အပိုင်း ၆၄၉-၆၅၂
Vol. 33 Ch. 649-652
အပိုင်း ( ၆၄၉ )
မင်းက ဝဋ်ကြွေးပဲ
" ယဲ့ဖန် နင် အဆင်ပြေရဲ့လား "
နောက်ဆုံးတွင် ကျူးရှောင်ကျောင်းသည် ယဲ့ဖန်၏ ပုခုံးပေါ်ရှိ ဒဏ်ရာကို စစ်ဆေးရန် အခွင့်အရေးကို တွေ့ရှိခဲ့သည်။
သူမ အတော်လေး စိုးရိမ်နေပုံရသည်။
" ဒါက ဒဏ်ရာလေးတစ်ခုပါပဲ "
ယဲ့ဖန်သည် ရှုပ်ထွေးသော အကြည့်ဖြင့် သူမကို ကြည့်လိုက်သည်။
ဒီနေ့ သူမကြောင့်သာ မဟုတ်လျှင် သူ ဒီမှာတင် သေသွားနိုင်သည်။
ခေါင်မိုးပေါ်မှာ ခြုံခိုနေတဲ့ သေနတ်သမားနှစ်ယောက်အကြောင်းကို တွေးမိခြင်းက သူ့ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေသည်။
ဆယ်ထပ်မြင့်တဲ့ အဆောက်အဦးခေါင်မိုးပေါ်မှ လူမိုက်တွေ၏ လက်ကောက်ဝတ်ကို အတိအကျ ထိမှန်အောင် ပစ်နိုင်ရန်မှာ သာမန်ခက်ခဲမှုမျိုး မဟုတ်ချေ။
ကျူးရှောင်ကျောင်း၏ နောက်ခံသည် ထူးကဲသော အဆင့်မြင့်လူများကိုပင် အသုံးပြု၍ သူမအား ကာကွယ်ရန် လိုအပ်လေသည်။
သူမကိုမြင်သောအခါ ရန်ကျန်းရယ် ဖြစ်သွားသော အမူအရာကိုပြန်တွေးကြည့်လျှင် အရာအားလုံးဟာ ပိုမိုရှင်းလင်းသွားတော့သည်။
ကျူးရှောင်ကျောင်းသည် သူ့အကြည့်ကြောင့် အနည်းငယ်ရှက်သွားသည်။
" ဘာလို့ ငါ့ကို ဒီလိုကြည့်နေတာလဲ "
ယဲ့ဖန်က သူမကို သေချာလေးနက်စွာ ကြည့်နေသည်။
" ဒီနေ့တော့ ကိုယ်တို့ နှစ်ယောက်အတူတူ ရှင်ခြင်းနဲ့ သေခြင်းကို ခံစားခဲ့ကြရတယ်။ အေးအတူပူအမျှလည်း အတူတူဖြတ်သန်းခဲ့ကြတယ်လို့ ယူဆနိုင်တယ်။ ကိုယ့်နှလုံးသားထဲမှာ မင်းရဲ့ ဖြစ်တည်မှုက ပိုပိုပြီး ရှင်းလာပြီ။ ကိုယ် ဘာကိုဆိုလိုတယ်ဆိုတာ မင်းသိလား "
ကျူးရှောင်ကျောင်း၏ လှပသော မျက်နှာလေးသည် နီရဲသွားသည်။
" နင် ..... ဘာကိုဆိုလိုတာလဲ "
ထိုမေးခွန်းကို မေးပြီးသည့်နောက်တွင် သူမ၏ နှလုံးခုန်သံများ ဗြောင်းဆန်သွားသည်။
သူတို့နှစ်ဦးသည် ရှင်ခြင်းနှင့်သေခြင်းတို့ကို အတူတူ ခံစားခဲ့ရသည်။
အဲ့တော့ သူ့ရဲ့ခံစားချက်တွေကို တွေးပြီး သူမကို ဝန်ခံတော့မှာလား။
သူမ တကယ်ကို စိတ်လှုပ်ရှားနေခဲ့သည်။
သူ တကယ်ကြီး ဝန်ခံရင် သူမ ဘယ်လိုတုံ့ပြန်ရမှာလဲ။
သူ့တောင်းဆိုချက်ကို သဘောတူသင့်လား။
သူ့ကို ကတိပေးလိုက်ရင် သူက အမြဲတမ်း ချစ်ပေးမှာလား။
အနာဂတ်မှာ သူမကို စွန့်ပစ်ခဲ့ရင်ကော။
သူတို့ရဲ့ သားသမီးတွေကလည်း အားကိုးစရာမရှိ အဖမဲ့ဖြစ်ပြီး သူမကလည်း မုဆိုးမအဖြစ် ချန်ထားခံရမှာ ........
သူမသည် အလွန်အလှမ်းဝေးသော အတွေးများဖြင့် အတော်လေး အတွေးပေါက်နေသည်။
သို့သော် ယဲ့ဖန်မှ လေးနက်စွာ ပြောလိုက်သည်။
" မင်းက ကိုယ့်ရဲ့ ဝဋ်ကြွေးပဲ "
" အာ .... "
အချစ်တွေဖြင့် မွှန်နေသော မမလေးကျူး အံ့ဩသွားသည်။
ဒီဝန်ခံချက်ကြီးက ...... ထူးဆန်းလွန်းတယ် မဟုတ်ဘူးလား။
ဝဋ်ကြွေးက ဘာကိုဆိုလိုတာလဲ။
မှန်ကန်ပြီး သိတတ်လို့ သူမကို ချီးကျူးနေတာလား။
ကံကြမ္မာလား။
သူမကို လှလို့ ချီးကျူးနေတာလား။
သူ့အတွက် အဲ့တာက အရေးကြီးတာလား။
သူမ၏ အတွေးတွေ ဆက်ပြီး ကမောက်ကမ ဖြစ်နေချိန်တွင် ယဲ့ဖန်မှ ဆက်ပြောလေသည်။
" မင်းကို စတွေ့ကတည်းက ရေအေးသောက်မိတာနဲ့ သွားကျိုးတယ်။ လေလည်တာနဲ့ ခြေထောက်ကွဲတယ်။ ချောက်ချခံရတာရော၊ နောက်ယောင်လိုက်ခံရတာရော။ တစ်ရက်မှကို မရပ်ဘူး ...... "
ကျူးရှောင်ကျောင်းက သူ့ကို ကြောင်အအ ကြည့်နေပြီး ဘယ်လို တုံ့ပြန်ရမယ်မှန်း မသိချေ။
" မိန်းကလေးကျူး၊ ငါတို့က လမ်းကြောင်းတစ်ခုတည်းမှာ မဟုတ်ဘူး။ အနာဂတ်မှာ မင်း ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ်လည်း ကိုယ့်လမ်းကို လျှောက်မယ်။ နောက်ထပ် အဆက်အသွယ်မလုပ်ကြတာပေါ့။ ကောင်းပြီလား "
ယဲ့ဖန် စကားပြီးသည်နှင့် သူသည် ပြတ်သားစွာ လှည့်သွားသော်လည်း စိတ်ထဲတွင် အော်ဟစ်နေသည်။
ကျူးရှောင်ကျောင်းသည် အင်အားကြီးမားပြီး ကြောက်စရာကောင်းသည်ဆိုတာ သူပြောနိုင်လေသည်။
သူမသည် သူ အနီးကပ်နေသင့်သည့်သူ မဟုတ်ပေ။
သူမမိသားစုသည် သူမ အန္တရာယ်တွေ အများကြီး ကြုံခဲ့ရသည်ဆိုတာ သိလျှင် လွယ်လွယ်နှင့် လွှတ်ထားမည် မဟုတ်မှာ သေချာသည်။
ထို့ကြောင့် အသက်ရှည်ရှည်နေနိုင်ရန် ဤဝန်ထုပ်ဝန်ပိုးကြီးနှင့် ဝေးဝေးနေခြင်းဖြစ်သည်။
ကျူးရှောင်ကျောင်းသည် ယဲ့ဖန် ကားမောင်းထွက်သွားသည်ကို ကြည့်ပြီး မျက်ရည်များ ပြည့်လာသည်။
" ယဲ့ဖန်၊ နင် လူဆိုးကောင်ကြီး။ ငါ နင့်ကို မုန်းတယ် ..... "
................................................
ယဲ့ဖန်သည် ချောင်ရှင်းဂိုဏ်းမှ လူရာနှင့်ချီ၍ ဝိုင်းခံရပြီး အခင်းဖြစ်ပွားရာနေရာ၌ စနိုက်ပါသမားများပေါ်လာကာ တာဝန်ရှိသူများမှ ကောင်းကျူမင်းအား ခေါ်ဆောင်သွားသည့် သတင်းသည် ယန်းချန်မြို့၏ အထက်တန်းစား အသိုင်းအဝိုင်းတစ်ခုလုံး ပျံ့နှံ့သွားကာ ပြင်းအား ဆယ့်နှစ်ကျော်ငလျင်မျိုးပင် လှုပ်ခတ်သွားခဲ့သည်။
ယဲ့ဖန်နှင့် ကောင်းကျူမင်းတို့သည် ယန်းချန်မြို့တွင် အလွန် အာရုံဖမ်းစားနိုင်သော ဇာတ်ကောင်များဖြစ်သည်။
ယခုအခါ သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ထိပ်တိုက်တွေ့ကြပြီး ဤမျှ ကြီးမားသော ပဋိပက္ခများ ဖြစ်ခဲ့သောကြောင့် အာရုံမစိုက်မိရန်မှာ အင်မတန် ခက်ခဲပေလိမ့်မည်။
ယန်းချန်မြို့ စီးပွားရေးလောကမှ ဇနီးသည်များသည် သီးသန့်စုဝေးပွဲများကို မကြာခဏကျင်းပလေ့ရှိသည်။
ထိုပွဲများတွင် သူတို့အချင်းချင်း နှိုင်းယှဥ်ကြတာအပြင် အတင်းအဖျင်းလည်း ပြောတတ်ကြသည်။
လဲ့ချူးဖေးသည် ခင်ပွန်းဖြစ်သူ ဝေ့ချန်းဖန်းမှ အပြစ်ရှိကြောင်း ဝန်ခံတောင်းပန်ခဲ့သောကြောင့် ထိုဇနီးသည်များအဖွဲ့၏ လှောင်ရယ်စရာ ဖြစ်လာခဲ့သည်။
သို့သော် ထိုပွဲသို့ လိုက်လာရန် သူမ အချစ်ဆုံးသူငယ်ချင်း၏ မဲဆွယ်မှုကို သူမ မခံနိုင်ခဲ့ချေ။
ထို့ကြောင့် နောက်ဆုံးတွင် သူမအနောက်ကို လိုက်ခဲ့သော်လည်း တစ်ယောက်တည်း သောက်ရန် ထောင့်တစ်နေရာကို ရှာပြီး ထိုင်နေခဲ့သည်။
ထိုအချိန်တွင် သူမဘေးနားရှိ အမျိုးသမီးအချို့မှ ကျယ်လောင်စွာပြောနေသည်ကို ရုတ်တရက် ကြားလိုက်ရသည်။
" ကြားပြီးပြီလား။ ယဲ့ဖန်နဲ့ ကောင်းကျူမင်းတို့ ဒီနေ့ လုံးဝ ထိပ်တိုက်တွေ့ပြီး အကြီးအကျယ် ပြဿနာတွေဖြစ်ခဲ့ကြတာတဲ့။ ချောင်ရှင်းက ယဲ့ဖန်ကို လူရာနဲ့ချီပြီး ဝိုင်းခဲ့တယ်လို့ ပြောတယ် "
လဲ့ချူးဖေးသည် ချက်ချင်း ထိတ်လန့်သွားသည်။
သူမ၏ ခင်ပွန်းဖြစ်သူကိုပင် ခွင့်လွှတ်ခံရဖို့ တောင်းပန်ခိုင်းနိုင်ခဲ့တဲ့ လူငယ်လေးက တကယ်ပဲ အဝိုင်းခံရတာလား။
သူမသည် ချက်ချင်း ဝိုင်ခွက်ကို ကောက်ကိုင်လိုက်ပြီး သူတို့ဆီသို့ လျှောက်သွားလိုက်သည်။
တခြားအချိန်သာဆိုလျှင် ဤပွဲများတွင် သူဌေးကြီးများ၏ ဇနီးသည်များက သူမကို လှောင်ပြောင်နေမှာ သေချာသည်။
သို့သော် ယနေ့တွင် သူတို့အားလုံးသည် ယဲ့ဖန်၏ အကြောင်းကိုသာ စိတ်ဝင်စားနေကြပြီး သူမအား ဘယ်သူကမှ ဂရုမစိုက်ခဲ့ကြပေ။
" အမလေး ဘုရားရေ၊ အဲ့တာ အမှန်ပဲလား။ ချောင်ရှင်းဂိုဏ်းက ယဲ့ဖန်ကို တိုက်ခိုက်ခဲ့တာလား။ ဘာလို့လဲ "
ချက်ချင်း အမျိုးသမီးတစ်ဦးမှ အံ့အားသင့်စွာ အော်ဟစ်ပြီး အမြန်မေးလိုက်သည်။
တခြားအမျိုးသမီးတွေကလည်း စပ်စုစွာ ကြည့်နေကြသည်။
ထို့အပြင် ပွဲထဲရှိ အမျိုးသမီးများ အားလုံးကလည်း လိုက်ကြည့်ကြသည်။
ထိုသတင်းကို ပထမဆုံး ထုတ်ဖော်ခဲ့တဲ့ အမျိုးသမီးသည် ရုတ်တရက် လူတိုင်း၏ အာရုံစိုက်ခံရသူ ဖြစ်လာခဲ့သည်။
သူမသည် ဇာတ်လမ်းကို ဆက်ပြောပြသည်။
" အစပိုင်းမှာ ကောင်းကျူမင်းရဲ့အမေက ယဲ့ဖန်ရဲ့ ချစ်သူကောင်မလေးကို ခွေးနဲ့ ရှူးတိုက် ကိုက်ခိုင်းတာလို့ ကြားတယ်။ ယဲ့ဖန်ကလည်း ဒေါသထွက်ပြီး သူမခွေးကို ရိုက်နှက် သတ်ပစ်လိုက်တယ်တဲ့။ နောက်တော့ သူ့သားကို ခေါ်ပြီး လူ ခေါ်လိုက်တာပဲ ....... "
သူမ စကားပြောနေစဉ်တွင် လူများ တဖြည်းဖြည်း ပိုစုဝေးလာပြီး သူမကို ဝိုင်းကြည့်ကြသည်။
" အဘွားကြီး ကောင်းရှင်းလန် အကြောင်းကို ပြောနေတာလား။ အဲ့ဒီအမျိုးသမီးက တကယ်ကို တစ်ခုခုဖြစ်တာပဲ။ ယဲ့ဖန်က သူမကို ပညာပေးလိုက်တာ ကောင်းတယ် "
ချက်ချင်းပင် အမျိုးသမီးတစ်ဦးမှ ယဲ့ဖန်၏ လုပ်ရပ်ကို ချီးကျူးလိုက်သည်။
သူမဘေးနားရှိ မိန်းမများက အံ့သြသွားကြသည်။
" နင်ရူးနေလား။ သေချင်ရင် ငါတို့ကို ဒုက္ခမပေးနဲ့။ အဲ့တာ ကောင်းကျူမင်းရဲ့ အမေနော်။ ဘယ်လိုလုပ် ဒီလိုမျိုး ပြောရဲတာလဲ "
" ဟုတ်တယ်၊ ကောင်းကျူမင်းက အဖမ်းခံရပေမယ့် အရင်လို လုပ်ထုံးလုပ်နည်းတွေပြီးတာနဲ့ မကြာခင် ပြန်လွတ်လာလိမ့်မယ်။ သူ နင့်ကို ဒုက္ခပေးမှာကို မကြောက်ဘူးလား "
" အဲ့တာက ချောင်ရှင်းဂိုဏ်းနော်။ ဘယ်သူက သူတို့ကို ထိရဲလို့လဲ။ နင့်ယောက်ျားကို ဒုက္ခမပေးစမ်းပါနဲ့ "
သူတို့၏ ပြစ်တင်ရှုတ်ချသံကို ကြားသော်လည်း ထိုမိန်းမက ဂရုမစိုက်ချေ။
သူမက အေးစက်စွာ ဟက်ခနဲ အသံပြုလိုက်သည်။
" ငါက အမှန်တိုင်းပြောနေတာပဲလေ။ အဲ့ဒီ အဘွားကြီးက စိတ်ဖောက်ပြန်နေတာ။ တခြားမိန်းကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ လှနေတာကိုမြင်ရင် သူတို့ကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် လုပ်ခိုင်းတယ်။ သူမက စုန်းမထက်တောင် ဆိုးသေးတယ် "
ထိုစကားကိုကြားသောအခါ အမျိုးသမီးများသည် ချက်ချင်း ငြိမ်သွားကြသည်။
ထိုအမျိုးသမီးသည် အမှန်အတိုင်းပြောနေသည်ကို သူတို့ သိကြသည်။
ထိုအဘွားကြီးသည် အင်မတန် ရက်စက်လေသည်။
ယန်းချန်မြို့၏ အထက်တန်းစားအသိုင်းအဝိုင်းများကြားတွင် ထိုကိစ္စသည် လျှို့ဝှက်ချက်မဟုတ်ပေ။
သို့သော် လူတိုင်းမှ ထုတ်မပြောရဲကြခြင်းသာဖြစ်သည်။
ယဲ့ဖန်၏ ယနေ့လုပ်ရပ်များသည် သူတို့၏ ဒေါသကို ဖြေဖျောက်ရန် ကူညီပေးခဲ့သည်ဟု ယူဆနိုင်သည်။
လဲ့ချူးဖေးသည် လူတိုင်း၏ ဆွေးနွေးမှုကို ကြားသောအခါ အလွန်ပင် တုန်လှုပ်သွားခဲ့သည်။
ထိုမိန်းမကြီး ကောင်းရှင်းလန်ကို အချို့သော စုဝေးပွဲများတွင် အကြိမ်အနည်းငယ် တွေ့ဖူးသည်။
တွေ့သည့်အခါတိုင်း သူမ အမြဲတမ်းထိတ်လန့်နေခဲ့ရသည်။
အဓိက အကြောင်းအရင်းမှာ ထိုအဘွားကြီးသည် ရက်စက်တယ်ဟု နာမည်ဆိုးနှင့် ကျော်ကြားသောကြောင့် ဖြစ်လေသည်။
သူမက သူတို့အတွက် ကောင်းကျူမင်းထက်ပင် ပိုရက်စက်လေသည်။
ကောင်းကျူမင်းသည် ရက်စက်ကြမ်းကြုတ်သော်လည်း သူ့ကို အမှန်တကယ် မနှောင့်ယှက်ပါက မိန်းမများကို လက်ဖြင့် ကိုယ်တိုင် မထိချေ။
သို့သော် ထိုအဘွားကြီးမှာတော့ အမျိုးသမီးများကို မရွေးချယ်ပေ။
စိတ်အနှောက်အယှက်ဖြစ်စေသည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ ငယ်ရွယ်နုပျိုလှပသည့် မိန်းကလေးတိုင်းကို သတ်လေ့ရှိသည်။
ထို့ကြောင့် ထိုအဘွားကြီး ပေါ်လာတိုင်း တတ်နိုင်လျှင် မသွားကြပေ။
အကယ်၍ သူတို့ မရှောင်လွှဲနိုင်ပါက မိတ်ကပ်မလိမ်းသည့်အပြင် အထူးသဖြင့် သူတို့ကိုယ်သူတို့ ပိုရုပ်ဆိုးအောင် လုပ်ပြီးမှ သွားကြရလေသည်။
သူတို့သည် အလွန်ထူးချွန်နေပြီး ထိုအဘွားကြီးမျက်လုံးထဲ အမြင်ရောက်သွားပါက အန္တရာယ်ဖြစ်မည်ကို အင်မတန် ကြောက်ရွံ့ကြသည်။
ယခုအခါ ထိုရက်စက်ယုတ်မာသော အဘွားကြီးကို ယဲ့ဖန်မှ သင်ခန်းစာပေးခဲ့သည်ကို ကြားရပြီး သူတို့ အတော်ပျော်သွားကြသည်။
အပိုင်း ( ၆၅၀ )
ချစ်သူနှင့်အတူ သေအတူ ရှင်မခွာ တိုက်ခိုက်လိုက်ခြင်း
ထိုပြဿနာကို အစဖော် အတင်းအဖျင်းပြောခဲ့သော အမျိုးသမီးသည် စကားလမ်းကြောင်း လွဲလာသည်ကို သတိထားမိလိုက်သည်။
ထို့ကြောင့် ထိုအမျိုးသမီးများ၏ စကားကို ဖြတ်ပြောလိုက်သည်။
" နင်တို့ နားထောင်မှာလား။ နားမထောင်ချင်ရင် မပြောတော့ဘူး "
ထိုအခါမှ လူတိုင်း ပါးစပ်ပိတ်ပြီး တခြားဘာမှ မပြောရဲကြတော့ပေ။
ဘယ်သူမှ စကားဆက်မပြောကြတော့သောကြောင့် ထိုအမျိုးသမီးက ပိုကျေနပ်သွားသည်။
" နောက်တော့ ကောင်းကျူမင်းက သူ့လူတွေနဲ့အတူ ရောက်လာပြီး သူ့အမေကို ပြဿနာရှာတာက ယဲ့ဖန် ဖြစ်နေတာကို မြင်ပြီး သူလည်း နည်းနည်းလန့်သွားတယ် "
" ယဲ့ဖန်က ယန်းချန်မြို့မှာ အင်အား အထွတ်အထိပ်ရောက်နေပြီးတော့ သူ့အင်အားက ကောင်းကျူမင်းထက် မနည်းဘူးလေ "
" တစ်ခုခုလုပ်ရင်လည်း မသင့်တော်ဘူး။ မလုပ်ပြန်ရင်လည်း ရှက်စရာကြီးဖြစ်နေမှာ။ အဲ့တာဆို နောက်ကျ ကောင်းလူကြီးမင်းကို ယန်းချန်မြို့မှာ အလှောင်ခံရမှာဆိုတော့ အရိုက်ခံရတာတောင် လက်တုံ့ပြန်ဖို့ မသေမချာဖြစ်သွားတယ်လေ။ ဟုတ်တယ်မလား "
အားလုံးက သဘောတူပြီး ခေါင်းညိတ်ကြသည်။
" ဟုတ်တယ်။ ယဲ့ဖန်ကို ပြန်မတုံ့ပြန်ရင် ကောင်းကျူမင်းက အလှောင်ခံရမှာ "
" ယဲ့ဖန်က လက်ရှိ အားအကြီးဆုံးပဲ။ တခြားသူသာဆိုရင် ကောင်းကျူမင်းက အချိန်ဖြုန်းမနေဘဲ သူကိုသတ်ဖို့ လူတွေ လွှတ်လိုက်မှာပေါ့ "
" အခု ယန်းချန်မြို့တစ်ခုလုံးမှာ ကောင်းကျူမင်းကို စိန်ခေါ်ရဲတဲ့သူ အများကြီးမရှိဘူး မဟုတ်လား။ ယဲ့ဖန်က သတ္တိရှိလိုက်တာ "
" ဟုတ်တယ်၊ ယဲ့ဖန်နဲ့ ယှဉ်ရင် တခြားလူတွေအားလုံးက သူရဲဘောကြောင်တယ် ....... "
ယဲ့ဖန်၏ ပရိသတ်များဟု သိသာထင်ရှားသော အမျိုးသမီးအနည်းငယ်ရှိလေသည်။
'ယဲ့ဖန်'ဟူသော အမည်ကို ကြားလိုက်တိုင်း သူတို့၏ မျက်လုံးများမှာ တောက်ပလာခဲ့သည်။
လဲ့ချူးဖေးသည် ထိုနာမည်ကို အထူးတလည် မုန်းတီးလေသည်။
သူမသည် သူ့ကြောင့် ဟာသတစ်ခုဖြစ်လာသော်လည်း အထူးသဖြင့် ယဲ့ဖန်သည် အလွန်ဆွဲဆောင်မှုရှိသော လူငယ်လေးဖြစ်ကြောင်း သူမ ဝန်ခံရပေမည်။
မိန်းမတွေအတွက် သူ့မှာ အတော်လေး ပြင်းထန်သော ဆွဲဆောင်မှုရှိလေသည်။
ထို့အပြင် သူသည် ငယ်ရွယ်ပြီး ချောမောကာ ချမ်းသာသူဖြစ်သည်။
လဲ့ချူးဖေး ရုတ်တရက် သဘောပေါက်လာသည်။
သူမ ဘာဖြစ်နေတာလဲ။ ယဲ့ဖန်က သူ့ခင်ပွန်းရဲ့ ရန်သူလေ။
" အဲ့တာပြီးတော့ ဘာဆက်ဖြစ်လဲ "
" နောက်တော့ ကောင်းကျူမင်းက သူ့အမေက သူ့သားလေးလို အဲ့ဒီခွေးကို အရမ်းချစ်ကြောင်း ပြောခဲ့တာ။ အဲ့တာကြောင့် ယဲ့ဖန် ကို သူ့အမေကို ဒူးထောက်ပြီး တောင်းပန်ခိုင်းတယ်။ ပြီးတော့ ဆေးဖိုးဝါးခအတွက်လည်း ယွမ် ၁ ဘီလီယံ လျော်ကြေးတောင်းတယ်။ သူ့အမေရဲ့ခွေးကိုလည်း ဝိဉာဉ်ပူဇော်တဲ့အနေနဲ့ သုံးရက် ဒူးထောက် အရိုအသေပေးရမယ်တဲ့ ...... "
ထိုစကားကို ကြားပြီး အမျိုးသမီးအုပ်စုက ပေါက်ကွဲသွားပြန်သည်။
" အဲ့တာ ဘာကြီးလဲ။ အရမ်းလွန်တယ်၊ မဟုတ်ဘူးလား။ တောင်းပန်ရင်တောင် တော်ပြီလေ။ ဘာလို့ ဒူးထောက်ရမှာလဲ။ သူ့ကို ယွမ် ၁ ဘီလီယံလျော်ကြေး ပေးစေချင်သေးတာလား "
" တောင်းပန်ရုံနဲ့က ဘာကို ဆိုလိုတာလဲ။ ယဲ့ဖန်က ဘာလို့ တောင်းပန်ရမှာလဲ။ ခွေးကိုက်ခိုင်းတဲ့ ဟိုရူးနေတဲ့အဘွားကြီးက အရိုက်ခံရဖို့ တန်တယ် "
" ပိုပြီး ဒေါသထွက်စရာကောင်းတာက ခွေးရဲ့ဝိဉာဉ်ကို အရိုအသေပေးခိုင်းတာပဲ။ ခွေးတစ်ကောင်ရဲ့ ဝိဉာဉ်ကို ဘယ်သူက အရိုအသေပေးရမှာလဲ။ ဒါက ယဲ့ဖန်ကို အရှက်ကွဲအောင်လုပ်တာ သိသာတယ် "
" ယဲ့ဖန် က လုံးဝသဘောတူမှာ မဟုတ်ပါဘူး။ ဒီလို အလွန်အကျွံတောင်းဆိုမှုကြီးကို ဘယ်သူမှ သဘောတူနိုင်မှာ မဟုတ်ဘူး "
မိန်းကလေးများအားလုံးသည် ယဲ့ဖန်၏ ပုံရိပ်ကို စတင်ကာကွယ်ခဲ့ကြသည်။
သို့သော် ပြောပြနေတဲ့ အမျိုးသမီးက ရုတ်တရက် ပြောလိုက်သည်။
" ယဲ့ဖန် က အဲ့ဒီခွေးရဲ့ ဝိဉာဉ်ကို အရိုအသေပေးဖို့ ဆန္ဒရှိကြောင်း ပြောပြီး အဲ့ဒီတုန်းက သဘောတူခဲ့တယ် "
" ဘာလဲ၊ မဖြစ်နိုင်တာ။ ယဲ့ဖန်က ဒီလောက် ဒေါသထွက်စရာကောင်းတဲ့ တောင်းဆိုမှုကြီးကို ဘာလို့ သဘောတူလိုက်တာလဲ "
" ချောင်ရှင်းဂိုဏ်းက လူတွေကို သူ ကြောက်သွားတာလား။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီလူတွေက မျက်စိမမှိတ်ဘဲတောင် အမြဲလူသတ်နေခဲ့တာလေ။ ဘယ်သူမဆို ကြောက်ကြမှာပဲ "
" ဒါဆို သူလည်း သူရဲဘောကြောင်တာပဲ။ တခြားယောက်ျားတွေထက် ပိုသန်မာတယ်ထင်နေတာ။ ဟားဟားဟား "
" မဟုတ်တာ၊ ယဲ့ဖန်က သူရဲဘောကြောင်တဲ့သူတစ်ယောက် မဟုတ်တာတော့ သေချာတယ် "
" ယဲ့ဖန်၊ သဘောမတူသင့်ဘူးလေ။ ငါ့ရဲ့ချစ်စရာကောင်းတဲ့ မင်းသားလေးက ..... "
ခန်းမတစ်ခုလုံး ပရမ်းပတာ ဖြစ်နေသည်။
အချို့က ယဲ့ဖန်ကို သူရဲဘောကြောင်သူဟု လှောင်ပြောင်နေကြပြီး အချို့က ယဲ့ဖန်မှ အလျှော့ပေးမည်မဟုတ်ကြောင်း ယုံကြည်နေကြသည်။
ထိုအချိန်တွင် ပြောပြနေသည့် အမျိုးသမီးက ဆက်ပြောသည်။
" ဟုတ်တယ်၊ ယဲ့ဖန်က နောက်ပြောင်နေတာ။ ကောင်းအဘွားကြီးက အဲ့ဒီခွေးကို သူမသားလို ဆက်ဆံတယ်ဆိုတော့ သူမက ခွေးအမေကြီးဖြစ်လာတယ်ဆိုပြီး ကောင်းကျူမင်းကလည်း ခွေးမသားဖြစ်ကြောင်း ဝန်ခံရင် အဲ့ဒီခွေးကို အရိုအသေပေးမယ်လို့ ပြောလိုက်တာ "
အမျိုးသမီးအုပ်စုသည် ထိုစကားကို ကြားသောအခါ သူတို့အားလုံး ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
" ဟားဟား၊ ယဲ့ဖန်က အရမ်းကို ရယ်စရာကောင်းတယ်၊ မဟုတ်လား။ အဲ့စကားကို ကြားတာနဲ့ ဖြစ်သွားမယ့် ကောင်းကျူမင်းရဲ့ အမူအရာကို စိတ်ကူးကြည့်လို့ရတယ် "
" ခွေးမသားတဲ့၊ ဟားဟား။ အဲ့တာနဲ့ ပတ်သက်ပြီး ဘာမှမှားတာတော့ မရှိပါဘူး "
" ကောင်းကျူမင်း အရမ်းဒေါသထွက်သွားမှာဘဲ။ လူအများကြီးရှေ့မှာ ခွေးမသားလို့ အခေါ်ရတာ ရှက်စရာကောင်းတယ် "
" ဒါဟာ အရှက်ကွဲတာထက် ပိုတယ်။ ယန်းချန်မြို့တစ်ခုလုံးမှာ ယဲ့ဖန်ကလွဲရင် ကောင်းကျူမင်းကို ဘယ်သူက အဲ့လိုပြောရဲလို့လဲ "
လဲ့ချူးဖေးသည် ထိုစကားကို ကြားသောအခါ နောက်ဆုံးတွင် သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။
ယခင်က ဝေ့ချန်းဖန်းသည် ယဲ့ဖန်ဆီမှ ခွင့်လွှတ်မှုကိုရရန် တောင်းပန်ခဲ့ရပြီး ယန်းချန်မြို့တစ်ခုလုံး၏ ဟာသ ဖြစ်လာခဲ့သည်။
တန်ခိုးကြီးသော ဝေ့လူကြီးမင်းသည် အခြားမြို့မှ လူငယ်တစ်ဦးရှေ့တွင် ဒူးထောက်ရသည်မှာ အလွန်ရှက်စရာကောင်းသည်ဟု လူများစွာက ယူဆကြသည်။
ယခုအခါ နာမည်ဆိုးဖြင့် ကျော်ကြားသော ကောင်းကျူမင်းကိုပင် ယဲ့ဖန်မှ လူသိရှင်ကြား စော်ကားခဲ့သည်။
အခြားလူများက သူ့ယောက်ျားကို အတင်းအဖျင်း ထပ်မပြောလောက်တော့ပေ။
သို့သော် ပြောရလျှင် ဤယဲ့ဖန်သည် အမှန်တကယ် ဒုက္ခပေးသူဖြစ်သည်။
ယန်းချန်မြို့သို့ ရောက်ပြီးကတည်းက သူ မရပ်တန့်ခဲ့ချေ။
သူ့အကြောင်း သတင်းများစွာ နေ့တိုင်းကြားနေရသည်။
ပြောပြနေသော အမျိုးသမီးသည် ဆွေးနွေးမှုကို ရပ်ရန် လက်ကို မြှောက်ကာ ဆက်ပြောသည်။
" အဲ့တော့ ကောင်းကျူမင်း ဒေါသအရမ်းထွက်သွားတာ သိသာပါတယ်။ ပြီးတာနဲ့ ယဲ့ဖန်ကို ဝိုင်းချဖို့ သူ့လက်အောက်ငယ်သားတွေကို ချက်ချင်း အမိန့်ပေးလိုက်ရော။ အဲ့ဒီအခါကျ ယဲ့ဖန်က သူ့ညာလက်မှာ ဓားတစ်ချောင်းကို ကိုင်ထားပြီး သူ့ကောင်မလေးကို ဘယ်ဘက်မှာ ဖက်ထားတာ။ အဲ့တာတောင်မှ သန်းနဲ့ချီတဲ့သူတွေကို ဘယ်ညာ တရစပ်ချခဲ့တာ ........ "
" လူက ရာဂဏန်းလောက်ဘဲ ရှိတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် သန်းနဲ့ချီတဲ့ အင်အားကြီး တပ်ကြီး ဖြစ်လာတာလဲ "
" သန်းနဲ့ချီတယ်ဆိုတာ အတိသယဝုတ္တိအလင်္ကာနဲ့ ချဲ့ကားပြောတာပေါ့အေ။ ဆိုလိုတာက အဲ့ဒီအချိန်တုန်းက အခြေအနေက အရမ်းအန္တရာယ်များလွန်းတယ်။ နင် စာမတတ်ဘူးလား ....... ထားပါ၊ ဆက်ပြောမယ်။ အဲ့ဒီအချိန်မှာ ပုဆိန်နဲ့ ခုတ်တာတွေကို ယဲ့ဖန်က အခြေအနေအရ လှည့်ပြီး ဘယ်ညာ ရှောင်ရတယ် ...... "
ထိုအမျိုးသမီးသည် အတော်လေး ထက်မြက်လေသည်။
သူမသည် တိုက်ပွဲကို ကွက်ကွက်ကွင်းကွင်း ဖော်ပြခဲ့ပြီး မကြာခဏ ချဲ့ကားသော အသုံးအနှုန်းများကို အသုံးပြုကာ လူများကို ထိုနေရာ၌ ရှိနေသကဲ့သို့ ခံစားရစေခဲ့သည်။
အစပိုင်းတွင် ယဲ့ဖန်ကို နှိမ်ပြီး ပြောဆိုခဲ့သော အမျိုးသမီးများမှာလည်း ယဲ့ဖန် ၏ လုံခြုံရေးအတွက် စိုးရိမ်စပြုလာသည်။
အချို့သော အမျိုးသမီးများသည် ကံကောင်းသော မိန်းကလေးများ ဖြစ်ချင်နေကြပြီး သူတို့၏ ချစ်သူနှင့်အတူ စစ်မြေပြင်တွင် အတူ တိုက်ပွဲဝင်ချင်ကြသည်။
လဲ့ချူးဖေးနှင့် အခြားသူများ အပါအဝင် လူတိုင်းသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။
အပိုင်း ( ၆၅၁ )
တောင်းဆိုတဲ့ အခြေအနေတွေကို ကြည့်ပါဦး။
ယဲ့ဖန်သည် ချောင်ရှင်းဂိုဏ်းကို ဓားတစ်ချောင်းတည်းဖြင့် အနိုင်ယူခဲ့ကြောင်း သူတို့ကြားသောအခါ အမျိုးသမီးအားလုံး အံ့ဩသွားကြသည်။
" ယဲ့ဖန်ရဲ့ ကိုယ်ခံပညာက ဒီလောက်ထိ အစွမ်းထက်မယ်လို့ မမျှော်လင့်ထားဘူး။ တကယ်ကြီးဆိုတာ ငါအရင်က မသိခဲ့ဘူး "
" ဟုတ်တယ်၊ သူက စီးပွားရေး ဉာဏ်ကြီးရှင် တစ်ယောက်ဆိုတာပဲ ငါသိတာ။ သူ့သိုင်းပညာက ဒီလောက်ထိ ကောင်းနေမယ်လို့ မထင်ထားဘူး။ လူရာနဲ့ချီပြီး အဝိုင်းခံရတာတောင် သူက လမ်းရှာပြီး တွန်းလှန်နိုင်ခဲ့တယ် "
" သူက ကောင်းကျူမင်းကို ဒူးထောက်ခိုင်းသေးတာလား။ ဒီလို လုပ်ခိုင်းနိုင်တဲ့သူ ယန်းချန်မြို့မှာ တခြားလူ မရှိတော့ဘူး ဟုတ်တယ်မလား "
" ဟုတ်တယ်။ ငါတို့ရဲ့ ဖန်ဖန်လေးက မလုပ်နိုင်တာ ဘာမှကို မရှိတော့ဘူး "
အမျိုးသမီးများ၏ မျက်နှာများ နီရဲလာပြီး မျက်လုံးများကလည်း တောက်ပလာကြသည်။
သူတို့သည် လောကကြီးကို မြင်ဖူးကြသူများဖြစ်သည်။
သူတို့ မမြင်ဖူးသည့် အရည်အချင်းများမှာ မရှိသလောက် နည်းပါသည်။
သို့သော် ငွေရှာနိုင်စွမ်းရှိသည့် ယဲ့ဖန် ကဲ့သို့သော ငယ်ရွယ်ပြီး ချောမောသည့် အမျိုးသားများသည် အလွန်ရှားပါးလေသည်။
ထို့အပြင် ကိုယ်ခံပညာကျွမ်းကျင်မှုနှင့် တွဲဖက်ပြီး လုံခြုံမှုကို ခံစားသိလိုက်ရသည့်အခါ ပို၍ပင် အဖိုးတန်လာလေသည်။
အထူးသဖြင့် ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို ဖက်လျက် လူရာပေါင်းများစွာ၏ ဝိုင်းထားခံရခြင်းကို ဖြတ်ကျော်နိုင်ခဲ့ကြောင်းနှင့် ကောင်းကျူမင်းမှ သူကိုယ်တိုင်အမှားကို ဝန်ခံပြီး ဒူးထောက်ခဲ့ခြင်းက ယဲ့ဖန်ကို ရှေးခေတ်စစ်သေနာပတိချုပ်ကြီးတစ်ယောက်၏ ကိုယ်ရှိန်ဝါကို ပေးစွမ်းလေသည်။
ဒီလိုယောက်ျားမျိုးကို ဘယ်မိန်းမက မချစ်ဘဲနေမှာလဲ။
" ပြီးတော့ရော "
အမျိုးသမီး အချို့က ချက်ချင်း စိတ်မရှည်စွာ မေးကြသည်။
ဖြစ်စဉ်ကို ပြောပြနေသော အမျိုးသမီးသည် သူမ၏ စိတ်ခံစားချက်များမှ အသိပြန်ကပ်လာပြီး ဆက်လက်ရှင်းပြခဲ့သည်။
" အဲ့ဒီနောက် ယဲ့ဖန်က ကောင်းကျူမင်းကို တောင်းဆိုချက် နှစ်ခုတောင်းခဲ့တယ်။ ပထမဆုံး သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ပရဟိတအဖွဲ့အစည်းကို လှူဒါန်းရမယ်တဲ့။ ဒုတိယအနေနဲ့ သူက ချောင်ရှင်းဂိုဏ်းကို ခွဲပစ်ရမယ်လို့ ပြောလိုက်တယ် ....... "
" ကျစ်ကျစ်ကျစ်။ သူတောင်းဆိုတဲ့ အခြေအနေတွေကို ကြည့်ပါဦး။ သူ့လမ်းကြောင်းက ပိုကျယ်လာတာ အံ့သြစရာ မဟုတ်တော့ဘူး "
" ဟုတ်တယ်၊ ကောင်းကျူမင်းရဲ့ ပိုက်ဆံတွေက အရမ်းညစ်ပတ်တယ်။ ငွေမည်းတွေချည်းပဲ။ ပရဟိတအဖွဲ့အစည်းတစ်ခုကို လှူတာက ကြီးကျယ်လွန်းတဲ့ လုပ်ရပ်လို့တောင် ပြောရမယ်။ ချောင်ရှင်းဂိုဏ်းက အရမ်းဆိုးတယ်။ အဲ့တာကို ဖျက်သိမ်းသင့်တာကြာပြီ။ ယဲ့ဖန် ကောင်းကောင်း လုပ်ခဲ့တယ် "
" ဒီကောင်လေးကို ပိုပိုပြီး သဘောကျလာနေပြီ။ သူက အရမ်းအစွမ်းထက်တဲ့အပြင် တရားမျှတမှုလည်း ရှိသေးတယ် "
" နင်ကြိုက်ရင်ရော ဘာဖြစ်မှာမလို့လဲ။ နင့်ရဲ့ပုံစံကို ယဲ့ဖန်က ကြိုက်မယ် ထင်နေတာလား "
" ငါ့ပုံစံက ဘာဖြစ်နေလို့လဲ။ ပြီးခဲ့တဲ့လကတင် ကိုရီးယားကို သွားခဲ့တာ။ အရမ်းစျေးကြီးတယ် ဟုတ်ပြီလား "
" နင့်မျက်နှာက ငလျင်လှုပ်ထားတာနဲ့ တူနေပြီ။ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ငွေဘယ်လောက်သုံးနေပါစေ ရေပုံးထဲက ရေစက်လိုပဲ "
" နင်ပြောနေပုံက နင်ကပဲ အရမ်းလှနေသလိုပဲ။ ယဲ့ဖန်က ငါ့ကိုမကြိုက်ရင်တောင် နင့်ကိုရော ကြိုက်ချင်ပါ့မလား "
" အဲ့တာက ပြောဖို့ခက်တယ်။ ယဲ့ဖန်က ငါ့လို အမျိုးအစားကို သဘောကျရင် ဘယ်လိုလုပ်မလဲ။ အချိန်တန်ရင် နင့်ရဲ့ခွေးမျက်လုံးတွေနဲ့ မြင်မှာပါ "
" အိပ်မက်မက်နေတာကို ရပ်လိုက်။ ယဲ့ဖန် က ငါ့အတွက်ပဲ "
" နင်ကမှ အိပ်မက်မက်နေတာ ..... "
ယဲ့ဖန်၏ သဘောကျချစ်ခင်မှုကို ရရှိရန် ပြိုင်ဆိုင်နေသည့် ထိုအမျိုးသမီးများ၏ စကားကို နားထောင်နေသော လဲ့ချူးဖေးသည် ရယ်ချင်သည်ကို မနည်းထိန်းနေရသည်။
ထိုအမျိုးသမီးများက တကယ်ကို ပျင်းစရာကောင်းလေသည်။
ထိုကဲ့သို့ အသေးအဖွဲကိစ္စများအတွက် အဆုံးမရှိ ရန်ဖြစ်ကြသည်။
သူတို့၏ ဦးနှောက် ဉာဏ်ရည်ဉာဏ်သွေးအတွက် တကယ်ပင် စိုးရိမ်စရာကောင်းလှသည်။
ယဲ့ဖန်ရဲ့ ခွန်အားနဲ့ ဘယ်လို မိန်းမမျိုးကိုမဆို ရနိုင်တယ်ဆိုတာ သူတို့ မသိကြတာလား။
သူတို့လို ပျင်းစရာကောင်စတဲ့ အဘွားအိုကြီးတွေကို သူက ဘာလို့ သဘောကျရမှာလဲ။
ယဲ့ဖန်က သူ့ထက် အသက်ကြီးတဲ့ အမျိုးသမီးတွေကို သဘောကျတယ်ဆိုရင်တောင် သူတို့အလှည့် မဟုတ်သေးဘူး။
တစ်စုံတစ်ယောက်ရဲ့ အလှည့်ဖြစ်မယ်ဆို သူ့အလှည့်ပဲ ဖြစ်သင့်တယ်။
..............................
ထိုအမျိုးသမီးများနှင့် ကွာခြားချက်မှာ အမျိုးသားများ၏ စုဝေးပွဲတွေ၌ လူတိုင်း၏ စိတ်နေစိတ်ထားသည် ပို၌ ရှုပ်ထွေးလေသည်။
ယဲ့ဖန်နှင့် ကောင်းကျူမင်းအကြား ပဋိပက္ခဖြစ်စဉ်တစ်ခုလုံးကို နားထောင်ပြီးနောက် အားလုံး တိတ်ဆိတ်သွားကြသည်။
အချိန်အတော်ကြာပြီးနောက် တစ်စုံတစ်ယောက်မှ ရှေးဦးစွာ ပြောလာသည်။
" ဒီ ယဲ့ဖန်က အရမ်းမောက်မာလွန်းတယ်။ ယန်းချန်မြို့ကို သူ ရောက်လာကတည်းက တစ်ရက်မှ မရပ်ဘူး။ သူက ရီချန်းကျယ်ကို ထောင်ထဲပို့လိုက်တဲ့အပြင် အခုလည်း ကောင်းကျူမင်းကို တကယ်ကြီး သွားထိခဲ့တာလား "
ဦးဆောင်သူမှ စကားစပြီးနောက် အခြားလူများကလည်း သူနှင့် စကားပြောလာကြသည်။
" ဒါပေမယ့် သူ့မှာ မာနကြီးဖို့ အခွင့်အရေးရှိတယ်။ ယန်းချန်မြို့တစ်ခုလုံးမှာ ကောင်းကျူမင်းကို ဘယ်သူက ဒူးထောက်ခိုင်းနိုင်လို့လဲ "
" ဟုတ်တယ်၊ ရီချန်းကျယ်ကို ထောင်ထဲပို့ပြီး ကောင်းကျူမင်းကို ဒူးထောက်ခိုင်းနိုင်တာက သူ့ခွန်အားကို သက်သေပြဖို့ လုံလောက်တယ် "
" သူက ယန်းချန်မြို့မှာ အခြေအမြစ်မရှိဘူးလို့ အမြဲတွေးပြီး ရက်အနည်းငယ်ကြာပြီးတာနဲ့ မာနကြီးနိုင်တော့မှာ မဟုတ်ဘူးဘဲ ထင်ခဲ့တာ။ အခုတော့ ငါမှားပြီထင်တယ် "
" ဝေ့လူကြီးမင်း ဉာဏ်အရှိဆုံးသူပဲ။ အခြေအနေ မဟန်တော့တာကိုမြင်ပြီး ခွင့်လွှတ်ခံဖို့ ယဲ့ဖန်ဆီ ချက်ချင်းသွားတောင်းပန်လိုက်တာ။ ဒါက အခြေအနေကို လိုက်ပြီး သင့်လျော်အောင် နေတတ်တာပဲ "
လူတိုင်းသည် ထောင့်မှာထိုင်နေသော ဝေ့ချန်းဖန်းကို ကြည့်လိုက်သည်။
ယဲ့ဖန်ထံမှ ခွင့်လွှတ်မှုကို လူသိရှင်ကြား တောင်းပန်ယူပြီးကတည်းက သူသည် ယန်းချန်မြို့တစ်ခုလုံး၏ လှောင်ရယ်စရာ ဖြစ်လာခဲ့သည်။
လူတိုင်းက သူ့ကို ပျော့ညံ့သူဟု လှောင်ရယ်ကြသည်။
ကြီးမြတ်လှသော ဝေ့လူကြီးမင်းသည် အမှန်တကယ်ပင် ဒူးထောက်ကာ လူငယ်တစ်ဦးအား တောင်းပန်ခဲ့ရသည်။
သို့သော် လက်ရှိအချိန်တွင် ထိုလူများသည် သူ့ကို ရုတ်တရက် နားလည်သွားကြတယ်။
ယဲ့ဖန်သည် အခြားလူဆိုးများကို မဆိုထားနှင့် ကောင်းကျူမင်းကဲ့သို့ လူဆိုးလူမိုက်ဂိုဏ်းခေါင်းဆောင်ကိုပင် ဒူးထောက်ခိုင်းနိုင်သည်။
ဝေ့ချန်းဖန်းသည်လည်း အလွန်တုန်လှုပ်သွားသည်။
ယဲ့ဖန်သည် အလွန်သန်မာပြီး ရဲရင့်ကြောင်း သူသိသော်လည်း မည်သည့်အရာကိုမှ မကြောက်တတ်သော ကောင်းကျူမင်းအား ထိရဲသည်အထိ သတ္တိရှိမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ပိုပြီး ထိတ်လန့်စရာကောင်းသည်မှာ ယဲ့ဖန်သည် ကောင်းကျူမင်းကို ပြဿနာဆွပေးရုံတင်မကဘဲ ဒဏ်ရာကင်းစွာဖြင့် လွတ်မြောက်လာနိုင်ခဲ့သည်။
ထိုအရာက ဤလူငယ်လေး၏ ခွန်အားကို ပြန်လည် သုံးသပ်စေခဲ့သည်။
ယဲ့ဖန်အား အငြှိုးထားရန် လုံးဝ မဖြစ်နိုင်ပေ။
သူသည် အခွင့်အရေးကို စောင့်ဆိုင်းနေပြီး ယဲ့ဖန်ကျဆုံးမည့်အချိန်ကို စောင့်နေခဲ့သည်။
ယဲ့ဖန် ရှုံးသွားသည်နှင့် သူသည် အပြေးလာပြီး လက်တုံ့ပြန်မည့် ပထမဆုံးသူ ဖြစ်လာလိမ့်မည်။
သူ့အရင်က ခံစားခဲ့ရသည့် အရှက်ကွဲမှုများအတွက် လက်စားချေမည်ဖြစ်သည်။
သို့သော် ယခုအခါ ထိုမျှော်လင့်ချက်များသည် တစ်စတစ်စ အရောင်မှိန်လာသည်။
ချောင်ရှင်းဂိုဏ်းမှ ကောင်းကျူမင်းတောင် ယဲ့ဖန်ကို အနိုင်မယူနိုင်မှတော့ ယန်းချန်မြို့မှာ တခြားဘယ်သူက အနိုင်ယူနိုင်မှာလဲ။
" ဟုတ်တယ်၊ ယဲ့လူကြီးမင်းက အံ့သြစရာကောင်းတယ်။ နှစ်နှစ်အတွင်းမှာ သူက ယန်းချန်မြို့ရဲ့ အင်အားအကြီးဆုံးလူ ဖြစ်လာလိမ့်မယ်လို့ ငါ ခန့်မှန်းမိတယ် "
သူ့စိတ်ထဲမှ ရှုပ်ထွေးနေသော စိတ်ခံစားချက်များကို မျိုသိပ်လိုက်ပြီး ယဲ့ဖန်ကို ချက်ချင်း ချီးကျူးလိုက်သည်။
ထိုစကားကို ကြားပြီး တခြားသူများကလည်း ခေါင်းညိတ် သဘောတူကြသည်။
" ယဲ့လူကြီးမင်းက တကယ့်ကို ရှားရှားပါးပါး ပါရမီရှင်ပဲ။ ဒီလိုမျိုး ပါရမီရှင်တစ်ယောက်နဲ့ တစ်ခေတ်တည်းမှာ ရှိနေရတာ ဂုဏ်ယူစရာပါ "
" ဒီအဖြစ်အပျက်ပြီးရင် ဘယ်သူက သူ့ရဲ့ အောင်မြင်မှုတွေကို တားဆီးရဲမှာလဲ။ တလက်လက်တောက်ပနေတဲ့ ကြယ်တစ်ပွင့်ကို ငါမြင်နေရသလိုပဲ "
" အနာဂတ်မှာ ငါတို့က ယဲ့ဖန်လူကြီးမင်းလေးရဲ့ အပြောအဆိုအရ လုပ်ဆောင်သွားရလိမ့်မယ်ထင်တယ် "
" နောက်တစ်ခေါက် ကျုပ်တို့ ဧည့်ခံပွဲလုပ်ရင် ယဲ့လူကြီးမင်းလေးနဲ့ မိတ်ဖွဲ့ဖို့ ဖိတ်ရမယ် "
" ဒီအကြံက ကောင်းတယ်။ သဘောတူတယ် ..... "
အားလုံးက ယဲ့ဖန်ကို ချီးကျူးနေကြသော်လည်း သူတို့စိတ်ထဲ ဘာတွေတွေးနေမှန်း ဘယ်သူမှ မသိကြပေ။
အပိုင်း ( ၆၅၂ )
ရီမိသားစု၏တရားမဝင်သား
တစ်ဖက်တွင်။
ဟိုတယ်သို့ အပြန်လမ်းတွင် ယဲ့ဖန်သည် လော့ကျင်းယွမ်၊ ချန်းချုံရှန်း၊ ဟုရွမ်ယုနှင့် အခြားသူများထံမှ ဝမ်းမြောက်ဝမ်းသာ ခေါ်ဆိုမှုများကို လက်ခံရရှိခဲ့သည်။
သူတို့သည် ဒီနေ့ ယဲ့ဖန်၏ စွမ်းဆောင်မှုများကို ချီးကျူးခဲ့ကြသည်။
အမှန်တွင် ကောင်းကျူမင်းသည် မြို့ထဲတွင် နာမည်ဆိုးနှင့် ကျော်ကြားပြီး သူ့ကို စိန်ခေါ်ရဲသူ အများအပြား မရှိချေ။
ယဲ့ဖန်သည် ပထမဆုံးဖြစ်ခဲ့သော်လည်း လုံးဝ အားသာချက်ရခဲ့သည်။
အမေနှင့်သား နှစ်ယောက်လုံးကို ထိန်းသိမ်းရေးစခန်းသို့ ပို့လိုက်နိုင်သည်မှာ မယုံနိုင်စရာကောင်းလှသည်။
သို့သော် ယဲ့ဖန်မှာတော့ ဤကိစ္စနှင့် ပတ်သက်၍ အလွန်တည်ငြိမ်နေခဲ့သည်။
လူဆိုးဂိုဏ်းခေါင်းဆောင် ကောင်းကျူမင်းကို သူ့မျက်လုံးထဲတွင် လုံးဝ ထည့်မထားခဲ့ချေ။
ဒီလိုလူမျိုးသည် မတရားသော အလုပ်များကြောင့် သေရမှာဖြစ်သည်။
သူ ဒီနေ့ မလှုပ်ရှားခဲ့ဘူး ဆိုလျှင်ပင် ထိုလူသည် အနှေးနှင့်အမြန် သူ့ထောင်ချောက်ထဲမှာ သူ ပြန်ပိတ်မိမှာ ဖြစ်သည်။
ထိုအချက်ကို ရန်လူကြီးမင်း၏ ရုံးခန်းထဲရှိ အရာများမှတစ်ဆင့် မြင်နိုင်လေသည်။
ရန် ရဲအရာရှိကြီးသည် ကောင်းကျူမင်းကို အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ပြီး သူ့ကို ဖမ်းကာ တစ်ချက်တည်းဖြင့် သတ်နိုင်ရန် စောင့်နေခဲ့ပုံရသည်။
ယဲ့ဖန် အိပ်ရာဝင်ချိန်နီးပြီဖြစ်၍ ဟိုတယ်ကို အမြန်ပြန်ပြီး ဟိုတယ်ဧည့်ခန်းထဲကို ဝင်လာသည်။
ထိုအချိန်တွင် ကျောင်းဖုလင်ထံမှ ရုတ်တရက် ဖုန်းဝင်လာသည်။
ကျောင်းဖုလင်က သူ့ကို ဂုဏ်ပြုဖို့ ဖုန်းခေါ်သည်ဟု ထင်ခဲ့ပေမယ့် ယဲ့ဖန် အံ့သြသွားရသည်။
" ယဲ့ညီလေး၊ ကောင်းကျူမင်း ပြန်လွတ်လာပြီ "
ကျောင်းဖုလင်၏ အသံသည် အားကိုးရာမဲ့နေပုံရသည်။
" ဘာလဲ။ အခုလေးတင် ဖမ်းခံရတာကို ပြန်လွတ်ပြီလား "
ယဲ့ဖန် အံ့အားသင့်စွာ ရပ်လိုက်သည်။
ဒီကိစ္စကနေ ကောင်းကျူမင်း နာလန်ပြန်ထူနိုင်မည်ကို မျှော်လင့်ထားသော်လည်း ဤမျှ မြန်မည်ဟု မထင်ထားချေ။
ကျောင်းဖုလင် ခါးသက်သက် ပြုံးလိုက်သည်။
" ဘာ အံ့သြစရာရှိလို့လဲ။ တစ်ကြိမ်၊ နှစ်ကြိမ်မှ မဟုတ်တော့တာ "
ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။
" ဒါပေမယ့် လူကြီးမင်းရန်က သူ့ကို အတော်လေး မကျေနပ်နေတာ။ ဒီလောက်မြန်မြန်ကြီး ပြန်မလွှတ်လောက်ဘူး မဟုတ်လား "
ကျောင်းဖုလင် ပြုံးလိုက်သည်။
"ကောင်းကျူမင်းက ရီမိသားစုဆီက အကာအကွယ်ရထားလို့ သူက အခြေအနေတွေကို လှည့်စားနိုင်ခဲ့တာ။ ရီမိသားစုက ဒီတစ်ကြိမ် သူ့အတွက်နဲ့ ဝှက်ဖဲကို သုံးခဲ့တာလို့ ပြောနိုင်တယ်။ လူကြီးမင်းရန်တောင်မှ သူတို့ကို တားနိုင်မှာ မဟုတ်ဘူး "
ထိုစကားကို ယဲ့ဖန် ကြားလိုက်သောအခါ ပို၍ပင် အံ့သြသွားသည်။
" ရီမိသားစုလား။ ရီမိသားစုက ကောင်းကျူမင်းကို ဘာလို့ ထုတ်ပေးရတာလဲ "
" ယဲ့ညီလေး၊ ရီမိသားစုနဲ့ ကောင်းကျူမင်းကြားက ဆက်ဆံရေးကို မင်းမသိသေးဘူးမဟုတ်လား "
" ရီမိသားစုက ကောင်းကျူမင်းနဲ့ ဘယ်လိုဆက်ဆံရေးရှိလို့လဲ "
" ဒီလိုကွာ ကောင်းကျူမင်းရဲ့အမေ ကောင်းရှင်းလန်က ရီမိသားစုခေါင်းဆောင် ရီထျန်းဟွရဲ့ တစ်ချိန်က ချစ်သူဖြစ်ခဲ့ဖူးတယ် ...... "
" ကောင်းရှင်းလန်က ရီထျန်းဟွရဲ့ ချစ်သူလား။ ဒါဆို ...... တစ်နည်းပြောရရင် ကောင်းကျူမင်းက ရီမိသားစုရဲ့ တရားမဝင်သား "
ယဲ့ဖန်သည် ထိုအကြောင်းကို တွေးပြီး ချက်ချင်း မယုံနိုင်စွာ မျက်လုံးများ ပြူးကျယ်သွားရသည်။
" သူ့ကို မျိုးရိုးပြောင်းပြီး ယဲ့ကျူမင်းလို့ ခေါ်လိုက်တုန်းက ဖြစ်သွားတာ အံ့သြစရာမဟုတ်တော့ဘူး။ သူ ရုတ်တရက် ရူးကြောင်ကြောင် ဖြစ်သွားတာ ဒီလို ဆက်ဆံရေးမျိုး ရှိနေလို့ ဖြစ်နိုင်တယ် "
ကျောင်းဖုလင်က ရယ်လိုက်သည်။
" မင်းက မျက်နှာကို လက်သည်းနဲ့ သွားကုတ်သလို ဖြစ်သွားတာ "
" ဒီ ကောင်းကျူမင်းက ရီမိသားစုထဲက အဖွဲ့ဝင်ပဲဆိုတော့ ရီမိသားစုက ဘာလို့ လက်မခံတာလဲ "
" ဒီကိစ္စက ရှုပ်ထွေးတယ်။ အဲ့အချိန်တုန်းက ရီထျန်းဟွက မိသားစုခေါင်းဆောင်ရာထူးအတွက် ပြိုင်ရတော့ ဖန်းမိသားစုနဲ့ ပြိုင်ခဲ့ရတာ ....... ပြီးတော့ ရီချန်းကျယ်ရဲ့ အမေနဲ့ လက်ထပ်လိုက်တဲ့ အိမ်ထောင်ရေးကြောင့် အပြင်တွင် ချစ်သူရှိတဲ့အကြောင်း ဝန်ခံလို့မရဘူး။ ကောင်းရှင်းလန်နဲ့ သူ့သားက အပြင်မှာပဲ တိတ်တိတ်ပုန်းနေပြီး ကြီးပြင်းလာရတာ "
" အဲ့တာကြောင့် ကောင်းကျူမင်းက ရီမိသားစုရဲ့ ပံ့ပိုးမှုနဲ့ ယန်းချန်မြို့မှာ အချိန်အကြာကြီး ဒုစရိုက်တွေ လုပ်နိုင်ခဲ့တာ "
" ဟုတ်တယ်။ သားအမိအတွက် ခံစားခဲ့ရတဲ့ အပြစ်ကို ပြေပျောက်အောင် ရီထျန်းဟွက ကောင်းကျူမင်းကို တိတ်တဆိတ် ထောက်ပံ့ပေးနေတာ။ ဒီလိုမှမဟုတ်ရင် သူ့မှာ ဘယ်လိုလုပ် အရင်းအနှီး ရှိနိုင်မှာလဲ "
" သူက တရားမ၀င်တဲ့ ကလေးပဲ မဟုတ်လား။ ဒါက လျှို့ဝှက်ချက်လို့ မယူဆသင့်ဘူးလေ။ ဒါဆို အရင်က ဘယ်သူကမှ ဘာလို့ မပြောကြတာလဲ "
" ကောင်းကျူမင်းက ဘယ်လိုလျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားလဲဆိုတာ ငါလည်း မသိဘူး။ တစ်ယောက်ယောက်က သူတို့ရဲ့ နောက်ခံသမိုင်းကြောင်းကို စုံစမ်းမယ်ဆိုရင် ရီမိသားစုက အဲ့တာကိုတားဖို့ နည်းလမ်းအားလုံးကို အသုံးပြုလိမ့်မယ်။ ငါတောင် ဒီအကြောင်းကို မတော်တဆ ကြားလိုက်ရလို့ အံ့သြသွားတာ "
" ကောင်းကျူမင်းနဲ့ ရှင်းချင်ရင် ရီမိသားစုကို အရင်ဖြတ်ကျော်ရမှာပဲ "
" ဟုတ်တယ်။ အရင်ဆုံး ရီချန်းကျယ်ကို ထောင်ထဲသို့ ပို့လိုက်တဲ့အပြင် အခု မင်းက ကောင်းကျူမင်းနဲ့ပါ ရန်သူဖြစ်နေပြီ။ ရီမိသားစုက မင်းကို လွယ်လွယ်နဲ့ အလွှတ်မပေးမှာကို စိုးရိမ်ရတယ် "
" စိတ်မပူပါနဲ့၊ ကျွန်တော် အိပ်နေရင်တောင် မျက်လုံးဖွင့်ထားမယ်။ သူတို့ မအောင်မြင်စေရဘူးလို့ အာမခံတယ် "
" ကောင်စုတ်လေး၊ ငါမင်းကိုနောက်နေတာမဟုတ်ဘူး။ မင်း သတိထားရမယ် "
" အစ်ကိုကျောင်း၊ စိတ်မပူပါနဲ့။ ကျွန်တော့်မှာ ရန်သူတွေ အများကြီးရှိတယ်။ အဲ့ဒီလူတွေရဲ့ သင်္ချိုင်းကတောင် သုံးပေနီးပါးလောက် မြင့်တယ်၊ မဟုတ်လား။ ရီမိသားစုက ကျွန်တော့်ကို ပြဿနာရှာဖို့ မလာရင် သူတို့ကို ကျွန်တော်က နောက်ထပ် ရက်နည်းနည်း ပိုနေခွင့်ပေးလိုက်မယ်။ သူတို့ တကယ်လာပြီး ပြဿနာရှာရဲတဲ့ သတ္တိရှိရင်တော့ သူတို့ ခေါင်းက ခိုင်ရဲ့လားလို့ မေးရလိမ့်မယ် "
ကျောင်းဖုလင်သည် သူ့စကားကို ကြားပြီးနောက် ပြောစရာစကား မဲ့သွားရသည်။
ယဲ့ဖန်၏ တည်ငြိမ်သော စကားလုံးများသည် ကြီးစိုးသူတို့၏ ဩဇာလွှမ်းမိုးမှုကို ထင်ရှားစေသည်။
ယဲ့ဖန်၏ မျက်လုံးထဲတွင် ရီမိသားစုသည် အသတ်ခံရရန် စောင့်နေသည့် သိုးများဖြစ်သည်။
သူတို့ ကျောင်းမိသားစု အပါအဝင် ယန်းချန်မြို့တစ်ခုလုံးတွင် ဤကဲ့သို့ စကားမျိုးကို ပြောရဲသည့်သူ မရှိလောက်ပေ။
အခြားသူဆိုလျှင် တစ်ဖက်သားသည် သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲနေသည်ဟု ထင်ကောင်းထင်နိုင်သော်လည်း ယဲ့ဖန်မှ ထိုစကားကိုပြောသောကြောင့် ယုတ္တိရှိသည်ဟု သူ ခံစားမိသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ့ညီလေးယဲ့က သူ့ကို အမြဲတမ်း အံ့သြစရာတွေ ယူဆောင်လာပေးနိုင်သည်။
အစတွင် မဖြစ်နိုင်ဘူးဟု သူထင်ခဲ့သော အရာများစွာကို အဆုံးတွင် အတည်ပြုပေးခဲ့သည်။
ထို့ကြောင့် သူသည် ယခု ယဲ့ဖန်ကို မျက်လုံးမှိတ် အလုံးစုံယုံကြည်လာခဲ့သည်။
ယဲ့ဖန် ဘာပဲပြောပြော အမှားအယွင်း မရှိဘူးဟု ခံစားရသည်။
နှစ်ယောက်သား စကားစမြည်ပြောဖြစ်ကြပြီး အတော်ကြာမှ ဖုန်းချလိုက်သည်။
ယဲ့ဖန်သည် သူ့လက်များကို အိတ်ကပ်ထဲထည့်ကာ ဓာတ်လှေကားထဲသို့ ၀င်သွားသည်။
ဓာတ်လှေကားထဲတွင် ဘေးတွင် တစ်ယောက်မှမရှိသကဲ့သို့ အချင်းချင်း အငမ်းမရ စားသောက်နေသော အတွဲတစ်တွဲကို သူမြင်လိုက်ရသည်။
လူတစ်ယောက်လုံး ဝင်လာသည်ကို တွေ့သော်လည်း မရပ်ကြပေ။
ထိုယောက်ျားက သူ့လက်ကို မိန်းမ၏ ကော်လာကနေ နှိုက်နေသည်။
ထိုမိန်းကလေး၏ မျက်လုံးများမှာ နူးညံ့နေပြီး တစ်ခါတစ်ခါ ညည်းညူသံများ ထွက်လာသည်။
အဲ့တာက ယဲ့ဖန်ကို အလွန်ကြောင်အအဖြစ်စေသည်။
မတတ်နိုင်ဘဲ သူ့စိတ်ထဲမှ ကျိန်ဆဲနေခဲ့သည်။
ဒီနှစ်ယောက်က ရေအရမ်းဆာနေတာလား။
ဓာတ်လှေကားထဲမှာ သူတို့ကြောင့် ပူလာပြီ။
" ဘာကြည့်နေတာလဲ။ နမ်းနေတာ မတွေ့ဖူးဘူးလား၊ စောက်တောသား "
ထိုလူက သူတို့နှစ်ယောက်ကို ယဲ့ဖန် အချိန်တစ်ခုကြာအထိ ကြည့်နေသည်ကို မြင်လိုက်ပြီး ချက်ချင်း စိတ်တိုသွားသည်။
ထို့နောက် လှည့်လာပြီး ကျိန်ဆဲလေသည်။
ယဲ့ဖန် ဒုက္ခမပေးချင်သော်လည်း ထိုစကားကိုကြားပြီးသည့်အခါ ချက်ချင်း လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်သည်။
" ကိုယ့်ကောင်ကြီး ဖန်း မဟုတ်ဘူးလား။ ကျွန်တော် ခင်ဗျာဒကို မတွေ့တာကြာပြီပဲ။ ဒါက ခင်ဗျားရဲ့ရည်းစားအသစ်လား "
ယဲ့ဖန်၏စကားက ထိုယောက်ျားကို စိတ်ငြိမ်သွားစေသည်။
" ငါ ...... မင်းကို သိလို့လား "
ယဲ့ဖန်သည် ထိုလူ၏ပခုံးကို စိတ်လိုလက်ရ ပုတ်လိုက်သည်။
" ကျွန်တော်က ရှောင်ချိန်ပါ။ လွန်ခဲ့တဲ့နှစ်ရက်က အရက်အတူတူသောက်တာ မေ့သွားပြီလား "
ထိုလူက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
" လွန်ခဲ့တဲ့နှစ်ရက်ကလား။ အိုး ...... သူဌေးဝမ်ရဲ့ ပွဲမှာလား "
ယဲ့ဖန်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ် ဟုတ်တယ်၊ အခု မှတ်မိပြီလား။ အရက်သောက်ပြီးတော့ အပျော်မယ်ရှာကြသေးတယ်လေ ...... "
ထိုလူသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။
" ဘာတွေပြောနေတာလဲ "
ယဲ့ဖန်သည် သူ့ဘေးနားမှ အမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီး သူ့ပါးစပ်ကို အမြန် ဖုံးလိုက်သည်။
" တောင်းပန်ပါတယ်၊ မတော်တဆ စကားထွက်သွားတာ။ ဒါပေမယ့် ခင်ဗျားကို သတိပေးရမယ်။ ကျွန်တော်တို့ သွားခဲ့တဲ့ဆိုင်မှာ အေအိုင်ဒီအက်စ်ရောဂါရှိတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်လို့ ကြားခဲ့တယ်။ ကျွန်တော်တောင် ဒီနေ့ ဆေးရုံကို ဆေးစစ်ဖို့ သွားခဲ့သေးတယ် "
ထိုအမျိုးသားသည် အလွန်ဒေါသထွက်ကာ ဦးနှောက်သွေးကြောများ ပေါက်ထွက်မတတ်ဖြစ်ခဲ့သည်။
" ဘာတွေပြောနေတာလဲ။ ဘာကို AIDS လဲ ...... "
သူ့စကား မပြီးခင်တွင် ထိုအမျိုးသမီးက ထိတ်လန့်တကြား အလျင်စလို တံတွေးထွေးလိုက်သည်။
ထို့နောက် သူမက ပါးရိုက်လိုက်သည်။
" ရှင်၊ လူယုတ်မာ။ Aကိုက်ထားတာတောင် ကျွန်မကို လာပြီးတော့ ...... "
ထိုလူက အမြန်ရှင်းပြသည်။
" ရှောင်ယန်၊ ဒီကလေး လျှောက်ပြောနေတဲ့စကားတွေကို နားမထောင်နဲ့။ ကိုယ့်မှာ AIDS မရှိပါဘူး။ ပြည့်တန်ဆာကိုလည်း မရှာဖူးဘူး။ ကိုယ် သူ့ကိုလည်း မသိဘူး "