ခဲ့ကြသည်။
ရှင်းလင်းစွာပင် သူတို့သည် သူမကို လျှို့ဝှက်စွာ ကာကွယ်ပေးရန်သာ တာဝန်ရှိသည်။
တိုင်းပြည်ကို အကာအကွယ်ပေးရတဲ့ သေနတ်ကိုတောင် အသုံးချနိုင်တယ်ဆို သူမမှာ ဘယ်လို နောက်ခံရှိတာလဲ။
ကျူးရှောင်ကျောင်းသည် ထိုရလဒ်ကြောင့် အံ့သြသွားပုံ မပေါ်ချေ။
အဲ့ဒီအစား သူမလက်ကို ယဲ့ဖန်မျက်လုံးရှေ့၌ ဝှေ့ယမ်းလိုက်သည်။
" နင် ဘာရပ်နေတာလဲ။ အမြန်ထပြီး ခေါင်းဆောင်ကို ဖမ်းလေ "
ယဲ့ဖန် အာရုံများ ပြန်ကပ်လာပြီး သူမကို လေးနက်စွာ ကြည့်လိုက်သည်။
အန္တရာယ်ကိုသိသော်လည်း ထိုမိန်းကလေးသည် သူရှေ့သို့ ဝင်ကာရန် ဘာကြောင့် သတ္တိရှိစွာ ဝင်တိုးခဲ့သည်ကို နောက်ဆုံးတွင် ယဲ့ဖန် နားလည်လိုက်သည်။
ကျူးရှောင်ကျောင်းက သူ့ကို ပြဿနာရှာဖို့ ကြိုးစားနေတယ်လို့ ထင်ခဲ့သော်လည်း အခုချိန်တွင် တစ်ဖက်သား၏ ကောင်းမွန်သော ရည်ရွယ်ချက်ကို နားလည်လာသည်။
အန္တရာယ်ကြုံလာသည့်အခါမှသာ အမှောင်ထဲ၌ ပုန်းနေသည့်လူများက တိုက်ခိုက်လာမည်ဆိုတာကို သူမ သိသောကြောင့်ဖြစ်သည်။
ထိုအရာကပဲ သူ့ကို ကာကွယ်ပေးနိုင်ခဲ့တာ ဖြစ်သည်။
ယဲ့ဖန်သည် သူ့အပြစ်စိတ်ကို ခေတ္တချုပ်နှောင်လိုက်ပြီး ဓားဖြင့် ချက်ချင်း တန်ပြန်တိုက်ခိုက်ခဲ့သည်။
ချောင်ရှင်းဂိုဏ်းမှလူများသည် လက်ရှိ ဖြစ်သွားသော အဖြစ်အပျက်ကြောင့် ယောက်ယက်ခတ်နေကြသည်။
သူတို့သည် မကြာခဏ တိုက်ခိုက် သတ်ဖြတ်ကြသော်လည်း လူမိုက်များကြားမှ တိုက်ပွဲတစ်ခုသာ ဖြစ်သည်။
သူတို့ တစ်ခါမှ မပစ်ခတ်ဖူးသည့်အတွက် ချက်ချင်း ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။
ယဲ့ဖန်သည် အခွင့်အရေးယူ ရှေ့သို့ အမြန်ပြေးတက်ပြီး မကြာမီတွင် ကောင်းကျူမင်းနားသို့ ချဉ်းကပ်ခဲ့သည်။
ကောင်းကျူမင်းသည် အမှန်ပင် ချောင်ရှင်းဂိုဏ်း၏ သူဌေးဖြစ်လေသည်။
ဤလောကကြီးကို မြင်ဖူးပြီးဖြစ်သောကြောင့် သေနတ်သံကြောင့် အထိတ်တလန့်ဖြစ်သွားသော်လည်း ထို့နောက်တွင် သူသည် လျင်မြန်စွာ တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့သည်။
ယဲ့ဖန် ရှေ့တက်လာသည်ကို မြင်ပြီး သူဘာလုပ်ချင်သည်ဆိုတာကို ချက်ချင်းသဘောပေါက်သွားသည်။
" ငါ့ကို မြန်မြန်ကာကွယ်ကြ ..... "
သူ့ဘေးနားရှိ လူများစွာသည် ချောင်ရှင်းဂိုဏ်း၏ အဓိကအဖွဲ့ဝင်များဖြစ်သည်။
ထိုလူများသည် တိုက်ပွဲအတွေ့အကြုံ များစွာရှိရုံသာမကဘဲ သူ့အပေါ်ကိုလည်း သစ္စာစောင့်သိကြသည်။
သူတို့သည် အလျင်အမြန် စုစည်းပြီး ကောင်းကျုမင်းကို ဗဟိုမှာထားကာ ကာကွယ်ခဲ့ကြသည်။
သူတို့ရဲ့ ပြင်းထန်သည့် ခုခံမှုကို အချိန်တိုလေးအတွင်းတွင် ယဲ့ဖန်မှ မချိုးဖောက်နိုင်လောက်ပေ။
သူတို့သာ ခဏ ထိန်းထားနိုင်လျှင် ချောင်ရှင်းဂိုဏ်း၏ အခြားအဖွဲ့ဝင်များသည် ပြန်လည်စုစည်းရန် အချိန်လုံလောက်သွားပေမည်။
ယဲ့ဖန်သည် ထိုခုခံကာကွယ်ရေးကို အလျင်အမြန်ဖြတ်ကျော်ပြီး ကောင်းကျူမင်းကို မဖမ်းနိုင်လျှင် သူ ပြန်ပြီး အဝိုင်းခံရမည်ကို သေချာ သိထားသည်။
ထို့ကြောင့် သူသည် ကောင်းကျူမင်းကို ဦးတည်ရန် လုံးဝ စိတ်ကူးမရှိပေ။
ထိုအစား သူက လမ်းကြောင်းလွှဲရန် အခြေအနေကို ဖန်တီးနေခြင်းဖြစ်သည်။
သူ၏ တကယ့်ပန်းတိုင်မှာ ကောင်းရှင်းလန် ဖြစ်သည်။
လက်ရှိအချိန်တွင် ကောင်းရှင်းလန်ကို ကောင်းဟူနှင့် ကျန်တဲ့သူအနည်းငယ်ကသာ ကာကွယ်နေသည်။
ယဲ့ဖန်မှ ရုတ်တရက် သူမဆီ ပြေးတက်လာမည်ဟု မမျှော်လင့်ထားချေ။
သို့သော် ထိုနေရာတွင် ခံစစ်သည် ကောင်းကျူမင်းနားမှာထက် များစွာ အားနည်းသည်။
ထို့ကြောင့် ယဲ့ဖန်သည် ကျိုးနေသော သစ်ကိုင်းများကို နင်းရသကဲ့သို့ ဖြတ်ကျော်သွားသည်။
ကောင်းဟူသည် မူလက ကောင်းရှင်းလန်ရှေ့တွင် ရပ်နေသော်လည်း ယဲ့ဖန်မှ အရှိန်ဖြင့် ပြေးလာသောအခါ ရုတ်တရက် နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး ကောင်းရှင်းလန်ကို သူ့အရှေ့တွင် ထားလိုက်သည်။
ကောင်းရှင်းလန် အံ့အားသင့်သွားပြီး ထွက်ပြေးရန် ပြင်သည်။
သို့သော် ယဲ့ဖန်၏ ကျန်းလုဓားသည် သူမ၏လည်ပင်းထက်တွင် ရှိနေပြီဖြစ်သည်။
" မလှုပ်နဲ့။ မဟုတ်ရင် ခင်ဗျားရဲ့ခေါင်းကို အာမမခံပေးနိုင်ဘူး "
ယဲ့ဖန်သည် စကားပြောနေစဉ်တွင် အဝေးသို့ ဆုတ်ခွာသွားသော ကောင်းဟူကို တစ်ချက်ကြည့်လိုက်သည်။
ဒီတစ်ယောက်က တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ။
တစ်ဖက်တွင် ကောင်းရှင်းလန်သည် အလွန်ကြောက်လန့်သွားပြီး ခြေထောက်များပင် အားနည်းသွားရသည်။
ဤအခြေအနေအထိ ရောက်လာဖို့ သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားချေ။
အပိုင်း ( ၆၄၇ )
ကြည့်လိုက်၊ ဒါကမှ ချောင်ပိတ်တာ အစစ်ပဲ
" ရပ်လိုက် "
ကောင်းကျူမင်းသည် ထိုမြင်ကွင်းကို မြင်သောအခါ သူ့မျက်လုံးများ ပွင့်ထွက်မတတ်ဖြစ်သွားပြီး အမြန်အော်တားလိုက်သည်။
ယဲ့ဖန်က လှည့်ကြည့်လိုက်သည်။
" ခင်ဗျားရဲ့လူတွေကို လက်နက်ချဖို့ ပြောလိုက် "
ကောင်းကျူမင်းသည် သတိကြီးစွာထားပြီး ချောင်ရှင်းဂိုဏ်းဝင်များအား ပြောလိုက်သည်။
" မင်းတို့အားလုံး လက်နက်တွေကို ချလိုက်ကြ "
ချောင်ရှင်းဂိုဏ်းမှ လူများသည် လက်ထဲတွင်ရှိသော ဓားများ၊ ပုဆိန်များနှင့် တုတ်များကို ချက်ချင်း ပစ်ချလိုက်သည်။
ထိုအခါမှ ကောင်းကျူမင်း သက်ပြင်းချလိုက်သည်။
သူက ယဲ့ဖန်ကို မုန်းတီးစွာ စိုက်ကြည့်နေသည်။
" ယဲ့ဆိုတဲ့အကောင်၊ မင်းက ငါ့မိသားစုကို ဓားစာခံထားပြီး သုံးနေတာ ရွံစရာမကောင်းဘူးလား "
ယဲ့ဖန်သည် ဟာသတစ်ခု ကြားလိုက်ရသလို ဖြစ်သွားသည်။
" ခင်ဗျားကပဲ ရွံစရာကောင်းတယ်လို့ ပြောရဲတဲ့ ပါးစပ်ပေါက်ရှိသေးတာလား။ ခင်ဗျား ကျုပ်ကို ရာနဲ့ချီတဲ့လူတွေနဲ့ ဝိုင်းချတာကကျ အောက်တန်းမကျလွန်းဘူးလား "
ကောင်းကျူမင်းသည် သူမှားကြောင်း သိသောကြောင့် ထိုကိစ္စကို ဆက်မပြောတော့ပေ။
" ကောင်းပြီ၊ ငါ့အမေကို လွှတ်ပေးရင် မင်းတို့ကိုလည်း လွှတ်ပေးလိုက်မယ်။ အဆင်ပြေလား "
ယဲ့ဖန်၏ မျက်နှာတွင် လှောင်ပြောင်သော အမူအရာ ရှိနေသည်။
" ခင်ဗျားပြောတဲ့ စကားတစ်ခွန်းမှကို မယုံဘူး "
ကောင်းကျူမင်း အံကြိတ်ပြီး သူ့ကိုကြည့်လိုက်သည်။
" ဒါဆို မင်းဘာလိုချင်တာလဲ "
ယဲ့ဖန်သည် ရက်စက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။
" ခင်ဗျား မတ်တပ်ရပ်ပြီး စကားပြောနေတာကို မမြင်ချင်ဘူး။ ဒူးထောက်လိုက် "
" မင်း ဘာပြောလိုက်တယ် "
ထိုစကားကို ကောင်းကျူမင်း ကြားလိုက်သည်နှင့် သူ့အကြည့်များက ချက်ချင်း စူးရဲသွားသည်။
သူသည် မြေအောက်အဖွဲ့အစည်း၏ အကြီးဆုံးဖြစ်သော ချောင်ရှင်းဂိုဏ်း၏ သူဌေးဖြစ်လေသည်။
အဲ့တာကို ဒီလို ချက်ကြိုးမခြောက်သေးတဲ့ ကောင်ရှေ့မှာ ဒူးထောက်ရမှာတဲ့လား။
ဒါက ဘယ်လိုဟာသကြီးလဲ။
" ခင်ဗျားကို ဒူးထောက်ဖို့ ပြောနေတာ နားမလည်ဘူးလား "
ယဲ့ဖန်၏ ကျန်းလုeဓားသည် ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။
ထိုအခါ ကောင်းရှင်းလန်၏ လည်ပင်းမှ သွေးများ ချက်ချင်း စီးကျလာသည်။
" အား ....... ကောင်းကျူမင်း၊ မြန်မြန် ဒူးထောက်လိုက်။ မဟုတ်ရင် နင့်အမေ သေရလိမ့်မယ် ....... "
ကောင်းရှင်းလန်က ချက်ချင်း အော်လိုက်သည်။
ကောင်းကျူမင်းသည် တုံ့ဆိုင်းမနေတော့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။
ထိုမြင်ကွင်းက နေရာတွင် ရှိနေသူတိုင်းကို တုန်လှုပ်စေသည်။
အဝေးမှကြည့်နေသူများအားလုံးလည်း အံသြသွားကြသည်။
အခုလေးတင် ယဲ့ဖန်မှ လူရာပေါင်းများစွာ ဝိုင်းခံရသည်ကို ဖောက်ထွင်းခဲ့ခြင်းက သူတို့ကို အတော်အံ့အားသင့်သွားစေခဲ့သည်။
သို့သော် ကောင်းကျူမင်းမှ လူတိုင်းရှေ့တွင် ဒူးထောက်လိုက်သည်ကို တွေ့လိုက်ရသည့်အခါ သူတို့ ပိုလို့ပင် အံ့သြတုန်လှုပ်သွားကြသည်။
" ငါ မခံနိုင်တော့ဘူး။ ငါ့နှလုံးသားက မခံနိုင်တော့ဘူး။ သူက လူရာချီ ဝိုင်းခံရတာကို ဖြတ်ကျော်နိုင်တဲ့အပြင် ကောင်းကျူမင်းရဲ့ အမေကိုလည်း ဖမ်းခဲ့သေးတယ်။ ဒါကြီးက နတ်ဘုရားဆန်တဲ့ အကွက်ပဲ။ သူက သေချာပေါက် နတ်ဘုရားပဲ "
" စစ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ ခေါင်းကို ရန်သူသန်းချီက ယူချင်ကြတယ်ဆိုတာကို အဓိပ္ပါယ်မရှိဘူးလို့ ထင်ခဲ့တာ။ ဒီနေ့တော့ အဲ့တာက အမှန်ပဲဆိုတာ သိလိုက်ရပြီ "
" ကောင်းကျူမင်းက ဒူးထောက်နေတာလေ၊ သူဌေးကောင်းက ဒူးထောက်နေတာတဲ့လေ။ ငါ့မျက်လုံးတွေကိုတောင် မယုံနိုင်ဘူး "
" ဒီတိုက်ပွဲပြီးရင် ဒီလူငယ်လေးက နာမည်ကြီးဖြစ်လာမှာပဲ ....... "
ကျူးရှောင်ကျောင်းသည် ယဲ့ဖန်အနားတွင် ရပ်နေပြီး သူ့ဘေးတိုက်မျက်နှာကို စိုက်ကြည့်နေသည်။
သူသည် ဘုရင်တစ်ပါး၏ ဩဇာကဲ့သို့ ကြီးစိုးသော ကိုယ်ရောင်ဝါကို အမှန်တကယ် ပိုင်ဆိုင်ကြောင်း သူမ ဝန်ခံရပေမည်။
ယန်းချန်မြို့တွင် သည်းမခံနိုင်လောက်အောင် မာနကြီးသော သူဌေးကောင်းပင်လျှင် သူ့ခြေရင်း၌ ဝပ်တွားဒနေခဲ့ရသည်။
ဒီသေလောက်တဲ့ ဆွဲဆောင်မှုကြီးက ဒီလောက် မပြင်းထန်လို့ မရဘူးလား။ မဟုတ်ရင် လုံးဝကြွေကျတော့မယ်။
ကောင်းကျူမင်းသည် အလွန်အရှက်ကွဲသွားသည်။
သူ့မျက်လုံးတွေမှ မီးများ တောက်လောင်နေသည်။
" ငါ ဒူးထောက်ပြီးပြီ။ ငါ့အမေ့ကို လွှတ်ပေးလို့ရပြီလား "
ယဲ့ဖန်က သူ့ကို ဧကရာဇ်တစ်ပါးမှ အပြစ်သားကို ငုံ့ကြည့်သလို ကြည့်လိုက်သည်။
" ခင်ဗျား ခုနက ကျုပ်ကို အခြေအနေနှစ်ခုပေးခဲ့တယ်မလား။ အပြန်အလှန်မတုံ့ပြန်ရင် မယဉ်ကျေးရာ ရောက်သွားလိမ့်မယ်။ အဲ့တော့ ခင်ဗျားကို အခြေအနေ နှစ်ခု ပေးမယ် "
ကောင်းကျူမင်း အံကိုကြိတ်ထားသော်လည်း ခေါင်းညိတ်လိုက်ရသည်။
" ဘယ်လိုအခြေအနေလဲ "
ယဲ့ဖန်က ပြတ်သားသောအသံဖြင့် ပြောသည်။
" ပထမဆုံး၊ ခင်ဗျားပိုက်ဆံတွေ အကုန်သုံးပြီးတော့ မင်းရဲ့ညစ်ပတ်တဲ့ပိုက်ဆံအားလုံးကို ပရဟိတအဖွဲ့အစည်းတစ်ခုဆီ လှူစေချင်တယ်။ ခင်ဗျား မကောင်းမှုအကုသိုလ်တရားတွေကို ပြေပျောက်အောင် ကျုပ်က ကူညီပေးမယ်။ ဒါက သိပ်တော့မလွန်ဘူး မဟုတ်လား "
ကောင်းကျူမင်း ထိုစကားကိုကြားတော့ သူ့နှလုံးသားထဲက သွေးတွေ ပေါက်ထွက်ကျလာသလို ခံစားလိုက်ရသည်။
ဤနှစ်များတစ်လျှောက်တွင် သူသည် လူများကို သတ်ဖြတ်လုယက်ကာ ရာဇ၀တ်မှုမျိုးစုံကို ကျူးလွန်ခဲ့ပြီးမှ ပိုင်ဆိုင်မှု ယွမ်ဘီလီယံအနည်းငယ်သာ စုဆောင်းနိုင်ခဲ့သည်။
သူ့စည်းစိမ်ဥစ္စာ အားလုံးကို စွန့်လွှတ်ဖို့ တောင်းဆိုခဲ့ခြင်းက သူ့ဘဝ တစ်ဝက်ကိုပေးပါဟု တောင်းလိုက်ခြင်းဖြစ်သည်။
သို့သော် သူ့မိခင် ကောင်းရှင်းလန်၏ ဘဝသည် တစ်ဖက်လူ၏ လက်ထဲတွင် ရှိနေသောကြောင့် သူ့တွင် ရွေးချယ်စရာမရှိပေ။
" ကောင်းပြီ ငါမင်းကို ကတိပေးတယ် "
ယဲ့ဖန်က ဆက်ပြောသည်။
" ဒုတိယအနေနဲ့ ခင်ဗျား ချောင်ရှင်း ဂိုဏ်းကို ဖျက်သိမ်းရမယ်။ ခင်ဗျားလူတွေက အကြင်နာမဲ့ပြီး လူတွေကို ပြဿနာဖြစ်အောင် လုပ်တယ်။ ကျုပ်က ခင်ဗျားကို ပြန်စဖို့ အခွင့်အရေးပေးလိုက်မယ်။ ဒါက သိပ်တော့မလွန်ဘူး မဟုတ်လား "
ကောင်းကျူမင်းသည် ရုတ်တရက် ခေါင်းမော့ပြီး သူ့ကို တည့်တည့်စိုက်ကြည့်နေသည်။
" မင်း ငါ့ကို သတ်ဖို့ကြိုးစားနေတာလား "
သူသည် ဒီနှစ်များအတွင်းတွင် နှလုံးသားမဲ့သော အရာများစွာကို ပြုလုပ်ခဲ့ပြီး သူ၏ရန်သူများသည် နေရာတိုင်းတွင် ရှိနေခဲ့သည်။
ချောင်ရှင်းဂိုဏ်း ပြိုပြီးတာနဲ့ သူ့ဘဝကို လူဘယ်နှစ်ယောက်လောက်က လိုချင်နေမယ်ဆိုတာ ဘယ်သူသိမှာလဲ။
ယဲ့ဖန်၏ လက်ထဲမှ ကျန်းလုဓားသည် တုန်ခါသွားသည်။
ဓားသည် အသားထဲသို့ ပိုနက်ဝင်သွားသည်။
ကောင်းရှင်းလန်က ချက်ချင်းထအော်လိုက်သည်။
" ကောင်းကျူမင်း၊ နင် သူတောင်းဆိုတာတွေကို မြန်မြန် သဘောတူလိုက်စမ်း။ မင်းအမေရဲ့ဘဝက ချောင်ရှင်းဂိုဏ်းလောက် အရေးမကြီးဘူးလား "
ကောင်းကျူမင်းက ခေါင်းငုံ့ကာ ပျော့ညံ့စွာ ခေါင်းညိတ်သည်။
" ကောင်းပြီ ငါသဘောတူတယ် "
ထိုသို့ပြောပြီးသည်နှင့် ပတ်ဝန်းကျင်မှ လူတွေက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
" တကယ်လား။ သူက ချောင်ရှင်းဂိုဏ်းကို တကယ်ကြီး ဖျက်သိမ်းတော့မှာလား။ အဲ့တာအရမ်းကောင်းတယ်။ ငါ ပျော်ပြီလေ "
" ဟုတ်တယ်။ ချောင်ရှင်းဂိုဏ်းက ယန်းချန်မြို့မှာ မကောင်းမှုတွေကို နှစ်တွေအကြာကြီး လုပ်ခဲ့တာ။ လူတွေက ဒေါသထွက်ကြပေမဲ့ မပြောရဲကြလို့သာ။ တကယ်ကြီး ဖြိုနိုင်ရင် အဲ့တာက လူတိုင်းအတွက် ကြီးကျယ်ခမ်းနားတဲ့ အရာပဲ "
" ကြည့်၊ ဒါကိုမှ ချောင်ပိတ်တာလို့ ခေါ်တာ။ ကောင်းကျူမင်းက ပြောလိုက်တဲ့ အခြေအနေတွေက သူ့အတွက်ပဲ အကျိုးရှိတာ။ ဒါပေမဲ့ ဒီယဲ့လူကြီးမင်းက ပြည်သူတွေအတွက် လုပ်ပေးနေတာ။ ဒါက ကွာခြားချက်ပဲ "
" ငယ်ငယ်လေးနဲ့ အောင်မြင်နေတယ်ဆိုတာ အံ့သြစရာမရှိတော့ပါဘူး။ ဒီလိုအခြေအနေမျိုးက သာမန်လူတွေနဲ့ ယှဉ်လို့မရဘူး "
" ချောင်ရှင်းဂိုဏ်းကိုသာ ဖျက်သိမ်းနိုင်ရင် ငါတို့ ယန်းချန်မြို့က ယဲ့လူကြီးမင်းရဲ့ ကြီးမားတဲ့ ကြင်နာမှုကို သတိရနေမှာ ..... "
လွန်ခဲ့သည့် နှစ်များအတွင်းတွင် ယန်းချန်မြို့တွင် ချောင်ရှင်းဂိုဏ်း၏ လုပ်ရပ်များသည် ကောင်းကင်ဘုံကိုပင် အမျက်ဒေါသထွက်စေနိုင်ကာ လူတိုင်းက နာကြည်းနေကြသည်ဟု ဆိုနိုင်သည်။
ဂိုဏ်းဖျက်သိမ်းတော့မည်ဟူသည့် သတင်းကြားသည့်အခါ ကြည့်နေသူများအတွက် မီးရှူးမီးပန်းများဖောက်ကာ ပျော်ပွဲကျင်းပမတတ် ပျော်သွားကြသည်။
ကောင်းကျူမင်း အံကြိတ်ကာ ယဲ့ဖန်ကို စိုက်ကြည့်သည်။
" မင်းရဲ့အခြေအနေတွေကို ငါသဘောတူပြီးပြီ။ ငါ့အမေကို အခု လွှတ်လို့ရပြီလား "
ထိုမှသာ ယဲ့ဖန်သည် သူ၏ဓားကို ဖြည်းဖြည်းချင်း ဖယ်ပေးလိုက်သည်။
" ခင်ဗျားက ခင်ဗျားရဲ့ စကားကို ကောင်းကျူမင်းအနေနဲ့ တည်မယ်လို့ ယုံပါတယ်။ ခင်ဗျား ချောင်ရှင်းဂိုဏ်းကို သုံးရက်အတွင်း မဖျက်ရင် ကျုပ်ကိုယ်တိုင် ဖျက်သိမ်းမယ် "
ကောင်းကျူမင်းသည် သူ့အမေ အန္တရာယ်မှ ကင်းလွတ်သွားသည်ကို မြင်လိုက်ရပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
ထို့နောက် ယဲ့ဖန်နှင့် သိပ်မဝေးသော ကောင်းဟူကို တစ်ချက်ကြည့်လိုက်သည်။
ကောင်းဟူက ချက်ချင်း သဘောပေါက်သွားသည်။
သူ့သူဌေးက အခုထိ လက်မလျှော့သေးဘူးဘဲ။
သူ လှုပ်ရှားသင့်လား။
အပိုင်း ( ၆၄၈ )
ဒါကမှ တကယ့်အကောင်ကြီးပဲ
ကောင်းကျူမင်းသည် သေချာပေါက် အရှုံးမပေးပေ။
ယဲ့ဖန်ရဲ့ စကားနည်းနည်းလောက်နဲ့ သူ နှစ်တွေအများကြီး တည်ဆောက်ခဲ့ရတဲ့ အခြေခံအုတ်မြစ်ကို လုံးဝ ဖျက်ဆီးပစ်ရမှာတဲ့လား။
ဒါက ဘယ်လိုဟာသကြီးလဲ။
ထို့ကြောင့် သူ့အမေ လွတ်မြောက်သွားသောအခါတွင် ကောင်းဟူအား ချက်ချင်းအကြည့်ဖြင့် သတိပေးလိုက်သည်။
ကောင်းဟူမှ သူ့အမေကို ကာကွယ်ထားသရွေ့ သူ အမိန့်ပေးပြီး ယဲ့ဖန်ကို သတ်ပစ်နိုင်လေသည်။
သို့သော်လည်း သူ့စကားကို အမြဲနားထောင်ခဲ့သော ကောင်းဟူသည် သူ့အမိန့်ကို မလိုက်နာခဲ့ပေ။
အဲ့ဒီအစား သူ့အကြည့်တွေကို မမြင်သလို ရှောင်ထွက်သွားသည်။
ကောင်းကျူမင်းသည် ဒေါသ အလွန်ထွက်နေပြီး သူ့နှာခေါင်းပေါက်မှ မီးခိုးများ ထွက်လာမလိုပင် ဖြစ်နေသည်။
သူ့မျက်လုံးများထဲမှ သတ်ပစ်ချင်စိတ်မှာလည်း ထင်ရှားနေလေသည်။
ထိုအချိန်၌ အသံကျယ်ကြီး ရုတ်တရက် ထွက်ပေါ်လာသည်။
ထို့နောက် ရဲကားဆယ်စီးကျော် အရှိန်နှင့် မောင်းလာသည်ကို တွေ့လိုက်ရသည်။
ကားများ ရပ်သွားပြီးနောက် လက်နက်အပြည့်အစုံနဲ့ အရာရှိတွေ ပြေးထွက်လာသည်။
အရာရှိရုံးမှ ရန်ကျန်းရယ်က ဦးဆောင်ပြီး လမ်းလျှောက်လာခဲ့သည်။
" မင်းတို့ အားလုံး ပုန်ကန်နေကြတာလား။ နေ့ခင်းကြောင်တောင် လူအုပ်ကြီး စုပြီး ရမ်းကားရဲတဲ့အထိ သတ္တိတွေရှိနေတာလား။ မင်းတို့ မျက်စိထဲမှာ ဥပဒေဆိုတာ ရှိသေးလား "
လွန်ခဲ့သည့် အခိုက်အတန့်ကထိ ပြင်းထန်ခဲ့ကြသော ချောင်ရှင်းဂိုဏ်းအဖွဲ့ဝင်အုပ်စုသည် ခေါင်းငုံ့ကာ သူရှေ့သို့ လမ်းလျှောက်လာသည်။
ရန်ကျန်းရယ်သည် အေးစက်သော မျက်နှာထားဖြင့် ကောင်းကျူမင်းဆီသို့ လျှောက်လာသည်။
" ကောင်းကျူမင်း၊ မင်း ဘာလုပ်နေတာလဲ "
သူ တာဝန်မထမ်းဆောင်မီတွင် ကောင်းကျူမင်း၏ မောက်မာမှုနှင့် ပြဿနာရှာတတ်မှုတို့ကို သူ ကြားသိခဲ့ရသည်။
သူတာဝန်ယူပြီးနောက်တွင် ကောင်းကျူမင်းကို ဖမ်းဆီးရန် အမြဲဆန္ဒရှိခဲ့သော်လည်း အကြောင်းပြချက်ကို ရှာမတွေ့ခဲ့ပေ။
ဤမျှလောက် တရားဥပဒေမဲ့သောကောင် ဖြစ်နေမည်ဟု သူ မမျှော်လင့်ထားပေ။
ထို့အပြင် သူက လူစုကာ ဒုက္ခဖြစ်ပေးနိုင်သည်အထိ သတ္တိရှိလေသည်။
နောက်ဆုံးတွင် သူနဲ့ တိုက်ရိုက်ထိပြီဖြစ်သည်။
ကောင်းကျူမင်း ရယ်မောလိုက်သည်။
" ဘာမှမဟုတ်ပါဘူး။ ညီအစ်ကိုတွေ၊ လူကြီးမင်းရန်ရဲ့ မျက်နှာကိုထောက်ပြီး သွားကြရအောင်။ ဒီည မွှေးရနံ့စားသောက်ဆိုင်မှာ ညစာ ငါကျွေးမယ် "
ချောင်ရှင်းဂိုဏ်းမှ အားလုံးက ရွှင်မြူးသွားကြသည်။
ကောင်းကျူမင်းသည် သူ့ရှေ့တွင် အလွန်မောက်မာဝံ့ကြွားနေသေးကြောင်း ရန်ကျန်းရယ် မြင်လိုက်ရပြီး ချက်ချင်း ဒေါသတကြီး ဖြစ်စ်သွားသည်။
" ထမင်းစားဖို့ လူမစုနိုင်တော့ဘူး ထင်တယ်။ အခု မင်းတို့ လူစုလူဝေးဖြစ်အောင် လုပ်တဲ့အတွက် ဖမ်းမယ်။ ငါနဲ့ အရင်လိုက်ခဲ့ "
နားရွက်နားသို့ ဖြည်းညှင်းစွာ ကပ်လာသောအခါ ကောင်းကျူမင်း၏ မျက်နှာထား မည်းမှောင်သွားသည်။
" ရန်ကျန်းရယ်၊ ငါ မင်းကိုမျက်နှာသာပေးနေတာ။ ကျေးဇူးမကန်းနဲ့ "
ရန်ကျန်းရယ်သည် သူ့ကို တွန်းထုတ်လိုက်ပြီး သူ့မျက်လုံးတွေမှာလည်း မီးလို ပူလောင်သွားသည်။
" မင်းက လူဆိုးကောင်ပဲ။ မင်းကို အဲ့လိုလုပ်လို့ရတယ်လို့ ဘယ်သူက သတ္တိပေးလိုက်တာလဲ။ သူ့ကို ဖမ်းလိုက် "
သူ့အမိန့်ကို ရပြီးသည်နှင့် အစောင့်နှစ်ယောက်က အပြေးလာပြီး ကောင်းကျူမင်းကို ဆွဲချလိုက်သည်။
ကောင်းကျူမင်းက ခပ်ဖျော့ဖျော့ ပြုံးပြီး သူလူတွေကို ပြန်ဖို့ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" ကောင်းပြီ၊ မင်းတို့ အရင်ပြန်သွားနှင့်လိုက်ကြ။ ငါ ရန်လူကြီးမင်းနဲ့ လိုက်သွားလိုက်မယ်။ ဒီည ညစာကတော့ ပုံမှန်အတိုင်းပဲ။ ဘယ်သူမှ ပျက်ကွက်လို့မရဘူး "
စကားပြောနေရင်း သူသည် ရန်ကျန်းရယ်ဆီသို့ လျှောက်လာပြီး သူ့ပုခုံးကို ပုတ်လိုက်သည်။
" အချိန်တန်ရင် ငါ့ကို လွှတ်ပေးရမယ်ဆို မင်းယုံလား။ ဟား ......... "
ထိုသို့ပြောပြီးနောက် အရာရှိများနှင့် ဝေးရာသို့ လှည့်ထွက်သွားသည်။
ရန်ကျန်းရယ်သည် ဒေါသတဟုန်းဟုန်း တောက်လောင်နေသည်။
ထိုအချိန်တွင် ယဲ့ဖန်သည် ဖြည်းညှင်းစွာ လျှောက်လာပြီး သူ့ကို ပြုံးပြလိုက်သည်။
" Mr. Yi၊ ကျွန်တော်တို့ ပြန်တွေ့ကြပြီ "
ရန်ကျန်းရယ်သည် ယဲ့ဖန်ကို တွေ့လိုက်သောအခါ သူ့အမူအရာ အနည်းငယ်ပျော့သွားသည်။
" မင်းက တကယ်ကို ရပ်မသွားဘူးဘဲ။ မင်း ရုံးကထွက်လာတာနဲ့ ဒီလိုမျိုး တန်းဖြစ်တော့တာလား "
ယဲ့ဖန်က သူ့ကို အပြစ်ကင်းစွာ ကြည့်နေသည်။
" ကျွန်တော်က အပြစ်မရှိပါဘူး။ ကျွန်တော်ကတောင် ခံရတဲ့သူပါ၊ ဟုတ်ပြီလား။ ချောင်ရှင်းဂိုဏ်းကို ဘယ်သူက စပြီး ရန်ရှာရဲမှာလဲ။ အဲ့တာက သေချင်နေပြီလို့ ပြောလိုက်တာပဲ မဟုတ်ဘူးလား"
သူ့စကားများက ရန်ကျန်းရယ်ကို တန်ပြန် ထိတ်လန့်သွားစေပြန်သည်။
တာဝန်ရှိသူတစ်ဦးအနေဖြင့် ပြည်သူကို အကာအကွယ်ပေးပြီး ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်နိုင်စေရမည် ဖြစ်သည်။
အခုတော့ ဒီစကားက သူ့အတွက် အလွန်အရှက်ရစေသည်။
" ကောင်းပြီ၊ မဟုတ်တဲ့စကားတွေ ရပ်လိုက်တော့။ စုံစမ်းစစ်ဆေးရေးမှာ ကူညီပေးဖို့ မင်းလည်း ငါတို့နဲ့အတူ လိုက်ခဲ့ပါ " ဟု ယဲ့ဖန် အား အေးစက်စွာပြောလိုက်သည်။
ထိုအချိန်တွင် ကျူးရှောင်ကျောင်းသည် အနောက်မှ ရုတ်တရက် ရောက်လာခဲ့သည်။
" ရန်လူကြီးမင်း၊ ကျွန်မတို့က တကယ် အပြစ်ကင်းတာပါ။ ဟိုးအဝေးကြီးကို ထွက်သွားကြတဲ့ ချောင်ရှင်းဂိုဏ်းကလူတွေကမှ ပြဿနာရှာတာ "
ရန်ကျန်းရယ်သည် သူမကိုမြင်သောအခါ သူ့အမူအရာပြောင်းသွားသည်။
" ကျူး ........ "
ကျူးရှောင်ကျောင်းက သူ့ကို ချက်ချင်း ဖြတ်ပြောလိုက်သည်။
" ရန်လူကြီးမင်း၊ ကျွန်မတို့အားလုံးက တရားဥပဒေကို လိုက်နာတဲ့ နိုင်ငံသားတွေပါ။ တရားဥပဒေထဲကနေ သမာသမတ်ကျကျနဲ့ ဖြေရှင်းပေးသင့်တယ် "
ရန်ကျန်းရယ်သည် လျင်မြန်စွာ အသိစိတ်ပြန်တည်ငြိမ်သွားသည်။
" ဟားဟား ဟုတ်တယ်။ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမှာ ငါတို့တာဝန်ပဲ။ ယဲ့လူကြီးမင်း ကျေးဇူးပြုပြီး စောင့်ကြည့်မှုမှတ်တမ်းကို ပေးပါ။ မေးစရာရှိရင် ငါ မင်းကို အချိန်မရွေး ဖုန်းဆက်လိုက်မယ် "
ယဲ့ဖန်က တခြားဘာမှ မပြောချေ။
ချက်ချင်း Blue Charm Nightကားဆီကို ပြန်လာပြီး ကားထဲမှ စောင့်ကြည့်ကင်မရာအား ရဲကို ပေးလိုက်သည်။
ကျူးရှောင်ကျောင်းကို မြင်သောအခါ ရန်ကျန်းရယ်၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားသည်။
သူသည် တစ်ခုခုကို သိသာထင်ရှားစွာ မှတ်မိလိုက်သော်လည်း ကျူးရှောင်ကျောင်းမှ သူ့ကို စကားဖြတ်ပြောလိုက်သည်။
လူအုပ်ကြီးက ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။
" အို ဘုရားရေ၊ ဒီလူငယ်လေးက အင်အားကြီးလွန်းတယ် မဟုတ်လား "
" မျက်စိနဲ့ မမြင်ရရင် ယုံမှာတောင် မဟုတ်ဘူး "
" တကယ် အကောင်ကြီးပဲ "
" သူက ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေးဖြစ်ပြီး အရမ်းလည်း ချောသေးတယ်။ ငါသာ မိန်းမဖြစ်ရင် ငါသူ့ကို သေချာပေါက်လက်ထပ်မှာ "
" တော်စမ်းပါ၊ မင်းရဲ့အသွင်အပြင်နဲ့ မင်း မိန်းကလေးဖြစ်ရင်တောင် ရုပ်ဆိုးတဲ့ ဘီလူးတစ်ကောင် ဖြစ်နေတုန်းပဲ။ မင်းက သူ့အတွက် ဘယ်လိုလုပ် ထိုက်တန်မှာလဲ "
" ဟုတ်တယ်။ သူ့ဘေးနားက ကောင်မလေး ဘယ်လောက်လှလဲ ကြည့်ကြည့်လိုက်။ သူ့ကို မင်းက ဘယ်လိုပုံစံနဲ့ ဆွဲဆောင်နိုင်မှာမလို့လဲ "
" ဒါပေမယ့် ငါက တစ်နေရာရာမှာ ကြမ်းတယ်လေ ........ "