← Chapters

အပိုင်း ၆၅၇-၆၆၀

Vol. 33 Ch. 657-660

အပိုင်း ၆၅၇-၆၆၀

Vol. 33 Ch. 657-660

အပိုင်း ( ၆၅၇ )

နည်းနည်း စိတ်လှုပ်ရှားနေလို့ ဖြေလျှော့ဖို့ လိုအပ်တယ်။

ယဲ့ဖန်က မထီမဲ့မြင် ပြုံးလိုက်သည်။

" ခေါင်းဆောင်လန်တဲ့လား။ ဒီကောင် ငါ့ဆီက ယွမ် ၁သိန်း အကြွေးတင်နေသေးတယ်။ အကြွေးမပေးချင်လို့ ငါ့ဆီက ပုန်းနေပြီး သူ့မျက်နှာကို မပြရဲတာလား။ အချိန်တန်ရင် သူ့ကိုခေါ်ပြီး ဘယ်လိုဆက်ဆံမလဲဆိုတာ ကြည့်ထားလိုက် "

လုံခြုံရေးအစောင့်သည် လုံးဝကို ထိတ်လန့်သွားရသည်။

သူ လန်ခေါင်းဆောင်ရဲ့ အကြွေးရှင်နဲ့ တွေ့နေတာလား။

သူ ဘာလုပ်သင့်လဲ။

ခေါင်းဆောင်လန်သည် ယခုအချိန်တွင် သူ့ဇနီးနှင့် တစ်ခုခု လုပ်နေလောက်သည်။

အခုဖုန်းဆက်ရင် အဆူခံရမှာ မဟုတ်ဘူးလား။

ထို့အပြင် တစ်ဖက်သူသည် လန်ခေါင်းဆောင်၏ အကြွေးရှင်ဖြစ်သောကြောင့် ခေါင်းဆောင်လန်သည် ပုန်းရန် အချိန်မရှိလောက်ပေ။

တကယ်လို့ သူသာ တကယ် ခေါ်လိုက်ရင် ခေါင်းဆောင်လန်က သူ့ကို လည်ပင်းညှစ်သတ်မှာလား။

ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ကို လွှတ်လိုက်ရုံပါပဲ။

အဆင်ပြေလောက်တယ် မဟုတ်လား။

ထို့အပြင် တစ်ဖက်လူမောင်းသောကားသည် ဈေးကြီးသည်မှာ အလွန်သိသာလေသည်။

ထို့အပြင် ရှေ့ခရီးသည် ထိုင်ခုံတွင် လှပသော အမျိုးသမီးတစ်ဦးလည်း ထိုင်နေသေးသည်။

သူ ဘယ်လိုပဲကြည့်ကြည့် သူတို့က ဒီနေရာကို ဒုက္ခပေးမည်ဟု မထင်ရချေ။

" ဒါဆို လွှတ်လိုက်ပါ့မယ် "

သူသည့် ပြောသည့်အတိုင်း လက်ရန်းကို အလျင်အမြန် မြှင့်တင်လိုက်သည်။

" ဟမ်၊ အနည်းဆုံးတော့ မင်းအတွက် ဘာကောင်းတယ်ဆိုတာ သိသေးလို့ပေါ့။ မင်းရဲ့ ခေ့င်းဆောင်လန်ကို ငါ့ဆီကို ခေါ်ခိုင်းဖို့ မမေ့နဲ့။ ဒီကောင် ဘယ်လောက်ကြာကြာ ပုန်းနေနိုင်မလဲဆိုတာ ကြည့်ရအောင် "

ယဲ့ဖန်သည် ကားမောင်းဝင်လာရင်း ကျိန်ဆဲလိုက်သည်။

လုံခြုံရေးအစောင့်က သူ့ကားနောက်မီးကို စိုက်ကြည့်ကာ ရယ်လိုက်သည်။

သူ ထိုသို့ ဘယ်တော့မှ ပြောမည် မဟုတ်ချေ။

ဒါက ပြဿနာပေးပါလို့ တောင်းနေတာ မဟုတ်ဘူးလား။

သူ့ကို တကယ်ကြီး မိုက်မဲတယ်လို့ ထင်နေတာလား။

" ခေါင်းဆောင်ကို လန်ကန်းရှန်းလို့ ခေါ်တယ်ဆိုတာ နင် ဘယ်လိုလုပ် သိတာလဲ "

လူနေအိမ်ရာထဲသို့ ဝင်လာပြီးနောက် ချန်းရွှမ်က မေးလေသည်။

လုံခြုံရေးအစောင့်နှင့် ယဲ့ဖန်၏ နှုတ် တိုက်ပွဲက သူမကို အံ့အားသင့်စေခဲ့သည်။

ယဲ့ဖန်သည် လူတွေကို လှည့်စားရာ၌ တကယ်တော်လေသည်။

အတွင်းဇာတ်လမ်းကို သူမသာ ကြိုမသိခဲ့ပါက ယဲ့ဖန်သည် ခေါင်းဆောင်လန်ကို တကယ်ပဲ သိမည်ဟု ထင်မိမှာဖြစ်သည်။

ယဲ့ဖန်က ပြုံးပြီး ရှင်းပြလေသည်။

" လုံခြုံရေးအခန်းနံရံပေါ်မှာ အလုပ်စာရင်းတစ်ခုရှိတယ်။ ပထမတစ်မျိုးကို လန်ကန်းရှန်းလို့ ရေးထားတယ်လေ။ အံ့သြစရာ ဘာမှမရှိပါဘူး "

ချန်းရွှမ်သည် လုံခြုံရေးအခန်းနံရံပေါ်တွင် အလုပ်စာရင်းစာရွက် အမှန်တကယ်ရှိနေခဲ့သည်ကို ပြန်အမှတ်ရမိသော်လည်း ထိုစာရွက်သည် A4 စာရွက်အရွယ်အစားဖြစ်ကာ အလွန်ဝေးလွန်းလှသည်။

ယဲ့ဖန်က အဲ့ဒီစကားလုံးတွေကို ရှင်းရှင်းလင်းလင်း မြင်ရတာလား။

သူ့အမြင်အာရုံက နည်းနည်းလေး မူမမှန်တာ မဟုတ်ဘူးလား။

သို့သော် ယဲ့ဖန်နှင့် အချိန်များစွာ ကုန်ဆုံးပြီးနောက် သူမသည် သူ၏ မှော်ဆန်သည့် စွမ်းရည်အချို့ကို တဖြည်းဖြည်း ရင်းနှီးလာခဲ့သည်။

တခါတရံတွင် သူမ၏ချစ်သူသည် ဂြိုလ်သားတစ်ယောက်လားဟုပင် တွေးမိသည်။

အကြောင်းမှာ သူလုပ်ခဲ့သောအရာများစွာသည် လူသားတစ်ဦး၏ အမြင်နှင့် မယုံနိုင်စရာ ဖြစ်နေသောကြောင့်ဖြစ်သည်။

ယဲ့ဖန်သည် ကားပါကင်တွင် ကားကိုရပ်လိုက်ပြီး တောက်လောင်နေသော အကြည့်ဖြင့် သူမအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

" ဘာလို့ ငါ့ကို အဲ့လို ဆွဲဆောင်တဲ့ အမူအရာနဲ့ ကြည့်နေတာလဲ "

ချန်းရွှမ်က သူ့ကို ပြန်စိုက်ကြည့်နေသည်။

" ဘယ်သူက ဆွဲဆောင်နေတာလဲ "

ချန်းရွှမ်မျက်လုံး၏ အနည်းငယ် စူးရှသောအကြည့်သည် တကယ်ကို ဆွဲဆောင်မှုရှိပြီး ယဲ့ဖန်၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။

" အစ်မရွှမ် "

" ဟင် "

" ကျွန်တော် .... လိုချင်တယ် ....... "

" ဘာလိုချင်တာလဲ "

" ဘာလိုချင်တယ် ထင်လဲ "

ယဲ့ဖန်က သူမကို မျက်ခုံးပင့်တင်ရင်း နတ်ဆိုးဆန်သည့် အပြုံးတစ်ခုနှင့် ကြည့်လိုက်သည်။

ချန်းရွှမ်သည် တဖြည်းဖြည်း ယဲ့ဖန်စကားနောက်ကွယ်ရှိ အဓိပ္ပါယ်ကို နားလည်သွားလေသည်။

သူမ၏ လှပသော မျက်နှာသည် ချက်ချင်းပင် နီရဲလာသည်။

" ငါတို့ ရှုဟိုင်ပေါကို ရှာဖို့ ဒီရောက်နေတာ မဟုတ်ဘူးလား။ နင် ....... "

ယဲ့ဖန်သည် သူမ၏ နူးညံ့သော လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။

" အဲ့ဒီ ရှုဟိုင်ပေါ က တော်တော်ဆိုးတဲ့လူတဲ့။ နည်းနည်းတော့ စိတ်ပူတယ်။ ကိုယ် အရင်ဆုံး အနားယူဖို့ လိုတယ် "

ချန်းရွှမ် သူ့စကားကို မယုံချေ။

ယဲ့ဖန် ဘယ်လိုအခြေအနေမျိုးကို ကြုံဖူးတာမလို့လဲ။

ရှုဟိုင်ပေါကြောင့် သူ ပင်ပန်းမှာတဲ့လား။

သူ ဘယ်သူကို လာလိမ်နေတာလဲ။

" ဒါပေမယ့် ........ "

" ဘာမှ မဟုတ်တော့ပါဘူး "

ချန်းရွှမ်က သူ့ကို တကယ်မနိုင်ချေ။

ဆံပင်ကို စီးထားပြီး ဖြည်းဖြည်းချင်း ငုံ့လိုက်ရုံသာ တတ်နိုင်တော့သည်။

..............................

" ဆရာကြီးရှု၊ ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးပါ "

ရှုဟိုင်ပေါသည် ဆိုဖာပေါ်တွင် ခြေနှစ်ဖက်ကို ချိတ်လျက် ထိုင်ကာ သူ့ မျက်နှာချင်းဆိုင်တွင် ထိုင်နေသောလူကို စိုက်ကြည့်နေသည်။

ထိုလူသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ တုန်လှုပ်နေသည်။

သူ့မျက်နှာသည်လည်း မှတ်မိစရာမရှိလောက်အောင် ရိုက်နှက်ခံထားရသည်။

သူ့အနောက်တွင် အနက်ရောင်၀တ်စုံဖြင့် ယောက်ျားအချို့ မတ်တပ်ရပ်နေပြီး တစ်ယောက်ချင်းစီသည် သွေးများဖြင့် ဖုံးလွှမ်းနေသော ဘေ့စ်ဘောရိုက်တံကို ကိုင်ဆောင်ထားကြသည်။

ရှုဟိုင်ပေါသည် စီးကရက်ဘူးထဲမှ ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ သူ့နောက်မှ လူများက ချက်ချင်း မီးညှိပေးသည်။

" ယုလူအိုကြီး၊ မင်း ငါနဲ့ အလုပ်လုပ်လာတာ ဘယ်နှစ်နှစ်ရှိပြီလဲ "

သူသည် မီးခိုးငွေ့များကို ရှူထုတ်လိုက်ပြီး ပူလောင်နေသော မျက်လုံးများဖြင့် ထိုလူကို စိုက်ကြည့်နေသည်။

ထိုလူက တုန်တုန်ယင်ယင်ဖြင့် ဆိုလာသည်။

" ခု ..... ခုနစ်နှစ်တောင် ရှိပါပြီ ....... "

ရှုဟိုင်ပေါ၏ မျက်လုံးများက ဝမ်းနည်းမှု ခံစားချက်များ ပြသနေသည်။

" ခုနစ်နှစ်ဆိုတာ တိုတောင်းတဲ့ အချိန်မဟုတ်ဘူး။ လူတစ်ယောက်ဘ၀ရဲ့ ဘယ်နှစ်ပုံလောက်ရှိမလဲ "

ထိုလူက အမြန် ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်၊ ဆရာ ကျောက်စရစ်စက်ရုံကို တာဝန်ယူပြီးကတည်းက ဆရာ့နောက်ကို လိုက်ခဲ့တာ ...... "

ရှုဟိုင်ပေါ၏ မျက်နှာသည် ရုတ်တရက် ခက်ထန်လာသည်။

" မင်းက ငါနဲ့ ခုနစ်နှစ်ရှိပြီဆိုတာတောင် ဒီလိုမျိုးတွေ လုပ်ရဲသေးတာလား။ ဘဏ္ဍာတွေကို ဘယ်လိုလုပ် အလွဲသုံးစားလုပ်ရဲတာလဲ။ ပိုက်ဆံတွေက ကောင်းလူကြီးမင်းပိုင်တယ်ဆိုတာ မင်းသိလား။ မင်း ဘယ်လိုလုပ်ပြီး ငွေတွေကို ယူရဲတာလဲ "

ထိုလူသည် အလွန်ကြောက်လန့်သွားပြီး သူ့မျက်နှာပေါ်မှ မျက်ရည်များ စီးကျလာသည်။

" ဆရာကြီးရှု၊ ကျွန်တော့်ဇနီးသည်က အသည်းကင်ဆာဖြစ်နေလို့ သူ့အသက်ကို ကယ်ဖို့ ပိုက်ဆံလိုလို့ပါ။ တခြားနည်းလမ်းကို တကယ် မတွေးတတ်တော့လို့ ...... "

" မင်း တခြားနည်းလမ်းကို မတွေးတတ်တာနဲ့ ကောင်းလူကြီးမင်းရဲ့ ပိုက်ဆံတွေကို အလွဲသုံးစားလုပ်လို့ ရရောလား။ မင်း ဘာလို့ငါ့ဆီက လာမချေးတာလဲ "

ရှုဟိုင်ပေါ၏ အသံသည် ရုတ်တရက် တိုးသွားသည်။

" ဆရာက ... ကျွန်တော့်ကို ချေးပေးမှာလား "

ထိုလူက သတ္တိကို စုစည်းပြီး သူ့ကို ကြည့်လိုက်သည်။

" မင်း ငါ့ညီအစ်ကိုဖြစ်နေတာ ခုနစ်နှစ်ရှိပြီ။ မင်း ဒုက္ခရောက်နေလို့ ငါ့မှာ ပိုက်ဆံရှိ မင်းကို သေချာပေါက် ချေးမှာ။ ဒါပေမယ့် ငါ့မှာ ပိုက်ဆံမရှိဘူးဆိုတာ မင်းလည်း သိပါတယ် "

ရှုဟိုင်ပေါသည် ကူကယ်ရာမဲ့စွာ သူ့လက်များကို ဖြန့်လိုက်သည်။

ထိုလူက ခေါင်းကို ဆတ်ဆတ်ခါလိုက်သည်။

" ဆရာကြီးရှု၊ ကျွန်တော် ဆရာနဲ့ အတူရှိခဲ့တာ နှစ်အတော်ကြာပြီမလို့ ကျေးဇူးပြုပြီး အချိန်နည်းနည်းလောက်ပေးပါ။ အိမ်ကိုရောင်းပြီးတဲ့အခါ ပိုက်ဆံကို သေချာပေါက် ပေးပါ့မယ် "

ရှုဟိုင်ပေါသည် စားပွဲပေါ်မှ ပြာခွက်ကို ကိုင်ကာ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

" အကြွေးဆပ်ဖို့ အိမ်ရောင်းဖို့ကို စိတ်ပူနေစရာ မလိုပါဘူး။ မင်းအတွက် ငါ ရှင်းပေးမယ်။ အခု ကောင်းလူကြီးမင်းက မင်းအကြောင်းကိုသိပြီး ငါ့ကို ရှင်းပြစေချင်နေတယ်။ ငါဘာလုပ်ရမလဲ "

ထိုလူက ရှုဟိုင်ပေါ လမ်းလျှောက်လာသည်ကိုမြင်သောအခါ ချက်ချင်း ကြောက်လန့်တကြား ပြန်ထလာသည်။

" ဆရာကြီးရှု၊ ငါ့ကို သနားပါ ဆရာကြီးရှု ...... "

ရှုဟိုင်ပေါက ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။

" ငါ မင်းကို မသနားချင်တာ မဟုတ်ပါဘူး။ ငါ မင်းကို အသက်ချမ်းသာပေးလိုက်ရင် ကောင်းလူကြီးမင်းက ငါ့ကို အသက်ချမ်းသာပေးမှာ မဟုတ်ဘူး။ ညီအစ်ကို တောင်းပန်ပါတယ် "

ထိုစကားပြီးတဲ့နောက် သူ့လက်ထဲမှ ပြာခွက်ကို လွှဲရိုက်လိုက်သည်။

အုန်း၊ အုန်း၊ အုန်း

ဆက်တိုက်ရိုက်ပြီးနောက် ထိုယောက်ျား၏ ခေါင်းသည် ကွဲအက်သွားသည်။

ရှုဟိုင်ပေါသည် သူ့နောက်လိုက်တစ်ဦးထံမှ ဘေ့စ်ဘောရိုက်တံတစ်ချောင်းကို ယူ၍ ဦးခေါင်းကို အကြိမ်အနည်းငယ် ထပ်ရိုက်လိုက်သည်။

သူ့ဦးခေါင်း လုံးဝ ကြေမွသွားပြီး ဦးနှောက်အပိုင်းအစတွေ မြေပြင်ပေါ် ပြန့်ကျဲကျဲသွားတော့သည်။

" ညီအစ်ကို၊ ငါ့ကို အပြစ်မတင်နဲ့။ ငါလည်း အတင်းအကြပ် စေခိုင်းခံရတာ "

သူ့လက်ထဲက ဘေ့စ်ဘောတံကို ချလိုက်ပြီး သူ့လက်အောက်ငယ်သားနှစ်ယောက်ကို ဝှေ့ယမ်းပြလိုက်သည်။

" ခုတ်ထစ်ပြီး ခွေးစာကျွေးလိုက် "

အပိုင်း ( ၆၅၈ )

အားလပ်ရက်အပန်းဖြေဖို့ ဒီကိုရောက်နေတယ်လို့ ထင်နေတာလား။

ရှုဟိုင်ပေါ ဆိုဖာပေါ်ပြန်ထိုင်ချလိုက်ပြီး တစ်ခုခုစဉ်းစားပြီး ခေါင်းငုံ့နေလိုက်သည်။

သူ့လက်အောက်ငယ်သား အချို့က အလောင်းကို လုပ်စရာရှိတာ လုပ်ကြသည်။

ထိုအချိန်တွင် တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

လက်အောက်ငယ်သားများက အံ့သြပြီး သူ့ကို မော့ကြည့်ကြသည်။

ရှုဟိုင်ပေါ၏ မျက်လုံး အနည်းငယ် ကျဉ်းမြောင်းသွားသည်။

သူသည် သွေးစွန်းနေသော ဘေ့စ်ဘောရိုက်တံကို ကိုင်ကာ တံခါးဆီသို့ လျှောက်သွားသည်။

" ဘယ်သူလဲ "

" ကျွန်တော်က အိမ်ခြံမြေစီမံခန့်ခွဲမှုဌာနကပါ။ လျှပ်စစ်မီတာစစ်ဖို့ ရောက်လာတာပါ "

အပြင်ဘက်မှ လူတစ်ယောက်၏ အသံသည် ချက်ချင်း ထွက်ပေါ်လာသည်။

ရှုဟိုင်ပေါ မျက်မှောင်ကြုတ်လိုက်သည်။

" အရမ်းနောက်ကျနေပြီ။ ငါတို့ အိပ်ပျော်နေပြီမလို့ မနက်ဖြန်ကမှ ပြန်လာခဲ့ "

အပြင်မှလူက ချက်ချင်းပြန်ဖြေသည်။

" မဟုတ်ဘူး၊ ကျွန်တော်တို့ စာရွက်စာတမ်းတွေကို နောက်နေ့တင်ရမှာမလို့ ဒီနေ့ အလုပ်ပြီးမှဖြစ်မယ်။ တံခါးဖွင့်ပါ။ အချိန် အကြာကြီးယူမှာ မဟုတ်ပါဘူး "

ရှုဟိုင်ပေါ မျက်လုံးပြူးသွားသည်။

" မင်းရဲ့ အိမ်ခြံမြေမန်နေဂျာ၊ မန်နေဂျာချန်းက ငါနဲ့ အရမ်းရင်းနှီးတယ်။ မင်းသူ့ကိုပြောလိုက်ရင် သူက လိုက်လျောပေးမှာပါ "

အပြင်မှလူက ဆက်ပြောသည်။

" မန်နေဂျာချန်းက ကျွန်တော့်ကို လာခိုင်းတာ။ တခြားအိမ်တွေကို စစ်ဆေးပြီးပြီ။ ဒီအိမ်ပဲ ကျန်တော့တယ် "

ရှုဟိုင်ပေါက ချက်ချင်း ရယ်လိုက်သည်။

အိမ်ခြံမြေစီမံခန့်ခွဲမှုတွင် မန်နေဂျာချန်းဟူသည့်လူ မရှိချေ။

အပြင်မှလူသည် စီမံခန့်ခွဲမှုဌာနမှ မဟုတ်သည်မှာ ထင်ရှားလေသည်။

" ကောင်းပြီ၊ မင်းက ဝင်ချင်မှတော့ လာလေ "

စကားပြောရင်း သူ့လက်အောက်ငယ်သားကို အချက်ပြလိုက်သည်။

လက်အောက်ငယ်သားက ချက်ချင်းသဘောပေါက်ပြီး တံခါးကိုဖွင့်ဖို့ လျှောက်သွားသည်။

ထို့နောက် လူငယ်တစ်ဦး ဝင်လာလေသည်။

" မင်္ဂလာပါ ......

စကားမဆုံးခင်တွင် ရှုဟိုင်ပေါသည် ထိုဝင်လာသူကို ဘေ့စ်ဘောရိုက်တံဖြင့် ခေါင်းအနောက်ဘက်မှ ချောင်းရိုက်လိုက်သည်။

သူ၏ ရိုက်ချက်သည် ပြင်းထန်ပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းဖြစ်သည်။

ရိုက်မိသည်နှင့် သေစေနိုင်သည့် ဒဏ်ရာရသွားပေမည်။

သို့သော် ထိုလူငယ်၏ တုံ့ပြန်မှုသည် အလွန်မြန်ဆန်လှသည်။

သူ့နောက်မှ လေသံကြားတာနှင့် ချက်ချင်း ခေါင်းငုံ့ပြီး ရှောင်လိုက်သည်။

" ဟာ၊ ချက်ချင်း သတ်တော့မှာလား။ ကောင်းကျူမင်းရဲ့ အရည်အချင်းရှိတဲ့ နောက်လိုက် ခေါင်းဆောင်ဆီက မျှော်လင့်ထားတဲ့အတိုင်းပဲ "

ထိုလူသည် သူ့မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ရှိနေပြီး ထိတ်လန့်သွားသည့် အရိပ်အယောင် လုံးဝမတွေ့ရပေ။

အခန်းတွင်းရှိ လူအချို့သည် ချက်ချင်းပင် သူတို့၏ လက်နက်များကို ကိုင်ပြီး ပြေးလာကာ သူ့ကို ဝိုင်းရံထားကြသည်။

ရှုဟိုင်ပေါ၏ အကြည့်သည် သိမ်းငှက်တစ်ကောင်နှင့် တူလေသည်။

" မင်းက ဘယ်သူလဲ "

ထိုလူက သူ့အမေးကြားပြီး ချက်ချင်း ရယ်လိုက်သည်။

" တကယ်ကြီး ချောင်ရှင်းဂိုဏ်းမှာ မသိတဲ့သူ ရှိသေးတာလား။ ကြည့်ရတာ ကျွန်တော်က အရမ်းကြီး မကျော်ကြားသေးဘူးထင်တယ် "

ရှုဟိုင်ပေါ သူ့စကားကြားပြီး ရုတ်တရက် တစ်ခုခုကို တွေးတောနေသည်။

တစ်ဖက်လူသည် 'ချောင်ရှင်းဂိုဏ်း'၏ အမည်ကိုသိပြီး 'ကောင်းကျူမင်း'ကိုပင် နာမည်အပြည့်အစုံ တပ်ခေါ်ရဲသောကြောင့် သူတို့နောက်ခံအကြောင်းကို သိနေသည်မှာ ထင်ရှားလေသည်။

သူသည် ချောင်ရှင်းဂိုဏ်းမှ ဖြစ်သည်ကို သူသိသော်လည်း မကြောက်မရွံ့ ကြည့်နေရဲသေးသည်။

ယန်းချန်မြို့တွင် သူလိုလူ များများစားစား မရှိချေ။

ထို့အပြင် တစ်ဖက်သူ၏ အသက်အရွယ်နှင့် ချိတ်ဆက်လိုက်သောအခါ နာမည်တစ်ခုကို ချက်ချင်း သတိရလာသည်။

" မင်းက ယဲ့ဖန် လား "

သူသည် များသောအားဖြင့် ကျောက်စရစ်စက်ရုံနှင့် ဖောက်ခွဲရေး စက်ရုံကိုသာ တာဝန်ယူရပြီး ချောင်ရှင်းဂိုဏ်း၏ အတွင်းကိစ္စများကို တာဝန်ယူခြင်း မရှိသော်လည်း ယဲ့ဖန်၏ အမည်ကို ကြားဖူးသည်။

ကောင်းကျူမင်းသည် ယနေ့တွင် ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရကြောင်း သူသိသည်။

သို့သော် ဤကလေးသည် သူ့ကို အမှန်တကယ် ရှာတွေ့နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ယဲ့ဖန်က တည်တည်ငြိမ်ငြိမ် ပြုံးပြလိုက်သည်။

" ရှုလူကြီးမင်းက ကျွန်တော့်နာမည်ကို ကြားဖူးတယ်ဆိုတော့ မိတ်ဆက်တာကို ကျော်လိုက်တော့မယ် "

ရှုဟိုင်ပေါ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

" မင်းငါ့ကို ဘာလို့ရှာနေတာလဲ "

ယဲ့ဖန်သည် သူ့မျက်နှာတွင် အန္တရာယ်ကင်းသော အပြုံးတစ်ခုရှိသည်။

" ကောင်းကျူမင်းကို ဘယ်လိုသတ်ရမလဲ။ ခင်ဗျားနဲ့ ဆွေးနွေးပါရစေ "

ရှုဟိုင်ပေါ၏ မျက်လုံးများသည် လူသတ်ရန်အငွေ့အသက်ကို ချက်ချင်း ထုတ်လိုက်သည်။

" မင်း ဘာပြောလိုက်တာလဲ "

သူ့ဘေးနားရှိ လူအနည်းငယ်ကလည်း ဒေါသတကြီး စိုက်ကြည့်နေကြသည်။

ရှုဟိုင်ပေါ အမိန့်ပေးသည်နှင့် သူတို့ ချက်ချင်း လှုပ်ရှားကြမည်ဖြစ်သည်။

ယဲ့ဖန် သည် သူတို့၏ဒေါသကို လျစ်လျူရှုကာ ဆက်ပြောလိုက်သည်။

" ခင်ဗျား ကောင်းကျူမင်းအတွက် အရမ်းကြိုးစားတယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးတော့ ခင်ဗျား ဒီလိုနေရာလေးတစ်ခုမှာပဲ နေနေရတာလား။ ဘာလို့ ဒီလိုဖြစ်နေရတာလဲ။ ကျွန်တော်သာ ကောင်းကျူမင်းဆိုရင် ကိုယ့်ညီအစ်ကိုကို ပိုပြီး စေတနာရှိမှာ သေချာတယ် ...... "

" ပါးစပ်ပိတ်ထား "

ရှုဟိုင်ပေါက ချက်ချင်း ဟောက်လိုက်သည်။

" မင်း ငါ့ရှေ့မှာ ကောင်းလူကြီးမင်းရဲ့ အကြောင်း မကောင်းပြောရဲတယ်လား။ ငါ မင်းကို ဘယ်လိုလုပ် ခွင့်လွှတ်နိုင်မှာလဲ။ ညီအစ်ကိုတို့၊ တိုက်ခိုက်ကြတော့ "

ထိုလူအနည်းငယ်က အမိန့်ကို လက်ခံကြသည်။

သူတို့က ချက်ချင်း လက်နက်ဆွဲကိုင်ပြီး ယဲ့ဖန်ကို ရိုက်နှက်ကြသည်။

ယဲ့ဖန် သက်ပြင်းချလိုက်သည်။

" ကျွန်တော့်ရဲ့ ခွန်အားအကြောင်းကို ခင်ဗျား ကြားဖူးသင့်ပါတယ်။ ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ "

ယဲ့ဖန် ထိုကဲ့သို့ ပြောနေသော်လည်း သူ့လက်တွေက နှေးကွေးမနေပေ။

သူ၏ လှုပ်ရှားမှုများသည် လျှပ်စီးလက်သလို မြန်လေသည်။

ရှောင်ပြေးပြီး ပြန်တိုက်ခိုက်သည်။

လက်သီးချက် အနည်းငယ်နှင့် ကန်ကျောက်လိုက်ရာ လက်အောက်ငယ်သားများအားလုံး မြေကြီးပေါ်သို့ လဲလျောင်း သွားခဲ့ရသည်။

ယဲ့ဖန်သည် သူ့လက်ထဲမှ ဘေ့စ်ဘော ရိုက်တံကို လွှင့်ပစ်လိုက်သည်။

သူက လက်ခုပ်တီးပြီး ရှုဟိုင်ပေါကို ဆက်ကြည့်သည်။

" ပြောနေတာ၊ ဘယ်ရောက်ပြီလဲ "

ရှုဟိုင်ပေါ၏ မျက်နှာအိုသည် တုန်လှုပ်သွားပြီး နဖူးမှ ချွေးများ စီးကျလာသည်။

ယဲ့ဖန်၏ လျစ်လျူရှုတဲ့ အမူအရာကို ကြည့်လိုက်သည့်အခါ သူသည် အသေးအဖွဲကိစ္စတစ်ခုကို ဖြေရှင်းလိုက်သလို ဖြစ်နေသည်။

သူတစ်ယောက်တည်း လာရဲတာ မဆန်းတော့ချေ။

သူသည် အကြောက်အရွံ့ မရှိသူ ဖြစ်နေခဲ့သည်။

အမှန်တိုင်းပြောရလျှင် သူအနည်းငယ် ကြောက်နေသည်။

" မင်း...ဘာလိုချင်တာလဲ "

ယဲ့ဖန် သူ့လက်ကို အနည်းငယ် မြှောက်လိုက်သည်။

ထိုအခါ ရှုဟိုင်ပေါ ချက်ချင်း ကြောက်လန့်တကြား ပြန်ဆုတ်သွားသည်။

" ခင်ဗျာဒနဲ့ စီးပွားရေးကိစ္စတစ်ချို့ ဆွေးနွေးဖို့ပဲ တကယ်ရောက်လာတာပါ။ ခင်ဗျား ဘာလို့ မယုံတာလဲ "

ယဲ့ဖန်က ပြုံးပြီး ပုခုံးပေါ် လက်တင်လိုက်သည်။

ရှုဟိုင်ပေါ ခြောက်ကပ်စွာ ရယ်မောလိုက်သည်။

" စကားပြောချင်တာလား။ ငါစကားပြောမယ်၊ ဟုတ်ပြီလား။ ဘယ်လို ညှိနှိုင်းချင်တာလဲ "

ယဲ့ဖန် ဧည့်ခန်းကို လှည့်ကြည့်လိုက်သည်။

" ခင်ဗျား၊ တစ်ယောက်ယောက်ကို သတ်လိုက်တာလား။ အဲ့တာကို အရင်ဖြေရှင်းလိုက်ပါ။ မဟုတ်ရင် ကျွန်တော့်ကောင်မလေး ကြောက်သွားလိမ့်မယ် "

ရှုဟိုင်ပေါ၏ မျက်နှာသည် နှစ်ကြိမ်လောက် တွန့်သွားပြန်သည်။

သူ့ကို ဘာလို့ 'စားလိုက်ပါလား' လို့ မေးနေသလို ခံစားရတာလဲ။

သူက လူသတ်ထားတာကိုတောင် အံ့သြပုံ မပေါ်ချေ။

သို့သော် တွေးကြည့်လျှင် အဓိပ္ပါယ်ရှိသည်။

ဒီနေ့ နေ့လယ်တွင် ချောင်ရှင်းဂိုဏ်းမှ လူရာပေါင်းများစွာ၏ ဝိုင်းရံမှုအောက်မှ တစ်ဖက်သူက ဘယ်ညာ ရှောင်နိုင်ခဲ့သည်။

သူ အရင်က မမြင်ဖူးတဲ့ မြင်ကွင်းရော ရှိပါ့မလား။

ဒီလို မြင်ကွင်းလေးတစ်ခုကြောင့်နဲ့ သူ ဘယ်လိုလုပ် ကြောက်ပါ့မလဲ။

အဲ့တာကိုတွေးပြီး နေရာကို ရှင်းရန် သူ့လက်အောက်ငယ်သားကို အမြန်ခိုင်းလိုက်သည်။

ဧည့်ခန်းထဲမှ သွေးစွန်းနေသည်တွေကို အလျင်အမြန် သုတ်သင်ပြီး အလောင်းကို ဆွဲထုတ်ပစ်လိုက်တယ်။

ထိုမှသာ ယဲ့ဖန်သည် ချန်းရွှမ်ကို ခေါ်လိုက်သည်။

ရှုဟိုင်ပေါသည် ချန်းရွှမ်ကိုမြင်သောအခါ သူ လုံးဝ စကားမပြောနိုင်တော့ပေ။

ဒီကောင်က ပြဿနာရှာတာကို မိန်းမခေါ်လာသေးတာလား။

အားလပ်ရက်အပန်းဖြေဖို့အတွက် ဒီကိုရောက်နေတယ် ထင်နေတာလား။

ယဲ့ဖန်က သူ ဘာတွေတွေးနေလဲဆိုတာကို ဂရုမစိုက်ဘဲ သူက ချန်းရွှမ်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး အထဲခေါ်ကာ ဆိုဖာပေါ်ထိုင်စေလိုက်သည်။

" ကျွန်တော့်ရည်းစားနဲ့ ကျွန်တော့်အတွက် ကော်ဖီတစ်ခွက်နဲ့ သံပရာရည်တစ်ခွက် ပေးပါ "

သူ၏ ပေါ့ပေါ့ပါးပါး အသွင်အပြင်ကို ကြည့်လိုက်လျှင် သူ့ကိုယ်သူ အပြင်လူလို့ သတ်မှတ်ထားပုံ မရချေ။

ရှုဟိုင်ပေါသည် သူ့စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း သူတို့နှစ်ယောက်အတွက် အချိုရည်တွေကို နာခံစွာ ယူလာခိုင်းလိုက်သည်။

" ပြော၊ မင်း ဘာလိုချင်တာလဲ"

" ပြောချင်တာ အခုပဲ ပြောပြီးပြီ။ ခင်ဗျားအတွက် မထိုက်တန်ဘူးလို့ ခံစားရတယ် "

ယဲ့ဖန်က လှည့်ပတ်ကြည့်လိုက်သည်။

" ခင်ဗျားအိမ်က ဘယ်လောက်ကြီးလဲ။ တစ်ရာစတုရန်းမီတာပတ်လည်လား။ ခင်ဗျားက ကောင်းကျူမင်းအတွက် ဒီလောက်ကြီးမားတဲ့ လုပ်ငန်းကြီးတွေကို စီမံခန့်ခွဲနေတာတောင် သူက ခင်ဗျားကို ဒီလိုနေရာမျိုးမှာ နေခိုင်းထားတာလား "

ရှုဟိုင်ပေါက သူ့လက်အောက်ငယ်သားတွေကို ထွက်သွားရန် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး သူတို့နှစ်ယောက်၏ ဆန့်ကျင်ဘက်တွင် ဖြည်းညှင်းစွာ ဝင်ထိုင်လိုက်သည်။

" ငါက အချိန်ပိုင်း အလုပ်သမားတစ်ယောက်ပဲ။ ကောင်းလူကြီးမင်းက ငါ့ကို ကောင်းကောင်း ဆက်ဆံတယ်။ အများကြီးမတောင်းသင့်ဘူး "

ယဲ့ဖန်က မထိန်းနိုင်ဘဲ ရယ်လိုက်သည်။

" အပြောတာ တစ်ခု၊ ပြောချင်တာ တစ်ခုနဲ့။ ခင်ဗျားရဲ့အစွမ်းအစနဲ့သာဆို ဘယ်ကိုသွားသွား အခုလက်ရှိထက်တော့ ပိုကောင်းလိမ့်မယ်။ ကောင်းကျူမင်းက ခင်ဗျားကို ဆိုးဆိုးရွားရွား ဆက်ဆံတာနဲ့ ပတ်သက်ပြီး မကျေနပ်တာမျိုး မရှိဘူးလား "

ယဲ့ဖန်က သဘောထားကွဲအောင်လုပ်ဖို့ ကြိုးစားနေမှန်း ရှုဟိုင်ပေါက သိသော်လည်း သူ့စိတ်ထဲမှ နာကြည်းမှု အရိပ်အယောင်များကို ခံစားနေရသည်။

သူ ကောင်းကျူမင်းနှင့် နှစ်အတော်ကြာ အတူရှိနေခဲ့ပြီး ဤကဲ့သို့ကြီးမားသော လုပ်ငန်းကြီးများကို စီမံခန့်ခွဲရာ၌ ကူညီပေးခဲ့သော်လည်း သူရရှိသည့် အကျိုးကျေးဇူးမှာ သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ဖြစ်သည်။

သူ့ထက် နောက်ကျမှ ဂိုဏ်းထဲဝင်လာသူ အများအပြားသည် ဇိမ်ခံအိမ်များတွင် နေထိုင်ပြီး ဇိမ်ခံကားများ မောင်းနှင်နေပြီ ဖြစ်သည်။

သူ ဘယ်လိုလုပ် နာကြည်းစရာ မရှိရမှာလဲ။

အပိုင်း ( ၆၅၉ )

နင့်ပါးစပ်က တကယ်မိုက်တာပဲ။

" မင်းက ငါနဲ့ ကိစ္စဆွေးနွေးချင်တယ်လို့ ပြောတယ်မလား။ ဘာကိစ္စ ပြောချင်တာလဲ "

ထိုပြဿနာကို ဆက်မပြောချင်သည့်အတွက် ခေါင်းစဉ်ပြောင်းလိုက်သည်။

ယဲ့ဖန်က သူ့ကော်ဖီကို တစ်ငုံသောက်လိုက်သည်။

" တကယ်တော့ အရမ်း ရိုးရှင်းပါတယ်။ ကျွန်တော်တို့ ကောင်းကျူမင်းကို အတူတူ ဖြုတ်ချကြမယ်။ အဲ့ကျ အခု ခင်ဗျားထိန်းချုပ်နေတဲ့ လုပ်ငန်းတွေအားလုံး ခင်ဗျားပိုင်မယ် "

ရှုဟိုင်ပေါသည် သူ့စကားကြောင့် ထိတ်လန့်သွားပြီး ချက်ချင်း ထရပ်လိုက်သည်။

" နောက်နေတာလား။ ကောင်းကျူမင်းကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ ဖြုတ်ချနိုင်မှာလဲ "

ယဲ့ဖန်က ချက်ချင်း ပြုံးပြလိုက်သည်။

ရှုဟိုင်ပေါသည် ဖြုတ်မချရဘူးဟု မပြောဘဲ ဖြုတ်ချရန် လွယ်မှာမဟုတ်ဘူးဟု ပြောလာသည်။

အဲ့တာက သူ့ရဲ့ ရည်ရွယ်ချက်တွေကို ထုတ်ဖော်ပြီးသား ဖြစ်သွားစေသည်။

" အရာရာတိုင်းဟာ တစ်ဦးတစ်ယောက်တည်းရဲ့ ကြိုးစားမှုနဲ့တော့ မရနိုင်ဘူး။ တကယ်တော့ သူ့ကို ဖြုတ်ချဖို့က လွယ်ပါတယ်။ ခင်ဗျားမှာ သူနဲ့ပတ်သက်တဲ့ ရာဇ၀တ်မှုဆိုင်ရာ သက်သေအထောက်အထားရှိရင် ကျန်တာကို ကျွန်တော့်ဆီ ပုံထားလိုက် "

ရှုဟိုင်ပေါသည် ထိုင်ခုံတွင် ဖြည်းညှင်းစွာ ပြန်ထိုင်ပြီး ပြုံးပြသည်။

" မင်းကို စိတ်ပျက်သွားစေမှာ စိုးရိမ်ရတယ်။ သူ့မှာ ပြစ်မှုဆိုင်ရာ အထောက်အထား ဘယ်လိုလုပ် ရှိနိုင်မှာလဲ "

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။

" ခင်ဗျား သူ့နောက်ကို နှစ်တွေ အကြာကြီး လိုက်ခဲ့ပြီးတော့ ခင်ဗျားက သူ ယုံကြည်ရတဲ့ လက်ထောက်ပဲလေ။ ခင်ဗျားမှာ သက်သေအထောက်အထား လုံးဝ မရှိတာ မဖြစ်သင့်ဘူး မဟုတ်လား "

ရှုဟိုင်ပေါက အံကြိတ်ခံရပုံရပြီး သူ့အမူအရာက အနည်းငယ် အကျည်းတန်လာသည်။

" ကောင်းကျူမင်းက အမြဲတမ်း သံသယများတတ်တဲ့သူပါ။ သူကိုယ်တိုင်ကလွဲပြီး ဘယ်သူ့ကိုမှ အယုံအကြည်မရှိသလို သက်သေအထောက်အထားလည်း ချန်ထားခဲ့မှာ မဟုတ်ဘူး။ မင်းရဲ့ အကြံအစည်က မှားနေပြီထင်တယ် "

ယဲ့ဖန်က မသိမသာ ပြုံးလိုက်သည်။

" ခင်ဗျားမှာ အထောက်အထားမရှိရင်တောင် ရပါတယ်။ ခင်ဗျားက သူ့ကို ကောင်းကောင်းသိတဲ့အတွက် သူ့ကို ဘယ်လိုသတ်ရမယ်ဆိုတာ သိထားသင့်တယ် မဟုတ်လား "

ရှုဟိုင်ပေါ ခေါင်းယမ်းလိုက်သည်။

" တောင်းပန်ပါတယ်။ ငါ မင်းကို မကူညီနိုင်ဘူး။ တခြားနည်းလမ်းကို တွေးလိုက်တာ ပိုကောင်းလိမ့်မယ် "

ယဲ့ဖန်သည် သူ့ပုံစံကို မြင်ပြီး ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

ချန်းရွှမ်လည်း ထရပ်လိုက်သည်။

" မသွားခင် ခင်ဗျားကို စကားတစ်ခွန်းပြောချင်တယ်။ ယောက်ျားတိုင်းက တစ်သက်လုံး သူများခွေး ဖြစ်ရတာထက် ကိုယ့်ကိုယ်ကိုယ် တစ်သက်လုံးနေထိုင်တာက ပိုကောင်းတယ် "

ထိုစကားကို ပြောပြီးနောက် ချန်းရွှမ်ကို ဆွဲခေါ်သွားလိုက်သည်။

သူတို့နှစ်ယောက် တံခါးဆီသို့ လျှောက်သွားစဉ်တွင် ရှုဟိုင်ပေါက ရုတ်တရက်ပြောသည်။

" မင်း နင်းလူအိုကြီးကို သွားရှာကြည့်သင့်တယ် "

ယဲ့ဖန် ချက်ချင်း ရပ်လိုက်ပြီး သူ့ကိုလှည့်ကြည့်လိုက်သည်။

" ဒါပေမယ့် နင်းလူအိုကြီးက ရှာဖို့ ခက်တယ်လို့ ကြားထားတယ်။ သူ့ကို ဘယ်သွားရှာရမှာလဲ "

ရှုဟိုင်ပေါ မျက်နှာကို ပွတ်သပ်လိုက်သည်။

" သူ ဘယ်မှာနေတယ်ဆိုတာ ငါလည်း မသိပေမယ့် သူက ဟွေ့ကျီခန်းမလို့ ခေါ်တဲ့ ဆေးခန်းလေးကို ဆရာဝန်သွားပြတယ်လို့ ခဏခဏကြားဖူးတယ်။ ဒီနေ့က နောက်ဆက်တွဲ ဆေးမှတ်တမ်းအတွက် သွားရမယ့်နေ့ပဲ "

ယဲ့ဖန် ကျေနပ်စွာ ပြုံးလိုက်သည်။

" ရှုလူကြီးမင်း၊ ခင်ဗျားက တကယ်ပဲ အခြေအနေတွေကို နားလည်တတ်တဲ့ ပညာရှိပဲ။ ဒါဆို ကျွန်တော် ကောင်းကျူမင်းကို တတ်နိုင်သမျှ အမြန်ဆုံး ဖြုတ်ချနိုင်ပါစေလို့ ဆုတောင်းထားလိုက် "

ထိုစကားကိုပြောပြီးနောက် ချန်းရွှမ်ကို အခန်းအပြင်သို့ ခေါ်သွားခဲ့သည်။

ရှုဟိုင်ပေါသည် ရှုပ်ထွေးသော အကြည့်များဖြင့် ဆိုဖာပေါ်သို့ ဖြည်းညှင်းစွာ နောက်ပြန်ဆုတ်ထိုင်လိုက်သည်။

အမှန်တွင် သူသည် ဒီနေ့ ယဲ့ဖန်ပြောသော စကားများကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် တွေးထားပြီးသားဖြစ်သည်။

ကောင်းကျူမင်းသည် အရမ်းသန်မာလွန်းတာကြောင့်ဖြစ်သည်။

စိတ်ရှိလျှင်တောင် ခွန်အားမရှိပေ။

သူသည် ကောင်းကျူမင်းကိုဖယ်ရှားရန် ယဲ့ဖန်၏ လက်များကို သုံးလိုက်ခြင်း ဖြစ်လေသည်။

ထို့ကြောင့် သူကိုယ်တိုင် လုပ်စရာမလို၍ ပိုပျော်နေလေသည်။

ထိုအခိုက်အတန့်တွင် ယဲ့ဖန်သည် သူလိုချင်သည့်အရာကို ရရှိသွားရန် မျှော်လင့်ပြီး သူသည်လည်း ငါးတစ်ကောင်ကဲ့သို့ ပင်လယ်ထဲသို့ ခုန်ဆင်းကာ ငှက်တစ်ကောင်ကဲ့သို့ ကောင်းကင်ပေါ်တွင် ပျံသန်းနိုင်မည်ဟု မျှော်လင့်ရင်း စိတ်ထဲမှ ဆုတောင်းနေလေသည်။

..............................

" ရှောင်ဖန်၊ နင့်ပါးစပ်က တကယ်ကို အံ့သြစရာကောင်းတာပဲ။ စကားလုံး နည်းနည်းလောက်နဲ့ ကောင်းကျူမင်းရဲ့ ယုံရတဲ့ လက်ထောက်ကို သစ္စာဖောက်ခိုင်းခဲ့တာ "

ဟွေ့ကျီခန်းမသို့သွားရာလမ်းတွင် ချန်းရွှမ်က ယဲ့ဖန်အား မချီးကျူးဘဲ မနေနိုင်တော့ပေ။

သူမသည် ယဲ့ဖန်၏ သရုပ်ဆောင်မှုကို ကြည့်ပြီး ယဲ့ဖန်သည် ပို၍ ပို၍ အားကောင်းလာသည်ကို သူမ သဘောပေါက်သွားသည်။

ရှုဟိုင်ပေါ နေထိုင်သည့်နေရာမှပင် ကောင်းကျူမင်းအား မကျေမနပ်ဖြစ်စေပြီး တစ်ဖက်မှ နင်းလူအိုကြီး၏ နေရာကို ထုတ်ပြောလာစေရန် အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုခဲ့သည်ကို တွေ့နိုင်သည်။

သူမသည် စီးပွားရေးလောကတွင် အချိန်အတော်ကြာ လုပ်ကိုင်ခဲ့သော်လည်း သူမ၏ အရည်အချင်းထက် သူက များစွာသာလွန်လေသည်။

ယဲ့ဖန် ကားမောင်းရင်း လှည့်လိုက်ပြီး သူမကို လှမ်းကြည့်သည်။

" ဟင့်အင်း၊ ကျွန်တော့်ပါးစပ်က ဘယ်လောက်ပဲ ကောင်းနေပါစေ အစ်မကိုတော့ ကျွန်တော်က မမီနိုင်ပါဘူး "

ချန်းရွှမ်သည် အစပိုင်းတွင် တုံ့ပြန်ခြင်းမရှိသော်လည်း ယဲ့ဖန်မျက်နှာပေါ်ရှိ အပြုံးကိုမြင်သောအခါ သူပြောနေသည့်အရာကို ချက်ချင်း သဘောပေါက်သွားသည်။

ကားရပ်နားနေရာတုန်းက မြင်ကွင်းကြောင့် သူမ၏ လှပသော မျက်နှာလေးသည် ပူလောင်သွားရသည်။

" လူဆိုးကောင် "

ယဲ့ဖန်သည် သူမ၏ ရှက်ရွံ့နေသောအမူအရာကို မြင်သောအခါတွင် ကားကိုရပ်ပြီး ထိုကိစ္စများကို ပြန်လုပ်ရန် ဆန္ဒရှိလာခဲ့သည်။

ချန်းရွှမ်သည် သူမ၏ ခံစားချက်များကို ဖယ်လိုက်ပြီး သူ့ကို လေးလေးနက်နက် ကြည့်နေသည်။

" ရှောင်ဖန်၊ ကောင်းကျူမင်းရဲ့ ရာဇ၀တ်မှုဆိုင်ရာ သက်သေအထောက်အထားတွေကို ငါတို့ တကယ် ရှာတွေ့နိုင်မယ်လို့ မင်းထင်လား "

ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။

" မသိဘူး၊ ကောင်းကျူမင်းက အရမ်းသတိကြီးတယ်။ ချို့ယွင်းချက်တစ်ခုမှ မထားဘူး။ မဟုတ်ရင် အရာရှိတွေက သူ့ကို ဒီလောက်ကြာအောင် ပြေးခွင့်မပေးထားသင့်ဘူး။ အရာရှိတွေတောင် သက်သေမပြနိုင်ရင် ကိုယ့်အားကိုယ်ကိုးဖို့က ပိုခက်လိမ့်မယ် "

ချန်းရွှမ်လည်း သူအမှန်အတိုင်း ပြောနေမှန်းသိသည်။

" ဘာလို့ မမေ့ထားလိုက်တာလဲ ...... ငါတို့က ဒီလိုလူဆိုးတွေကို မထိသင့်ဘူး မဟုတ်လား "

ယဲ့ဖန်က သူမကို လှည့်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

" သူသာ ကျွန်တော့်ကို ပစ်မှတ်ထားရင် ကျွန်တော် သူနဲ့ ဖြည်းဖြည်းချင်း ကစားလို့ရပါသေးတယ်။ ဒါပေမဲ့ သူက အစ်မကို မျက်စိထောက်ဒေါက်ကြည့်နေတာကြောင့် သူတို့ကို ချက်ချင်း ဖယ်ပစ်ရမယ်။ အစ်မကို ဘာအန္တရာယ်မှ မပေးစေရဘူး "

ချန်းရွှမ်သည် ယဲ့ဖန်မှ သူမကို ဤကဲ့သို့ ချစ်ခင်ကြင်နာသော စကားလုံးများ ပြောသည်မှာ ရှားသောကြောင့် သူမ ထိတ်လန့်သွားသည်။

" ဒါပေမယ့် ဒီ ကောင်းကျူမင်းက ဘယ်လိုမှ မပတ်သက်သင့်ဘူး။ ဆက်ပြီး စုံစမ်းနေရင် နင် အန္တရာယ်ရှိလာနိုင်တယ် "

ယဲ့ဖန်သည် ပူလောင်သောအကြည့်ဖြင့် ရှေ့ကို ကြည့်လိုက်သည်။

" အစ်မအတွက် ကိုယ်က ဓားတောင်ကျော်ပြီး မီးတောက်ပင်လယ်ကို ဖြတ်ရမယ်ဆိုရင်တောင် တုံ့ဆိုင်းနေမှာ မဟုတ်ဘူး "

အပိုင်း ( ၆၆၀ )

မေးချင်တာ သင်္ချိုင်းကို ရွေးပြီးပြီလား။

" အဟွတ်၊ အဟွတ်၊ အဟွတ် ....... "

ဟွေ့ကျီခန်းမထဲတွင် ပိန်လှီနေသည့် အမျိုးသားတစ်ဦးမှ မရပ်မနား ချောင်းဆိုးနေသည်။

သူ့မျက်နှာကလည်း နီရဲနေလေသည်။

အချိန်အတော်ကြာပြီးနောက် သူ့လက်ကို ပြန်ဖယ်လိုက်သောအခါ လက်ဖဝါးပေါ်တွင် သွေးများအိုင်နေသည်ကို တွေ့လိုက်ရသည်။

ထိုလူသည် ဖြစ်နေကျကဲ့သို့ သုတ်ဖို့ တစ်ရှူးကိုထုတ်ပြီး အမှိုက်ပုံးထဲကို ပစ်ချလိုက်သည်။

သူ့ဘေးတွင် ထိုင်နေသည့် အသက်ခြောက်ဆယ်ကျော် ဆရာဝန်တစ်ယောက်ရှိနေပြီး သူက မျက်မှောင်ကြုတ်ကာ သူ့ကိုကြည့်လေသည်။

" နင်းလူကြီးမင်း၊ ခင်ဗျားအတွက် ညွှန်ထားတဲ့ဆေးတွေ သောက်ပြီးပြီလား "

ထိုပိန်ပါးသည့်လူသည် ချောင်းဆိုးချင်သော်လည်း အမြန်ပြန်ထိန်းလိုက်သည်။

" ကျွန်တော် စားလိုက်ပေမယ့် အဆင်မပြေဘူး။ အဟွတ်၊ အဟွတ် ........ "

ဆရာဝန်က အံ့သြစွာကြည့်သည်။

" အဲ့တာ မဖြစ်သင့်ဘူး။ ပြောရရင် ခင်ဗျားရဲ့အခြေအနေက ဆေးနည်းနည်းသောက်ပြီးတာနဲ့ အကျိုးသက်ရောက်တာကို တွေ့ရမှာ။ ဘာလို့ ပိုပို ဆိုးလာတာလဲ "

ပိန်လှီနေသောလူသည် ခါးသက်သက် နှစ်ချက်လောက် ရယ်လိုက်သည်။

" ငါ မင်းကို အပြစ်မတင်ပါဘူး။ ငါ ငယ်ငယ်ကတည်းက ဒဏ်ရာတွေ ရခဲ့တာ။ ငါ နေလည်းမကောင်းဘူး။ ငါ အခုအချိန်အထိ အသက်ရှင်နိုင်တာကတောင် အံ့ဖွယ်တစ်ခု ဖြစ်နေပြီ "

ဆရာဝန်က သက်ပြင်းချလိုက်သည်။

" ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ဒီတစ်ခါ ခင်ဗျားအတွက် ဆေးပမာဏ တိုးပေးလိုက်မယ်။ အရင်ပြန်သွားပြီး ဆေးစားကြည့်လိုက်။ ဒီတစ်ခါတော့ သက်ရောက်မှုရှိသင့်ပါတယ် "

ပိန်လှီနေသောလူက ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီ "

ဆေးယူဖို့ ဆရာဝန်က ချက်ချင်းထရပ်လိုက်သည်။

ထိုအချိန်တွင် အပြင်ဘက်မှ ယောက်ျားနှင့် မိန်းမ အတွဲလိုက် ရုတ်တရက် ဝင်လာသည်။

ဆရာဝန်က ချက်ချင်းရပ်လိုက်ပြီး သူတို့နှစ်ယောက်ကို မျက်မှောင်ကြုတ် ကြည့်လိုက်သည်။

" တောင်းပန်ပါတယ်၊ ငါတို့ မကြာခင် ဆေးခန်းပိတ်တော့မှာ။ ကျေးဇူးပြုပြီး မနက်ဖြန်မှ ပြန်လာပါ "

သူတို့နှစ်ယောက်မှာ ယဲ့ဖန်နှင့် ချန်းရွှမ်တို့ ဖြစ်လေသည်။

ယဲ့ဖန်က သူ့ကို လျစ်လျူရှုလိုက်သည်။

သူသည် ပိန်လှီနေသည့်လူကို ငုံ့ကြည့်ကာ ဖြည်းညှင်းစွာ လျှောက်လာလေသည်။

" ဒီကို ဆရာဝန်လာပြတာ မဟုတ်ဘူး "

ဆရာဝန်၏ မျက်နှာမှာ မည်းမှောင်သွားသည်။

" မင်း ဒီကို ဆရာဝန်လာပြဖို့ မဟုတ်ဘူးဆို မင်း ဒီကို ဘာကိစ္စရှိလို့ လာတာလဲ "

ယဲ့ဖန်က သူ့ကို မကြည့်ချေ။

သူသည် ပိန်လှီနေသည့်လူကိုသာ စိုက်ကြည့်နေသည်။

" သူ့ကိုရှာဖို့ ဒီကိုရောက်နေတာ "

ပိန်လှီနေသောလူက လှည့်ကာ သူ့ကို ကြည့်လိုက်သည်။

" ငါ့ကိုရှာနေတာလား။ မင်း ဘာကိစ္စရှိလို့ ငါ့ကို ရှာနေတာလဲ "

ယဲ့ဖန်က ကုလားထိုင်ကို ဆွဲလိုက်ပြီး သူ့ဘေး၌ ဝင်ထိုင်လိုက်သည်။

" မေးချင်တာက ခင်ဗျား သေဖို့သင်္ချိုင်းကို ရွေးပြီးပြီလား "

ပိန်လှီနေသောလူသည် မတ်တပ်ထရပ်ပြီး သူ့ကို စိုက်ကြည့်ကာ အော်လိုက်သည်။

" မင်း ဘာပြောလိုက်တာလဲ။ ထပ်ပြောစမ်း "

ဆရာဝန်၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။

" ရူးနေလား။ သင်္ချိုင်းနေရာရောင်းဖို့ ဆေးခန်းကို ဘယ်သူက လာလို့လဲ။ ဒါက လူတွေကို သေဖို့ ကျိန်ဆဲနေတာပဲ မဟုတ်ဘူးလား။ မြန်မြန်ထွက်သွားစမ်း "

ချန်းရွှမ်ပင် အတော်ရယ်ချင်နေမိသည်။

ဆေးခန်းကိုလာပြီး သင်္ချိုင်းကို ရွေးမလားလို့ မေးရတယ်လို့။

ဒီတစ်ယောက်က တကယ် အရိုက်ခံရဖို့ ထိုက်တန်တယ်။

ယဲ့ဖန် သူတို့နှစ်ယောက်၏ ဒေါသကို ရင်ဆိုင်လိုက်ရသော်လည်း သူက ငြိမ်ငြိမ်လေးသာ ထိုင်နေသည်။

ထို့နောက် စားပွဲပေါ်မှ ဆေးညွှန်းကို ညွှန်ပြလိုက်သည်။

" ခင်ဗျား၊ သူ့ဆေးစာအတိုင်း သောက်ခဲ့တာဆိုတော့ စောစောသေချင်လို့ လုပ်ခဲ့တာ မဟုတ်ဘူးလား "

ဆရာဝန်၏ အမူအရာ ချက်ချင်းပြောင်းသွားသည်။

ဒုန်း

သူက စားပွဲကို ဆောင့်ရိုက်ချလိုက်သည်။

" မင်း ဒီကို ဒုက္ခလာပေးနေတာလား။ မင်း အခုချက်ချင်း ထွက်သွားမလား။ မင်း မသွားရင် ငါ အခုချက်ချင်း ရဲခေါ်လိုက်မယ် "

ယဲ့ဖန်သည် သူ့ခြိမ်းခြောက်တာကို ကြားပြီးနောက် မသိမသာ ပြုံးလိုက်သည်။

" ရဲကိုခေါ်ပါမှာလား။ ပြီးရောလေ၊ မြန်မြန် သတင်းပို့လိုက်။ ဆရာဝန်ရဲ့ ဆေးညွှန်းထဲမှာ ပါတဲ့ဆေးက မကောင်းတဲ့ဆေး ဆယ့်ရှစ်မျိုးနဲ့ တရုတ်တိုင်းရင်းဆေးပညာက တားမြစ်ထားတဲ့ ဆယ့်ကိုးမျိုးလုံးကို လုံးဝ ချိုးဖောက်ထားတယ်။ ဒီဆေးဖက်ဝင် ဂုဏ်သတ္တိတွေက ပေါင်းစပ်လို့ မရဘူး။ အဲ့တော့ ဒီဆေးတွေက ဘယ်လိုလုပ် ဆေးကောင်း ဖြစ်နိုင်မှာလဲ။ အဆိပ်တွေပဲ။ ခင်ဗျားက လူတွေကို ကယ်နေတာလား ဒါမှမဟုတ် လူတွေကို ဒုက္ခပေးနေတာလား "

သူ့စကားတွေက ကျိုးကြောင်းဆီလျော်ပြီး အားကောင်းလေသည်။

ဆရာဝန်၏ အမူအရာမှာ ချက်ချင်းပြောင်းသွားသည်။

" ဆေးပညာကို သိတာလား "

အတင်းအကြပ် ဝန်ခံခိုင်းခြင်းမလုပ်လိုက်ရဘဲ ဝန်ခံမိမတတ် ဖြစ်သွားခဲ့သည်။

ပိန်လှီနေသောလူ၏ အကြည့်သည် ချက်ချင်းစူးရှလာပြီး ဆရာဝန်၏ ကော်လာကို ဆုပ်ကိုင်လိုက်သည်။

" သူပြောတာ အမှန်ပဲလား။ မင်းညွှန်းတဲ့ဆေးက တကယ် ပြဿနာရှိနေတာလား "

ဆရာဝန်က ထိတ်လန့်သွားသည်။

" နင်းလူကြီးမင်း၊ ကျေးဇူးပြုပြီး သူ့စကားတွေကို နားမထောင်ပါနဲ့။ ဟွေ့ကျီခန်းမက ရာစုနှစ်တစ်ခုတောင် ရှိပြီဖြစ်တဲ့ နာမည်ကောင်းနဲ့ ဆေးခန်းပါ။ သူ့လို အရူးနဲ့တူတဲ့ အကောင်တစ်ကောင်က ကျွန်တော်ညွှန်းတဲ့ဆေးကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ "

ယဲ့ဖန်က သူ တဆတ်ဆတ် တုန်ခါလျက် ငြင်းနေတာကို ကြားပြီး သူက အေးစက်စွာ ရယ်မောလိုက်သည်။

" ဒီဆေးက ထိရောက်လား၊ မထိရောက်ဘူးလားဆိုတာ လူနာက အသိဆုံးဖြစ်မှာပါ။ ဆက်သောက်နေရင် ရက်အနည်းငယ်အတွင်း သေလိမ့်မယ် "

ပိန်လှီနေသည့် ထိုလူသည် ယဲ့ဖန်၏ စကားကို သံသယကင်းစွာ ယုံကြည်ခဲ့သည်။

ဤဆေးခန်းကို လာပြီး ကုသသည့်အခါ သူ့တွင် ဒဏ်ရာဟောင်းနှင့် နာကျင်ကိုက်ခဲမှုသာ ရှိနေခဲ့ပြီး အခြားလက္ခဏာတွေ မရှိခဲ့ချေ

။

သို့သော် ဤနေရာတွင် အချိန်အတော်ကြာ ကုသမှု ခံယူပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ပြန်လည်ကောင်းမွန်လာခြင်းမရှိပေ။

အဲ့ဒီအစား ပိုဆိုးလာလေသည်။

ဤဆေးခန်းကို သူ၏ ယုံကြည်ရသူတစ်ဦးမှ အကြံပြုထားသောကြောင့် အခြားသူအား သံသယမ၀င်ခဲ့ချေ။

သူ့ဒဏ်ရာဟောင်းကြောင့်ဟုသာ ထင်ခဲ့သည်။

အခုအခါ ယဲ့ဖန်၏ သတိပေးချက်ကိုကြားပြီးနောက် တစ်ခုခုမှားနေသည်ဆိုတာ သူသဘောပေါက်သွားသည်။

ဘယ်သူမှ မမြင်ခင်တွင် သူ့ညာလက်ကို လှန်လိုက်ကာ ဓါးတိုတစ်ချောင်း ပေါ်လာပြီး ဆရာဝန်၏ လက်ဖဝါးကို ဓားဖြင့် ထိုးလိုက်သည်။

" မင်း ငါ့ကို အမှန်အတိုင်းပြောရင် ပိုကောင်းမယ် "

ဆရာဝန်က အော်ဟစ်နေပြီး သူ့မျက်နှာက ဖျော့တော့သွားသည်။

" ကျွန်တော် တကယ်ကို ဘာပြောရမှန်း မသိပါဘူး။ သူ့စကားကို နားမထောင်ပါနဲ့ ...... "

သူ့စကားမပြီးခင်မှာ ပိန်လှီနေသည့်လူက သူ့လက်ထဲမှ စိုက်ထားသည့်ဓားမြှောင်ကို လှည့်လိုက်သည်။

" အား ..... ပြောမယ် ပြောမယ် "

ဆရာဝန်သည် ဆက်မထိန်းနိုင်တော့ဘဲ အမြန် အသနားခံလိုက်ရသည်။

" မင်း လိမ်ရဲရင် ငါသတ်မယ် "

ဆရာဝန်၏ နှုတ်ခမ်းတွေက ပြာနေပြီဖြစ်သည်။ သူက တုန်ယင်နေသည့် အသံနှင့် ဆက်ပြောသည်။

" ဒီဆေးက ....… တကယ်ပဲ ပြဿနာရှိတယ် ...... "

ထိုပိန်လှီနေသည့်လူ၏ မျက်လုံးများ ပေါက်ထွက်မတတ် ဖြစ်သွားသည်။

လည်ချောင်းကို ဖမ်းကိုင်လိုက်သည်။

" မင်းနဲ့ ငါ ဘာအငြှိုးရှိလို့လဲ။ မင်း ငါ့ကိုဘာလို့ ဒုက္ခပေးချင်တာလဲ "

ဆရာဝန်၏ မျက်လုံးများ မျက်ဖြူစိုက်နေကာ သေလုမျောပါး ဖြစ်နေသည်။

ယဲ့ဖန်က ထိုလူ၏လက်ကို အမြန်ဆွဲလိုက်သည်။

" ခင်ဗျား သူ့ကို သတ်ချင်ရင်တောင် အရင်မေးရမယ် "

ထိုလူ၏ ခံစားချက်များ အနည်းငယ် ငြိမ်သက်သွားသည်။

ယဲ့ဖန်က ဆရာဝန်ကို လှည့်ကြည့်လိုက်သည်။

" ခင်ဗျားရဲ့ သတ္တိလောက်နဲ့ ဒီလိုမျိုး မလုပ်ရဲလောက်ဘူး။ ခင်ဗျားကို ဘယ်သူ ညွှန်ကြားထားတာလဲ "

ဆရာဝန်က သူ့ကို အပြစ်တင်နေသလိုမျိုး စိုက်ကြည့်နေသည်။

သို့သော် ပိန်လှီနေသောလူသည် စိတ်ရှည်သည်းခံခြင်းမရှိပေ။

စကားမပြောသည်ကို မြင်ပြီး ဓားမြှောင်ကို လိမ်လှည့်လိုက်ပြန်သည်။

" ငါ့ကို သတ်ဖို့ ဘယ်သူက ညွှန်ကြားထားတာလဲ "

" ငါပြောမယ်၊ ငါပြောမယ်။ ဟုတ်တယ် ..... ကောင်းလူကြီးမင်းက ငါ့ကို ခိုင်းထားတာ ..... "

ပိန်လှီနေသောလူသည် 'ကောင်းလူကြီးမင်း' ဟူသော စကားကို ကြားသောအခါ သူချက်ချင်း မိုးကြိုးပစ်ခံလိုက်ရသလို နေရာမှာတင် တောင့်တောင့်ကြီး ရပ်နေသည်။

" ကောင်း ... ကောင်းလူကြီးမင်းလား။ ဘယ် .... ဘယ်က ကောင်းလူကြီးမင်းလဲ "

ထိတ်လန့်တကြား ကြည့်နေသည့် ဆရာဝန်၏ မျက်နှာက ဖြူဖျော့နေပြီ ဖြစ်သည်။

" ချောင်ရှင်းဂိုဏ်းက ကောင်းလူကြီးမင်း၊ ကောင်းကျူမင်းပါ "

ပိန်လှီနေသည့်လူက တုန်လှုပ်သွားပြီး ငေးကြောင်ကြောင်ဖြင့် သူ့ကို ကြည့်နေသည်။

" ကောင်းကျူမင်းလား၊ မဖြစ်နိုင်ဘူး။ ဒါက မဖြစ်နိုင်ဘူး။ မင်း ငါ့ကို လိမ်နေတာလား။ မင်းငါ့ကိုလိမ်နေတာလား ..... "

သူသည် ဆရာဝန်၏ လည်ပင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူ့လက်အားကို ပိုတိုးလိုက်သည်။

ဂျွတ်

နောက်ဆုံးတွင် ဆရာဝန်၏ လည်ပင်းက ကျိုးသွားသည်။

သို့သော်လည်း ထိုလူက မရပ်ဘဲ ပြင်းပြင်းထန်ထန် ဆက်ညှစ်နေသည်။

သူ ဘယ်လောက် ဒေါသထွက်နေသည်ဆိုတာ သိသာလေသည်။

အစက ပိန်လှီသောယောက်ျားသည် ရုတ်တရက် ရက်စက်ကြမ်းကြုတ်လာသည်ကို မြင်လိုက်ရသောအခါ ချန်းရွှမ်သည် အလွန်ကြောက်လန့်သွားပြီး ယဲ့ဖန်၏ အနောက်တွင် ပုန်းနေခဲ့သည်။

ယဲ့ဖန် ကိုယ်တိုင်ပင် ထိုအရာကို မမျှော်လင့်ထားပေ။

ဤလူသည် ကောင်းကျူမင်း၏ နံပါတ်တစ် လုပ်ကြံသတ်ဖြတ်သူ ဖြစ်လာနိုင်သည်မှာ အံ့သြစရာမရှိတော့ချေ။

သူက တကယ်ပင် ရက်စက်လေသည်။

ပိန်လှီနေသောလူသည် ဆရာဝန်၏ လည်ပင်းကို လုံးဝကျိုးသွားကာ ခေါင်းပြုတ်ထွက်သည်အထိ မရပ်သွားခဲ့ပေ။

ယဲ့ဖန်နှင့် ချန်းရွှမ်ကို လှည့်ကြည့်လိုက်သောအခါ သူ၏ ရိုးသားသော အသွင်အပြင်က ပြန်ပေါ်လာသည်။

" စိတ်မကောင်းပါဘူး၊ ငါ အရမ်းစိတ်တိုသွားလို့။ ငါအရမ်းယုံကြည်ရတဲ့လူက ငါ့ကို တကယ် ဒုက္ခပေးချင်နေတာလို့ မမျှော်လင့်ထားဘူး "

တစ်ဖက်သားရဲ့ ပုံမှန်မဟုတ်တဲ့ တစ်ဖက်ခြမ်းကိုသာ သူ့မျက်လုံးနှင့် တပ်အပ် မမြင်ခဲ့ရလျှင် အန္တရာယ်ကင်းသည့် သူ၏ အသွင်အပြင်ကို ကြည့်လိုက်လျှင် လူတိုင်းလှည့်စားခံရနိုင်သည်။

တစ်ဖက်တွင် ယဲ့ဖန်ကတော့ အလွန်လိုက်လျောညီထွေရှိသည်။

" နင်းလူကြီးမင်း၊ ဘာအစီအစဉ်ရှိလဲ "

All Chapters