← Chapters

အပိုင်း ၆၆၅-၆၆၈

Vol. 34 Ch. 665-668

အပိုင်း ၆၆၅-၆၆၈

Vol. 34 Ch. 665-668

အပိုင်း ( ၆၆၅ )

နင်ရော ဘာမှမရှိဘူးလား။

ယဲ့ဖန်သည် ဘယ်လိုပြောရမယ်မှန်းမသိ ဖြစ်သွားသည်။

" အဲ့ဒီညက … အပြစ်လုပ်မိတာ ဝန်ခံတယ်။ စိတ်မမှန်နေပေမယ့် အဆုံးမှာတော့ ဘာမှဖြစ်မလာဘူး၊ မဟုတ်လား "

" နင်က နောက်ထပ် ဘာဖြစ်ချင်သေးတာလဲ "

ကျူးရှောင်ကျောင်းက ဒေါသတကြီး ပြောလေသည်။

" ငါ ဂရုမစိုက်ဘူး။ နင်ငါ့ကို ပစ်ထားဖို့ သတ္တိရှိရင် ငါ့မိသားစုကို ငါပြောလိုက်မယ်။ နင်ငါ့ကို အနိုင်ကျင့်တယ်လို့ ငါပြောမယ်။ အဲ့ကျ နင် ဘာလုပ်နိုင်လဲ ကြည့်ကြတာပေါ့ "

ယဲ့ဖန်သည် အိမ်ခေါင်မိုးပေါ်မှ သေနတ်နှစ်လက်ကို တွေးကြည့်မိသောအခါ သူ မထိန်းနိုင်ဘဲ တုန်လှုပ်သွားသည်။

" ကိုယ် မှားသွားတယ်၊ ဟုတ်ပြီလား။ မင်း ဘာလိုချင်တာလဲ "

" ငါ ဘာမှ မလုပ်ချင်ပါဘူး။ နင် ပျော်စရာကောင်းတာ တစ်ခုခုလုပ်နေတဲ့အချိန်တိုင်း ငါ့ကို လာခေါ်ပေးစေချင်တယ် "

ကျူးရှောင်ကျောင်း၏ အသံသည် ရွှင်လန်းမှု အပြည့်ရှိနေသည်။

" ဒီလောက် ပျော်စရာတွေ အများကြီး ရှိနေနိုင်ပါ့မလား။ အခု အရမ်းအရေးကြီးတဲ့ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတယ် "

ယဲ့ဖန်သည် ထိုကောင်မလေးကြောင့် လုံးဝ စကားမပြောနိုင် ဖြစ်နေရသည်။

သူမသည် အသက်ကြီးနေပြီဖြစ်သော်လည်း တစ်နေ့လုံး ကစားရန်ကိုသာ သိသည်။

အရင်က မကစားဖူးဘူးလား။

ယဲ့ဖန် ငြင်းနေချိန်မှာပဲ ကျူးရှောင်ကျောင်း ဆက်ပြောလိုက်သော စကားက သူ့ကို ချွေးအေးထွက်လာစေသည်။

" နင် ဘာလုပ်နေလဲ ငါသိတယ်။ ကျန်းရုကျင်းလို့ခေါ်တဲ့ အမျိုးသမီးကို ရှာနေတာ မဟုတ်ဘူးလား "

" မင်း ...... ကိုယ့်ကို နောက်ယောင်ခံလိုက်နေတာလား "

ယဲ့ဖန်သည် ပတ်ပတ်လည်ကို လျင်မြန်စွာ ကြည့်လိုက်သော်လည်း ထူးထူးခြားခြား မတွေ့ရပေ။

သူနှင့် ချန်းရွှမ်မှလွဲ၍ နင်းလူအိုကြီးကသာ ကျန်းရုကျင်းကို ရှာနေကြောင်း သိသည်။

ဒီကျူးရှောင်ကျောင်းက ဘယ်လိုသိတာလဲ။

သူမမှာ ဆဌမအမြင်အာရုံ ရှိတာလား။

" ဟွန့်၊ ဒီမမလေး သိချင်လိုက်တဲ့ အရာတစ်ခု ရှိတာနဲ့ ငါ့မျက်လုံးတွေကို ရှောင်လို့ မရဘူး "

ကျူးရှောင်ကျောင်း ကျေနပ်စွာ အသံထွက်ပြောလိုက်သည်။

ယခင်ကဆိုလျှင် ယဲ့ဖန် ထိုစကားကို မယုံနိုင်သော်လည်း ယခုတော့ သူတကယ်ယုံကြည်သွားပြီဖြစ်သည်။

မယုံရဲစရာလည်း မရှိပေ။

သူ့ခေါင်းကိုတောင် ချိန်ထားတဲ့ သေနတ်နှစ်လက် ရှိမရှိကို ဘယ်သူ သိမှာလဲ။

" ဒီ ကျန်းရုကျင်းကို တကယ်ပဲ ရှာနေတာဟုတ်တယ်။ ဘာလဲ။ မင်းမှာ သဲလွန်စတွေရှိလို့လား "

ယဲ့ဖန်သည် မေးရန်သာ ကြိုးစားခဲ့သော်လည်း မျှော်လင့်ချက်များစွာ မရှိပါ။

" ရှိတယ် "

ကျူးရှောင်ကျောင်းက ချက်ချင်း ပြန်ဖြေသည်။

" ငါသိချင်တာတစ်ခုရှိနေသရွေ့ ငါ့မျက်လုံးတွေကနေ ဘယ်အရာမှ ရှောင်နိုင်မှာမဟုတ်ဘူး "

ယဲ့ဖန်၏ မျက်လုံးများ တောက်ပလာသည်။

" တကယ်လား။ ကျန်းရုကျင်း ဘယ်မှာလဲဆိုတာ မင်းသိတာလား။ မြန်မြန် လိပ်စာပေး "

ထိုအချိန်၌ ကျူးရှောင်ကျောင်းက ပြုံးပြုံးလေး ပြောသည်။

" ငါ့ကိုအရင်လာခေါ်ပြီးမှသွား "

ယဲ့ဖန် တုံ့ဆိုင်းသွားသည်။

" မင်းရောသွားချင်တာလား။ ဒါက … သိပ်မကောင်းဘူး၊ မဟုတ်ဘူးလား "

" ဟွန့်၊ နင် ငါ့ကို နောက်တစ်ခါ ထားခဲ့ချင်တာလား။ အဲ့တာကို နင့်ကို ငါမပြောတော့ဘူး။ ကိုယ်တိုင်သွားရှာလိုက်တော့ "

မမလေးကျူးသည် ချက်ချင်း ဒေါသထွက်ကာ ဖုန်းချရန်ပြင်သည်။

" ကောင်းပြီ၊ အဆင်ပြေတယ်။ မင်းကိုပါ ခေါ်သွားပေးမယ်။ ဟုတ်ပြီလား၊ အခုဘယ်မှာလဲ "

ယဲ့ဖန် အမြန်အလျှော့ပေးလိုက်သည်။

နောက်ဆုံးမှ သူ ဒီသဲလွန်စကို ရခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ လွယ်လွယ် လက်လွှတ်မခံနိုင်ပေ။

ကျူးရှောင်ကျောင်းက သူ့ကို လိပ်စာပေးပြီး ဖုန်းချလိုက်သည်။

ယဲ့ဖန်သည် ချိန်းထားသောနေရာသို့ ရောက်သောအခါ ကျူးရှောင်ကျောင်းသည် လမ်းမီးတိုင်အောက်တွင် ရပ်စောင့်နေသည်ကို တွေ့လိုက်ရသည်။

ညသန်းခေါင်ကျော်နေပြီဖြစ်၍ ပတ်ဝန်းကျင်သည် မည်းမှောင်နေလေသည်။

အလင်းရောင် လမ်းမီးတိုင်တစ်ခုပဲ ရှိလေသည်။

ထိုမိန်းကလေးက ရဲတင်းလွန်းသည်။

ညနက် သန်းခေါင်မှာ တစ်ယောက်တည်း ခိုးထွက်ရဲတဲ့ သတ္တိရှိတာလား။

သို့သော် ထိုမိန်းကလေးသည် သာမန်မိန်းကလေး မဟုတ်ကြောင်း သူ ချက်ချင်းသတိရလိုက်သည်။

သူမအား လျှို့ဝှက်ကာကွယ်ပေးနေသည့် သက်တော်စောင့်တွေ များစွာရှိနေမည်ထင်သည်။

ကျူးရှောင်ကျောင်းသည် ယနေ့တွင် အနက်ရောင် ဂျင်းဘောင်းဘီအပြဲကို ၀တ်ဆင်ထားပြီး သူမ၏ ရှည်သွယ်လျသော ခြေတံများက ပို၍ပင် သေးသွယ်နေပုံရသည်။

သူမသည် သားရေဂျာကင်အင်္ကျီနှင့် သားရေဖိနပ်တစ်ရံကို ဝတ်ဆင်ထားသည်။

အဝေးက ကြည့်လျှင် သင်္ချိုင်းဖောက်ရန် သွားမည့်သူနှင့် တူနေသည်။

ယဲ့ဖန် ရယ်ချမိမတတ် ဖြစ်သွားသည်။

သူ့လက်ကို ပြတင်းပေါက်ပေါ် တင်လိုက်သည်။

" မမလေး၊ မင်း ဘယ်သင်္ချိုင်းကို သွားဖောက်မလို့လဲ "

ကျူးရှောင်ကျောင်းသည် ခရီးသည်ထိုင်ခုံတွင် ကျွမ်းကျင်စွာထိုင်လိုက်သည်။

" အလှလေးက ငါ့အိမ်တံခါးထိ အရင်လာကြိုပေးမှတော့။ နင်ပြောတာကို ငါနားထောင်မယ်။ နင်ဘဘယ်ကိုသွားချင်လဲ။ ငါ နင့်အနောက်ကနေ လိုက်လိမ့်မယ် "

ယဲ့ဖန်သည် သူမ၏ နောက်ပြောင်သောစကားများကို ကြားလိုက်ပြီးသည်နှင့် သူ့နှလုံးသား ချက်ချင်းပင် တုန်လှုပ်ချောက်ချားသွားသည်။

သူမ၏ နူးညံ့သိမ်မွေ့သော အသားအရည်သည် ဂျင်းဘောင်းဘီအပေါက်များမှတဆင့် ထင်ရှားနေသည်။

ထိုပုံစံမှာ ပြင်းထန်သော ဆွဲဆောင်မှုရှိပြီး သူ့ကို ထိချင်စိတ်ပေါ်လာစေသည်။

" အဟမ်း၊ မင်း ကိုယ့်ကို ကျန်းရုကျင်းရဲ့လိပ်စာ အခုပေးလို့ရပြီလား "

ကျူးရှောင်ကျောင်းက သူ့ကိုကြည့်ကာ မထီမဲ့မြင် ပြုံးလိုက်သည်။

" ခမ်းနားပြည့်စုံ စံအိမ်ရာ "

ယဲ့ဖန်သည် ထိုအိမ်ရာအမည်ကို ကားလမ်းကြောင်းပြစနစ်ထဲသို့ ထည့်သွင်းလိုက်ပြီးနောက် လက်ရှိနေရာမှ အနည်းဆုံး ကီလိုမီတာ သုံးဆယ်အကွာတွင်ရှိသော ဆင်ခြေဖုံးရပ်ကွက်တွင် ရှိနေကြောင်း သိလိုက်သည်။

" ဒီလိပ်စာက မှန်တာ သေချာရဲ့လား "

" ဘာလဲ။ ငါ့ရဲ့ အချက်အလက် စုဆောင်းနိုင်စွမ်းကို သံသယရှိနေတာလား "

ကျူးရှောင်ကျောင်းသည် သူ၏ သံသယမေးခွန်းကို ကြားလိုက်ရသောအခါ အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသည်။

" မဟုတ်ပါဘူး။ အရမ်းဝေးလို့ပါ "

ယဲ့ဖန်က အမြန်ငြင်းလိုက်သည်။

ကျူးရှောင်ကျောင်းကို သံသယရှိခြင်းက သူမနောက်ကွယ်မှ စွမ်းအားကို သံသယရှိခြင်း ဖြစ်သွားပေမည်။

" စိတ်မပူပါနဲ့။ အဲဒီအမျိုးသမီးက ဒီည ခမ်းနားပြည့်စုံ စံအိမ်ရာမှာရှိနေတယ်။ ကောင်းကျူမင်းလည်း ရှိတယ် "

ကျူးရှောင်ကျောင်းသည် ချက်ချင်းပင် ခိုင်လုံသောအဖြေကို ပေးလိုက်သည်။

" အဲ့လိုဆို ကောင်းတယ်။ ထိုင်ခုံခါးပတ်ကို တင်းတင်း ကိုင်ထား။ ဒီ ဒရိုင်ဘာအိုကြီးက မင်းကို လမ်းပေါ်ခေါ်သွားပေးမယ် "

ယဲ့ဖန်က သူ့ကားကို စနှိုးရင်း နောက်ပြောင်လိုက်သည်။

Blue Charm Nightသည် ခရမ်းရောင် အလင်းတန်းများဖြင့် ညကောင်းကင်ကို ဖြတ်ကျော်သွားသည်။

ကျူးရှောင်ကျောင်း၏ အော်သံသည်လည်း ကားနှင့်အတူ ညကောင်းကင်ပေါ်သို့ ပျံ့သွားသည်။

ခမ်းနားပြည့်စုံအိမ်ရာသို့ သွားရာလမ်းတွင် ကျူးရှောင်ကျောင်းသည် ကျန်းရုကျင်းနှင့်ပတ်သက်ပြီး သူမ စုဆောင်းရရှိထားသော အချက်အလက်အားလုံးကို ယဲ့ဖန်အား ပြောပြသည်။

" ကောင်းကျူမင်းမှာ အထူးဝါသနာတစ်ခု ရှိတယ်လို့ မင်းပြောနေတာလား "

ကျူးရှောင်ကျောင်းကို လှည့်ကြည့်လိုက်ပြီး ယဲ့ဖန်၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ရှိနေသည်။

" ဒါကို ကျန်းရုကျင်းရဲ့ သူငယ်ချင်းကောင်းတစ်ယောက်က ပြောပြတာပဲ။ ကျန်းရုကျင်းက ကောင်းကျူမင်းက လာတွေ့တဲ့အခါတိုင်း သူမကို အရင်မူးအောင်တိုက်ပြီး သတိလစ်သွားတဲ့အခါမှ သူမကို အခွင့်ကောင်းယူတယ်လို့ ပြောတယ် ..... "

ကျူးရှောင်ကျောင်းသည် ချစ်သူရည်းစား ဆက်ဆံရေးမျိုး တစ်ခါမှ မရှိခဲ့ဖူးသော မိန်းကလေးတစ်ဦးဖြစ်သည်။

ထို့ကြောင့် ယောက်ျား၊ မိန်းမကြားမှ ကိစ္စတွေ ကြုံလာသည့်အခါ အနည်းငယ်တော့ ရှက်တတ်သည်။

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်သည်။

" ဒါက ဘယ်လိုဝါသနာကြီးလဲ။ ဘာလို့ မလုပ်ခင် သူမကို အရင်မူးအောင် တိုက်တာလဲ "

ကျူးရှောင်ကျောင်း အနည်းငယ် ရှက်သွားပုံရသည်။

" ကျန်းရုကျင်းက သူမ နိုးလာတဲ့အခါတိုင်း ကောင်းကျူမင်းက ဒီလိုကိစ္စမှာ ဝါသနာတစ်ခု ရှိနေတယ်ဆိုတာ သိလိုက်ရတဲ့အချိန်တွေ အနည်းငယ်ရှိခဲ့တယ်။ သူမရှေ့မှာ မပြချင်ဘူးဆိုတော့ သူမကလည်း အရက်သောက်ဖို့ကလွဲပြီး ရွေးစရာမရှိတော့ဘူး ....... "

ယဲ့ဖန်က ချက်ချင်း ခေါင်းယမ်းပြီး ပြုံးလိုက်သည်။

" ဒီကောင်းလူကြီးမင်းက သာမန်လူတွေနဲ့ တကယ်ကို မတူဘူး။ သူ့ကို သာမန်လူတွေ နားလည်နိုင်မှာ မဟုတ်ဘူး "

ကျူးရှောင်ကျောင်းသည် သူမ၏ ညာလက်ကို ဆုပ်ကိုင်ထားပြီး သူ့ကို တည့်တည့်စိုက်ကြည့်နေသည်။

" နင့်မှာရော အဲ့ကိစ္စမှာ ကြိုက်တဲ့ အထူးဝါသနာတွေ ဘာတွေ မရှိဘူးလား "

ယဲ့ဖန်သည် ကားကို မြောင်းထဲသို့ မောင်းချမိမတတ် ဖြစ်သွားသည်။

" ငါ .... ငါ အဲ့လောက် ပုံမှန်မဟုတ်တဲ့သူ မဟုတ်ဘူး "

ကျူးရှောင်ကျောင်း မတတ်နိုင်ဘဲ နှုတ်ခမ်းစူလိုက်သည်။

" မရှိရင်လည်း မရှိဘူးပေါ့။ ဘာတွေအရမ်းစိတ်ရှုပ်နေတာလဲ "

ယဲ့ဖန်က ခြောက်ကပ်စွာ ချောင်းဆိုးလိုက်သည်။

" ဘယ်သူ… ဘယ်သူက စိတ်ရှုပ်နေလို့လဲ။ ဒါကို မင်းပဲ မေးတာလေ ...... အဲ့တာက နည်းနည်း အရိုင်းဆန်တော့ သတိလက်လွတ်ဖြစ်သွားတာ "

" ဟမ့် နင်က ဟန်ဆောင်လွန်းတယ် "

ကျူးရှောင်ကျောင်းက သူ့ကို စူးရဲစွာစိုက်ကြည့်ပြီးနောက် ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်သည်။

ထိုမှသာ ယဲ့ဖန် သက်ပြင်းတစ်ချက်ချလိုက်သည်။

ဒီမိန်းကလေးက နောက်ထပ် ခက်ခဲတဲ့မေးခွန်းတစ်ခု မေးမှာကို ယဲ့ဖန် ကြောက်သည့်အတွက် စကား ထပ်မပြောတော့ချေ။

ခဏကြာသည့်နောက် ကျူးရှောင်ကျောင်း ရုတ်တရက် လှည့်ကြည့်လိုက်သည်။

" ............ "

ကျွီ

ကားဘရိတ်သံက ညကောင်းကင်၏ တိတ်ဆိတ်မှုကို ချိုးဖျက်ပစ်လိုက်သည်။

အပိုင်း ( ၆၆၆ )

ဝံပုလွေတောင်မှ မင်းကို လမ်းလွှဲရှောင်သွားမှာ။

ခမ်းနားပြည့်စုံအိမ်ရာသည် ယန်းချန်မြို့၏ အရှေ့ဘက် ဆင်ခြေဖုံးရှိ မောင်မင်းတောင်ပေါ်တွင် တည်ရှိသည်။

ဧရိယာစတုရန်းမီတာ ၂၀၀၀၀ ခန့် ကျယ်ဝန်းပြီး ဘောလုံးကွင်း ၃ ကွင်းနီးပါး ကျယ်ဝန်းသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ယဲ့ဖန်၏ အမြင်ဖမ်းစားနိုင်လွန်းသော Blue Charm Nightသည် တောင်ခြေရင်းတွင် ကားကိုရပ်ပြီး ကျူးရှောင်ကျောင်းနှင့်အတူ တောင်ပေါ်တက်ခဲ့သည်။

မောင်မင်းတောင်သည် အလွန်မမြင့်သော်လည်း မင်းသမီးကဲ့သို့ နေထိုင်သည့် ကျူးရှောင်ကျောင်းအတွက် အလွန်အန္တရာယ်များသည်။

တစ်ဝက်လောက်အထိ ရောက်လာပြီးနောက် သူမ မြေပြင်ပေါ်ထိုင်ချပြီး ညည်းညူလိုက်သည်။

ယဲ့ဖန် သူမကို အကြိမ်ကြိမ် တိုက်တွန်းခဲ့သော်လည်း သူမက ထရန် ငြင်းဆန်နေခဲ့သည်။

" တကယ် မခံနိုင်တော့ဘူး။ မတက်နိုင်တော့ဘူး "

" မကြာခင်ရောက်တော့မှာပါ။ ခဏလောက် တောင့်ခံလိုက် "

ယဲ့ဖန်သည် အကူအညီမဲ့နေပြီး သူမကို ကောင်းမွန်စွာ နားချခဲ့ရသည်။

" တကယ် မတက်နိုင်တော့ဘူး။ ငါ့ခြေထောက်တွေ ကြွက်တက်နေပြီ "

ကျူးရှောင်ကျောင်းသည် သူမအရှေ့မှ တောင်ကြီးကိုကြည့်လျက် သက်ပြင်းချရင်း နဖူးမှချွေးများကို သုတ်လိုက်သည်။

ယဲ့ဖန် စိတ်မချမ်းသာတော့ချေ။

" မလိုက်သင့်ဘူးလို့ ပြောတုန်းက အတင်းလိုက်လာမယ်လို့ မင်းပဲ ပြောတာလေ။ အခု မင်းတွားသွားလို့တောင် မရဘူးလို့ ပြောနေတာလား။ မင်း ခုနတုန်းက ဘာလုပ်နေတာလဲ။ ဘယ်လောက်တောင် ဝန်ထုပ်ဝန်ပိုးများလိုက်လဲ "

ကျူးရှောင်ကျောင်း နှုတ်ခမ်းစူလိုက်သည်။

" နင် ငါ့ကို ဘယ်လိုလုပ်ပြီး ဒီလို ပြောနိုင်ရတာလဲ။ ငါလည်း တက်ချင်ပေမယ့် တကယ်မတက်နိုင်တော့တာကို "

ယဲ့ဖန်က သူ့ခါးပေါ်ကို လက်နှစ်ဖက်တင်ပြီး ဒေါသတကြီး စိုက်ကြည့်နေသည်။

" ဒါဆို အခုဘာလုပ်ကြမှာလဲ။ တစ်ယောက်တည်း တက်လိုက်တော့မယ်။ မင်း ဘာလို့ ဒီမှာပဲ မစောင့်တာလဲ "

ကျူးရှောင်ကျောင်း ခေါင်းကို တသွင်သွင် ခါလိုက်သည်။

" ဘယ်လိုလုပ် အဲ့လိုလုပ်ရမှာလဲ။ ညလယ်ခေါင်မှာ နင်ငါ့ကို ဒီမှာ တစ်ယောက်တည်းထားခဲ့မှာလား။ ဝံပုလွေတွေရောက်လာပြီး ငါ့ကို ဆွဲခေါ်သွားတယ်ဆိုရင် ဘယ်လိုလုပ်မှာလဲ "

ယဲ့ဖန် ရယ်ရမလား ငိုရမလား မသိတော့ချေ။

" ရပါတယ်၊ မကြောက်ပါနဲ့။ မင်းက ကျားမဆိုတော့ မင်းကို ဝံပုလွေတွေတောင်မှ ရှောင်သွားမှာ "

ကျူးရှောင်ကျောင်းက မတုန်လှုပ်ချေ။

" ငါ ဂရုမစိုက်ဘူး။ နင် ငါ့ကို ဒီမှာတစ်ယောက်တည်းထားခဲ့လို့ မရဘူး "

ယဲ့ဖန် ကူကယ်ရာမဲ့စွာ ပုခုံးတွန့်လိုက်သည်။

" ဒါဆို ငါတို့ ဘာလုပ်သင့်တယ် ထင်လဲ "

ကျူးရှောင်ကျောင်း၏ မျက်လုံးများသည် ပါးနပ်စွာဖြင့် တောက်ပလာသည်။

" ဒီလိုဆိုရင်ရော ...... နင် ငါ့ကို တောင်ပေါ်သယ်သွားလို့ ရမလား "

ယဲ့ဖန် သူမပြောတာကို နားကြားမှားသွားသည်ဟု ထင်သွားခဲ့သည်။

" ဘာပြောလိုက်တယ်။ မင်းကို တောင်ပေါ် သယ်သွားပေးရမှာလား။ မင်းငါ့ကို ဘယ်လိုလူ မှတ်နေတာလဲ "

ကျူးရှောင်ကျောင်း ချက်ချင်း ချွဲချွဲနွဲ့နွဲ့ ပြုမူလိုက်သည်။

" အိုက်ယား၊ ငါ့ကိုသယ်သွားပေးပါ။ ငါက လုံးဝ မလေးဘူးရယ် "

ယဲ့ဖန်၏ သဘောထားမှာ အလွန်ခိုင်မာလေသည်။

" သေရင်တောင်မှ လုံးဝမဖြစ်နိုင်ဘူး "

...............................

ကျူးရှောင်ကျောင်း၏ ကိုယ်သည် အမှန်ပင် လေးလံခြင်းမရှိပေ။

သို့သော် အနည်းဆုံး ပေါင် ကိုးဆယ်လောက်တော့ ရှိလေသည်။

ထို့ကြောင့် တောင်ပေါ်သို့ တောက်လျှောက်သယ်ပြီး တက်ရသည့် ယဲ့ဖန်အတွက် ပင်ပန်းလှသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ ကြိုးစားအားထုတ်မှု အောင်မြင်ခဲ့သည်။

နောက်ဆုံးတွင် သူတို့သည် ခမ်းနားပြည့်စုံအိမ်ရာ၏ ဝင်ပေါက်ကို အဝေးမှ မြင်လိုက်ရသည်။

ယဲ့ဖန်က သွားနေရာမှ ခြေလှမ်းကို ရပ်လိုက်သည်။

" မင်း အခုဆင်းလို့ ရပြီလား "

" ဟဲဟဲ၊ နင် အလုပ်ကြိုးစားခဲ့တာပဲ "

ကျူးရှောင်ကျောင်းက ယဲ့ဖန်ကို အားပေးဖို့ ခေါင်းကို ပုတ်လိုက်သည်။

ဒီကောင်မလေးက တကယ်ပဲ သူ့ကို မြည်းတစ်ကောင်လို ဆက်ဆံနေတာလား။

ယဲ့ဖန် သူ့ခေါင်းကို ငုံ့ပြီး သူမကို မြေပေါ်သို့ ချပေးလိုက်သည်။

" တံခါးမှာ အစောင့်တွေ ရှိနေပုံရတယ်။ ငါတို့ အခု ဘာလုပ်သင့်လဲ "

ကျူးရှောင်ကျောင်း မြေကြီးပေါ် ဆင်းပြီးသည့်နောက် သူမသည် တံခါးဆီသို့ လှမ်းကြည့်လိုက်ရာ တံခါးဝတွင် သန်မာသော လူနှစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။

တံခါးပေါက်မှ မဝင်နိုင်သည်မှာ သိသာလေသည်။

" မင်းက ငါ့ကို လာမေးနေရင် ငါက ဘယ်သူ့ကို သွားမေးရမှာလဲ "

ယဲ့ဖန် ခုနမှ ဖြစ်ပျက်ခဲ့သည်ကို ဒေါသထွက်နေဆဲဖြစ်ပြီး သူ့လေသံက သိပ်မကောင်းချေ။

" အရင်တုန်းကလို နံရံပေါ်ကို ဘာလို့ မတက်ကြတာလဲ "

ကျူးရှောင်ကျောင်းသည် နောက်ဆုံးတစ်ခေါက်တုန်းက တံတိုင်းကျော်တက်ခြင်း၏ စိတ်လှုပ်ရှားမှုကို သတိရပြီး ထိုခံစားချက်ကို ထပ်ပြီး ခံစားချင်နေသည်။

" မင်းသေချင်ရင်တောင် ငါ့ကို ဆွဲမထည့်နဲ့။ နံရံမှာ လျှပ်စီးတွေ တပ်ထားတာကို မမြင်ဘူးလား။ ပြည်ကြီးငါးကင် ဖြစ်သွားလိမ့်မယ် "

ယဲ့ဖန်သည် ကျောက်တုံးတစ်တုံးကို ရှာပြီး ထိုင်လိုက်သည်။

ထို့နောက် နာကျင်နေသော ပေါင်ကို ပွတ်သပ်လိုက်သည်။

ကျူးရှောင်ကျောင်းသည် သူမ၏မျက်လုံးများကို မှေးထားလိုက်ပြီး နံရံပေါ်ရှိ သံခြံစည်းရိုးကို သူမ သတိထားရှိရှိဖြင့် အချိန်အတော်ကြာအောင် ကြည့်လိုက်သည်။

ဒီတစ်ယောက်၏ မျက်လုံးတွေကို သူမ မတတ်နိုင်ဘဲ သဘောကျနေမိသည်။

သူသည် ညသန်းခေါင်တွင်ပင် ခြံစည်းရိုးပေါ်မှ လျှပ်စီးတွေကို တစ်ချက်ကြည့်လိုက်ရုံနှင့် မြင်လေသည်။

" ဒါဆို ငါတို့ အခု ဘာလုပ်သင့်လဲ။ တံခါးကရော နံရံကရော ဝင်လို့မရဘူးဆိုတော့ တွင်းတူးပြီးတော့ ပုန်းနေရမှာတော့ မဟုတ်ဘူးမလား "

သူမသည် ယဲ့ဖန်ဘေးတွင် စိတ်ပျက်လက်ပျက် ထိုင်နေသည်။

" အဲ့တာက အကြံကောင်းတစ်ခုလို့ ထင်တယ်။ မင်း အရင်တွင်းတူးနေလိုက် ပြီးမှ အလှည့်ပြောင်းတူးမယ် "

ယဲ့ဖန်သည် သူမ၏ အကြံအစည်ကို ချက်ချင်း သဘောတူလိုက်သည်။

ကျူးရှောင်ကျောင်းက ယဲ့ဖန်ကို ယုံကြည်ပြီး တွင်းတူးဖို့ ချက်ချင်း ထိုင်ချလိုက်သညါ။

ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။

သူ့မှာ ဒီလောက် တုံးအပြီး ရူးနှမ်းတဲ့ အသင်းဖော်မျိုး ဘယ်လိုလုပ် ရှိနေရတာလဲ။

" မင်း ဒီမှာ အရင်စောင့်နေလိုက်။ ငါ အနီးကပ် စုံစမ်းလိုက်မယ် "

သူ ကျူးရှောင်ကျောင်းကို ညွှန်ကြားပြီးနောက် တံခါးဆီသို့ ချက်ချင်း လျှောက်သွားသည်။

" ဟဲ့ နင် ........ မြန်မြန်ပြန်လာခဲ့။ ငါကြောက်တယ် ...... "

ကျူးရှောင်ကျောင်း လှည့်ကြည့်လိုက်သည့်အခါ သူမ ပတ်ဝန်းကျင်တွင် မည်းမှောင်နေမှန်း သိလိုက်ရသည်။

သူမ အရမ်းကြောက်သွားပြီး မျက်နှာက ဖြူဖျော့သွားလေသည်။

ယဲ့ဖန်သည် ညအမှောင်ထုထဲကို ဖြတ်သွားပြီး တံခါးနှင့် ဆယ်မီတာအကွာလောက် ရောက်ချိန်တွင် ရပ်သွားခဲ့သည်။

တံခါးတွင် မီးချောင်းတစ်ချောင်းရှိလေသည်။

ထိုမီးအလင်းသည် ဆယ်မီတာအကွာအဝေးထိ အလင်းပေးနိုင်သည်။

သူတို့သာ ဒီထက်ပိုပြီး ထွက်လာလျှင် သူတို့ကို သိသွားပေလိမ့်မည်။

သို့သော် သူ့မျက်လုံးနှင့် အကြားအာရုံကောင်းမှုကြောင့် အကွာအဝေးများသော်လည်း အစောင့်နှစ်ယောက်ကြားမှ စကားပြောသံကို ကြားရန် လုံလောက်လေသည်။

" စီးကရက် သောက်ချင်သေးလား "

အနည်းငယ် အရပ်ပိုရှည်သော အစောင့်တစ်ယောက်က စီးကရက်ဘူးကို ထုတ်ကာ စီးကရက်နှစ်လိပ်ကို ခါလိုက်ပြီး ဘေးနားရှိ အစောင့်တစ်ဦးကို ပစ်ပေးလိုက်သည်။

အရပ်ပိုပုသော အစောင့်သည် စီးကရက်ကိုယူ၍ မီးညှိကာ နှစ်ချက်ဖွာလိုက်သည်။

" ကောင်းလူကြီးမင်း ဒီနေ့ ဒီကို ဘာလို့ ရုတ်တရက်ကြီး ရောက်လာတာလို့ ထင်လဲ။ သူ မလာရင် ငါတို့ အချောင်ခိုလို့ ရနိုင်သေးတယ် "

အရပ်ရှည်သော အစောင့်သည် ချက်ချင်း သဘောကျသွားသည်။

" မင်း ဘာကိုပြောချင်တာလဲ။ ဒီအိမ်က ကောင်းလူကြီးမင်း ပိုင်တာလေ။ သူ လာချင်တဲ့အချိန်လာဖို့ မင်းရဲ့ ခွင့်ပြုချက်လိုသေးလို့လား "

အရပ်ပုပုနှင့်အစောင့်က ရယ်လိုက်သည်။

" ငါတို့က ဘယ်သူမလို့လဲ။ ငါတို့က ဒီမှာ တံခါးကို လာစောင့်နေရတာလေ။ ကောင်းလူကြီးမင်းက အထဲမှာ ဝိုင်လေးသောက်ရင်းနဲ့ အလှလေးကို ဖက်နေတုန်း ငါတို့ကတော့ အပြင်မှာ ခြင်တွေကို သွေးလှူနေရတယ်။ ငါတို့အားလုံးက လူသားတွေဖြစ်ပေမယ့် ကွာခြားချက်က ဘာလို့ ဒီလောက် ကြီးမားနေရတာလဲ "

အရပ်ရှည်ရှည်နှင့် အစောင့်က မတတ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။

" ဒါ ကံတရားပဲ။ ကောင်းလူကြီးမင်းနဲ့ ကျန်းမမလေးလို လူတွေကိုပဲ လူလို့ ခေါ်နိုင်တာ။ ငါတို့က လူ့အရေပြားခြုံထားတဲ့ ခွေးတွေသာသာပဲ။ အမိန့်နာခံရုံပဲ တတ်နိုင်တာ "

အရပ်ပုပုဖြင့်အစောင့်သည် လိုချင်တောင့်တသောအကြည့် ပေါ်လာသည်။

" ကောင်းလူကြီးမင်းရဲ့ ဘဝကိုသာ ငါခံစားနိုင်ရင် ငါသေလို့ရပြီ။ တန်ပါတယ်။ အထူးသဖြင့် မမလေးကျန်းပေါ့။ သူမက အရမ်းကိုလှတယ်။ သူမက တကယ် လူတွေကို မနာလိုဖြစ်စေတယ် "

တခြားအစောင့်က မရယ်ဘဲ မနေနိုင်တော့ချေ။

" မင်း မအိပ်ရသေးဘဲ အိပ်မက်မက်နေပြီလား။ မင်း ပါးစပ်နဲ့ပဲ ကျေနပ်နေရမှာ။ ဝူဝေ့ကျိုင်က မှာထားတဲ့ဟင်းတွေ မကြာခင် ရောက်ရှိလာတော့မှာ မြန်မြန်လေး အားတင်းထား "

အရပ်ပုပုဖြင့် အစောင့်က သူ့နှုတ်ခမ်းကို သပ်လိုက်သည်။

" ဝူဝေ့ကျိုင်က ဟင်းလျာတွေက တခြားသူတွေမှာ ပိုက်ဆံရှိရင်တောင် သူတို့ မှာစားလို့ မရဘူး။ ကောင်းလူကြီးမင်းကတော့ သူတို့ကို ဖုန်းဆက်လိုက်ရုံနဲ့ ညလယ်ခေါင်မှာတောင် အရောက်ပို့ခိုင်းနိုင်တယ်။ ဒီလူတွေက သူ့ကို ခယနေကြရတာပဲ "

အရပ်ရှည်ရှည်ဖြင့် အစောင့်မှ ဂုဏ်ယူသော အမူအရာကို ချက်ချင်း လုပ်လိုက်သည်။

" မှန်တယ်။ ယန်းချန်မြို့တစ်ခုလုံးမှာ ကောင်းလူကြီးမင်းကို မျက်နှာလွှဲရဲတဲ့သူ ဘယ်သူရှိလို့လဲ။ အဲ့လိုလူက အသက်ရှင်ရတာ ပင်ပန်းနေတာဖြစ်မယ် "

အစောင့်တပ်သားက ရုတ်တရက် အသံကို လျှော့လိုက်ပြီး ပြောလေသည်။

" မင်း မကြားမိဘူးလား။ နေ့ခင်းဘက်တုန်းက ကောင်းလူကြီးမင်းကို ဂရုတောင်မစိုက်ဘဲ ထိန်းသိမ်းရေးစခန်းကို ပို့လိုက်တဲ့ သူတစ်ယောက် ရှိတယ်လေ "

အရပ်ရှည်သော အစောင့်က အမြန် လှည့်ကြည့်လိုက်သည်။

" ယဲ့ဖန်အကြောင်း ပြောနေတာလား "

" ဟုတ်တယ်၊ အဲ့ဒီ ယဲ့ဖန်ပဲ။ အဲ့လူက တကယ်ကို ရက်စက်တာ။ ထောင်နဲ့ချီတဲ့လူတွေ ဝိုင်းခံရတာတောင် ဖြတ်လျှောက်သွားသလိုမျိုး ဗိုလ်ချုပ်ရဲ့ ခေါင်းကို ကိုင်လိုက်နိုင်တယ်ဆိုပြီး ငါကြားတယ် ...... "

" အိုး ...... ငါကြားတာတော့ လူရာဂဏန်းပဲရှိတယ်ဆို "

" ဘာနေနေ အတူတူပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူက အားကောင်းလွန်းတယ်။ ရှေးခေတ်ကသာဆိုရင် သူက စစ်သူကြီးကွမ်းယုနဲ့ ကျောက်ယွမ်တို့လိုလူပဲ "

" ပြီးတော့ ကောင်းလူကြီးမင်း သူ့ရှေ့မှာတောင် ဒူးထောက်ခဲ့ရတယ်ဆိုပြီး ငါကြားသေးတယ်။ အဲ့တာ အမှန်ပဲလား "

" ဘယ်လိုလုပ် သတင်းအတု ဖြစ်နိုင်မှာလဲ။ အဲ့အချိန်တုန်းက ပြဿနာဖြစ်တဲ့နေရာမှာ ကြည့်နေတဲ့သူတွေ အများကြီးပဲ။ တစ်ယောက်ကဆို ဒူးထောက်နေတဲ့ ဗီဒီယိုကို အွန်လိုင်းပေါ်တောင် တင်ခဲ့သေးတယ်။ ဒါပေမဲ့ ခဏကြာတော့ ပျက်သွားတယ်လေ။ ကောင်းလူကြီးမင်း လုပ်ခိုင်းတာ ဖြစ်ရမယ် "

အပိုင်း ( ၆၆၇ )

ဘယ်သူက နင့်ရဲ့ရွှေအိမ်ထဲမှာ နေချင်နေလို့လဲ

" အရင်တုန်းကတော့ ကောင်းလူကြီးမင်းကို ယန်းချန်မြို့မှာ သြဇာအရှိဆုံးလူလို့ ထင်ခဲ့တာ။ သူ့ကို ဒီလိုဖြစ်အောင် လုပ်နိုင်တဲ့သူ ရှိလိမ့်မယ်လို့ မထင်ထားဘူး "

" ဟုတ်တယ်၊ အဲ့ဒီသူရဲကောင်းကို ငါ့မျက်စိနဲ့ မြင်ဖူးချင်တယ်။ သူ့မှာ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ချောင်း ရှိမရှိ ကြည့်ချင်ပါသေးတယ် "

" အဲ့လိုလူကို ငါတို့က တွေ့ချင်တာနဲ့ တွေ့လို့ရမလား "

အမှောင်ထဲတွင် ပုန်းနေသည့် ယဲ့ဖန်သည် သူတို့နှစ်ယောက်မှ သူ့အား ချီးမွမ်းနေသည်ကို ကြားလိုက်ရသည်။

သူ မတတ်နိုင်ဘဲ ကြက်သီးတွေ ထလာမိသည်။

ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်းတောင်လား။

သူ့မှာ ၇၂မျိုး အသွင်ပြောင်းစနစ် ရှိနေတာမလို့လား။

သူသည် အသုံးဝင်သော အချက်အလက်အချို့ကို ရရှိပြီးဖြစ်ကာ ချက်ချင်း တိတ်တဆိတ် ပြန်ဆုတ်သွားခဲ့သည်။

ဆယ်မိနစ်ခန့်အကြာတွင် အနက်ရောင်ဗင်ကားတစ်စီး ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။

အစောင့်နှစ်ယောက်က စကားစမြည်ပြောနေသည်ကို ချက်ချင်းရပ်လိုက်ပြီး ဗင်ကားကို တားလိုက်သည်။

" မင်းတို့ ဘာလုပ်နေတာလဲ "

ထိုအချိန်တွင် ဝူဝေ့ကျိုင်ယူနီဖောင်းဝတ်ထားသော အမျိုးသားတစ်ဦး ယာဉ်မောင်းထိုင်ခုံမှ ထွက်လာသည်။

" မင်္ဂလာပါ၊ ကျွန်တော်တို့က ဝူဝေ့ကျိုင်ကပါ။ ခင်ဗျားတို့ ကျွန်တော်တို့ဆိုင်က ဟင်းတွေကို မှာထားတာ ဟုတ်တယ်မလား "

အစောင့်က သူ့အလုပ်လက်မှတ်ကို စစ်ဆေးသည်။

အချိန်အားဖြင့် ညအတော်နက်နေပြီး ဦးထုပ်ဆောင်းထားသောကြောင့် အမျိုးသားဝန်ထမ်း၏ မျက်နှာကို သူတို့ ရှင်းလင်းစွာ မမြင်ကြရချေ။

" မင်းတို့ ဘာလို့ နောက်ကျနေတာလဲ "

အရပ်ရှည်သော အစောင့်က အနည်းငယ် စိတ်မချမ်းသာစွာဖြင့် မေးသည်။

" အဲ့တာက ကျွန်တော်တို့ ဒီကို ပထမဆုံး အကြိမ်ရောက်ဖူးတာမလို့ လမ်းတွေ သိပ်မကျွမ်းဘဲ လမ်းပျောက်နေလို့ပါ "

အမျိုးသားဝန်ထမ်းမှ လျင်မြန်စွာ ရှင်းပြသည်။

" မင်းဦးထုပ်ကို ချွတ်လိုက် "

အစောင့်က လေးနက်သောအမူအရာဖြင့် အမိန့်ပေးသည်။

" ဒီလောက်ထိ တင်းကြပ်နေဖို့ မလိုဘူးမဟုတ်လား။ တစ်ယောက်ယောက်က ကျွန်တော်တို့ပုံစံ အယောင်ဆောင်သွားမှာကို ခင်ဗျားတို့က ကြောက်နေကြတာလား "

ဝန်ထမ်းအမျိုးသားက ချက်ချင်း ရယ်မောနောက်ပြောင်လိုက်သည်။

" အပိုတွေ ပြောမနေနဲ့။ ခိုင်းတာလုပ် "

သူ့ဘေးနားမှ အစောင့်ကလည်း ဝင်ပြောလေသည်။

ထိုအချိန်တွင် အရှေ့ခရီးသည် ထိုင်ခုံတံခါးက ပွင့်လာပြီး ဝူဝေ့ကျိုင်မှ ဝန်ထမ်းဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးဝန်ထမ်းတစ်ဦး ထွက်လာလေသည်။

" အရမ်းနောက်ကျနေပြီ။ ရှင်တို့နှစ်ယောက်သား ဘာမှ မစားရသေးဘူး မဟုတ်လား။ ကျွန်မတို့ အစားအသောက်တွေကို အပိုပြင်လာတာရှိတယ်။ ရှင်တို့နှစ်ယောက် စိတ်မရှိရင် နည်းနည်းလောက် စားလိုက်ကြပါလား "

စကားပြောနေရင်းဖြင့် ထမင်းဘူးနှစ်ဘူးကို သူတို့နှစ်ယောက်အား ပေးလိုက်သည်။

အစောင့်နှစ်ယောက်သည် ထမင်းဘူးမှ ထွက်လာသော ဟင်းများ၏ မွှေးရနံ့ကို နမ်းရှုပ်လိုက်ပြီး သူမထံမှ ချက်ချင်း ယူလိုက်သည် ။

" ဝူဝေ့ကျိုင်က တကယ်ပဲ သူ့ရဲ့ နာမည်ဂုဏ်သတင်းနဲ့ ကိုက်ညီတာပဲ။ ဒီဟင်းတွေရဲ့ အနံ့က မွှေးနေတာပဲ "

" ဟုတ်တယ်။ ယန်းချန်မြို့တစ်ခုလုံးမှာ ဝူဝေ့ကျိုင်ရဲ့ ဟင်းလျတွေအကြောင်းကို မသိတဲ့သူ မရှိဘူးလေ။ ဒီ အစားအသောက်တွေကို အစုံလိုက်စားရမယ်ဆို အနည်းဆုံး ယွမ် ရာဂဏန်းလောက် ကုန်ကျမှာ မဟုတ်လား "

" တကယ်ကို စျေးကြီးတာပဲ။ သာမန်ပြည်သူတွေရဲ့ ပိုက်ဆံတွေက လေတိုက်ပြီး ရလာတယ်လို့ မင်း ထင်နေတာလား "

" ဝူဝေ့ကျိုင်ရဲ့ ဟင်းလျာတွေက သာမန်လူတွေအတွက် လုံးဝမဟုတ်ဘူး ........ "

အမျိုးသမီးဝန်ထမ်းက သူတို့စကားပြောနေသည်ကို အမြန် နှောင့်ယှက်လိုက်သည်။

" အစ်ကိုတို့၊ ကောင်းလူကြီးမင်းက ကျွန်မတို့ ဟင်းပွဲတွေကို စောင့်နေတုန်းပါ။ ကျွန်မတို့ နောက်ကျနေမှာကို စိုးရိမ်မိပါတယ် ...... "

အစောင့်နှစ်ယောက်သည်လည်း အစားအသောက်များကို ယူပြီးဖြစ်၍ ဆက်လက်စုံစမ်းစစ်ဆေးရန် ရှက်သွားခဲ့ကြသည်။

ထို့အပြင် လာပို့သူများမှာလည်း ပြဿနာမရှိဘူးဟု ထင်ခဲ့ကြသည်။

အစားအစာကို မှာယူစဉ်ကတည်းက ဝူဝေ့ကျိုင်မှ လူများကို သတင်းမပေါက်ကြားစေရန် ညွှန်ကြားထားပြီးဖြစ်သည်။

ဝူဝေ့ကျိုင်သည် ကောင်းလူကြီးမင်းအား စော်ကားပြီး လှည့်ကွက်များအား မကစားရဲဘူးဟု ယူဆနိုင်သည်။

" ဝင်သွားလိုက်ပါ။ ကောင်းလူကြီးမင်းက အိမ်နောက်ဖေးမှာရှိတဲ့ ရေကူးကန်မှာ။ ဟင်းပန်းကန်တွေ ပို့ပေးပြီးတာနဲ့ မြန်မြန်ထွက်လာကြ။ မဟုတ်ရင် ဘယ်သူမှ မင်းတို့ကို ကယ်နိုင်မှာ မဟုတ်ဘူး "

အစောင့်က ချက်ချင်း သူတို့နှစ်ယောက်ကို ညွှန်ကြားချက် ပေးလိုက်သည်။

ဝန်ထမ်းနှစ်ယောက်ကလည်း အဆင်သင့် သဘောတူလိုက်ကြပြီး ကားထဲသို့ အလျင်အမြန်ဝင်ကာ တိတ်တဆိတ် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ထိုဝန်ထမ်းနှစ်ယောက်သည် အခြားမဟုတ်ဘဲ ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့ ဖြစ်သည်။

အစောင့်နှစ်ယောက် စကားပြောနေရာမှ ဝူဝေ့ကျိုင်မှလူများသည် အစားအသောက်များ လာပို့မည်ကို ယဲ့ဖန် သိလိုက်သောကြောင့် ကျူးရှောင်ကျောင်းကိုခေါ်ပြီး လမ်းပိတ်ဆို့ကာ ကားကို ရပ်ခိုင်းလိုက်သည်။

ကျူးရှောင်ကျောင်းသည် ဓားပြတိုက်ခြင်းကို ပထမဆုံးအကြိမ် ကြုံဖူးတာ ဖြစ်သောကြောင့် သူမ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

ဝန်ထမ်းအစစ်နှစ်ဦးထံမှ သူတို့၏ ယူနီဖောင်းများကို ချွတ်ကာ လက်နှင့်ခြေများကို ကြိုးတုပ်ပြီး ပါးစပ်ကို အုပ်ထားခဲ့ကြသည်။

ထို့နောက် ပင်စည်တွင် ချည်ခဲ့ကြသည်။

" ပျော်ကြပါစေ "

ယဲ့ဖန်သည် သူတို့နှစ်ယောက်ကို လက်ဝှေ့ယမ်းပြလိုက်ပြီး ကားပြတင်းပေါက်ကို တင်ကာ ခြံထဲသို့ မောင်းသွားလိုက်ကြသည်။

ယဲ့ဖန်သည် ရယ်စရာကောင်းသည်ဟု သူခံစားမိသည်။

ထိုလူနှစ်ယောက်က ခေါင်းသုံးလုံးနဲ့ ခြောက်လက်ချောင်းရှိသည့် သူရဲကောင်းကို သူတို့ကိုယ်တိုင် မျက်စိနှင့် မြင်ဖူးချင်သည်ဟု ပြောခဲ့ကြသည်။

သို့သော် ကံမကောင်းစွာဖြင့် တကယ့်လူက သူတို့ရှေ့၌ ရပ်နေသော်လည်း သူတို့က မမြင်ကြပေ။

" အခု ငါ့ရဲ့ သရုပ်ဆောင်စွမ်းရည်က ဘယ်လိုလဲ "

ဗီလာထဲသို့ ဝင်ပြီးနောက် ကျူးရှောင်ကျောင်းသည် ယဲ့ဖန်ထံမှ ချီးကျူးခံရရန် မစောင့်နိုင်တော့ပေ။

" ဟမ် မဆိုးပါဘူး "

ယဲ့ဖန်က သူမအား ကျေးဇူးတင်ကြောင်းပြကာ အနည်းငယ် ခေါင်းညိတ်လိုက်သည်။

သို့သော်လည်း မမလေးကျူးသည် သူ၏ သဘောထားကို မကျေမနပ် ဖြစ်နေသည်မှာ ထင်ရှားသည်။

" မဆိုးဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ ငါအရမ်းတော်ခဲ့တာ သိသာတယ် မဟုတ်လား။ ငါသာ ရုတ်တရက် အကြံမရခဲ့ရင် နင့်သရုပ်မှန် ပေါ်သွားမှာ မဟုတ်ဘူးလား။ ငါ့ကို မြန်မြန်ချီးကျူးလိုက်တော့ "

ယဲ့ဖန်သည် အကူအညီမဲ့နေခဲ့သည်။

သို့သော် သူက ကျေနပ်စေရန်သာ ပြန်ပြောခဲ့ရသည်။

" ဟုတ်တယ်၊ ဟုတ်တယ်။ အားလုံးက မမလေးကျူးတော်လို့ပါ။ မင်းသာ မရှိရင် ငါတို့ တံခါးကိုတောင် ကျော်ဝင်လို့ မရလောက်ဘူး "

ကျူးရှောင်ကျောင်း ကျေနပ်စွာဖြင့် လမ်းတစ်လျှောက် ရှုခင်းတွေကို ကြည့်လိုက်သည်။

" ဒီ ကောင်းကျူမင်းက သူ့ကိုယ်သူ ဘယ်လိုပျော်အောင် လုပ်ရမလဲဆိုတာကို သိတာပဲ။ ဒီဝင်းထဲမှ အလှဆင်ထားတာက ဧကရာဇ်နန်းတော်ထက်တောင် ပိုပြီး ခမ်းနားသေးတယ်။ သူ့မိန်းမကို ဒီမှာနေခွင့်ပေးထားတာက ရွှေအိမ်ထဲမှာ နောက်မိန်းမကို ဝှက်ထားတာနဲ့ တူတယ် မဟုတ်လား "

ယဲ့ဖန်က လှည့်ကြည့်လိုက်ပြီး သူမကို မော့ကြည့်လိုက်သည်။

" မင်းရဲ့ လေသံအရ တော်တော်လေး အားကျနေပုံရတယ် "

ကျူးရှောင်ကျောင်းသည် သူမ၏ နူးညံ့သော မျက်ခုံးကို ပင့်တင်လိုက်သည်။

" ဟုတ်တယ်၊ ငါ အားကျတယ်လေ။ ဘယ်မိန်းမက သူမကို လေးလေးနက်နက် ချစ်ပေးပြီး ကမ္ဘာပေါ်က အကောင်းဆုံးအရာတွေ ပေးချင်နေတဲ့ယောက်ျားကို မလိုချင်ဘဲနေမှာလဲ "

ယဲ့ဖန်က သူမကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

" မမလေးကျူးလို တောရိုင်းစာကလေးငှက်တစ်ကောင်က ကိန္နရီလိုနှလုံးသားရှိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး "

ကျူးရှောင်ကျောင်းက သူ့ပုခုံးကို လက်သီးနှင့် ထိုးလိုက်သည်။

" နင် ဘယ်သူ့ကို ကိန္နရီလို့ ခေါ်နေတာလဲ "

ယဲ့ဖန်က အလျင်အမြန် တောင်းပန်ရင်း ပြုံးလိုက်သည်။

" ငါကပဲ ကိန္နရီတစ်ကောင် ဟုတ်ပြီလား။ စိတ်မပူပါနဲ့၊ အေးအေးချမ်းချမ်းနဲ့ ကိန္နရီဖြစ်ချင်ရင် မင်းအတွက် ရွှေလှောင်အိမ်ကြီး ဆောက်ပြီး ရွှေလှောင်အိမ်ထဲမှာ သခင်မကို ဝှက်ထားရတဲ့ ခံစားချက်ကို ခံစားရစေမယ်လို့ ငါကတိပေးတယ် "

ကျူးရှောင်ကျောင်း၏ မျက်နှာသည် နီမြန်းလာလေသည်။

" ဘယ်သူက နင့်ရဲ့ ရွှေလှောင်အိမ်ထဲမှာ မိန်းမ ဝှက်ထားမှာကို စိတ်ပူနေတာလဲ။ အရှက်မရှိ "

သို့သော် သူမ၏ ပြုံးနေသော မျက်လုံးများက သူမ၏ နှလုံးသားကို သစ္စာဖောက်ပြီး မျက်နှာနှစ်ဖက်ဖြစ်ခြင်း၏ အဓိပ္ပါယ်ကို လေးနက်စွာ ရှင်းပြနေခဲ့သည်။

အပိုင်း ( ၆၆၈ )

သူလျှိုဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခြင်း

ဗင်ကားသည် အိမ်ရာနောက်ဖေးသို့ အမြန်မောင်းကာ ရောက်လာခဲ့သည်။

အဝေးရှိ ရေကူးကန်ဘေးမှ ကုလားထိုင်ပေါ်၌ ထိုင်နေသည့် ကောင်းကျူမင်းကို သူမ တွေ့လိုက်ရသည်။

သူ့အနောက်တွင် အနက်ရောင်ဝတ်စုံနှင့် နေကာမျက်မှန်တပ်ထားသော သက်တော်စောင့်အချို့ ရပ်နေသည်။

ညဥ့်နက်နေပြီဖြစ်သောကြောင့် သူတို့ သေချာရှင်းလင်းစွာ မြင်နိုင်လားဆိုတာ မသိရပေ။

ရေကန်အလယ်တွင် အမျိုးသမီးတစ်ဦး ရေကူးနေလေသည်။

သူမမျက်နှာကို သဲသဲကွဲကွဲ မမြင်ရသော်လည်း ချောမောလှပသော ရုပ်ရည်ရှိသည်။

ဟင်းလျာကား ရောက်လာသည်ကို မြင်လိုက်ရသည့်အခါ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးသည် အစေခံတစ်ချို့နှင့်အတူ ချက်ချင်း လျှောက်လာသည်။

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည် ကားပေါ်မှ အမြန်ထကာ အစားအသောက်များ ကူယူပေးကြသည်။

ကျူးရှောင်ကျောင်းသည် စိတ်လှုပ်ရှားပြီး ကြောက်လန့်နေလေသည်။

သူတို့သည် နေ့ခင်းဘက်တွင် ချောင်ရှင်းဂိုဏ်း၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ယခုအခါ သူဌေးကောင်း၏ နှာခေါင်းအောက်တွင် လှည့်လည် သွားလာနေကြသည်။

ငယ်စဉ်ကတည်းက ဤကဲ့သို့ စိတ်လှုပ်ရှားစရာကောင်းသော မြင်ကွင်းမျိုး မကြုံဖူးချေ။

နေ့ခင်းဘက်တွင်ဖြစ်ခဲ့သော သွေးထွက်သံယို သတ်ဖြတ်ခြင်းထက်ပင် ပိုပြိး စိတ်လှုပ်ရှားစရာကောင်းကာ ပျော်စရာလည်း ကောင်းသည်။

သူတို့သည် သူလျှိုဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်နေကြသလို ဖြစ်နေသည်။

သို့သော် သူတို့၏ သရုပ်မှန်ကို ဖော်ထုတ်မိလိုက်သည်နှင့် အလွန်အန္တရာယ်များကြောင်းကိုလည်း သူမလည်း သိသည်။

သူတို့ကိုယ်သူတို့ အနည်းနှင့်အများ အသွင်ပြောင်းထားလေသည်။

ဥပမာအားဖြင့် ယဲ့ဖန်သည် မျက်မှန်တစ်ရံတပ်ထားပြီး ပါးစပ်ထောင့်တွင် မှဲ့တွေရှိကာ သူမမျက်နှာကိုလည်း တမင်တကာ မည်းနေအောင် လုပ်ထားသော်လည်း မမိစေရဘူးဟု အာမခံရန် ခဲယဉ်းလေသည်။

ကံကောင်းထောက်မစွာဖြင့် အကူများနှင့် အခြားသူများသည် သူတို့နှစ်ဦးနှင့် ပတ်သက်၍ ထူးထူးခြားခြား တစ်စုံတစ်ရာကို သတိမပြုမိခဲ့ကြပေ။

သူတို့အားလုံး ဟင်းလျာများကို ယူသွားကြပြီး ညစာအတွက် ပြင်ဆင်နေကြသည်။

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည် ကောင်းကျူမင်းအနားရှိ စားပွဲပေါ်တွင် ပန်းကန်များထည့်ရန် ကူညီပေးခဲ့သော်လည်း ကောင်းကျူမင်းမှ တုံ့ပြန်ခြင်းမရှိခဲ့ပေ။

ရေထဲရှိ အမျိုးသမီးကိုသာ မှင်သက်စွာ ငေးကြည့်နေသည်။

ထိုအချိန်တွင် ယဲ့ဖန်သည် သူနှင့် နှစ်မီတာလောက်သာ ကွာဝေးသည်။

အကယ်၍ ယဲ့ဖန်သည် ရုတ်တရက် တိုက်ခိုက်လိုက်ပါက တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်မည်ဟု ယုံကြည်သော်လည်း ထိုသို့ပြုလုပ်ရန် အစီအစဉ်မရှိပေ။

ကောင်းကျူမင်းကဲ့သို့ အဆင့်ရှိလူတစ်ယောက်အား သတ်ရန်အတွက် ထိုကဲ့သို့သော နည်းလမ်းကို အသုံးပြုလိုက်ပါက ပြင်းထန်သော တန်ပြန်တိုက်ခိုက်ခြင်းကို ခံရမည်သာမက ဤအပြုအမူမျိုးသည် ရှက်ဖွယ်ကောင်းလေသည်။

ယဲ့ဖန်၏ ဂုဏ်သတင်းသည် အနာဂတ်တွင် ပျက်စီးသွားပေလိမ့်မည်။

အကြောင်းမှာ ယဲ့ဖန်သည် စကားဖြင့်မပြောနိုင်သော စည်းကမ်းအချို့ကို ချိုးဖောက်လိုက်သောကြောင့်ဖြစ်သည်။

ဤကဲ့သို့ ခြုံခိုတိုက်ခြင်းကို စဖွင့်လိုက်သည်နှင့် ယန်းချန်မြို့မှာရှိသည့် စီးပွားရေးလုပ်သူတိုင်း မလုံခြုံသလို ခံစားလာရပေမည်။

စားသောက်ရင်း၊ အိပ်နေရင်းဖြင့် ရုတ်တရက် ကျောနောက်မှ ဓားအထိုးမခံချင်ကြပေ။

ထို့ကြောင့် သူ့ကို သူတို့အားလုံး အတူတူပေါင်းပြီး တိုက်ခိုက်ကြမည်မှာ သေချာသည်။

အားလုံးကို ခြုံပြောရလျှင် ဤအချိန်တွင် သတ်လိုက်ခြင်းက ဖြစ်နိုင်ချေ အဆိုးဆုံး ဖြေရှင်းချက်ဖြစ်သည်။

မလိုအပ်ရင် လုံးဝမသုံးသင့်ချေ။

ငြိမ်သက်နေသော ကျူးရှောင်ကျောင်းနှင့် နှိုင်းယှဉ်ပါက သူမသည် ကြောက်ရွံ့နေမှန်း သိသာသည်။

သူမသည် ရန်သူများ၏ မျက်လုံးများအောက်တွင် စိတ်လှုပ်ရှားနေသည်။

ဤအပိုင်းသည် စိတ်ပိုင်းဆိုင်ရာ အရည်အသွေး စမ်းသပ်မှုတစ်ခုဖြစ်သည်။

ချွမ်

သူမသည် အလွန်အမင်း တုန်လှုပ်သွားကာ မတော်တဆ တူတစ်စုံကို တိုက်ချမိသွားသည်။

သူမဘေးနားရှိ အိမ်စောင့်အမျိုးသမီးက ချက်ချင်း ဆူပူလေသည်။

" နင် နမော်နမဲ့ နိုင်လိုက်တာ။ ဝူဝေ့ကျိုင်က နင့်လိုလူကို ဘာလို့ ပို့ရတာလဲ။ ငါ နင့်ရဲ့ သူဌေးကို နောက်မှ တိုင်ဦးမယ် ...... "

ကျူးရှောင်ကျောင်း ခေါင်းငုံ့ပြီး အသံမထွက်ရဲပေ။

သူမ၏ နှလုံးသားသည် လည်ချောင်းထဲတွင် ရောက်နေပြီဖြစ်သည်။

ယဲ့ဖန်၏ လက်သည် ဓားကို တိတ်တဆိတ် လှမ်းထိလိုက်သည်။

သူသည် ပတ်ဝန်းကျင်ကို စောင့်ကြည့်နေမိသည်။

မိသွားလျှင်ပင် အနည်းဆုံးအနေဖြင့် အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်ရမည်။

ထိုအချိန်တွင် ကောင်းကျူမင်းသည်လည်း ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို အာရုံရောက်လာခဲ့သည်။

" အိမ်တော်ထိန်းလီ၊ ဒါက အသေးအမွှားကိစ္စပဲ။ စိတ်ရှုပ်စရာတွေ ကြီးကြီးကျယ်ကျယ် လုပ်မှ ရမှာလား။ ရုကျင်းနဲ့ ငါ့ရဲ့ ဖယောင်းတိုင်မီး ညစာစားပွဲကို ဖျက်ဆီးဖို့ကြိုးစားနေတာလား "

သူ၏ အပြစ်တင်သံကို ကြားနောက် အိမ်တော်ထိန်းလီသည် အလွန်ထိတ်လန့်သွားပြီး ချက်ချင်း တောင်းပန်ခဲ့သည်။

ကောင်းကျူမင်းသည် သူမကို စိုက်ကြည့်ပြီးနောက် ရေကန်ဆီသို့ ပြန်လှည့်သွားသည်။

ကျူးရှောင်ကျောင်း သက်ပြင်းတစ်ချက်ချလိုက်သည်။

သူမ၏ လက်ဖဝါးများသည် ချွေးများဖြင့် ရွှဲစိုသွားသည်။

ထိုအခိုက်အတန့်တွင် ယဲ့ဖန်သည် လမ်းလျှောက်လာကာ သူမ၏ပုခုံးကို ပုတ်ပေးလိုက်သည်။

" စိတ်မလှုပ်ရှားနဲ့။ ဒါက ကြီးကြီးမားမားကိစ္စ မဟုတ်ဘူး "

ကျူးရှောင်ကျောင်း ခေါင်းညိတ်ပြလိုက်သော်လည်း သူမ အနည်းငယ်ရှက်သွားသည်။

သူမကြောင့် သူတို့ကို ဖော်ထုတ်မိသွားလျှင် ပိုပြီး အပြစ်ရှိသလို ခံစားရပေလိမ့်မည်။

ထိုအချိန်၌ ရေကူးကန်ထဲမှ အမျိုးသမီးက ရေကူးပြီး ထွက်လာသည်။

နှစ်ယောက်သား ချက်ချင်းလှည့်ကြည့်လိုက်မိပြီး သူတို့မျက်လုံးတွေက သူမဆီကို စိုက်ကြည့်မတတ် ဖြစ်သွားသည်။

ကြည်လင်သောရေတွင် ကြာပန်းပွင့်ရခြင်း၏ အဓိပ္ပါယ်ကို ယခုမှ ယဲ့ဖန် သိလိုက်သည်။

ထိုအမျိုးသမီးသည် မြေခွေးဆန်ဆန် မျက်နှာထားမျိုးရှိသည်။

မျက်နှာထား တည်နေချိန်မှာပင် တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်ကို ဆွဲဆောင်ရန် လုံလောက်လေသည်။

ပို၍ ရှားပါးသည်မှာ သူမ၏ ရုပ်အသွင်အပြင်ဖြစ်သည်။

နွားမတစ်ကောင်ကဲ့သို့ ကားကားစွင့်စွင့် ပုံသဏ္ဍာန်ရှိပြီး အတော်မကြီးသော်လည်း သူမ၏ ကောက်ကြောင်းများသည် ဂုဏ်ယူစရာ ကောင်းလောက်သည်။

ယခုအချိန်တွင် သူမသည် အနီရောင်ဘီကီနီကို ၀တ်ဆင်ထားသည်။

သူမရဲ့ ပြီးပြည့်စုံသည့် အသွင်သဏ္ဍာန်ကို လူတိုင်း မြင်တွေ့ခွင့်ရခဲ့သည်။

နေရာရှိ သက်တော်စောင့်များ၏ အသက်ရှုပြင်းသံကိုပင် ရှင်းလင်းစွာ ခံစားနိုင်လေသည်။

ယဲ့ဖန်သည်လည်း နှလုံးခုန်မြန်လာသည်ကို ခံစားရသည်။

ကောင်းကျူမင်းတွင် အငယ်အနှောင်းများစွာ ရှိသော်လည်း သူသည် ကျန်းရုကျင်းအပေါ်၌ လွန်စွာ သဘောထားကြီးသူဖြစ်သည်။

သူ၏ လျှို့ဝှက်ချက်တွေကိုပင် ပေးထားသည်။

သူမ၏ အရည်အချင်းအပြင် သူမရုပ်ရည်နှင့် အသွင်အပြင်မှာလည်း သက်ဆိုင်နေနိုင်သည်။

" ဘာကြည့်နေတာလဲ။ မြန်မြန်ထားပြီးရင် ထွက်သွားကြ "

ထိုအချိန်တွင် အိမ်တော်ထိန်းလီသည် အလွန်စိတ်ပျက်စရာကောင်းသည့်ပုံစံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

ယဲ့ဖန်သည် ထိုအဘွားကြီးကြောင့် ပြောစရာစကားပျောက်သွားရသည်။

အခြေအနေမဆိုးလျှင် သေချာပေါက် သင်ခန်းစာပေးချင်မိသည်။

သို့သော် သူ့ဒေါသကို လောလောဆယ်တွင် ထိန်းထားရခဲ့သည်။

ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို ဆွဲထုတ်ပြီး လှည့်ထွက်သွားသည်။

" အခု ငါတို့ ဘာလုပ်သင့်လဲ။ ငါတို့ တကယ် ထွက်သွားတော့မှာလား "

ကားထဲသို့ဝင်ပြီးနောက် ကျူးရှောင်ကျောင်းသည် ယဲ့ဖန်ကို စိုးရိမ်တကြီး ကြည့်နေသည်။

ယဲ့ဖန်က ပြန်မဖြေသော်လည်း သူ့မျက်နှာတွင် ယုံကြည်ချက်ရှိသည့် အရိပ်အယောင်ရှိနေသည်။

ခပ်ဝေးဝေးသို့ မောင်းနှင်လာပြီးနောက် ရုတ်တရက် ကားကို ရပ်လိုက်ပြီး ညာဘက်သို့ ညွှန်ပြလိုက်သည်။

" ခုနက ဝင်လာတုန်းက သတိထားမိတာ။ အဲ့ဒီမှာ လျှို့ဝှက်တံခါးရှိတယ်။ မင်း ဒီကနေဆင်းပြီး အရင်ပုန်းနေလိုက်။ အစောင့်တွေကို စိတ်ရှုပ်အောင် လုပ်ဖို့အတွက် ကားကို မောင်းထုတ်လိုက်မယ် ........ "

ကျူးရှောင်ကျောင်းသည် သူ၏ အစီအစဉ်များကို ဂရုတစိုက် နားထောင်ခဲ့သည်။

သူမ၏ မျက်လုံးများ တောက်ပနေခဲ့သည်။

တံခါးကို တွန်းဖွင့်ပြီး ကားထဲမှ ဆင်းသည်။

ပုန်းနေရန် ချုံပုတ်တစ်ခုကို သူမ တွေ့လိုက်သည်။

ထိုအချိန်တွင် ယဲ့ဖန်သည် အစားအသောက် ပို့ဆောင်ရေးကားကို ဗီလာထဲမှ မောင်းထုတ်လာသည်။

" ထမင်းဘယ်လိုလဲ "

တံခါးဝတွင် အစောင့်နှစ်ယောက်က တားထားသဖြင့် ယဲ့ဖန် လှမ်းမေးလိုက်သည်။

" မဆိုးပါဘူး၊ ကျေးဇူးတင်တယ် "

အရပ်ရှည်သော အစောင့်က ဝတ်ကျေတန်းကျေပြောပြီး ခရီးသည်ထိုင်ခုံကို စိုက်ကြည့်လိုက်သည်။

" မင်းအဖော်က ဘယ်မှာလဲ "

ယဲ့ဖန်က နောက်ခုံကို ညွှန်ပြလိုက်သည်။

" သူ အရမ်းပင်ပန်းနေပြီမလို့ နောက်ထိုင်ခုံမှာ အိပ်ပျော်နေတယ် "

အစောင့်သည် အလွန်သတိထားပြီး စစ်ဆေးရန် အနောက်ဘက်သို့ ချက်ချင်းလှည့်သွားသည်။

ထိုအချိန်တွင် အနက်ရောင် Audiကားတစ်စီး ရုတ်တရက် ဖြတ်ကျော်သွားသည်။

ရှေ့မီးများက တောက်ပနေတာကြောင့် အားလုံး မျက်စိကျိန်းသွားရသည်။

ထိုအခါ အစောင့်နှစ်ယောက်၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားကာ ယဲ့ဖန်အား အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်ကြသည်။

" မြန်မြန်ထွက်သွား၊ မြန်မြန်ထွက်သွား ...... "

ယဲ့ဖန်သည် ကားကို အမြန်နှိုးလိုက်ပြီး အနက်ရောင်ကားကို ကျော်ဖြတ်လိုက်သည်။

အနက်ရောင်ကား၏ အဖြူရောင် လိုင်စင်နံပါတ်ပြားကို ကြည့်လိုက်ကာ ယဲ့ဖန်မျက်လုံးထဲတွင် ထူးဆန်းသော အကြည့်တစ်ခု ပေါ်လာသည်။

All Chapters