← Chapters

အပိုင်း ၆၉၃-၆၉၆

Vol. 35 Ch. 693-696

အပိုင်း ၆၉၃-၆၉၆

Vol. 35 Ch. 693-696

အပိုင်း ( ၆၉၃ )

မင်းမှာ လူသားချင်း စာနာတဲ့စိတ် မရှိဘူးလား။

" ကယ်ကြပါဦး၊ ရေမကူးတတ်ဘူး ..... "

လုရှောင်ရသည် ရေကန်ထဲတွင် ရုန်းကန်ရင်း အတော်သနားစရာ ကောင်းနေသည်။

ကန်ထဲမှရေသည် မနက်သောကြောင့် သူမအတွက် အသက်အန္တရာယ် မရှိသော်လည်း ယဲ့ဖန်သည် သူမအား ကယ်တင်ရန် ရေကန်ထဲသို့ ခုန်ဆင်းလိုက်သည်။

သူမကို ဆွဲခေါ်လိုက်ပြီးနောက် နှစ်ယောက်လုံး ရွှဲနစ်သွားသည်။

" ဟားဟားဟား ....... "

ယဲ့ဖန်သည် သူမ၏ သနားစရာ ဖြစ်နေသော အခြေအနေကို ကြည့်ပြီး ပြင်းထန်စွာ ရယ်မောကာ သူ မထိန်းနိုင်ဘဲ ရှေ့နောက်ပင် ယိမ်းထိုးနေသည်။

" ကျွန်မက ဒီလိုဖြစ်နေတာကို ရှင်က ရယ်နေသေးတာလား။ ဘာရယ်နေတာလဲ "

လုရှောင်ရသည် ယဲ့ဖန်ကို စိုက်ကြည့်ရင်း ရှက်ရွံ့ဒေါသဖြစ်ခဲ့ရသည်။

ယဲ့ဖန်သည် ပြုံးနေရင်းဖြင့် သူ့အကြည့်တွေက တဖြေးဖြေး ပူလောင်လာရသည်။

လုရှောင်ရသည် ယနေ့တွင် အဖြူရောင်ပိုးသားဂါဝန်ကို ၀တ်ဆင်ထားသည်။

ရေထဲမကျခင်က ဘာမှ မမြင်ရချေ။

သို့သေည် ယခုအခါ ဂါဝန်သည် ရေထဲကျသွားပြီးနောက် သူမ၏ သိမ်မွေ့သော ခန္ဓာကိုယ်တွင် လုံး၀ ကပ်နေသဖြင့် သူမ၏ ပြီးပြည့်စုံသော ကောက်ကြောင်းများကို ပေါ်လွင်လာစေသည်။

အထူးသဖြင့် ပြူးထွက်နေသော အစိတ်အပိုင်းအချို့သည် ပို၍ပင် ဆွဲဆောင်မှုရှိနေသည်။

လုရှောင်ရသည် သူမ၏ ကိုယ်ပေါ်ရှိ ရေထဲမှအပင်တစ်ချို့ကို သန့်ရှင်းနေစဉ် ယဲ့ဖန်သည် ရုတ်တရက် တိတ်ဆိတ်သွားသည်ကို သူမ သတိထားမိလိုက်သည်။

သူမ စကား နည်းနည်းကြမ်းသွားလို့ သူ ဒေါသဖြစ်သွားတာများလား။

သို့သော် သူမခေါင်းကို မြှောက်ကြည့်လိုက်သောအခါ တစ်ဖက်သူ၏ မျက်လုံးများမှ ပူလောင်နေသော အကြည့်ကို မြင်လိုက်ရပြီး တစ်စုံတစ်ခုကို ချက်ချင်း သဘောပေါက်သွားကာ ရင်ဘတ်ကို အလျင်အမြန် ဖုံးအုပ်လိုက်သည်။

" နှာဘူး၊ ရှင် ..... ရှင် ဘာကြည့်နေတာလဲ "

ယဲ့ဖန်သည် လူမိသွားသော်လည်း လုံးဝအရှက်မရှိချေ။

" အရင်က သတိမထားမိခဲ့ဘူး ....... "

လုရှောင်ရ စိတ်ရှုပ်သွားသည်။

" ဘာကို သတိမထားမိတာလဲ "

ယဲ့ဖန်က သူမကို မျက်ခုံးပင့်ကြည့်လိုက်သည်။

" မင်းက တော်တော်လေး ကိုယ်လုံးရှိတာပဲ "

လုရှောင်ရသည် သူ့စကား အဓိပ္ပါယ်ကို အတော်ကြာမှ နားလည်ခဲ့သည်။

သူမ၏ လှပသော မျက်နှာလေးသည် သာမန်မျက်စိဖြင့်ပင် မြင်နိုင်သော အရှိန်ဖြင့် နီမြန်းလာပြီး ရှက်ရွံ့ဒေါသဖြင့် သူ့ကို စိုက်ကြည့်နေသည်။

" ရှင်အရင်က လူယုတ်မာမှန်း ကျွန်မလည်း မသိခဲ့ဘူး "

ယဲ့ဖန်က မရှက်တဲ့အပြင် ဂုဏ်ယူနေလေသည်။

" ဆရာကြီးက ပြောဖူးတယ်။ စားသောက်ခြင်းနဲ့ လိင်ဆက်ဆံခြင်းက သဘာဝပဲတဲ့။ တပ်မက်မှု မရှိဘူးဆိုရင် အလှတရားက အဓိပ္ပါယ်မဲ့သွားလိမ့်မယ် "

" လျှာရိုးမရှိတိုင်း မသင့်မလျော်တွေ ပြောနေတာပဲ "

လုရှောင်ရက ဒေါသတကြီးပြောသည်။

ထိုသို့ ပြောလိုက်သော်လည်း သူမ စိတ်ထဲတွင် ကြည်နူးနေဆဲဖြစ်သည်။

သူမသည် ယဲ့ဖန်အတွက် လေးနက်သော ခံစားချက်များ ရှိနေပြီးဖြစ်ကာ သူမအသက်ကို ကယ်တင်လိုက်သောကြောင့် သူ့အပေါ် အလွန်နှစ်သက်ကျွမ်းဝင်သွားပြီဖြစ်သည်။

သူမကို အမှန်တကယ် တစ်ခုခုလုပ်ချင်လျှင်ပင် စိတ်ထဲထားမည် မဟုတ်သောကြောင့် ဟာသလုပ်သည်ကို စိတ်ထဲပင် မရှိချေ။

သူတို့နှစ်ယောက် ပရောပရီလုပ်နေချိန်မှာတွင် ဘေးမှ အော်ဟစ် အကူအညီတောင်းသံကို ရုတ်တရက် ကြားလိုက်ရသည်။

" ကယ်ပါဦး ....... "

ထိုအချိန်မှသာ ယဲ့ဖန်သည် သူ့ဘေးတွင် အခြားလူတစ်ယောက် ရှိနေသေးသည်ကို သတိရလိုက်သည်။

အလျင်အမြန် လှည့်ကြည့်လိုက်သည့်အခါ ထိုလူ၏ မျက်နှာသည် ဖြူဖျော့နေသည်ကို တွေ့လိုက်ရသည်။

သွေးများက မြေပေါ်တွင် များစွာ စီးကျနေလေသည်။

" ခင်ဗျား မသေသေးဘူးလား "

ယဲ့ဖန်သည် ထိုလူ၏ ဒဏ်ရာကို ကုသပေးရန် သူ့အနားသို့ သွားလိုက်သည်။

နင်ဂျာက သွေးမတိတ်သော်လည်း ယဲ့ဖန်၏ စကားကြောင့် သေလုနီးပါးပင် ဖြစ်သွားသည်။

ဒါက လူစကားရော ဟုတ်ရဲ့လား။

မင်းမှာ လူသားချင်း စာနာစိတ် မရှိဘူးလား။

ယဲ့ဖန်သည် သွေးတိတ်စေရန် လုပ်ပေးနေရင်းဖြင့် နင်ဂျာ၏ အိတ်ကပ်ထဲမှ ဖုန်းမြည်လာသည်ကို တွေ့လိုက်ရသည်။

ထိုအခါ သူ ချက်ချင်း ထုတ်ယူလိုက်သည်။

သူ့ဖုန်းထဲ၌ မက်ဆေ့ချ်တစ်ခု ရောက်နေသည်ကို တွေ့လိုက်သည်။

မက်ဆေ့ချ်၏ အကြောင်းအရာသည် စာလုံးတွဲနှစ်တွဲသာဖြစ်သည်။

[ အောင်လား၊ ရှုံးလား ]

မက်ဆေ့ချ် ပေးပို့သူမှာ မာ့စုအိရှီချီဖြစ်သည်ကို ယဲ့ဖန် ချက်ချင်း နားလည်သွားခဲ့သည်။

မစ်ရှင် အောင်မြင်သလားဆိုတာကို လှမ်းမေးနေခြင်း ဖြစ်သည်။

သူက နင်ဂျာကို ချက်ချင်း လှည့်ကြည့်လိုက်သည်။

" ခင်ဗျားရဲ့ သခင်နဲ့ ဘယ်လို သဘောတူညီချက်လုပ်ထားလဲ။ ဒီကိစ္စအောင်မြင်ရင် ဘယ်လိုပြန်ဖြေရမှာလဲ "

" 'အောင်ပြီ' လို့ပဲ ပို့ရမှာ "

နင်ဂျာက နာကျင်မှုကို သည်းခံပြီး ပြန်ဖြေသည်။

" ခင်ဗျား လိမ်ရဲတဲ့ သတ္တိရှိရင် ခင်ဗျားရဲ့ခြေလက်တွေ အားလုံးကို ဖြတ်ပစ်ပေးမယ် "

ယဲ့ဖန်က ဓားရှည်ကို ကိုင်လိုက်ပြီး သူ့ကို အေးစက်စွာ ကြည့်နေသည်။

" ငါ မလိမ်ပါဘူး။ ငါ အမှန်အတိုင်းပြောနေတာ "

နင်ဂျာက တုန်ယင်စွာဖြင့် အလျင်စလိုရှင်းပြသည်။

ယဲ့ဖန်သည် သူ လိမ်နေသည့်ပုံ မပေါ်သည်ကို မြင်လိုက်ရသည်။

ထို့ကြောင့် သူ ချက်ချင်း စာရိုက်ပြီး ပြန်ဖြေလိုက်သည်။

ခဏအကြာတွင် တစ်ဖက်မှ နောက်ထပ် မက်ဆေ့ချ်တစ်စောင့် ပို့လာသည်။

[ ကောင်းပြီ၊ ပစ္စည်းကို တောင်ကျွန်းအပြည်ပြည်ဆိုင်ဟိုတယ် အခန်း ၂၀၇၄ဆီ ယူသွား ]

ခဏအကြာတွင် နောက်တစ်စောင် ထပ်ပို့လာသည်။

[ ဟိုတရုတ်နှစ်ကောင်နဲ့ အထူးသဖြင့် အဲ့ကောင်မလေးကို ခေါ်လာခဲ့ ]

ထိုစာကို ယဲ့ဖန် မြင်သည့်အခါ ချက်ချင်း ပြုံးပြီး လုရှောင်ရကို လှည့်ကြည့်လိုက်သည်။

" မင်းကို ဟိုတယ်ဆီ အရင် လိုက်ပို့ပေးစေချင်လား "

လုရှောင်ရက အမြန် ခေါင်းယမ်းလိုက်သည်။

" ရှင့်နောက် လိုက်ချင်တယ် "

ယဲ့ဖန်ကလည်း မငြင်းခဲ့ချေ။

" ဒါဆိုလည်း သွားကြရအောင် "

လုရှောင်ရသည် မြေကြီးပေါ်ရှိ နင်ဂျာကို ညွှန်ပြလိုက်သည်။

" သူ့ကိုရော ဘယ်လိုလုပ်မှာလဲ "

ယဲ့ဖန်သည် ခွေးသေတစ်ကောင်လို နင်ဂျာကို တစ်ချက်ကြည့်လိုက်သည်။

" ထားလိုက် သူသေမှာတော့ မဟုတ်ဘူး။ နောက်မှ သူ့ဟာသူ တွားသွားလိမ့်မယ် "

ထိုသို့ဖြင့် ထရပ်ပြီး လုရှောင်ရနှင့် ထွက်သွားလေသည်။

နင်ဂျာသည် အလွန်ဒေါသထွက်ပြီး သွေးအန်ထွက်မတတ် ဖြစ်ခဲ့သည်။

သူသည် နင်ဂျာတစ်ယောက် ဖြစ်လေသည်။

ဒီလို အရှက်ကွဲမှုမျိုးကို ဘယ်တုန်းကမှ မကြုံခဲ့ဖူးချေ။

တရုတ်နိုင်ငံတွင် သူ၏ကိုယ်ရေးသမိုင်းတစ်လျှောက် အကြီးမားဆုံး ကျရှုံးမှုကို ခံရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သူ့အလုပ်ရှင်က ပေးခဲ့သည့် တာဝန်မစ်ရှင်ကို မပြီးမြောက်ခဲ့သည့်အပြင် ခြေထောက်တစ်ချောင်းကို ဆုံးရှုံးလိုက်ရပြီး လုံးဝ ဒုက္ခိတဖြစ်သွားရသည်။

ထိုလူငယ်သည် အလွန်ကြောက်စရာကောင်းသည်။

မာ့စုကော်ပိုရေးရှင်းကဲ့သို့ ပြင်းထန်သောရန်သူကိုပင် ပြဿနာရှာရဲသည် ဆိုကတည်းက အတော်လေး ရဲတင်းသည့်သူ ဖြစ်သည်။

ထိုအတွေးဖြင့် သူသည် မရမက ထပြီး ခြေပြတ်ကို ပွေ့ဖက်ကာ အခြားခြေကို အားပြုပြီး ခုန်နေလေသည်။

...........................

မာ့စုအိရှီချီသည် ဟိုတယ်ဆိုဖာပေါ်တွင် အေးဆေးစွာ ထိုင်နေသည်။

သူသည် လုရှောင်ရ၏ ပြိုင်ဘက်ကင်းသော အလှကို တွေးနေသည်။

ထိုအခါ မထိန်းနိုင်ဘဲ သူ့သွေးတွေ ပွက်ပွက်ဆူလာသလို ခံစားရသည်။

ထိုကဲ့သို့ အလှတရားသည် တရုတ်ဝက်ကောင်အတွက် မထိုက်တန်ပေ။

အဲ့တာက ကောင်းကင်ဘဏ္ဍာကို ဖြုန်းတီးခြင်းဖြစ်သည်။

သူသည် ဒီနေ့ညတွင် ခံစားရမည့် သာယာမှုအကြောင်းကို စိတ်ကူးယဉ်နေစဉ်တွင် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။

" ဒီကို ရောက်နေပြီ "

မာ့စုအိရှီချီသည် တံခါးကို ချက်ချင်းဖွင့်လိုက်သည်။

သူသည် အရမ်းစိတ်လှုပ်ရှားနေသောကြောင့် ချောင်းကြည့်ပေါက်ကနေ အရင်ကြည့်ရန်ပင် မေ့သွားခဲ့သည်။

တံခါးကို ဖွင့်လိုက်သည်နှင့် လက်တစ်ဖက်သည် ရုတ်တရက် ဝင်လာပြီး သူ့လည်ပင်းကို လှမ်းဆွဲလိုက်သည်။

ဤပြောင်းလဲမှုသည် ရုတ်တရက်ဆန်လွန်းသောကြောင့် ဘယ်လိုတုံ့ပြန်မည်ဆိုတာကို မေ့သွားခဲ့သည်။

တံခါးဖွင့်ပြီးနောက် အေးစက်သော အပြုံးဖြင့် မျက်နှာကို တွေ့လိုက်သောအခါ အာရုံပြန်ကပ်လာပြီး ခေါင်းထဲမှ သွေးကြောများ ပြောင်းပြန်ဖြစ်သွားသလို ခံစားလိုက်ရသည်။

" မင်းလား။ ရအိကွန်း ဘယ်မှာလဲ "

မာ့စုအိရှီချီသည် ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

သူသည် ရအိကွန်းထံမှ မက်ဆေ့ချ်ကို ရထားပြီးဖြစ်သောကြောင့် တာဝန်ပြီးထားပြီဟု သိထားတာဖြစ်သည်။

ဘယ်လိုလုပ်ပြီး ဒီလိုတွေ ဖြစ်သွားတာလဲ။

ယဲ့ဖန်က လုရှောင်ရကို ခေါ်လာပြီး တံခါးကို ပြန်ပိတ်လိုက်သည်။

" အဲ့ဒီနင်ဂျာအကြောင်း မေးနေတာလား။ သူသေပြီ "

မာ့စုအိရှီချီ ချက်ချင်း မျက်လုံးပြူးသွားရသည်။

" မဖြစ်နိုင်ဘူး၊ ရအိကွန်းက လေးစားရတဲ့ နင်ဂျာတစ်ယောက်ပဲ။ သူ ဘယ်လိုလုပ် သေနိုင်မှာလဲ "

ယဲ့ဖန်က သူ့ကို ဟိုတယ်ခန်း၏ ဧည့်ခန်းထဲကို ပြန်ခေါ်လာခဲ့သည်။

" နင်ဂျာတွေလည်း လူတွေပဲလေ။ လူတွေလည်း သေတတ်တာပေါ့။ အဲ့တာက ဘာထူးဆန်းနေလို့လဲ "

မာ့စုအိရှီချီ၏ မျက်နှာသည် ချက်ချင်း ဖျော့တော့သွားသည်။

သူသည် နောက်ထပ် ဆိုးရွားသော အမှားတစ်ခုကို ကျူးလွန်မိကြောင်း သူသိလိုက်သည်။

သူသည် ယဲ့ဖန်၏ နောက်ခံအကြောင်းကို သေချာစွာ မစုံစမ်းဘဲ ရူးသွပ်စွာ ဆုံးဖြတ်ပြုမူခဲ့သည်။

တစ်ခါက သူ့အဖေ ပြောဖူးလေသည်။

လူတစ်ယောက်သည် ပထမတစ်ခါမှားရင် ပြင်နိုင်သော်လည်း ဒုတိယတစ်ခါတွင်တော့ သေနိုင်သည်ဟု ဆိုလေသည်။

သူသည် အရင်တုန်းက ထိုစကားကို အမြဲတမ်း လျစ်လျူရှုခဲ့သည်။

ယခုတွင်တော့ သူသည် ထိုကိစ္စ၏ လေးနက်မှုကို နောက်ဆုံးတွင် သဘောပေါက်လိုက်ပြီ ဖြစ်သော်လည်း အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။

" မင်း ဘာလိုချင်တာလဲ "

မာ့စုအိရှီချီသည် ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

ယဲ့ဖန်ကို သူ ဘယ်လို ဖြေရှင်းရမည်ဆိုတာကို မသိချေ။

" အဲ့တာက ခင်ဗျားကို မေးရာမှာမဟုတ်ဘူးလား။ ဘာလို့ အိမ်ထဲကို ဖောက်ထွင်းဝင်ဖို့ လူလွှတ်လိုက်တာလဲ။ ခင်ဗျား ဘာလိုချင်တာလဲ "

ယဲ့ဖန်သည် သူ့ကို စူးရဲစွာ စိုက်ကြည့်နေသည်။

ယဲ့ဖန်၏ ညာဘက်လက်သည် သူ၏ လည်ချောင်းကို ညှစ်ထားဆဲဖြစ်သည်။

အချိန်မရွေး သူ့အသက်ကို ယူသွားနိုင်လေသည်။

" ငါ ....… ဒီအိမ်ကြီးကို ကြိုက်တယ်။ မင်းက ငါ့လက်ထဲကနေ လုယူသွားတာမလို့ ငါ မကျေမနပ်လို့ မင်းကို သင်ခန်းစာပေးဖို့ လူလွှတ်လိုက်တာ ........ "

သူ့စကား မပြီးခင်တွင် ယဲ့ဖန်က သူ့ကို အညှာအတာမဲ့စွာ ဖြတ်ပြောလိုက်သည်။

" ကျုပ်က လူလိမ်တွေကို အမုန်းဆုံးပဲ။ ခင်ဗျားကလည်း မပြောချင်ဘူးဆိုမှတော့ အကြောင်းအရာကို ထာဝရ သိမ်းထားလိုက်တော့ "

အပိုင်း ( ၆၉၄ )

သေပြီလား

ယဲ့ဖန်သည် ပြောနေရင်းဖြင့် လက်အားကို တိုးလိုက်သည်။

မာ့စုအိရှီချီ အသက်ရှူကျပ်သွားပြီး သူ့မျက်နှာလည်း နီရဲလာသည်။

လုရှောင်ရသည် ထိုကဲ့သို့ သွေးစွန်းမည့် မြင်ကွင်းကို နောက်တစ်ကြိမ် မမြင်ချင်သောကြောင့် တစ်ဖက်ကို အမြန်လှည့်လိုက်သည်။

" ငါ …... ငါပြောမယ် .... "

မာ့စုအိရှီချီ ထိတ်လန့်သွားသည်။

သူသည် ယဲ့ဖန်၏ လက်ကို အမြန်ပုတ်ထုတ်သည်။

သို့သော် ယဲ့ဖန်က လွှတ်မပေးချေ။

ထိုဂျပန်ကောင် သေခါနီးဖြစ်သည်အထိ မျက်ဖြူလှန်အောင် လည်ပင်းညှစ်ပြီးမှ လွှတ်ပေးလိုက်သည်။

" အဟွတ်၊ အဟွတ်၊ အဟွတ် ..... "

မာ့စုအိရှီချီသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ပြင်းထန်စွာ ချောင်းဆိုးတော့သည်။

ထို့နောက် အချိန်အတော်ကြာမှ ငြိမ်သက်လာသည်၊

ယဲ့ဖန်သည် သူ့အား စောင့်ပေးရန်အထိ စိတ်မရှည်ပေ။

ထို့ကြောင့် သူ့ကို ချက်ချင်း မြှောက်လိုက်သည်။

" ခင်ဗျား ကျွန်တော့်ကို အမှန်တိုင်းပြောရင် ပိုကောင်းလိမ့်မယ်။ ခင်ဗျားကို နောက်တစ်ကြိမ် အခွင့်အရေးမပေးဘူး "

မာ့စုအိရှီချီက ထိတ်လန့်စွာကြည့်နေသည်။

" ငါပြောမယ်၊ ငါပြောမယ်။ ငါ့အဖေက ငါ့ကို ဒီကို ပို့လိုက်တာ ...... "

ယဲ့ဖန်က သူတစ်ခုခုပြောချင်ပေမယ့် တုံ့ဆိုင်းနေသည်ကို မြင်လိုက်ရပြီး ခွန်အားကို ပိုသုံးလိုက်သည်။

" သူက ခင်ဗျားကို ဘာလို့ ဒီကိုပို့လိုက်တာလဲ။ ရှင်းရှင်းလင်းလင်းပြော "

မာ့စုအိရှီချီက ဆက်ပြောသည်။

" နျုံစစ်သွမ်းရဲ့ အိမ်ကနေ ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာမြေပုံသုံးပိုင်းကို ယူဖို့ပဲ သူက ငါ့ကို ဒီပို့လိုက်တာ "

ယဲ့ဖန်က ဆက်မေးသည်။

" နျုံစစ်သွမ်းမှာ ရှန်းဘုရင်ရဲ့ ရတနာမြေပုံရှိနေတာကို သူ ဘယ်လိုသိတာလဲ "

မာ့စုအိရှီချီ ခေါင်းယမ်းလိုက်သည်။

" ငါလည်း မသိဘူး။ ငါက အမိန့်ကို လိုက်နာရုံပဲ။ အဖေက တခြားဘာမှ မပြောဘူး "

ယဲ့ဖန်သည် မျက်လုံးများကို ကျဉ်းထားလိုက်သည်။

" ဟမ် ..... "

မာ့စုအိရှီချီသည် အလွန်ကြောက်လန့်သွားပြီး သူ့မျက်နှာက ဖြူဖျော့သွားခဲ့သည်။

" ငါ မလိမ်ပါဘူး။ ငါ့အဖေက လျှို့ဝှက်ဘဏ္ဍာမြေပုံသုံးပိုင်းကို ယူဖို့ပဲ ပြောခဲ့တာ။ တခြားဘာမှ မပြောဘူး "

ယဲ့ဖန်သည် သူလိမ်နေပုံ မပေါ်သည်ကို မြင်လိုက်ရသည်။

ထို့ကြောင့် ချက်ချင်း မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။

ရှန်းဘုရင်၏ လျှို့ဝှက်ရတနာမြေပုံအကြောင်းကို လူများစွာ မသိကြချေ။

နျုံစစ်သွမ်းတွင် လျှို့ဝှက်ရတနာမြေပုံ သုံးပိုင်းရှိနေကြောင်းကို လူအနည်းငယ်သာ သိကြသည်။

နျုံစစ်သွမ်း ကိုယ်တိုင်မှလွဲ၍ သူအယုံကြည်ရဆုံးသော လက်ထောက်များသာ သိကြပေမည်။

ရတနာမြေပုံကိုရယူရန် မာ့စုကော်ပိုရေးရှင်းကို ယန်းချန်မြို့ဆီ လာခိုင်းနိုင်သူမှာ သာမန်လူ မဟုတ်နိုင်ပေ။

အကြောင်းတစ်ခုခုကြောင့် နျုံစစ်သွမ်း၏ ပုံရိပ်သည် သူ့စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။

အစမှ အဆုံးထိ ကင်းလှည့်အဖွဲ့သည် နျုံစစ်သွမ်း၏ အလောင်းကို မရှာနိုင်ခဲ့ပေ။

တစ်နည်းဆိုရသော် ယခုအချိန်အထိ နျုံစစ်သွမ်း သေသွားပြီဟု လုံး၀ ကောက်ချက်မချနိုင်သေးပေ။

ဒီအဖြစ်အပျက် အပြီးတွင် နျုံစစ်သွမ်း အသက်ရှင်နေသေးသည်ဆိုတာ ပိုသေချာလာခဲ့သည်။

ဤကဲ့သို့ ပြင်းထန်တဲ့ရန်သူသည် အမှောင်ထဲတွင် ပုန်းအောင်းနေသည်မှာ လူတိုင်းကို အေးချမ်းစွာ အိပ်မပျော်နိုင်စေလောက်သည်အထိ ဖြစ်သွားစေနိုင်သည်။

မာ့စုအိရှီချီက သနားညှာတာဖို့ ထပ်ပြီး တောင်းဆိုလာခဲ့သည်။

" ငါသိသမျှ မင်းကိုပြောပြီးပြီ။ မင်း ငါ့ကို လွှတ်ပေးနိုင်မလား "

ယဲ့ဖန်က ဟက်ခနဲ အသံပြုလိုက်သည်။

" ခင်ဗျားက ထွက်သွားချင်သေးတာလား "

မာ့စုအိရှီချီ၏ အမူအရာ ပြောင်းလဲသွားပြန်သည်။

" မင်းငါ့ကို သတ်ဖို့ ကြိုးစားနေတာလား "

ယဲ့ဖန်က သူ့ကို စူးရဲစွာ စိုက်ကြည့်နေသည်။

" ခင်ဗျား ရအိကွန်းကို စာပို့ပြီး ငါတို့ကို ဒီကိုခေါ်လာခိုင်းတယ်မလား။ အဲ့တာ ခင်ဗျား ဘာလိုချင်လို့လဲ "

မာ့စုအိရှီချီသည် စကားမပြောနိုင် ဖြစ်သွားသည်။

အမှန်တွင် သူသည် ယဲ့ဖန်ကို သတ်ပြီး ထိုမိန်းကလေးကို အပိုင်ကြံဖို့ လုပ်ခဲ့တာ ဖြစ်သည်။

သို့သော် အခုအခါ သူ ထိုစကားမျိုး မပြောနိုင်ချေ။

ယဲ့ဖန်၏ အကြည့်က အေးစက်သွားသည်။

" ခင်ဗျားက ကျုပ်ကို သတ်ဖို့ ကြံခဲ့တာဆိုတော့ ခင်ဗျားကို ဘယ်လိုလုပ် အသက်ရှင်ခွင့်ပေးနိုင်မှာလဲ "

သူက ပြောသည့်အတိုင်း လည်ချောင်းကို ဖိတော့မည့်အချိန်တွင် အပြင်ဘက်မှ အမျိုးသမီးတစ်ဦး၏ အသံကို ကြားလိုက်ရသည်။

" ရပ်လိုက် ....... "

သူမ၏ စကားမဆုံးခင်တွင် ရင်းနှီးသည့် အသွင်အပြင်က အမြန်ဝင်လာတာကို သူ တွေ့လိုက်ရသည်။

သူမသည် ရက်ပေါင်းများစွာ မတွေ့ခဲ့ရသော လုံခြုံရေးအဖွဲ့မှ အဖွဲ့ဝင်ချန်းဖေးအယ်ဖြစ်သည်။

ယဲ့ဖန်၏ လက်သည် ရပ်တန့်သွားသည်။

မာ့စုအိရှီချီသည် သေခြင်းမှလွတ်မြောက်ခဲ့သော်လည်း သူ့ဘောင်းဘီထဲတွင် အဝါရောင်အရည်များ အောက်သို့ စီးကျလာသည်။

" ကိုယ့်ကို အကြောင်းပြချက် ပေးနိုင်မလား "

ယဲ့ဖန်သည် ချန်းဖေးအယ်ကို ကြည့်လိုက်သည်။

သူမသည် မေ့မရနိုင်သော ထူးခြားသည့်အလှကို ပိုင်ဆိုင်ထားလေသည်။

" သူက မာ့စုကော်ပိုရေးရှင်းကပဲ။ သူ ဒီမှာသေရင် ရှင်ဒုက္ခရောက်လိမ့်မယ် "

ချန်းဖေးအယ်က အကြောင်းပြချက်ပေးသည်။

" ဟမ့်၊ မာ့စုကော်ပိုရေးရှင်းကိုလည်း ဂရုမစိုက်ဘူး။ သူက ကိုယ့်အသက်ကို ယူချင်နေမှတော့ ကိုယ်က သူ့ကို ပြုံးပြရမှာလား။ ဒီလူကို သတ်မယ်။ မင်းဖမ်းချင်ရင် မင်းကြိုက်သလိုလုပ် "

ထိုသို့ပြောပြီး ယဲ့ဖန်က ဆက်လက်တိုက်ခိုက်သည်။

ချန်းဖေးအယ်သည် လုံခြုံရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့်အတွက် သူမရှေ့တွင် ဖြစ်မည့် ဥပဒေမဲ့လုပ်ရပ်များကို လက်ခံမည် မဟုတ်ပေ။

သို့သော် သူမသည် သူ့ကို မယှဉ်နိုင်သည်ကို သိသောကြောင့် သူမဘက်ကသာ အလျှော့ပေး ညှိနှိုင်းရသည်။

" သူ့ကိုလွှတ်လိုက်။ အပြန်အလှန်အနေနဲ့ ရှင့်ကို တစ်ခုပြောပြပေးနိုင်တယ် "

ယဲ့ဖန်သည် နောက်တစ်ကြိမ် မလှုပ်ရှားတော့ဘဲ သူမကို လှည့်ကြည့်လိုက်သည်။

" ဘာအကြောင်းလဲ "

" သူ့ကို အရင်လွှတ်လိုက်ပါ "

" မင်းမှာ ဘာရှိလဲဆိုတာ အရင်ပြောပါ။ တန်ဖိုးက လဲရကျိုးနပ်လားဆိုတာ ဆုံးဖြတ်မယ် "

" ရှင် ...... "

ချန်းဖေးအယ် ဒီလိုလူမျိုးကို တစ်ခါမှ မမြင်ဖူးချေ။

သူသည် သူမနှင့် တကယ်ကြီး ဈေးဆစ်နေလေသည်။

သူမ ဒေါသစိတ် ပြေလျော့သွားပြီးနောက် ထပ်၍ စိတ်လျှော့ခဲ့ရတော့သည်။

" ကျန်းပင်းကွန်း သေသွားပြီ။ ထောင်ထဲမှာ နားထင်ကို သံချောင်းနဲ့ ရိုက်ခံရပြီး သေသွားတယ် "

ထိုစကားကို ယဲ့ဖန် ကြားသည့်အခါ မာ့စုအိရှီချီကို လွှတ်လိုက်သည်။

" သေပြီလား။ မင်းတို့ ဘာလုပ်နေတာလဲ။ ဒီလို အရေးကြီးတဲ့သက်သေကို ဘယ်လိုလုပ်ပြီး အသေခံရတာလဲ "

ချန်းဖေးအယ်သည် အနည်းငယ် ဒေါသထွက်သွားခဲ့သော်လည်း သူမကိုယ်သူမ ထိန်းထားနိုင်ခဲ့သည်။

" ကျွန်မတို့ သူ့ကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ တစ်ဖက်က သူ့ကို ချဉ်းကပ်ဖို့ ဘယ်လိုနည်းလမ်းတွေ သုံးခဲ့လဲ ဘယ်သူသိမှာလဲ။ နတ်ဆိုးက နည်းလမ်းစုံတယ် ပြောရမှာပဲ "

ယဲ့ဖန်က မျက်မှောင်ကြုတ်ပြီး ခဏစဉ်းစားသည်။

" ဒါကို နျုံစစ်သွမ်းလို့ ထင်လား "

ချန်းဖေးအယ်လည်း ခေါင်းညိတ်သည်။

" ကျွန်မတို့လည်း အဲ့တာကို သံသယရှိပေမယ့် လက်ရှိအချိန်မှာ အထောက်အထား မရှိဘူး "

ယဲ့ဖန်က မာ့စုအိရှီချီကို ညွှန်ပြလိုက်သည်။

" အထောက်အထားတွေ လိုသေးလို့လား။ နျုံစစ်သွမ်းကလွဲပြီး မာ့စုကော်ပိုရေးရှင်းကို ခိုင်းနိုင်တဲ့ တခြားသူကို တကယ် စဉ်းစားလို့မရဘူး "

ချန်းဖေးအယ် ချက်ချင်းပြုံးလိုက်သည်။

" နျုံစစ်သွမ်း အသက်ရှင်နေသေးရင် ရှင်အန္တရာယ်ရောက်နေပြီ "

သူမ၏ လေသံအရ သူမ ရင်ခုန်နေပုံရသည်။

အပိုင်း ( ၆၉၅ )

ဒါဆို ရှင်က ဒါမျိုးကို ကြိုက်တာလား။

" နျုံစစ်သွမ်းရဲ့ ပြစ်မှုသက်သေတွေကို ပေးခဲ့တယ်လေ။ အဲ့တော့ မင်းက ကိုယ့်ရဲ့ လုံခြုံရေးကို ကာကွယ်ပေးရမယ် "

ယဲ့ဖန် ချက်ချင်းပင် တုန်လှုပ်ခြောက်ခြားသွားသလို ဟန်ဆောင်ပြီး ချန်းဖေးအယ်ကို တောင်းဆိုလိုက်သည်။

ချန်းဖေးအယ်က ရယ်ရမလား ငိုရမလား မသိပေ။

" ရှင်က အခု ယန်းချန်မြို့ရဲ့ နာမည်ကြီးယဲ့လူကြီးမင်း ဖြစ်နေပြီ။ ကျွန်မက ရှင့်ကို ကာကွယ်ပေးဖို့ လိုအပ်သေးလို့လား "

ယဲ့ဖန်သည် သူမ၏စကားများမှ ပုတ်ခတ်ပြောဆိုသံကို ကြားပြီးနောက် ချက်ချင်းပြန်ပြောသည်။

" အကာအကွယ်လိုလား၊ မလိုလားဆိုတာက ကိုယ့်ကိစ္စပဲ။ ကာကွယ်ပေးဖို့ လိုလား၊ မလိုလားဆိုတာက မင်းကိစ္စလေ။ အဲ့နှစ်ခုကို ရောလို့ မရဘူး ဟုတ်တယ်မလား "

ချန်းဖေးအယ်သည် ကူကယ်ရာမဲ့စွာ ပုခုံးကို တွန့်လိုက်သည်။

" အထက်အရာရှိတွေကိုတော့ လျှောက်ထားပေးမယ်။ အတည်ပြုမလားဆိုတာတော့ ကျွန်မလည်း အာမ မခံနိုင်ဘူး "

ယဲ့ဖန်က သူ့အဖြေကို မကျေနပ်ချေ။

" မင်းရဲ့ခေါင်းဆောင်က ကာကွယ်ဖို့ မလွှတ်ပေးဘူးဆိုရင် အနာဂတ်မှာ ဘယ်သူက မင်းကိုသက်သေတွေ ပေးရဲတော့မှာလဲ။ မင်းက တရားမျှတမှုကို ပြည်သူတွေနဲ့ ဖြတ်တောက်နေတာပဲ ........ "

ချန်းဖေးအယ်သည် ယဲ့ဖန်ကို စကားနိုင်အောင် မပြောနိုင်ချေ။

" ကောင်းပြီ၊ ကျွန်မကို အပြစ်တင်မနေနဲ့။ အရေးကြီးတာပြောရရင် ရှင့်မှာ ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာမြေပုံ အပိုင်းတွေအားလုံးကို ရထားပြီးပြီဆိုတော့ နျုံစစ်သွမ်းက ရှင့်ကို လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ဘူး။ ရှင့်ကိုသတ်ဖို့ လူတွေကိုတောင် လွှတ်နိုင်တယ် ..... "

ယဲ့ဖန်က လူမှန်ကြီး ပုံစံဖြင့် ပြောသည်။

" ဒါဆိုရင် ကိုယ့်ရဲ့ လုံခြုံရေးအပြင် ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ လုံခြုံရေးကိုလည်း ကာကွယ်ဖို့ မင်းတို့ဘက်က နောက်ထပ်လူတွေကို စေလွှတ်ပေးရမယ်။ သူတို့အတွက် မင်း တာဝန်ယူရမယ် "

ချန်းဖေးအယ် အနည်းငယ် အကူအညီမဲ့သွားသည်။

" ကျွန်မစကားကို အရင်နားထောင်ပါဦး။ ရှင့်ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို ကာကွယ်ဖို့ ကျွန်မတို့ အစွမ်းကုန်ကြိုးစားပါမယ်။ ဒါပေမယ့် ရှင့်ဘက်ကလည်း ကျွန်မတို့နဲ့ အတူတူ အလုပ်လုပ်ဖို့ ပူးပေါင်းပေးရမယ် "

ယဲ့ဖန်က သူ့နှာခေါင်းကို ထိလိုက်သည်။

" ဘယ်လို ပူးပေါင်းစေချင်တာလဲ။ ပြောကြည့်လေ "

" ဒီကာလမှာ ရှင် ကျွန်မနဲ့ အဆက်အသွယ်မပြတ် ရှိနေရမယ်။ သဲလွန်စ တစ်ခုခုတွေ့တာနဲ့ ချက်ချင်း ပြောပါ။ ကျွန်မဖုန်းက ၂၄နာရီ အမြဲတမ်းအသင့်ရှိပါတယ် ..... "

ချန်းဖေးအယ်က စိတ်ရှည်ရှည်နှင့် ညွှန်ကြားနေခဲ့သည်။

" အလုပ်နဲ့မဆိုင်ရင်ရော ဖုန်းဆက်လို့ရမလား "

" အလုပ်နဲ့မဆိုင်တာမျိုးလား။ ဥပမာဆို ဘယ်လိုမျိုးလဲ ..... "

" ဥပမာ ...… ယောက်ျားနဲ့ မိန်းမကြားက ကိုယ်ရေးကိုယ်တာ ကိစ္စတချို့ပေါ့ "

" အဲ့လို မလုပ်နိုင်ဘူး "

" ဘာလို့လဲ "

" ဘာလို့လဲဆိုတော့ ယောက်ျားတွေကို စိတ်မဝင်စားဘူး "

" အိုး ....... "

ယဲ့ဖန်သည် ယောက်ျားဆန်မှုရော မိန်းမဆန်မှုပါ ရောယှက်နေသည့် သူမ၏ မျက်နှာကို စိုက်ကြည့်ပြီးနောက် သူ့ဘေးနားရှိ လုရှောင်ရကို ကြည့်လိုက်သည်။

ဒီမိန်းကလေးက သူနဲ့ ဝါသနာ တူနေတာများလား။

သူကရော မိန်းကလေးတွေလည်း ကြိုက်တာလား။

သူသည် လုရှောင်ရ၊ ချန်းရွှမ်နှင့် အခြားသူများကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ရမည်ဖြစ်ပါသည်။

တစ်နေ့တွင် ချန်းဖေးအယ်က သူတို့ကို လုပြီး အချစ်ပြိုင်ဖက်တွေဖြစ်လာပါက သူ့မှာ ငိုစရာနေရာပင် မရှိလောက်ပေ။

ချန်းဖေးအယ်သည် ယဲ့ဖန်မှာ ညစ်ပတ်သော အရာတစ်ခုကို တွေးနေသည်ကို သူ၏ 'ကောက်ကျစ်သော' မျက်လုံးများမှ ပြောနိုင်သောကြောင့် သူမသည် ရှင်းပြရန်ကိုပင် ပျင်းလွန်းလှသည်။

" သွားကြတာပေါ့ "

ထို့နောက် သူမသည် မာ့စုအိရှီချီနှင့်အတူ ထွက်ခွာသွားခဲ့သည်။

ရုတ်တရက် ရောက်လာပြီး သန့်ရှင်းစွာ ထွက်သွားသည်။

ဘယ်လောက် သတ္တိကောင်းလိုက်လဲ။

ယဲ့ဖန်သည် ထွက်သွားသည့် သူမ၏ နောက်ကျောကို ကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် သူ့အနောက်မှ လူသတ်ချင်နေသည့် အငွေ့အသက်ကို ရုတ်တရက် ခံစားလိုက်ရသည်။

သူ လှည့်ကြည့်လိုက်သည့်အခါ လုရှောင်ရက သူ့ကို စားမတတ်ဝါးမတတ် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

" ဒါဆို ရှင်က ဒါမျိုးကိုကြိုက်တာလား "

" ဒါမျိုးဆိုတာ ဘာကို ဆိုလိုတာလဲ။ မင်းပြောတာကို နားမလည်ဘူး "

လုရှောင်ရသည် ချန်းဖေးအယ် ထွက်သွားသော လမ်းကြောင်းကို ညွှန်ပြသည်။

" ဒါဆို ရှင်က ဒီလို ယောက်ျားရော မိန်းမရောဆန်တဲ့ မိန်းမမျိုးကို ကြိုက်တာလား "

ယဲ့ဖန် မျက်လုံးပြူးသွားသည်။

" မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ သူ့ကို ကြိုက်တယ်လို့ ဘယ်တုန်းက ပြောလို့လဲ "

" ဒါဆို ရှင် ဘာလို့ သူ့ကို အီစီကလီလုပ်နေတာလဲ။ ရှင် ကျွန်မနဲ့ကျ အဲ့လိုတစ်ခါမှ မပြောဖူးဘူး ....... "

လုရှောင်ရက ဒေါသတကြီးပြောလေသည်။

ယဲ့ဖန်က သူ့လက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်ပြီး ဖြတ်ပြောလိုက်သည်။

" မမလေး၊ မင်း စကားသုံးတာ မှားနေတယ်။ အဲ့တာကို အီစီကလီလုပ်တယ်လို့ ခေါ်တာလား။ အဲ့တာက ...... ဖော်ရွေပြီး ဆက်ဆံရေးကောင်းတာလို့ ခေါ်တယ် "

လုရှောင်ရသည် သူ့အား စူးစိုက်ကြည့်နေသော်လည်း လွန်လွန်ကဲကဲ မဖြစ်ချင်ပေ။

" ဒါဆို ကျွန်မကို ဘာလို့ ဖော်ရွေတဲ့ပုံစံနဲ့ မဆက်ဆံတာလဲ "

သူမသည် ပြောနေရင်းဖြင့် သူမ ရင်ဘတ်ကို ကော့ဖို့လည်း မမေ့ချေ။

ယဲ့ဖန်က သူ့တံတွေးကို မျိုချလိုက်သည်။

" မင်းက ကိုယ်နဲ့ အရမ်းဆက်ဆံချင်နေတာလား "

လုရှောင်ရသည် သူ့အကြည့်ကြောင့် အနည်းငယ် စိတ်ရှုပ်သွားသော်လည်း သူမ စိတ်တင်းမာချင် ဟန်ဆောင်နေဆဲဖြစ်သည်။

" ဟုတ်တယ် လုပ်ရဲလား "

ယဲ့ဖန် ပြုံးလိုက်သည်။

သူ့ကို လုပ်ရဲရဲလားတဲ့။

ဒီကောင်မလေးက သူ့ပုံစံကို နားမလည်သေးတာဖြစ်မည်။

" မင်းဘက်က တောင်းတာဆိုတော့ ကိုယ့်ကို အပြစ်မတင်နဲ့ "

ပြောပြီးသည်နှင့် ရေချိုးခန်းတံခါးကို ပိတ်လိုက်သည်။

ထို့နောက် သူ့အဝတ်အစားများကို ချွတ်ကာ ပြန်ထွက်လာခဲ့သည်။

" ရှင် ..... ဘာလုပ်နေတာလဲ "

ထိုပုံစံကို မြင်ပြီး လုရှောင်ရ ထိတ်လန့်တကြား ချက်ချင်း ပြန်ဆုတ်သွားသည်။

" ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး လုပ်ချင်တယ်ဆို။ မင်းရဲ့တောင်းဆိုမှုကို ဖြည့်ဆည်းပေးမယ် "

ယဲ့ဖန်၏မျက်နှာတွင် နတ်ဆိုးဆန်သော အပြုံးတစ်ခု ရှိနေသည်။

" ကျွန်မ .... ကျွန်မ ... ဆိုလိုတာက ရှင့်ကို ကျွန်မနဲ့ တွဲစေချင်တာ … အဲ့တာ ...... "

လုရှောင်ရသည် သူမကိုယ်သူမ ခုခံကာကွယ်ရန် 'လက်နက်တစ်ခုခု'ကို လှည့်ပတ်ကြည့်သော်လည်း ဘာမှမရှိပေ။

" ကိုယ်က သူနဲ့ သာမန် ဖော်ရွေတဲ့ ဆက်ဆံရေးပဲ ရှိတာ။ အခု မင်းနဲ့အတူတူ အဆင့်မြှင့်ထားတဲ့ ဆက်ဆံရေးကို စမ်းကြည့်ကြမယ်လေ "

ယဲ့ဖန်သည် သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး တစ်ကိုယ်လုံးကို အုပ်မိုးကာ သူမကို ကုတင်ပေါ်သို့ ကြမ်းတမ်းစွာ လှဲချလိုက်သည်။

လုရှောင်ရသည် ကြောက်ရွံ့ တုန်လှုပ်နေပြီဖြစ်သည်။

" အား ..... ယဲ့ဖန် နင် ငါ့ကို လွှတ်ပေးလို့ရမလား။ ငါ ... ငါ နင်နဲ့ မစတော့ပါဘူး "

ယဲ့ဖန်သည် သူမ၏ လှပသော မျက်လုံးများကို အနီးကပ် စိုက်ကြည့်နေသည်။

" ဒါပေမယ့် ကိုယ်က အတည်မှတ်ယူလိုက်ပြီ။ အဲ့တော့ ဘာလုပ်ကြမလဲ "

လုရှောင်ရက စိတ်လှုပ်ရှားနေသည်။

" ဒါပေမယ့် …... ကျွန်မ စိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ရသေးဘူး "

ယဲ့ဖန်ကလည်း စိတ်လှုပ်ရှားဟန်ဆောင်လိုက်သည်။

" ဒီလိုကိစ္စမျိုးအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်နေစရာ မလိုပါဘူး။ အိပ်ဖို့ပဲ လိုတယ်။ ကျန်တာ ကိုယ့်ဆီ အပ်ထားလိုက် "

လုရှောင်ရ နှုတ်ခမ်းတွေကို ကိုက်လိုက်သည်။

" ဒါပေမယ့် ..... ဒါပေမဲ့ နင် ငါ့ကို မချစ်ဘူးလေ "

ယဲ့ဖန်က သူ့ရယ်ချင်တာကို ထိန်းလိုက်သည်။

" ရပါတယ်၊ နောက်ထပ် အကြိမ်အနည်းငယ်လောက် ကောင်းတာကို ကြုံပြီးသွားရင် ချစ်မိသွားလိမ့်မယ် "

ထိုစကားကို ပြောပြီးနောက် နှုတ်ခမ်းကို သပ်လိုက်သည်။

" အား ...... "

လုရှောင်ရ အော်ဟစ်ပြီး သူ့အောက်ကနေ တွားသွား ထွက်လာသည်။

ထို့နောက် တုန်တုန်ယင်ယင်ဖြင့် သူ့ကို လက်ညှိုးထိုးပြသည်။

" နင် ...… ငါ့ကို ထပ်ပြီး အနိုင်ကျင့်ရင် နင့်ကို အဖေနဲ့ ငါတိုင်ပြောမယ် "

ယဲ့ဖန်သည် စကားမပြောနိုင် ဖြစ်သွားသည်။

" ဒါက မင်းပဲ အမြဲလိုချင်နေတာမဟုတ်ဘူးလား။ မင်းပဲ ငါ့ကို အခန်းထဲမှာ သွေးဆောင်ဖို့တောင် ကြံစည်နေသေးတာလေ။ ငါ မသိဘူး ထင်လို့လား "

လုရှောင်ရသည် ယဲ့ဖန်မှ ထိုအကြောင်းကို သိနေရန် မမျှော်လင့်ခဲ့ပေ။

ချက်ချင်းပင် သူမမျက်နှာကို ရှက်ရွံ့စွာ အုပ်လိုက်သည်။

" နင် ..... နင် ငါတို့ပြောတာတွေကို ခိုးနားထောင်နေတာလား "

ယဲ့ဖန်သည် သူ့မျက်နှာပေါ်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ရှိနေသည်။

" သူများတွေကို မသိစေချင်ရင် မလုပ်နဲ့ပေါ့။ အခု မင်းကို အခွင့်အရေးပေးလိုက်ပြီဆိုတော့ လာပြီး သွေးဆောင်လို့ရပြီ။ ကိုယ့်ကိုက ဆွဲဆောင်ရ အရမ်းလွယ်ပါတယ် "

လုရှောင်ရသည် သူ၏ ခြေထောက်ကို ဆောင့်နင်းလိုက်သည်။

" သေလိုက်ပါလား ဟွန့် "

ထိုသို့ဖြင့် မျက်နှာကို အုပ်ပြီး ပြေးထွက်သွားသည်။

သူမ ဆက်မနေရဲပေ။

အလွန်ရှက်နေလေသည်။

ယဲ့ဖန်သည် သူမ၏ သနားစရာကောင်းသော အခြေအနေကို ကြည့်လိုက်သည်။

ထို့နောက် သူ့ကိုယ်သူ မထိန်းနိုင်လောက်အောင်ထိ ရယ်မောနေမိသည်။

ရယ်ပြီးနောက်တွင် အနည်းငယ် ဝမ်းနည်းမိသွားသည်။

သူသာ ခုနက ပိုပြီး စိတ်ပိုင်းဖြတ်ထားလျှင် သူအောင်မြင်သွားနိုင်လေသည်။

သို့သော် သူ သူရဲဘောကြောင်လွန်းခဲ့သည်။

အပိုင်း ( ၆၉၆ )

သန်း ၁၀၀

ယဲ့ဖန် ဟိုတယ်ပြန်ရောက်သောအခါ လုရှောင်ရကို မတွေ့ချေ။

သူမ Liu Lingကို ထပ်ပြီး သွားရှာတာ ဖြစ်နိုင်လောက်သည်။

ဤမိုက်မဲသော မိန်းကလေးသည် ထိုမိန်းကလေး၏ ဦးဆောင်မှုဖြင့်အနှေးနှင့်အမြန် လမ်းလွဲသွားနိုင်သည်ကို သူပြောနိုင်သည်။

သို့သော် ယခုအချိန်တွင် သူသည် ထိုကိစ္စကို စိတ်မပူနိုင်ပေ။

ဟိုတယ်သို့ ပြန်ရောက်ပြီးနောက် သူသည် ရှန်းဘုရင်၏ လျှို့ဝှက်ရတနာ မြေပုံအပိုင်းအစများကို ချက်ချင်းထုတ်ယူပြီး ပေါင်းစည်းလိုက်သည်။

နောက်ဆုံးအပိုင်းသုံးပိုင်းကို ပေါင်းစပ်လိုက်သောအခါ မကြုံဖူးသော ပြီးမြောက် အောင်မြင်သည့် ခံစားချက်က သူ့အလိုလို ပေါ်လာသည်။

ဤမြေပုံစုပေါင်းခြင်းကို နှစ်၂၀၀၀ကျော်အတွင်း အောင်မြင်အောင် လုပ်နိုင်သူမှာ သူ ပထမဆုံးဖြစ်လေသည်။

ကြီးမြတ်သော အောင်နိုင်သူ ရှန်းယွီမှလွဲ၍ ရှန်းဘုရင် လျှို့ဝှက်ရတနာမြေပုံအစုံလိုက်ကို မြင်ဖူးသူမှာ သူ တစ်ဦးတစ်ယောက်တည်းသာ ဖြစ်နိုင်သည်။

တစ်ခဏအတွင်းတွင် သူသည် နှစ်ပေါင်းများစွာ အချိန်ခရီးသွားပြီး ကြီးမြတ်သော အောင်နိုင်သူနှင့် တွေ့လိုက်ရသလို ခံစားလိုက်ရသည်။

ထိုခံစားချက်က အတော်လေး အံ့အားသင့်မှင်သက်စရာ ကောင်းလှသည်။

အလွန်ပင် အတိတ်အား တမ်းတခြင်းမှာ နစ်မြုပ်နေပြီး ရုန်းထွက်ရန် အတော်ပင် ခက်ခဲနေသည်။

အသိပြန်ကပ်လာသည့်အခါ အချိန်ဘယ်လောက် ကြာသွားပြီဆိုတာကိုပင် သတိမထားမိချေ။

ထို့နောက် တရုတ်မြေပုံကို အမြန်ရှာပြီး သေချာတိုက်ပြီး စစ်ဆေးလေသည်။

ရတနာမြေပုံ၏ ညွှန်ပြမှုအရ ရတနာနေရာသည် ချူးဘဝမ်း၏ မွေးရပ်မြေဖြစ်သော ကျန်းကောပြည်နယ်တွင် ရှိလေသည်။

သို့သော် နောက်ဆုံးတွင် ယဲ့ဖန် အလွန်ထိတ်လန့်စရာကောင်းသော ကောက်ချက်ချမှုကို ရလိုက်သည်။

အချိန်ကွာခြားမှုမှာ အတော်ကြီးသောကြောင့်လား၊ ထိုအချိန်ကာလတုန်းက ကောင်းမွန်သော နည်းပညာများ မရှိသောကြောင့်လား မသိသော်လည်း ရတနာမြေပုံက လက်ရှိမြေပုံထက် အတော်လေး ကွာခြားကာ အခြေအနေများကလည်း ကွဲပြားနေသည်။

အတိုချုန်းပြောရလျှင် ရတနာမြေပုံထဲမှ မှတ်သားထားသော တောင်တန်းများနှင့် လမ်းကြောင်းများက အတော်လေး မတူဖြစ်နေသည်။

နေရာအတိအကျကို ရှာရန် လုံးဝ မဖြစ်နိုင်ချေ။

အင်တာနက်ပေါ်မှ ရှေးဟောင်းစာအုပ်တစ်ချို့ကို ရှာဖွေကြည့်ခဲ့သည်။

တစ်အုပ်နှစ်အုပ်လောက်ကို ရှာဖွေအတည်ပြုပြီးနောက် အကြမ်းဖျင်းနေရာကိုသာ ရလာခဲ့သည်။

သို့သော် ၁၀ ကီလိုမီတာ အချင်းဝက်ပတ်လည်လောက် ဖြစ်နေသည်။

သူ ဘယ်လိုရှာရမှာလဲ။

အဲ့တာက ကောက်ရိုးပုံထဲ အပ်ရှာသလို ဖြစ်မနေဘူးလား။

ဆိုဖာပေါ်ကို စိတ်ပျက်နေသော အမူအရဖြင့် အားလျော့စွာ မှီထိုင်လိုက်သည်။

သူသည် အတော်ကြာရှာဖွေပြီးမှ ရှန်းဘုရင်၏ လျှို့ဝှက်ရတနာမြေပုံ အပိုင်းအစများကို အားလုံး စုစည်းနိုင်ခဲ့သော်လည်း ဝင်ရမည့် တံခါးပေါက်ကို ရှာမတွေ့သေးပေ။

ဒီထက် စိတ်ပျက်စရာကောင်းတာရော ရှိသေးရဲ့လား။

ထိုအချိန်တွင် ရုတ်တရက် ရှုကျင်းရှင်းဆီမှ ဖုန်းဝင်လာသည်။

" ယဲ့ဖန်၊ ရှင် နျုံစစ်သွမ်းရဲ့ အိမ်ကို ဝယ်ပြီးပြီလို့ ကြားထားတယ်။ ရှန်းဘုရင်ရဲ့ ရတနာမြေပုံကို ရခဲ့လား "

ဖုန်းဝင်ပြီးသည်နှင့် ရှုကျင်းရှင်းက စိတ်မရှည်စွာ မေးလာသည်။

" ပြဿနာလေးတွေ ဟိုဟိုဒီဒီ နည်းနည်းစီ တက်သွားပေမဲ့ ရသွားလို့တော့ တော်ပါသေးတယ်။ ရှန်းဘုရင်ရဲ့ ရတနာမြေပုံအပိုင်း အကုန်လုံးကို ကိုယ်ရထားပြီးပြီ "

ယဲ့ဖန်သည် ကော်ဖီစားပွဲပေါ်ရှိ လျှို့ဝှက်ရတနာမြေပုံကို ကြည့်ကာ အလွန်စိတ်ပျက်နေသည်။

" တကယ်လား။ အဲ့တာဆို အရမ်းကောင်းတယ်။ ဒါဆို ရတနာရဲ့ တည်နေရာအတိအကျကို သိပြီးပြီလား။ ရတနာကို ဘယ်တော့ သွားရှာမှာလဲ "

ရှုကျင်းရှင်း၏ အသံမှာ အနည်းငယ် စိတ်လှုပ်ရှားနေသည်။

ထိုကဲ့သို့ ခံစားချက်မျိုးဖြင့် သူမကို တွေ့ရခဲလေသည်။

" မင်း စိတ်ပျက်ရမှာကိုတောင် စိုးရိမ်ရတယ်။ ရတနာမြေပုံကို အပိုင်းအစုံလိုက် ရပြီးပြီဆိုပေမဲ့ မြေပုံထဲမှာ မှတ်သားထားတဲ့ တောင်တွေနဲ့ လမ်းတွေက ကိုယ်တို့ အခုလက်ရှိ မြင်နေရတဲ့ အရာတွေနဲ့ တူမနေဘူး "

ယဲ့ဖန်သည် သူမ၏ စိတ်လှုပ်ရှားနေမှုကို ရေအေးဖြင့် လောင်းချလိုက်သည်။

" ဘာလဲ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါဆို ကျွန်မတို့ ဘာလုပ်သင့်လဲ။ ကျွန်မတို့ ရတနာတွေ လိုက်မရှာတော့ဘူးလား "

ရှုကျင်းရှင်း စိတ်ပျက်စွာဖြင့် မေးလိုက်သည်။

ယဲ့ဖန်က မတတ်နိုင်ဘဲ ခါးသီးစွာ ပြုံးလိုက်သည်။

" ကိုယ် အဲ့တာကို နေ့တစ်ဝက်လောက် လေ့လာပြီးပြီ။ ဒါပေမယ့် သူ့တည်နေရာနဲ့ ပတ်သက်ပြီး အကြမ်းဖျင်းလောက်ပဲ ရလိုက်တယ်။ တည်နေရာအတိအကျကို ရှာဖို့က ကောက်ရိုးပုံထဲ အပ်ချောင်းကို ရှာရသလို ဖြစ်နေတယ် "

ဖုန်း၏ အခြားတစ်ဖက်မှ ရှုကျင်းရှင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားကာ နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။

" ဟူး၊ ဒီရတနာကို လိုက်ရှာဖို့ ကျွန်မ တကယ်မျှော်လင့်နေခဲ့တာ။ ဒါပေမယ့် အခုက မျှော်လင့်ချက် မရှိတော့သလိုပဲ။ အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်ရင် ကောင်းမယ် ဟားဟားဟား ....... "

သူမ၏ စိတ်ဓာတ်ကျနေသည်ကို ဖြေလျှော့ရန် ယဲ့ဖန်ကို နောက်ပြောင်လိုက်သော်လည်း ယဲ့ဖန်က မတော်တဆ တစ်ခုခုကို သတိပြန်ရသွားသည်။

ဟုတ်သားပဲ၊ ဒါကို သူ ဘယ်လိုလုပ် မေ့သွားရတာလဲ။

သူ့တွင် ဓာတ်မှန်ရောင်ခြည်အမြင် မရှိသော်လည်း သူ၌ စနစ်မှ အတွင်းကျကျ စကန်ဖတ်စစ်ဆေးခြင်း လုပ်ဆောင်ချက် ရှိလေသည်။

ဓာတ်မှန်ရိုက်ခြင်းကဲ့သို့ အရာဝတ္ထုများကို ဖောက်ထွင်း မမြင်နိုင်သော်လည်း အရာဝတ္တုများ၏ အသေးစိတ်အချက်အလက်များကို ရရှိနိုင်သေးသည်။

ထိုလုပ်ဆောင်ချက်ကို ရေဒါအဖြစ် အသုံးပြုနိုင်သည်။

သို့သော် ထိုပျော်ရွှင်သည့်အတွေး ပေါ်လာပြီးသည်နှင့် တပြိုင်နက် စိတ်ဓာတ်ကျသွားရသည်။

သူ၏ အတွင်းကျကျ စကန်ဖတ်စစ်ဆေးနိုင်ခြင်းသည် အလွန်အစွမ်းထက်သော်လည်း အချင်းဝက် နှစ်မီတာသာ ရနိုင်သည်။

ဆယ်ကီလိုမီတာထက် ပိုသော အချင်းဝက်အတွင်း ရှာဖွေနိုင်ခြင်းက အချိန်ယူရပြီး ခက်ခဲပေလိမ့်မည်။

" ဒီစကန်ဖတ်စစ်ဆေး လုပ်ဆောင်ချက်ကိုအဆင့်မြှင့်နိုင်ရင် ကောင်းလိမ့်မယ် "

ယဲ့ဖန်သည် ညည်းညူနေဆဲမှာတင် စနစ်မှ ဖြေရှင်းချက်တစ်ခု ပေးလာသည်။

ထိုမျှ မြန်ဆန်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူ့ရှေ့တွင် စာမျက်နှာအသစ်တစ်ခု ပေါ်လာသည်။

[ နက်နဲသော စကန်ဖတ်ခြင်းစနစ်ကို အဆင့်မြှင့်ခြင်းလမ်းညွှန် - သန်း ၁၀၀သုံးပြီး ၁၀ မီတာအထိ မြှင့်တင်ပါ။ ၁ ဘီလီယံသုံးပြီး မီတာ ၁၀၀ အထိ မြှင့်တင်ပါ။ ၁၀ ဘီလီယံသုံးပြီး မီတာ ၁၀၀၀ အထိ မြှင့်တင်ပါ ]

ယဲ့ဖန် ဝမ်းသာသွားသည်။

သူတကယ်ပဲ အဆင့်မြှင့်နိုင်မှာလား။

စနစ်က နည်းနည်း စီးပွားရေး မဆန်ဘူးလား။

ကိုယ့်ဘက်က စမေးမှ ဖြေလာတာလား။

သို့သော် သူ့အား စိတ်ဓာတ်ကျစေသော အရာတစ်ခု ရှိသေးသည်။

အဆင့်မြှင့်ခက အရမ်းဈေးမကြီးလွန်းဘူးလား။

ယွမ် သန်း ၁၀၀ သည် ၁၀ မီတာ အချင်းဝက်ထိသာ အဆင့်မြှင့်နိုင်သည်။

ထိုရောင်းဝယ်မှုက အိမ်ခြံမြေလုပ်ငန်းထက်ပင် ပိုရက်စက်လေသည်။

သူသည် ညံ့ဖျင်းသူ မဟုတ်သော်လည်း မိုက်မဲသူလည်း မဟုတ်ပေ။

ရှုကျင်းရှင်းသည် ယဲ့ဖန်မှာ ရတနာ၏ တည်နေရာအတွက် စိုးရိမ်နေသေးသည်ဟု ထင်နေခဲ့သည်။

သူမက သူ့ကို ဂရုတစိုက် နှစ်သိမ့်ပေးလိုက်သည်။

" အရမ်း စိတ်ဓာတ်ကျမနေပါနဲ့။ ကျွန်မတို့ အရင်အစီအစဉ်အတိုင်း သွားကြမယ်။ ရှာတွေ့ရင် အကောင်းဆုံးပေါ့။ ရှာမတွေ့ရင်လည်း အားလပ်ရက် ခရီးထွက်တာလို့ သဘောထားလိုက်ကြတာပေါ့ ...... "

ယဲ့ဖန်သည် သူမအား ရှင်းမပြနိုင်သေးပေ။

" ကိုယ် နည်းလမ်းရှာတွေ့ပြီ ထင်တယ်။ ကိုယ် မင်းကို လောလောဆယ်တော့ စကားမပြောနိုင်သေးဘူး။ သတင်းရရင် ပြောပြမယ် " ဟုသာ ပြန်ဖြေထားလိုက်သည်။

ဖုန်းချပြီးနောက် အတွင်းကျကျ စကန်ဖတ်စစ်ဆေးခြင်း လုပ်ဆောင်ချက်ကို ဂရုတစိုက်လေ့လာခဲ့သည်။

ထိုအချိန်တွင် စနစ်၏ အတွင်းကျကျ စကန်ဖတ်ခြင်း လုပ်ဆောင်ချက် စာမျက်နှာသည် အဆင့်မြှင့်တင်သည်ဟူသော ခလုတ်ပေါ်လာလေသည်။

သန်း ၁၀၀ သည် နည်းသည်မဟုတ်သော်လည်း ကြီးမြတ်သော အောင်နိုင်သူ ချန်ထားခဲ့သည့် ရှာဖွေရမည့် ရတနာများနှင့် နှိုင်းယှဉ်ပါက မပြောပလောက်ချေ။

အကျိုးသက်ရောက်မှုကို စမ်းကြည့်ရန် ပထမဆုံး သန်း ၁၀၀ သုံးကာ အဆင့်မြှင့်လိုက်သည်။

ထိုအခါ ၁၀ မီတာ အကွာအဝေးကို အဆင့်မြှင့်ရန် ချက်ချင်း နှိပ်လိုက်သည်။

[ အတွင်းကျကျ စကန်ဖတ်ခြင်းလုပ်ဆောင်ချက်အား ၁၀ မီတာအကွာအဝေးအထိ အဆင့်မြှင့်တင်ပြီး ဖြစ်ပါသည်။ ငွေသား ယွမ် သန်း ၁၀၀ ကုန်ကျပါမည် ]

" အတည်ပြု "

ယဲ့ဖန်က တွန့်ဆုတ်မနေချေ။

သူက ချက်ချင်း အတည်ပြုလိုက်သည်။

ခဏအကြာတွင် စနစ်သတိပေးချက်ကို ထပ်မံကြားရသည်။

[ ဂုဏ်ယူပါတယ် လက်ခံသူ။ အတွင်းကျကျ စကန်ဖတ်ခြင်းလုပ်ဆောင်ချက်ကို ၁၀ မီတာ အကွာအဝေးအထိ အဆင့်မြှင့်ပြီးပါပြီ ]

အခြား ထူးဆန်းသော လုပ်ဆောင်ချက်များ မရှိဘဲ အေးစက်သော ပြန်ကြားချက်တစ်ခုသာ ရပြီးနောက် အဆင့်မြှင့်တင်မှု ပြီးမြောက်သွားသည်။

ယဲ့ဖန် မတတ်နိုင်ဘဲ ညည်းညူလိုက်သည်။

တိုင်ကြားရန် နည်းရှိပါက သူ ဒီစနစ်ကို တိုင်ကြားမည်ဖြစ်သည်။

သုံးစွဲသူ အတွေ့အကြုံခံစားချက်က မကောင်းပေ။

ဘယ်လိုပဲဖြစ်စေ သူသည် ယွမ် သန်း၁၀၀ ပေးချေခဲ့သည့် ကစားသမားတစ်ဦးဖြစ်သည်။

ကုန်ရကျိုးနပ်သည့် ခံစားချက်များကို ကစားသမားတစ်ယောက်အနေဖြင့် မခံစားခဲ့ရချေ။

All Chapters