← Chapters

အပိုင်း ၆၅၃-၆၅၆

Vol. 33 Ch. 653-656

အပိုင်း ၆၅၃-၆၅၆

Vol. 33 Ch. 653-656

အပိုင်း ( ၆၅၃ )

ငါဘာလုပ်ရမလဲ။ ရေလိုက် ငါးလိုက် လုပ်ရမှာလား

ထိုအမျိုးသမီး၏ မျက်လုံးများသည် မီးစများ တောက်လောင်နေပြီဖြစ်သည်။

" ရှင် သူ့ကို အခုမှသိတယ်ဆို ရှင့်ရဲ့မျိုးရိုးနာမည်က ဖန်းဆိုတာ သူက ဘယ်လိုလုပ် သိတာလဲ "

ထိုလူက ချက်ချင်း မရှင်းပြနိုင်တော့ဘဲ ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" ငါမင်းကို မသိဘူး။ ငါ့မျိုးရိုးနာမည်က ဖန်းဆိုတာကို မင်း ဘယ်လိုလုပ်သိတာလဲ "

ယဲ့ဖန်က တစ်ခုခုကို ရုတ်တရက် ရိပ်မိသွားပုံရပြီး သူက အမြန် ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်၊ ဟုတ်တယ်။ ကျွန်တော်တို့က အချင်းချင်း မသိကြဘူး။ ခင်ဗျားနာမည်က ဖန်းပင်းဆိုတာကို ကျွန်တော် မသိပါဘူး "

ထိုမိန်းမက ဒေါသအလွန်ထွက်နေပြီ ဖြစ်သည်။

သူမသည် ထိုလူ၏ဆံပင်ကို ဆွဲကိုင်လိုက်ပြီး ရိုက်လိုက်သည်။

" မကောင်းတဲ့ကောင်၊ သူက ရှင့်နာမည်တောင် သိတယ်။ အဲ့တာကို သူ့ကို မသိဘူးလို့ ဘယ်လိုတောင် ပြောရဲရတာလဲ။ ကျွန်မ AIDS ရောဂါ ကူးစက်ခံရရင် ရှင့်ကိုသတ်မယ် ....... "

ယဲ့ဖန် ရယ်ချင်တာကို ထိန်းလိုက်သည်။

သူသည် ထိုလူ၏ တင်ပါးမှ အိတ်ကပ်ကို တစ်ချက်ကြည့်လိုက်သည့်အခါ မှတ်ပုံတင်ကတ်ကို တစ်ဝက် မြင်လိုက်ရပြီး သူ၏ အမည်ကို တွေ့ခဲ့သည်။

ထိုအချိန်တွင် ဓာတ်လှေကားက သူနေသည့်အထပ်ကို ရောက်လာသောကြောင့် ချက်ချင်း ရင်ကော့ပြီး ထွက်သွားသည်။

သူတို့ နှစ်ယောက် ဒီညတော့ အခွင့်မသာတော့ချေ။

အနာဂတ်တွင် ဖြစ်နိုင်ခြေရှိမရှိကို သိရှိရန် ဆေးရုံကို သွားစစ်ဆေးဖို့ လိုအပ်လိမ့်မည်။

ယဲ့ဖန် သီချင်းလေးညည်းရင်း သော့ကတ်ကို အခန်းတံခါး၌ ပွတ်ဆွဲလိုက်သည်။

လုရှောင်ရနှင့် လျုံလင်းတို့၏ ထုပ်ပိုးထားသော အိတ်အနည်းငယ်ရှိနေသည်။

ဒီနေ့ သူတို့နှစ်ယောက် ဈေးဝယ်ထွက်ခဲ့ကြပုံရသည်။

ယဲ့ဖန်သည် သူ့ဖိနပ်ကိုပြောင်းကာ လုရှောင်ရ၏ အခန်းသို့သွားပြီး သူမအား နှုတ်ဆက်ရန် ပြင်လိုက်သည်။

သို့သော် တံခါးက အနည်းငယ် ပွင့်နေသည်ကို ရုတ်တရက် သိလိုက်ရသည်။

လက်ရှိ ရပ်နေသည့်ထောင့်မှ ကုတင်ပေါ်က မြင်ကွင်းကို သူ မြင်နေရသည်။

လုရှောင်ရနှင့် လျုံလင်းတို့သည် ကုတင်ခေါင်းရင်းကို မှီ၍ စကားစမြည်ပြောနေကြသည်။

အိပ်ခန်းထဲမှာဖြစ်၍ ပေါ့ပေါ့ပါးပါးသာ ၀တ်စားထားကြသည်။

ရှည်လျားလှပသော ခြေတံလေးချောင်းက သူ့စိတ်ကို ခဏတာ ယိမ်းယိုင်သွားစေသည်။

" ရှောင်ရ၊ နင် သူ့အပေါ် ခံစားချက်ရှိနေတာလား "

လျုံလင်း ရုတ်တရက် မေးလိုက်သည်။

" ဘယ်သူ ...... ဘယ်သူလဲ "

လုရှောင်ရသည် ခဏတာ အံ့အားသင့်သွားခဲ့ပြီး သူမ စိတ်ရှုပ်ထွေးဟန်ဆောင်လိုက်သည်။

လျုံလင်းသည် အနည်းငယ် စိတ်မချမ်းမသာဖြစ်သွားသည်။

" နင် ငါ့ကို လာလိမ်ဖို့ မလုပ်နဲ့။ ပြောနေတာ ဘယ်သူလဲဆိုတာ နင် သိပါတယ် "

လုရှောင်ရက မတတ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။

" ငါ သူ့ကို စိတ်ဝင်စားတယ်ဆိုရင်တောင် အဲ့တာ ဘာလုပ်လို့ရမှာလဲ။ သူ့မှာ ရည်းစားရှိနေပြီလေ "

တံခါးအပြင်ဘက်ရှိ ယဲ့ဖန်သည် အံ့အားသင့်သွားသည်။

သူ့အကြောင်းပြောနေတာတော့ မဟုတ်ဘူးမလား။

လျုံလင်းက ခေါင်းကို လှည့်ပြီး သူမကို လေးလေးနက်နက် ကြည့်လိုက်သည်။

" အဲ့တော့ သူ့မှာ ရည်းစားရှိရင်ရော ဘာဖြစ်လဲ။ နင် ကြိုက်သရွေ့ သတ္တိရှိရှိ လိုက်ရမယ်။ အဆုံးထိ မလိုက်နိုင်ခဲ့ရင်တောင် အနည်းဆုံးတော့ နင် ကြိုးစားခဲ့တယ်လေ။ အနာဂတ်မှာ ဘာမှမလုပ်လိုက်ရလို့ နောင်တရနေတာထက် ပိုကောင်းတယ် "

လုရှောင်ရသည် သူမ၏ ခန္ဓာကိုယ်ကို ကြည့်ပြီး စိတ်ပျက်အားငယ်စွာ ပြောလာသည်။

" ဒါပေမယ့် ချန်းရွှမ်နဲ့ ယှဉ်ရင် ငါ့မှာ ဘာမှ မရှိဘူး။ ငါက သူမလောက်လည်း မလှဘူး။ အသက်မွေးဝမ်းကြောင်းနေနေသာသာ ...... "

လျုံလင်းက သူမ နဖူးကို အမြန်ပုတ်လိုက်သည်။

" နင်က ဘာဖြစ်နေလို့လဲ။ အရင်က ယုံကြည်မှုရှိတဲ့ လုရှောင်ရက ဘယ်မှာလဲ။ နင်က ချန်းရွှမ်ထက် ပိုမဆိုးပါဘူး။ နင်က ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေလို့ပါ၊ ဟုတ်ပြီလား "

လုရှောင်ရ ခါးသက်စွာ ပြုံးလိုက်သည်။

" ငါလည်း မတတ်နိုင်ဘူး။ သူမက အရမ်းထူးချွန်တယ်။ သူမရှေ့ရောက်ရင် အမြဲတမ်း ငါက ညံ့သွားတယ်လို့ ခံစားရတယ် "

လျုံလင်း မျက်လုံးပြူးသွားသည်။

" ဒါဆို သူနဲ့ အတူတူအိပ်လိုက် "

လုရှောင်ရသည် ထိုစကားကိုကြားသောအခါ ရှက်သွားသည်။

" ဘာတွေ လျှောက်ပြောနေတာလဲ "

" ငါ နင့်ကို နောက်နေတာမဟုတ်ဘူး "

လျုံလင်းက လေးနက်စွာပြောသည်။

" သူပြန်လာရင် သူ့အခန်းထဲသွားပြီး ဒီနေ့ဝယ်လာတဲ့ အတွင်းခံကို ဝတ်သွားလိုက်။ နင့်ရဲ့သွေးဆောင်မှုကို သာမာန်လူတစ်ယောက်က ဘယ်လိုမှ မခုခံနိုင်ဘူး ......"

လုရှောင်ရ၏ လှပသောမျက်နှာလေးသည် နီရဲနေပြီဖြစ်သည်။

" ဒါက ဘယ်လိုတောင် မိုက်မဲတဲ့ အတွေးကြီးလဲ။ ငါက ....... "

လျုံလင်းက သူမကို စိုက်ကြည့်နေသည်။

" ဒါက နင့်ရဲ့ တစ်ခုတည်းသော အခွင့်အရေး တောင် ဖြစ်နိုင်တယ်။ နင် သူ့ကို စိတ်ဝင်စားအောင် လုပ်ဖို့ ဒီနည်းလမ်းကို သုံးဖို့ပဲ ရှိတယ်။ မဟုတ်ရင် သူ့ကိုဆုံးရှုံးဖို့သာ အသင့်ပြင်ထားလိုက် "

လုရှောင်ရ တုန်လှုပ်သွားပုံရသည်။

" ဒါပေမယ့် ...... သူ့အခန်းထဲကို ဝင်သွားရင် ဘာပြောရမှာလဲ။ ဘယ်လောက်တောင် ကိုးယိုးကားယားနိုင်ပြီး အဆင်မပြေဖြစ်လိုက်မလဲ "

လျုံလင်းက ချက်ချင်း စောင်ကို ဖယ်လိုက်ပြီး ကုတင်ပေါ်ကနေ ခုန်ဆင်းလိုက်သည်။

သူမသည် အလွန်ဆွဲဆောင်မှုရှိသော ခြေလှမ်းများဖြင့် လုရှောင်ရဆီသို့ ဆက်ဆီကျကျ လျှောက်သွားခဲ့သည်။

" နင် ဝင်သွားပြီးရင် သူ့အိပ်ရာကို ဒီအတိုင်းလျှောက်သွားလိုက်။ ပြီးတော့ ဘာမှ မပြောနဲ့။ စောင်ကိုဆွဲတင်ပြီး ဝင်သွားလိုက် ...... "

လုရှောင်ရ အနည်းငယ် အံသြသွားသည်။

" ဒါကြီးက တည့်တိုး မဆန်လွန်းဘူးလား "

လျုံလင်းက ယုံကြည်မှုအပြည့်နှင့် ပြုံးပြလိုက်သည်။

" နင် တည့်တိုးလုပ်ရမယ်။ ချီတုံချတုံဖြစ်နေရင် အခွင့်အရေးကို လက်လွတ်ဆုံးရှုံးသွားရလိမ့်မယ် "

ထို့နောက် သူမက ဆက်ပြောသည်။

" အဲ့ဒီအချိန်မှာ သူ နည်းနည်း စိတ်ရှုပ်နေပြီး နင် ဘာဖြစ်နေတာလဲလို့ မေးလိမ့်မယ်။ အဲ့ကျ နင် တစ်ယောက်တည်း အိပ်ရမှာကြောက်တယ်လို့ ပြောပြီး နင့်လက်နှစ်ဖက်နဲ့ သူ့ကို ဖက်လိုက်။ ပြီးရင် ကိုယ်ချင်းထိပြီး ...... "

သူမက ပြောသည့်အတိုင်း သူမကိုယ်တိုင် လက်ဖြင့် သရုပ်ပြခဲ့သည်။

လျုံလင်းသည် လုရှောင်ရ၏ ခန္ဓာကိုယ် အပေါ်နှင့်အောက်ကို ထိလိုက်ရာ လုရှောင်ရက တခစ်ခစ်ရယ်ပြီး သူမကို အလျင်စလို တွန်းထုတ်ပစ်လိုက်သည်။

" လျုံလင်း၊ နင်သေချင်နေတာလား။ နင့် အခုပုံစံက အရမ်း ...... အရမ်းမိုက်နေတယ် မဟုတ်ဘူးလား "

သို့သော် လျုံလင်းက စိတ်မ၀င်စားချေ။

အဲ့ဒီအစား သူမက အောက်နှုတ်ခမ်းကို စွဲဆောင်မှုကျကျ ကိုက်လိုက်ပြီး သူမ၏ မျက်လုံးများသည် ပို၍ပင် ဆွဲဆောင်မှု ရှိလာသည်။

" နင့်ရဲ့အဆင့်အတန်းကို နှိမ့်ချပြီး သူ့ကို ဒီလို သွေးဆောင်ရမယ်။ အဲ့တာမှ သူက ပါလာမှာ။ လာစမ်းပါ၊ ငါ့ဆီက သင် "

လုရှောင်ရသည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် လိုက်လုပ်ခဲ့လေသည်။

သူမသည် ရွှင်လန်းတက်ကြွသော ကိုယ်ရည်ကိုယ်သွေးရှိသည်။

ထို့ကြောင့် ရင့်ကျက်သည့် မိန်းမတစ်ယောက်၏ ဆွဲဆောင်မှုပုံစံကို လေ့လာရန်က သူမအတွက် ခက်ခဲလေသည်။

သို့သော်လည်း သူမသည် လှပနေဆဲဖြစ်သည်။

ဤကဲ့သို့ ယုတ်ညံ့သော အပြုအမူမျိုး လုပ်ခဲ့လျှင်ပင် ဖော်မပြနိုင်သော ဆွဲဆောင်မှု ရှိနေဆဲဖြစ်သည်။

တံခါးအပြင်ဘက်တွင်ရှိသော ယဲ့ဖန် သည် အလှလေးနှစ်ယောက်၏ ဆွဲဆောင်မှုအားပြင်သော ညှို့ငင်ချက်များကို မြင်သောအခါ အံ့အားသင့်သွားသည်။

ဒီမိန်းကလေးနှစ်ယောက်က သူ့အိမ်မှာ သူ့ကို ဘယ်လို သွေးဆောင်ရမလဲဆိုတာ လေ့လာနေတာပဲ။

အဲ့တာက တကယ်ပင် သူ့အမြင်ကို ကျယ်ပြန့်စေသည်။

သူဘာလုပ်သင့်လဲ။

ရေလိုက် ငါးလိုက် လုပ်ရမှာလား။

ပြုံးပြုံးကြီး တန်းလက်ခံ သင့်လား။

အပိုင်း ( ၆၅၄ )

ချန်းရွှမ် အကူအညီလိုအပ်ခြင်း

သူတို့နှစ်ယောက် အစမ်းလေ့ကျင့်မှုပြီးလုနီးပါး ဖြစ်နေသည်ကို တွေ့လိုက်ရပြီး ယဲ့ဖန်က အခန်းထဲကနေ အမြန်ထွက်သွားကာ တံခါးခေါင်းလောင်းကို နှိပ်လိုက်သည်။

ထိုအခါ တံခါးကို အမြန်ဖွင့်လာဖွင့်ပေးပြီး လုရှောင်ရနှင့် လျုံလင်းတို့သည် တံခါးဝတွင် သပ်ရပ်စွာ ရပ်နေကြသည်။

" ပြန်လာပြီလား "

လုရှောင်ရက မေးသည်။

သူမ၏ မျက်လုံးများသည် အနည်းငယ် ဝေဝါး တုန်လှုပ်နေသည်။

" အင်း၊ ပြန်လာပြီ "

ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး သဘာဝကျအောင် အစွမ်းကုန် ကြိုးစားလိုက်သည်။

" ဒါဆို၊ အရင်ရေချိုးမှာလား "

လုရှောင်ရသည် စကားစမြည်ပြောရန် ကြိုးစားခဲ့သည်။

" အာ ...... မချိုးတော့ပါဘူး။ ဒီနေ့ နည်းနည်း ပင်ပန်းနေတော့ စောစော အနားယူချင်ပြီ "

ယဲ့ဖန် ပြောပြီးသည်နှင့် သူ့အခန်းထဲကို အမြန်ဝင်သွားသည်။

သူ ဝင်သွားပြီးသည်နှင့် သူ့အဝတ်အစားများကို စိတ်မရှည်စွာ ချွတ်လိုက်ကာ သူ့ဆီရောက်လာမည့် အလှလေးကို စောင့်မျှော်နေခဲ့သည်။

ခဏအကြာတွင် တံခါးအပြင်ဘက်မှ လူနှစ်ယောက် တွန်းတိုးနေသံကို ကြားလိုက်ရပြီး သူတို့၏ ခြေသံများ တဖြည်းဖြည်း နီးကပ်လာလေသည်။

ယဲ့ဖန်၏ နှလုံးသားသည် သူ့လည်ချောင်းထဲတွင် တစ်စို့နေသလို ဖြစ်နေသည်။

သူ ဒီလို စိတ်မလှုပ်ရှားရတာ ဘယ်လောက် ကြာနေပြီလဲဆိုတာတောင် မေ့နေပြီဖြစ်သည်။

ဖြစ်လာတော့မည့် စိတ်လှုပ်ရှားစရာ မြင်ကွင်းကို တွေးရင်း သူ့ရင်ထဲ ခုန်ပေါက်နေသည်။

လုရှောင်ရသည် သူမ ဝင်လာသင့်၊ မသင့်ကို တွေးပြီး တုံ့ဆိုင်းနေပုံရသည်။

ထိုအချိန်တွင် ယဲ့ဖန်၏ ဖုန်းမှ ရုတ်တရက် မြည်လာသည်။

လုရှောင်ရသည် ကြောက်လန့်တကြားဖြစ်နေသည့် ယုန်တစ်ကောင်ကဲ့သို့ ချက်ချင်း ထွက်ပြေးသွားသည်။

ယဲ့ဖန် စိတ်ပျက်သွားသည်။

သူ့ဖုန်းကို ယူကြည့်လိုက်သည့်အခါ ချန်းရွှမ်မှ ခေါ်နေသည်ကို တွေ့လိုက်ရသည်။

သူ ချက်ချင်း အာရုံပြန်ကပ်သွားပြီး ဖုန်းမဖြေခင် မကောင်းသည့် အတွေးတွေကို ရှင်းထုတ်ပစ်လိုက်သည်။

" အစ်မရွှမ် ...... "

ယဲ့ဖန် စကားမပြီးခင် အခြားတစ်ဖက်မှ ချန်းရွှမ်၏ အသံတိုးတိုးကို ရုတ်တရက်ကြားလိုက်ရသည်။

" ရှောင်ဖန်၊ ငါ့ကိုလာကယ်ပါဦး ..... "

ယဲ့ဖန် အံ့သြသွားသည်။

ထို့နောက် ကုတင်ပေါ်မှ အမြန်ခုန်ဆင်းလိုက်သည်။

" အစ်မရွှမ်၊ စိတ်မပူပါနဲ့။ ဘာဖြစ်တာလဲ "

" ရှောင်ဖန်၊ ပြောစရာကိစ္စရှိလို့ ထွက်သွားတာ။ အခု ဟိုတယ်ကို ပြန်နေ ပေမယ့် လူနှစ်ယောက်က ငါ့နောက်ကို လိုက်နေတယ် ..... "

ချန်းရွှမ်၏ အသံသည် တုန်လှုပ်သွားသည်။

သူမ သိသာစွာ ထိတ်လန့်နေလေသည်။

ယဲ့ဖန်က သူ့အဝတ်အစားတွေကို အမြန်ဝတ်ပြီး အမြန်ထွက်သွားသည်။

" သူတို့က အစ်မကို ဘာမှမလုပ်ဘူး၊ မဟုတ်လား "

ချန်းရွှမ်က ချက်ချင်းပြန်ဖြေသည်။

" မဟုတ်ဘူး၊ သူတို့က ဘာမှမလုပ်ဘူး။ သူတို့က ငါ့နောက်ကို ဆက်တိုက်လိုက်ပြီး လေချွန်နေတာပဲ ...... "

ယဲ့ဖန်က သက်ပြင်းချလိုက်သည်။

" ကောင်းပြီ၊ ဟိုတယ်အခန်းထဲကို အရင်မပြန်နဲ့။ လူစည်ကားတဲ့နေရာကို အရင်သွားလိုက်။ မကြာခင်ရောက်မယ် "

စကားပြောနေရင်းနှင့် အခန်းထဲမှ ထွက်လာသည်။

ဒိုင်း

လုရှောင်ရ၏ အခန်းတံခါးပိတ်သွားသည်။

သူမ အိပ်ခန်းထဲကို ဝင်သွားတာဖြစ်သည်။

ယဲ့ဖန် တစ်ချက်သာ ကြည့်လိုက်ပြီး ဆက်မနေတော့ချေ။

သူ ကားပါကင်အောက်ထပ်ကို အမြန်ပြေးပြီး Blue Charm Nightကို ထုတ်မောင်းလိုက်သည်။

ယဲ့ဖန်သည် ကား၏ အမြင့်ဆုံးအမြန်နှုန်းသို့ အရှိန်မြှင့်လိုက်ပြီး ခရမ်းရောင်လျှပ်စီးကြောင်းကဲ့သို့ မြို့တွင်းလမ်းများပေါ်တွင် အရှိန်ပြင်းစွာ ဖြတ်သွားခဲ့သည်။

လမ်းမပေါ်ရှိ ယာဉ်မောင်းများသည် ခရမ်းရောင်အလင်းတန်းကိုသာ မြင်လိုက်ရပြီး အားလုံးက တစ္ဆေမြင်လိုက်ရသလို ဖြစ်သွားကြသည်။

အင်ဂျင်သံကြောင့်သာ မဟုတ်ပါက တစ္ဆေတစ်ကောင် မြင်လိုက်ရသည်ဟု ထင်ကြပေမည်။

လူတစ်ယောက်သည် မြို့တွင်းလမ်းပေါ်တွင် ဤမျှအရှိန်ဖြင့် လျှင်မြန်စွာ မောင်းနှင်နိုင်သည်ကို သူတို့ မယုံနိုင်ပေ။

သူတို့က အသက်ကို တကယ်စွန့်စားကြတာပဲ။

.........................

ချန်းရွှမ်၏ ဟိုတယ်သို့ သွားရာလမ်းတွင် ယဲ့ဖန်သည် ကျောင်းဖုလင်ဆီကို ဖုန်းဆက်ပြီး ရာဇဝတ်မှုဆိုင်ရာအထောက်အထားအချို့အပါအဝင် ရီမိသားစု၊ ကောင်းကျူမင်းတို့နှင့် ပတ်သက်သောအချက်အလက်အားလုံးကို ကူညီစုံစမ်းပေးရန် တောင်းဆိုခဲ့သည်။

ချန်းရွှမ် နောက်သို့ လိုက်နေသောလူများသည် ရီမိသားစု သို့မဟုတ် ကောင်းကျူမင်း ဖြစ်နိုင်သည်ဟု သူသံသယရှိလေသည်။

မည်သူပင်ဖြစ်ပါစေ ချန်းရွှမ်ကို ထိလျှင် အားလုံး သေရမည်မှာ သေချာလေသည်။

ကျောင်းဖုလင်၏ စွမ်းဆောင်ရည်မှာ မေးခွန်းထုတ်စရာ မရှိပေ။

ချန်းရွှမ် တည်းခိုရာဟိုတယ်သို့ သူ့ကားရောက်ခါနီးတွင် ကျောင်းဖုလင်မှ သူ ရှာတွေ့ထားသော အချက်အလက်များကို ပေးပို့ခဲ့သည်။

" ရှောင်ဖန်၊ ဒီ ကောင်းကျူမင်းက သူ့ကိစ္စတွေကို အမြဲသတိထားတယ်။ ချောင်ရှင်းဂိုဏ်းက ဆိုးတယ်ဆိုပေမဲ့ သူတို့ ပြစ်မှုကျူးလွန်ထားကြောင်း အထောက်အထား မတွေ့ရဘူး။ ဒါပေမဲ့ သူ့ရဲ့ အရည်အချင်းရှိတဲ့ လက်အောက်ငယ်သားတချို့ရဲ့ အချက်အလက်တွေကို ရှာထားတယ်။ သူတို့ဆီက တစ်ခုခုတော့ ရမှာပါ ..... "

ကျောင်းဖုလင်၏ ရှင်းပြချက်ကို ကြားပြီးနောက် ယဲ့ဖန်သည် အချက်အလက်ကို စတင်စစ်ဆေး ကြည့်ရှုခဲ့သည်။

အချက်အလက်များအရ ကောင်းကျူမင်းသည် အလွန် သံသယများသူတစ်ယောက် ဖြစ်သည်။

သူ့ယုံကြည်မှုကို ရရှိထားသူမှာ အလွန်နည်းပါးလေသည်။

စုစုပေါင်း လူလေးယောက်သာ ရှိလေသည်။

ပထမဆုံး တစ်ယောက်မှာ ကောင်းဟူဖြစ်သည်။

ထိုလူသည် ကောင်းရှင်းလန်ကို သူ၏ ခေါင်းကိုင်မိခင်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ချောင်ရှင်းဂိုဏ်းတွင် ကြီးမားသော ပံ့ပိုးကူညီမှုများစွာ ပြုလုပ်ခဲ့သောကြောင့် ကောင်းကျူမင်း၏ ယုံကြည်မှုကို ရရှိခဲ့သည်။

ဒုတိယလူမှာ နင်းလူအိုကြီးဟု ခေါ်လေသည်။

သူ့နာမည်အတိအကျကို မည်သူမျှ မသိကြသော်လည်း သူသည် ကောင်းကျူမင်းအတွက် ထောက်လှမ်းရေး စုဆောင်းခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများတွင် အထူးကျွမ်းကျင် လုပ်ကိုင်လေသည်။

သူ့ကို ကောင်းကျူမင်း၏ ဝှက်ဖဲတွေထဲမှ တစ်ယောက်ဟု ယူဆနိုင်သည်။

တတိယလူမှာ ကျောက်စရစ်စက်ရုံနှင့် ကောင်းကျူမင်းအတွက် ဖောက်ခွဲရေးစက်ရုံ စီမံခန့်ခွဲရေးတွင် တာဝန်ယူထားသော ရှုဟိုင်ပေါဖြစ်သည်။

ဤလူသည် ရာဇ၀တ်မှု အများဆုံးကျူးလွန်ခဲ့သူလည်း ဖြစ်သည်။

သူသတ်ခဲ့သည့်အသက် ဘယ်နှစ်ချောင်းရှိပြီဆိုတာ ဘယ်သူမှ မသိနိုင်ပေ။

မကောင်းမှုတွေ ပြည့်နှက်နေသူ ဖြစ်လေသည်။

စတုတ္ထလူမှာ ကောင်းကျူမင်း၏ သတို့သမီးလောင်း ကျန်းရုကျင်းဖြစ်သည်။

သူမသည် ရင်းနှီးမြှုပ်နှံမှုအဖွဲ့၏ လုပ်ငန်းကို စီမံခန့်ခွဲရန် တာဝန်ယူပြီး ချောင်ရှင်းဂိုဏ်းအတွက် အကြီးမားဆုံးသော ရန်ပုံငွေအရင်းအမြစ်လည်းဖြစ်သည်။

ထိုအရာမှ ဤအမျိုးသမီးသည် ကောင်းကျူမင်း အယုံကြည်ရဆုံးလူဖြစ်နိုင်သည်။

ယဲ့ဖန် သူ့စိတ်ထဲ၌ အချက်အလက်များကို စစ်ထုတ်ပြီး အရေးကြီးဆုံးအပိုင်းတွေကို ချက်ချင်း စစ်ဆေးလိုက်သည်။

ထိုအချိန်တွင် သူသည် ဟိုတယ်သို့ ရောက်ရှိလာခဲ့သည်။

ချန်းရွှမ်သည် သူ၏ ညွှန်ကြားချက်များကို လိုက်နာပြီး သူမ၏ အခန်းသို့ ပြန်မည့်အစား ဟိုတယ်ဧည့်ခန်းထဲတွင် စောင့်နေခဲ့သည်။

ဟိုတယ်ခန်းမထဲကို ဝင်ချည်ထွက်ချည်လုပ်နေသော လူများရှိသောကြောင့် လိုက်နေသူနှစ်ယောက်မှ သူမကို တစ်ခုခုလုပ်မှာကို အများကြီး စိတ်ပူရန် မလိုတော့ချေ။

ယဲ့ဖန်သည် အပြင်မှ လှမ်းဝင်လာသည်ကို သူမ မြင်သောအခါ ချက်ချင်း အံ့အားသင့်စွာ ထရပ်လိုက်သည်။

" ရှောင်ဖန်၊ ငါဒီမှာပါ "

သူမ လုံခြုံပြီး အသံထွက်နိုင်တာကို မြင်လိုက်မှ ယဲ့ဖန် သက်ပြင်းချလိုက်သည်။

ထို့နောက် အရှိန်ဖြင့် ပြေးသွားသည်။

" အစ်မရွှမ်၊ အစ်မနောက်ကို လိုက်နေတဲ့လူတွေ ဘယ်မှာလဲ "

ချန်းရွှမ်သည် သိပ်မဝေးသော နေရာကို ညွှန်ပြလိုက်သည်။

ယဲ့ဖန်သည် ပြတင်းပေါက်နားမှ ထိုင်ခုံကို လှည့်ကြည့်လိုက်သည်။

ပြတင်းပေါက်နားရှိ ထိုင်ခုံတွင် အနက်ရောင်ဝတ်စုံဝတ်ထားသော အမျိုးသားနှစ်ဦး ထိုင်နေသည်။

ဒီလူနှစ်ယောက်သည် ပေါ်ပေါ်ထင်ထင် ထိုင်နေရဲကြသည်။

ဒါကို ဘယ်လိုလုပ် အနောက်ကလိုက်တာ ဖြစ်ရမှာလဲ။

ပေါ်တင် စောင့်ကြည့်နေတာကြီးလေ။

သူတို့နှစ်ယောက်သည် ယဲ့ဖန် ရောက်လာသည်ကို တွေ့လိုက်သည့်အခါ သူတို့ ချက်ချင်း ထိတ်လန့်တဲ့ အမူအရာပေါ်လာသည်။

ယဲ့ဖန်က ဘာမှမပြောချေ။

ချက်ချင်းပင် သူတို့နှစ်ယောက်ဆီသို့ လျှောက်သွားသည်။

" ခင်ဗျားတို့ကို ဘယ်သူပို့လိုက်တာလဲ "

ထိုနှစ်ယောက်သည် နားမလည်ဟန်ဆောင်လိုက်ကြသည်။

" ဘာကို ဘယ်သူက လွှတ်လိုက်တာလဲ။ မင်းပြောတာကို ငါတို့ နားမလည်ဘူး "

ယဲ့ဖန်က ရယ်လိုက်သည်။

" မင်း နားမလည်ဘူးလား။ နားထဲမှာ တစ်ခုခုဖြစ်နေတာထင်တယ်။ ကုပေးပါရစေ "

ယဲ့ဖန် စကားပြောနေစဉ်တွင် သူ့ခန္ဓာကိုယ်ပေါ်မှ ငွေအပ်နှစ်ချောင်းကို ချက်ချင်းထုတ်ပြီး သူတို့၏ခါးရှိ အဓိကနေရာများတွင် ထိုးဖောက်လိုက်သည်။

" အား ....... "

ထိုလူနှစ်ယောက် ချက်ချင်း အော်ဟစ်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

အပိုင်း ( ၆၅၅ )

အစ်ကိုဟူ၊ ငါတို့ပြန်တွေ့ကြပြန်ပြီ

ထိုနေရာ၌ ရုန်းရင်းဆန်ခတ်ဖြစ်နေသည် ခန်းမအတွင်းရှိ လူများက ကြားလိုက်ရသည်။

ထိုလူတွေ ဘာဖြစ်သွားမှန်း မသိကြသော်လည်း သူတို့ကို တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေကြသည်။

သူတို့ထဲမှ အချို့က ယဲ့ဖန်ကို တားချင်ကြသော်လည်း ယဲ့ဖန်က စိုက်ကြည့်လိုက်ပြီးနောက် ပြန်ဆုတ်သွားကြသည်။

ထိုလူနှစ်ယောက်သည် တုန်တုန်ယင်ယင်နှင့် မြေပြင်ပေါ်တွင် အော်ဟစ်နေကြသည်။

သူတို့၏မျက်နှာများသည် အလွန်ဖြူဖျော့နေပြီး အလွန်ပြင်းထန်သော ဝေဒနာမျိုးကို ခံစားနေရသည်မှာ သိသာထင်ရှားသည်။

ယဲ့ဖန် သူတို့နှစ်ယောက်ကို အေးစက်စွာ ကြည့်လိုက်သည်။

" ဘာလို့ အမှန်အတိုင်း မပြောတာလဲ "

သူတို့နှစ်ယောက်သည် အတော်ခံနိုင်ရည်ရှိသည်။

နာကျင်လွန်း၍ မျက်ဖြူစိုက်ပြီး ပါးစပ်မှာ သွားရည်များ ကျနေသော်လည်း စကားတစ်ခွန်းမှ မပြောကြပေ။

ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

သူ အလျင်မလိုပေ။

သူသည် ချန်းရွှမ်ကို ဘေးသို့ ဆွဲထိုင်စေလိုက်သည်။

တစ်မိနစ်။

နှစ်မိနစ်။

သုံးမိနစ်…

နောက်ဆုံးတွင် တစ်ယောက်က တောင့်မခံနိုင်တော့ချေ။

သူက တုန်လှုပ်သောအသံဖြင့် ပြောသည်။

" ငါ ...... ပြောမယ်၊ ငါ ပြောမယ် "

တခြားလူက ချက်ချင်း သူ့ကို စိုက်ကြည့်လိာက်သည်။

" မင်းပြောရဲလား။ မင်းသေချင်နေတာလား "

ရှေ့မှလူက နာကျင်စွာ ခေါင်းခါလိုက်သည်။

" တောင့်မခံနိုင်တော့ဘူး ...... "

ယဲ့ဖန် ချက်ချင်းထရပ်ပြီး လျှောက်သွားလိုက်သည်။

သူသည် ငွေအပ်များကို ဆွဲထုတ်ပြီး အကြိမ်အနည်းငယ် ပုတ်ပေးလိုက်သည်။

ထိုလူက သက်ပြင်းတစ်ချက်ချကာ ယဲ့ဖန်ကို ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကြည့်လိုက်သည်။

" ဒါဆို သူကရော ...... "

ယဲ့ဖန် ခြေထောက်ကို ချိတ်ပြီး ထိုင်လိုက်သည်။

" သူက အရမ်းခေါင်းမာနေမှတော့ ခဏလောက် ဆက်ထိန်းထားပါစေ။ အမှန်တိုင်းပြော၊ ခင်ဗျားကို ဘယ်သူ ပို့လိုက်တာလဲ "

ထိုလူ၏ မျက်လုံးများသည် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။

" မာစန်းက ငါတို့ကို လွှတ်လိုက်တာ "

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။

" မာစန်းက ဘယ်သူလဲ"

ထိုလူက ဆက်ပြောသည်။

" မာစန်းက ချောင်အန်းခရိုင်က လူဆိုးဂိုဏ်းဝင်ပါ။ သူက ဒီမိန်းမနောက်ကို လိုက်ဖို့ တစ်ယောက်ကို ယွမ် ၂သောင်း ပေးတယါ "

ယဲ့ဖန်သည် ပူလောင်သော အကြည့်ဖြင့် သူ့ကို ကြည့်နေသည်။

" အနောက်ကိုပဲ လိုက်ခိုင်းတာလား။ တခြားဘာမှလုပ်ခိုင်းတာ၊ မဟုတ်ဘူးလား "

ထိုလူက ခေါင်းကို တဆတ်ဆတ်ခါလိုက်သည်။

" မလုပ်ခိုင်းဘူး။ ဒီမိန်းမ ဘယ်သွားသွား ကျွန်တော်တို့ အနောက်ကနေ လိုက်ရမယ်လို့ ပြောတာ။ သူမကို အေးအေးဆေးဆေး မအိပ်နိုင်စေနဲ့တဲ့ ....... "

ယဲ့ဖန်၏ အကြည့်များသည် ချက်ချင်းပင် စူးရှလာသည်။

" ခင်ဗျား မလိမ်တာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေက အရမ်းပြင်းထန်လိမ့်မယ် "

ထိုလူသည် ချက်ချင်းပင် တုန်လှုပ်သွားသည်။

" လိမ်ရင် အသေဆိုးနဲ့ သေပါစေ "

ယဲ့ဖန်က ဆက်မေးလေသည်။

" မာစန်းက ခင်ဗျားတို့ကို ဘာလို့ ဒီမိန်းကလေးကို လိုက်စေချင်တာလဲ။ သူ့မှာ ရန်ငြိုးတစ်ခုခု ရှိလို့လား "

ထိုလူက ခေါင်းခါသည်။

" သူက မပြောဘူး ....... ကျွန်တော့်အထင် အဲ့တာကို ချောင်ရှင်းဂိုဏ်းကလူတွေ ခိုင်းတာဖြစ်မယ် "

ယဲ့ဖန်၏ မျက်လုံးများ တောက်ပလာသည်။

" ဘာလို့ အဲ့လိုပြောတာလဲ "

" လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော်တို့နဲ့ အတူသောက်တုန်း ကြွားလုံးထုတ်တဲ့သေးတယ်။ အစ်ကိုကြီးတစ်ယောက်ဆီက အသိအမှတ်ပြုခံရတယ်လို့ ပြောတယ်။ အဲ့ဒီလူက ချောင်ရှင်းဂိုဏ်းကမလို့လူ နောက်ဆို ကောင်းစားပြီလို့ ပြောတယ် "

ယဲ့ဖန် ထိုစကားကို ကြားပြီးနောက် သူ မတတ်နိုင်ဘဲ အေးစက်စွာ ရယ်လိုက်သည်။

" တကယ်က ချောင်ရှင်းဂိုဏ်းပဲ "

ချန်းရွှမ်သည် ချက်ချင်း စိတ်လှုပ်ရှားစွာ သူ့လက်ကို ဆွဲလိုက်သည်။

" ရှောင်ဖန်၊ ငါတို့ အခု ဘာလုပ်သင့်လဲ "

ယဲ့ဖန်နှင့် ချောင်ရှင်းဂိုဏ်းကြားမှ ပဋိပက္ခအကြောင်း သူမ ကြားသိခဲ့ရသော်လည်း ထိုအကြောင်းကို မေးရန် အချိန်မရှိခဲ့ပေ။

အခုအခါ ချောင်ရှင်းဂိုဏ်းနှင့် ပတ်သက်ကြောင်း သူမ ကြားသိလိုက်ရသဖြင့် သူမချက်ချင်း စိတ်ပူသွားသည်။

ယဲ့ဖန်က သူမလက်လေးကို ပုတ်လိုက်သည်။

" စိတ်မပူပါနဲ့။ ကိုယ် ဘာလုပ်ရမယ်ဆိုတာ သိပါတယ် "

ထို့နောက် သူ ထရပ်ပြီး တစ်ခြားသူဆီမှ ငွေအပ်ကို နှုတ်ရန် ကူညီပေးခဲ့သည်။

ထို့နောက် ချန်းရွှမ်ကို ဟိုတယ်ထဲမှ ခေါ်ထုတ်လာခဲ့သည်။

ကောင်းကျူမင်းသည် ချန်းရွှမ်ကို ပစ်မှတ်ထားရန် သတ္တိရှိသောကြောင့် သူ့ဒေါသကိုလည်း ခံနိုင်ရည်ရှိရန် လိုအပ်လေသည်။

.................................

ယွမ်ရှန်း KTV, ဇိမ်ခံသီးသန့်ခန်း

မီးများသည် မှေးမှိန်နေပြီး ယောက်ျား၊ မိန်းမ အုပ်စုတစ်စုသည် သောက်စား သီဆိုနေကြသည်။

ကောင်းဟူသည် ထိုနေရာတွင် ငြိမ်သက်စွာထိုင်နေပြီး မလုံမလဲဝတ်ထားသော အမျိုးသမီးနှစ်ဦးမှ သူ့အား ပွတ်သပ်နေသော်လည်း တုံ့ပြန်ခြင်းမရှိပေ။

လွန်ခဲ့သည့်ရက်အနည်းငယ်က ကျိုးထယ်ကျွန်း ဖြစ်ပျက်ခဲ့သည့်အရာသည် သူ့ကို အကြီးအကျယ်ထိခိုက်စေခဲ့သည်။

ကျိုးထယ်ကျွန်းသည် သူနှင့်တူလေသည်။

သူငည် ကောင်းကျူမင်းကို သစ္စာစောင့်သိသော်လည်း အကြောင်းပြချက်မရှိဘဲ သေသွားမည်ဟု မမျှော်လင့်ထားပေ။

ကျိုးထယ်ကျွန်းကို သတ်ရန် လူတွေကို စေလွှတ်လိုက်သည့်သူမှာ ရီချန်းကျယ်ဖြစ်မှန်း အခုမှ သူသိခဲ့ရသည်။

သို့သော် ရီချန်းကျယ်သည် အကွက်မရွှေ့မီ ကောင်းကျူမင်းအား ကြိုတင်အကြောင်းမကြားဘူးဆိုတာ မဖြစ်နိုင်ပေ။

ရှင်းနေသည်မှာ သူသည် ကောင်းကျူမင်းထံမှ နောက်ဆုံးအတည်ပြုချက်ကို ရယူပြီးဖြစ်၍သာ ထိုသို့ လုပ်ရဲခြင်းဖြစ်သည်။

အဲ့တာက သူ့ကို ပိုပြီး စိတ်ပျက်စေသည်။

ကောင်းကျူမင်းအတွက် လွန်စွာ အလုပ်ကြိုးစားခဲ့ကြသော ထိုလူများသည် ဤကဲ့သို့ အဆုံးသတ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

သူဌေးသည် ယုံကြည်စိတ်ချရခြင်းမရှိသောကြောင့် သူ့ကိုယ်သူ ပိုတွေးလာရသည်။

သူ တွေးနေရင်း သီးသန့်အခန်းတံခါးသည် ရုတ်တရက် ပွင့်သွားသည်။

အပြင်မှာ စောင့်ကြပ်နေသည့် လက်ပါးစေနှစ်ယောက်က ရုတ်တရက် ပြေးဝင်လာသည်။

ကောင်းဟူ အံ့သြသွားသည်။

သူ့ရဲ့ ပထမဆုံး တုံ့ပြန်မှုမှာ ရန်သူက ကလဲ့စားချေရန် လာသည်ဟု ထင်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် အခန်းထဲမှ ယောက်ျားများက စားပွဲပေါ်မှ ပုလင်းတွေကို ဆွဲယူပြီး တံခါးကို လှမ်းကြည့်ကြသည်။

ထိုအချိန်တွင် အပြင်ဘက်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဝင်လာခဲ့သည်။

" အစ်ကိုဟူ၊ ငါတို့ တွေ့ကြပြန်ပြီ "

ကောင်းဟူသည် အလင်းရောင်မှိန်မှိန်အောက်တွင် ဖြစ်သော်လည်း သူ့ကို မှတ်မိသည်။

" ယဲ့ဖန်လား။ မင်း ဒီကို ဘာလာလုပ်တာလဲ "

သူသည် ယဲ့ဖန် ဖြစ်နေမည်ဟု မမျှော်လင့်ထားပေ။

ယဲ့ဖန်သည် ချန်းရွှမ်ကို ထိုင်စေလိုက်သည်။

" ခင်ဗျားကို မေးစရာရှိလို့ ရောက်လာတာ "

ကောင်းဟူက အေးစက်စွာ ရယ်လိုက်သည်။

" မင်း နေ့လယ်တုန်းကပဲ ငါတို့သူဌေးနဲ့ ပဋိပက္ခဖြစ်ခဲ့တာကို အခု မင်းက ငါတို့ တံခါးကို လာခေါက်ရဲသေးတာလား။ ငါတို့ ချောင်ရှင်းဂိုဏ်းက အနိုင်ကျင့်ဖို့ လွယ်တယ်လို့ မင်း တကယ်ထင်နေတာလား "

သူစကားပြောပြီးသည်နှင့် အခန်းတွင်းရှိ ယောက်ျားအနည်းငယ်က ယဲ့ဖန်နှင့် ချန်းရွှမ်ကို ချက်ချင်း ဝိုင်းလိုက်ကြသည်။

အမိန့်ပေးလိုက်တာနှင့် ချက်ချင်း တိုက်ခိုက်ကြလိမ့်မည်။

သို့သော် ယဲ့ဖန်က လျစ်လျူရှုပြီး ကောင်းဟူ အနားတွင် ဝင်ထိုင်လိုက်သည်။

" အရမ်းစိတ်မတိုပါနဲ့။ ခင်ဗျားရဲ့ သူဌေးအပေါ် တကယ်သစ္စာရှိတယ်ဆိုရင် ဒီနေ့ အဲ့ဒီအဘွားကြီးဆီ ပြေးသွားတာကို ခင်ဗျား ရှောင်လိုက်မှာ မဟုတ်ဘူး "

ကောင်းဟူ၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားပြီး သီးသန့်ခန်းထဲရှိ အခြားသူများကို ထွက်သွားရန် သူ့လက်ကို ဝှေ့ယမ်းအချက်ပြလိုက်သည်။

အားလုံးထွက်သွားပြီးနောက် အခန်းထဲတွင် လူသုံးယောက်သာ ကျန်တော့သည်။

သူ ယဲ့ဖန် လှည့်ကြည့်လိုက်သည်။

" ဘာသိချင်တာလဲ "

ယဲ့ဖန်က သူ့လက်ကို သူ့ပုခုံးပေါ်တင်လိုက်သည်။

" ကျွန်တော့်ကိစ္စက အရေးမကြီးပါဘူး။ ခင်ဗျားကိစ္စ အရင်ပြောရအောင်။ ခင်ဗျား ချောင်ရှင်းဂိုဏ်းရဲ့ သူဌေးဖြစ်ချင်လား "

ကောင်းဟူ အံ့သြသွားသည်။

သူ အမြန်ထရပ်ပြီး အပြင်ကို လှမ်းကြည့်လိုက်သည်။

ဘယ်သူမှ ခိုးနားထောင်နေတာ မတွေ့တော့မှ သက်ပြင်းချလိုက်ရသည်။

သူက လှည့်ကြည့်လိုက်ပြီး ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

" ဘာမဟုတ်တာတွေ ပြောနေတာလဲ "

ယဲ့ဖန်က သူ့ခြေထောက်တွေကို ချိတ်ထိုင်ပြီး သူ့ကို အေးအေးဆေးဆေး ကြည့်နေသည်။

" သူဌေးမဖြစ်ချင်တဲ့ လူမိုက်တစ်ယောက်က လူမိုက်ကောင်းတစ်ယောက် မဟုတ်ဘူး။ ခင်ဗျားက ကောင်းကျူမင်းရဲ့ခွေး တစ်သက်လုံး ဖြစ်ချင်နေတာလား "

ကောင်းဟူသည် ယဲ့ဖန် ရည်ရွယ်ချက်ကို မသေချာတာကြောင့် ဆက်ပြီး ပါးနပ်စွာ ကစားခဲ့သည်။

" သူဌေးကောင်းရဲ့ ကြင်နာမှုက တောင်တန်းကြီးတစ်ခုလို လေးလံတယ်။ သူ့အပေါ်ထားတဲ့ ငါ့ရဲ့သစ္စာစောင့်သိမှုကို ကောင်းကင်နဲ့ မြေကြီးက မြင်နိုင်တယ်။ မင်းငါ့ကိုသစ္စာဖောက်စေချင်ရင် မင်း အိပ်မက်မက်နေတာ ပိုကောင်းမယ် "

ယဲ့ဖန်က သူ့နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။

" သစ္စာစောင့်သိမှုကိုပြတာက သစ္စာဖောက်ဖို့အတွက် အလျှော့အတင်းလုပ်ဖို့ မလုံလောက်သေးဘူးလို့ ပြောနေတာပဲ။ ခင်ဗျားက သူ့အပေါ် တကယ်သစ္စာရှိတယ်ဆိုရင် သူ့ကို ဘယ်လောက်သစ္စာရှိလဲဆိုတာ ရှင်းပြမယ့်အစား အခုပဲ ကျုပ်ကို တန်းတိုက်ခိုက်ခဲ့သင့်တယ် "

ကောင်းဟူ၏ အမူအရာသည် အထပ်ထပ်အခါခါပြောင်းလဲနေသော်လည်း နောက်ဆုံးတွင် သူ စိတ်အေးလက်အေးဖြစ်သွားသည်။

" မင်းမှာ သူ့ကို ဖယ်ရှားဖို့ နည်းလမ်းရှိတာလား "

ယဲ့ဖန်က ချက်ချင်း ခေါင်းခါလိုက်သည်။

" ကျုပ်မှာ နည်းလမ်းမရှိဘူး "

ကောင်းဟူက ဒေါသတကြီး ဖြစ်သွားပြန်သည်။

" မင်း ငါ့ကို နောက်နေတာလား "

အရင်ဆုံး သူသည် ချောင်ရှင်းဂိုဏ်း၏ သူဌေးဖြစ်ချင်သလားဟု မေးသည်။

ဖြစ်ချင်တယ်ဟု ပြောသည့်အခါ တစ်ဖက်က သူ့မှာ နည်းလမ်းမရှိဘူးဟု ပြောလေသည်။

သူ့ကို သုံးနှစ်သားကလေးလို ကစားနေတာလား။

ယဲ့ဖန်က သူ့ကို အမြန် နှစ်သိမ့်ပေးရင်း ပြောသည်။

" နည်းလမ်းမရှိပေမယ့် အဖြေရှာဖို့ ဒီကိုရောက်နေတာလေ "

ကောင်းဟူက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။

" မင်း ငါ့ကို နည်းလမ်းတစ်ခု စဉ်းစားစေချင်တာလား။ ငါ ဘာလုပ်ပေးရမှာလဲ "

ယဲ့ဖန်က သူ့လက်ကို သူ့ပုခုံးပေါ် တင်လိုက်ပြန်သည်။

" ခင်ဗျားမှာ ကောင်းကျူမင်းရဲ့ ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားတွေ အများကြီး ရှိသင့်တယ်၊ မဟုတ်လား ။ သူ့ကို ဖယ်ဖို့ နည်းလမ်း တွေးနိုင်အောင် ကျုပ်ကို ပေးလိုက် "

အပိုင်း ( ၆၅၆ )

စစ်မှန်သောလူက အခြားသူလက်အောက်မှာ ဘာလို့ ဒီလောက်အကြာကြီးနေမှာလဲ

ကောင်းဟူသည် ထိုစကားကိုကြားပြီးနောက် မထိန်းနိုင်ဘဲ ရယ်လိုက်သည်။

" သူ့ရဲ့ ပြစ်မှုတွေအတွက် သက်သေမရှိဘူး "

ယဲ့ဖန် အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။

" ခင်ဗျားက ကောင်းကျူမင်းရဲ့ အရည်အချင်းရှိတဲ့ လက်အောက်ခံ မဟုတ်ဘူးလား။ ခင်ဗျားက ကောင်းရှင်းလန်ရဲ့ ခေါင်းကိုင်သားလည်း ဖြစ်သေးတယ်။ သူနဲ့ အရင်းနှီးဆုံးလူ ဖြစ်သင့်တာပေါ့။ ခင်ဗျားမှာ သူ့ရဲ့ပြစ်မှုဆိုင်ရာ အထောက်အထား မရှိဘူးလား "

ကောင်းဟူက ယဲ့ဖန်စကားတွေမှ ထိုးနှက်မှုကို ခံစားလိုက်ရသည်။

စားပွဲပေါ်မှ ပုလင်းကို ချက်ချင်းဆွဲယူပြီး မြေပြင်ပေါ် ပစ်ပေါက်ချလိုက်သည်။

" ဘယ်လို အရည်အချင်းရှိတဲ့သူလဲ။ ငါက သူတို့မျက်လုံးထဲမှာ ခွေးတစ်ကောင်ပဲ။ သခင်က ခွေးကို တကယ့်လျှို့ဝှက်ချက်တွေ ပြောပြမယ် ထင်လား "

အပြင်မှလူများသည် ဆူပူသံများကို ကြားပြီး ချက်ချင်းပင် ပြေးဝင်လာကြသည်။

" ထွက်သွားကြ "

ကောင်းဟူ ချက်ချင်း သူတို့ကို ဒေါသတကြီး မောင်းထုတ်လိုက်သည်။

ထိုလူများသည် အမြန် ပြန်ပြေးကြသည်။

ယဲ့ဖန်သည် သူ့ဒေါသမှာ ဟန်ဆောင်နေတာမဟုတ်ကြောင်း ပြောနိုင်သည်။

" ကောင်းကျူမင်းရဲ့ ပြစ်မှုတွေက ချို့ယွင်းချက်မရှိတာ ဖြစ်နိုင်ပါ့မလား။ ခင်ဗျားက သူနဲ့ နှစ်အတော်ကြာနေခဲ့တာတောင် အထောက်အထား မတွေ့ဖူးဘူးလား "

ကောင်းဟူက ဝိုင်တစ်လုတ်ကို ငုံလိုက်သည်။

" အစကတည်းက ငါ သူ့အပေါ် သစ္စာရှိခဲ့တော့ ဒါကို ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ ဒုတိယအချက်အနေနဲ့ သူက ဘာလုပ်လုပ် အရမ်းသတိထားလုပ်တယ်။ အဲ့တာကြောင့် အများသောအားဖြင့် သူ့မှာ ပြစ်မှုကျူးလွန်တဲ့ သက်သေအထောက်အထား မရှိဘူး။ အဲ့လိုမှ မဟုတ်ရင် ရီမိသားစုက အကာအကွယ်ပေးရင်တောင် ဒီလိုကြီး လုံးလုံးလျားလျားကောင်းနေနိုင်မှာ မဟုတ်ဘူး "

သူ့စကားကို ကြားပြီးနောက် ယဲ့ဖန် ချက်ချင်း တိတ်ဆိတ်သွားသည်။

ကောင်းကျူမင်း သည် သူထင်ထားသလို ဥပဒေမဲ့ လူဆိုးခေါင်းဆောင်တစ်ယောက်ထက် ပို၍ ဉာဏ်များသည်။

နှစ်ပေါင်းများစွာ သူ့နောက်ကို လိုက်ခဲ့သည့် ယုံကြည်ရသော လက်ထောက်တစ်ဦးပင် ဘာမှ မသိရပေ။

ခဏစဉ်းစားပြီးနောက် ကောင်းဟူကို လှည့်ကြည့်လိုက်သည်။

" ဒါဆို ရှုဟိုင်ပေါမှာရော သူ့ရဲ့ ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားတွေရှိတယ်လို့ ခင်ဗျား ထင်လား "

ကောင်းဟူက သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

" ရှုဟိုင်ပေါကို မင်း သိတာလား "

ရှုဟိုင်ပေါသည် ကောင်းကျူမင်း၏ အတွင်းလူဖြစ်သည်။

ထိုအကြောင်းသည် ထိပ်တန်းလျှို့ဝှက်ချက် မဟုတ်သော်လည်း ချောင်ရှင်းဂိုဏ်း၏ အဓိကအဖွဲ့ဝင်များသာ ထိုအကြောင်းကို သိကြသည်။

ယဲ့ဖန်သည် ဤမျှလောက် လိမ္မာပါးနပ်သူဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ရှုဟိုင်ပေါ အကြောင်းကို တကယ် သိနေခဲ့သည်။

ယဲ့ဖန်က နားမလည်နိုင်စွာ ပြုံးပြလိုက်သည်။

" ခင်ဗျား စိတ်ကူးထားတာထက် ပိုသိတယ်။ အဲ့တော့ မေးခွန်းတွေကို ရိုးရိုးသားသား ဖြေဖို့ပဲ လိုတယ် "

ကောင်းဟူက သူ့မျက်လုံးတွေကို စိုက်ကြည့်နေသည်။

ရုတ်တရက် သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

ဒီကလေးက ကောင်းကျူမင်းကို ဖယ်ရှားဖို့ ရလာသည့် အခွင့်အရေးကောင်းတစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်သည်။

" ရှုဟိုင်ပေါက သူဌေးကောင်းအတွက် လုပ်ငန်းတော်တော်များများကို စီမံခန့်ခွဲတယ်။ သူ့ဆီမှာ တစ်ခုခုတော့ ရှိနေနိုင်တယ် "

စေ့စေ့စပ်စပ် ပြန်ဖြေလေသည်။

" ရှုဟိုင်ပေါ၊ ဘယ်မှာနေတာလဲ "

ယဲ့ဖန်က ဆက်မေးသည်။

" ယူနစ်(၁)၊ ၃ ဆောင်မြောက်၊ ငွေလရောင် အိမ်ရာ ..... "

ကောင်းဟူက မေးခွန်းတိုင်းလိုလို ဖြေသည်။

" နင်းလူအိုကြီးကရော။ သူ ဘယ်မှာ နေတာလဲ "

" မင်း နင်းလူအိုကြီးကိုတောင် သိတာလား "

ကောင်းဟူ သူ့မေးခွန်းကိုကြားပြီး ပိုလို့တောင် အံ့သြသွားသည်။

နင်းလူအိုကြီးသည် ကောင်းကျူမင်းအတွက် ထောက်လှမ်းရေး စုဆောင်းခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းလုပ်ငန်းများတွင် အထူးပြုထားသောကြောင့် သူ့ဖြစ်တည်မှုသည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်။

ချောင်ရှင်းဂိုဏ်း၏ အဓိကအဖွဲ့ဝင်များပင်လျှင် သူ၏ တည်ရှိမှုကို မသိနိုင်ပေ။

ယဲ့ဖန်၏ အချက်အလက်များက တကယ်ကို ပြည့်စုံလှသည်။

" သူဘယ်မှာနေတယ်ဆိုတာ ပြောပြဖို့ပဲလိုတယ်။ တခြား ဘာမှမမေးပါဘူး "

ယဲ့ဖန်က အချိန်ဖြုန်းမနေချင်ပေ။ သူက ထပ်မေးလိုက်သည်။

" ဒီနင်းလူအိုကြီးက အမြဲတမ်း နားလည်ရခက်တယ်။ ကောင်းကျူမင်းကလွဲပြီး သူ ဘယ်မှာနေတယ်ဆိုတာ ဘယ်သူမှ မသိမှာကိုတောင် စိုးရိမ်ရတယ်

ကောင်းဟူသည် ကူကယ်ရာမဲ့စွာ သူ့လက်များကို ဖြန့်လိုက်သည်။

ယဲ့ဖန်သည် သူ လိမ်နေပုံမပေါ်သည်ကို မြင်လိုက်ရသည်။

ထို့နောက် ဖြည်းဖြည်းချင်း မတ်တပ်ထရပ်ပြီး သူ့ပုခုံးကို ပုတ်လိုက်သည်။

" စစ်မှန်တဲ့ ယောက်ျားတစ်ယောက်က တခြားသူလက်အောက်မှာ အချိန်အကြာကြီး ဘယ်လိုလုပ် နေနိုင်တာလဲ။ ကောင်းကျူမင်းထက် ခင်ဗျားက သူ့နေရာနဲ့ ပိုသင့်တော်မယ်ထင်တယ် "

ထိုစကားကို ပြောပြီးနောက် ချန်းရွှမ်၏ လက်ကိုကိုင်ကာ ထွက်လာခဲ့သည်။

ကောင်းဟူသည် ကြောင်အအဖြင့် အကြာကြီး ထိုင်နေပြီး သူ့အာရုံများ ပြန်ကပ်မလာနိုင်ခဲ့ပေ။

စစ်မှန်သော ယောက်ျားတစ်ယောက်သည် အခြားသူ၏လက်အောက်တွင် မည်မျှ ကြာကြာနေထိုင်နိုင်မည်နည်း။

ထိုစကားသည် နောက်ဆုံးတွင် သူ၏ သည်းခံမှုကို ချိုးဖျက်ပစ်လိုက်သည်။

ဟုတ်တယ်၊ သူ ကောင်းကျူမင်းရဲ့ ခွေးဖြစ်ခဲ့တာ နှစ်အတော်ကြာခဲ့ပြီ။

သူ ဘာပြန်ရခဲ့လို့လဲ။

ကံမကောင်းလျှင် သူသည် ကျိုးထယ်ကျွန်းကဲ့သို့ အဆုံးသတ်သွားနိုင်သည်။

ထို့အပြင် သူသည် ကောင်းရှင်းလန်ကို မကာကွယ်နိုင်ခဲ့သောကြောင့် ကောင်းကျူမင်းသည် သူ့ကို ရန်ငြိုးထားနေပြီဖြစ်သည်ကို သူ ကောင်းကောင်းသိလေသည်။

စောလျှင်စွာ အစီအစဉ်မချထားလျှင် အချိန်တန်ပါက တခြားသူများကဲ့သို့ အရှင်းခံရမှာ ဖြစ်သည်။

စားပွဲပေါ်မှ ဘီယာတစ်ခွက်ကို ဆွဲယူပြီး အားလုံးကို မော့ချလိုက်သည်။

" အားလုံး ပြီးသွားပြီ "

.......................

ယဲ့ဖန်နှင့် ချန်းရွှမ်သည် ကောင်းဟူမှပေးသော လိပ်စာအတိုင်းလိုက်၍ ငွေလရောင်အိမ်ရာသို့ ရောက်ရှိလာခဲ့သည်။

ငွေလရောင်အိမ်ရာသည် ယန်းချန်မြို့ရှိ တန်ဖိုးကြီးအိမ်ယာအဖြစ် သတ်မှတ်ခံခဲ့ရသည်။

ဝင်ပေါက်တွင် လုံခြုံရေး တင်းကျပ်ထားပြီး နိုင်ငံခြားကားတွေ ဝင်ရန် ခက်လေသည်။

သူတို့နှစ်ဦး ရောက်လာသောအခါ လုံခြုံရေးအစောင့်များသည် ပြင်ပယာဉ်တစ်စီးကို တားဆီးစစ်ဆေးမေးမြန်းရန် လျှောက်လာသည်ကို တွေ့လိုက်ရသည်။

ယာဉ်မောင်းမှ အချိန်အတော်ကြာအောင် ရှင်းပြခဲ့ပြီး စီးကရက်နှင့် ငွေများ ပေးခဲ့သော်လည်း လုံခြုံရေးအစောင့်က ငြင်းဆန်နေဆဲဖြစ်သည်။

နောက်ဆုံးတော့ ရွေးစရာမရှိဘဲ မောင်းထွက်သွားရသည်။

ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော ချန်းရွှမ်သည် ယဲ့ဖန်ကို ကြည့်လိုက်သည်။

" အခု ငါတို့ ဘာလုပ်သင့်လဲ "

ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

" ဒါက အသေးအဖွဲကိစ္စပါ "

ထိုသို့ ပြောပြီးသည်နှင့် ရှေ့တည့်တည့်ကို မောင်းသွားလိုက်သည်။

ချန်းရွှမ်က သူ့ကို ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်း မသိ စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။

ကားတံခါးနားရောက်သည့်အခါ လုံခြုံရေးအစောင့်က ချက်ချင်းထလာပြီး သူတို့နှစ်ယောက်ကို တားလိုက်သည်။

" ကျေးဇူးပြုပြီး မင်းတို့ရဲ့ဝင်ခွင့်ကတ်တွေ ငါ့ကိုပြပါ ....... "

သူစကား မပြီးခင်တွင် ယဲ့ဖန်၏ အမူအရာ မည်းမှောင်သွားခဲ့သည်။

" မျက်စိကန်းနေတာလား။ ငါဘယ်သူလဲဆိုတာ မင်း မသိဘူးလား။ မင်း ဒီမှာ အသစ်လား "

လုံခြုံရေးအစောင့်က အံ့သြသွားသည်။

" ကျွန်တော် ...… ဒီမှာ တစ်ပတ်ရှိပါပြီ။ ခင်ဗျားက ..... "

ယဲ့ဖန်က အေးစက်စွာ အော်လိုက်သည်။

" မင်းမှာ မျက်စိမရှိဘူးဆိုတာ အံ့သြစရာ မဟုတ်ဘူး။ မင်း ငါ့ကိုတောင် အသိအမှတ်မပြုဘူးလား။ ကောင်းပြီ၊ ငါ မင်းနဲ့ ရိုင်းစိုင်းတဲ့ စကားတွေ မပြောချင်ဘူး။ ငါ့ကို တံခါးဖွင့်ပေး "

လုံခြုံရေးအစောင့်သည် သူ ဘယ်လောက်မာနထောင်လွှားနေလဲဆိုတာ မြင်ပြီး ထိတ်လန့်သွားသည်။

တစ်ဖက်သား၏ မာနကြီးသည့် လေသံအရ အရေးကြီးပုဂ္ဂိုလ်ကို သူ တွေ့လိုက်ရတာ ဖြစ်နေမလား။

သို့သော်လည်း ခေါင်းဆောင်မှ အိမ်ရာအ၀င်အထွက်များကို တင်းကြပ်စွာ စစ်ဆေးရန် အကြိမ်ကြိမ် အမိန့်ပေးခဲ့သည်။

ဝင်ခွင့်ကတ်မရှိလျှင် မဝင်ရချေ။

" တောင်းပန်ပါတယ်။ ဝင်ခွင့်ကတ်မရှိရင် ဘယ်သူမှ ဝင်လို့မရဘူးလို့ ခေါင်းဆောင်က ပြောထားလို့ပါ "

" အဲ့ဒီ လန်ကန်းရှန်းက ဒီလို ပြောခဲ့တာလား။ ငါ့ကားကို မြင်ရင် ငါ့ကို လွှတ်ပေးဖို့ မင်းကို မပြောခဲ့ဖူးလား။ သူ့ဆီ ဖုန်းဆက်ပြီး သီးသန့်ပြောလိုက် "

ယဲ့ဖန်က သူ့စကား ဖြတ်ပြောပြီး ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

လုံခြုံရေး အစောင့်က ချက်ချင်း တုန်လှုပ်သွားသည်။

" ဟို ... ကျွန်တော်တို့ ခေါင်းဆောင်လန်ကို သိတာလား "

All Chapters