← Chapters

အပိုင်း ၆၆၉-၆၇၂

Vol. 34 Ch. 669-672

အပိုင်း ၆၆၉-၆၇၂

Vol. 34 Ch. 669-672

အပိုင်း ( ၆၆၉ )

မိန်းမစိုး

ယဲ့ဖန်သည် ကားကို လျှို့ဝှက်ထောင့်တစ်ခုသို့ မောင်းလာလိုက်ပြီး ကားပေါ်မှဆင်းကာ ပြန်လာခဲ့သည်။

ကျူးရှောင်ကျောင်းသည် ဘေးတံခါးကို နှစ်ချက်ခေါက်လိုက်ပြီး အတွင်းမှ တံခါးကို အမြန်ဖွင့်ပေးလိုက်သည်။

သူတို့နှစ်ဦးသည် အလုပ်ဝတ်စုံများကို အမြန်ပြောင်းကာ ညအမှောင်အောက်မှ အိမ်နောက်ဖေးသို့ ပြန်လာခဲ့ကြသည်။

ထိုအချိန်တွင် ကျန်းရုကျင်းသည် အရက်မူးပြီး အိပ်ငိုက်နေပြီဖြစ်သည်။

သူမသည် ကောင်းကျူမင်း၏ ရင်ခွင်ထဲတွင် လှဲနေပြီး ချိုမြိန်သောစကားများ ပြောနေသည်။

သက်တော်စောင့်များနှင့် အစေခံများသည် သူတို့နှစ်ဦးကို မနှောင့်ယှက်ရန် အဝေးတွင်သာ ရပ်နေကြသည်။

" ဟားဟားဟား၊ ရုကျင်း။ မင်း အလုပ်ကောင်းကောင်းလုပ်ခဲ့တယ်။ လာ၊ ငါ မင်းကို ထပ်ပြီး ဂုဏ်ပြုပေးမယ် "

ကောင်းကျူမင်းသည် သူ့ဖန်ခွက်ကို မြှောက်လိုက်ပြီး ကျန်းရုကျင်းကို တစ်ကျိုက်တည်း သောက်အောင် ဦးဆောင်ပေးလိုက်သည်။

သို့သော် ကောင်းကျူမင်းမှာတော့ သောက်ပြီးသည်နှင့် ပါးစပ်ကို သုတ်လိုက်ရန် လက်ကိုင်ပုဝါကို ချက်ချင်း ထုတ်လိုက်သည်။

ထိုပုံစံကို ယဲ့ဖန် မြင်လိုက်သော်လည်း အမှန်တကယ်တွင် သူသည် ပါးစပ်ထဲမှ ဝိုင်တွေအားလုံးကို လက်ကိုင်ပုဝါထဲသို့ ထွေးထုတ်ပစ်လိုက်ခြင်း ဖြစ်သည်။

ကျန်းရုကျင်းသည် သူ့ရင်ခွင်ထဲတွင် လှဲလျောင်းနေသည်။

ကောင်းကျူမင်း၏ လုပ်ရပ်ကို မြင်သည်လား မသိသော်လည်း ဝိုင်တစ်ခွက်လုံးကို နာခံစွာ သောက်နေသေးသည်။

နှစ်ယောက်သား အချိန်အတော်ကြာအောင် သောက်လိုက်ကြသည်။

ကျန်းရုကျင်းသည် ကြာကြာမထိန်းနိုင်ဘဲ ကောင်းကျူမင်း၏ ရင်ခွင်ထဲတွင် အိပ်ပျော်သွားတော့သည်။

ကောင်းကျူမင်းသည် ဝိုင်ဖန်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး သူမခါးကနေ ပွေ့မြှောက်လိုက်သည်။

" မင်းတို့ ငါ့နောက်ကို လိုက်ဖို့ မလိုဘူး "

သူသည် သူ့လက်အောက်ငယ်သားတွေကို အမိန့်ပေးပြီး ကျန်းရုကျင်းကို အိမ်ကြီးဆီသို့ ခေါ်သွားလိုက်သည်။

ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို အမြန်ဆွဲထုတ်ပြီး သူတို့နောက်ကို လိုက်သွားခဲ့သည်။

ကောင်းကျူမင်း၏ အိမ်ကြီးသည် ခြံဝင်းထဲတွင် နေရာသိပ်မယူပေ။

အထပ်နှစ်ထပ်သာရှိသော်လည်း တောက်ပြောင်သောပုံစံဖြင့် အလှဆင်ထားသည်။

အသေးစိတ်အချက်အလက်တိုင်းကို စေ့စေ့စပ်စပ် ဖန်တီးထားသည်ကို မြင်နိုင်သည်။

ကံကောင်းထောက်မစွာဖြင့် အစောင့်များအား သူ့နောက်မှ လိုက်မလာရန် ပြောဆိုခဲ့သဖြင့် ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည် ပေါ်ပေါ်ထင်ထင် လိုက်နိုင်ခဲ့ကြသည်။

ကောင်းကျူမင်းက ရပ်မသွားဘဲ ကျန်းရုကျင်းကို ဒုတိယထပ်သို့ သယ်ဆောင်သွားကာ အိပ်ခန်းထဲသို့ ဝင်သွားသည်။

ကျူးရှောင်ကျောင်း တုံ့ဆိုင်းသွားသည်။

" ငါတို့ရော သူတို့နောက်ကို လိုက်ရမှာလား "

သူတို့သည် အိပ်ခန်းထဲသို့ ဝင်သွား၍ သီးသန့် တစ်ခုခု လုပ်ချင်တာ ဖြစ်လိမ့်မည်။

ထို့ကြောင့် သူတို့နောက်ကိုလိုက်ရန် မသင့်တော်ဘူးဟု ထင်လေသည်။

ယဲ့ဖန်လည်း အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။

ကောင်းကျူမင်းတွင် ထူးခြားတဲ့ ဝါသနာတစ်ခုရှိခဲ့လျှင်ပင် အဲ့တာ သူ့ကို ချနင်းရန် အသုံးမဝင်လောက်ချေ။

သူသည် အခြားသူများ၏ ကိုယ်ရေးကိုယ်တာဘဝထဲသို့ ဝင်ပါရန် စိတ်မဝင်စားပေ။

သူတို့နှစ်ယောက် တုံ့ဆိုင်းနေချိန်မှာပင် အိပ်ခန်းထဲမှ ကောင်းကျူမင်းက တံခါးကိုတွန်းဖွင့်ပြီး ထွက်လာခဲ့သည်။

ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို မှောင်နေသည့်ထောင့်တစ်ခုသို့ အမြန်ဆွဲထုတ်လိုက်ပြီး တိတ်တဆိတ် စောင့်ကြည့်လိုက်သည်။

ကောင်းကျူမင်းသည် အောက်ထပ်သို့ အလျင်အမြန် လျှောက်သွားပြီး ဗီလာထဲမှ ထွက်သွားသည်ကို သူ သတိပြုမိသည်။

ထို့အပြင် သူသည် အနည်းငယ် စိတ်ရှုပ်နေပုံရသည်။

ထိုအချက်က ချက်ချင်းပင် သူတို့နှစ်ယောက်ကို အံ့သြသွားစေသည်။

အဓိကမှာ သူသည် တည်နေရာကို သိုဝှက်စွာ ထားရှိသည့်အပြင် အိပ်ခန်းထဲသို့ ဝင်ပြီးတာတောင်မှ ဘာမှမလုပ်ဘဲ ရုတ်တရက် ပြန်ထွက်သွားလေသည်။

ယဲ့ဖန်သည် တစ်ခုခုမှ မသင်္ကာစရာ အရာတစ်ခု ဖြစ်နေသည်က်ု မသိစိတ်က ခံစားလိုက်ရသည်။

" သွားကြရအောင် "

သူသည် ကျူးရှောင်ကျောင်းကို ဒုတိယထပ်သို့ ဆွဲခေါ်သွားပြီး အိပ်ခန်းထဲသို့ အမြန်ဆွဲဝင်လိုက်သည်။

ကျန်းရုကျင်းသည် ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။

သူမကို စောင်ဖြူတစ်ထည်နှင့် ဖုံးထားသည်။

စောင်သည် သူမ၏ ဆွဲဆောင်မှုရှိသော ကောက်ကြောင်းများကို ပြသနေသည်။

သူမ၏ ရှည်လျားပြီး လှပသော ခြေတံနှစ်ချောင်းကို ပေါ်လွင်စေပြီး ကြည့်မိသူတိုင်း၏ မျက်လုံးကို ဖမ်းစားစေနိုင်သည်။

ယဲ့ဖန်သည် သူ့တံတွေးကို မျိုချရုံသာ တတ်နိုင်တော့သည်။

ထိုအမျိုးသမီး၏ အသွင်အပြင်သည် ချန်းရွှမ်နှင့် ကျူးရှောင်ကျောင်းတို့ထက် အဆင့်နိမ့်သေးသော်လည်း ယခု ပြသနေသော ဆွဲဆောင်မှုရှိသည့် ဟန်ပန်က တကယ်ပင် ညှို့ငင်အား ပြင်းလွန်းသည်။

ကျူးရှောင်ကျောင်းက သူ့ကို စိုက်ကြည့်နေလေသည်။

" ဘာကြည့်နေတာလဲ။ ကြည့်နေရင်း နင့်မျက်လုံးတွေလည်း ပေါက်ထွက်လာဦးမယ်။ ဒီကမ္ဘာမှာ ယောက်ျားကောင်းဆိုတာ မရှိဘူးဘဲ "

ယဲ့ဖန်သည် ချက်ချင်း သူ့အကြည့်ကို ဖယ်လိုက်သည်။

သူ့ကိုယ်သူသာ အပြစ်တင်နေမိသည်။

သို့သော် ကျူးရှောင်ကျောင်းက နောက်ထပ်လုပ်လိုက်သည့်အရာက သူ့မျက်လုံးများ ပွင့်ထွက်သွားစေသည်။

သူမသည် ကုတင်ဘေးသို့ လှမ်းသွားလိုက်ပြီး ကျန်းရုကျင်း၏ ရှည်လျားသော ခြေတံများကို လှမ်းပွတ်လိုက်သည်။

" ဝါး၊ အရမ်းကို နူးညံ့နေတာပဲ ...... "

ယဲ့ဖန် သွေးအန်ထွက်မတတ် ဖြစ်သွားသည်။

" ငါကျတော့ ကြည့်လို့မရပေမယ့် မင်းကတော့ တန်းထိလို့ရတယ်လား "

ကျူးရှောင်ကျောင်းက သူ့ကို စူးစူးရဲရဲ ပြန်စိုက်ကြည့်နေသည်။

" မိန်းကလေးတွေ လုပ်နိုင်ပေမယ့် ယောက်ျားလေးတွေ မလုပ်နိုင်တဲ့ အရာတွေရှိတယ်။ ယောက်ျားကို နှောင့်ယှက်တဲ့မိန်းမတွေက ဆွဲဆောင်တာလို့ ခေါ်ပြီးတော့ အခွင့်ကောင်းတဲ့ ယောက်ျားတွေကျ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာလို့ ခေါ်တယ် နားလည်လား "

ယဲ့ဖန် မတရားသလို ခံစားလိုက်ရသည်

" မင်းက လိင်ခွဲခြားနေတာပဲ "

ကျူးရှောင်ကျောင်းက သူ့ကို အမြင်ကပ်စွာ ကြည့်နေသည်။

" နောက်ထပ် မဟုတ်တဲ့စကားတွေ ပြောနေရင် ငါနင့်ကို လက်သီးနဲ့ ပိတ်ထိုးတော့မယ် "

ယဲ့ဖန်သည် ချက်ချင်းပင် လည်ပင်းကို ကျုံ့လိုက်သည်။

သူမ၏လက်ချက်က တခြားလက်ချက်များနှင့် မတူပေ။ ဘယ်သူမဆို ကြောက်ကြလိမ့်မည်။

ထို့နောက် သူတို့ ရုတ်တရက် ခြေသံကြားလိုက်ရသည်။

ယဲ့ဖန်သည် ကျူးရှောင်ကျောင်း၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး သူ့ဘေးမှ ဘီရိုကို ဆွဲဖွင့်ကာ အထဲတွင် ပုန်းနေလိုက်သည်။

သူတို့သည် အလျင်လိုနေသောကြောင့် အတော်ကျဉ်းသော နေရာထဲ၌ သူတို့၏ ခန္ဓာကိုယ်တွေက ထိကပ်နေသည်။

ကျူးရှောင်ကျောင်း၏ အကြားအာရုံသည် သူ့လောက် မကောင်းပေ။

သူမသည် ဘာဖြစ်သွားသည်ကို မသိဘဲ အလိုလျောက် ရုန်းကန်နေခဲ့သည်။

" နင် ....... "

" ရှူး ......... '

ယဲ့ဖန် သူမပါးစပ်ကို အမြန်ပိတ်လိုက်သည်။

ထိုအချိန်တွင် အပြင်ဘက်မှ ကောင်းကျူမင်း၏ အသံကို ကြားလိုက်ရသည်။

" စိတ်မပူပါနဲ့။ သူမကို မူးအောင် တိုက်ထားပြီးပါပြီ "

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အချင်းချင်း မျက်လုံးထဲမှ ရှုပ်ထွေးနေသည့်အကြည့်ကို တွေ့လိုက်ရသည်။

ကောင်းကျူမင်းက ဘယ်သူနဲ့ စကားပြောနေတာလဲ။

ဘီရိုထဲတွင် လေဝင်ရန် ထားရှိသော အပေါက်လေးများမှတစ်ဆင့် အဝေးရှိ အပြင်ဘက်မြင်ကွင်းကို ဝေဝါးစွာ မြင်နိုင်သည်။

နှစ်ယောက်သား ချက်ချင်း မျက်နှာချင်းဆိုင်ပြီးနောက် အပြင်ကို ကြည့်လိုက်ကြသည်။

ကောင်းကျူမင်းသည် လူလတ်ပိုင်းတစ်ဦးကို အိပ်ခန်းထဲသို့ ခေါ်ဆောင်လာသည်ကို တွေ့လိုက်ရသည်။

ထိုလူသည် သူတို့အား နောက်ကျောပေးထားသောကြောင့် သူ၏ရုပ်ရည်သွင်ပြင်ကို အတိအကျမမြင်နိုင်ပေ။

သို့သော် ထိုအမျိုးသားသည် အလွန်ခေတ်မီသော အဖြူရောင်လက်တိုအင်္ကျီနှင့် အနက်ရောင်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။

သူသည် ဗိုက်ပူပူနှင့် လူလတ်ပိုင်းအရွယ် ယောက်ျားကြီးတစ်ယောက် ဖြစ်လေသည်။

" မဆိုးပါဘူး၊ ရှောင်ကောင်း မင်းက မဆိုးဘူးဘဲ ...... "

ထိုလူသည် ကုတင်ပေါ်မှ ကျန်းရုကျင်းကို စိုက်ကြည့်ကာ ကောင်းကျူမင်း၏ ပုခုံးကို ကျေနပ်စွာ ပုတ်လိုက်သည်။

ယဲ့ဖန်သည် ထိုမြင်ကွင်းကို မြင်သောအခါ သူသည် ထူးခြားစွာဖြင့် တစ်စုံတစ်ရာကို ချက်ချင်း ခံစားလိုက်ရသည်။

ထို့ကြောင့် သူ့ဖုန်းကို အမြန်ထုတ်လိုက်ပြီး ဘီရိုထဲမှ အပေါက်လေးများမှတစ်ဆင့် ကင်မရာဖြင့် ချိန်ရွယ်ကာ ရိုက်ကူးဖမ်းယူလိုက်သည်။

အပြင်လူတွေရှေ့တွင် ဟိတ်ဟန်များပြီး ခွန်အားကြီးသည့် ကောင်းကျူမင်းသည် ထိုလူအရှေ့တွင် ခွေးတစ်ကောင်သာသာဖြစ်သည်။

ထိုလူ၏ ချီးမွမ်းခြင်းကို ခံရပြီးနောက် သူသည် ချက်ချင်းပင် ဂုဏ်ယူကျေနပ်သော အမူအရာကို ပြသခဲ့သည်။

" သခင်ကြီး၊ ကျွန်တော် မင်းအတွက် စိတ်ကြွဆေးနဲ့ ကွန်ဒုံးတွေ ပြင်ဆင်ထားပြီးပါပြီ။ ကျေးဇူးပြုပြီး ဖြည်းဖြည်းချင်း ခံစားပါ "

ထိုလူက ရုတ်တရက် သူ့ကို တားလိုက်သည်။

" ရှောင်ကောင်း၊ မင်းရဲ့မိန်းမကို ငါက ဒီလိုလုပ်တာ မင်းမှာ ငြင်းဆန်ချင်တာမျိုး မရှိဘူးလား "

ကောင်းကျူမင်းသည် ချက်ချင်း ပါးနပ်သော အပြုံးကို ထုတ်ဖော်လိုက်သည်။

" မိန်းမတွေက ကစားဖို့ပါပဲ။ သခင်ကြီးက သူမကို ကစားပေးတာကတောင် သူမရဲ့ အကြီးမားဆုံး ကောင်းချီးဖြစ်မှာပါ။ ပြီးတော့ သခင်ကြီး မေ့သွားပြီလား။ အဲ့ဒီ ကဏ္ဍတွေမှာ ကျွန်တော့်ရဲ့ အရည်အချင်းတွေကို ဆုံးရှုံးနေပါပြီ။ ဒီလောက်လှတဲ့ မိန်းမကိုတောင် စိုက်ကြည့်နေလို့ပဲ ရတာပါ "

ထိုလူက ချက်ချင်း ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

" ဟားဟားဟား၊ မင်းက အခု မိန်းမစိုးဖြစ်နေပြီဆိုတာ ငါ မေ့သွားတယ်။ ဟားဟားဟား ...... "

ကောင်းကျူမင်းသည့် သူ့ကို ယောက်ျားတစ်ယောက်က 'မိန်းမစိုး'ဟု ခေါ်လိုက်သော်လည်း သူက လုံးဝ စိတ်ပျက်မသွားချေ။

" ဟုတ်တယ်၊ ဟုတ်တယ်။ အရင်တုန်းက အဲ့ဒီအရူးလိုမိန်းမက ကျွန်တော့်ကို ဆေးထိုးပြီး တစ်သက်လုံး မသန်မစွမ်းဖြစ်ခဲ့ရတယ်။ ကျွန်တော် သူမကို ခုတ်ထစ်ပြီး ငါးစာကျွေးလိုက်ပေမယ့် ရင်ထဲက အမုန်းတွေကို မဖြေရှင်းနိုင်သေးဘူး "

ထိုလူက ခေါင်းညိတ်လိုက်သည်။

" ဒီတစ်ခါတော့ ထွက်မသွားနဲ့။ ဘေးနားမှာပဲစောင့်။ အချိန်တိုင်း သူမက ငါးသေလို မူးနေတော့ တစ်ချို့လှုပ်ရှားမှုတွေက သိပ်ပြီးအဆင်မပြေဘူး။ မင်း သူမအနားကနေ ကူညီပေး "

ကောင်းကျူမင်းသည် တခဏမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် သူ မငြင်းရဲပေ။

" ဟုတ်ကဲ့၊ သခင်ကြီးဘေးမှာ ရပ်စောင့်နေပါ့မယ် "

ထိုလူက တခြားဘာမှ ထပ်မပြောဘဲ သူ့အဝတ်အစားများကို ချွတ်လိုက်သည်။

အပိုင်း ( ၆၇၀ )

နင် ငါ့ကိုပြောစရာ မရှိဘူးလား။

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြန်သည်။

နှစ်ယောက်လုံး၏ မျက်လုံးထဲတွင် ထိတ်လန့်မှုကို မြင်နေရသည်။

အပြင်မှ လူနှစ်ယောက်၏ စကားဝိုင်းမှ အချက်အလက်တွေက သူတို့နှစ်ယောက်ကို မေးရိုးပြုတ်ကျမတတ် အံ့အားသင့်စေခဲ့သည်။

သူတို့ကိုယ်တိုင် မျက်စိနှင့် မမြင်ခဲ့ဘူးဆိုလျှင် ချောင်ရှင်းဂိုဏ်း၏ သူဌေး ကောင်းကျူမင်းသည် အမှန်တွင် မိန်းမစိုးကဲ့သို့ ဖြစ်နေသည်ကို သူတို့ ဘယ်တော့မှ ယုံမည် မဟုတ်ချေ။

သူသည် သူ့မိန်းမကို အခြားယောက်ျားနှင့် ပျော်မြူးစေရန် တမင်တကာ အရက်မူးအောင် တိုက်ခဲ့သည်။

ကောင်းကျူမင်းကဲ့သို့ အင်အားရှိသည့် သူမျိုးပင်မဆိုထားဘိ သာမာန်အမျိုးသားများအတွက်ပင် ဤအရာမျိုးသည် စိတ်ကူးယဉ်နိုင်စရာ မရှိချေ။

" အရှက်မရှိလိုက်တာ "

ကျူးရှောင်ကျောင်း ပါးစပ်လှုပ်ရုံ ပြောလိုက်သည်။

သူမ ရှက်ရွံ့ဒေါသထွက်နေသည်ကို မြင်နိုင်သည်။

ကောင်းကျူမင်း၏ လုပ်ရပ်များသည် အရှက်ကင်းမဲ့ပြီး အောက်တန်းကျသော ကန့်သတ်ချက်ကိုပင် ကျော်သွားပြီဖြစ်သည်။

အဲဒီ့ကိစ္စတွေမှာ မစွမ်းဆောင်နိုင်ရင်တောင်မှ ကိုယ့်ရဲ့မိန်းမကို အဲ့လို မဖျက်ဆီးသင့်ဘူး။

" ငါတို့ အပြင်ထွက်ပြီး သူတို့ကို တားသင့်လား "

ခဏအကြာတွင် ကျူးရှောင်ကျောင်းမှ တိုးတိုးလေး မေးသည်။

ယဲ့ဖန် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။

ပထမဆုံးအနေနှင့် ကောင်းကျူမင်း၏ ရင်းနှီးကျွမ်းဝင်နေပုံအရ သူ ဒီလိုမျိုးလုပ်တာ ပထမဆုံးအကြိမ် မဟုတ်လောက်ချေ။

ကျန်းရုကျင်းသည် သူမ အခင်ဆုံးသူငယ်ချင်းကို ပြောသည့်အတိုင်း ကောင်းကျူမင်းက သူမကို အမြဲတမ်း မူးပြီးအိပ်ပျော်သွားအောင်အထိ တိုက်လေ့ရှိသည်မှာ ထိုသက်လတ်ပိုင်းလူမှ လုပ်သည့်အခါ လွယ်ကူစေရန် ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် ကောင်းကျူမင်းသည် ဤလူလတ်ပိုင်းကို အလွန်သတိထားနေသောကြောင့် ဤလူတွင် အားကောင်းသည့်နောက်ခံ ရှိရပေမည်။

အကယ်၍ သူတို့သာ အခုအချိန် အမြန်ထွက်သွားပါက ကျန်းရုကျင်းကို မကယ်တင်နိုင်သည့်အပြင် သူတို့နှစ်ယောက်သည် ကြီးမားသော ရန်သူအား နှိုးဆွရာ ရောက်သွားနိုင်သည်။

ထို့ကြောင့် အရာရာကို စဉ်းစားချင့်ချိန်ပြီးသည့် နောက်ဆုံးတွင် ယဲ့ဖန်သည် စောင့်ကြည့်ရန်သာ ဆုံးဖြတ်ခဲ့သည်။

ထိုအချက်များကို ကျူးရှောင်ကျောင်းလည်း သိသည်။

သူမသည် ခဏတာ ဒေါသဖြစ်ခဲ့သောကြောင့် မိုက်ရူးရဲဆန်စွာ လုပ်ချင်သော်လည်း ဒေါသကို ထိန်းထားနိုင်ခဲ့သည်။

ထိုအခိုက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကိုယ်လုံးတီးချွတ်ပြီး ကျန်းရုကျင်း၏ ခန္ဓာကိုယ်ပေါ်တက်၍ သူမကို ထိလိုက်သည်။

ကျူးရှောင်ကျောင်းသည် ထိုမြင်ကွင်းကြောင့် ရှက်ပြီး ရွံရှာသွားသည်။

သူမ အကြည့်ကို အမြန်လွှဲလိုက်သည်။

သို့သော် ယဲ့ဖန်ကတော့ အသေအချာကြည့်နေသည်။

အထူးသဖြင့် လူလတ်ပိုင်းအမျိုးသားသည် သူတို့ဘက်သို့ ခေါင်းလှည့်လာနေပြီဖြစ်သည်။

ထို့နောက် သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

" သူက ....... "

ချက်ချင်း အံ့အားသင့်သော အကြည့်ပေါ်လာသည်။

ထိုလူသည် ရုပ်မြင်သံကြားဌာနများတါ့င် ဂုဏ်သိက္ခာရှိပြီး ဖြောင့်မတ်သော အသွင်အပြင်ဖြင့် ပေါ်လာလေ့ရှိသည်။

ကောင်းကျူမင်းသည် သူ့မိန်းမကိုပင် စတေးပြီး ထိုလူကို ခယနေသည်မှာ အံ့သြစရာမရှိတော့ချေ။

ထိုအချက်တွေအားလုံးကို ရှင်းပြပြီးသား ဖြစ်သွားသည်။

ကျန်းရုကျင်းကို ကယ်မည့်အကြံသည် ကလေးဆန်လွန်းသည်ဟု ထင်ရသည်။

သူ့ရှေ့မှ ဒီအကောင်ကြီးသည့်လူသည် ရီမိသားစု၏ ကျောထောက်နောက်ခံအစစ် ဖြစ်ကောင်းဖြစ်နေနိုင်သည်။

ယဲ့ဖန် မထိန်းနိုင်ဘဲ တုန်လှုပ်ချောက်ချားသွားသည်။

ကံကောင်းထောက်မစွာဖြင့် သူသည် အလျင်စလို ဟီးရိုးဝင်မလုပ်ခဲ့ပေ။

မဟုတ်ပါက ဘယ်သူမှ သူ့ကို ကယ်နိုင်မှာ မဟုတ်ချေ။

ရှုချန်းမင်းသည် ...... အနည်းငယ် ကူညီနိုင်သော်လည်း သူ့အတွက်နှင့် ဤကဲ့သို့အကောင်ကြီးကို စော်ကားနိုင်မလားဆိုတာ ပြောဖို့ခက်လေသည်။

နောက်ဆက်ဖြစ်နေသည့် မြင်ကွင်းများမှာ အတော်လေး ညစ်ပတ်လေသည်။

ကောင်းကျူမင်းသည် ဘေးမှာရပ်ပြီး ကူညီနေသည်။

ကျူးရှောင်ကျောင်းသည် သူမ၏ မျက်လုံးများကို ထိန်းချုပ်ပြီး ညစ်ညမ်းသောမြင်ကွင်းကို မကြည့်ဘဲနေသော်လည်း အပြင်ဘက်မှ ဖြစ်နေသည်များကို ကြားနေရသေးသည်။

သူမနားကို ဖုံးထားလျှင်တောင်မှ အသံတွေ ဆက်တိုက်ထွက်နေပြီး သူမမျက်နှာ နီရဲလာပြီး နှလုံးခုန်သံတွေ ပြင်းလာသည်။

ယဲ့ဖန်သည်လည်း သံမဏိလူသားမဟုတ်ချေ။

ဤကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်နေသည်ကို ကြည့်မိသည့် သာမန်ယောက်ျားတိုင်း ငြိမ်နေနိုင်မှာ မဟုတ်ပေ။

" နင် ....... "

ကျူးရှောင်ကျောင်း ဒေါသထွက်သွားသည်။

သူမတို့သည် ဘီရိုထဲတွင် ခန္ဓာကိုယ်ချင်း ပူးကပ်နေသောကြောင့် တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။

ချက်ချင်း တွန်းထုတ်လိုက်ချင်သော်လည်း ဆူဆူညံညံဖြင့် အပြင်ဘက်မှ လူနှစ်ယောက်ကို သတိပေးသလို ဖြစ်သွားမည်အား စိုးရိမ်နေသည်။

ယဲ့ဖန်သည် သူမအား တောင်းပန်နေသော အမူအရာဖြင့် ကြည့်ပြီး သူ၏ တောက်လောင်နေသော မီးတောက်လေးကို တတ်နိုင်သမျှ အမြန်ဆုံး ငြိမ်းသတ်ချင်နေသည်။

ယဲ့ဖန် ပိုပိုပြီး စိတ်လှုပ်ရှားလာသည်။

သူ့စိတ်ဆန္ဒများ ပြိုလဲမတတ် ဖြစ်နေပြီး ဖြစ်လာမည်များကို ဂရုမစိုက်ဘဲ သူ့ရှေ့မှ မိန်းကလေးကို ဝါးမြိုချင်သည့်အချိန်မှာပဲ အပြင်မှ လှုပ်ရှားမှုများက ပြီးဆုံးသွားတော့သည်။

ယဲ့ဖန်သည် ချက်ချင်း အာရုံပြန်ကပ်လာသည်။

ပြီးသွားပြီလား။

ထိုလူသည် 'Seado-Maru' စိတ်ကြွဆေးပြားအနည်းငယ်ကို သောက်လိုက်သည်ကို သတိရမိသည်။

ထို့ကြောင့် အပြင်းအထန်တိုက်ပွဲဖြစ်မည်ဟု သူ ထင်ခဲ့သော်လည်း လျင်မြန်စွာ ပြန်ဆုတ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ယဲ့ဖန် အချိန်ကို ကြည့်လိုက်သည့်အခါ တစ်မိနစ်တောင် မကြာလိုက်ချေ။

ဒီလူကြီးကတော့ ပင်ပန်းစွာ အလုပ်လုပ်ခဲ့ပြီး တစ်ကိုယ်လုံး အားကုန်သွားသလို ဖြစ်သွားသည်။

" ဟားဟားဟား၊ ငါလည်း ဟိုတလောကမှ အလုပ်တွေပိထားတော့ ပင်ပန်းနေတာ "

ထိုလူကြီးသည် ရှက်ရွံ့သလို ခံစားရပြီး အနည်းငယ် စကားကို လျှောက်ပြောနေသည်။

ကောင်းကျူမင်းက ချက်ချင်း ဦးညွှတ်ပြီး ရိုသေလေးစားစွာနှင့် ပြောသည်။

" သခင်ကြီးက လူတွေအတွက် ကြိုးစားနေရတဲ့သူပါ။ ပြည်သူတွေကိုပဲ တွေးမနေဘဲ ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ မျှော်လင့်ပါတယ် "

သူဌေးကြီးသည် သူ၏ မြှောက်ပင့်ပေးမှုကို အလွန်သဘောကျနေသည်။

သူသည် တစ်ရှူးအနည်းငယ်ကို ယူကာ သန့်စင်ပေးသည်။

ထို့နောက် သူ့အဝတ်အစားများကို စတင်ဝတ်ဆင်သည်။

" ဒါဆို ရှင်းဖို့ ဒီနေရာကို ငါထားခဲ့မယ်။ ငါအရင် ထွက်သွားရမှာမလား "

ကောင်းကျူမင်းက အမြန် ခေါင်းညိတ်လိုက်သည်။

" စိတ်မပူပါနဲ့။ ဒါကို ကျွန်တော့်ဆီ အပ်ထားခဲ့ပါ "

ကောင်းကျူမင်းက ပြောပြီးသည်နှင့် ထိုလူကြီးကို လိုက်ပို့သည်။

သူတို့နှစ်ယောက် ထွက်သွားပြီးနောက် ယဲ့ဖန် ကင်မရာကို ပိတ်လိုက်ပြီး ဘီရိုတံခါးကို တွန်းဖွင့်လိုက်သည်။

" မြန်မြန်သွားရအောင် "

ကျူးရှောင်ကျောင်းသည် ဘီရိုထဲတွင် မလှုပ်မယှက် ရှိနေသေးသည်ကို ယဲ့ဖန် သတိပြုမိလိုက်ပြီး အမြန်ဆွဲထူလိုက်သည်။

သို့သော် ကျူးရှောင်ကျောင်းက သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။

" နင် ........ နင်ငါ့ကို ပြောစရာမရှိဘူးလား "

ယဲ့ဖန်သည် သူမ၏ မေးခွန်းအတွက် အနည်းငယ်ရှက်သွားသည်။

" ငါတို့ထွက်သွားပြီးရင် မင်းကို သေသေချာချာ တောင်းပန်မယ်၊ ဟုတ်ပြီလား။ ကောင်းကျူမင်းက မကြာခင် ပြန်ရောက်လာတော့မယ်။ ငါတို့ အရင်ထွက်သွားလို့ရမလား "

ကျူးရှောင်ကျောင်းက သူပြောတာတွေကို နားမကြားသလို လှည့်လိုက်ပြီး မျက်လုံးတွေကလည်း နီရဲလာသည်။

" ယဲ့ဖန်၊ နင်က နှာဘူးကောင်ကြီး။ နင်ငါ့ကို ဘယ်လိုလုပ်ပေးနိုင်မှာလဲ ...... "

ယဲ့ဖန်သည် ချက်ချင်း ထိတ်လန့်သွားပြီး သူမကို နှစ်သိမ့်ရန် ကြိုးစားခဲ့သည်။

သို့သော် သူမကို ပိုနှစ်သိမ့်လေလေ မမလေးကျူးက ပိုကျယ်လောင်စွာ ငိုလေလေဖြစ်သည်။

ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာပြန်သည်။

ကောင်းကျူမင်း ပြန်လာသည်ကို ယဲ့ဖန်သိလိုက်သည်။

ကျူးရှောင်ကျောင်းအား ဘီရိုထဲမှ အမြန်ဆွဲထုတ်လိုက်သည်။

အခုထွက်ပြေးရန် အရမ်းနောက်ကျသွားပြီ ဖြစ်သည်။

အကြံတစ်ခုရပြီး သူမကို ကုတင်အောက်သို့ အမြန်ဆွဲသွင်းလိုက်သည်။

အပိုင်း ( ၆၇၁ )

ဒီမိန်းမက မိဖုရားထက်တောင် ပိုပြီးအမှုထမ်းရ ခက်သေးတယ်

ကျူးရှောင်ကျောင်းသည် ကောင်းကျူမင်း၏ ခြေသံကို ကြားသောအခါ သူမ ရုန်းကန်နေဆဲဖြစ်သည်။

ထို့ကြောင့် သူမ ကပျာကယာ ရပ်တန့်လိုက်သည်။

ကောင်းကျူမင်းသည် အိပ်ခန်းထဲသို့ ဝင်လာပြီး တံခါးဝတွင် ခဏရပ်လိုက်သည်။

ထို့နောက် သူဌေးကြီး ချန်ထားခဲ့သော အကြွင်းအကျန်များကို ဘာမှမပြောဘဲ ရှင်းပစ်ခဲ့သည်။

ကျူးရှောင်ကျောင်းသည် သူမနှင့် လက်မ အပိုင်းအခြားသာ ကွာဝေးသော ခြေတစ်စုံကို ကြည့်ပြီး အလွန်ကြောက်လန့်နေကာ အသက်ရှုရန်ပင် မဝံ့မရဲ ဖြစ်နေသည်။

သို့သော် သူမ အနည်းငယ် စိတ်လှုပ်ရှားနေသေးသည်။

ဤပုံစံသည် တီဗီထဲမှ သူလျှိုရုပ်ရှင်နှင့် တူလေသည်။ ထို့ကြောင့် စိတ်လှုပ်ရှားစရာကောင်းလွန်းသည်။

ကောင်းကျူမင်းသည် ကုတင်ကို သန့်ရှင်းရေးလုပ်ပြီးသောအခါ သူသည် လှည့်ကြည့်ပြီး ဗီရိုကိုဖွင့်ကာ သူ့အဝတ်အစားများကို ရှာဖွေသည်။

ကျူးရှောင်ကျောင်းသည် တုန်လှုပ်ချောက်ချားမှုကိုသာ ခံစားလိုက်ရသည်။

ယဲ့ဖန်မှ သူမအား ချက်ချင်း ဆွဲမထုတ်ခဲ့လျှင် သူမကို မိသွားနိုင်သည်။

ကောင်းကျူမင်းသည် သူ့ညအိပ်ဝတ်ကို ပြောင်းဝတ်ပြီးနောက် ကုတင်ပေါ်တွင် လှဲလိုက်သည်။

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်း တို့သည် နာရီဝက်ကြာသည်အထိ မလှုပ်ရဲသေးဘဲ ကောင်းကျူမင်း၏ အသက်ရှူသံကိုသာ နားစွင့်နေကြသည်။

သူ အိပ်ပျော်သွားပုံရသည်။

ထိုမှသာ သူတို့နှစ်ဦး တွားသွားလျက် အိပ်ခန်းထဲမှ အမြန်ထွက်ပြေးလာခဲ့သည်။

" နင်တို့ ဘယ်သူလဲ "

သူတို့နှစ်ယောက် အိမ်ကြီးမှ ထွက်လာသည်နှင့် အစောက သူတို့ကို ပြစ်တင်ကြိမ်းမောင်းခဲ့သော အိမ်တော်ထိန်းလီကို ဝင်တိုက်မိကြသည်။

ကျူးရှောင်ကျောင်း အလွန်ထိတ်လန့်သွားသဖြင့် သူမ၏မျက်နှာသည် ဖျော့တော့သွားသည်။

ဒီအဘွားကြီး ညလယ်မှာ အိပ်မပျော်ဘူးဆိုတာ ဘယ်သူသိမှာလဲ။

သူမက ဒီမှာ ဘာလာလုပ်နေတာလဲ။

ယဲ့ဖန်၏ တုံ့ပြန်မှုက ပိုမြန်လေသည်။

ချက်ချင်းပင် ခေါင်းကို ထိုးလိုက်သည်။

အဘွားကြီးသည် စကားတစ်ခွန်းမှ မပြောနိုင်တော့ဘဲ မျက်လုံးပြူးလျက် မြေပြင်ပေါ်သို့ လဲကျသွားသည်။

ယဲ့ဖန်သည် သေချာပေါက်ပင် သူ၏ခွန်အားကို ထိန်းခဲ့ပြီး သူမကို မသတ်ခဲ့ချေ။

သူမကို ခေတ္တမျှသာ မူးလဲသွားစေရန် လုပ်ခဲ့သည်။

ထို့နောက် သူသည် သူမ၏ ဝဖြိုးခန္ဓာကိုယ်ကို ခြံဝင်းအတွင်းရှိ မြက်ခင်းပြင်သို့ ဆွဲထုတ်ကာ ကျူးရှောင်ကျောင်းကို ခေါ်ပြီး ထွက်လာခဲ့သည်။

သူတို့ ဗီလာမှ ထွက်သွားသောအခါမှသာ ကျူးရှောင်ကျောင်း စိတ်သက်သာရာ ရသွားသည်။

ချက်ချင်းပင် သူမ၏ လက်သီးဆုပ်လေးများကို လေထဲသို့ စိတ်လှုပ်ရှားစွာ ဝှေ့ယမ်းလိုက်သည်။

" တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတာပဲ။ နင့်နောက်ကို လိုက်ရတာ ပျော်စရာကောင်းတယ် "

" ဟားဟား "

ယဲ့ဖန် ဟန်ဆောင် ပြုံးရယ်လိုက်သည်။

ဒီမိန်းကလေးသည် သူမကိုယ်သူမ အကြိမ်ပေါင်းများစွာ ထုတ်ဖော်လုနီးပါး ဖြစ်ခဲ့သည်။

သေချာသည်မှာ သူမက ဝက်လိုအသင်းဖော်ဖြစ်သည်။

သို့သော် ဤအကဲဖြတ်ချက်ကို သူ့နှလုံးသားထဲတွင်သာ ဖုံးကွယ်ထားနိုင်သည်။

ကျယ်လောင်စွာ ထုတ်ပြောလိုက်လျှင် သူမ၏ ခံစားချက်တွေကို ထိခိုက်စေလိမ့်မည်။

အဝေးမှ အိပ်ငိုက်နေသည့် အစောင့်နှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

" ပြောမနေနဲ့တော့။ ဒီနေရာက အရင်ထွက်သွားရအောင် "

ထို့နောက် သူတို့နှစ်ဦးသည် ဝူဝေ့ကျိုင် ဟင်းပို့ဆောင်ရေးကားဆီသို့ ပြန်သွားကာ ဝန်ထမ်းနှစ်ဦးကို လွှတ်ပေးလိုက်သည်။

" သူရဲကောင်း၊ အသက်ကို ချမ်းသာပေးပါ "

အမျိုးသားဝန်ထမ်းက လွတ်မြောက်ပြီးသည်နှင့် ချက်ချင်း ဒူးထောက်ပြီး ကရုဏာပေးဖို့ တောင်းပန်ခဲ့သည်။

ဝန်ထမ်းအမျိုးသမီးသည် သေမတတ် ကြောက်လန့်သွားခဲ့ပြီး သူမသည် နေရာတွင် ငုတ်တုတ်မေ့နေကာ စကားတစ်ခွန်းမှ မပြောနိုင်ပေ။

" ခင်ဗျားကို အသက်ချမ်းသာပေးနိုင်တယ်။ ဒါပေမယ့် တောင်းဆိုမှုတစ်ခုကိုတော့ ခင်ဗျားသဘောတူရမယ် "

ယဲ့ဖန် သူတို့နှစ်ယောက်ကို ပြင်းထန်စွာ စိုက်ကြည့်နေသည်။

" ကျေးဇူးပြုပြီး၊ ပြောပါ။ ကျွန်တော့်ကို မသတ်သရွေ့ တောင်းဆိုချက်တိုင်းကို သဘောတူပါ့မယ် "

ဝန်ထမ်းအမျိုးသားက အမြန်ခေါင်းညိတ်ပြလိုက်သော်လည်း အနည်းငယ် စိုးရိမ်နေသေးသည်။

ညဉ့်သန်းခေါင်တွင် လိုချင်တာက ...... ထိုအရာသည် သူ့အတွက် နည်းနည်းခက်ခဲနိုင်သော်လည်း ရှင်သန်ရန်အတွက် တစ်ကြိမ်တစ်ခါ စွန့်စားကြည့်ခြင်းက ပြဿနာမရှိလောက်ပေ။

သို့သော် ယဲ့ဖန်၏ နောက်ဆက်တွဲစကားများက သူ့စိုးရိမ်မှုများကို ဖြေဖျောက်ပေးသည်။

" ခင်ဗျား ပြန်သွားတဲ့အခါ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောနဲ့။ အစားအသောက်ကို ကိုယ်တိုင်ကိုယ်ကျ ပို့ပေးတယ်လို့ပဲ ပြော၊ နားလည်လား "

" နားလည်ပါတယ်၊ နားလည်ပါတယ်။ ဘယ်သူ့ကိုမှ မပြောဘူးလို့ ကတိပေးပါတယ် "

အမျိုးသားဝန်ထမ်းက မဆိုင်းမတွ သဘောတူလိုက်သည်။

ယဲ့ဖန် ခေတ္တရပ်လိုက်ပြီး ဆက်ပြောသည်။

" ကောင်းလူကြီးမင်းက သူ့ရဲ့ အဖိုးတန်ပစ္စည်း ပျောက်နေတယ်။ ခင်ဗျားပြန်သွားတဲ့အခါ ပေါက်ကရပြောရင် ချောင်ရှင်းဂိုဏ်းက ခင်ဗျားကို လွှတ်ထားမှာ မဟုတ်ဘူး။ ခင်ဗျားဘာမှမပြောရင် ခင်ဗျားကို ဘယ်သူမှ သံသယရှိမှာ မဟုတ်ဘူး။ ဒါကို ခင်ဗျားရဲ့အကျိုးအတွက် ပြောတာ "

အမျိုးသားဝန်ထမ်းသည် သူ့အသက်ကို ကယ်တင်ရန်သာ ကြိုးစားနေတာဖြစ်ပြီး သူလွတ်သွားပြီးနောက် သူဌေးထံ ချက်ချင်းသတင်းပို့ရန် စီစဉ်ခဲ့သည်။

သို့သော် ယဲ့ဖန်၏ စကားကိုကြားပြီးနောက်တွင် အခြေအနေ မည်မျှပြင်းထန်သည်ကို သူ သိလိုက်သည်။

ဝူဝေ့ကျိုင်၏ ကားနှင့်အတူ အဖိုးတန်ပစ္စည်းများ ပျောက်ဆုံးသွားသည်ကို ကောင်းလူကြီးမင်း သိပါက သူ့ဘဝ အမှန်တကယ် အဆုံးသတ်သွားမှာ ဖြစ်သည်။

ချောင်ရှင်း ဂိုဏ်းမှ လူဆိုးများသည် သူတို့၏ရှင်းပြချက်ကို နားထောင်မည် မဟုတ်ပေ။

စားပွဲထိုးက တဖြည်းဖြည်း ငြိမ်သက်သွားပြီး ပြန်ဖြေသည်။

" နားလည်ပါတယ်။ ကျွန်တော်တို့နှစ်ယောက်က အစားအသောက်တွေ ပို့ပေးပြီး ဘာပြဿနာမှ မရှိပါဘူး "

" သူမကရော "

ယဲ့ဖန်သည် သေမတတ် ကြောက်လန့်နေသော အမျိုးသမီးဝန်ထမ်းကို ညွှန်ပြလိုက်သည်။

" စိတ်မပူပါနဲ့၊ သူမကို ကျွန်တော်နဲ့ အပ်ထားခဲ့ပါ။ သူမ စကားမပေါက်ကြားစေရဘူးလို့ အာမခံပါတယ် "

ဝန်ထမ်းက ချက်ချင်း အာမခံလိုက်သည်။

ယဲ့ဖန်သည် ထိုဝန်ထမ်းကို ကြည့်လိုက်သည်။

ကောင်းကျူမင်းကို အစားအစာ ပို့ဆောင်ရန် စေလွှတ်ခံရသည်မှာ အံ့သြစရာ မရှိချေ။

ဒီလူငယ်လေးတွင် တောက်ပသည့် ဉာဏ်ရည်နှင့် အနာဂတ်တွေ ပိုင်ဆိုင်ထားပုံရသည်။

ထို့နောက် ယဲ့ဖန် ဘာမှပြန်မပြောတော့ဘဲ ကျူးရှောင်ကျောင်းကို ခေါ်ပြီးတောင်ပေါ်မှ ပြန်လာသည်။

သူတို့နှစ်ဦးသည် Blue Charm Nightကားဆီသို့ ပြန်လာသည်အထိ ကျူးရှောင်ကျောင်း၏ စိတ်လှုပ်ရှားမှုများ ရပ်တန့်သွားခြင်းမရှိပေ။

" ငါ မင်းကို အရင်ပြန်ပို့ပေးရမလား "

" အင်း၊ ကောင်းပြီ။ ဒါနဲ့ မနက်ဖြန်အတွက် အစီအစဉ်ရှိလား "

ကျူးရှောင်ကျောင်းက သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်။

ယဲ့ဖန် ခဏလောက်စဉ်းစားလိုက်သည်။

" ကျန်းရုကျင်းရဲ့ အချစ်ဆုံးသူငယ်ချင်းကို အကြောင်းကြားပြီး မနက်ဖြန် လက်ဖက်ရည်သောက်ဖို့ ဖိတ်ခိုင်းလိုက်ပါ။ ဒီ မိန်းကလေးကျန်း ကို ကိုယ်တိုင်တွေ့ချင်တယ် "

ကျူးရှောင်ကျောင်း၏ မျက်လုံးများ တောက်ပလာသည်။

" ဟုတ်ပြီ၊ သေချာပေါက် ရတယ်။ ငါ နင်နဲ့အတူ လိုက်ခဲ့မယ် "

ယဲ့ဖန်က ရယ်လိုက်သည်။

" မလိုပါဘူး၊ ငါတစ်ယောက်တည်း သွားလိုက်မယ် "

ကျူးရှောင်ကျောင်းက မကျေမနပ်ဖြစ်သွားသည်။

" မြစ်ကူးပြီးတာနဲ့ ဖောင်ဖျက်ချင်နေတာလား။ ငါ နင့်ကို အများကြီး ကူညီပေးခဲ့တာကို အခု နင်က ငါ့ကို နှင်ထုတ်ချင်နေတာလား "

ယဲ့ဖန်မှ 'ဟုတ်တယ်၊ ငါ မင်းကို မောင်းထုတ်ပစ်ချင်တယ်'လို့ စိတ်ထဲကသာ ကျိန်ဆဲလိုက်ရသည်။

သို့သော် ထိုကဲ့သို့ သူ့စိတ်ထဲမှာသာ တွေးနိုင်ပြီး အသံကျယ်ကျယ် ထုတ်မပြောနိုင်ခဲ့ချေ။

" ငါ မင်းကို မောင်းထုတ်ဖို့ မကြိုးစားဘူး။ အဓိကကတော့ ....... စိတ်လှုပ်ရှားစရာအကောင်းဆုံး ဇာတ်စင်က ပြီးသွားပြီ။ ကျန်တာတွေက ဇာတ်သိမ်းတော့မယ့် အပိုင်းတွေပဲ။ ငါတစ်ယောက်တည်း ထိန်းနိုင်တယ် ....... "

ကျူးရှောင်ကျောင်း သူ့ကို ချက်ချင်း ဖြတ်ပြောလိုက်သည်။

" ငါ ဂရုမစိုက်ဘူး။ နင်ငါ့ကို ခေါ်သွားရမယ်။ မဟုတ်ရင် နင်ငါ့ကို အနိုင်ကျင့်တယ်လို့ ငါ့မိသားစုကို ငါပြောမယ် "

ယဲ့ဖန်က အမြန်ပြန်အော်လိုက်သည်။

" မင်း မဟုတ်တာ မပြောနဲ့။ ငါ မင်းကို ဘယ်လို အနိုင်ကျင့်လို့လဲ "

ကျူးရှောင်ကျောင်းက ဒေါသတကြီး စိုက်ကြည့်နေသည်။

" ဟွန့်၊ နင်ကများ ပြောရဲသေးတာလား။ ခုနက ဘီရိုထဲမှာ နင် ...... အခု ငြင်းချင်သေးတာလား "

ယဲ့ဖန် ခြောက်ကပ်စွာ ချောင်းဆိုးလိုက်သည်။

" အဲ့တာ .... အဲ့ဒီတုန်းက ငါ့မှာ ရွေးချယ်စရာ မရှိဘူးဆိုတာ မင်းလည်း သိတယ်။ တကယ်လည်း ငါ့စိတ်ထဲမှာ မင်းကို မကောင်းတဲ့ အတွေးတွေ မရှိဘူး။ မင်းကို ကတိပေးတယ် "

ကျူးရှောင်ကျောင်းသည် သူ့စကားကို ကြားသောအခါ ပို၍ပင် ဒေါသထွက်လာသည်။

" နင့်ရဲ့ အတွေးတွေကို နှိုးဆွဖို့ ငါက မိန်းမ မဆန်ဘူးလို့ ဆိုလိုတာလား။ နင်က ယောက်ျားမှ ဟုတ်သေးရဲ့လား "

ယဲ့ဖန်သည် သွေးအန်မတတ် ဖြစ်နေသည်။

ဘာလဲဟ။

" အဲ့လို ဆိုလိုတာမဟုတ်ဘူး။ မင်းက အရမ်းလှတယ်။ ဒါပေမဲ့ ငါ မင်းအပေါ်မှာ ဘာခံစားချက်မှ မရှိတာ မဖြစ်နိုင်ဘူး ....... "

" တစ်နည်းပြောရရင် နင်က ငါ့အကြောင်း ကောက်ကျစ်တဲ့ အတွေးတွေရှိတယ်လား။ ဟွန့်၊ ယောက်ျားတိုင်းက မကောင်းဘူး "

ယဲ့ဖန်သည် တကယ်ပင် စကားမပြောနိုင်တော့ချေ။

သူ့မှာ ဘာခံစားချက်မှ မရှိဘူး ဆိုရင် သူက ယောက်ျားမဟုတ်ဘူးလို့ ပြောသည်။

သူမနှင့် ပတ်သက်ပြီး ထိုအတွေးမျိုးရှိတယ် ပြောလျှင်လည်း လူကောင်းတစ်ယောက်မဟုတ်ဘူးဟု သူမက ပြောသည်။

ဤမိန်းကလေးသည် ဧကရီမိဖုရားထက်တောင် ပိုပြီးအမှုထမ်းရ ခက်သေးသည်။

အပိုင်း ( ၆၇၂ )

နှစ်ယောက်လုံး တူတာရှိတယ်။ မင်းသမီးရောဂါ

နောက်တစ်နေ့တွင် ကျူးရှောင်ကျောင်း၏ ဖုန်းခေါ်သံကြောင့် ယဲ့ဖန် နိုးလာပြီး အိပ်မှုန်စုတ်ဖွား ဖြစ်နေဆဲဖြစ်သည်။

" အပျင်းတဲ့ဝက်ကြီး၊ မြန်မြန်ထတော့။ နေက နင့်ဖင်ထိုးနေပြီ ...... "

ကျူးရှောင်ကျောင်း၏ အနည်းငယ် ချဲ့ကားသော အသံသည် ဖုန်းမှ ထွက်ပေါ်လာသည်။

ယဲ့ဖန် လှည့်ပတ်ကြည့်လိုက်သည်။

မနက် ၈ နာရီတောင် မထိုးသေးချေ။

သူ ချက်ချင်း မကျေမနပ်ဖြစ်ပြီး ပြန်ပြောသည်။

" မမလေး၊ မနေ့ညက ၂ နာရီ ၃ နာရီလောက်ပဲ အိပ်ရသေးတာ။ ဘာလို့ အစောကြီး ထနေတာလဲ "

ကျူးရှောင်ကျောင်း က ပြန်ဖြေသည်။

" ကျန်းရုကျင်းရဲ့ အချစ်ဆုံးသူငယ်ချင်းက သူမနဲ့ ချိန်းထားတာရှိတယ်။ ဒီနေ့မနက် ၁၀ နာရီမှာ ရှဆွေ့လက်ဖက်ရည်ဆိုင်မှာ တွေ့ကြမှာ။ မြန်မြန်ထ "

ယဲ့ဖန်သည် ငိုက်မြည်းနေသည့် မျက်လုံးတွေကို ပွတ်သပ်ရင်း ပြောလိုက်သည်။

" နှစ်နာရီကျော်တောင် လိုနေသေးတာ မဟုတ်ဘူးလား။ ဘာတွေ အလျင်လိုနေတာလဲ "

ကျူးရှောင်ကျောင်း၏ နောက်ထပ်စကားများသည် သူ့အား အိပ်ငိုက်နေသည်မှ ချက်ချင်း နိုးထလာစေသည်။

" ငါ နင့်ရဲ့ဟိုတယ်မှာ ရောက်နေပြီ။ မနက်စာ အတူတူစားကြမလား "

ယဲ့ဖန်သည် ပြတင်းပေါက်ဆီသို့ အမြန်လျှောက်သွားပြီး လိုက်ကာများကို ဆွဲဖွင့်လိုက်သည်။

ကျူးရှောင်ကျောင်းသည် အနီရောင် Lamborghiniကားကို မှီ၍ သူ့အား လက်ပြနှုတ်ဆက်နေသည်ကို မြင်လိုက်ရသည်။

သူမသည် မနေ့ညက အသွင်အပြင်နှင့်မတူအောင် ပြောင်းလဲထားသည်။

ခပ်မိုက်မိုက်ပုံစံအစား သူမသည် အဖြူရောင်ဂါဝန်နှင့် ဆယ်စင်တီမီတာလောက်မြင့်သော ဒေါက်ဖိနပ်တစ်ရံကို ၀တ်ထားသည်။

သူမသည် ငယ်ရွယ်နုပျိုသော ပုံရိပ်ကို ပြသပေးနေသည်။

လမ်းသွားလမ်းလာများမှာ သူမကို လျှို့ဝှက်စွာ အကဲခတ်ကြည့်နေကြသည်။

ယောက်ျားအချို့သည် သူမအနားတွင်သာ ဝဲနေပြီး ထွက်သွားရန် မလိုလားဘဲ အကြိမ်အနည်းငယ် ဖြတ်လျှောက်နေသည်။

ယဲ့ဖန် သူ့အဝတ်အစားများကို လဲပြီး အောက်ထပ်ဆင်းလာရန်က လွဲလို့ ရွေးစရာမရှိတော့ချေ။

တစ်ချိန်တည်း၊ လုရှောင်ရ အိပ်ခန်းထဲ၌။

လုရှောင်ရနှင့် လျုံလင်းတို့သည် ပြတင်းပေါက်ရှေ့တွင် ရပ်ကာ ယဲ့ဖန် Lamborghiniကားထဲသို့ ဝင်သွားသည်ကို ကြည့်နေသည်။

" ဒီ ယဲ့ဖန်က တကယ့်ကို ပလေးဘွိုင်တစ်ယောက်ပဲ။ သူ့မှာ ရည်းစားရှိတယ်၊ မဟုတ်ဘူးလား။ ဘာလို့ တခြားမိန်းမနဲ့ အီစီကလီ လုပ်နေသေးတာလဲ "

လျုံလင်းသည် ကျူးရှောင်ကျောင်း၏ ချောမောမှုကို အနည်းငယ် မနာလိုဖြစ်နေသည်။

သူမသည် သူမ၏ရုပ်ရည်ကို အမြဲယုံကြည်မှုရှိခဲ့သော်လည်း လွန်ခဲ့သည့်နှစ်ရက်အတွင်းတွင် သူမသည် ချန်းရွှမ်နှင့် ကျူးရှောင်ကျောင်းကဲ့သို့ နတ်ဘုရားမ အသွင်တူသော မိန်းမလှများကို တွေ့ခဲ့ရသည်။

သူမ၏ အချစ်ဆုံးသူငယ်ချင်း လုရှောင်ရကပင် သူမထက် ပိုလှသေးသည်။

ထို့ကြောင့် သူမ၏ယုံကြည်မှုက ယိုယွင်းလာခဲ့ပြီး တစ်ချိန်တည်းမှာလည်း သူမသည် ယဲ့ဖန်အား အနည်းငယ် မကျေမနပ်ဖြစ်သွားစေသည်။

ဒီကောင်လေးက ဘယ်လို ဆွဲဆောင်မှုမျိုးရှိနေလို့လဲ။

သူ့အတွက်ဆို အလှလေးများစွာက လှလှပပဖြစ်အောင် ပြင်ဆင်ပြီး သူ့ဆီလာအောင် လုပ်နိုင်လဲဆိုတာ သူမ တကယ်မသိခဲ့ချေ။

လုရှောင်ရသည် အနည်းငယ် မနာလိုသော်လည်း ယဲ့ဖန်ကို ကူညီပေးနေဆဲဖြစ်သည်။

" အဲ့တာ ...... သူ့သူငယ်ချင်းပဲ ဖြစ်သင့်တယ်မဟုတ်လား "

လျုံလင်းက အော်လိုက်သည်။

" မနက်အစောကြီး သူ့ကိုရှာဖို့ ဘယ်သူငယ်ချင်းက လာမှာလဲ။ ပြီးတော့ မနေ့ညက ပြန်ရောက်လာတာလည်း နောက်ကျတယ်လေ။ သူ အဲ့ဒီမိန်းမနဲ့ နေနေတာ ဖြစ်နိုင်တယ် မဟုတ်လား "

လုရှောင်ရ၏ အမူအရာမှာ အနည်းငယ် မှိုင်တွေသွားပြီး သူမ၏ နှလုံးသားက ဆူပွက်လာကာ သူမ မခံစားနိုင်တော့ချေ။

လျုံလင်းက သူမကို ဆက်ပြီး နာကျင်အောင် မလုပ်ချင်တော့သည့်အတွက် သူမ၏ နူးညံ့သောလက်များကို ဆုပ်ကိုင်ထားလိုက်သည်။

" ရှောင်ရ၊ ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်ပါနဲ့။ ငါ နင့်အတွက်ပဲ စိတ်ပူတာ။ နင် မကြိုးစားရင် သူ့ကို တကယ်ပဲ ဆွဲခေါ်သွားကြတော့မှာ "

လုရှောင်ရသည် သူမကိုယ်သူမ စိတ်လျှော့လိုက်သည်။

" ဒါဆိုလည်း ဖြစ်ပါစေတော့။ သူက ငါ့အပိုင် မှ မဟုတ်တာ။ ယူချင်တဲ့သူ ယူကြပါစေ "

ထိုသို့ဖြင့် သူမ လှည့်ပြီး ရေချိုးခန်းထဲ ဝင်သွားသည်။

လျုံလင်းသည် ရှုပ်ထွေးသော အကြည့်ဖြင့် ရေချိုးခန်းဆီသို့ လှမ်းကြည့်လိုက်သည်။

လုရှောင်ရနှင့် ယဲ့ဖန်တို့ကို အတူတူရှိစေချင်သည့် အကြောင်းရင်းမှာ သူမ၏ မိသားစုက သူမကို ဖိအားပေးခြင်းကြောင့် ဖြစ်သည်။

လုရှောင်ရသည် ယဲ့ဖန်၏အမျိုးသမီးဖြစ်လာမှသာ ယဲ့ဖန်ကို ခြေသလုံးဖက်နိုင်မည်ဖြစ်သည်။

လုရှောင်ရသည် ယဲ့ဖန်ကို သွေးဆောင်ရန် အားပေးအားမြှောက်လုပ်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူမသည် အဆုံးတွင် မအောင်မြင်ခဲ့ပေ။

သို့သော် သူမ စိတ်ဓာတ်မကျချေ။

အနာဂတ်တွင် အခွင့်အလမ်းတွေ အများကြီးရှိနိုင်သေးသည်။

ဇွဲလုံ့လရှိနေသရွေ့ သူမ ပြန်စိတ်လည်လာတာကို နောက်ဆုံးမှာ မြင်နိုင်မည်ဟု ယုံကြည်လေသည်။

...........................................

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည် လူတစ်စု၏ စောင့်ကြည့်မှုအောက်တွင် နံနက်စာစားပြီးနောက် ရှဆွေ့လက်ဖက်ရည်ဆိုင်သို့ ပြေးသွားကြသည်။

ကျူးရှောင်ကျောင်း၏ လူများက ဘာလုပ်ထားသည်ကို သူ မသိသော်လည်း ထိုအမျိုးသမီးသည် သူတို့နှစ်ဦးကိုမြင်သောအခါ ထိတ်လန့်တကြားဖြင့် မတ်တပ်ထရပ်လိုက်သည်။

" ထိုင်ပါ "

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့ ထိုင်ပြီးနောက်တွင်ပင် ထိုအမျိုးသမီးမှာ ရပ်နေဆဲဖြစ်သည်ကို သတိပြုမိသောကြောင့် နှုတ်ဆက်လိုက်သည်။

သို့သော်လည်း ထိုအမျိုးသမီးက ခေါင်းကို အကြိမ်ကြိမ်ခါယမ်းသည်။

" မလိုပါဘူး၊ ငါမင်းတို့ နှစ်ယောက်ကို အခစားနေပါ့မယ် "

ယဲ့ဖန်သည် သူမ၏ စကားကြောင့် အူမြူးသွားသည်။

" ခင်ဗျားက စားပွဲထိုးမဟုတ်ဘူး။ ကျွန်တော်တို့ကို ဘာလို့ အလုပ်လုပ်ပေးရမှာလဲ။ မြန်မြန်ထိုင်ပါ "

ထိုအမျိုးသမီးမှ သူမတို့ကို ငြင်းပယ်တော့မည်ကို မြင်သောအခါ သူမအနားတွင် ရှိနေသည့် ကျူးရှောင်ကျောင်းသည် စိတ်ရှည်သည်းခံမှု ပျောက်ဆုံးသွားသည်။

" ထိုင်ဆိုရင် ထိုင်လိုက်ပေါ့။ ဘာလို့ ဒီလောက် တောင်ပြောမြောက်ပြော လုပ်နေတာလဲ "

သူမ၏ နည်းလမ်းက အလုပ်ဖြစ်ခဲ့သည်။

သူမ ဒေါသထွက်သွားသောအခါ ထိုအမျိုးသမီးက သူတို့နှစ်ဦးဘေးတွင် အမြန်ထိုင်လိုက်သည်။

ယဲ့ဖန်က သူမကို လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးသည်။

" မိန်းကလေးဝူ၊ ကျန်းရုကျင်းကို ဘယ်လိုသိတာလဲ "

ဒီကိုလာလည့်လမ်းတွင် ကျူးရှောင်ကျောင်းသည် ယဲ့ဖန်ကို ထိုမိန်းမ၏ အခြေခံအချက်အလက်များကို ပြောပြထားပြီးသား ဖြစ်သည်။

ထိုအမျိုးသမီး၏အမည်မှာ ဝူရှစ်ယု ဖြစ်ပြီး သူမသည် ဥပဒေကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်သည်။

သူ့မေးခွန်းကိုကြားတော့ ဝူရှစ်ယုက ပြန်ဖြေသည်။

" ကျွန်မတို့က တက္ကသိုလ်အခန်းဖော်တွေပါ။ ကျွန်မက ဥပဒေဘာသာရပ်ကို အဓိကထားပြီးတော့ သူက ငွေရေးကြေးရေး အဓိကပါ "

ယဲ့ဖန်က ခေါင်းညိတ်လိုက်သည်။

" သူမရဲ့ ပင်ကိုယ်စရိုက်က ဘယ်လိုလဲ။ သူမရဲ့ ကျော်ကြားမှုကရော ဘယ်လိုလဲ။ သူမ ဘာတွေကို ဝါသနာပါလဲ "

ယဲ့ဖန်မှ မေးခွန်းအနည်းငယ်မေးပြီး ဝူရှစ်ယုက သူတို့မေးသမျှကို တစ်ခုပြီးတစ်ခုပြန်ဖြေသည်။

" သူမမှာ ထူးဆန်းတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတော့ လူတွေနဲ့ ထိတွေ့ဆက်ဆံရခက်တယ်။ အဲ့တာကြောင့် ကောလိပ်မှာ သိပ်နာမည်ကြီးတာတော့ မဟုတ်ပါဘူး။ ကျွန်မက သူမနဲ့ အဆက်အသွယ်မပြတ်တဲ့ တစ်ဦးတည်းသောသူငယ်ချင်းပါ။ ပြီးတော့ သူမမှာ ပြတ်သားတဲ့ အာဃာတတရားရှိတယ်။ တစ်ယောက်ယောက်က သူမကို ပြဿနာရှာတယ်ဆို သေချာပေါက် လက်တုံ့ပြန်ဖို့ နည်းလမ်းရှာလိမ့်မယ်။ ဒါပေမဲ့ သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံရင်တော့ သူမက သေချာပေါက် အဆတစ်ရာမက ပြန်ကောင်းမှာပါ ...... "

ယဲ့ဖန် လှည့်ကြည့်လိုက်ပြီး ကျူးရှောင်ကျောင်းကို ကြည့်လိုက်သည်။

" သူမက မင်းနဲ့ တော်တော်တူပုံရတယ် '

ကျူးရှောင်ကျောင်း ချက်ချင်း မျက်လုံးပြူးသွားသည်။

" ဟုတ်တယ်၊ အမှန်ပဲ "

ဝူရှစ်ယုက သူတို့နှစ်ယောက် အနားမှာ ဘယ်သူမှမရှိသလို အချင်းချင်း ရန်ဖြစ်နေကြတာကိုတွေ့တော့ သူတို့နှစ်ယောက်က အတော်လေး ဖော်ရွေတယ်လို့ ခံစားလိုက်ရသည်။

ထိုအခါမှ သူမ၏ နှလုံးသားထဲရှိ ကြောက်ရွံ့မှု အနည်းငယ် လျော့ပါးသွားကာ ယဲ့ဖန်၏ မေးခွန်းအားလုံးနီးပါးကို သူမ ပြန်ဖြေခဲ့သည်။

နာရီဝက်ခန့်အကြာတွင် ယဲ့ဖန်သည် ကျန်းရုကျင်းအကြောင်းကို ပို၍ ကျယ်ပြန့်စွာ နားလည်လာခဲ့သည်။

ထိုအချိန်တွင် ဝူရှစ်ယု၏ဖုန်း ရုတ်တရက် မြည်လာသည်။

သူမသည် ဖုန်းခေါ်ဆိုသူနာမည်ကို ငုံ့ကြည့်လိုက်ပြီး ရုတ်တရက် ထိတ်လန့်သွားသည်။

" သူမ အခုဒီကို ရောက်လာလောက်ပြီ။ ကျွန်မ ဆင်းပြီး သူမကို ခေါ်လိုက်ဦးမယ် "

သူမသည် ယဲ့ဖန်၏ ထင်မြင်ချက်ကို အမြန်တောင်းဆိုလိုက်သည်။

" သူမကို သွားကြိုချင်သေးတာလား။ သူမ ဘာသာ တက်လာလို့ မရနိုင်ဘူးလား "

ကျူးရှောင်ကျောင်းက မကျေမနပ် ညည်းညူလိုက်သည်။

ဝူရှစ်ယုက ရှက်ရွံ့စွာ ပြုံးလိုက်သည်။

" ရုကျင်းက စိတ်ဆိုးလွယ်တယ်။ သူမကို ကြိုဖို့ ဆင်းမလာရင် သူမက တက်လာမှာ မဟုတ်ဘူး "

ထိုစကားကို ပြောပြီးနောက် သူမ အမြန်ထွက်သွားခဲ့သည်။

ယဲ့ဖန်က ကျူးရှောင်ကျောင်းကို ပြုံးပြလိုက်သည်။

" သူမက မင်းနဲ့အရမ်းတူတယ်။ နှစ်ယောက်လုံးမှာ မင်းသမီးရောဂါ ရှိတယ် "

" သေလိုက်ပါလား "

All Chapters