အပိုင်း ၇၀၅-၇၀၈
Vol. 36 Ch. 705-708
အပိုင်း ( ၇၀၅ )
ဆရာကြီးယဲ့၏ ကံကောင်းမှုကို အားကျခြင်း
ယဲ့ဖန် တွက်ချက်ကြည့်လိုက်သည်။
ထိုလူ ပေးသည့်ဈေးက တကယ်ကို များလေသည်။
ဒီရွှေဗုဒ္ဓရုပ်ပွားတော်ကို လေလံတင်ရောင်းလျှင်ပင် သန်း ၃၀ရရန် ခက်ပေလိမ့်မည်။
ထို့အပြင် လေလံပွဲမှ ကော်မရှင်ခ ရာခိုင်နှုန်းအချို့ကို ကောက်ခံမည်ဖြစ်ရာ ပို၍ ကြေးနည်းသွားမည်ဖြစ်သည်။
ထို့ကြောင့် တွက်ချက်မှုအရ ထိုလူကို တိုက်ရိုက်ရောင်းလိုက်ခြင်းက ပိုကောင်းလေသည်။
ကောင်းကျိုးဆိုးကျိုးများကို စဉ်းစားပြီးသည့်နောက် ချက်ချင်း သဘောတူလိုက်သည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် စိတ်လှုပ်ရှားနေသည်။
နေရာမှာတင် ယဲ့ဖန်ကို သန်း 30 ပေးချေခဲ့သည်။
ရွှေရောင် ဗုဒ္ဓရုပ်ပွားတော်လေးကို ရလိုက်ပြီးသောအခါ သူသည် ကြီးမားသော အကျိုးကျေးဇူးများစွာကို ရလိုက်သကဲ့သို့ ယဲ့ဖန်အား လေးစားစွာဖြင့် အကြိမ်ကြိမ် ကျေးဇူးတင်စကားဆိုသည်။
ထို့နောက် ရွှေဗုဒ္ဓရုပ်ပွားတော်ကို မြေကြီးပေါ်ချ၍ သုံးကြိမ်တိုင်တိုင် ရှိခိုးသည်။
သူ့သဘောထားမှာ အလွန်လေးစားနေလေသည်။
သူသည် အမှန်တကယ်ပင် ဘာသာရေး ရိုသေကိုင်းရှိုင်းသူတစ်ဦး ဖြစ်ပုံရသည်။
ဆိုင်ရှင်သည် ငိုချင်သော်လည်း မျက်ရည်မကျပေ။
ဝင်ငွေ ၄သန်းက အတော်လေး အထင်ကြီးစရာကောင်းသည်ဟု သူ ထင်ခဲ့သည်။
ဆရာကြီးရှောင်ယဲ့က သူ့ဆီကနေ သန်း၃၀ မြတ်သွားမယ်ဆိုတာ ဘယ်သူသိမှာလဲ။
ထိုအရာက ဒေါသထွက်စရာ ကောင်းလွန်းလှသည်။
ဖန်းပေါင်းကွေ့၏ ပါးစပ်သည် 'ဝလုံး' ပုံသဏ္ဍာန်ဖြစ်နေပြီ ဖြစ်သည်။
သူသည် ထိုကောင်လေးကို 'ညံ့ဖျင်းသူ'ဟု ခေါ်ခဲ့သော်လည်း ထိုကောင်လေးမှ ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်ရုံဖြင့် ယွမ် သန်း၃၀ ဝင်ငွေရသွားခဲ့သည်။
ထိုငွေပမာဏက သူတို့မိသားစု တစ်ခုလုံး၏ ပိုင်ဆိုင်မှုများ ပေါင်းထားသည်ထက် ပိုများလေသည်။
ခြားနားချက်သည် အလွန်ကြီးမားသောကြောင့် လူများစွာကို စိတ်ပျက်သွားစေခဲ့သည်။
သူ့ဘေးမှာ ရပ်နေသည့်ရှချူးကလည်း ပြောလာသည်။
" ကျွန်မ တစ်နှစ်လုံး သေမတတ် အလုပ်လုပ်မှ ယွမ် သန်း၃၀လောက် ရတာ။ ဒီလောက် လွယ်လွယ်နဲ့တော့ မရှာနိုင်ဘူး "
ထိုစကားများက ယဲ့ဖန်အတွက် သိပ်မထူးခြားသော်လည်း တခြားသူများအတွက်တော့ အနည်းငယ် ခံရခက်စေသည်။
တစ်နှစ်ကို သန်း၃၀ဝင်ငွေက နည်းလွန်းနေလို့လား။
ဒီစုံတွဲက လူတိုင်းက စိတ်ညစ်သွားစေသည်။
ယဲ့ဖန်က လမ်းတစ်ခုလုံးကို ကြည့်ပြီး သက်ပြင်းချလျက် ကူကယ်ရာမဲ့စွာ ပြောသည်။
" ဒီနေ့ ကိုယ် ဘာအမြတ်မှ မရနိုင်တော့ဘူးထင်တယ်။ ဒီလောက်ပဲ ရတော့မယ် "
နက်နဲသော စကန်ဖတ်စစ်ဆေးခြင်းကို သူအသုံးပြုပြီး ဖြစ်သည်။
ဆိုင်အနည်းငယ်တွင် တန်ဖိုးရှိသော ပစ္စည်းအချို့ရှိသော်လည်း ယွမ် ၂သန်းမှ ၃သန်းခန့်သာ ဖြစ်ကြသည်။
ယဲ့ဖန် လိုချင်သော ပမာဏ မဟုတ်၍ ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။
သို့သော် ဘေးမှလူများသည် ထိုစကားကို ကြားပြီး ခေါင်းပြုတ်မတတ် ဖြစ်သွားကြသည်။
" ဘယ်လိုတောင်လဲ။ ဒါက လူစကားမှ ဟုတ်သေးရဲ့လား။ 'ဒီလောက်ပဲရနိုင်တယ်'ဆိုတာ ဘာကိုပြောတာလဲ။ ဒီလောက်ဆိုတာကြီးကိုက သန်း ၃၀တောင် ရှိနေပြီလေ။ အဲ့တာကို နည်းတယ် ထင်နေလို့လား "
" အမလေး၊ ငါတော့ ဘဝသင်ခန်းစာတွေ ရကုန်ပြီ။ ဆရာကြီးက ဆရာကြီးပါပဲ "
" ဆရာကြီးရဲ့ လေသံကအစ ငါတို့နဲ့ မတူဘူး။ သန်း၃၀ဆိုတာ ငါတို့အတွက် မိုးလောက်မြင့်တဲ့ ပမာဏဆိုပေမဲ့ ဆရာကြီးယဲ့လို ရှေးဟောင်းပညာရှင်အတွက်ကတော့ ဘာမှ မဟုတ်ဖူးဘဲ "
" ငါတို့အားလုံးက လူတွေပါပဲ။ ဘာလို့ ငါ့ကိုယ်ငါ အမှိုက်လို ခံစားရတာလဲ "
ရှချူးသည်လည်း ယဲ့ဖန်၏စကားမှာ ချဲ့ကားသည်ဟု ခံစားမိသော်လည်း တွေးကြည့်ပြီးတဲ့နောက် ယဲ့ဖန်သည် ကြွားဝါပြောဆိုတတ်သောသူ မဟုတ်ချေ။
သူသည် တကယ်ပင် အခက်ကြုံနေတာ ဖြစ်နိုင်လေသည်။
ထိုအတွေးကြောင့် သူမက သူ့လက်မောင်းကို အမြန်ဆွဲလိုက်သည်။
" ပိုက်ဆံ အရေးတကြီး လိုနေလို့လား "
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်။ လတ်တလော ငွေလိုနေလို့ "
ရှချူးက အတော်လေး ပျော်သွားသည်။
သူမသည် နောက်ဆုံးတွင် သူ့ကို ကူညီရန် အခွင့်အရေးရလာခဲ့သည်။
ထို့နောက် လျင်မြန်စွာ မေးလိုက်သည်။
" လွန်ခဲ့တဲ့နှစ်တွေကတည်းက စုထားတဲ့ ပိုက်ဆံတော့ရှိတယ်။ ဘယ်လောက်လိုတာလဲ။ ကူပေးမယ်လေ "
ယဲ့ဖန်က ပျော်သွားတဲ့အမူအရာ ပြလိုက်သည်။
" တကယ်လား။ ၇.၇ဘီလီယံလိုတာ။ ဘယ်လောက်ပေးနိုင်လဲ "
" အာ ကြိုပြောထားဦးမယ်။ ကိုယ် ငွေသားပဲ လိုချင်တာ "
" အင်း … ဘာမှ မပြောခဲ့ဘူးလို့ပဲ ဟန်ဆောင်လိုက်ကြတာပေါ့ "
ထို့နောက်ရှချူးက ကောင်းကင်ကို မော့ကြည့်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။
ယဲ့ဖန်က ယွမ် ၇.၇ဘီလီယံ လိုနေတာဖြစ်သည်။
သူမဆီမှာ မပြောနှင့် ဘဏ်ကို ဓားပြတိုက်လျှင်ပင် ထိုမျှများသောပိုက်ဆံ မရနိုင်ချေ။
ယဲ့ဖန်က သူမနားထဲသို့ တမင်တကာ တိုးတိုးလေး ပြောလိုက်သည်။
" မင်းကို ဘယ်ကုမ္ပဏီက ငှားဖို့ ဆန္ဒရှိလဲလို့ မေးကြမလား။ မင်းကိုရောင်းပြီး အမြတ်ရနိုင်လောက်တယ် "
ရှချူး ထိတ်လန့်သွားသည်။
" မဖြစ်ဘူး၊ ရှင် ကျွန်မကို မရောင်းရဘူး ..... "
ယဲ့ဖန်က ရယ်ချင်တာကို ထိန်းလိုက်သည်။
" ဘာလို့ မဖြစ်ရမှာလဲ "
ရှချူး အနည်းငယ် စိတ်ရှုပ်သွားသည်။
" ဘာလို့လဲဆိုတော့ ကျွန်မက ကုမ္ပဏီကို ငွေရှာပေးနိုင်လို့လေ။ ရှင် ကျွန်မကို ရောင်းလိုက်ရင် ကုမ္ပဏီမှာ A-list အနုပညာရှင်တွေ ရှိမှာ မဟုတ်ဘူး "
ယဲ့ဖန်က ပုခုံးတွန့်ပြီး ကူကယ်ရာမဲ့ ညည်းတွားလိုက်သည်။
" ဟူး၊ ကိုယ်လည်း မလုပ်ချင်ပါဘူး။ ဒါပေမယ့် ကိုယ် အခု ငွေအမြန်လိုနေတယ်။ မင်းကို မရောင်းရင် ဒီငွေကို ဘယ်လိုလုပ် ရှာရမှာလဲ "
ရှချူး ငိုတော့မည့်ပုံ ဖြစ်နေသည်။
" ဒါပေမယ့် ရှင် ကျွန်မကို ရောင်းရင်တောင် ပိုက်ဆံအများကြီး ရနိုင်မှာမဟုတ်ဘူး။ ဒီကတ်ထဲမှာ ယွမ် သန်းချီပြီးတော့ရှိတယ်။ သိပ်တော့မများပေမယ့် အရင်ယူလို့ရပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို မရောင်းပါနဲ့ ..... "
ရှချူးသည် ပြောနေရင်းဖြင့် မျက်ရည်များကျစပြုလာသည့်အတွက် သူမ တကယ်ကို ထိတ်လန့်သွားတာ ဖြစ်နိုင်သည်။
ယဲ့ဖန်လည်း ထိတ်လန့်သွားသည်။
" မငိုနဲ့၊ ကိုယ်က မင်းကို စနေတာ။ မင်း ဘာလို့ ငိုနေတာလဲ "
ထိုစကားကို ပိုပြောလေရှချူးက ပိုငိုလေလေဖြစ်သည်။
သူမ၏ မျက်ရည်များသည် တာရိုးကျိုးလာသကဲ့သို့ ပုလဲမျက်ရည်များ တရစပ် ကျလာတော့သည်။
တကယ်ကို သနားစရာကောင်းလှသည်။
အစက ဆရာကြီးယဲ့ကို အလွန်ရိုသေကြသော လူများသည်ပင် သူတို့၏ မြားဦးကို ယဲ့ဖန်ဘက်သို့ လှည့်သွားကြသည်။
" ဆရာကြီးရှောင်ယဲ့၊ မင်း ဒီမိန်းကလေးကို ဘယ်လို ဆက်ဆံနေတာလဲ။ ဆရာကြီး သူ့ကို မငိုမချင်း အနိုင်ကျင့်ခဲ့တာလား "
" ဟုတ်တယ်၊ မင်းက ရှေးဟောင်းပစ္စည်း ဆရာကြီးတစ်ယောက် ဆိုရင်တောင် မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်လို့ မရဘူး။ မြန်မြန်သွားပြီး တောင်းပန်လိုက် "
" ညီမလေး၊ မင်းမှာ နစ်နာစရာတွေရှိရင် ငါတို့ကို ပြော။ ငါတို့ မင်းကို ကူညီပေးမယ် "
" ဟုတ်တယ်။ ငါတို့ရှိနေရင် မင်းကို အနိုင်ကျင့်လို့ မရစေရဘူး .......... "
ရှချူးက သူတို့ကို ကြည့်လိုက်သည်။
" ရှင်တို့ကို ဘယ်သူက ဒီလောက်ထိ ဆူညံခိုင်းနေလို့လဲ "
သူတို့က ကောင်းချင်စေသောစိတ်ဖြင့် ပြောခဲ့သော်လည်း သူတို့ကသာ တစ်ဖန် မကောင်းသောသူများ ဖြစ်သွားခဲ့ကြရသည်။
ယဲ့ဖန်သည် သူမ မျက်နှာပေါ်ရှိ မျက်ရည်များကို အမြန်သုတ်ပေးလိုက်ပြီး သူမ စိတ်ငြိမ်သက်စေရန် နူးညံ့စွာ နှစ်သိမ့်ပေးလိုက်သည်။
သူမ နားထဲတွင် တိုးတိုးသက်သာ ဟာသပြောလိုက်သည်။
ဘယိလိုဟာသမှန်း မသိသော်လည်း သူမကို မျက်ရည်များပင် ကျလာသည်အထိ ရယ်မောစေသည်။
ထိုအပြုံးလေးက ရိုးရှင်းစွာပင် လှပလွန်းလှသည်။
ဖန်းပေါင်းကွေ့သည် ထိုမြင်ကွင်းကို မြင်သောအခါ သူသည် မနာလိုခြင်းနှင့် မုန်းတီးခြင်းများဖြင့် တစ်ဖန် ပြန်လည်ပြည့်နှက်သွားသည်။
သူ ဒီနေ့တွင် ပိုက်ဆံအများကြီး ကုန်သွားသော်လည်း ထိုကောင်မလေးကို လက်ဖျားနှင့်တောင် မထိလိုက်ရချေ။
သူမနာမည်ကိုလည်း မသိပေ။
ထိုကောင်လေးက သန်း၃၀ကျော် ဝင်ငွေရသွားရုံတင်မက အလှလေးနှင့်ပင် ပရောပရည်လုပ်နေနိုင်သည်။
သူတို့နှစ်ယောက်ကြားမှ နှိုင်းယှဥ်မှု ကွာခြားချက်က ချက်ချင်း သူ့ကို မနာလိုစိတ်ဖြင့် ပူလောင်လာစေခဲ့သည်။
" ဟေး၊ ငါ့ကို ၄သန်း ချက်ချင်း လွှဲပေး။ အဲ့တာဆို ငါ မင်းကို လွှတ်ပေးလိုက်မယ် "
သူသည် ယဲ့ဖန်၏ ရှေ့သို့ လျင်မြန်စွာ လျှောက်သွားပြီး အမှန်တရားကို လိုလားသော လေသံဖြင့် ပြောလိုက်သည်။
ယဲ့ဖန်က သူ့ကို ဂရုမထားသော်လည်း စိုက်ကြည့်ပေးနေလိုက်သည်။
" ဘာလို့ ခင်ဗျားကို ပိုက်ဆံပေးရမှာလဲ "
ဖန်းပေါင်းကွေ့သည် သက်လတ်ပိုင်းလူ၏ လက်ထဲရှိ ရွှေရောင် ဗုဒ္ဓရုပ်ပွားတော်ကို ညွှန်ပြလိုက်သည်။
" မင်း သန်း၃၀ကျော် ရထားတယ် မဟုတ်လား။ ၄သန်းလောက်က မင်းအတွက် သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပဲ မဟုတ်လား "
ယဲ့ဖန်သည် သူ့အား သဘောကျသွားသည်။
" ငွေဘယ်လောက်ရလဲဆိုတာ ကျွန်တော့်အစွမ်းအစပဲ။ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ "
ဖန်းပေါင်းကွေ့က အံကြိတ်ပြီး သူ့ကို စိုက်ကြည့်နေသည်။
" ဒါပေမယ့် မင်း ငါ့ကို ယွမ် ၄သန်းကုန်အောင် လှည့်စားခဲ့တာပဲ။ မင်း တာဝန်မယူသင့်ဘူးလား "
ယဲ့ဖန်၏ အမူအရာက နက်မှောင်သွားသည်။
" မဟုတ်တာ မပြောနဲ့။ ကျွန်တော့်ကို လူတွေအများကြီး သက်သေခံပေးနိုင်တယ်။ ခင်ဗျားကို ဘယ်တုန်းက လိမ်ခဲ့လို့လဲ။ အဲ့ဒီ ၄သန်းကို ခင်ဗျားဆန္ဒအလျောက် ပေးချေခဲ့တာ။ ပြီးတော့ ပိုက်ဆံတွေက ကျွန်တော့်အိတ်ကပ်ထဲ ဝင်သွားတာလည်း မဟုတ်ဘူး။ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ "
ပတ်ဝန်းကျင်မှ လူတွေကလည်း သည်းမခံနိုင်တော့ဘဲ ဝေဖန်လာကြသည်။
" ဒီလူက အရှက် လုံးဝမရှိဘူးလား။ သူပဲ လက်ကောက်ကို စိတ်လိုလက်ရ ဝယ်ခဲ့တာကို သူက ဘာလို့ အခုမှ ဆရာကြီးရှောင်ယဲ့ကို ပိုက်ဆံတောင်းနေရတာလဲ "
" ဟုတ်တယ်၊ အခု သူ့ပိုက်ဆံရှုံးတော့ကျ သူများဆီက ပိုက်ဆံလိုချင်တယ်။ သူ ပိုက်ဆံရှာနိုင်ရင်ကျ သူတို့ကို တစ်ပြားတောင် ပေးမှာမလို့လား "
" ဒီလိုလူမျိုးက တကယ် အရှက်မရှိဘူး။ သူဘယ်လောက်ပဲ ဝင်ငွေရှိနေပါစေ အဲ့တာက သူ့အတွက်ပဲလေ။ မင်းနဲ့ ဘာဆိုင်လဲ။ အသက်ကဖြင့်ကြီးနေပြီ ဒီလိုစကားတွေ ပြောဖို့ မျက်နှာရော ရှိသေးရဲ့လား "
" မကြောက်နဲ့။ ဒီလူက ဆရာကြီးတို့ကို လိမ်စားချင်နေတယ်ဆိုတာ လူတိုင်းက သက်သေခံပေးနိုင်တယ် "
" ဆရာကြီးရှောင်ယဲ့၊ ငါတို့ မင်းကို ထောက်ခံတယ် .......... "
အပိုင်း ( ၇၀၆ )
အရှက်မရှိတဲ့မိသားစုမှ သွေးစီးဆင်းမှု
ယဲ့ဖန် ထိုအရူးကို တကယ်ပဲ ဆက်မပတ်သက်ချင်တော့ပေ။
သူသည်ရှချူးနှင့်အတူ ထွက်သွားရန်ပြင်သည်။
သို့သော် ဖန်းပေါင်းကွေ့က ထွက်သွားခွင့် မပြုချေ။
သူတို့နှစ်ယောက်ကို ထပ်တားလိုက်ပြန်သည်။
" မင်း ငါ့ကို ပိုက်ဆံပြန်မပေးဘူးဆိုရင် ဒီနေ့ ထွက်သွားဖို့တောင် မစဉ်းစားနဲ့ "
ရှချူးကလည်း အနည်းငယ် ဒေါသထွက်လာသည်။
" ဘယ်သူက ရှင့်ပိုက်ဆံကို ယူလို့လဲ။ ရှင်တောင်းရမှာ ကျွန်မတို့ဆီက မဟုတ်ဘူး။ ဘာလို့ ကျွန်မတို့ကို လိုက်ပြီး တွယ်ကပ်နေရတာလဲ "
ဖန်းပေါင်းကွေ့က သူမကို မုန်းတီးစွာ ကြည့်လိုက်သည်။
" မင်းတို့နှစ်ယောက် ငါ့ကို ချောက်ချတာ မဟုတ်ရင် ငါ ဘယ်လိုလုပ် ဒီလောက်ငွေတွေအများကြီး ဆုံးသွားမှာလဲ။ မင်းတို့က လူလိမ်တွေ။ ငါ့ကို ပိုက်ဆံပြန်မပေးရင် ငါ ရဲကို ဖုန်းဆက်ပြီး မင်းတို့ကို လာဖမ်းခိုင်းမယ် "
ယဲ့ဖန်သည် အတော်လေး သည်းခံနိုင်စွမ်း ကုန်ဆုံးနေပြီဖြစ်ရာ သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
" ခင်ဗျားနဲ့ အချိန်ဖြုန်းမနေချင်ဘူး။ အခုချက်ချင်း ထွက်သွားလိုက်တော့ "
ဖန်းပေါင်းကွေ့က သူ့ခြိမ်းခြောက်မှုကို မကြောက်ဘဲ သူက အဲ့အစား ပျော်သွားလေသည်။
" ဘာလဲ။ ငါ့ကို ရိုက်မလို့လား။ သတ္တိရှိရင် ထိလိုက်စမ်းပါ။ လာစမ်းပါ၊ လာစမ်း၊ မြန်မြန်လာရိုက်လိုက် "
ထိုသို့ပြောပြီး သူ၏ ခေါင်းကို ယဲ့ဖန်ရှေ့သို့ အတင်းတိုးနေလေသည်။
ယဲ့ဖန်ကရှချူးကိုဆွဲပြီး နောက်သို့တစ်လှမ်းဆုတ်လိုက်သည်။
ထိုအခါ ဖန်းပေါင်းကွေ့ ခြေတစ်လှမ်းလွဲပြီး မြေပေါ်သို့ လဲကျသွားသည်။
" အိုက်ယိုး၊ ငါ့ကို ရိုက်တယ်။ ဒီနေရာမှာ တရားမျှတမှုဆိုတာရော ရှိသေးရဲ့လား။ ပြန်မလျော်ပေးရင် ထွက်သွားဖို့ တွေးတောင် မတွေးနဲ့ ...... "
ထိုသို့ပြောပြီးနောက် ယဲ့ဖန်၏ ခြေထောက်ကို တင်းကြပ်စွာ ဖက်ထားပြီး အလွှတ်မပေးချေ။
ယဲ့ဖန်သည် ထိုမျှ အရှက်မဲ့သောလူကို ပထမဆုံး တွေ့ဖူးခြင်းဖြစ်သည်။
သူသည် ခွေးချီးကဲ့သို့ ပေနေပြီး ခါထုတ်လို့လည်း မရပေ။
ရှချူးသည်လည်း အသိအမြင်တွေ ရသွားသည်။
သူမသည် ဇာတ်ကားရိုက်ကူးရာတွင် ထိုကဲ့သို့ တွယ်ကပ်သူများအကြောင်းကို ရိုက်ကူးဖူးသည်။
ထိုအချိန်က ဇာတ်ညွှန်းရေးသူသည် ချဲ့ကားလွန်းသည်ဟု သူမ ထင်ခဲ့သည်။
ထိုသို့ အရှက်မရှိသူ အပြင်လောကတွင် တကယ်မရှိဘူးဟု သူမ ထင်ခဲ့လေသည်။
ယခုအခါမှသာ ဇာတ်ကားများသည် လက်တွေ့ဘဝကို အခြေခံခြင်းများဖြစ်သည်ကို သူမ နားလည်လိုက်ရသည်။
တကယ်ပင် ထိုသို့အရှက်မဲ့သူတွေ ရှိနေလေသည်။
ဖြတ်သွားဖြတ်လာများကလည်း သည်းမခံနိုင်တော့ဘဲ ဖန်းပေါင်းကွေ့ကို ဆဲဆိုကြသည်။
သို့သော် သူသည် ယဲ့ဖန်အား အဆုံးထိ ပြဿနာရှာရန် ဆုံးဖြတ်ထားလေသည်။
ထို့ကြောင့် လုံးဝလွှတ်မပေးချေ။
အခြေအနေက ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် အော်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
" ဖန်းပေါင်းကွေ့၊ မင်း မသိတတ်တဲ့သား "
လူတိုင်းက လှမ်းကြည့်လိုက်သည့်အခါ ဖန်းပေါင်းကွေ့နှင့် ၇၀ရာခိုင်းနှုန်းလောက် တူသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
ထိုလူက ဒေါသတကြီးဖြင့် လမ်းလျှောက်လာနေသည်။
ဖန်းပေါင်းကွေ့သည် ထိုလူကို မြင်သောအခါ အမူအရာက ရုတ်တရက် ပြောင်းသွားသည်။
" အဖေ၊ ဘာလို့ ဒီကို ရောက်နေတာလဲ "
ထိုလူကြီးက သူ့ကို ဒေါသတကြီး လက်ညှိုးထိုး အော်ငေါက်သည်။
" မင်းက အဲ့လိုမေးရဲသေးတဲ့ပါးစပ် ရှိသေးတာလား။ မင်းက ငါ့ပိုက်ဆံတွေကို သုံးရဲနေတယ်ပေါ့။ ဘယ်ကသတ္တိတွေ ရလာတာလဲ "
ဖန်းပေါင်းကွေ့က သူ့လက်ပါးစေနှစ်ယောက်ကို ကြည့်လိုက်သည်။
သူတို့က အဖေ့ကို ပြောလိုက်တာ ဖြစ်ရမည်။
ထိုလက်ပါးစေနှစ်ယောက်က ချက်ချင်း အကြည့်လွှဲလိုက်ပြီး သူ့ကို မကြည့်ရဲကြချေ။
ဖန်းပေါင်းကွေ့ စိတ်ထဲနှလုံးထဲမှ အမုန်းတရားများကို ခံစားလိုက်ရပြီး သူ့အဖေကို အမြန်ရှင်းပြသည်။
" အဖေ၊ မပူပါနဲ့။ ၄သန်းကို သေချာပေါက် ပြန်ရမယ့်နည်းလမ်း ရှာမှာပါ။ အဖေ့ကိစ္စတွေကို မနှောင့်နှေးစေရပါဘူး ........ "
အကယ်၍ သူ မပြောလိုက်လျှင်ပင် ပိုကောင်းဦးမည်။
သို့ပေမဲ့ '၄သန်း'ဟု ထည့်ပြောလိုက်သည့်အခါ ထိုလူက ပို၍ပင် ဒေါသမီးမြှိုက်သလို ဖြစ်သွားလေသည်။
" ငါကတော့ သေမတတ် အလုပ်လုပ်ပြီး ဒီပိုက်ဆံကို ရှာထားရတာ။ မင်းက ဒီလိုဖြုန်းပစ်လိုက်တာလား။ ငါ မင်းကို သေအောင်ရိုက်ဆုံးမရမယ် "
ထိုသို့ပြောပြီးနောက် အနီးနားရှိ လက်နက်နှင့် လက်ထည်ပစ္စည်း ဆိုင်တစ်ဆိုင်မှ ကြာပွတ်တစ်ခုကို ဆွဲယူပြီး သူ့သားကို ပြင်းထန်စွာ ရိုက်နှက်တော့သည်။
ဖန်းပေါင်းကွေ့သည် အဖေ၊ အမေ တ'ကာ ငိုယူရပြီး လမ်းမပေါ်တွင် တွားသွားနေရသည်။
လူတိုင်းက အားပေးကြသည်။
" ဒီကောင်က အရိုက်ခံရသင့်တယ်။ သင်ခန်းစာဆိုတာ ဒီလိုပေးရတာ "
" ဟုတ်တယ်။ သူက တမင်အကြောင်းပြချက်ရှာပြီး ဆရာသခင်လေးရှောင်ယဲ့ကို တွယ်ကပ်နေတာ။ သူက အရှက်မဲ့လွန်းတယ် "
" သူသားက အရှက်မရှိပေမဲ့ သူ့အဖေကတော့ အတော်လေး ကျိုးကြောင်းဆီလျော်တဲ့သူလို့ ပြောရမယ် "
" ဟုတ်တယ်၊ ဒီလိုအဖေက ဒီလိုသားမျိုးရှိနေတာ ယုံတောင် မယုံနိုင်ဘူး။ ဒီမိသားစုကတကယ် ကံမကောင်းတာဘဲ "
လူတိုင်းက ထိုလူကြီးအတွက် ချီးကျူးနေကြသည်။
ထိုလူကြီးက တကယ်ကို အညှာအတာကင်းလှသည်။
ဖန်းပေါင်းကွေ့ တဖြည်းဖြည်း မလှုပ်နိုင်တော့သည်အထိ ရိုက်နှက်ခဲ့သည်။
ထို့နောက် လှည့်လာပြီး ယဲ့ဖန်ဆီကို လျှောက်လာကာ ရိုသေစွာ တောင်းပန်လိုက်သည်။
" ငါ့နာမည်က ဖန်းသရှန်းပါ။ ဖန်းပေါင်းကွေ့ အဖေပါ။ တကယ်တောင်းပန်ပါတယ်။ ဒီကောင်လေးကို အလိုလိုက်မိတော့ သူက မင်းတို့ကို ပြဿနာဖြစ်စေမိပြီ "
ရှချူးသည် ထိုလူကြီးမှ ဖန်းပေါင်းကွေ့အား ရိုက်နှက်သည်ကိုမြင်ပြီး မိန်းကလေးတစ်ယောက်အနေဖြင့် နှလုံးသားက ချက်ချင်း စိတ်ပျော့သွားကာ ဒေါသများ အကုန်ပျောက်သွားခဲ့သည်။
" ဖန်းလူကြီးမင်း၊ ရိုသေနေလွန်းပါပြီ။ ဒါတွေက အထင်လွှဲမှားကြတာပါ "
သို့သော် ယဲ့ဖန်ကတော့ ဘာမှမပြောချေ။
သူသည် ထိုလူကြီး၏ ပုံစံအစစ် မပေါ်လာသေးသည်ကို သူ သိလေသည်။
သေချာပေါက်ပင် ဖန်းသရှန်းက အကြောင်းအရာပြောင်းလိုက်သည်။
" ဘာဖြစ်တာလဲဆိုတာ ကြားပြီးပါပြီ။ ဒီကောင်စုတ်က ဒီကမိန်းကလေးကို အရင်တွယ်ကပ်ခဲ့တာဆိုတော့ သေချာပေါက် သူ့အမှားပါ။ အဲ့တာကြောင့် မင်းတို့က တမင်ထောင်ချောက်ဆင်ပြီး သူ့ကို သင်ခန်းစာပေးလိုက်တာက နားလည်နိုင်စရာကောင်းပါတယ် ........ "
ယဲ့ဖန်က သူ့စကားကို ဖြတ်ပြောလိုက်သည်။
" ဖန်းလူကြီးမင်း၊ ခင်ဗျားပြောတာ မှားနေပြီ။ ကျုပ်တို့က ဘယ်တုန်းက သူ့ကို အကွက်ချချလို့လဲ "
ဖန်းသရှန်းက ယဲ့ဖန်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် အရာအားလုံးကို နားလည်ပြီးသားဟူသည့် အကြည့်မျိုးပေါ်ထွက်လာသည်။
" ငါ မေးပြီးပါပြီ။ သူတို့ပြောပုံအရ မင်းက ရှေးဟောင်းပစ္စည်းဆရာကြီးလို့ ပြောကြတယ်။ မင်းက ဒီလောက်ကောက်လေးကိုတောင် မခွဲခြားနိုင်ဘူးလို့တော့ မဆိုနဲ့။ မင်း ဒီလက်ကောက်က အတုဆိုတာ သိပြီးသားကို တမင် ငါ့သားကို အကွက်ထဲကျအောင် မြားခဲ့တာ "
လူအများစုက ယဲ့ဖန်၏ လုပ်ရပ်ကို သတိမထားမိခဲ့ကြပေ။
သို့သော် ဖန်းသရှန်း၏ စိစစ်ချက်ကို ကြားပြီးနောက် နားလည်သွားကြသည်။
" ဒါဆို ဆရာသခင်လေးရှောင်ယဲ့က သိပြီးသားပေါ့။ ဒါဆို သူက တမင် ထောင်ချောက်ထဲကျအောင် လုပ်ခဲ့တာပေါ့ ".
" ဘယ်လိုလုပ်ပြီး ဆရာသခင်လေးရှောင်ယဲ့ကို အပြစ်တင်နိုင်မှာလဲ။ အဲ့လူကသူ့ကောင်မလေးကို အရင်တွယ်ကပ်နေခဲ့တာလေ။ အဲ့တာကြောင့် သင်ခန်းစာပေးလိုက်တာပေါ့ "
" အဲ့လိုဆိုရင်တောင် ဒီသင်ခန်းစာက ပြင်းလွန်းတယ်။ ၄သန်းတောင် "
" အမှန်ပဲ။ ဒီဆရာသခင်လေးရှောင်ယဲ့က ဒါတော့ လွန်သွားပြီ "
ယဲ့ဖန်က လူတိုင်း၏ စွပ်စွဲချက်ကို မကြားချင် ဟန်ဆောင်လိုက်သည်။
" အဲ့တာက ထောင်ချောက်ဆင်တယ်လို့ ပြောလို့မရဘူး မဟုတ်လား။ အဲ့လောက်မိုက်မဲတဲ့ သူ့ကိုယ်သူပဲ အပြစ်တင်ရမှာပေါ့ "
ဖန်းသရှန်းက အကြိမ်ကြိမ်ခေါင်းညိတ်လိုက်သည်။
" ဟုတ်တာပေါ့၊ ဟုတ်တာပေါ့။ သူက တကယ် တုံးမိုက်လွန်းတယ်။ ဆရာသခင်လေးရှောင်ယဲ့က သူ့ကို ပညာပေးလိုက်တာကောင်းပါတယ်။ သူ သင်ခန်းစာရသင့်တယ် ..... "
ယဲ့ဖန်ကတော့ ဖန်းသရှန်း ဤမျှထိ နားလည်ပေးမည်ဟု လုံးဝ မထင်ပေ။
သူက သေချာပေါက် ပြောချင်တာ ရှိလိမ့်မည်။
ဖန်းသရှန်းက ထင်သည့်အတိုင်း ရည်ရွယ်ချက်အမှန်ကို ထုတ်ပြလာသည်။
" ဒါပေမဲ့ မင်းရဲ့ သင်ခန်းစာက လွန်လွန်းတယ်။ ၄သန်းဆိုတာ မင်းတို့အတွက် နည်းပေမဲ့ ငါတို့လို မိသားစုအတွက်ကတော့ မိုးလောက်မြင့်တဲ့ ပမာဏပဲ "
ယဲ့ဖန်က ပြုံးပြီး သူ့ကို ကြည့်လိုက်သည်။
" အဲ့တော့ "
ဖန်းသရှန်းက သူ့ကို ကြည့်လိုက်ပြီး ဆက်ပြောသည်။
" အဲ့တော့ အဲ့ဒီငွေ ယွမ်၄သန်းကို ပြန်ပေးမယ်လို့ မျှော်လင့်တယ် "
ယဲ့ဖန် ပြုံးလိုက်မိသည်။
ဒီမိသားစုရဲ့ အရှက်မရှိမှုက သွေးကြောထဲမှာ စီးဆင်းနေတာပဲ။
အပိုင်း ( ၇၀၇ )
မင်း ဘယ်လောက်ကြာကြာ ခေါင်းမာနိုင်လဲဆိုတာ ကြည့်ရအောင်။
ဖန်းသရှန်း၏ စကားကို ကြားသည့်အခါ ဘေးတွင် ရှိနေသူအားလုံးက စတင်ဆွေးနွေးကြသည်။
" ဖန်းလူကြီးမင်းပြောတာက အဓိပ္ပာယ်ရှိမယ်ထင်တယ်။ ဒီသင်ခန်းစာပေးတာက တကယ်ကို သနားစရာ ကောင်းလွန်းတယ် "
" ငါကတော့ သဘောမတူဘူး။ ဘာလို့ သူတို့ကို ပြန်ပေးရမှာလဲ။ တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်ရင် အကျင့်မကောင်းဘဲ မိုက်မဲတဲ့ သူ့သားကိုပဲ အပြစ်တင်ရမယ်။ ဆရာကြီးရှောင်ယဲ့ကို ဘာလို့ အပြစ်တင်ရမှာလဲ "
" အဲ့ဒီငွေတွေက ဆရာကြီးရှောင်ယဲ့ရဲ့ လက်ထဲကို မရောက်ဘူးလေ။ ဘာလို့ သူ့ဆီက တောင်းရတာလဲ "
" အဲ့တာအမှန်ပဲ။ ဒါပေမယ့် အတိအကျပြောရရင် ဆရာကြီးရှောင်ယဲ့က သူ့ကို တမင် ချောက်ချအကွက်ဆင်ထားလို့ သူက ငွေတွေအများကြီး ဆုံးရှုံးသွားရတာဆိုတော့ သူ့ကိုတောင်းတာက သင့်တော်ပါတယ် "
" မင်းက အမှားကို အမှန်လှည့်ပြောနေတာပဲ "
" မင်းက သွေးအေးပြီး နှလုံးသားမဲ့တယ်လို့ ငါ ထင်တယ်။ တကယ်လို့ မင်းကို ဒီလောက် ငွေတွေအများကြီး လိမ်ခံရမယ်ဆို မင်း ဒီလိုစကားတွေ ပြောနိုင်ပါဦးမလား "
" အလိမ်ခံရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ စစ်သူကြီးက စစ်သုံ့ပန်းကို အပြစ်ပေးတာလို့ ခေါ်တယ်။ တစ်ယောက်က ရိုက်ချင်သလို တစ်ဖက်ကလည်း ကျေကျေနပ်နပ် ခံရမယ်။ ဟုတ်ပြီလား ........ "
လူတိုင်း ငြင်းခုံနေကြသည်။
အချို့က ယဲ့ဖန် မမှားသည်ဟု ထင်ကြပြီး အချို့က သူသည် အလွန်စည်းကျော်သွားပြီဟု ထင်ကြသည်။
ရှချူး ဒေါသထွက်သွားသည်။
" ရှင်က ဘာလို့ ရှင့်သားလို ယုတ္တိမရှိရတာလဲ။ ကျွန်မတို့က ရှင့်ကို ဘာလို့ ငွေပြန်အမ်းပေးရမှာလဲ "
ဖန်းသရှန်းက စိတ်မဆိုးချေ။
သူက သူမကို ငြိမ်သက်စွာ ကြည့်နေသည်။
" ငါ့သားက မင်းကို အရင်နှောင့်ယှက်တဲ့သူဖြစ်တဲ့အတွက် အဲ့တာက သူ့အမှားပါ။ ကျွန်တော် သူ့ကို အခုပဲ သင်ခန်းစာ ပေးပြီးပြီ။ မကျေနပ်သေးရင် သူ့ကို မင်းကိုယ်တိုင် သင်ခန်းစာ ပေးနိုင်တယ်။ ဒါပေမဲ့ ပိုက်ဆံက တခြားကိစ္စပါ။ မင်းတို့ သူ့ကို လိမ်ပြီးလှည့်စားထားတဲ့ ပိုက်ဆံတွေကိုတော့ တစ်ပြားတစ်ချပ်မှ မကျန်ဘဲ ပြန်ပေးရမယ် "
ဘေးနားရှိ ယဲ့ဖန်လည်း ဟက်ခနဲ လှောင်သံပြုလိုက်သည်။
" တကယ်ကို အဖေနဲ့ သား တစ်ထေရာတည်းပဲ။ ခင်ဗျားသားရဲ့ ပိုက်ဆံက ကျုပ်အိတ်ထဲမှာ မရှိဘူး။ ဘာလို့ ကျုပ်ဆီ လာတောင်းနေရတာလဲ "
ဖန်းသရှန်းက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။
" ပိုက်ဆံက မင်းရဲ့ အိတ်ကပ်ထဲကို မဝင်ပေမယ့် မင်းကြောင့် သူက အကွက်ထဲ ဝင်သွားခဲ့တာ။ အဲ့တော့ မင်း ပြန်ပေးသင့်တယ် "
ယဲ့ဖန်သည် သူနှင့် ငြင်းခုံရန်ပင် အလွန်ပျင်းလှသည်။
" မပေးရင် ဘာဖြစ်ချင်လဲ "
ဖန်းသရှန်း၏ အမူအရာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။
" အခု ငါက မင်းနဲ့ ကောင်းကောင်း ညှိနှိုင်းဖို့ ကြိုးစားနေတာ။ ကျေးဇူးကန်းမနေနဲ့ "
ယဲ့ဖန်၏ ပါးစပ်ထောင့်က အနည်းငယ် ကွေးသွားသည်။
" ကျုပ်ကို ခြိမ်းခြောက်နေတာလား "
ဖန်းသရှန်း၏ အမူအရာမှာ အေးစက်သွားသည်။
" ငါ ဖန်းသရှန်းက မွေးကတည်းက ဆင်းရဲခဲ့တာဆိုပေမဲ့ ငြိမ်ခံနေမယ့်သူ မဟုတ်ဘူး။ မင်းအတွက် ဘာကောင်းလဲဆိုတာ သိရင် ငွေကို ပြန်ပေးလိုက်။ မင်းအတွက်လည်း ကောင်းတယ်၊ ငါ့အတွက်လည်း ကောင်းတယ်၊ လူတိုင်းအတွက် ကောင်းတယ်။ မဟုတ်ရင် ငါ မင်းကို ဒုက္ခပေးရလိမ့်မယ် "
သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ရဲရင့်သည့် ကိုယ်ရောင်ဝါသည် အလွန်ကြောက်စရာကောင်းသည်ဟု ဆိုရပေမည်။
သာမာန် တက္ကသိုလ်ကျောင်းသားတစ်ယောက်သာ ဖြစ်ခဲ့မည်ဆိုလျှင် သူတို့သည် သူ့ကို အမှန်တကယ် ကြောက်လန့်နေပေလိမ့်မည်။
သို့သော် ယဲ့ဖန်သည် သာမန်တက္ကသိုလ်ကျောင်းသားမဟုတ်ပေ။
ကောင်းကျူမင်းကဲ့သို့ ရက်စက်သော လူဆိုးဂိုဏ်းခေါင်းဆောင်ကိုပင် သူ မကြောက်ခဲ့ပေ။
ဒီလိုသူဌေးအသေးစားကို သူ ဘာလို့ ကြောက်ရမှာလဲ။
" ခင်ဗျားမှာ ဘာလှည့်ကွက်တွေရှိလို့လဲ။ တကယ်ပဲ မြင်ချင်လိုက်တာ။ ခင်ဗျားက ကျုပ်ကို ဘယ်လိုဒုက္ခပေးနိုင်မှာလဲ "
ယဲ့ဖန်၏ စကားများက ပြင်းထန်လှသည်။
ဖန်းသရှန်း ပင် တုန်လှုပ်သွားသည်။
ယဲ့ဖန်သည် ငယ်သေးသည်ကို မြင်သောအခါ ခြိမ်းခြောက်သော စကားအနည်းငယ်ဖြင့် ကြောက်လန့်သွားမည်ဟု အစက ထင်ထားသော်လည်း ထိုလူငယ်သည် တန်ပြန်ခြိမ်းခြောက်လာမည်ဟု မထင်ထားပေ။
" ခေါင်းမာတာလား။ အရမ်းကောင်းတယ်၊ မင်း ဘယ်လောက်ကြာကြာ ခေါင်းမာနိုင်လဲဆိုတာ ငါကြည့်ချင်သေးတယ် "
ဖန်းသရှန်းသည် အံကြိတ်ကာ နှာခေါင်းကို ထိုးပြီး ပြောသည်။
ထို့နောက် လှည့်ပြီး ဖုန်းခေါ်ရန် ဘေးနားသို့ လျှောက်သွားသည်။
ထို့နောက် ပြန်လှည့်လာပြီး ရူးသွပ်စွာ ရယ်မောလိုက်သည်။
" ငါ ချောင်ရှင်းဂိုဏ်းက ငါ့မိတ်ဆွေတွေကို ဖုန်းဆက်ပြီးပြီ။ မကြာခင် သူ့လူတွေကို ခေါ်လာလိမ့်မယ်။ ကောင်လေး၊ မင်းဒီနေ့ သေဖို့သာ ပြင်ထားလိုက်တော့ "
သူ့စကားကို ကြားပြီးနောက် ပတ်ဝန်းကျင်မှ လူတွေက ချက်ချင်း ပေါက်ကွဲသွားကြသည်။
" ဒီလူက ချောင်ရှင်းဂိုဏ်းထဲက တစ်ယောက်ယောက်ကို တကယ်ကြီး သိနေတာလား။ ဒါဆို ဆရာသခင်လေးရှောင်ယဲ့ ဒုက္ခရောက်လိမ့်မယ် "
" ဟုတ်တယ်၊ ကောင်းကျူမင်းက သေသွားပြီး အကြီးအကျယ် ဆုံးရှုံးထားရပေမယ့် ဒီလူအုပ်စုကို လျှော့တွက်လို့ မရဘူး "
" မှန်တယ်။ အဲ့လိုလူတွေက ဘာမဆို လုပ်လို့ရတယ်။ သူတို့ကို ငါတို့က သွားပြီး မထိသင့်ဘူး "
" ဆရာသခင်လေးရှောင်ယဲ့၊ သူတို့ကို မြန်မြန်တောင်းပန်ပြီး ပိုက်ဆံကို ပြန်ပေးလိုက် "
" ဟုတ်တယ်၊ ပိုက်ဆံပေးပြီး သေရမယ့်ဘေး ရှောင်လိုက်တာက အရှုံးပေါ်တယ်လို့ မဆိုနိုင်ဘူး "
" ချောင်ရှင်းဂိုဏ်းက လူတွေကို မင်းစော်ကားလို့ မရဘူး။ မဟုတ်ရင် မင်း ကောင်းတဲ့အဆုံးသတ်ကို ရမှာမဟုတ်ဘူး "
ထိုလူများထဲတွင် ယဲ့ဖန်၏ လုံခြုံရေးကို စိုးရိမ်နေသောသူ အများအပြား ရှိလေသည်။
ထို့ကြောင့် ယဲ့ဖန်ကို နားချဖြောင်းဖျဖို့ ကြိုးစားကြသည်။
ရှချူး၏ အမူအရာသည်လည်း သိသိသာသာ ပြောင်းလဲသွားသည်။
ချောင်ရှင်းဂိုဏ်း၏ နာမည်ကျော်သတင်းကို သူမလည်း ကြားဖူးသည်။
ထိုလူများသည် အကာအကွယ် အခကြေးငွေ ကောက်ခံရန် သူမ၏ ထုတ်လုပ်ရေး အဖွဲ့ဆီသို့ ရောက်လာခဲ့ကြပြီး ထုတ်လုပ်သူအား လူမြင်ကွင်းတွင် နှစ်ကြိမ်တိုင်တိုင် ပါးရိုက်ခဲ့သည်။
နောက်ဆုံးတွင် ထုတ်လုပ်သူသည် သူတို့ကို ကာကွယ်ကြေးငွေအဖြစ် ယွမ် ၁သိန်း ပေးဆောင်ခဲ့ရသည်။
ထိုလူတွေ ဘယ်လောက် ရက်စက်သလဲ ဆိုတာကို သူမ မှတ်မိနေသေးသည်။
ထိုအချက်ကို စဉ်းစားရင်း ယဲ့ဖန်၏ အဝတ်အစားတွေကို အမြန်ဆွဲလိုက်သည်။
" ယဲ့ဖန်၊ ကျွန်မတို့ သူတို့ကို ၄သန်းပဲ ပေးလိုက်ကြမလား။ ဒီလောက်ငွေ နည်းနည်းလေးနဲ့ ချောင်ရှင်းဂိုဏ်းကလူတွေကို ပြဿနာရှာဖို့က မတန်ဘူး "
ယဲ့ဖန် စကားမပြောမီတွင် ဖန်းသရှန်း ၏ မျက်လုံးများ တောက်ပလာသည်။
ယွမ် ၄ သန်းက ပိုက်ဆံ နည်းနည်းလေးတဲ့လား။
ယွမ် ၄သန်းသည် ထိုကောင်လေးအတွက် သေးငယ်တဲ့ ပမာဏဖြစ်သောကြောင့် ပြဿနာဖြစ်ရန် မတန်ဘူးဟု ထိုမိန်းကလေးက ပြောခဲ့သည်။
ထိုလူငယ်နှစ်ဦးသည် အလွန်ချမ်းသာကြသည်ကို တွေ့မြင်နိုင်သည်။
ထိုအချိန်တွင် ညိုအမဲစွဲသည်အထိ အရိုက်ခံထားရသော ဖန်းပေါင်းကွေ့သည် ရောက်ရှိလာပြီး ယဲ့ဖန်မှ သန်း ၃၀ငွေရသွားပုံကို ပြောပြသည်။
ထိုအချက်က ဖန်းသရှန်းကို ပိုပြီး ဒေါသဖြစ်သွားစေသည်။
သူသည် သတ်ဖို့စောင့်နေသည့် သိုးကလေးနှစ်ကောင်ကို စိုက်ကြည့်နေသလို ယဲ့ဖန်နှင့်ရှချူးကို စိုက်ကြည့်နေသည်။
" မင်းကို ၄ သန်းပေးရမယ်လို့ ဘယ်သူပြောလဲ။ ငါ အခု စိတ်ပြောင်းသွားပြီ။ မင်းငါ့ကို ၈ သန်းပေးရမယ် "
သူတို့နှစ်ယောက်ကို စိုက်ကြည့်ရင်း သူ့မျက်နှာတွင် ရက်စက်သည့် အပြုံးတစ်ခု ပေါ်လာသည်။
ရှချူး ဒေါသထွက်သွားသည်။
" ရှင် ဘယ်လိုလုပ် ဒီလိုလုပ်နိုင်တာလဲ။ ၄သန်းကနေ ၈သန်း ဘယ်လိုလုပ်ဖြစ်လာတာလဲ "
ဖန်းသရှန်းသည် သူမမှ ငြင်းဆိုနေသေးသည်ကို ကြည့်ပြီး ချက်ချင်း ပြုံးလိုက်မိသည်။
" ငါ စိတ်ပြောင်းသွားပြန်ပြီ။ အခု ၁၆ သန်းလိုချင်တယ်။ သုံးစက္ကန့်တိုင်း မင်းတို့ သဘောမတူမချင်း ငါနှစ်ဆတိုးတောင်းမယ် "
ရှချူး ဒေါသထွက်လွန်း၌ မျက်နှာပင် ဖြူဖျော့သွားသည်။
" ရှင်က သူခိုးပဲ။ ဒါက လုယက်မှုပဲ။ ကျွန်မတို့ ရဲခေါ်လိုက်မယ် "
ဖန်းသရှန်းသည် ဟာသတစ်ခုကို ကြားလိုက်ရသလို ဖြစ်သွားသည်။
" ရဲကိုခေါ်မှာလား။ စိတ်မကောင်းပါဘူး၊ ၃၆ သန်းအထိ တိုးသွားပြီ။ သဘောမတူရင် နောက်တစ်ကြိမ်ဆို ၇၂သန်း ဖြစ်သွားမယ် "
ရှချူး ချက်ချင်း ထိတ်လန့်သွားသည်။
သူမ ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ယဲ့ဖန်၊ အခု ကျွန်မတို့ ဘာလုပ်သင့်လဲ "
သူမ အရမ်းနောင်တရနေပြီ ဖြစ်သည်။
သူမကြောင့် ယဲ့ဖန်သည် ဤမျှကြီးမားသော ဘေးဒုက္ခ ကြုံနေရသည်။
ထိုအချိန်တွင် ယဲ့ဖန်သည် ဖြည်းညှင်းစွာပြောလိုက်သည်။
" ၃၆ သန်း၊ ဟုတ်လား။ ကောင်းပြီ၊ ကျုပ် သဘောတူတယ် "
အပိုင်း ( ၇၀၈ )
အဖေ၊ အသက်ကြီးပြီး စိတ်လွတ်သွားတာလား။
ယဲ့ဖန်၏ စကားများသည် ထိုနေရာရှိ အားလုံးကို အံ့ဩသွားစေသည်။
" ဘာလဲ။ ဆရာသခင်လေးရှောင်ယဲ့က တကယ်ပဲ သဘောတူလိုက်တာလား။ ဒါက ဓားပြတိုက်နေတယ်ဆိုတာ သိသာတယ်လေ။ သူက ဘာလို့ သဘောတူတာလဲ "
" ဟူး၊ သူ သဘောမတူရင်လည်း တခြားဘာလုပ်လို့ ရမှာလဲ။ တစ်ဖက်က ချောင်ရှင်းဂိုဏ်းက လူတွေကို ခေါ်ထားတာလေ။ သူတို့ကို ဘယ်သူက စော်ကားရဲမှာလဲ "
" ဒါပေမယ့် ဒါကြီးက စိတ်တိုစရာ မကောင်းဘူးလား။ သူက တကယ်ပဲ အဲ့လူကို ယွမ် ၃၆ သန်း လျော်ကြေးပေးရမှာလား "
" အဲ့တာနဲ့ ပတ်သက်ပြီးတော့ ငါတို့လည်း ဘာမှ လုပ်လို့မရဘူး။ ချောင်ရှင်းဂိုဏ်းက လူတွေကို စော်ကားတာထက် ရှောင်လိုက်တာက ပိုကောင်းတယ် မဟုတ်ဘူးလား။ အဲဒီလူတွေက ဘာမဆိုလုပ်လို့ရတယ် "
" ၃၆သန်းက ဆရာသခင်လေးရှောင်ယဲ့အတွက် များလွန်းတယ် မဟုတ်ဘူးလား။ သူက သန်း၃၀ပဲ ရခဲ့တာလေ "
" သူ ထုတ်ပေးလိုက်ရင်တောင် ရှက်စရာကောင်းလွန်းနေပြီ "
" ကြုံလာရင် ခေါင်းငုံ့ဆိုလည်း ခေါင်းငုံ့ထားရမယ်။ ရှေးဟောင်းပစ္စည်းပညာရှင်တစ်ယောက်က ချောင်ရှင်းဂိုဏ်းက လူတွေနဲ့ ရင်ဆိုင်လို့မရဘူး ......... "
ဖန်းသရှန်းနှင့် ဖန်းပေါင်းကွေ့တို့သည် လက်ရှိအချိန်တွင် အံ့အားသင့်ပြီး ပျော်ရွှင်နေကြသည်။
မတန်တဆ ဈေးတောင်းလိုက်သော်လည်း တစ်ဖက်က သဘောတူမည်ဟု မမျှော်လင့်ထားချေ။
" ခွေးသားလေး၊ မင်း ခုနကတော့ မာနကြီးနေတာ မဟုတ်ဘူးလား။ အခုကျ ဘာကြောက်နေတာလဲ "
ဖန်းပေါင်းကွေ့သည် ထိုအခွင့်အရေးကို လက်လွှတ်မခံဘဲ ချက်ချင်းပင် ကဲ့ရဲ့ပြစ်တင်လိုက်သည်။
ရှချူးခေါင်းငုံ့ပြီး သက်ပြင်းချလိုက်သည်။
ယဲ့ဖန်၏ ရွေးချယ်မှုကို သူမနားလည်နိုင်သည်။
ရှက်စရာကောင်းသော်လည်း အနည်းဆုံးတော့ သူတို့၏ လုံခြုံရေးကို ကာကွယ်နိုင်ခဲ့သည်။
ဖန်းသရှန်းက ရယ်မောလိုက်သည်။
" ပညာရှိတဲ့သူက အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို သိတယ်။ ဒီညီလေးက ပညာရှိတစ်ယောက်ပဲ "
ယဲ့ဖန်ကလည်း ပြုံးပြလိုက်သည်။
" ခင်ဗျားရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဖန်းလူကြီးမင်း၊ ဒါဆို အပိုတွေကို ကျော်ပြီး မြန်မြန် လွှဲပေးလိုက်တော့ "
ဖန်းသရှန်းသည် ချက်ချင်းပင် အံ့အားသင့်သွားသည်။
" ဘာကို လွှဲပေးရမှာလဲ "
ယဲ့ဖန်က သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
" ခင်ဗျားက ကျွန်တော့်ကို ၃၆ သန်း လျော်ကြေး ပေးချင်နေတာ မဟုတ်ဘူးလား။ ခင်ဗျား စကားပြန်ပြောင်းချင်နေတာလား "
ဖန်းသရှန်း၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။
" ကောင်လေး၊ မင်း ငါနဲ့ ကစားနေတာလား။ ၃၆ သန်း လျော်ကြေးပေးဖို့ ပြောနေတာ "
ယဲ့ဖန်က အခုမှ နားလည်သွားပုံရသည်။
" ဒါဆို ခင်ဗျားက ကျွန်တော့်ကို ၃၆ သန်း လျော်ကြေးပေးချင်တာလား။ ဘာလို့လဲ "
ဖန်းသရှန်းက အံကြိတ်ပြီး သူ့ကို စိုက်ကြည့်နေသည်။
" မင်းတို့က ငါ့သားကို ယွမ် ၄ သန်း လိမ်လည်ပြီးတော့ သူက ဒီလို အရိုက်ခံရတာ ဆိုတော့ သူ့ဆေးဖိုးအတွက် လျော်ကြေးမပေးသင့်ဘူးလား "
ယဲ့ဖန်သည် သူ့မျက်နှာတွင် 'မသိနားမလည်သော' အမူအရာဖြင့် ကြည့်နေသည်။
" ခင်ဗျားရဲ့သားကို ခင်ဗျားရိုက်တာမဟုတ်ဘူးလား။ ကျုပ်က ဘာလို့ လျော်ကြေးပေးရမှာလဲ "
" မင်း ငါ့သားကို ပိုက်ဆံအများကြီး မလိမ်ခဲ့ရင် ငါ သူ့ကို ရိုက်ပါ့မလား "
ဖန်းသရှန်းက ဖြောင့်မတ်စွာပြောလိုက်သည်။
" ဒါကြောင့် မင်းက ဆေးဖိုးတွေ ပေးရမယ် "
" ခင်ဗျားသားကို ကျုပ်က ဘယ်တုန်းက လိမ်ခဲ့လို့လဲ "
" မင်းက ငါ့သားကို အခုပဲ ထောင်ချောက်ဆင်ခဲ့တာကို ငြင်းဖို့ ကြိုးစားနေတုန်းလား "
" ခင်ဗျားသားကို ဘယ်သူက လှည့်စားတာလဲ "
" မင်း "
" ခင်ဗျားသားကို ဘယ်သူရိုက်တာလဲ "
" ငါ "
" ခင်ဗျားရဲ့သားက ဘယ်သူလဲ "
" သူ "
" သူက ဘယ်သူ့သားလဲ "
" မင်း ..... "
" အခုတော့ ကျုပ်နားလည်သွားပြီ။ သူက ကျုပ်သားပဲ။ ကျုပ်သားကို ကျုပ်ကလှည့်စားပြီး ခင်ဗျားက ရိုက်တဲ့အတွက် ကျုပ်ကို လျော်ကြေး ပြန်ပေးရမယ် "
ယဲ့ဖန်သည် နောက်ဆုံးတော့ သူတို့ကြားက ရှုပ်ထွေးတဲ့ ဆက်ဆံရေးကို နားလည်သွားတဲ့ပုံစံ လုပ်လိုက်သည်။
ဖန်းသရှန်း ရှေ့သို့ သူ့လက်ကို ချက်ချင်း ဖြန့်ပေးလိုက်သည်။
" ပေးလို့ရပြီ "
" ဖူး........... "
ရှချူး မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဒီတစ်ယောက်က အရမ်းဆိုးလွန်းလေသည်။
လှည့်ပတ်ပြောပြီးနောက် နောက်ဆုံးတွင် သူသည် ဖန်းသရှန်းကို မူးနောက်စေခဲ့သည်။
ဝိုင်းအုံကြည့်နေကြသော လူများကလည်း ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
" ဟားဟားဟား၊ ဒါဆို ဖန်းပေါင်းကွေ့က ဆရာသခင်လေး ရှောင်ယဲ့ရဲ့ သားလား "
" ကိုယ့်သားကို လှည့်စားတာ ဘာလို့ လျော်ကြေးပေးရမှာလဲ "
" မှန်တယ်။ တကယ်ဆို ဖန်းသရှန်းက ဆရာသခင်လေးယဲ့ရဲ့ သားကို ရိုက်လိုက်တာလေ။ သူကတောင် လျော်ကြေးမပေးသင့်ဘူးလား "
" မှန်တယ်။ တစ်စုံတစ်ယောက်ရဲ့သားကို ရိုက်မယ်ဆို လျော်ကြေးပေးရမှာပေါ့။ ဟားဟားဟား .......... "
ဖန်းပေါင်းကွေ့ လည်း စိုးရိမ်နေမိသည်။
သူ့အဖေ၏ အဝတ်အစားများကို အမြန်ဆွဲလိုက်သည်။
" အဖေ၊ အသက်ကြီးလို့ စိတ်လွတ်သွားတာလား။ ကျွန်တော်က ဘယ်လိုလုပ် သူ့သား ဖြစ်ရတာလဲ "
ဖန်းသရှန်း နောက်ဆုံးတွင် ဘာတွေဖြစ်နေလဲဆိုတာ သိလိုက်ရသည်။
ထိုကလေး၏ စကားကြောင့် စိတ်ရှုပ်ထွေးသွားပြီး အရှက်ကွဲကာ ဒေါသထွက်သွားသည်။
" ခွေးကောင်၊ မင်းက သေချင်နေတာဆိုတော့ မင်းရဲ့ဆန္ဒကို ငါ ဖြည့်ပေးမယ်။ ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင်စေရဘူး "
ထိုအခိုက်တွင် လူသတ်ချင်သော အငွေ့အသက်ဖြင့် ပြေးလာနေသော လူတစ်စုကို ရုတ်တရက် တွေ့လိုက်ရသည်။
ထိုအဖွဲ့တွင် လူ ၂၀ လောက်ရှိပြီး သူတို့အားလုံး လက်ထဲမှာ တုတ်တွေကိုင်ထားကြသည်။
သူတို့သည် အလွန်မောက်မာကြပြီး လမ်းပေါ်ရှိ လမ်းသွားလမ်းလာများကို မောင်းထုတ်လိုက်ကြသည်။
တကယ်တွင် သူတို့ကို မောင်းထုတ်ရန်ပင် မလိုအပ်ချေ။
လမ်းမှာရှိသည့် လူများက ကြောက်ရွံ့စွာ ရှောင်ပုန်းကြသည်။
အဖွဲ့ခေါင်းဆောင်မှာ အရပ် ၁.၅ မီတာခန့်ရှိသော လူပုလေးဖြစ်သည်။
အရပ်ပုသော်လည်း သူ့မျက်နှာပေါ်ရှိ ပြင်းထန်သော ရောင်ဝါသည် ကြောက်စရာကောင်းနေသေးသည်။
" ချောင်ရှင်းဂိုဏ်းကလူတွေက ဒီမှာ တကယ်ရောက်နေတာလား။ ပြီးသွားပြီ။ ဆရာသခင်ကြီးရှောင်ယဲ့ကတော့ အန္တရာယ်ဖြစ်နိုင်လောက်တယ် "
" ဒါက ချောင်ရှင်းဂိုဏ်းရဲ့ အစ်ကိုဟူရဲ့ လက်အောက်ခံ ရှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ရှောင်ပင်းပဲ။ ခန္ဓာကိုယ်ငယ်လို့ သူ့ကို အထင်မသေးနဲ့။ တိုက်ပွဲဖြစ်တဲ့အခါ သူက သူ့ဘဝကိုတောင် ဂရုမစိုက်ဘူး "
" ဒီ ဖန်းသရှန်းက ရှောင်ပင်းကို တကယ်ကြီး ခေါ်လိုက်တာပေါ့။ ဒါဆို အခု သခင်လေးရှောင်ယဲ့ အန္တရာယ် ဖြစ်မှာကို စိုးရိမ်ရတယ် "
" ဒီနေ့ ညှိနှိုင်းဖို့ အရမ်းခက်ခဲမှာကိုတောင် ငါကြောက်ရတယ်။ သခင်လေးရှောင်ယဲ့က ဒီလိုလူကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ "
လူတိုင်းက ထိုဂိုဏ်းသားများကို တွေ့လိုက်သည့်အခါ ယဲ့ဖန်၏ လုံခြုံရေးအတွက် စိတ်ပူစပြုလာကြသည်။
ဖန်းသရှန်းသည် ထိုလူအုပ်စုကို မြင်သောအခါ သူသည် သူတို့ဆီ အလျင်အမြန်လျှောက်သွားသည်။
" အစ်ကိုပင်း၊ နောက်ဆုံးတော့ မင်းဒီကိုရောက်ပြီပဲ။ ငါ့သားကို အနိုင်ကျင့်နေကြတယ်။ မင်းရဲ့တူလေးကို ကူညီပေးပါဦး "
သူသည် ရှောင်ပင်းထက် အသက်များစွာ ကြီးသော်လည်း အရှက်မရှိဘဲ သူ့ကို 'အစ်ကိုပင်း'ဟု ခေါ်နေလေသည်။
ရှောင်ပင်းသည် သူ့ကို ပုခုံးပေါ် လက်တင်ပြီး ဖက်ချင်သော်လည်း မြင့်လွန်းနေသောကြောင့် သူ့ဆီ လက်မရောက်နိုင်ခဲ့ချေ။
ထိုအခါ ဖန်းသရှန်းသည် ခွေးတစ်ကောင်ကဲ့သို့ အမြီးကို ယမ်းခါပြီး ချက်ချင်း ငုံ့ပေးလိုက်သည်။
ရှောင်ပင်းက သူ့ကို ပုခုံးပေါ် လက်တင်လိုက်သည်။
" စိတ်မပူပါနဲ့၊ သူဌေးဖန်း။ မင်း ငါ့တို့ကို ပိုက်ဆံအလုံအလောက်ပေးသရွေ့ မင်းတို့အဖေကို စော်ကားရင် သတ်တောင် သတ်ပစ်ပေးမယ် "
ဖန်းသရှန်းသည် ချက်ချင်းပင် ခခယယပြုံးလိုက်သည်။
" အစ်ကိုပင်း၊ စိတ်မပူပါနဲ့။ မင်း ဒီကလေးကို ရှင်းနိုင်သရွေ့ အလုပ်ကြိုးစားမှုအတွက် ယွမ် ၅သိန်း ပေးမယ် "
ထိုသို့ပြောလိုက်သော်လည်း သူ့နှလုံးသားထဲတွင် အလွန်နာကျင်ပြီး ငိုမိမတတ်ဖြစ်သွားသည်။
သို့သော် ထိုကောင်လေးဆီမှ သန်း၃၀ကျော်ရမည်ဆိုပါက ၅သိန်းသည် မပြောပလောက်ပေ။
ရှောင်ပင်း ကျေနပ်စွာ ပြုံးလိုက်သည်။
" စိတ်မပူပါနဲ့၊ သူဌေးဖန်း။ မင်းရဲ့ရန်သူက ငါ့ရန်သူပဲ။ မင်းရှေ့မှာ ဒူးထောက်ပြီး မင်းကို အဖေလို့ ခေါ်ခိုင်းမယ်လို့ ကတိပေးတယ်။ ငါ့ကိုပြောစမ်း၊ ငါတို့ရဲ့ သူဌေးဖန်းကို ဘယ်ခွေးကောင်က စော်ကားရဲတဲ့ သတ္တိရှိနေတာလဲ "
ဖန်းသရှန်းသည် ယဲ့ဖန်ကို ချက်ချင်း လက်ညှိုးထိုးပြသည်။
" အဲ့ခွေးကောင်ပဲ "
ရှောင်ပင်းက သူညွှန်ပြနေတဲ့ လမ်းကြောင်းကို ကြည့်လိုက်သည်။
" မင်း ခွေးသား ........ "
သူ့စကား အဆုံးမသတ်ခင်တွင် သရဲတစ္ဆေမြင်လိုက်သလို အမူအရာ ချက်ချင်းဖြစ်သွားသည်။
မဟုတ်ချေ၊ သရဲတစ္ဆေ မြင်တာထက်ပင် ပိုကြောက်နေပုံရသည်။
ရှောင်ပင်းသည် ထိုနေ့တွင် ကောင်းဟူနောက်သို့ လိုက်ခဲ့ပြီး ယဲ့ဖန်ကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည်။
ရာနှင့်ချီသော လူများဝိုင်းရံထားသည့်ကြားထဲတွင် ဓားတစ်ချောင်းကိုင်ဆောင်ကာ ဘယ်ညာ တိုက်ခိုက်နေသည့် လူငယ်ကို ကိုယ်တိုင် တွေ့မြင်ခဲ့ရသည်။
ထိုနေ့သည် သူ့ဘဝ၏ မမေ့နိုင်စရာအကောင်းဆုံးမြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။
နောက်ရက်အနည်းငယ်ကြာသည်အထိ ယဲ့ဖန်မှ သူ့ကို ဓားနှင့် ထိုးသတ်လိုက်သည့်အကြောင်း အိပ်မက်ဆိုးတွေ မက်ပြီး အချိန်တိုင်း ကြောက်လန့်တကြား နိုးလာခဲ့ရသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ ပြန်လည်ကောင်းမွန်လာခဲ့တာ ဖြစ်သည်။
ထိုသေမင်းကို ဘယ်တော့မှ ထပ်ပြီး အိပ်မက်မမက်မိစေရန် ဆုတောင်းနေခဲ့ရသည်။
သို့သော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်မှ အိပ်မက်က ယနေ့ မျက်မြင်ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ပြီးတော့ သူက ဒီလို သတ်ဖြတ်ခြင်းနတ်ဘုရားကို ပြဿနာရှာဖို့ အငှားခံခဲ့ရတာလား။