← Chapters

အပိုင်း ၆၇၃-၆၇၆

Vol. 34 Ch. 673-676

အပိုင်း ၆၇၃-၆၇၆

Vol. 34 Ch. 673-676

အပိုင်း ( ၆၇၃ )

ပိုက်ဆံထက် ပိုဆွဲဆောင်မှုရှိတဲ့ အရာလား။

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့ စနောက်နေချိန်မှာပင် ဝူရှစ်ယုက အမျိုးသမီးတစ်ဦးကို သီးသန့်ခန်းထဲကို ခေါ်ဆောင်လာသည်။

ကျန်းရုကျင်းသည် သပ်ရပ်လှပစွာ ၀တ်ဆင်ထားသည်။

ကျန်းရုကျင်းက သူတို့နှစ်ယောက်ကို မြင်ပြီး ချက်ချင်း မျက်မှောင်ကြုတ်လျက် ဝူရှစ်ယုကို ကြည့်သည်။

" ငါတို့ အခန်းမှားဝင်လာတာလား "

ဝူရှစ်ယု ရှက်သွားသည်။

" ရုကျင်း၊ နင့်ကို သူငယ်ချင်းနှစ်ယောက်နဲ့ မိတ်ဆက်ပေးမယ် ..... "

ကျန်းရုကျင်းသည် ထိုစကားကို ကြားသောအခါ သူမ၏ အမူအရာသည် ချက်ချင်း မည်းမှောင်သွားသည်။

" ရှစ်ယု၊ နင် ငါ့အကြောင်းကို သိတယ်မလား။ ငါ နင်ကလွဲပြီး ဘယ်တော့မှ တခြားသူတွေကို မတွေ့ချင်သလို သူငယ်ချင်းအသစ်လည်း မဖွဲ့ချင်ဘူး။ တောင်းပန်တယ်၊ ငါအရင်သွားလိုက်မယ် "

ဝူရှစ်ယုက သူမလက်ကို အမြန်ဆွဲလိုက်သည်။

" ရုကျင်း၊ ငါရှင်းပြမယ် ....... "

ကျန်းရုကျင်းသည် မျက်နှာသာ မပေးဘဲ လက်ကို ခါယမ်းလိုက်သည်။

" ငါ နင့်ကို အရမ်းယုံထားတာ။ ငါ နင့်ကိုစိတ်ပျက်သွားပြီ။ ထပ်မတွေ့ချင်တော့ဘူး "

ထိုစကားကို ပြောပြီးနောက် သူမ ပြတ်ပြတ်သားသား ထွက်လာခဲ့သည်။

သီးသန့်ခန်းထဲမှ ထွက်ခါနီးတွင် ယဲ့ဖန် ပြောသည်ကို ရုတ်တရက် ကြားလိုက်ရသည်။

" ကောင်းကျူမင်းရဲ့ အထူးဝါသနာကို ခင်ဗျား မသိချင်ဘူးလား "

ကျန်းရုကျင်းသည် ထိုစကားကို ကြားသောအခါ သူမသည် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

သူမ လှည့်လိုက်ပြီး ဝူရှစ်ယုကို စိုက်ကြည့်နေသည်။

" နင် သူတို့ကို ပြောပြထားတာလား "

ဝူရှစ်ယု၏ အသံသည် ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေသည်။

" ရုကျင်း၊ ငါ့ကို အတင်းအကြပ် ....... "

ကျန်းရုကျင်း၏ အသံသည် အနည်းငယ် ပြင်းထန်လာသည်။

" ငါက နင့်ကို အရမ်းယုံပြီး လျှို့ဝှက်ချက်ကို ပြောပြထားတာ။ နင် ငါ့ကို ဘယ်လိုလုပ်ပြီး သစ္စာဖောက်ရဲတာလဲ "

ဝူရှစ်ယုသည် သူမ၏ ဟန်ပန်အမူအရာကြောင့် ထိတ်လန့်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

ယဲ့ဖန်သည် အရာအားလုံးကို ချောမွေ့အောင် အမြန်ကြိုးစားလိုက်သည်။

" ကျန်းမိန်းကလေး၊ သူမကို အပြစ်မတင်နဲ့။ ကျွန်တော်တို့က အတင်းပြောခိုင်းထားတာပါ "

ကျန်းရုကျင်းက သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။

" နင် ငါ့အကြောင်း ဘာလို့သိချင်တာလဲ။ နင် ဘာလိုချင်တာလဲ "

သူမဆီမှ ထွက်ပေါ်လာသော ကိုယ်ရောင်ဝါသည် အလွန်ပြင်းထန်လေသည်။

တခြားသူများဆိုလျှင် စကားပြန်မပြောနိုင်လောက်အောင်ပင် ကြောက်ရွံ့သွားပေလိမ့်မည်။

ကျူးရှောင်ကျောင်းပင် အံ့အားသင့်သွားသည်။

ကျန်းမိန်းကလေးသည် အလွန်ကြမ်းတမ်းလေသည်။

သူမသည် မနေ့ညက ကောင်းကျူမင်း၏ ရင်ခွင်ထဲမှ နူးနူးညံ့ညံ့လုပ်နေပုံနှင့် လုံးဝမတူသော လူတစ်ယောက်ဖြစ်နေသည်။

သို့သော်လည်း ယဲ့ဖန်ကတော့ ထိုအရာများကို လျစ်လျူရှုထားဆဲဖြစ်သည်။

ရေတွင်းဟောင်းကြီးတစ်ခုကဲ့သို့ တည်ငြိမ်နေဆဲဖြစ်သည်။

" ကျွန်တော် ခင်ဗျားကို စုံစမ်းနေကတည်းက ဒီလိုလုပ်ဖို့ ကျွန်တော့်မှာ အကြောင်းပြချက်တွေ ရှိနေတယ်။ ကြားချင်ရင် ထိုင်ပြီး ဖြည်းဖြည်းချင်း နားထောင်ပါ။ မကြားချင်ရင်တော့ ကြိုက်သလို လုပ်ပါ "

ကျူးရှောင်ကျောင်းသည် ယဲ့ဖန်၏ စွမ်းဆောင်ရည်ကို သဘောကျသွားသည်။

ယဲ့ဖန်၏ အေးဆေးသည့် ကိုယ်ရောင်ဝါသည် ကျန်းရုကျင်း၏ မိုက်ရူးရဲဆန်သည်ထက် များစွာသာလွန်သည်။

မျှော်လင့်ထားသည့်အတိုင်း ကျန်းရုကျင်း၏ ပြင်းထန်သော ကိုယ်ရောင်ဝါသည် ရုတ်တရက် ရပ်တန့်သွားသည်။

သူမ ချက်ချင်း ထွက်သွားချင်သော်လည်း ယဲ့ဖန်၏ စကားများက သူမ၏ စူးစမ်းလိုစိတ်ကို နှိုးဆွနေလေသည်။

သူက ဘယ်သူလဲ။

သူမကို ဘာကြောင့် စုံစမ်းနေတာလဲ။

ပြီးတော့ အစမှာပြောခဲ့သလို ကောင်းကျူမင်း၏ ထူးဆန်းတဲ့လိင်ပိုင်းဆိုင်ရာ ဝါသနာက ဘာလဲ။

သူ ဘယ်လိုလုပ် သိတာလဲ။

ထိုမေးခွန်းများသည် နောက်ဆုံး သူမအား ထိုင်စေခဲ့သည်။

ယဲ့ဖန်သည် နောက်ဆုံးတွင် ပြုံးပြလိုက်သည်။

ဝူရှစ်ယု ဘက်လှည့်လိုက်သည်။

" မိန်းကလေးဝူ၊ ကျေးဇူးပြုပြီး စားပွဲထိုးကို အကောင်းဆုံး လုံကျင်း လက်ဖက်ရည်တစ်အိုး ယူလာခိုင်းပေးပါ "

ကျန်းရုကျင်းအပေါ် အပြစ်စိတ်မကင်းမေသည့် ဝူရှစ်ယုသည် အပ်များအပေါ်တွင် ထိုင်နေသကဲ့သို့ ခံစားနေရသည်။

ထိုစကားကို ကြားသည့်အခါ သူမစိတ်မရှည်စွာနှင့် ချက်ချင်း ထထွက်သွားသည်။

စားပွဲထိုးသည် လက်ဖက်ရည်အိုးအသစ်ကို အမြန်ယူလာပေးပြီး အမြန်ပြန်ထွက်သွားသည်။

ကျန်းရုကျင်းသည် သူမ၏ ဂုဏ်မောက်သော သဘောထားကို ထိန်းသိမ်းထားခဲ့သည်။

" အခု ပြောပြလို့ရပြီလား။ နင်က ဘယ်သူလဲ။ နင် ငါ့ကို ဘာလို့ စုံစမ်းနေတာလဲ "

ယဲ့ဖန်သည် သူမအတွက် လက်ဖက်ရည်တစ်ခွက်ကို ငှဲ့ပေးလိုက်ပြီး သူမရှေ့တွင် ချထားလိုက်သည်။

" မိန်းကလေးကျန်း၊ ကျေးဇူးပြုပြီး စိတ်လျှော့ပါ။ အရင်ဆုံး ကျွန်တော်ဖျော်ထားတဲ့ ရေနွေးကြမ်းလေး သောက်ကြည့်ပါဦး "

ကျန်းရုကျင်းက သူ့ကို အေးစက်စွာ ကြည့်နေသည်။

" နင် ငါ့ကိုပြောပြမှာလား။ မပြောရင် ငါထွက်သွားမယ် "

သူမသည် စကားပြောနေစဉ် ထထွက်သွားမည့် အမူအရာလုပ်သည်။

သို့သော် ယဲ့ဖန်က ရေနွေးကြမ်းကိုသာ အေးအေးဆေးဆေး ဆက်သောက်ပြီး သူမကို မတားချေ။

သူဘယ်လောက်ထိ တည်ငြိမ်နေလဲဆိုတာကို ကြည့်လိုက်ခြင်းအားဖြင့် သူမ ထွက်မသွားနိုင်ဘူးဆိုတာ သိထားသလို ဖြစ်နေသည်၊

ကျန်းရုကျင်း စိတ်ထဲမှ ဒေါသတွေကို ထိန်းပြီး ပြန်ထိုင်လိုက်သည်။

ဘေးမှာ ရှိနေသည့် ကျူးရှောင်ကျောင်းသည် ယဲ့ဖန်မှ ဒီမိန်းကလေးကျန်းကို ကောင်းကောင်း ထိန်းနေပုံက ရယ်စရာကောင်းသည်ဟု ထင်လေသည်။

သူမသည် ယဲ့ဖန်ကဲ့သို့ မြေခွေးတစ်ကောင်နှင့် တိုက်ခိုက်ရန် အတွေ့အကြုံမရှိသေးချေ။

ယဲ့ဖန် ပါးစပ်မဖွင့်ခင် သူတို့သုံးယောက် ရေနွေးကြမ်းကို ခဏသောက်ပြီး ပါးစပ်ကို ဖွင့်လိုက်သည်နှင့် အဓိကအကြောင်းကို ချက်ချင်း ရောက်သွားသည်။

" မိန်းကလေးကျန်း၊ ခင်ဗျား ဆောင်းကျီရန်ကို သိလား "

လက်ဖက်ရည်သောက်နေသော ကျူးရှောင်ကျောင်းသည် သူမလက်ထဲမှ ရေနွေးခွက် လှုပ်သွားပြီး ပြုတ်ကျမတတ် ဖြစ်သွားသည်။

ယဲ့ဖန် ပြောနေသည့် ဆောင်းကျီရန်သည် မနေ့ညက တဏှာများနေခဲ့သည့် လူလတ်ပိုင်းအရွယ်ယောက်ျားဖြစ်သည်။

သူသည် တောင်ပိုင်းကွမ်တုန်းပြည်နယ်ရှိ အကောင်ကြီးတစ်ယောက်လည်း ဖြစ်သည်။

သူမထံမှ အချက်အလက်များ ပိုမိုရရှိရန် ဝေ့ပတ်ပြောနေမည်ဟု ကျူးရှောင်ကျောင်း ထင်ခဲ့သော်လည်း ထိုကဲ့သို့ တည့်တိုးဆန်သော မေးခွန်းကို ယဲ့ဖန် မေးမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ကျန်းရုကျင်းပင် အံ့အားသင့်သွားသည်။

သူမ ယဲ့ဖန်ကို အချိန်အကြာကြီး စိုက်ကြည့်နေသည်။

သူက သတင်းရဖို့ ကြိုးစားနေတာလား။

ဒါမှမဟုတ် တစ်ခုခုကို သိနေပြီးသားလား။

ယဲ့ဖန်သည် သူမ၏ အမူအရာမှ အဖြေကို ရရှိနေပြီဖြစ်သည်။

သူက ဖြည်းညှင်းစွာ ဆက်ပြောသည်။

" ခင်ဗျားရဲ့အမူအရာအရ ဒီလူကို သိလောက်ပါတယ်။ ဒီလူက ရီမိသားစုရဲ့ ကျောထောက်နောက်ခံအစစ် မဟုတ်လား။ ကောင်းကျူမင်းက ဒီနှစ်တွေအတွင်း မကောင်းတဲ့ကိစ္စတွေ အများကြီးကို လုပ်ခဲ့ပေမဲ့လည်း သူ အခုထိ ရပ်တည်နေနိုင်တာက သူ ဒီလူကို အားကိုးနေတာကြောင့်ဖြစ်မယ် "

ကျန်းရုကျင်း အေးဆေးစွာ ရေနွေးကို သောက်လိုက်သည်။

" နင် သိပြီးပြီဆိုတော့ ငါ့ကို ဘာလို့မေးနေတာလဲ "

ယဲ့ဖန်က သူမကို စိုက်ကြည့်နေသည်။

" ဒါဆို ကောင်းကျူမင်းကို ဘာလို့ ကူညီနေတာလဲ၊ ခင်ဗျားသိလား။ ကောင်းကျူမင်းက သူ့အတွက် ဘာအကျိုးကျေးဇူးတွေ ပေးနိုင်လို့လဲ "

ကျန်းရုကျင်း၏ နှုတ်ခမ်း အနည်းငယ် ကော့တက်သွားသည်။

" သူ့ကို အကျိုးအမြတ်မရဘူးဆိုရင် ကောင်းကျူမင်းကို ဘာလို့ သူက ကာကွယ်ပေးမှာလဲ "

ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။

" ဆောင်းကျီရန်ရဲ့ စွမ်းအားနဲ့ သူ က ပိုက်ဆံ လိုချင်ရင် တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာ သူ့ကို ပိုက်ဆံ ပေးဖို့ စောင့်နေတဲ့ လူတွေ အများကြီး ရှိတယ်။ ဆိုးသွမ်းမှုတွေ ပြည့်နှက်နေတဲ့ လူယုတ်မာခေါင်းဆောင်ကို ကာကွယ်ဖို့ သူက ဘာလို့ အသက်စွန့် ကာကွယ်နေရမှာလဲ။ ဒါက အဓိပ္ပာယ်မရှိဘူး၊ မဟုတ်လား "

ကျန်းရုကျင်းက ယဲ့ဖန် ဘာကို ပြောချင်နေမှန်း မသိချေ။

" ဒါဆို ဘာကြောင့်လို့ ထင်လဲ "

ယဲ့ဖန် ရေနွေးသောက်လိုက်သည်။

" ဖြစ်ကောင်းဖြစ်နိုင်တာက ကောင်းကျူမင်း မှာ ပိုက်ဆံထက် ပိုဆွဲဆောင်မှုရှိတဲ့ တစ်ခုခုရှိနေတယ် "

" ငွေထက် ပိုဆွဲဆောင်မှုရှိတဲ့ အရာတစ်ခုလား "

ကျန်းရုကျင်း စိတ်ဝင်တစား မေးလိုက်သည်။

" အဲ့တာ ဘာလဲ "

သူမ စိတ်ဝင်စားသွားသည်ကို ယဲ့ဖန် သိလိုက်သည်။

ယဲ့ဖန်သည် လျှို့ဝှက်ဆန်းကြယ်မှုကို ဖော်ထုတ်ရန် အလျင်စလိုမလုပ်ဘဲ ခေါင်းစဉ်ပြောင်းပြောခဲ့သည်။

" မိန်းကလေးကျန်း၊ ဒီ ဆောင်းကျီရန်ကို ဘယ်လိုမြင်လဲ "

ကျန်းရုကျင်းသည် မျက်မှောင်ကြုတ်ကာ ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောသည်။

" စိတ်ညစ်စရာကောင်းတယ် "

" ဘာလို့လဲ "

ဒီတစ်ခါတွင် ကျူးရှောင်ကျောင်းက မေးလေသည်။

သူမသည် အမှန်တကယ်ပင် အလွန်သိချင်နေခဲ့သည်။

ကျန်းရုကျင်းသည် ချက်ချင်း သတိနိုးကြားလာသည်။

" ဘာလို့ ဒီလိုမေးတာလဲ "

ကျူးရှောင်ကျောင်း၏ သဘောထားမှာလည်း တင်းမာလာသည်။

" ကျွန်မတို့က ရှင့်ကို အခုမေးနေတာလေ။ ရိုးရိုးသားသားဖြေ၊ မဟုတ်ရင်လည်း ကြိုက်တာသာလုပ် "

ကျန်းရုကျင်းသည် သူမ၏ လေသံကို မကျေနပ်သော်လည်း သူမ၏ စူးစမ်းလိုစိတ်က အနိုင်ယူသွားခဲ့သည်။

ဒီအတိုင်းသာ ထားခဲ့ပြီး မသိလိုက်ရလျှင် သူမ ညဘက်တောင် အိပ်မပျော်နိုင်လောက်ချေ။

" ဆောင်းကျီရန်ကို သီးသန့်ဘားမှာတွေ့တာ ပထမဆုံးတွေ့ဖူးတာကို မှတ်မိတယ်။ အဲ့ဒီတုန်းက ကျူမင်းက ငါ့ကို အဲဒီကို ခေါ်သွားတာ။ အဲ့ဒီလူရဲ့ မျက်လုံးတွေက အရမ်းမုန်းစရာကောင်းတယ်။ သူက ငါ့ကို စိုက်ကြည့်နေတာ ..... ငါ့ရင်သားနဲ့ ပေါင်တွေကို ပေါ်ပေါ်ထင်ထင်ဘဲ။ အဲ့ဒီနောက်တော့ ငါ သူ့ကို အကြိမ်အနည်းငယ် ထပ်တွေ့ဖူးတယ်။ အကြိမ်တိုင်းလည်း ဒီလိုဖြစ်နေတော့ အဲ့လူကို အရမ်းမုန်းတယ် ....... "

သူမသည် ဖြစ်စဉ်ကို ပြန်ပြောပြသည်။

တစ်ချက်တစ်ချက် သူမ၏ မျက်နှာတွင် ရွံရှာနေသော အသွင်အပြင် ပေါ်လာသည်။

သူမသည် ဆောင်းကျီရန်ကို အမှန်တကယ်မုန်းတီးနေသည်မှာ ထင်ရှားသည်။

အပိုင်း ( ၆၇၄ )

ရူးနေတာဖြစ်ရမယ်။

ကျူးရှောင်ကျောင်းသည် သူမအား အမှန်အတိုင်းပြောရန် တိုက်တွန်းနေခြင်းကို ရပ်တန့်လိုက်သည်။

" ရှင် ဒီအကြောင်းကို ကောင်းကျူမင်းကို မပြောပြခဲ့ဘူးလား "

ကျန်းရုကျင်း အနည်းငယ် သက်ပြင်းချလိုက်သည်။

" ငါ တစ်ခါပြောဖူးပေမယ့် ကျူမင်းက ငါ့ကို မနှစ်သိမ့်ပေးခဲ့ဘူး။ အဲ့ဒီအစား သူက ငါ့ကို အပြစ်တင်တယ်။ ဆောင်းကျီရန်က သူ့အတွက် အရမ်းအရေးကြီးတော့ သူ့ကို ပိုကောင်းအောင် ဆက်ဆံစေချင်တယ် "

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းသည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

ကောင်းကျူမင်းသည် ဆောင်းကျီရန် နှစ်သက်စေရန် အဘယ်ကြောင့် ဤကဲ့သို့ ဖောက်ပြန်သောနည်းလမ်းကို အသုံးပြုခဲ့သည်ကို ခန့်မှန်းနိုင်သည်။

သူသည် ကျန်းရုကျင်းမှ ဆောင်းကျီရန်ကို တွေ့ပြီး သူမသဘောထားကို စမ်းသပ်ရန် ခေါ်သွားခြင်း ဖြစ်နိုင်သည်။

သူမသည် ဆောင်းကျီရန်အတွက် ခံစားချက်ရှိနေလျှင် အရာအားလုံးသည် ချောမွေ့စွာနှင့် ပြေလည်သွားမှာဖြစ်ပြီး ဘာအခက်အခဲမှ ကြုံနေစရာ မလိုချေ။

သို့သော် ကျန်းရုကျင်းသည် ဆောင်းကျီရန်အပေါ် အမြင်မကြည်သောကြောင့် သူတို့နှစ်ဦးသည် တခြားလှည့်ပတ်သော နည်းလမ်းကို အသုံးပြုရန်မှလွဲပြီး ရွေးချယ်စရာ မရှိခဲ့ကြပေ။

" မိန်းကလေးကျန်းနဲ့ ကောင်းကျူမင်း တစ်ယောက်နဲ့တစ်ယောက် သိတာ ဘယ်လောက်ကြာပြီလဲ "

ယဲ့ဖန်က အလျင်လိုခြင်း မရှိပေ။ နောက်မေးခွန်းတစ်ခု မေးလေသည်။

" ငါတို့ ငယ်ငယ်ကတည်းက တစ်ယောက်နဲ့တစ်ယောက် သိကြတာ။ အဲ့အချိန်တုန်းက မိသားစုနှစ်စုက ငါတို့နှစ်ယောက်ကို အိမ်ထောင်စီစဉ်ပေးခဲ့တယ်။ ငါ့မိသားစု ပြိုလဲသွားတာ တော့ စိတ်မကောင်းစရာဘဲ။ ကံကောင်းလို့ ကျူမင်းက ငါ့ကို မထားခဲ့ဘူး။ သူက ငါ့ကို ဆွဲခေါ်သွားပေးရုံတင်မကဘဲ အရေးကြီးတဲ့ အလုပ်တစ်ခုကိုလည်း ပေးခဲ့သေးတယ် ....... "

ကျန်းရုကျင်းသည် ကောင်းကျူမင်း အကြောင်းကို ပြောသည့်အခါ သူမမျက်နှာပေါ်မှာ လေးနက်သောအချစ်တွေ အမြဲရှိနေခဲ့သည်။

" ဟိုကိစ္စမှာရော ခင်ဗျားတို့ လိုက်ဖက်ညီကြရဲ့လား "

ယဲ့ဖန်က နောက်ထပ် အံ့သြစရာကောင်းသည့် မေးခွန်းကို မေးလိုက်သည်။

သူ့ဘေးမှာ ရှိနေသည့် ကျူးရှောင်ကျောင်းပင် ရှက်သွားမိသည်။

ထိုမေးခွန်းအား ဘာကြောင့် မေးသည်ကို သူမ သိသော်လည်း ကောင်မလေးတစ်ယောက်ကို မေးရန် အနည်းငယ် ကိုးယိုးကားယားနိုင်လေသည်။

သေချာပေါက်ပင် ကျန်းရုကျင်း၏ မျက်နှာထားကလည်း အနည်းငယ် မည်းမှောင်သွားသည်။

" ဒီမေးခွန်းကို မဖြေချင်ဘူး "

ယဲ့ဖန်က အပြုံးမပျက်ချေ။

" ဒါဆို ခင်ဗျားအတွက် ဖြေပေးမယ်။ ခင်ဗျားတို့နှစ်ယောက် အဲ့ဒီကိစ္စမှာ လိုက်ဖက်ညီမှု မရှိဘူး။ နိုးနေရက်နဲ့ ခင်ဗျား သူနဲ့အတူတူ မနေဖူးဘူးမလား။ တစ်နည်းပြောရရင် ခင်ဗျားက ယောက်ျားနဲ့မိန်းမကြားက အဲ့လိုချစ်ခြင်းမျိုးကို ဘယ်တုန်းကမှ မခံစားဖူးဘူးလေ "

ကျန်းရုကျင်း ဒေါသအရမ်းထွက်ပြီး ထရပ်လိုက်သည်။

" နင်တို့လိုလူတွေနဲ့ စကားပြောရတာတောင် စိတ်ပျက်စရာ ကောင်းနေပြီ။ နင်တို့ ငါ့ကို မပြောဘူးဆိုရင် ငါလည်း ဆက်နားထောင်နေဖို့ စိတ်မဝင်စားတော့ဘူး။ သွားတော့မယ် "

ထို့နောက် လက်ကိုင်အိတ်ကို ကောက်ကိုင်ကာ လှည့်ထွက်သွားရန် ပြင်သည်။

ထိုအချိန်တွင် ယဲ့ဖန်က ရုတ်တရက် ပြောသည်။

" သူ ဘာလို့ အဲ့လိုလုပ်လဲဆိုတာ ခင်ဗျား မသိချင်ဘူးလား "

ကျန်းရုကျင်း၏ ခန္ဓာကိုယ်သည် အေးခဲသွားပြီး သူမ အရှေ့သို့ဆက်ပြီး ခြေမလှမ်းနိုင်တော့ပေ။

တကယ်တွင် သူမ ဒေါသထွက်ရသည့် အကြောင်းအရင်းမှာ ယဲ့ဖန် ပြောသည်က သူမဒဏ်ရာကို ထိမိသွားသောကြောင့်ဖြစ်သည်။

သူမ၏ ပထမအကြိမ်သည်လည်း မူးနေချိန်မှာ ကုန်ဆုံးခဲ့ရသည်။

ယခုအချိန်အထိ သူမသည် အသိစိတ်ရှိနေချိန်တွင် ထိုကဲ့သို့ပျော်ရွှင်မှုကို တစ်ခါမျှ မခံစားခဲ့ဖူးပေ။

သို့သော်လည်း သူမသည် ကောင်းကျူမင်းနှင့် အလွန်နက်ရှိုင်းသော ဆက်ဆံရေးရှိသောကြောင့် သူမတွင် သံသယရှိသော်လည်း မည်သည့်အခါမှ ပြဿနာမရှာခဲ့ပေ။

ကောင်းကျူမင်းတွင် ထူးခြားသည့် ဝါသနာရှိသည်ဟုသာ သူမ ယူဆခဲ့သည်။

ယဲ့ဖန်မှ ထိုကိစ္စကို ပြောတာ သူမ ကြားလိုက်သည့်အခါ သူမ မသိချင်ယောင်ဆောင်ပြီး မနေနိုင်ပေ။

" ဘာလို့လဲ သိလား "

ယဲ့ဖန်က သူ့ရေနွေးခွက်ကို ဖြည်းညှင်းစွာချလိုက်သည်။

" ဟုတ်တယ်၊ ကျွန်တော် သိတယ် "

" ဘာလို့လဲ "

ကျန်းရုကျင်း စိတ်မရှည်စွာ မေးလိုက်သည်။

ယဲ့ဖန်က သူမရှေ့မှ ထိုင်ခုံကို မေးငေါ့ညွှန်ပြပြီး ပြန်ထိုင်ခိုင်းလိုက်သည်။

ကျန်းရုကျင်းသည်လည်း ပြန်ထိုင်ရန်ကလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။

သူမ ကောင်းမွန်စွာ မထိုင်နိုင်ခင်တွင် ယဲ့ဖန်ထံမှ ထိတ်လန့်တုန်လှုပ်ဖွယ် အဖြေတစ်ခုကို သူမ ကြားလိုက်ရသည်။

" ဘာလို့လဲဆိုတော့ သူက ဒီလုပ်ဆောင်ချက်ပိုင်းဆိုင်ရာစွမ်းရည် ဆုံးရှုံးသွားလို့ပဲ "

ထိုအဖြေကို ကျန်းရုကျင်း ကြားပြီး ထိုင်ခုံမှ ချက်ချင်း ပြန်ထသည်။

" နင် ရူးနေတာလား။ ဒါက မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး ....... "

သူမ၏ အသံသည် အနည်းငယ် စူးရှပြီး လူအများ၏ နားစည်ကို နာကျင်သွားစေသည်။

ထိုအရာမှ သူမ၏ နှလုံးသားထဲရှိ တုန်လှုပ်ချောက်ချားမှုကို မြင်နိုင်သည်။

သို့သော် ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့ကတော့ နားလည်နိုင်သည်။

မည်သို့ပင်ဖြစ်ပါစေ ဤကိစ္စက ထူးဆန်းလွန်းလေသည်။

သူမဘေး၌ အချိန်အကြာကြီး အိပ်ခဲ့သည့် ယောက်ျားသည် အထူးဝါသနာပါတာကလွဲ၍ သူမအတွက် ထူးထူးခြားခြား မူမမှန်တာ ဘာမှမရှိချေ။

သို့သော် ယခုအခါ သူမနှင့် ချစ်နှီးနှောသော ယောက်ျားမှာ ထိုကဏ္ဍတွင် စွမ်းဆောင်ရည် ဆုံးရှုံးနေသူဖြစ်ကြောင်း တခြားသူဆီမှ ရုတ်တရက် ကြားသိခဲ့ရသည်။

ထိုကိစ္စကို မည်သူမှ လက်ခံနိုင်မည် မဟုတ်ချေ။

ယဲ့ဖန်သည် သူမ စိတ်ငြိမ်အောင် စောင့်နေသည်။

" အဲ့တာဆို သူ့ရဲ့ ထူးဆန်းလွန်းတဲ့ ဝါသနာကို ဘယ်လိုရှင်းပြမလဲ "

ကျန်းရုကျင်းက သူတို့နှစ်ယောက်ကို ရူးနေသလို ကြည့်နေသည်။

" နင်တို့ ရူးနေတာပဲဖြစ်ရမယ်။ ကျူမင်းမှာ ထူးဆန်းတဲ့ဝါသနာ ရှိတာနဲ့ အဲ့ကိစ္စမှာ မလုပ်နိုင်တော့ဘူးလို့ သက်သေပြနေတာမှ မဟုတ်တာ။ ဒီအကြောင်းပြချက်က အဓိပ္ပာယ်မရှိဘူးလို့ မထင်ဘူးလား "

ယဲ့ဖန်က ပုခုံးတွန့်လိုက်သည်။

" ခင်ဗျား ကျွန်တော့်ကိုမယုံရင် သူ့ကို ဖုန်းဆက်မေးလို့ရတယ်။ သူကိုယ်တိုင် ဖြေခိုင်းလိုက်ပေါ့ "

ကျန်းရုကျင်းသည် သူမဖုန်းကို ချက်ချင်းထုတ်လိုက်ပြီး ကောင်းကျူမင်းကို ဖုန်းခေါ်လိုက်သည်။

သို့သော် နံပါတ်ကို နှိပ်လိုက်ပြီးသောအခါ သူမ ရုတ်တရက် ရပ်သွားသည်။

ကောင်းကျူမင်းအား ဘယ်လို မေးရမည်ကို သူမ မသိချေ။

သူမ ချစ်သူသည် သာမန်လူဖြစ်သေးသလားဟု မေးသင့်သလား။

အင်္ဂါမသန်စွမ်းတော့ဘူးလို့ မေးရမည်လား။

မည်သို့ပင် ဖြစ်စေ ထိုသို့ပြောရန် ခက်ခဲလေသည်။

သူမဖုန်းကို လက်ကိုင်အိတ်ထဲသို့ ပြန်ထည့်ကာ ယဲ့ဖန်ကို လှောင်ပြောင်လိုက်သည်။

" နင်က ကျူမင်းနဲ့ ငါ့ကြားကို သပ်သပ် ရန်ဖြစ်အောင် ကြိုးစားနေတာမလား။ နင့်ကို ငါကယုံမယ်လို့ ထင်နေလား။ ငါကြုံတာကို ငါက မသိဘဲ နေပါ့မလား။ နင် ငါ့ကို လာပြောနေစရာ မလိုဘူး "

သူမ ထိုကဲ့သို့လုပ်တိုင်း မူးနေသော်လည်း နောက်နေ့တွင် သူမ၏ ခန္ဓာကိုယ်၌ ထူးဆန်းသော ပြောင်းလဲမှုများ ခံစားရပြီး ကျန်ရစ်ခဲ့သည့် ခြေရာလက်ရာတွေမှာလည်း လှည့်စားလို့ မရချေ။

ထိုအချက်က သူမအရှေ့မှ လူနှစ်ယောက်က လူလိမ်တွေဆိုတာ ပိုသေချာစေသည်။

ထိုအခိုက်အတန့်တွင် ကျူးရှောင်ကျောင်းသည် မနေနိုင်တော့ဘဲ နောက်ဆုံးလျှို့ဝှက်ချက်ကို ရုတ်တရက် ထုတ်ဖော်လိုက်သည်။

" အဲ့တာ ရှင်က တခြားတစ်ယောက်နဲ့ လိင်ဆက်ဆံခဲ့လို့လေ "

ထိုစကားများသည် ကျည်ဆန်တစ်ခုကဲ့သို့ ကျန်းရုကျင်းအား ရုတ်ချည်းဆန်စွာ အရှိန်ပြင်းပြင်းဖြင့် ထိမှန်သွားတော့သည်။

အပိုင်း ( ၆၇၅ )

ကွဲအက်သွားသော ချစ်ခြင်း

" နင်တို့နှစ်ယောက်က ရူးနေတဲ့လူနှစ်ယောက်ပဲ။ ဒီလို ရူးနေတဲ့ စကားတွေကို ဘယ်လိုလုပ် ပြောနိုင်တာလဲ "

ကျန်းရုကျင်းသည် ဆယ်စက္ကန့်ကျော်လောက်အထိ အံ့အားသင့်သွားကာ တဖြည်းဖြည်း အသိပြန်ဝင်လာပြီး သူမရှေ့ရှိ လူနှစ်ယောက်ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

သူမက တခြားလူတစ်ယောက်နဲ့ လိင်ဆက်ဆံခဲ့ရတယ်လို့ ပြောနေကြတာလား။

ထိုပြောဆိုချက်သည် ရယ်စရာကောင်းလွန်းလေသည်။

" နင်တို့လို အရူးနှစ်ယောက်နဲ့ ငါ ထပ်မပြောချင်တော့ဘူး "

သူမ ပြောပြီးသည်နှင့် လက်ကိုင်အိတ်ကိုတောင် ယူဖို့ မေ့ပြီး လှည့်ကာ ထွက်ပြေးသည်။

ထိုအချိန်မှာ ကျူးရှောင်ကျောင်းက ဆက်ပြောသည်။

" ရှင် လက်ခံဖို့ မလွယ်တာ နားလည်ပါတယ်။ ကျွန်မတို့လို အပြင်လူတွေတောင် ဒီကိစ္စကို စပြီးသိလိုက်ရတော့ မယုံနိုင်ဘူး ..... "

ကျန်းရုကျင်းသည် မရပ်သွားသော်လည်း သူမ သွားနေသည့် အရှိန်မှာ သိသိသာသာ နှေးကွေးသွားသည်။

ကျူးရှောင်ကျောင်း ဆက်ပြောမည်ကို သူမ ကြားချင်နေသည်။

ကျူးရှောင်ကျောင်းကလည်း မရပ်ဘဲ ဆက်ပြောသည်။

" ချောင်ရှင်းဂိုဏ်းရဲ့ သူဌေး ကောင်းကျူမင်းက သူ့မိန်းမကို တခြားယောက်ျားက လာပျော်ပါးဖို့ သူကိုယ်တိုင် အရက်မူးအောင် လုပ်ပေးမယ်လို့ ဘယ်သူထင်မှာလဲ "

ထိုစကားကို ပြောပြီးသည်နှင့် ကျန်းရုကျင်းသည် အရူးတစ်ယောက်လို အမြန်ပြန်ပြေးလာခဲ့သည်။

" မဟုတ်တာ မပြောနဲ့၊ ကျူမင်းက ဒီလိုလူမဟုတ်ဘူး။ နင် သူ့ကို ထပ်ပြီး သိက္ခာချရင် ငါ နင့်ကို သတ်ပစ်မယ် ....... "

ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို အနောက်သို့ အမြန်ဆွဲထုတ်လိုက်ပြီး သူမ၏ ဒေါသကို ဖြေဖျောက်စေလိုက်သည်။

ကျူးရှောင်ကျောင်းသည်လည်း အမှန်တကယ်ပင် တုန်လှုပ်သွားခဲ့သည်။

အားနည်းပုံရသော ထိုမိန်းမသည် ရုတ်တရက် ရူးသွားပြီး အလွန်ကြောက်စရာကောင်းနေမည်ဟု မည်သူမျှ ထင်မည်မဟုတ်ချေ။

ကျန်းရုကျင်းသည် အချိန်အတော်ကြာသည်အထိ သူမ၏ နှလုံးသားထဲမှ ဒေါသကို မဖြေဖျောက်နိုင်သေးပေ။

သူမသည် ယဲ့ဖနတို့ နှစ်ယောက်လုံးကို လက်ညှိုးထိုးပြီး ပြောလေသည်။

" နင်တို့တွေက ယုတ်မာလွန်းတယ်။ ကျူမင်းနဲ့ ငါကြားကို သဘောထားကွဲအောင် ချောက်ချဖို့အတွက်နဲ့ အရှက်မရှိတဲ့ အလိမ်ကို ဖန်တီးခဲ့တာပဲ။ ငါ အခု ကျူမင်း ကို ခေါ်လိုက်မယ်။ ငါ နင်တို့ကို ပေးဆပ်စေရမယ် "

သူမက စကားပြောနေရင်း ဖုန်းကိုထုတ်ကာ ကောင်းကျူမင်း၏နံပါတ်ကို ခေါ်လိုက်သည်။

ယဲ့ဖန် လည်း အေးဆေးစွာဖြင့် သူ့ဖုန်းကို ထုတ်လိုက်သည်။

" အချိန်ကိုက်ပဲ၊ သူ့ကိုဖုန်းဆက်လိုက်ပါ။ အတူတူပျော်ကြတာပေါ့။ မနေ့ညက ခင်ဗျားရဲ့အိပ်ခန်းထဲမှာ ဘာဖြစ်သွားလဲဆိုတာ တကယ်ကို အံ့သြစရာပဲ ....... "

ပြောပြီးသည်နှင့် မနေ့ညက ရိုက်ကူးထားသည့် ဗီဒီယိုကို ရှာပြီး ဖွင့်သည့်ခလုတ်ကို နှိပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကျန်းရုကျင်း၏ဖုန်းသည် ခေါ်ဆိုနေပြီဖြစ်သည်။

ကောင်းကျူမင်း၏ နူးညံ့သိမ်မွေ့သော အသံသည် ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။

" ရုကျင်း၊ မင်း ဘာလို့ ကိုယ့်ကို ရုတ်တရက် ခေါ်တာလဲ။ ကိုယ် ဒီမနက်မှ ထွက်သွားတာ မဟုတ်ဘူးလား။ မင်း ကိုယ့်ကိုလွမ်းနေပြီလား ....... "

ကျန်းရုကျင်းက မဖြေချေ။

သူမသည် ဗီဒီယိုကို စူးစူးဝါးဝါးစိုက်ကြည့်နေကာ ချက်ချင်း ဖုန်းချလိုက်သည်။

ဗီဒီယို၏ ရှုထောင့်အရ ဘီရိုထဲမှ လျှို့ဝှက်စွာ ရိုက်ထားတာ ဖြစ်လောက်သည်။

ပုံရိပ်များက မရှင်းလင်းသော်လည်း ဗီဒီယိုထဲမှ လူတွေကို သူမ မှတ်မိနိုင်သည်။

ဗီဒီယိုစတင်ချိန်တွင် အိပ်ခန်းထဲ၌ လူ ၃ ယောက် ရှိလေသည်။

ကုတင်ပေါ်တွင် လဲလျောင်းနေသူမှာ သူမကိုယ်တိုင်ပင် ဖြစ်သည်။

အိပ်ခန်းထဲတွင် လူနှစ်ယောက် ရပ်နေလေသည်။

တစ်ယောက်က ကောင်းကျူမင်းဖြစ်ပြီး နောက်တစ်ယောက်သည် ကင်မရာကို ကျောပေးထားသောကြောင့် မျက်နှာကို မမြင်ရသော်လည်း တစ်ချက်ကြည့်ရုံဖြင့် သူ့ကို မှတ်မိနိုင်သည်။

ထိုလူမှာ သူမ အမုန်းဆုံးဖြစ်သည့် ဆောင်းကျီရန်ဖြစ်သည်။

ထိုမြင်ကွင်းက သူမကို သက်ရောက်မှု များစွာပေးခဲ့သည်။

သူမချစ်တဲ့ယောက်ျားက ဘာလို့ သူမအိပ်ခန်းထဲကို တခြားယောက်ျားကို ခေါ်လာတာလဲ။

အထူးသဖြင့် ထိုလူက သူမ အမုန်းဆုံးလူကြီးဖြစ်သည်။

သူတို့နှစ်ဦးကြားမှ စကားဝိုင်းသည် သူမ၏ အမြင်တွေကိုပါ ဝေဝါးသွားစေခဲ့သည်။

" သခင်ကြီး၊ သခင်ကြီးအတွက် စိတ်ကြွဆေးနဲ့ ကွန်ဒုံးတွေကို ပြင်ဆင်ပြီးပါပြီ။ ကျေးဇူးပြုပြီး သူတို့ကို ဖြည်းဖြည်းချင်း ခံစားပါ။ ကျွန်တော် အရင်ထွက်သွားနှင့်ပါမယ် ......... "

သခင်ကြီးတဲ့လား။

သူမအရှေ့တွင် အမြဲတစေ မားမားမတ်မတ်ဖြင့် ဂုဏ်ရောင်ဝါအပြည့်ရှိသူက တခြားသူကို 'သခင်ကြီး'ဟု ခေါ်လိုက်လေသည်။

အကယ်၍ ကောင်းကျူမင်း၏ အသံကို သူမ အလွန်ရင်းနှီးမှတ်မိနေသောကြောင့်သာ မဟုတ်ပါက သူမအား လိမ်ရန် အသံတုပြုလုပ်ခဲ့သည်ဟု သူမ သံသယဖြစ်လိမ့်မည်။

နောက်ဆက်တွဲစကားများက ပိုလို့ပင် ဆိုးရွားလေသည်။

'ဖြည်းဖြည်းချင်း ခံစားပါ'ဆိုတာ သူက ဘာကိုဆိုလိုတာလဲ။

ဘာပျော်စရာကို ခံစားရမှာလဲ။

သူမမှလွဲ၍ အခြားမည်သူအား 'ပျော်ရွှင်ခြင်း'အဖြစ် ဖော်ပြနိုင်မည်နည်း။

သူမသည် ကမ္ဘာကြီး ချာချာလည်နေသလို ခံစားလိုက်ရပြီး မြေကြီးပေါ်သို့ လဲကျမတတ် ဖြစ်သွားခဲ့သည်။

ကျူးရှောင်ကျောင်းက အမြန်တုံ့ပြန်လိုက်သည်။

သူမသည် လျင်မြန်စွာ ရှေ့သို့ လှမ်းလာလိုက်ပြီး သူမ၏ သွယ်လျသော ခါးလေးကို အဆင်ပြေစွာ ကိုင်ပြီးထိန်းပေးလိုက်သည်။

ယဲ့ဖန် မနာလိုဖြစ်သွားသည်။

ထိုအပြုအမူသည် မိန်းကလေးတွေသာ လုပ်နိုင်ပြီး ယောက်ျားလေးတွေ မလုပ်နိုင်သည့်အရာ ဖြစ်လေသည်။

ကျန်းရုကျင်းသည် ကုလားထိုင်ပေါ်ထိုင်လိုက်ပြီး ဗီဒီယိုကို ဆက်ကြည့်နေသည်။

သူတို့နှစ်ယောက်ကြားမှ စကားတွေကို နားထောင်ရင်း သူမ တဖြည်းဖြည်း စိတ်ပျက်သွားရသည်။

" ရှောင်ကောင်း၊ မင်းငါ့ကို ဒီလိုမျိုး မင်းမိန်းမနဲ့ ပေးပျော်တာကို မင်းစိတ်ထဲမှာ မကျေနပ်စရာတွေ မရှိဘူးလား "

" မိန်းမတွေဆိုတာ ကစားဖို့ပါပဲ။ သခင်ကြီးက သူမနဲ့ ပျော်ပါးပေးတာ သူမရဲ့ အကြီးမားဆုံးကောင်းချီးပါ။ ပြီးတော့ မေ့သွားပါပြီလား။ အဲ့ဒီကဏ္ဍတွေမှာ ကျွန်တော့်ရဲ့ အရည်အချင်းတွေ ဆုံးရှုံးနေပါပြီ။ ဒီလောက်လှတဲ့ မိန်းမကိုလည်း စိုက်ကြည့်လို့ပဲ ရပါတယ် "

" ဟားဟား၊ မင်းက အခု မိန်းမစိုးဖြစ်နေပြီဆိုတာ ငါ မေ့သွားတယ် ဟားဟား ...... "

ထိုစကားဝိုင်းတွင် အချက်အလက်များစွာပါရှိသည်။

တစ်ဖက်တွင် ကောင်းကျူမင်းသည် ဆောင်းကျီရန်ကို ထိုနေရာသို့ ခေါ်ဆောင်လာရခြင်း၏ ရည်ရွယ်ချက်မှာ သူမခန္ဓာကိုယ်ဖြင့် ပျော်ပါးစေရန် ဖြစ်သည်ကို သူမ သေချာပေါက်သိလိုက်သည်။

တစ်ဖက်တွင် အစောက ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်း ပြောခဲ့သည်များကို သက်သေပြနေခဲ့သည်။

ကောင်းကျူမင်းသည် ထိုကဏ္ဍတွင် သူ၏စွမ်းဆောင်ရည်ကို အမှန်တကယ် ဆုံးရှုံးနေခဲ့သည်။

ဤအချက်နှစ်ခုကို သိလိုက်ပြီးနောက် ကျန်းရုကျင်းသည် သူမ၏ အမြင်အာရုံများ မှောင်မိုက်သွားသလို ခံစားလိုက်ရသည်။

သူမဟာ အခုချက်ချင်း သေလိုက်ချင်ပြီး နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် ညစ်ပတ်သောအရာများကို မမြင်ချင်တော့ပေ။

သို့သော် ဗီဒီယိုကို ဖွင့်ထားဆဲဖြစ်ပြီး သူမ၏ ဝေဒနာမှာ ဆက်ပြီးနာကျင်လာရသည်။

" ဟုတ်တယ်၊ ဟုတ်တယ်။ အရင်တုန်းက အဲ့ဒီအရူးမိန်းမက ကျွန်တော့်ကို ဆေးထိုးပြီး တစ်သက်လုံး မသန်မစွမ်းဖြစ်စေခဲ့တယ်။ ကျွန်တော် သူမကို ခုတ်ထစ်ပြီး ငါးစာ ကျွေးလိုက်ပေမယ့် နှလုံးသားထဲက အမုန်းတွေကို မဖြေရှင်းနိုင်သေးဘူး "

" ဒီတစ်ခေါက်တော့ ထွက်မသွားနဲ့။ အနားမှာ စောင့်နေလိုက်။ အချိန်တိုင်း သူမက ငါးသေတစ်ကောင်လို မူးနေတော့ လုပ်ဆောင်ချက်တွေ အများကြီးလုပ်ရတာ အဆင်မပြေဘူး "

" ကောင်းပါပြီ၊ သခင်ကြီးဘေးမှာ စောင့်နေပါ့မယ် "

နောက်ဆက်တွဲ ဖြစ်သည့် မြင်ကွင်းများက သူမ၏ စိတ်ကို လုံးဝ ဖျက်ဆီးပစ်လိုက်သည်။

ဝပြဲနေသော ခန္ဓာကိုယ်နှင့်လူအပြင် သူမ အချစ်ဆုံးယောက်ျားက သူမအား ဆက်ဆံရ လွယ်ကူစေရန် ကူညီပေးနေသည်ကို မြင်လိုက်သည်။

ကိုယ့်မိန်းမကို တစ်ခြားယောက်ျားက ဆက်ဆံဖို့ ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ပေးနေတာလား။

သူသည် သားရဲထက်ပင် ဆိုးသည်။

" အား ........ "

ကျန်းရုကျင်း ရုတ်တရက် ပြင်းစွာ ငိုလိုက်သည်။

သူမ ဖုန်းကို ကောက်ကိုင်လိုက်ပြီး နံရံဘက်ကို ပစ်ပေါက်လိုက်သည်။

ထို့နောက် သူမသည် စားပွဲပေါ်မှောက်ကာ ငိုကြွေးတော့သည်။

တစ်ဖက်တွင်မူ သူမ စက်ဆုပ်ရွံရှာဆုံးဖြစ်သော ယောက်ျားက သူမကို ညစ်ညမ်းသည့် ကိစ္စများကို လုပ်ခဲ့သောကြောင့် ဖြစ်သည်။

တစ်ဖက်တွင်လည်း သူမ တစ်ချိန်က ခံစားချက်အားလုံးပုံအောကာ ချစ်ခဲ့သည့်ယောက်ျားမှ လုပ်ခဲ့သည့်ကိစ္စကြောင့် ထိုယောက်ျားကိုလည်း ရွံရှာလေသည်။

သူတို့နှစ်ယောက်၏ ချစ်စရာကောင်းသော မှတ်ဉာဏ်မြင်ကွင်းများက ရုပ်ရှင်တစ်ကားလို သူမမျက်စိရှေ့တွင် တောက်ပနေခဲ့သည်။

ထို့နောက် မြင်ကွင်းများက ရုတ်တရက် ပြောင်းလဲသွားသည်။

အစက ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေသော မျက်နှာသည် ရုတ်တရက် ရက်စက်ကြမ်းကြုတ်မှုဖြင့် ပြည့်နှက်လာသည်။

အချစ်က ပိုနက်ရှိုင်းလေလေ အမုန်းတရားက ပိုနက်လေလေဖြစ်သည်။

'ကောင်းကျူမင်း၊ နင့်ကို ထာဝရအဆုံးထိ အရှက်လိုက်ခွဲဖို့ ငါသေချာပေါက် လုပ်မယ်'

ကျန်းရုကျင်း ခံစားရသော ထိုးနှက်ချက်သည် ဆိုးရွားလှသည်။

အတိတ်မှ လှပသော ကတိများနှင့် ပုံရိပ်များသည် သေချာစွာ ကြိုတင်ကြံစည်ထားသော အလိမ်အညာများ ဖြစ်နေခဲ့သည်။

သူမသည် သူ့အတွက် အထက်သို့တက်လှမ်းရန် ခြေနင်းမျှသာဖြစ်ပြီး အချိန်မရွေး စတေးခံရနိုင်သည်။

ရယ်စရာကောင်းသည်မှာ သူမမိဘများမှလွဲ၍ ဒီကမ္ဘာတွင် သူမနှင့် အရင်းနှီးဆုံးလူအဖြစ် တစ်ချိန်က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ထိုအလွှာကို ဖယ်လိုက်သောအခါ ယခင်က တိမ်မြုပ်နေခဲ့သော သံသယများစွာက ပေါ်ထွက်လာသည်။

တစ်ချိန်က သူသည် သူမအား လက်ရေးလှပညာ၊ ပန်းချီ၊ ဗြက်စောင်းနှင့် ဂန္တဝင်အကတို့ကို သင်ပေးရန်အတွက် သီးသန့်သင်တန်းဆရာတစ်ဦးကိုပင် ငှားရမ်းရန် ငွေများစွာ အကုန်အကျခံခဲ့ဖူးသည်။

အဝတ်အစားနှင့် မိတ်ကပ်လိမ်းနည်းကိုပင် သင်စေခဲ့သည်။

ထိုအချိန်က ထိုအရာများသည် ကောင်းကျူမင်း၏ အကြိုက်နှင့်မကိုက်ညီသောကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးခဲ့ရသေးသည်။

သူမကို ဘာကြောင့် ထိုအရာတွေကို အချိန်ပေးပြီး ကြိုးကြိုးစားစား သင်ယူစေချင်ရတာလဲ။

နောက်ပိုင်းတွင် သူမသည် အကြောင်းပြချက်တစ်ခုရှာခဲ့သည်။

ကောင်းကျူမင်းမှ သူမအား ပိုပြီးသိက္ခာရှိကာ ကျက်သရေရှိစေချင်တာဟု ထင်ခဲ့ပြီး ရင်ထဲပင် ထိသွားခဲ့သည်။

သို့သော် ယခုအခါ ထိုရင်းနှီးမြှုပ်နှံမှုများတွင် ယုတ်ညံ့သော ရည်ရွယ်ချက်များ ရှိနေသည်ဆိုတာကို သိလာခဲ့ရသည်။

ဆောင်းကျီရန်သည် ဂန္တဝင်ယဉ်ကျေးမှုကို အနှစ်သက်ဆုံးဟု ဆိုကြသည်။

တောင်ပိုင်ကွမ်တုန်းပြည်နယ် ပညာရေးပိုင်းကို တာဝန်ယူပြီးနောက် ဂန္ထဝင်ယဉ်ကျေးမှုပညာရေးကို မြှင့်တင်ရန် ကြိုးပမ်းခဲ့သည်။

ဒါတွေအားလုံးက ဆောင်းကျီရန် သူမကို ပိုသဘောကျလာဖို့ပဲလား။

ယခုအချိန်တွင် ကောင်းကျူမင်းအတွက် သူမ၏ ချစ်ခြင်းမေတ္တာများမှာ လုံးဝပျက်စီးသွားရပြီး အရိုးထဲထိနက်ရှိုင်းသော အမုန်းတရားများဖြင့် အစားထိုးခဲ့သည်။

ဝူရှစ်ယု ပြောခဲ့သလိုပင် သူမသည် အချစ်နှင့် အမုန်းကို ပြတ်ပြတ်သားသား ပိုင်းခြားနိုင်တဲ့သူတစ်ယောက်ဖြစ်သည်။

သူမသည် တစ်စုံတစ်ဦးကို သေသည်အထိ ချစ်နိုင်သော်လည်း တစ်စုံတစ်ဦးကို မုန်းတီးပါက လုံးဝ မုန်းတီးသွားမည်ဖြစ်သည်။

" ပြော၊ နင် ငါ့ဆီက ဘာလိုချင်လို့လဲ "

ကျန်းရုကျင်းသည် သူမနှလုံးသားထဲတွင် အမုန်းတရားများကို ဖုံးကွယ်ထားလိုက်သည်။

သူမ၏ မျက်နှာတွင် အနည်းငယ် ကြောက်စရာကောင်းစွာ တည်ငြိမ်မှုကို ပြန်လည်ရရှိလာသည်။

အပိုင်း ( ၆၇၆ )

ကောင်းကျူမင်းကို ငါ့ဆီ ထားခဲ့၊ ငါ သူ့ကို ကိုယ်တိုင် သတ်ပစ်ချင်တယ်

ယဲ့ဖန်က ဘာမှ ဖုံးကွယ်မထားချေ။

သူ့ရည်ရွယ်ချက်တွေကို ရှင်းလင်းစွာ ပြောပြခဲ့သည်။

" ကောင်းကျူမင်းရဲ့ ပြစ်မှု မှတ်တမ်းသက်သေ အထောက်အထားတွေ အများကြီး ရှိတယ် မဟုတ်လား။ ခင်ဗျား ကျွန်တော့်ကို ပေးနိုင်မယ်လို့ မျှော်လင့်တယ် "

ကျန်းရုကျင်းက သူ့ကို အဓိပ္ပါယ်ရှိစွာ ကြည့်လိုက်သည်။

" နင်က ကောင်းကျူမင်းကို သတ်ချင်နေတာလား "

ယဲ့ဖန် ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်၊ ခင်ဗျား သူ့အတွက် ခံစားချက်တွေရှိနေသေးတယ်လို့တော့ မပြောနဲ့ "

ကျန်းရုကျင်း၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

" အခုတော့ သူ့အတွက် အမုန်းတွေပဲ ရှိတော့တယ်။ အချစ်လည်း မဟုတ်ဘူး။ သူ့ရဲ့သက်သေတွေအားလုံးကို ငါ ပေးနိုင်ပေမယ့် ငါ့မှာ တောင်းဆိုစရာရှိတယ် "

ယဲ့ဖန်သည် သူမ၏ အရှက်သိက္ခာကို ကာကွယ်လိုသည်ဟု ထင်ကာ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" စိတ်မပူပါနဲ့၊ ခင်ဗျားရဲ့ပုံရိပ်ကို မထိခိုက်စေဖို့ ကျွန်တော် အစွမ်းကုန်ကြိုးစားပေးပါမယ် "

" ဒီတစ်ခါတော့ မင်းထင်တာ မှားသွားပြီ။ ငါလိုချင်တာက အဲ့တာမဟုတ်ဘူး "

ကျန်းရုကျင်းသည် ပါးနပ်သော အပြုံးကို ထုတ်ဖော်လိုက်သည်။

ဒီလူငယ်လေးက အတော်လေး ဉာဏ်ရည်ထက်မြက်လေသည်။

သို့သော် ယခုအခါ သူသည် မှားယွင်းစွာ မှန်းဆနေ၍ သူမ အနည်းငယ် မှင်တက်သွားသလိုပင် ခံစားလိုက်ရသည်။

သို့သော် ယဲ့ဖန်ကတော့ ဂရုမစိုက်ဘဲ သူ့နှုတ်ခမ်းကို ကွေးညွတ်လိုက်သည်။

" ဒါဆို ဘာလိုချင်လို့လဲ "

ကျန်းရုကျင်းသည် စိတ်ပြန်တည်ငြိမ်လာပြီ ဖြစ်သည်။

" ငါ့မှာရှိတဲ့ သက်သေတွေက ချောင်ရှင်းဂိုဏ်း၊ ရီမိသားစုနဲ့ ဆောင်းကျီရန် ကို ဖျက်ဆီးဖို့ လုံလောက်တယ်။ ငါ တောင်းဆိုချင်တာက တစ်ခုပဲ ရှိတယ်။ ကောင်းကျူမင်းကို ငါနဲ့ လွှဲထားပေး။ သူ့ကို ငါ့လက်နဲ့ သတ်ချင်တယ် "

ယဲ့ဖန်သည် သူမစကားကို ကြားသောအခါ သူ မထိန်းနိုင်ဘဲ တုန်လှုပ်သွားသည်။

ဤကဲ့သို့ အေးဆေးသော လေသံဖြင့် ဒီလိုလူသတ်စကားပြောနိုင်သည့် ဒီအမျိုးသမီးတစ်ယောက်ဖြစ်ရန် မလွယ်ကူချေ။

ထို့အပြင် သူမသည် ခုနကအထိ ကောင်းကျူမင်းအပေါ် အရူးအမူးဖြစ်နေခဲ့သည်။

သို့သော် သူမစိတ် လျင်မြန်စွာ ပြောင်းနိုင်ခဲ့ခြင်းက ပိုလို့ပင် အံ့သြစရာကောင်းသည်။

မိန်းမတွေ ရက်စက်သည့်အခါ ယောက်ျားတစ်ယောက် ယှဉ်မရပေ။

သို့သော်လည်း ကျူးရှောင်ကျောင်းသည် သူမကို လုံးဝ မကြောက်ခဲ့ပေ။

ထိုအစား သူမကို တိတ်တဆိတ် သဘောကျနေခဲ့သည်။

ကျန်းရုကျင်းသည် လူသတ်ရာတွင် ပြတ်သားသည်။

တကယ်ပင် သူမသည် အမျိုးသမီးများကြားမှ သူရဲကောင်းတစ်ယောက်ဖြစ်သည်။

" ကောင်းပြီ၊ ခင်ဗျားကို ကတိပေးတယ်။ ကောင်းကျူမင်းရဲ့ဘဝက ခင်ဗျားလက်ထဲမှာပဲ "

ယဲ့ဖန် မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။

ကျန်းရုကျင်းက ဘာမှ မပြောဘဲ ချက်ချင်း ထရပ်လိုက်သည်။

" ဒါဆို သွားရအောင် "

" ကျွန်တော်တို့ ဘယ်သွားမလို့လဲ "

" ဟုတ်တယ်လေ သက်သေတွေယူဖို့ ငါ့အိမ်ကို သွားမယ်။ ငါက အထောက်အထားတွေ ယူလာခဲ့မယ်လို့တော့ မထင်ထားဘူးမလား "

" ခင်ဗျားအိမ်ကို သွားမှာလား ...... "

" ဘာဖြစ်လို့လဲ။ ကြောက်နေတာလား။ ရန်သူကို အိမ်ထဲ မျှားခေါ်ပြီး တစ်ခုခုလုပ်မယ်လို့တော့ ထင်နေတာ မဟုတ်ဘူးမလား "

ကျန်းရုကျင်းသည် သူ၏ တုံ့ဆိုင်းမှုကို မြင်ပြီး သူ့အတွေးများကို ချက်ချင်း ခန့်မှန်းလိုက်သည်။

ယဲ့ဖန် ရှက်သွားသည်။

သူ တကယ်ပင် အဲ့လို ထင်ခဲ့တာဖြစ်သည်။

ဘယ်လိုပင်ဖြစ်ပါစေ ကျန်းရုကျင်း၏ စိတ်အပြောင်းအလဲက မြန်လွန်းလေသည်။

ထို့ကြောင့် မတတ်နိုင်ဘဲ အတွေးများမိသည်။

ကောင်းကျူမင်းကို သူမ မုန်းတီးပြခြင်းသည် လုပ်ဇာတ်တစ်ခုသာ ဖြစ်နေနိုင်ပြီး သူမ ထောင်ချောက်ထဲသို့ ကျလာရန် တမင်တကာ မြှူဆွယ်ခဲ့တာ ဖြစ်နေနိုင်သည်။

ထိုကဲ့သို့ ဖြစ်လာလျှင် သူ့မှာ ပြေးငိုစရာ နေရာမရှိလောက်ချေ။

ကျန်းရုကျင်း၏ နှုတ်ခမ်းများက ရယ်မောသလို တွန့်လိမ်သွားသည်။

" သက်သေလိုချင်ရင် ငါနဲ့လိုက်ခဲ့။ နင့်မှာ သတ္တိမရှိရင် မေ့လိုက် "

ထိုစကားကို ပြောပြီးနောက် သူမ ဘာကိုမှ ဂရုမစိုက်ဘဲ ထွက်လာခဲ့သည်။

ယဲ့ဖန်သည် ခဏမျှ တုံ့ဆိုင်းသွားပြီး ကျူးရှောင်ကျောင်းဘက်သို့ လှည့်လိုက်သည်။

" မင်း ငါ့နောက်ကို လိုက်စရာ မလိုဘူး။ ငါ တစ်ယောက်တည်း သွားနိုင်တယ် "

တစ်ဖက်မှ ထောင်ချောက်ရှိနေလျှင် သူတစ်ယောက်တည်းဖြစ်ပါက သူ့အစွမ်းနှင့် လွတ်မြောက်ရန် အခွင့်အရေးရှိသည်ဟု ယဲ့ဖန် ခံစားရသည်။

သို့သော် ကျူးရှောင်ကျောင်းကိုပါ ခေါ်ဆောင်လာပါက ပြောရန် ခက်သွားပေလိမ့်မည်။

သို့သော်လည်း ကျူးရှောင်ကျောင်းသည် မပျော်မရွှင်ဖြစ်သွားသည်မှာ ထင်ရှားသည်။

“မရဘူး၊ နင် ဘယ်သွားသွား ငါလိုက်မှာ။ ငါ့ကို ထားခဲ့ဖို့ မစဉ်းစားနဲ့ "

ယဲ့ဖန် ခေါင်းကိုက်သွားသည်။

သူ ဘာလုပ်ရမယ်မှန်း မသိတော့ချေ။

ကျူးရှောင်ကျောင်းက စိတ်မရှည်တော့ပေ။

ချက်ချင်း သူ့လက်ကိုဆွဲကာ ထွက်လာခဲ့သည်။

" နင် အခု သူမနောက်ကို မလိုက်ဘူးဆိုရင် အရမ်းနောက်ကျသွားလိမ့်မယ်။ နင်က ကဂျီကကြောင်များတဲ့ ယောက်ျားကြီးတစ်ယောက်လို လုပ်နေတာလဲ။ နင်က ငါ့လို မိန်းမလောက်တောင် မရဲရင့်ဘူး "

ယဲ့ဖန်က ခါးသက်သက်သာ ပြုံးလိုက်ပြီး သူမအနောက်မှ လိုက်ခဲ့သည်။

အမှန်ပင် သူသည် အလွန်အတွေးလွန်သွားပုံပေါ်သည်။

ကျန်းရုကျင်းသည် မည်သည့်လှည့်ကွက်ကိုမှ မကစားခဲ့ပေ။

သူတို့နှစ်ယောက်ကို ခမ်းနားပြည့်စုံအိမ်ရာထဲသို့ ခေါ်ဆောင်သွားပြီးနောက် သူမ အိပ်ခန်းထဲရှိ ကုတင်ဘေးစားပွဲမှ USBမန်မိုရီစတစ်ကိုထုတ်ပြီး ယဲ့ဖန်အား ပေးလိုက်သည်။

ထို့နောက် သူမသည် သူတို့နှစ်ဦးကို အိမ်အပြင်သို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ခဲ့သည်။

နှုတ်ဆက်မည့်အချိန်တွင် မထင်မှတ်ဘဲ သူမက ရုတ်တရက် မေးလိုက်သည်။

" အဲ့တာလုပ်တာက တကယ် ပျော်ဖို့ကောင်းလား "

" အဟွတ်၊ အဟွတ်၊ အဟွတ် "

မေးခွန်းကြောင့် ယဲ့ဖန် အံ့သြသွားသည်။

ကျန်းရုကျင်း ရုတ်တရက် ပြုံးလိုက်သည်။

" ကံမကောင်းတာပဲ။ ငါတစ်သက်မှာ တစ်ခါမှ မကြုံဖူးဘူး "

ယဲ့ဖန်သည် ယခုအချိန်တွင် သူမသည် တကယ်ကို လှပနေကြောင်း ဝန်ခံရမည်ဖြစ်ပြီး သူမ၏ အပြုံးနောက်ကွယ်တွင် အဓိပ္ပါယ်ကိုလည်း သူ ခံစားမိပုံရသည်။

" မိန်းကလေးကျန်း ခင်ဗျားက အရမ်းငယ်ပါသေးတယ်။ ရှေ့ဆက်ရမယ့်နှစ်တွေ အများကြီးရှိသေးတော့ အဲ့လိုအရူးအတွက်နဲ့ အချိန်ကုန် မခံပါနဲ့ ....... "

သူသည် သူမကို ဆွဲဆောင်ချင်သေးသော်လည်း ကျန်းရုကျင်းက သူ့ကို ဖြတ်ပြောလိုက်သည်။

" ကောင်းပြီ နင်တို့ကို ငါဒီအထိဘဲ လိုက်ပို့ပေးမယ်။ သွားတော့ "

ထို့နောက် သူမက လှည့်ပြီး စံအိမ်ကြီးထဲကို ပြန်ဝင်သွားသည်။

" သူမက အရမ်းသနားစရာကောင်းတာပဲ "

ကျူးရှောင်ကျောင်းက သူမနောက်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

" ဒါက ကံတရားပဲ မဟုတ်လား "

ယဲ့ဖန်လည်း သက်ပြင်းချလိုက်ပြီး သူတို့လှည့်ကာ တောင်ပေါ်မှ ဆင်းလာသည်။

All Chapters