← Chapters

အပိုင်း ၆၈၁-၆၈၄

Vol. 35 Ch. 681-684

အပိုင်း ၆၈၁-၆၈၄

Vol. 35 Ch. 681-684

အပိုင်း ( ၆၈၁ )

ကျွန်မ ဝှက်ထားတဲ့ အရာတွေ အများကြီး ရှိသေးတယ်

" ဟက်ပီးဘတ်ဒေးတူးယူ၊ ဟက်ပီးဘတ်ဒေးတူးယူ ....... "

သူတို့ဇနီးမောင်နှံနှစ်ဦးသည် သူတို့၏ သမီးလေးအတွက် မွေးနေ့ဆုမွန်ကောင်း တောင်းပေးခဲ့ကြသည်။

ဆောင်းချမ်းချမ်းသည် မျက်လုံးများကို မှိတ်ထားပြီး ဖယောင်းတိုင်ကို မမှုတ်မီ ဆုတစ်ခု တောင်းခဲ့သည်။

" ချမ်းချမ်း၊ သမီးလေး ဘာဆုတောင်းလိုက်တာလဲ "

ဆောင်းကျီရန်သည် သူ့သမီးကို ပွေ့ဖက်ချီထားလိုက်သည်။

" သမီး မေမေ၊ ဖေဖေတို့နဲ့ အမြဲတမ်း အကြာကြီး အတူတူရှိပြီး ဘယ်တော့မှ မခွဲရဘူးလို့ ဆုတောင်းတာ "

ဆောင်းချမ်းချမ်းသည် ကလေးပီသစွာဖြင့် အပြစ်ကင်းသော လေသံလေးနှင့် ပြောခဲ့သည်။

နျဲ့ပင်းက သဘောကျစွာ ရယ်လိုက်သည်။

" ဒါက ဘယ်လို ဆုတောင်းကြီးလဲ၊ သမီးလေးရဲ့။ မေမေတို့မိသားစုက သေချာပေါက် အမြဲတမ်း အတူတူရှိနေရမှာပေါ့။ နောက်တစ်ခု ဆုတောင်းလိုက်ပါဦး "

ဆောင်းချမ်းချမ်းက ခေါင်းညိတ်ပြီး ခဏလောက် စဉ်းစားလိုက်သည်။

ထို့နောက် မျက်လုံးကိုမှိတ်လျက် နောက်ထပ်ဆုတောင်းတစ်ခု ဆန္ဒပြုလိုက်သည်။

" ဒီတစ်ခေါက်ရော သမီး ဘာဆုတောင်းလိုက်တာလဲ "

နျဲ့ပင်းက စိတ်ဝင်တစား မေးလေသည်။

ဆောင်းချမ်းချမ်းသည် သူမအဖေကို လှမ်းကြည့်လိုက်သည်။

" ချမ်းချမ်း ကြီးလာတဲ့အခါ ဖေဖေ့လို လူကောင်းတစ်ယောက် ဖြစ်ချင်တယ် "

ဆောင်းကျီရန်လည်း ရယ်လိုက်သည်။

" ဒါဆို ပြောပါဦး။ ဖေဖေက ဘာတွေ ကောင်းလို့လဲ "

ဆောင်းချမ်းချမ်းသည် အချိန်အတော်ကြာ တွေးနေခဲ့သည်။

အဆုံးတွင် သူမသည် ချိုမြိန်စွာ ပြုံးလျက် ပြောလာသည်။

" ဖေဖေက အားလုံး တော်ပြီး ကောင်းတယ် "

ဆောင်းကျီရန်သည် ချက်ချင်း ရယ်မောလိုက်သည်။

" သမီးက တကယ်ကို ဖေဖေ့ရဲ့ မင်းသမီးလေးပဲ။ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အသုံးဝင်တဲ့ လူဖြစ်လာနိုင်မယ်လို့ မျှော်လင့်တယ် "

ဆောင်းချမ်းချမ်းသည် 'ပြည်သူအတွက် အသုံးဝင်သည်'ဟူသော အဓိပ္ပါယ်ကို သူမ နားမလည်သော်လည်း သူမ လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သေးသည်။

နျဲ့ပင်းသည် သူမခင်ပွန်းကို နက်ရှိုင်းသော အကြည့်ဖြင့် ကြည့်နေသည်။

သူမ၏ ခင်ပွန်းသည် ရာထူးရာခံမြင့်သည့် အနေအထားသို့ ရောက်နေပြီဖြစ်သော်လည်း ဖောက်ပြန်ခြင်းမရှိဘဲ သူ၏ မူလစိတ်ရင်းနှလုံးကို ထိန်းသိမ်းထားဆဲဖြစ်သည်။

ဤကဲ့သို့ စိတ်ဓာတ်နှင့်လူမျိုးမှာ အမှန်တကယ်ပင် ရှားပါးလှသည်။

တစ်ချိန်တုန်းက မှန်ကန်ခဲ့သည့် ရွေးချယ်မှုအတွက် သူမ အလွန်ပင် ဝမ်းသာရသည်။

ဆောင်းကျီရန်သည် သူ့ဇနီး၏ အကြည့်ကို သတိပြုမိပြီး စိတ်ရှုပ်သွားခဲ့သည်။

သူမကို လိုက်ပိုးပန်းခဲ့စဉ်တုန်းက သူမ၏ မိသားစုသည် ချမ်းသာလေသည်။

သူမ၏အဖေကလည်း အာဏာတစ်ခုကို ဆုပ်ကိုင်ထားနိုင်သူ ဖြစ်သည်။

ထို့အပြင် သူမသည်လည်း အလွန်လှပပြီး သူမအား မရေမတွက်နိုင်သော လူများမှ ဇနီးအဖြစ် လိုချင်တပ်မက်ကြသည်။

ယခုတွင်မူ သူမ၏ဖခင်သည် ဒုတိယတန်းရာထူးမှ အနားယူခဲ့သည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး သူမသည်လည်း တစ်နှစ်ပတ်လုံး အိမ်မှုကိစ္စများကိုသာ လုပ်ကိုင်ရသောကြောင့် သူမ၏ လှပမှုကို တစ်စတစ်စ ဆုံးရှုံးလာခဲ့ရသည်။

အသက်ကြီးလာသည်နှင့်အမျှ သူမ၏ခန္ဓာကိုယ်သည်လည်း အနည်းငယ် ပုံပျက်လာသောကြောင့် သူမကို စိတ်ထဲမှ အမြင်မကြည်ဖြစ်ပြီး ပို၍ မုန်းတီးလာသည်။

အကယ်၍ ကွာရှင်းပြတ်စဲခြင်းသည် သူ၏ အသက်မွေးဝမ်းကြောင်းအပေါ် သက်ရောက်မှု မရှိပါက သူသည် ဤအမျိုးသမီးကို ရိုက်ပြီး မောင်းထုတ်ခဲ့မည်မှာ ကြာလောက်ပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူသည် ကျန်းရုကျင်း၏ လှပသော ခန္ဓာကိုယ်ကို တွေးမိကာ သူ၏အကြည့်များသည် တဖြည်းဖြည်း တဏှာမီးဖြင့် ပူလောင်လာရသည်။

နျဲ့ပင်းသည် သူမခင်ပွန်းမှ သူမကို ထိုကဲ့သို့သော အကြည့်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရပြီး သူမ၏ နှလုံးသားသည် ပို၍ပင် ချိုမြိန်လာသည်။

ဘုရားသခင်သည် သူမကို အကောင်းဆုံးလက်ဆောင်ပေးခဲ့လေသည်။

................................................

ကောင်းကျူမင်းသည် ခမ်းနားပြည့်စုံစံအိမ်သို့ ပြန်ရောက်သောအခါ စံအိမ်ထဲရှိ အစောင့်များ၊ လုံခြုံရေးများနှင့် အိမ်ထိန်းများ အားလုံး ပျောက်နေကြသည်ကို တွေ့လိုက်ရပြီး သူ အံ့အားသင့်သွားသည်။

ထိုအရာက အနည်းငယ် မူမမှန်ချေ။

သူ သတိထားပြီး ကြည့်နေစဉ်တွင် ဗျက်စောင်းသံ၏ ငြိမ့်ညောင်းသော သံစဉ်ကို ရုတ်တရက် ကြားလိုက်ရသည်။

စံအိမ်ထဲရှိ အသံလာရာကို လိုက်ကြည့်မိသောအခါ ကျန်းရုကျင်းသည် အနီရောင် တောက်ပြောင်သော တရုတ်ရိုးရာဝတ်စုံနှင့် လှပစွာ မိတ်ကပ် ခြယ်သပြင်ဆင်ထားသည်ကို တွေ့လိုက်ရသည်။

သူမသည် ဗျက်စောင်းကို ဒူးထောက်ပြီး တီးခတ်နေသည်။

ဤဂန္တဝင်ပစ္စည်းများကို သူ စိတ်ဝင်စားခြင်း မရှိသော်လည်း ကျန်းရုကျင်းသည် လက်ရှိအချိန်တွင် လှပလွန်းနေသည်ကို ဝန်ခံရပေမည်။

သီချင်းပြီးဆုံးသွားသောအခါ လက်ခုပ်သံဖြင့် ချီးကျူးထောပနာပြုလိုက်သည်။

" မင်း စောင်းတီးတာ မကြားရတာတောင် ကြာနေပြီ။ ဒါပေမယ့် မင်း ပိုတော်လာတယ် "

ကျန်းရုကျင်း ဖြည်းညှင်းစွာ မတ်တပ်ထရပ်ပြီး သူ့ကို ကြောင်အနေသော မျက်ဝန်းများဖြင့် ကြည့်နေသည်။

" ရှင် ကြိုက်တဲ့ဟာဆို ကျွန်မ ကြိုးစားပြီး စိတ်ကျေနပ်အောင် သင်ယူမှာပါ။ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ကျွန်မ အရမ်းပျော်တယ် "

ကောင်းကျူမင်းသည် သူမ၏ လေးနက်ကာ ချစ်ခြင်းအပြည့်ရှိနေသော အကြည့်ကို တွေ့လိုက်ရပြီး အပြစ်စိတ်ရှိစွာဖြင့် ခေါင်းကို လှည့်လိုက်သည်။

" အိမ်တော်ထိန်းလီနဲ့ တခြားသူတွေ ဘယ်မှာလဲ။ ဝင်လာတုန်းက ဘာလို့ သူတို့ကို မတွေ့ရတာလဲ "

ကျန်းရုကျင်း လမ်းလျှောက်လာပြီး သူ့အနောက်မှ တံခါးကို ပိတ်လိုက်သည်။

" ဒီနေ့ ရှင်နဲ့ နှစ်ယောက်တည်း နေချင်တာ။ ဘယ်သူ့ကိုမှ မနှောင့်ယှက်စေချင်ဘူးဆိုတော့ သူတို့ကို တစ်ရက် အားလပ်ရက်ပေးလိုက်တယ်။ ကျွန်မဘာသာ စီစဉ်လိုက်လို့ ကျွန်မကို အပြစ်တင်မှာတော့ မဟုတ်ဘူးမလား "

ကောင်းကျူမင်းက သူ့လက်ကို ရက်ရောစွာ ဝှေ့ယမ်းလိုက်သည်။

" ဘာလို့ မင်းကို အပြစ်တင်ရမှာလဲ။ မင်း ဘာပဲလုပ်လုပ် ကိုယ် မင်းကို အပြစ်မတင်ပါဘူး။ မင်းက ကိုယ်အချစ်ရဆုံး မိန်းမပဲ "

ကျန်းရုကျင်းသည် သူ့ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး သူ့ကို တည့်တည့်စိုက်ကြည့်နေသည်။

" ကျွန်မ ရှင့်ကို သတ်ချင်ရင် ဘယ်လိုလုပ်မလဲ။ ကျွန်မကို အပြစ်တင်မှာလား "

ကောင်းကျူမင်း အံ့ဩသွားပြီး မည်သို့တုံ့ပြန်ရမည်ကို မသိချေ။

ကျန်းရုကျင်း ချက်ချင်း ရယ်မောလိုက်သည်။

" ပြောတဲ့စကား မတည်တဲ့ ယောက်ျားပဲ "

ကောင်းကျူမင်းလည်း သတိပြန်ဝင်လာပြီး သူမ၏လက်ကို အမြန်ဆုပ်ကိုင်လိုက်သည်။

" ဘယ်ဟုတ်မလဲ။ ကိုယ့်ဘဝက မင်းအတွက်ပါပဲ။ မင်းသာ လိုချင်ရင် အချိန်မရွေး ယူလို့ရတယ် "

" တကယ်လား "

" လုံးဝ သေချာတာပေါ့ "

ကျန်းရုကျင်းသည် သူ၏ အတည်ပြုချက်ကို လက်ခံရရှိပြီးသောအခါ တောက်ပစွာ ပြုံးလိုက်သည်။

" ကျွန်မ ဒီနေ့ ရှင့်အတွက် ဟင်းချက်ထားတာ။ ကျွန်မရဲ့ ဟင်းချက်လက်ရာကို စမ်းမြည်းကြည့်ပေးပါလား "

သူမ စကားပြောနေရင်းဖြင့် ကောင်းကျူမင်းကို ထမင်းစားပွဲဆီသို့ ခေါ်သွားလေသည်။

ကောင်းကျူမင်းသည် စားပွဲပေါ်မှ အရသာရှိလှမည့် ညစာစားပွဲကို ကြည့်လိုက်သည်။

" ဒါတွေအားလုံးကို မင်းတစ်ယောက်တည်း ချက်ထားတာလား။ ဒါဆိုရင်တော့ အရသာကောင်းကောင်းလေး စားရတော့မှာပေါ့ "

ကောင်းကျူမင်းသည် ပြောနေရင်းဖြင့် တူတစ်စုံကို ကောက်ကိုင်လိုက်ပြီး ဟင်းကို ပါးစပ်ထဲသို့ ထည့်မြည်းကြည့်လိုက်သည်။

ထို့နောက် မျက်မှောင်ကြုတ်လိုက်သည်။

" ဘာမှားလို့လဲ "

ကျန်းရုကျင်းက အမြန်မေးလိုက်သည်။

" အရသာမရှိဘူးလား "

ကောင်းကျူမင်း၏ အပြုံးသည် ပြန်ပေါ်လာသည်။

" မဟုတ်ဘူး၊ အရသာရှိပါတယ်။ မင်းရဲ့ အချက်အပြုတ်က ဒီလောက်ထိ ကျွမ်းပြီး ကောင်းမယ်လို့ မမျှော်လင့်ထားဘူး။ မင်းက တကယ်ကို ဖုံးကွယ်ထားတာပဲ "

ကျန်းရုကျင်း ပြုံးလိုက်သည်။

" ကျွန်မမှာ ဖုံးကွယ်ထားတဲ့ အရာတွေ အများကြီး ရှိသေးတယ် "

ကောင်းကျူမင်းသည် ကုလားထိုင်ကို ချက်ချင်း ဆွဲယူလိုက်သည်။

" ထိုင်ပြီး အတူတူစားမယ်လေ "

ကျန်းရုကျင်းသည် သူ့ကို ထိုင်ခုံပေါ် ပြန်ဖိချလိုက်သည်။

" ရှင် အရင်စားပါ။ ကျွန်မ ရှင့်အတွက် ကပြပေးမယ်။ ဒီအကကို ကျွန်မ အခုမှ သင်ထားတာဆိုပေမဲ့ ရှင် သေချာပေါက် သဘောကျမှာ "

ကျန်းရုကျင်းသည် ပြန်ဖြေသည်ကို စောင့်မနေဘဲ လှည့်ပြန်ပြီး ခန်းမအလယ်သို့ ပြန်သွားကာ နေရာယူ ကခုန်လိုက်သည်။

ကောင်းကျူမင်းသည် ဟင်းပွဲများကို မြည်းစမ်းရင်း အကကို ကြည့်ကာ နှစ်သက်နေသည်။

အမှန်တွင် သူသည် ဂန္တဝင်အကများကို မကြိုက်သလို ဟင်းပွဲတွေကလည်း အရသာမရှိချေ။

ဟင်းပွဲအရသာက အတော်လေး ထူးဆန်းနေသေးသည် ......

သို့သော် သူသည် ပျော်နေသည့်ပုံ ဟန်ဆောင်နေသည်။

တကယ်တွင် ဒီမိန်းမသည် သူ၏ အနာဂတ်နှင့် ဆက်စပ်နေသည်။

သူမအား ပျော်ရွှင်စေရန် သူ့ကိုယ်သူ ဒုက္ခရောက်အောင် လုပ်ခြင်းက ဘာပြဿနာမှ မရှိချေ။

အစာစားနေရင်း ရုတ်တရက် ဗိုက်ထဲမှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။

နာကျင်လွန်း၍ အော်ငိုမိမတတ် ဖြစ်သွားရသည်။

ကံကောင်းစွာဖြင့် နာကျင်မှုသည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ကောင်းကျူမင်း သက်ပြင်းတစ်ချက်ချလိုက်သည်။

သူ မနေ့ညက ကောင်းမွန်စွာ မအိပ်နိုင်ခဲ့သည့်အတွက် အအေးမိသွားခြင်း ဖြစ်နိုင်သည်ဟု ထင်လိုက်သည်။

အပိုင်း ( ၆၈၂ )

ရီမိသားစု အမှန်တကယ် အဆုံးသတ်သွားခြင်း

ရီမိသားစု၏ ခန်းမဆောင်ထဲတွင်။

ရီထျန်းဟွမှ ဆင့်ခေါ်ထားသော အဓိက ခေါင်းဆောင်များ အားလုံး စိတ်လှုပ်ရှားနေကြသည်။

" အမလေး ဘုရား၊ ရီမိသားစုရဲ့ နောက်ကွယ်ကလူက ဆောင်းကျီရန်ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး။ လွန်ခဲ့တဲ့ နှစ်တွေထဲ ရီမိသားစုရဲ့ ခွန်အားက ဝုန်းခနဲ ခုန်တက်လာတာ အံ့သြစရာမဟုတ်တော့ဘူးပဲ "

" ပြီးတော့ ဒီတစ်ခါ ဆောင်းကျီရန်က ရာထူးကြီးတစ်ခုကို တိုးဖို့ အခွင့်ကောင်းနေရှိတယ်လို့ ကြားထားတယ်။ အဲ့ဒီအချိန်သာ ရောက်လာရင် ရီမိသားစုရဲ့ ခွန်အားက အများကြီး တိုးလာမှာ သေချာတယ် "

" ဒီလိုဆိုရင် ကျောင်းမိသားစုက တကယ်ကို အရေးပါမှာ မဟုတ်တော့ဘူး "

" ရီမိသားစုခေါင်းဆောင်ကြီးက ကျောင်းမိသားစုနဲ့ ယဲ့ဖန်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ဖို့ ရဲနေတာ အံ့သြစရာ မဟုတ်ဘူး။ သူတို့က ပြင်ဆင်ထားတာရှိတော့ မကြောက်ဘဲ ရဲတင်းနေတာလေ "

" အမှန်ပဲ။ ဆောင်းကျီရန်ကသာ သူတို့ကို ကျောထောက်နောက်ခံထားရင် ရီမိသားစုက တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာ သူတို့ လုပ်လို့မရမှာ မရှိလောက်တော့ဘူး။ ကျောင်းမိသားစုနဲ့ ယဲ့ဖန်က ဘာမလို့လဲ "

" ကျွန်တော်တို့ လျုံမိသားစုက ရီမိသားစုရဲ့ ဦးဆောင်မှုကို လိုက်ဖို့ ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး အမိန့်ပေးပါ "

" ကောင်းမိသားစုကလည်း ရီမိသားစုရဲ့ ဦးဆောင်မှုနောက်ကို လိုက်ဖို့ ဆန္ဒရှိပါတယ် "

" ကောမိသားစုကလည်း ဆန္ဒရှိပါတယ် ...... "

စုဝေးပွဲသို့ တက်ရောက်လာသူများ အားလုံးသည် သူတို့၏ ရပ်တည်ချက်ကို ဖော်ပြရန် ချက်ချင်း ခြေတစ်လှမ်း နှေးမည်ကိုပင် စိုးရိမ်ကာ အမြန်ထောက်ခံကြသည်။

ရီထျန်းဟွသည် ရလဒ်အတွက် အလွန်ကျေနပ်နေခဲ့သည်။

သူ ချက်ချင်း ထရပ်ပြီး လူအုပ်ကြားကို သူရဲကောင်းဆန်စွာ ကြည့်လိုက်သည်။

“ကောင်းပြီ၊ လူတိုင်းရဲ့အကူအညီနဲ့ ငါတို့ အနိုင်ရမယ်လို့ ယုံကြည်တယ်။ စိတ်မပူပါနဲ့ ငါ ရီထျန်းဟွက အရာအားလုံးကို ဘယ်တော့မှ တစ်ယောက်တည်း လက်ဝါးကြီးအုပ်မှာ မဟုတ်ပါဘူး။ ဒီကိစ္စတွေ ပြေလည်ပြီးရင် ကျောင်းမိသားစုနဲ့ ယဲ့ဖန် ရဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်လိုခွဲရမလဲဆိုတာ ဆွေးနွေးကြရအောင် "

ထိုစကားအကြောင်းအရာကြောင့် လူတိုင်းသည် ပို၍ပင် စိတ်အားထက်သန်လာပြီး ဆွေး‌နွေးပြောဆိုနေကြသည်။

သူတို့သည် ဤကိစ္စများ၏ လွယ်ကူမှုကို ကြားပြီးသောအခါ မျက်နှာများနီရဲလာကာ တိုက်ခိုက်ချင်စိတ်များပင် ပေါက်လာသည်။

ကျောင်းမိသားစုနှင့် ယဲ့ဖန်၏ ပိုင်ဆိုင်မှုများသည် သူတို့လက်ထဲတွင် ရှိနှင့်နေပြီးဖြစ်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ ရီထျန်းဟွ၏ နှုတ်ခမ်းများသည် နားမလည်နိုင်သော အပြုံးတစ်ခုအဖြစ်သို့ ကွေးတက်သွားသည်။

‘မင်းတို့ကို နှစ်ရက်လောက် ပျော်အောင်ထားလိုက်ဦးမယ်။ ငါ့ရဲ့ ရီမိသားစုမှာ ခွန်အား လုံလုံလောက်လောက်ရှိလာတဲ့အခါ မင်းတို့ကို တစ်ယောက်ပြီးတစ်ယောက် ရှင်းထုတ်ပစ်မယ်’

ထိုအခိုက်တွင် ရီမိသားစု၏ အထိန်းတော်သည် ရုတ်တရက် စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ဝင်လာခဲ့သည်။

" သခင်ကြီး၊ တစ်ခုခုတော့ ဆိုးကုန်ပြီ ....... "

ငြင်းခုံနေကြသော လူများအားလုံးကို ထိုအိမ်တော်ထိန်းကို မျက်မှောင်ကြုတ်ကာ ကြည့်ဦး စကားပြောနေတာကို ရပ်လိုက်ကြသည်။

ရီထျန်းဟွ၏ အမူအရာမှာလည်း အနည်းငယ် အကျည်းတန်သွားသည်။

" ဘာဖြစ်လာတာလဲ။ မင်း ဘယ်လိုလုပ် ဒီလောက် ပြာယာခတ်နေတာလဲ "

အိမ်တော်ထိန်းသည် စိတ်အေးအေးထားပြီး ရီထျန်းဟွ၏ နားထဲသို့ တစ်စုံတစ်ခုကို တိုးတီးစွာပြောရန် ပြင်လိုက်သည်။

ရီထျန်းဟွသည် သူ့ကို တွန်းထုတ်လိုက်သည်။

" ပြောစရာရှိရင် အသံကျယ်ကျယ် ပြောစမ်းပါ။ ဒီမှာ ရှိနေတဲ့လူတိုင်းက အပြင်လူတွေ မဟုတ်ဘူး။ ဖုံးကွယ်စရာ ဘာမှ မရှိဘူး "

အိမ်တော်ထိန်း အဘိုးကြီးသည်လည်း ပြတ်သားသော အသံဖြင့် ပြောရုံမှလွဲပြီး ရွေးချယ်စရာမရှိတော့ချေ။

ထို့ကြောင့် အားလုံးကြားအောင် ပြောလိုက်သည်။

" သခင်ကြီး၊ အပြင်မှာ ရဲအရာရှိတွေ ရောက်နေပါတယ်။ သခင်ကြီးကို မေးစရာရှိတယ်လို့ ပြောပါတယ် ....... "

ထိုစကားကို ပြောပြီးသောအခါ ခန်းမတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားကြသည်။

အားလုံးက ရီထျန်းဟွကို အံ့ဩစွာ ကြည့်နေကြပြီး ဘာဖြစ်သွားမှန်းမသိ ဖြစ်နေသည်။

ရီထျန်းဟွသည်လည်း ထိတ်လန့်တုန်လှုပ်သွားသော်ငြား သူသည် တည်ငြိမ်ဟန်ဆောင်ကာ ပြုံးနေသေးသည်။

" ဒါဟာ ကြီးကြီးမားမား မဟုတ်ပါဘူး။ နားလည်မှုလွဲတာလေး တစ်ခုပါပဲ။ ငါ သူတို့ကိုသွားကြည့်လိုက်မယ် .... "

သူ့စကား မပြီးမီတွင် လက်နက်အပြည့်အစုံဖြင့် အရာရှိတစ်စု ဝင်လာခဲ့သည်။

" ခင်ဗျားက ရီထျန်းဟွလား "

အရာရှိခေါင်းဆောင်က သူ့ကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။

" ရီထျန်းဟွပါ။ မင်းတို့က ...... "

ရီထျန်းဟွသည် ထိုအရာရှိအုပ်စုသည် အင်အားသုံးလျက် ပြင်းထန်စွာ လျှောက်ဝင်လာသည်ကို မြင်သောအခါ သူ့စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။

" ခင်ဗျားကို ငွေကြေးခဝါချမှု၊ လူမှောင်ခိုမှု၊ လူသတ်မှု၊ လာဘ်ပေးလာဘ်ယူမှုနဲ့ တခြားစွဲချက်များစွာနဲ့ ပတ်သက်နေတယ်လို့ သံသယရှိတယ်။ ခင်ဗျားကို ဖမ်းလိုက်ပြီ "

ထိုရဲအရာရှိသည် ဖမ်းဝရမ်းကို ထုတ်ပြပြီး သူ့ရှေ့တွင် ဝှေ့ယမ်းလိုက်သည်။

ရီထျန်းဟွသည် သူ့ခြေထောက်တွင် အားမရှိတော့သလို ပျော့သွားပြီး လဲကျတော့မလို ခံစားလိုက်ရသည်။

" အရာရှိ၊ နားလည်မှုလွဲနေတာလား။ ငါတို့ ရီမိသားစုက အမြဲတမ်း တရားဥပဒေဘောင်ထဲမှာပဲ နေတာပါ။ ဒါက ဘယ်လိုဖြစ်ရတာလဲ ...... "

အရာရှိသည် သူ့ကို စကားဖြတ်ပြောလိုက်သည်။

" အဲ့တာတွေက နားလည်မှုလွဲတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးရမယ်။ အခု ငါတို့နဲ့လိုက်ခဲ့ပါ "

ထိုသို့ပြောပြီးနောက် ရီထျန်းဟွကို ဆက်ပြီး ငြင်းခုံခွင့်မပြုတော့ဘဲ လက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် အနောက်မှ ကျန်ရှိသော အစောင့်တစ်ယောက်မှ ရီထျန်းဟွကို အေးစက်နေသော လက်ထိတ်တစ်စုံဖြင့် လက်ထိပ်ခတ်လိုက်ပြီး တွန်းထုတ်လိုက်သည်။

ရီထျန်းဟွအား ခေါ်ဆောင်သွားသည်ကို မြင်လိုက်ရသောအခါ ခန်းမအတွင်းရှိလူများသည် အံ့သြသွားကြသည်။

ရီမိသားစုကဲ့သို့ မိသားစုကြီးတစ်ခုသည် အင်အားတောင့်တင်းမှုကြီးသောကြောင့် လေးနက်ပြီး ခိုင်လုံသည့် အထောက်အထားမရှိပါက စုံစမ်းရေးဌာနများပင် အလွယ်တကူ ဖမ်းဆီးနိုင်မည် မဟုတ်ကြောင်းကို လူတိုင်း ကောင်းမွန်စွာ သိကြသည်။

သို့သော် အခုအခါ အရာရှိများသည် ရီမိသားစု၏ အိမ်ထဲကိုပင် အင်အားသုံး ဝင်ရောက်လာခြင်းက ရီမိသားစုတွင် အပြစ်ရှိကြောင်း သက်သေပြရန် ခိုင်လုံသော အထောက်အထားများ လက်ဝယ်ရှိနေကြောင်း ပြသနေခြင်း ဖြစ်သည်။

ထိုအချက်ကို တွေးမိလိုက်သည့်အခါ လူတိုင်း၏ ကျောရိုးများ အေးစက်သွားသလို ခံစားလိုက်ရသည်။

ရီမိသားစုသည် တကယ်ပင် အဆုံးသတ်သွားပြီဆိုတာကို သူတို့အားလုံး ရှင်းလင်းစွာ သိလိုက်ကြရသည်။

.................................

" ဖေဖေ၊ မနက်ဖြန် ကစားကွင်း သွားချင်လို့ သမီးတို့နဲ့ လိုက်ခဲ့ပေးလို့ရမလား "

ဆောင်းချမ်းချမ်းသည် သူမအဖေ၏ ရင်ခွင်ထဲတွင် ချွဲနွဲ့စွာ လဲလျောင်းနေရင်း မေးလိုက်သည်။

" ဒါပေမယ့် ဖေဖေက မနက်ဖြန် အလုပ်ဆင်းစရာ ရှိသေးတယ် "

ဆောင်းကျီရန်သည် သူ့သမီးလေး နှာခေါင်းလေးကို ချစ်စဖွယ် ညှပ်လိုက်သည်။

" မရဘူး၊ ဖေဖေက ချမ်းချမ်း ကစားကွင်းသွားတိုင်း တစ်ခါမှ မလိုက်ဖူးဘူး။ ဒီတစ်ခါ လိုက်လို့မရဘူးလား "

ဆောင်းချမ်းချမ်းသည် သူ့ကို မျက်ရည်ရွှဲနေသော မျက်လုံးများဖြင့် ကြည့်နေသည်။

နျဲ့ပင်းကလည်း ချက်ချင်း ဝင်ပြောလိုက်သည်။

" ချမ်းချမ်းက ရှင့်ကို ကစားကွင်း လိုက်ပို့ဖို့ အမြဲပြောနေတာ။ သမီးလေးနဲ့ တစ်ခေါက်လောက် လိုက်သွားပေးလိုက်ပါ "

ဆောင်းကျီရန်သည် သူမကို စိတ်ရှုပ်စွာ ကြည့်နေသည်။

" ချမ်းချမ်းက ကလေးမလို့ ဘယ်လိုပြုမူရမှန်းမသိရင်တောင် မင်းက အသိဉာဏ်မရှိဘူးလား။ တောင်ပိုင်းကွမ်တုန်းပြည်နယ် ပညာရေးပြုပြင်ပြောင်းလဲမှုကို နှောင့်နှေးအောင် လုပ်လို့မရဘူး။ ကျန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေက အားလုံး အလုပ်တွေ စနေကြပြီ။ ငါက ဘယ်လိုလုပ် နှောင့်နှေးပြီး အနားယူနေရမှာလဲ "

နျဲ့ပင်းက နူးညံ့စွာ ပြန်ပြောလိုက်သည်။

" ဒါပေမယ့် ရှင် သူများကလေးအတွက်နဲ့ ကိုယ့်ကလေးကိုယ်ကျ ပစ်မထားသင့်ဘူးလေ "

ဆောင်းကျီရန်က အေးစက်စွာ ပြန်ပြောလိုက်သည်။

" ငါက ဒီရာထူးကို ရောက်နေမှတော့ ပြည်သူတွေရဲ့ မျှော်မှန်းချက်အတိုင်း အစွမ်းကုန် ကြိုးစားရမှာပေါ့။ မင်းက ငါ့မိန်းမဆိုတော့ ငါ့ကို ခွန်အားအပြည့်နဲ့ ထောက်ပံ့ပေးသင့်တယ် မဟုတ်လား။ အဲ့ဒီလိုစကားတွေ ပြောရမှာ မဟုတ်ဘူး "

နျဲ့ပင်းသည် သူမခင်ပွန်းသည်၏ ဖြောင့်မတ်သော အသွင်အပြင်ကို ကြည့်လိုက်သည်။

သူမသည် အပြစ်တင်ခံရသော်လည်း သူမ၏ နှလုံးသားသည် ချိုမြိန်နေလေသည်။

သူမသည် သူမယောက်ျား၏ တာဝန်သိတတ်မှုနှင့် သစ္စာရှိမှုကြောင့် သူ့ကို မဆိုင်းမတွလက်ထပ်ခဲ့သည် မဟုတ်လား။

နှစ်ပေါင်းများစွာ ကြာပြီးသော်လည်း သူမ၏ခင်ပွန်းသည် သူ၏ မူလရည်ရွယ်ချက်များကို မှတ်မိနေသေးသည်။

ဘာအကြောင်းကြောင့် သူမယောက်ျားကို မထောက်ခံပေးရမှာလဲ။

ခင်ပွန်းသည်ကို သဘောကျ လေးစားနေချိန်တွင် တံခါးခေါင်းလောင်းသံက ရုတ်တရက် မြည်လာသည်။

နျဲ့ပင်းက သိပ်ပြီး မစဉ်းစားချေ။

သူမ ချက်ချင်း လျှောက်သွားပြီး တံခါးကို ဖွင့်လိုက်သည်။

ထို့နောက် အပြင်ဘက်တွင် အနက်ရောင်ဝတ်စုံပြည့်ဖြင့် ရပ်နေသော အမျိုးသားအချို့ကို သူမ တွေ့လိုက်ရသည်။

" ရှင်တို့က ...... "

ဦးဆောင်လာသည့် ယောက်ျားက စကားအများကြီး ပြောမနေဘဲ သူ့လူတွေကို ချက်ချင်း အထဲသို့ ခေါ်သွားသည်။

ကလေးတစ်ယောက်ရှိနေသည်ကို မြင်သောအခါ ထိုလူက အနည်းငယ် ထိန်းလိုက်သည်။

" ဆောင်းလူကြီးမင်း၊ ကျွန်တော်တို့က ဌာနဆိုင်ရာ စစ်ဆေးရေးကပါ။ ခင်ဗျားကို မေးစရာရှိလို့ ကျွန်တော်တို့နဲ့ လိုက်ပေးလို့ ရမလား "

ဆောင်းကျီရန်သည် သူ့ခန္ဓာတွင် အဆုံးမရှိ အကြောက်တရားများဖြင့် လွှမ်းမိုးလာပြီး အမြင်အာရုံသည်လည်း မည်းမှောင်သွားသည်။

နျဲ့ပင်း၏ မျက်နှာသည် ဖျော့တော့နေပြီ ဖြစ်သည်။

သမီးဖြစ်သူကို အခန်းထဲသို့ အမြန်ခေါ်သွားကာ ပြန်လှည့်ထွက်လာခဲ့သည်။

" မင်္ဂလာပါ၊ အရာရှိ။ ဘာဖြစ်တာလဲ။ တစ်ခုခုများ နားလည်မှုလွဲနေတာလား "

ထိုလူက ဆောင်းကျီရန်ကို ကြည့်ပြီး လှောင်ပြုံးပြုံးလိုက်သည်။

" ဒါက နားလည်မှု လွဲနေတာ ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာ ဆောင်းလူကြီးမင်းက အသိဆုံးဖြစ်မှာပါ ဟုတ်တယ်မလား "

ဆောင်းကျီရန်၏ မျက်နှာသည် ပြာနှမ်းနေပြီး သူ၏ခန္ဓာကိုယ်သည်လည်း တုန်ယင်နေသည်။

နျဲ့ပင်းက အမြန်ပြေးကာ သူမယောက်ျား၏ အဝတ်အစားကို ဆွဲလိုက်သည်။

" ဆောင်းလူအိုကြီး၊ ဘာဖြစ်တာလဲ။ သူတို့က ရှင့်ကို အထင်လွဲနေတာလား။ သူတို့ကို မြန်မြန်ရှင်းပြလိုက်လေ "

" ငါ ....... "

ဆောင်းကျီရန်သည် တစ်ခုခု ပြောချင်သော်လည်း သူ့လည်ချောင်းထဲတွင် ဆို့နစ်နေသည်ကို တွေ့လိုက်ရသည်။

သူ ဘာ စကားတစ်ခွန်းမှ မပြောနိုင်ချေ။

" ကောင်းပြီ၊ အချိန်ဖြုန်းမနေနဲ့။ ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ "

ဦးဆောင်လာသူ အရာရှိသည် သည်းမခံနိုင်တော့ဘဲ လက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်သည်။

ထိုအခါ ချက်ချင်း လူနှစ်ယောက်သည် ရှေ့သို့ လမ်းလျှောက်လာပြီး ဆောင်းကျီရန်ကို ဖမ်းဆီးလိုက်သည်။

အပိုင်း ( ၆၈၃ )

မိန်းမတစ်ယောက်၏ ရူးသွပ်မှု

" ရှင်တို့ ဘာလုပ်နေတာလဲ။ မြန်မြန်လွှတ်လိုက် ...... "

နျဲ့ပင်းသည် ချက်ချင်းပင် ကြောက်ရွံ့ထိတ်လန့်သွားကာ ခင်ပွန်းဖြစ်သူကို ကာကွယ်ခဲ့သည်။

" ခင်ဗျားရဲ့သမီးက အိမ်မှာ ရှိနေတုန်းပဲ။ အကျည်းတန်တဲ့ ပုံစံတွေဖြစ်အောင် ရုတ်ရုတ်သဲသဲ မလုပ်နဲ့ "

အရာရှိက သူမကို ချက်ချင်း ခြိမ်းခြောက်လိုက်သည်။

နျဲ့ပင်းသည် သူမ၏ လုပ်ရပ်များကို အလျင်အမြန် ရပ်တန့်လိုက်ပြီး ဆောင်းကျီရန်ကို ခေါ်သွားခွင့် ပြုလိုက်ရသည်။

မကြာသေးမီကပင် ဇနီးသည်နှင့် သမီးဖြစ်သူ အရှေ့တွင် ဖြောင့်မတ်စွာ သရုပ်ဆောင်ခဲ့သော ဆောင်းကျီရန်သည် ယခုအခါတွင် အလွန်ပင် ထိတ်လန့်သွားကာ လမ်းတောင် မလျှောက်နိုင်တော့ပေ။

သူ့ကို အရာရှိနှစ်ယောက်မှ တရွတ်တိုက် ဆွဲခေါ်သွားရပြီး သူ၏ ဘောင်းဘီထဲတွင်လည်း အဝါရောင် အရည်များပင် စီးကျနေလေသည်။

နျဲ့ပင်းသည် ယောက်ျားဖြစ်သူ ထွက်သွားသည့် လမ်းကြောင်းကို ကြည့်လျက် မြေပေါ်သို့ လဲကျသွားလေသည်။

သူမအဖေ၏ သတိပေးချက်က နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

" ဒီတစ်ယောက်မှာက ယုတ်မာတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်။ ယုံကြည်ထိုက်တဲ့လူ မဟုတ်ဘူး ....... "

တစ်ချိန်က သူမသည် ထိုစကားများကို အထင်သေးခဲ့ပြီး သူမ၏ ဖခင်မှ လူတတ်ကြီးလုပ်သည်ဟု ထင်ခဲ့သည်။

သို့သော် ယခုအခါ သူမအဖေ၏ စကားများသည် သူမနားထဲတွင် ကြားယောင်နေပြီး ထိုစကားများက မှန်ကန်ကြောင်း အတည်ပြုပေးနေပုံရသည်။

.................................

ခမ်းနားပြည့်စုံစံအိမ်။

ကျန်းရုကျင်း၏ ဂန္တဝင်အကသည် မပြီးသေးသော်လည်း ကောင်းကျူမင်း၏ ဗိုက်သည် သည်းမခံနိုင်လောက်အောင် နာကျင်နေပြီဖြစ်သည်။

ပဲစေ့အရွယ် ချွေးသီးများ တလိမ့်လိမ့် ကျလာသည်။

ကျန်းရုကျင်းသည် ကခုန်နေခြင်းကို ရပ်လိုက်ပြီး ကောင်းကျူမင်းဆီ လမ်းလျှောက်လာသည်။

"ကျူမင်း ဘာဖြစ်နေတာလဲ "

ကောင်းကျူမင်းသည် သူ့ကိုယ်သူ အားတင်းလိုက်ပြီး ပြုံးပြသည်။

" ကိုယ် ..... ကိုယ် အဆင်ပြေပါတယ်။ နေ့လယ်က မကောင်းတစ်ခုခု စားမိလိုက်တာ ဖြစ်မယ် ....... "

ကျန်းရုကျင်းက သူ့ကို စိတ်ပူစွာဖြင့် ကူညီပေးခဲ့သည်။

" ဒါဆို ရှင့်ကို ကူတွဲပေးမယ်။ အိပ်ခန်းထဲ ခဏလောက် လှဲအိပ်နေလိုက်ရအောင် "

ကောင်းကျူမင်းသည် သူမ၏ အကူအညီဖြင့် မတ်တပ်ထရပ်လိုက်သည်။

ထိုအပြုအမူသည် ရိုးရှင်းသော လုပ်ရှားမှုတစ်ခုသာ ဖြစ်သော်လည်း သူသည် နာကျင်လွန်း၍ မျက်နှာရှုံ့မဲ့နေပြီ ဖြစ်သည်။

ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက် သူသည် မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။

" ရုကျင်း ...... ကိုယ် ... ကိုယ် တကယ် နာနေတာကို မခံနိုင်တော့ဘူး။ မြန်မြန် ဆရာဝန်ကို ခေါ်လိုက် ...... "

" ဒါက ရောဂါလေးတစ်ခုပါပဲ။ ဘာလို့ ဆရာဝန်ကို ရှာနေမှာလဲ "

ကျန်းရုကျင်းက ပြုံးပြီးပြောသည်။

ထို့နောက် မီးဖိုချောင်ထဲသို့ ဝင်သွားကာ အလွန်ထက်သော ဓားတစ်ချောင်းကို ထုတ်ယူလာသည်။

" ကျွန်မ ရှင့်ကို ကုပေးမယ်လေ။ ရှင့်ရဲ့ နှလုံးသားက ဘာအရောင်လဲဆိုတာ ကြည့်ရတာပေါ့ "

ကောင်းကျူမင်းသည် အေးစက်နေသော ဓားကို ကြည့်ကာ ရုတ်တရတ် ဆိုးရွားသော ခံစားချက်ကို ရလိုက်သည်။

" ရုကျင်း ...... ဒါ နောက်စရာအချိန် မဟုတ်ဘူး။ ဘာကို နှလုံးသား ဖွင့်မှာလဲ။ ရယ်စရာတွေ မပြောနဲ့တော့။ ဆရာဝန်ကို မြန်မြန်ခေါ်လိုက်ပါ ...... ဟုတ်ပြီလား၊ လိမ္မာစမ်းပါ "

ကျန်းရုကျင်းသည် နားမကြားသလို နေလိုက်သည်။

သူမသည် သူ၏ ဘောင်းဘီကြယ်သီးများကို ဖြုတ်ပြီး ဓားထိပ်ဖြင့် ဝမ်းဗိုက်အောက်ပိုင်းကို ထိလိုက်သည်။

" ဘယ်ကနေ စသင့်တယ် ထင်လဲ "

ကောင်းကျူမင်းသည် သေမတတ် ကြောက်လန့်နေပြီဖြစ်သည်။

ဘယ်လောက်ပင် မိုက်မဲစေကာမူ ပြဿနာကို သူ သတိထားမိပြီး ဖြစ်သည်။

သူ အမှန်တကယ် မကောင်းတာ ဘာမှစားခဲ့ခြင်းမရှိဘဲ သူ့အရှေ့မှ ရူးနေသည့်မိန်းမက အဆိပ်ခတ်တာ ခံရခြင်းသာ ဖြစ်သည်။

သူသည် တကယ်ပင် ထရန် ရုန်းကန်ကြည့်ချင်သော်လည်း သူ့တစ်ကိုယ်လုံး နာကျင်နေကာ အားတစ်စက်မှ မရှိချေ။

" ရုကျင်း ..... မင်း ကိုယ့်ကို နားလည်မှုလွဲနေတာများ ရှိလို့လား ...... ကိုယ့်ကိုပြော ..... မင်းကို ရှင်းပေးပြမယ် ...... "

ကျန်းရုကျင်းက ရယ်လိုက်သည်။

" ရှင်းပြမှာလား။ ကောင်းပြီလေ၊ သေချာရှင်းပြပါဦး။ ကျွန်မနဲ့ လိင်ဆက်ဆံတဲ့ အချိန်တိုင်း ဘာလို့ ကျွန်မကို အမြဲတမ်း မူးအောင် တိုက်ရတာလဲ "

ကောင်းကျူမင်း အံ့အားသင့်သွားသည်။

သူမ ဒီလိုမေးခွန်းမျိုး မေးလာမည်ဟု မမျှော်လင့်ထားချေ။

" ဘာဖြစ်လို့လဲဆိုတော့ ....... ကိုယ်က နည်းနည်း ထူးခြားလို့လေ။ မင်းက ကိုယ့်ကို ရယ်မှာ စိုးရိမ်လို့ပါ "

ကျန်းရုကျင်းသည် တစ်စုံတစ်ခုကို ရုတ်တရက် ရိပ်မိသွားသလို ဖြစ်သွားသည်။

" အာ ကျွန်မသိပြီ။ ရှင်က အဲ့ဒီကိစ္စမှာ မစွမ်းဆောင်နိုင်လို့ တခြားယောက်ျားတွေနဲ့ ကျွန်မကို လုပ်ခိုင်းလိုက်ရောလား "

ကောင်းကျူမင်း၏ အမူအရာ ပြောင်းသွားသည်။

" ရုကျင်း ...... ဒီစကားတွေ မင်းကို ဘယ်သူပြောတာလဲ။ မင်း သူတို့ကို မယုံသင့်ဘူး ... သူတို့က မင်းကို ....... "

" သူတို့က ကိုယ့်တို့ကြားကို တမင် ပြဿနာတက်အောင်လုပ်ဖို့ ကြိုးစားနေတာ ဖြစ်မယ် .......... "

" ကျွန်မမျက်စိနဲ့ တပ်အပ်မြင်ထားတယ်ဆိုရင်ရော ရှင် ဘယ်လိုပြောချင်သေးလဲ "

ကျန်းရုကျင်း ရယ်လိုက်သည်။

ကောင်းကျူမင်း၏ ဗိုက်သည် အလွန်ပင် နာကျင်နေပြီဖြစ်သည်။

" ရုကျင်း ...... ခဏနေကျ ကိုယ် မင်းကို ဒီကိစ္စတွေ ရှင်းပြမယ် ...... အခု ကိုယ့်ကို ဆေးရုံ အရင်ပို့လို့ရမလား။ ...... နာလွန်းလို့ မခံနိုင်တော့ဘူး ... ကျေးဇူးပြုပြီး တောင်းဆိုပါတယ်ကွာ ..... "

ကျန်းရုကျင်း၏ အပြုံးသည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး ရူးသွပ်မှုဖြင့် အစားထိုးလာသည်။

" နာနေလို့လား။ ဒါဆို ကျွန်မ ရှင့်ကို ကုပေးမယ် "

သူမသည် စကားပြောနေရင်းဖြင့် သူမ၏လက်ထဲမှ ထက်ရှသောဓားကို ချက်ချင်းပင် ဗိုက်ဆီသို့ ချိန်ရွယ်လိုက်သည်။

ကောင်းကျူမင်းသည် အလွန်ကြောက်လန့်သွားပြီး နာကျင်နေသည်ကိုပင် ရုတ်တရက် မေ့သွားခဲ့သည်။

ဒီမိန်းမသည် ရူးနေသည့်အခါ ဒီလောက်ထိ ကြောက်စရာကောင်းနေမည်ဟု သူ မမျှော်လင့်ထားချေ။

ကောင်းကျူမင်းသည် ဘယ်ကရလာမှန်း မသိသော ခွန်အားဖြင့် သူမ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။

" ခွေးမ၊ မင်းငါ့ကိုသတ်ရင် မင်းလည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး "

ကျန်းရုကျင်းသည် ရုတ်တရက် ခေါင်းကို နောက်လှန်မော့ကာ ကျယ်လောင်စွာ ရယ်လိုက်သည်။

အဆုံးတွင် မျက်ရည်များ စီးကျလာသည်။

" ရှင် ကျွန်မကို တကယ် နားမလည်ဘူးဘဲ။ ရှင်သေပြီဆို ကျွန်မရော အသက်ရှင်နိုင်နေမယ်လို့ ထင်နေလား "

သူမသည် စကားပြောနေရင်း သူမ၏ အင်္ကျီထဲမှ အဝေးထိန်းခလုတ်ကို ထုတ်ယူလိုက်သည်။

" ဒီအိမ်ထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေ အများကြီး တပ်ထားပြီးပြီ။ နှိပ်လိုက်တာနဲ့ ကျွန်မတို့ ထာဝရ အတူတူနေနိုင်တော့မှာ ..... "

" ရပ်လိုက် ....... "

ကောင်းကျူမင်းသည် ချက်ချင်းပင် ရုန်းကန်ပြီး လုယူရန် ကြိုးစားခဲ့သည်။

သူ မသေချင်သေးချေ။

သူ့တွင် ကြီးမားသော ရည်မှန်းချက် များစွာ ရှိနေသည်။

သူက လက်မခံနိုင် ဖြစ်နေသည်။

ကျန်းရုကျင်းသည် ကောင်းကျူမင်း လှမ်းဆွဲသည်ကို လွယ်ကူစွာ ရှောင်ထွက်လိုက်ပြီး သူမ၏မျက်နှာပေါ်တွင် လှပသော အပြုံးတစ်ခု ပေါ်လာလေသည်။

" ကျွန်မ ရှင့်ကို အရမ်းချစ်ပြီး ရှင့်ကို ကျွန်မရဲ့ အရာရာလို သဘောထားတာ။ ဘာလို့ သူများတွေနဲ့ ကျွန်မကို ညစ်ညမ်းအောင် လုပ်ခဲ့တာလဲ။ ဘာလို့ ဖျက်ဆီးခဲ့တာလဲ။ ဒါပေမယ့် ကျွန်မ ရှင့်ကို မမုန်းပါဘူး။ ကျွန်မ ရှင်နဲ့အမြဲတမ်း အတူတူရှိနေချင်တယ်။ ကျူမင်း ကျွန်မ ရှင့်ကို သိပ်ချစ်ပါတယ် ....... "

ထိုစကားကို ပြောပြီးနောက် သူမသည် ခလုတ်ကို စိတိပြတ်သားစွာ နှိပ်လိုက်သည်။

အုံး ...........

မီးတောက်များသည် အရာအားလုံးကို ဝါးမြိုတော့မည့် နဂါးကြီးတစ်ကောင်ကဲ့သို့ အရှိန်အဟုန်ပြင်းစွာဖြင့် ကောင်းကင်ယံသို့ ပျံတက်သွားသည်။

ထို့နောက် စံအိမ်ကြီးတစ်ခုလုံး မြေပြင်ပေါ်သို့ ပြိုကျသွားတော့သည်။

အပိုင်း ( ၆၈၄ )

ယဲ့လူကြီးမင်း၏ ဒေါသကို ဖြေလျှော့ခြင်း

ထိုညသည် ယန်းချန်မြို့မြို့၌ ရှိသော လူများစွာအတွက် အိပ်မပျော်သည့်ည ဖြစ်ခဲ့သည်မှာ သေချာလေသည်။

ရီထျန်းဟွအား ရဲအရာရှိများမှ ခေါ်ဆောင်သွားခဲ့ပြီး ကောင်းကျူမင်းသည်လည်း ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ကာ ဆောင်းကျီရန်ကိုလည်း ခေါ်ဆောင်သွားခဲ့သည်။

ဤအဖြစ်အပျက်များထဲမှ တစ်ခုတည်းကပင်လျှင် ယန်းချန်မြို့တွင် ကြီးမားသော ရုန်းရင်းဆန်ခတ်မှုများကို ဖြစ်စေနိုင်သည်။

သို့သော် ထိုကိစ္စများအားလုံးသည် တစ်ပြိုင်နက်တည်းတွင် ဖြစ်ပျက်သွားခဲ့သည်။

ဝေ့ချန်းဖန်းသည် စာရွက်စာတမ်း အထပ်လိုက်ကြီးကို ကိုင်ထားပြီး စာရွက်ထဲမှ အချက်အလက် စကားလုံးတစ်လုံးချင်းတိုင်းကို အသေးစိတ် ဖတ်နေလေသည်။

ထိုအချက်အလက်များ အားလုံးသည် ယဲ့ဖန်နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များဖြစ်သည်။

ယဲ့ဖန်နှင့် ပတ်သက်၍ မပါဝင်သောအကြောင်းအရာ မရှိသလောက်ဖြစ်သည်။

မူလတန်းကျောင်းမှ အဖြစ်အပျက်များကိုပင် သူ ရှာဖွေစုဆောင်းထားသည်။

ဝေ့ချန်းဖန်းသည် ယဲ့ဖန်၏ အားနည်းချက်ကိုရှာ၍ အသုံးချရန် တိကျသော အချက်အလက်များ လိုအပ်လေသည်။

သူ၏ မဆုတ်မနစ်သော ကြိုးစားမှုများကြောင့် တစ်နေ့တွင် ထိုကောင်လေးကို တစ်ချက်တည်းဖြင့် သေစေနိုင်လောက်သည့် ထိုးနှက်ချက်ကို ပေးရန် အခွင့်အရေးတစ်ခုကို စောင့်နေသည်။

ထိုအခါ သူ ကြုံတွေ့ခဲ့ရသည့် အရှက်ကွဲမှုများကို ပြန်လည် ကလဲ့စားချေနိုင်ပေမည်။

ထိုအချိန်မှာပင် သူ့ဖုန်းမှ ရုတ်တရက် မြည်လာသည်။

ခေါ်ဆိုသူမှာ သူ၏ အယုံကြည်ရဆုံး လက်အောက်ငယ်သားဖြစ်သည်။

ပုံမှန်အားဖြင့် ထိုလက်ထောက်သည် အထူးအရေးတကြီးသည့်ကိစ္စ မရှိလျှင် သူ့ကို ဖုန်းခေါ်လေ့မရှိဘဲ လူချင်းတွေ့မှသာ တင်ပြလေ့ရှိသည်။

ထို့ကြောင့် ဝေ့ချန်းဖန်း နှောင့်နှေးမနေဘဲ ဖုန်းကို အမြန်ကောက်ကိုင်လိုက်သည်။

ထိုအခါ တစ်ဖက်မှ အသံကို ကြားလိုက်ရပြီး အသံကလည်း အနည်းငယ် တုန်နေသည်။

" လူ ..... လူကြီးမင်းဝေ့ ..... ရီ ..... ရီမိသားစုက အဆုံးသတ်သွားပြီ "

" ယဲ့မိသားစုဆိုတော့ ယဲ့ဖန်လား "

ဝေ့ချန်းဖန်းသည် လက်ရှိအချိန်တွင် 'ယဲ့'ဟူသော နာမည်ကိုသာ ကြားယောင်နေသည်။

ထို့ကြောင့် ယဲ့ဖန် မတော်တဆမှုတစ်ခု ဖြစ်သွားသည်ဟုပင် မသိစိတ်က တွေးနေခဲ့သည်။

" အဲ့တာက ယဲ့ဖန် မဟုတ်ပါဘူး။ ရီမိသားစုပါ။ ရီမိသားစုရဲ့ အကြီးအကဲ ရီထျန်းဟွကို ရဲအရာရှိက ဖမ်းခေါ်သွားပါတယ်။ ငွေကြေးခဝါချမှု၊ လူမှောင်ခိုမှု၊ လာဘ်ပေးလာဘ်ယူမှု၊ လူသတ်မှုနဲ့ တခြားရာဇ၀တ်မှုတွေအများကြီးနဲ့ သံသယရှိတယ်လို့ သူတို့က ပြောပါတယ် "

ဝေ့ချန်းဖန်း သည် ထိုစကားကို ကြားသောအခါ ချက်ချင်း ထိတ်လန့်တကြားဖြစ်ပြီး ထရပ်လိုက်သည်။

" သေချာရဲ့လား။ ဒီအချက်အလက်တွေကို မင်း ဘယ်ကနေ ရခဲ့တာလဲ "

သူ၏ လက်ထောက်က ချက်ချင်းပြန်ပြောသည်။

" ဒီနေ့ ရီထျန်းဟွက စီးပွားရေး လုပ်ငန်းရှင်တွေ အများကြီးကို ခေါ်ခဲ့ပါတယ်။ သူက ကျောင်းမိသားစုနဲ့ ယဲ့ဖန်ကို တိုက်ခိုက်ဖို့ ပြင်ဆင်ဆွေးနွေးနေတုန်း အရာရှိရောက်လာတာပါ။ သူတို့ ဆွေးနွေးနေတဲ့ အလယ်မှာပဲ ရောက်လာတာဆိုတော့ လူတော်တော်များများ မြင်လိုက်ကြပါတယ် "

ဝေ့ချန်းဖန်းသည် နောက်ဆုံးတွင် အနည်းငယ် စိတ်ငြိမ်သက်သွားပြီး စကားပြန်ပြောရန်ပြင်သည်။

သို့သော် သူ့လက်ထောက်မှ နောက်ထပ် ဗုံးတစ်လုံးကဲ့သို့ ပြင်းအားရှိသော အကြောင်းအရာတစ်ခုကို ထပ်ပြောလာသည်။

" ဆောင်းကျီရန်ကိုလည်း စုံစမ်းဖို့ ခေါ်ဆောင်သွားကြပါတယ် ....... "

ဝေ့ချန်းဖန်း အံ့အားသင့်သွားသည်။

" ဆောင်းကျီရန်လား။ ဘာလို့ သူ့ကို စစ်ဆေးဖို့ ခေါ်သွားတာလဲ "

" သူက ရီမိသားစုကို နောက်ကွယ်ကနေ ထောက်ပံ့ပေးနေတယ်လို့ ကြားထားပါတယ်။ ရီမိသားစု ကိစ္စတစ်ခုခုက သူနဲ့ ငြိစွန်းနေတာ ဖြစ်ပါလိမ့်မယ် ....... "

ဝေ့ချန်းဖန်း၏ စိတ်ထဲတွင် အတော်လေး ရှုပ်ထွေးနေသည်။

ဤအကြောင်းအရာနှစ်ခုသည် ထိုမျှလောက်မရိုးရှင်းကြောင်း သူ ခံစားမိလေသည်။

ဒီနောက်ကွယ်တွင် အကြောင်းအရာတွေ ရှိဦးပေမည်။

ထိုအချိန်မှာပင် လက်ထောက်က ဆက်ပြောသည်။

" ကောင်းကျူမင်းက သူ့အိမ်ထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပါသေးတယ်။ အပြင်လောကက သူတွေကတော့ သူက အပြစ်ဒဏ်တွေကို ရှောင်ဖို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ ထင်ကြေးပေးနေကြပါတယ် "

ဤ 'ပြင်းထန်လွန်းသော ဗုံး' သုံးလုံးသည် တစ်လုံးထက်တစ်လုံး ပိုပြီး ပေါက်ကွဲမှုပြင်းကာ ဝေ့ချန်းဖန်းကို အတော်လေး မူးဝေလာစေသည်။

" ဘာ ...... ဘာတွေ ဖြစ်နေတာလဲ "

" တစ်ယောက်ယောက်က အထက်အရာရှိတွေဆီကို သက်သေတွေ လွှဲပေးခဲ့တယ်လို့ ကြားထားပါတယ်။ အထက်အရာရှိတွေကလည်း ဒေါသအရမ်းထွက်ပြီး သေသေချာချာ စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ထားပါတယ်တဲ့ "

သူ့လက်ထောက်၏ စကားကို ကြားသောအခါ ဝေ့ချန်းဖန်း၏ စိတ်ထဲတွင် ရုတ်တရက် တစ်စုံတစ်ခု ပေါ်လာသည်။

ယဲ့ဖန် !!!!!!!

ရီမိသားစုနှင့် ကောင်းကျူမင်းတို့ဖြင့် ရန်ငြှိုးရှိပြီး ထိုကဲ့သို့ ညစ်တီးညစ်ပတ် သက်သေများကို ထုတ်နိုင်သည့်သူမှာ ယဲ့ဖန်မှလွဲ၍ သူ အခြားသူကို တွေးမရပေ။

သူပဲဖြစ်ရမယ်။

ဒီအဖြစ်အပျက်တွေ အားလုံးက ယဲ့ဖန်နဲ့ ဆက်စပ်နေရမယ်။

ထိုအကြောင်းကို တွေးမိပြီးသည့်အခါ ချက်ချင်း ချွေးအေးများ ထွက်လာသည်။

သူသည် ယဲ့ဖန်ကို ဘယ်လို ကလဲ့စားချေရမည်ဆိုတာကိုပဲ တွေးနေခဲ့သည်။

သို့သော် ထိုအချိန်မှာပင် တစ်ဖက်လူက သူ့ကို 'ဗုံးသုံးလုံး'စာ ပြင်းထန်သည့် သတင်းမျိုး ဖန်တီးပေးလာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ရီမိသားစု၊ ကောင်းကျူမင်းအပြင် ဆောင်းကျီရန်တို့အားလုံးသည် သူ့ထက် အများကြီး သန်မာကြလေသည်။

ထိုသုံးယောက်ကိုပင် ယဲ့ဖန်မှ တစ်ချက်တည်း သတ်လိုက်နိုင်သည်။

သို့သော် သူသည် သူ့ကိုယ်သူ အလွန်အထင်ကြီးပြီး ယဲ့ဖန်နှင့် ရန်သူဆက်ဖြစ်ကာ ကလဲ့စားချေရန် တွေးနေခဲ့သည်။

ထိုအရာမှာ သေချာပေါက် ကိုယ့်သေတွင်းကိုယ် တူးနေခြင်းဖြစ်သည်။

ထိုအချိန်တွင် သူ၏ဇနီးဖြစ်သူ လဲ့ချူးဖေးသည် သူ့ပုခုံးကို အနောက်မှ ရုတ်တရက် ပုတ်လိုက်သည်။

ဝေ့ချန်းဖန်းသည် တစ္ဆေတစ်ကောင်အား မြင်လိုက်ရသလို တုန်လှုပ်သွားသည်။

လဲ့ချူးဖေးက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။

" ရှင် ဘာဖြစ်နေတာလဲ "

ဝေ့ချန်းဖန်းသည် နှုတ်ခမ်းများပင် အနည်းငယ် ပြာနှမ်းသွားသည်။

" ရီထျန်းဟွ အဖမ်းခံရပြီးတော့ ကောင်းကျူမင်းလည်း သေသွားပြီ။ ဆောင်းကျီရန် ကိုလည်း စုံစမ်းစစ်ဆေးဖို့ ဖမ်းခေါ်သွားကြတယ် ...... "

လဲ့ချူးဖေးသည် ထိုစကားကို ကြားပြီးသောအခါ သူမသည်လည်း ထိတ်လန့်သွားသည်။ တုန်လှုပ်သည်ထက် သူမ ပိုစိတ်ရှုပ်ထွေးသွားခဲ့သည်။

" ဒါပေမဲ့ အဲ့တာက ရှင်နဲ့ ဘာဆိုင်လို့ ရှင်ကဘာလို့ ဒီလောက်တောင် ဖြူဖျော့နေရတာလဲ "

ဝေ့ချန်းဖန်း ပါးစပ်ကို မနည်းဖွင့်ကာ ပြောလိုက်သည်။

" ဒါတွေအားလုံးက ယဲ့ဖန် လုပ်နေတာပဲ "

လဲ့ချူးဖေး ဒီတစ်ခါတွင်တော့ တကယ်ကို အံ့သြသွားရသည်။

" ယဲ့ဖန် လုပ်ခဲ့တာလား။ သူက … ဒီလောက် အစွမ်းထက်တဲ့ အင်အားကို ဘယ်က ရလာတာလဲ "

ဆောင်းကျီရန်အား ထည့်မတွက်လျှင်ပင် ကောင်းကျူမင်းပဲဖြစ်စေ၊ ရီမိသားစုပဲ ဖြစ်စေ၊ သူတို့ နှစ်ဦးလုံးသည် အလွန်အစွမ်းထက်လေသည်။

ယခုအခါ ထိုလူသုံးယောက်လုံးသည် ယဲ့ဖန်ကြောင့် ဒုက္ခရောက်ကုန်ကြသည်။

ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။

အချိန်တစ်ခုကြာပြီးနောက် လဲ့ချူးဖေးသည် ပြန်လည် အသိစိတ်ကပ်လာသည်။

" ယဲ့ဖန် လုပ်တာနဲ့ ရှင်က ဒီလောက်ထိ ကြောက်မနေသင့်ဘူး မဟုတ်လား။ သူ့ကို ရှင် ခွင့်လွှတ်ပေးဖို့ တောင်းပြီးပြီလေ။ ရှင့်ကိုလည်း သူက ခွင့်လွှတ်ပြီးသား မဟုတ်လား "

ဝေ့ချန်းဖန်းသည် စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ညွှန်ပြလိုက်သည်။

" ငါက သူ့ကို ဘယ်လို လက်စားချေရမလဲဆိုတာ စဉ်းစားနေတာ "

လဲ့ချူးဖေးသည် ကြောက်လန့်တကြား မြေပြင်ပေါ်သို့ ချက်ချင်း လဲကျသွားသည်။

" ရှင်ရူးနေလား။ ရှင် တကယ်ပဲ ယဲ့ဖန်ကို ပြဿနာရှာဖို့ လုပ်နေတာလား။ ရှင် ကျွန်မတို့ကို သတ်ဖို့များ ကြိုးစားနေတာလား "

ဝေ့ချန်းဖန်းသည်လည်း သူ့မျက်နှာပေါ်တွင် တုန်လှုပ်နေပြီး ကြောက်ရွံ့မှုပြည့်နေသော အရိပ်အယောင် ရှိနေသည်။

" သူ့ရဲ့ ခွန်အားတွေက ဒီလောက်ထိ အားကောင်းမယ်လို့ မမျှော်လင့်ထားဘူး။ ငါလည်း ကံကောင်းဖို့ မျှော်လင့်ခဲ့ပေမဲ့ ..... အခုဆို ဒီတစ်သက်လုံး လက်စားချေဖို့ အခွင့်အရေး မရှိလောက်တော့ဘူးလို့ ထင်တယ် "

လဲ့ချူးဖေးသည် ပူလောင်သော အကြည့်ဖြင့် သူ့ကို စိုက်ကြည့်နေသည်။

" ရှင် ကျွန်မတို့ ဘဝတွေကို ကောင်းကျူမင်းနဲ့ ရီထျန်းဟွလိုမျိုး မကုန်စေချင်ဘူးဆိုရင် ဒီလိုအတွေးမျိုး ဘယ်တော့မှ ထပ်မတွေးသင့်တော့ဘူး "

ဝေ့ချန်းဖန်း လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။

" မတွေးပါဘူး၊ ဘယ်တော့မှ မတွေးတော့ဘူး ........ "

.......................................

ဝေ့ချန်းဖန်းသာမက ယဲ့ဖန်အား ခေါင်းငုံ့ တောင်းပန်ခဲ့ကြသည့်သူများသည် ထိုအင်အားပြင်းသတင်းကို ကြားပြီးသောအခါ သူတို့အားလုံး အလွန်ကံကောင်းသွားကြသည်ဟု တွေးမိကြသည်။

ဤနှစ်ရက်အတွင်းတွင် သူတို့သည် အစွမ်းအစ မရှိသူများဟူ၍ အခြားသူများ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။

လူငယ်တစ်ဦးဆီသို့ အပြေးသွားကာ ခေါင်းငုံ့ဒူးထောက်ပြီး တောင်းပန်ရန် ပိုင်ဆိုင်သည့်မြေများကိုပင် လွှဲအပ်ပေးကာ လျော်ကြေးပေးခဲ့ရသည်။

သို့သော် အခု ပြန်ကြည့်လိုက်လျှင် ထိုကိစ္စသည် ပညာရှိ လုပ်ရပ်တစ်ခုဟု ဆိုရပေမည်။

မဟုတ်ပါက သူတို့သည်လည်း ကောင်းကျူမင်းနှင့် ရီထျန်းဟွတို့ကဲ့သို့ အောက်ခြေအဆုံးထိ ဆွဲချခံရနိုင်သည်။

.............................................

ချူးရှစ်အုံးနှင့် အခြားသူများသည် ရီမိသားစုအိမ်မှ ထွက်သွားပြီးနောက် ပြန်လည်စုရုံးခဲ့ကြသည်။

" ရီမိသားစုရဲ့ ကျောထောက်နောက်ခံ ဆောင်းကျီရန်ကိုလည်း ဖမ်းခေါ်သွားကြတယ်လို့ ကျွန်တော် အခုလေးတင် သတင်းရထားတယ် "

" ကောင်းကျူမင်းလည်း သူ့အိမ်မှာပဲ ပေါက်ကွဲပြီး မီးလျှံထဲမှာတင် သေသွားတယ်တဲ့ ....... "

ထိုသတင်းနှစ်ခုအား ဆက်တိုက်ကြားလိုက်ရသည့်အခါ နေရာတွင် ရှိနေသူအားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။

All Chapters