← Chapters

အပိုင်း ၇၁၃-၇၁၆

Vol. 36 Ch. 713-716

အပိုင်း ၇၁၃-၇၁၆

Vol. 36 Ch. 713-716

အပိုင်း ( ၇၁၃ )

မင်းက အရမ်းစိုးရိမ်နေတာပဲ။ ကိုယ်က မင်းလောက် စိတ်အားမငယ်ပါဘူး

" ဌာနမှူးက တကယ်ပဲ ဆေးပညာမှာ ထိပ်တန်းပဲ။ CPRလုပ်ရုံနဲ့ လူနာရဲ့ အခြေအနေကို တည်ငြိမ်အောင် ထိန်းနိုင်ခဲ့တယ် "

" မင်းက တရုတ်တိုင်းရင်းဆေးပညာရှင်မလို့ မပြောနိုင်ပေမယ့် ဌာနမှူးရဲ့ နည်းစနစ်က အရမ်းထူးခြားတယ်။ သူက လူနာကို သူ့အလိုလို အသက်ပြန်သွင်းနိုင်ရုံတင်မကဘူး၊ နှလုံးနှင့် အဆုတ်ကိုလည်း မထိခိုက်အောင် လုပ်နိုင်သေးတယ်။ လူတိုင်းမှာ ဒီလိုအရည်အချင်းမျိုး မရှိဘူး "

" မှန်တယ်။ ဌာနမှူးဟော်ရဲ့ နည်းစနစ်က ကျွန်တော် မြင်ဖူးသမျှထဲမှာ အကောင်းဆုံးလို့ ပြောလို့ရတယ်။ ဒီနေ့ ကျွန်တော်တော့ တကယ် အသိတစ်ခု ရခဲ့လိုက်တယ် "

" ဌာနမှူး၊ အချိန်ရရင် ကျွန်တော်တို့ ဆေးတက္ကသိုလ်ကို CPRနဲ့ ပတ်သက်ပြီး သင်ကြားပို့ချပေးဖို့ ဖိတ်ခေါ်ချင်ပါတယ် ...... "

ဆရာဝန်များက ဟော်ရွမ်ပင်း၏ နည်းပညာကို ချီးမွမ်းကြသည်။

ပတ်ဝန်းကျင်မှ လူတွေကလည်း သူတို့လောက် အသိပညာမရှိကြသော်လည်း သူတို့၏ စကားများအရ ထိုကလေးမလေးသည် ကယ်တင်ခံလိုက်ရတာ ဖြစ်ကောင်းဖြစ်နိုင်သည်။

ထို့ကြောင့် သူတို့ကလည်း သူတို့ရဲ့ ချီးကျူးစကားတွေကို တွန့်တိုမနေကြပေ။

" ဒီဌာနမှူးဟော်က တကယ်ကို နတ်ဘုရားပဲ။ ဒီကလေးမလေးရဲ့ကံက တကယ်ကို ကောင်းတယ် "

" အသက်ကို ကယ်တင်တာက ခုနစ်ထပ်ဘုရား ဆောက်တာထက် ပိုကောင်းတယ်။ ဌာနမှူးက အသက်ရှည်ဘုန်းကြီးပါစေ "

" ဌာနမှူးလို ဆရာဝန်ကောင်းတွေရှိတော့ ငါတို့လို သာမန်ပြည်သူတွေ စိတ်ချနိုင်ရတယ် "

" ဟုတ်တယ်၊ ဌာနမှူးဆီကို ဆိုင်းဘုတ်တစ်ခု ပို့ရမယ်။ သူက တကယ်ကို အသက်ရှင်နေတဲ့ နတ်ဘုရားပဲ "

ရှုကျန်းသည် ပို၍ပင် စိတ်လှုပ်ရှားသွားသည်။

သူက ဟော်ရွမ်ပင်း၏ လက်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

" ဌာနမှူးဟော်၊ ငါ တကယ် ...… မင်းကို ဘယ်လို ကျေးဇူးတင်ရမယ်မှန်းတောင် မသိတော့ဘူး။ မင်းကို အရင်ဆုံး အရိုအသေ ပေးပါရစေ "

သူက ပြောနေရင်းဖြင့် ဒူးထောက်ရန်ပြင်သည်။

ဟော်ရွမ်ပင်းက သူ့ကို အလျင်အမြန် တားလိုက်သည်။

" ရှုလူကြီးမင်း၊ ရိုသေနေစရာ မလိုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အရင်က ပြောထားတဲ့ ဆုလာဘ်က ....... "

ရှုကျန်း ချက်ချင်း သဘောပေါက်သွားသည်။

" စိတ်မပူပါနဲ့၊ ဌာနမှူးဟော်။ နောက်ကျ ငွေလွှဲပေးလိုက်ပါ့မယ်။ တစ်ပြားမှ မလျော့စေရပါဘူး "

ဟော်ရွမ်ပင်းက အမြန် ရှင်းပြသည်။

" ရှုလူကြီးမင်း၊ ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့။ တကယ်တော့ ...… ဒီပိုက်ဆံကို ကျွန်တော် မလိုချင်ပါဘူး။ ဆရာဝန်ပြဖို့ မတတ်နိုင်တဲ့ လူနာတွေကို ပိုကူညီချင်လို့ပါ "

ရှုကျန်း အမြန် ခေါင်းညိတ်လိုက်သည်။

" ကျွန်တော်နားလည်ပါတယ်။ ဌာနမှူးဟော်က ဆေးပညာကို ကျွမ်းကျင်ရုံတင်မကဘူး။ စိတ်ထားကလည်း မွန်မြတ်သေးတယ်။ တကယ်ကို သူတော်စင်ပါပဲ "

ပတ်ဝန်းကျင်က လူတွေကလည်း ချီးကျူးလိုက်ကြသည်။

ထိုအခိုက်အတန့်တွင် သဘောထားမတိုက်ဆိုင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

" သူ့ကို မြှောက်ပင့်မနေနဲ့။ မြန်မြန်လုပ်၊ ဒီကလေးမလေးကို ကြည့်လိုက်ဦး။ သူမမျက်နှာက ပုံမှန်မဟုတ်တော့ဘူး။ သူမရဲ့ နှလုံးကြောတစ်ခုက ပျက်စီးသွားပြီထင်တယ်။ သူမရဲ့ သွေးနဲ့ ချီလမ်းကြောင်းတွေလည်း ခဲသွားတယ်လို့ သံသယရှိမိတယ် ...... "

ဟော်ရွမ်ပင်းသည် ချက်ချင်းပင် ယဲ့ဖန်ကို အေးစက်စွာ ကြည့်လိုက်သည်။

" ပြောလို့ ပြီးပြီလား။ အခုနကပဲ မင်း မကောင်းပြောခဲ့ပေမဲ့ အခု လူနာက အန္တရာယ် ကင်းသွားပြီ။ အဲ့တာကို မိုက်ရိုင်းတဲ့ စကားတွေ ပြောနေသေးတာလား။ လူနာတစ်ခုခုဖြစ်သွားမှ ကျေနပ်မှာလား "

သူတင်မကဘဲ သူ့ပတ်ဝန်းကျင်မှ လူတွေကလည်း ယဲ့ဖန်ကို ပစ်တင်ဆဲဆိုကြသည်။

" မင်းမှာ စာနာစိတ်မရှိဘူးလား။ အားလုံးက ကလေးမလေးရဲ့ လုံခြုံရေးအတွက် စိတ်ပူနေကြတာ။ မင်းကသာ ရွဲ့စောင်းပြောနေတာပဲ "

" ဟုတ်တယ်။ ဌာနမှူးက မင်း လုပ်သလောက် တောင် မသိဘူးလို့ ထင်နေလား။ ကလေးမလေးရဲ့ ပုံစံ တစ်ခုခုမှားနေပြီဆိုတာ မင်းတောင် ပြောနိုင်ရင် ဌာနမှူးကရော မသိနိုင်ဘူးလို့ ထင်နေလား "

" ငါကတော့ အာချောင်တဲ့သူထက် ပရော်ဖက်ရှင်နယ် ဆရာဝန်ကိုပဲ ပိုယုံတယ် "

" သူက အာချောင်ဖို့လောက်ပဲသိတာ။ သူ့ကိုသာ တကယ်ပေးလုပ်လိုက်ရင် ပြဿနာတွေ ကြီးကုန်လောက်တယ် "

" ဒီလိုလူ ဘယ်လိုဖြစ်ပြီး ရှိနေရတာလဲ။ ဘယ်လိုတောင် သွေးအေးတဲ့ကောင်လဲ ...... "

ရှုကျန်းပင်လျှင် ယဲ့ဖန်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။

" လူကြီးမင်း၊ ဌာနမှူးက ငါ့ရဲ့ ကျေးဇူးရှင်ပါ။ မင်း သူ့ကို ဒီလိုမျိုး ပြောနေတာ လက်မခံနိုင်ဘူး။ ဌာနမှူးကို ထပ်ပြီး မလေးမစားလုပ်ရင် ငါ ယဉ်ကျေးနေမှာ မဟုတ်ဘူး "

ယဲ့ဖန်သည် သနားကြင်နာစွာ ပြောပြနေသော်လည်း သူ့ကို မြည်းတစ်ကောင်လို ဆက်ဆံနေသည်ကို တွေ့လိုက်ရပြီး စိတ်အနှောင့်အယှက်ဖြစ်ကာ ဆက်မနေတော့ဘဲရှချူးကို ဆွဲထုတ်လာခဲ့သည်။

" ဒီလိုလူမျိုး ထွက်သွားသင့်တာ ကြာပြီ။ ဒီမှာနေနေတာ ဒုက္ခပေးတာပဲ "

" မှန်တယ်။ ဒီလိုလူမျိုးက အာသာချောင်ချင်တာ။ အသုံးကျတာ မဟုတ်ဘူး "

" သူက အဲ့ကောင်မလေးရှေ့မှာ ကြွားပြချင်နေတာဖြစ်မယ် "

" စကားမစပ်၊ အဲ့ဒီကောင်မလေးကရှချူး နဲ့ နည်းနည်းတူတယ်မလား "

" မင်းမပြောရင် ငါ သတိတောင် မထားမိဘူး။ ဟုတ်တယ် နည်းနည်းဆင်တယ် ...... "

နှစ်ယောက်သား အဝေးကို လျှောက်သွားနေကြပြီဖြစ်သော်လည်း အနောက်မှ လှောင်ပြောင်သံများကို ကြားနေရဆဲဖြစ်သည်။

ရှချူးသည် ယဲ့ဖန်အတွက် အနည်းငယ် စိတ်ပူသွားသည်။

သူမက သူ့ကို အမြန်နှစ်သိမ့်ပေးလိုက်သည်။

" အဲ့ဒီလူတွေက စိတ်ပုတ်လွန်းတယ်။ စိတ်ထဲမထားပါနဲ့။ ကျွန်မ ပထမဆုံး ပွဲဦးထွက်တုန်းကလည်း တခြားသူတွေရဲ့ ဝေဖန်ချက်တွေကို သည်းမခံနိုင်ခဲ့ဘူး။ ခဏခဏ တိတ်တိတ်လေး ငိုတောင် ငိုခဲ့ရပေမယ့် တဖြည်းဖြည်းကျ နေသားကျလာခဲ့တာ "

ယဲ့ဖန်က သူ့လက်ကို ရက်ရောစွာ ဝှေ့ယမ်းလိုက်သည်။

" မင်း အရမ်းစိတ်ပူနေတာပဲ။ ကိုယ်က မင်းလောက် စိတ်အားမငယ်ပါဘူး။ နည်းနည်း ရယ်ချင်မိရုံတင်ပါ။ ဒီလူတွေက သူတို့ကိုယ်သူတို့ ကုသိုလ်ကောင်းမှုလုပ်နေတယ်လို့ ထင်ကြပေမယ့် လက်တွေ့မှာတော့ သူတို့အားလုံးက ကြံရာပါတွေပဲ။ ဒီကလေးမလေးက သူတို့ကြောင့် သေလိမ့်မယ် "

ရှချူးသည် ပထမပိုင်းတွင် သူမအား လှောင်ပြောင်နေသည်ကို ကြားသောအခါ အနည်းငယ် ဒေါသထွက်သွားသေးသည်။

သို့သော် နောက်ဆုံးစာကြောင်းကို ကြားလိုက်သောအခါ သူမ၏အမူအရာ ပြောင်းသွားသည်။

" ဒီကလေးမလေးရဲ့အသက်က အန္တရာယ်ရှိနေတာလား "

ယဲ့ဖန်က ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။

" ခုနက ဟော်ရွမ်ပင်းရဲ့ CPRလုပ်တာက သူမရဲ့ အားနည်းနေပြီဖြစ်တဲ့ နှလုံးနဲ့ အဆုတ်တွေကို ပျက်စီးစေတယ်။ ကိုယ်စိုးရိမ်တာက ..... "

ရှချူးက စိုးရိမ်နေသေးသည်။

" ဒါဆို ကျွန်မတို့က သူတို့ကို မြန်မြန်သတိပေးရမယ် "

ယဲ့ဖန်က ပုခုံးကို တွန့်လိုက်သည်။

" သူတို့က မင်းကို ယုံမှာလား။ သူတို့က အကြီးအကဲဆိုတာကြီးပဲ ယုံကြတာ "

ရှချူးသည် ထိုလူများ၏ သဘောထားကို တွေးလိုက်ပြီး ယဲ့ဖန် မှန်ကန်ကြောင်း သိလိုက်သည်။

သူတို့နှစ်ယောက် ကားပေါ်သို့ ပြန်လာခါနီးတွင် အနောက်မှ ရှုကျန်း၏ အော်သံကို ရုတ်တရက် ကြားလိုက်ရသည်။

" မန်မန်၊ သမီးလေး ဘာဖြစ်တာလဲ။ မန်မန် ဖေဖေ့ကို မခြောက်ပါနဲ့။ အား "

ရှချူးက ယဲ့ဖန်ကို အမြန် ဆွဲလိုက်သည်။

" တစ်ခုခုဖြစ်နေပြီ၊ သွားကြည့်ရအောင် "

ယဲ့ဖန်က သူ့လက်ကို ခါယမ်းလိုက်သည်။

" မင်းသွားချင်ရင် သွားလိုက်။ ကိုယ့်မျက်နှာပူလို့ တခြားသူရဲ့ အေးနေတဲ့ တင်ပါးမှာ ကပ်နေရလောက်တဲ့အထိ ဈေးပေါပေါနဲ့ မနေချင်ဘူး "

ထို့နောက် သူက လှည့်ပြီး ယာဉ်မောင်းထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။

ရှချူးလည်း သူ့နောက်ကို လိုက်ပြီး ထိုင်လိုက်ဖို့ကလွဲ၍ ရွေးချယ်စရာမရှိချေ။

သို့သော် သူမမျက်လုံးတွေက ဟိုဘက်ကို ကြည့်နေဆဲဖြစ်သည်။

မကြာသေးမီကပင် မျက်နှာမှာ သွေးရောင်သန်းနေပြီဖြစ်သော ကလေးမလေးသည် ရုတ်တရက် သွေးများ ပါးစပ်ထဲမှ ထွက်ကျလာပြီး သူမ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါလာသည်။

ထိုရုတ်တရက်ဆန်သည့် ပြောင်းလဲမှုက လူတိုင်းကို ထိတ်လန့်စေသည်။

အထူးသဖြင့် ရှုကျန်းသည် သေလောက်အောင် ကြောက်လန့်နေပြီး အော်ဟစ်နေသည်။

ဟော်ရွမ်ပင်းကလည်း စစ်ဆေးရန် အမြန်ပြေးသွားသော်လည်း ထိုမိန်းကလေးက သွေးအန်နေဆဲဖြစ်သည်။

သူမ၏နှာခေါင်းနှင့် မျက်လုံးများကပင် သွေးများ ထွက်နေသည်။

ကြည့်ရတာ အရမ်းကြောက်စရာကောင်းလေသည်။

ရှုကျန်းသည် သူ့သမီး၏ သနားစရာကောင်းသော အခြေအနေကို မြင်လိုက်ရပြီး ကျိုးကြောင်းဆင်ခြင်နိုင်မှု ချက်ချင်း ဆုံးရှုံးသွားသည်။

သူသည် ဟော်ရွမ်ပင်းကို မြေကြီးပေါ်သို့ တွန်းချလိုက်သည်။

" ခွေးသား၊ မင်း ငါ့သမီးကို သတ်လိုက်တာ။ ငါ မင်းကိုသတ်ပစ်မယ် "

အပိုင်း ( ၇၁၄ )

နုနယ်သေးသော နှလုံးသား

ဟော်ရွမ်ပင်းသည် ယခုအချိန်တွင် စကားများ ပြောစရာ ပျောက်ရှနေသည်။

သူသည် ရှုကျန်းမှ သူ့မျက်နှာကို အထပ်ထပ်အခါခါ ထိုးနေသည်ကိုပင် ခွင့်ပြုထားလိုက်သည်။

" ဒါက မဖြစ်သင့်ဘူး။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါက ဘယ်လိုလုပ် ဖြစ်ရတာလဲ ......... "

ဟော်ရွမ်ပင်းကို မြှောက်ပင့်ပေးခဲ့သည့် လူတွေက လုံးဝကို အံ့သြသွားကြသည်။

" ဒါ …... ကလေးမလေးက အခုလေးတင် အဆင်ပြေနေတာ မဟုတ်ဘူးလား။ ရုတ်တရက်ကြီး ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ "

" ဒါက သိပ်ကြောက်စရာကောင်းလွန်းတယ်၊ မဟုတ်ဘူးလား။ သူမရဲ့ ဒွါရခုနစ်ပေါက်က သွေးတွေထွက်နေတယ်။ ဒီကလေးမလေးက တကယ်ကို သနားစရာပဲ "

" ဌာနမှူးဟော်က နှလုံးပိုင်းမှာ အကြီးအကဲ မဟုတ်ဘူးလား။ ကလေးကို ဘယ်လိုကုလိုက်လို့ ဒီလိုဖြစ်သွားတာလဲ "

" ဘာကို အကြီးအကဲလဲ။ ကျော်ကြားမှုနဲ့ လုပ်စားနေတာလို့ ငါထင်တယ်။ ဒီရာထူးကိုရော ဘယ်လိုရခဲ့တာလဲဆိုတာ ဘယ်သူသိမှာလဲ "

" ဒီကောင်က လူသတ်သမားပဲ။ ဒီကလေးအတွက် သူ့အသက်ကို ပေးဆပ်ရမယ် "

" မှန်တယ်။ ဘဝတစ်ခုအတွက် ဘဝတစ်ခုပဲ "

လူတိုင်း၏ ဒေါသအမျက်များက နောက်ဆုံးတွင် ဟော်ရွမ်ပင်းကို နိုးထလာစေခဲ့သည်။

အမှန်ပင် ဒါက ဆေးရုံမဟုတ်ချေ။

အပြစ်တင်ခြင်းကို လျင်မြန်စွာ မပြောင်းလဲနိုင်ပါက ကြီးမားသောဒုက္ခ ရောက်သွားနိုင်သည်။

ထိုအချက်ကိုတွေးပြီး ဒေါသတကြီးဖြင့် သူ့ဘေးနားမှ ဆရာဝန်တွေကို အမြန်လှည့်ကြည့်လိုက်သည်။

" အဲ့တာက မင်းအပြစ်ပဲလေ။ မင်းသာ ခုနက ဝင်မရှုပ်ဘူးဆိုရင် ဒီကလေးက ဘယ်လိုလုပ် မတော်တဆ ဖြစ်ရမှာလဲ "

ဟော်ရွမ်ပင်းသည် အပြစ်တင်ရန် ကြိုးစားနေသည်ဆိုတာကို သူတို့က ချက်ချင်းသဘောပေါက်ပြီး ညည်းညူလိုက်ကြတော့သည်။

" ကျွန်တော်တို့က အပြစ်ကင်းပါတယ်။ ကျွန်တော် ဘာမှ မလုပ်ခဲ့ပါဘူး။ ကလေးရဲ့ အခြေအနေကို စစ်ဆေးကြည့်ခဲ့ရုံတင်ပါ "

" ကျွန်တော်လည်း ဘာမှ မလုပ်ဖြစ်ဘူး။ လူတိုင်းက ကျွန်တော့်အတွက် သက်သေခံပေစနိုင်တယ် "

" မင်းရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုက မလုံလောက်ဘူးဆိုတာ ထင်ရှားနေတာပဲ။ မင်း ငါတို့ကို ဘာလို့ အပြစ်တင်နေတာလဲ "

" ဒါ မင်းတာဝန်ပဲ။ ငါတို့ကို အပြစ်တင်ဖို့ မစဉ်းစားနဲ့ ...... "

သူတို့က အချင်းချင်း တာဝန်လွှဲချနေကြသော်လည်း ကလေးမလေးကို မည်သူမျှ မကြည့်ကြတော့ပေ။

ဒီလိုအခြေအနေမျိုးတွင် ထိုကလေးမလေးသည် မျှော်လင့်ချက် ကင်းမဲ့နေသည်ဆိုတာ သိသာထင်ရှားလှသည်။

ထိုအချိန်၌ တစ်ယောက်ယောက်မှ ဝင်စွက်ဖက်လိုက်လျှင် သူတို့ တာဝန်တွေ အများကြီး ထမ်းရ‌ပေလိမ့်မည်။

ထိုမြင်ကွင်းကို လူအုပ်ကြီးက မြင်ပြီး သည်းမခံနိုင်တော့ပေ။

" မင်းတို့က ကိုယ့်ကိုယ်ကိုယ် ဆရာဝန်လို့ ခေါ်ရဲ သေးကြရဲ့လား။ ဒီကလေးက သေခါနီးနေပြီ မင်းတို့က အပြစ်ဖို့ဖို့ကို ကြိုးစားနေတုန်းလား "

" ဒါက သူတို့ရဲ့ တကယ့်အရောင်တွေပဲ။ သူတို့ရဲ့ သန့်ရှင်းသပ်ရပ်တဲ့ အသွင်အပြင်ကြောင့် ငါတို့အားလုံး လှည့်စားခံခဲ့ရတာ "

" မှန်တယ်။ ဒီလူအုပ်စုက ဒီလိုပဲ။ သက်သာသွားရင်တော့ ဒါက သူတို့ကြောင့်ပဲ။ မပျောက်ရင်တော့ တခြားသူရဲ့ ပြဿနာဆိုပြီး လုပ်တာ "

" သူတို့ရဲ့ အပြုအမူနဲ့ အသက်ကို ဘယ်သူက လက်ထဲ အပ်ရဲတော့မှာလဲ "

" သူတို့ရဲ့ ဆေးပညာစွမ်းရည်က မကောင်းပေမယ့် သူတို့ရဲ့ ဂုဏ်ယူဝံ့ကြွားနိုင်စွမ်းကတော့ ပထမတန်းစားပဲ ...... "

ဆူပူကြိမ်းမောင်းသံများကြားတွင် မတူညီသော အသံတစ်ခုက ရုတ်တရက် ထွက်လာသည်။

" ကျွမ်းကျင်တဲ့ ဆရာဝန်အဖွဲ့တစ်ဖွဲ့က လူပြိန်းထက် ပိုဆိုးနေမယ်လို့ မမျှော်လင့်ခဲ့ဘူး။ ကလေးရဲ့ ပုံစံက မူမမှန်ဘူးလို့ လူငယ်လေးက ပြောခဲ့နိုင်ပေမယ့် ကျွမ်းကျင်တဲ့ ဆရာဝန်အုပ်စုကတော့ သိတောင် မသိခဲ့ကြဘူး "

သူ့စကားက ရှိနေသူအားလုံးကို ချက်ချင်းသတိပေးလိုက်သည်။

" ဟုတ်တယ်။ အဲ့ညီလေး အခုဘယ်မှာလဲ။ သူက ပြဿနာ စကတည်းက မြင်ခဲ့ပေမယ့် ဘယ်သူမှ သူ့ကို မယုံကြဘူး "

" ဘယ်သူမှ မယုံခဲ့ရုံမကဘဲ အကြံတစ်ခုပေးတော့ မင်းလည်း သူ့ကို လှောင်ပြောင်ခဲ့တယ်လေ "

" ငါ သူ့ကို မလှောင်ပြောင်ပါဘူး။ ဒီလူငယ်လေး ပြောတာက အဓိပ္ပါယ်ရှိတယ်လို့ အမြဲထင်ခဲ့တာ "

" မင်းဟာ တကယ့်ကို စောက်ပိုပဲ။ မင်း သူ့ကိူ ဆဲဆိုနေတာ ငါ ခုနက သေချာ မြင်လိုက်ရတာကို မဟုတ်ဘူး ငြင်းချင်နေသေးတာလား "

" ငါမဟုတ်ဘူး။ ငါမဟုတ်ဘူး။ မင်းမှားနေပြီ ...... "

ဆူညံသံများကြားတွင် ရှုကျန်းသည် ရုတ်တရက် တုံ့ပြန်လိုက်ပြီး မြေပြင်မှ အမြန်ထလိုက်သည်။

" ဟုတ်တယ်။ အဲ့ဒီလူငယ်လေး ဘယ်ရောက်သွားလဲ။ အဲ့ဒီညီလေးကို တွေ့ကြလား "

ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် ယဲ့ဖန်၏ ကားကို ရုတ်တရက် ညွှန်ပြလိုက်သည်။

" သူနဲ့ အဲ့ဒီကောင်မလေးက ကားပေါ်တက်သွားတာ တွေ့လိုက်တယ်။ အဲ့ဒီကားက အရမ်းမိုက်တယ်။ စျေးကြီးတယ်ဆိုတာ သိသာတယ်။ နောက်ပြီးတော့ အဲ့ဒီကောင်မလေးကရှချူးနဲ့ အရမ်းတူတယ် ...... "

သူ၏ အပိုစကားတွေ မပြီးခင် ရှုကျန်းက သေလုမြောပါးဖြစ်နေသော သူ့သမီးလေးကို အလျင်စလိုဆွဲပွေ့ပြီး ယဲ့ဖန်၏ ကားဆီ ပြေးသွားခဲ့သည်။

ထိုအချိန်တွင် ရှေ့ကားသည် ရှေ့သို့ ရွေ့သွားသောကြောင့် ယဲ့ဖန်လည်း ကားကို စတင်ရွှေ့တော့မည်ဖြစ်သည်။

ရှုကျန်းသည် ရုတ်တရက် သူ့သမီးကို ပွေ့ဖက်လိုက်ပြီး ကားရှေ့တွင် ဒူးထောက်လိုက်သည်။

" နတ်ဆရာလေး၊ ကျေးဇူးပြုပြီး ရပ်ပေးပါ။ ငါ့သမီးလေးကို ကယ်တင်ပေးဖို့ တောင်းပန်ပါတယ် ...... "

ယဲ့ဖန်က ဘရိတ်ကို အမြန်နင်းပြီး ကားပြတင်းပေါက်ကနေ ခေါင်းထွက်လိုက်သည်။

" ခင်ဗျား ဘာလုပ်နေတာလဲ။ သေချင်နေတာလား "

ရှုကျန်းက သူ့သမီးလေးကို မြေပြင်ပေါ် လှဲချလိုက်ပြီး ခေါင်းကို မြေကြီးထိအောင် ဦးညွတ်သည်။

" ကျေးဇူးပြုပြီး၊ သမီးလေးကို ကယ်တင်ပေးပါ ....... "

ယဲ့ဖန်သည် မြေပြင်ပေါ်ရှိ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ဖြင့် ကလေးမလေးကို ကြည့်ကာ သူ့နှလုံးသားက ပျော့ပျောင်းသွားသည်။

ရှချူးလည်း သူ့ကို ကြည့်လိုက်သည်။

" ယဲ့ဖန်၊ ရှင့်မှာ နည်းလမ်းရှိရင် ဒီကလေးလေးကို ကယ်လိုက်ပါ။ သူမ တော်တော်သနားစရာကောင်းတယ် "

ယဲ့ဖန် သက်ပြင်းချလိုက်သည်။ ဟူး၊ သူ့နှလုံးသားက မမာသေးဘူးဘဲ။

သူသည် ရှုကျန်းဆီမှ အေးစက်စွာ ဆက်ဆံခံရသော်လည်း သူ့ရှေ့တွင် အားနည်းသည့် ဘဝတစ်ခု သေဆုံးသွားသည်ကို သူ ရပ်မကြည့်နိုင်သေးပေ။

တံခါးကို ချက်ချင်းတွန်းဖွင့်ပြီး ကားထဲက ဆင်းလိုက်သည်။

ရှုကျန်း ဝမ်းသာသွားသည်။

သူသည် ခေါင်းကို ပိုပြီး ပြင်းထန်စွာ မြေကြီးနှင့် တိုက်လိုက်သည့်အတွက် သူ့ခေါင်းမှ သွေးတွေ ထွက်သွားသည်။

သို့သော် ယဲ့ဖန်က သူ့ကို စိတ်မ၀င်စားချေ။

သူသည် ကလေးမလေး၏ အခြေအနေကို စစ်ဆေးရန် သွားခဲ့သည်။

သူမ၏ လက်ရှိအခြေအနေသည် အလွန်အန္တရာယ်များသည်။

သူမကို အခု ဆေးရုံပို့လျှင်တောင် ကယ်တင်ရန် အရမ်းခက်ခဲမည်ဟု ပြောနိုင်သည်။

သူတွင် နတ်ဘုရားအဆင့်ရှိ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုဖြစ်သည့် အစိမ်းရောင်ဆေးကျမ်းရှိသည် ဆိုရင်ပင် ၁၀၀ရာခိုင်နှုန်း မသေချာနိုင်ပေ။

ယဲ့ဖန်က ကလေးမလေး၏ အခြေအနေကို စစ်ဆေးပြီး ရှုကျန်းကို ပြောသည်။

" ခုနကဆိုရင်တော့ ကယ်တင်ဖို့ ယုံကြည်ချက်ရှိပေမယ့် အခုချိန်မှာတော့ အစွမ်းကုန်ကြိုးစားပေးမယ်လို့ပဲ ပြောလို့ရတယ်။ မျှော်လင့်ချက်တွေ အများကြီးမထားတာ ပိုကောင်းတယ် "

ရှုကျန်းက လှည့်ကြည့်လိုက်ပြီး ဟော်ရွမ်ပင်းနှင့် တခြားသူတွေကို စိုက်ကြည့်နေလိုက်သည်။

ထိုကောင်တွေကြောင့်သာ မဟုတ်လျှင် သူ့သမီးလေးက ဒီလောက် ဆိုးရွားမှာမဟုတ်ချေ။

ဟော်ရွမ်ပင်းနှင့် အခြားလူများက သူ့ကို မျက်လုံးချင်း ဆုံမကြည့်ဝံ့ကြဘဲ ခေါင်းငုံ့ထားကြသည်။

ရှုကျန်းက သူတို့နှင့် ပြဿနာရှာရန် စိတ်မ၀င်စားချေ။

သူက ယဲ့ဖန်ကို ပြောသည်။

" နတ်ဘုရားလေး၊ မင်းကပဲ ငါ့သမီးလေးကို ကယ်တင်နိုင်မှာပါ။ သူမသာသေရင် ငါလည်း အသက်မရှင်ချင်တော့ဘူး ...... "

ယဲ့ဖန်သည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

" ကျွန်တော်က ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ ကျွန်တော့်မှာ ယုံကြည်မှု မရှိပါဘူး။ သဘောတူရင် အကောင်းဆုံးကြိုးစားပါ့မယ်။ သဘောမတူရင်တော့ တခြားသူကိုရှာလိုက်ပါ "

ရှုကျန်းက ယဲ့ဖန် ဈေးကိုင်နေတယ် ထင်လိုက်သည်။

" စိတ်မပူပါနဲ့။ ငါ့သမီးလေးကို ကယ်နိုင်တာနဲ့ ငါ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို ပေးနိုင်ပါတယ် ..... "

ယဲ့ဖန်က သူပြောတာကို ပြီးအောင် မစောင့်တော့ချေ။

မတ်တပ်ထရပ်ပြီး ကားပေါ်သို့တက်ရန် ပြင်ဆင်လိုက်သည်။

ခင်ဗျားရဲ့ မိသားစုပိုင်ဆိုင်မှုကို ဘယ်ကောင်က ဂရုစိုက်နေလို့လဲ။

ဘယ်သူ့ကို လာစော်ကားနေတာလဲ။

ရှုကျန်းက သူ့ပေါင်ကို အမြန်ပွေ့ဖက်လိုက်သည်။

" ကျွန်တော် သဘောတူပါတယ်။ ရလဒ်က ဘယ်လိုပဲဖြစ်နေပါစေ နတ်ဆရာလေးနဲ့ မဆိုင်ပါဘူး "

ယဲ့ဖန်က ရှုကျန်းရဲ့ ကတိကို လက်ခံပြီး ပြန်သွားကာ သူမကို ကယ်တင်ရန် ပြင်ဆင်လိုက်သည်။

ထိုအခိုက်အတန့်တွင် ကြည့်နေသည့်သူများက သူ့ကို နားချကြသည်။

" လူငယ်လေး၊ ဒီကိစ္စထဲမှာ မပါဝင်ဖို့ ငါအကြံပေးတယ်။ မင်း သူ့ကို ကယ်နိုင်ရင် ကောင်းပေမယ့် မင်းမလုပ်နိုင်ရင် မင်းဒုက္ခရောက်သွားမှာကို ငါတို့ စိုးရိမ်တယ် "

" ဟုတ်တယ်။ ဒီကလေးက မျှော်လင့်ချက်မဲ့နေပြီ။ အခု အဲ့ကလေးကို ထိမိတဲ့သူက ကံမကောင်းနိုင်ဘူး "

" သူ မင်းကို ပြဿနာရှာမှာမဟုတ်ဘူးလို့ အခုပြောနေတာကို တကယ်လို့ မထင်လိုက်နဲ့။ ဒါပေမယ့် အချိန်ရောက်လာရင် ပြောဖို့က ခက်တယ် "

" မင်းက ငယ်သေးတယ်။ မိုက်မဲမနေပါနဲ့။ မင်းမိသားစုအကြောင်းပဲ စဉ်းစားပါ "

" ဒီခေတ်မှာ လူကောင်းဖြစ်ဖို့က ခက်တယ် ...... "

ရှချူးသည် ယဲ့ဖန်၏ ကယ်တင်ခြင်းကို မူလက အလွန်ထောက်ခံခဲ့သော်လည်း သူမသည် လူတိုင်း၏ စကားများကို ကြားပြီးသောအခါတွင် သူမ စိုးရိမ်စပြုလာသည်။

" ယဲ့ဖန်၊ ရှင် ...... ရှင် ပြန်စဉ်းစားချင်သေးလား "

ရှုကျန်းသည် ယဲ့ဖန်မှ သူ့စကားကို ပြန်ရုတ်မှာကို ကြောက်နေပြီး သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" ကျွန်တော့်သမီးလေးကို တကယ် .... တစ်ခုခုဖြစ်ရင်တောင် ကယ်တင်ပေးဖို့ ကြိုးစားခဲ့တဲ့အတွက် ဒီညီလေးကို အပြစ်မတင်ပါဘူး။ မတင်ပါဘူး။ ဒါက သမီးလေးရဲ့ ဘဝပဲ ....... "

အပိုင်း ( ၇၁၅ )

တစ်ချက်ကြည့်လိုက်တာနဲ့ သူက လူသစ်ဆိုတာ မြင်နိုင်တယ်

ပတ်ဝန်းကျင်မှ တစ်စုံတစ်ယောက်က ချက်ချင်း လှောင်ပြောင်လိုက်သည်။

" မင်း အမှန်အတိုင်းပြောနေလားဆိုတာ ဘယ်သူသိမှာလဲ "

" မှန်တယ်။ ခင်ဗျားက အခုတော့ ကောင်းကောင်းပြောပေမယ့် အချိန်ကျရင် ပြဿနာရှာမလားဆိုတာ ဘယ်သူသိမှာလဲ "

" လယ်သမားနဲ့ မြွေကြားမှာ အဖြစ်အပျက်တွေက အများကြီးပဲ။ တစ်ခါတလေမှာ လူ့နှလုံးသားက မြွေထက်တောင် ပိုအဆိပ်ပြင်းသေးတယ် "

" သူ့ကို စာချုပ်စာတမ်း ရေးခိုင်းလိုက်။ အချိန်တန်လာရင် စကားမပြောင်းအောင် ....... "

ယဲ့ဖန်သည် လူတိုင်း၏ အကြံဉာဏ်ကို နားမကြားသလို နေလိုက်သည်။

" ကျွန်တော် ဘာလုပ်ရမလဲဆိုတာသိတယ်။ အဲ့တာပြီးမှ ဘာဖြစ်သွားလဲဆိုတာ နောက်မှ ဆက်ပြောကြတာပေါ့ "

ယဲ့ဖန်က သူတို့အကြံဥာဏ်တွေကို နားမထောင်တာကို မြင်လိုက်ရပြီး လူတိုင်းက အာညောင်းခံ မပြောတော့ပေ။

သူတို့အားလုံးက သူ့ကို အရူးတစ်ယောက်လို စိုက်ကြည့်နေကြသည်။

တစ်ချို့က ကလေးမလေးကို မကယ်တင်နိုင်ဖို့ လျှို့ဝှက်စွာ မျှော်လင့်နေကြပြီး ရှုကျန်းမှ ပြန်တိုက်ခိုက်တာကို မြင်ချင်နေကြသည်။

သူတို့ရဲ့ အကြံဉာဏ်ကို နားမထောင်ဖို့ ဘယ်သူက တောင်းဆိုနေလို့လဲ။

ယဲ့ဖန် က တခြားဘာမှ မပြောချေ။

ချက်ချင်းပင် ငွေအပ်ထုပ်ကို ထုတ်ယူလိုက်သည်။

သူရွမ်ပင်းနှင့် တခြားသူတွေက လူနာကို ဘယ်လို ကုသပေးမလဲဆိုတာကို လာကြည့်ကြသည့်အခါ ငွေအပ်တွေကို ထုတ်ယူနေတာ မြင်လိုက်ရပြီး သူတို့၏ မျက်လုံးတွေ ချက်ချင်း ပြူးကျယ်သွားရသည်။

အထူးသဖြင့် ဟော်ရွမ်ပင်းက ရယ်လိုက်သည်။

" လူတွေကို ကယ်တင်ဖို့ ဒီငွေအပ်အိတ်ကို သုံးဖို့ ကြံနေတာလား။ မဖြစ်နိုင်ဘူး မဟုတ်လား "

တရုတ်ဆေးပညာခန်းမ၏ ဒါရိုက်တာကပင် အနည်းငယ် ရယ်စရာကောင်းသည်ဟု မြင်လေသည်။

" အပ်စိုက်ကုထုံးကို အရန်ကုထုံးတစ်ခုအနေနဲ့ပဲ အသုံးပြုနိုင်ပါတယ်။ လူ့အသက်ကို ဘယ်လိုလုပ် ကယ်တင်နိုင်မှာလဲ။ ကလေးဆန်လွန်းနေတာ မဟုတ်ဘူးလား "

တခြားသူတွေက ဘာမှ မပြောကြသော်လည်း ယုံနိုင်းရာ မရှိဘူးဟု ခံစားရသည်။

ယဲ့ဖန်က သူတို့ကို ရှင်းပြဖို့ စိတ်မ၀င်စားချေ။

သူသည် လင်ဇီးခြောက်တစ်ခြမ်းကို ထုတ်ပြီး ကောင်မလေး၏ ပါးစပ်ထဲကို ထည့်လိုက်သည်။

တရုတ်ဆေးပညာခန်းမ၏ ဒါရိုက်တာက သူ့ကို လှောင်ပြောင်နေသော်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မျက်လုံးတွေ ပြူးကျယ်သွားသည်။

" ဒါက ...… နှစ်တစ်ရာကျော် လင်ဇီးလား။ မဟုတ်ဘူး၊ အဲ့တာကို သေချာကြည့်ရင် အနည်းဆုံး နှစ် ၃၀၀လောက်ရှိသင့်တယ် မဟုတ်လား "

သူ့ဘေးနားရှိ အနောက်တိုင်းဆရာဝန်က တရုတ်ဆေးဖက်ဝင် အပင်များကို ယခင်က မလေ့လာဖူးပေ။

ထို့ကြောင့် စူးစမ်းစွာ မေးလိုက်သည်။

" ဒီဆေးဖက်ဝင်အပင်က အရမ်းအဖိုးတန်တာလား "

တရုတ်ဆေးခန်း ဒါရိုက်တာကလည်း ပါးစပ်မပိတ်နိုင်လောက်အောင် ထိတ်လန့်သွားသည်။

" ဒါက အဖိုးတန်ရုံတင်မဟုတ်ဘူး။ ဒါက ...... အရေးကြီးတဲ့အခိုက်အတန့်မှာ အသက်ကိုကယ်တင်နိုင်တဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပဲ။ ဘယ်လောက် အဖိုးတန်တယ်လို့ ထင်လဲ။ ပိုက်ဆံရှိရင်တောင် မဝယ်နိုင်ဘူး "

လူတိုင်းက စကားမပြောနိုင် ဖြစ်သွားခဲ့ကြသည်။

ရှုကျန်းသည် ထိုစကားကို ကြားသောအခါ အလွန် ရင်ထဲထိသွားသည်။

ထိုလူငယ်လေးသည် ယခုလို ဆိုးရွားသောအခြေအနေတွင်ပင် သူ့သမီးကို ကယ်တင်ရန် ကူညီပေးဆဲဖြစ်သည်။

ထို့အပြင် ထိုကဲ့သို့သော အဖိုးတန် ဆေးဖက်ဝင် အပင်ကိုပင် ထုတ်ယူလာခဲ့သည်။

သူသည် သေချာပေါက် နတ်ဘုရားလေးဖြစ်သည်။

ယဲ့ဖန်သည် လူတိုင်း၏ စကားကို မကြားချင် ဟန်ဆောင်လိုက်သည်။

ကလေးမလေး၏ ပါးစပ်ထဲသို့ လင်ဇီးကိုထည့်ပြီးနောက် သူသည် သူမ၏ အဝတ်ကိုဖွင့်ကာ သူမ၏ ချူချီ၊ ရန်ကျုံး၊ လောင်ကုန်း၊ ကျီချွမ်၊ ရှီမန်း၊ နီကွမ်းနှင့် အခြားသွေးကြောများထဲသို့ ငွေအပ်များကို ထိုးဖောက်လိုက်သည်။

သူ၏ လှုပ်ရှားမှုများက အလွန်နှေးကွေးပြီး ကလေးမလေးကို လေထဲမှ ဖယောင်းတိုင်ကဲ့သို့ ကိုင်တွယ်ကုသလေသည်။

လေညင်းလေးတစ်ခုကပင် မီးစာကို မှုတ်ထုတ်နိုင်သောကြောင့် လုပ်ဆောင်ချက်ကို အလောကြီးလို့မရပေ။

ထိုပုံစံကို ဟော်ရွမ်ပင်းက မြင်ပြီး ပြောသည်။

" မင်းက လူသစ်ဆိုတာ ကြည့်လိုက်တာနဲ့ သိသာတယ် "

တရုတ်ဆေးခန်းမမှ ဆရာဝန်ကို ကြည့်လိုက်သောအခါ သူက စွဲလန်းနေပုံရသည်။

သူသည် ယဲ့ဖန်၏ အပ်စိုက်ကုထုံးကို စိုက်ကြည့်နေသည်။

ဟော်ရွမ်ပင်းက သူ့ကို တွန်းလိုက်သည်။

" ဘာမှားလို့လဲ။ သူ့ရဲ့နည်းပညာက ပြဿနာရှိလို့လား။ အရင်က သူများတွေ အပ်စိုက်ကုတာကို မြင်ဖူးတယ်။ ဒီလောက် နှေးကွေးနေတာ ဘယ်လိုလုပ်ကြမှာလဲ။ တစ်ချက်ကြည့်လိုက်တာနဲ့ နည်းပညာက မကျွမ်းကျင်ဘူးဆိုတာ ငါသိတယ် "

တရုတ်ဆေးခန်းမဒါရိုက်တာက လှည့်ကာ သူ့ကိုကြည့်နေသည်။

" မင်းဘာသိလဲ။ ဒီနတ်ဆေးဆရာလေးရဲ့ နည်းစနစ်တွေက ဘယ်လို .... ဘယ်လိုတောင် ပြောရမလဲမသိဘူး။ သူက လုံးဝက နတ်ဘုရားအဆင့်ပဲ။ ပြောရရင် အရမ်းမိုက်တယ်။ မင်းလိုလူက နားလည်မှာ မဟုတ်ဘူး "

ဟော်ရွမ်ပင်းသည် ယန်းချန်မြို့၏ ဆေးလောကတွင် အကြီးအကဲတစ်ဦးဖြစ်သည်။

ထိုသို့ အပြစ်တင်ခံရသည့်အခါ အနည်းငယ် ရှက်ရွံ့သလို ခံစားလိုက်ရသည်။

သို့သော် သူသည် တရုတ်ဆေးပညာအကြောင်း ဘာမှမသိခဲ့ပေ။

သူ နောက်ထပ်အမှား လုပ်မိမှာကို စိုးရိမ်ပြီး အေးစက်စွာ လှောင်လိုက်သည်။

" အံ့သြစရာကောင်းတဲ့ နည်းစနစ်တွေကို အသုံးပြုတာက ဘာအရေးလဲ။ အဓိကအချက်က အကျိုးသက်ရောက်မှုရှိမရှိကို ကြည့်ရမှာ။ လူကို မကယ်တင်နိုင်ရင် ဘယ်လောက်ပဲ နည်းပညာကောင်းနေပါစေ အဲ့တာက အသုံးမဝင်ဘူး "

တရုတ်ဆေးပညာဆေးခန်းပိုင်ရှင်က သူနှင့် အရေးမပါသော စကားများ ပြောရန် စိတ်မ၀င်စားချေ။

သူက ယဲ့ဖန်ကို ဆက်လက် စိုက်ကြည့်နေသည်။

ယဲ့ဖန်သည် ငွေအပ် နှစ်ဆယ့်သုံးချောင်းကို စိုက်ပြီးသောအခါ ကြီးမားသော တိုက်ပွဲတွင် ဝင်ခဲ့ရသကဲ့သို့ ချွေးများ ဖုံးလွှမ်းနေပြီဖြစ်သည်။

အနားယူရန် အချိန်မရှိပဲ သူမ၏ ချီကြောနှင့် သွေးများ လှည့်ပတ်မှုကို ကူညီပေးရန်အတွက် သွေးကြောများကို ညင်သာစွာ နှိပ်နယ်ပေးနေသည်။

ပတ်ဝန်းကျင်မှ လူတွေကလည်း သူ၏ ညင်သာသော လှုပ်ရှားမှုတွေကို လိုက်ကြည့်ပြီး အသက်ရှုကြပ်လာကြသည်။

အသက်တစ်ချက် ရှူလိုက်ရုံဖြင့် ထိုကောင်မလေးကို သတ်လိုက်မိမည်ဟု ခံစားကြရသည်။

နောက်ဆုံးတွင် အားလုံးသည် မှော်ဆန်သော မြင်ကွင်းကို တွေ့လိုက်ရသည်။

ကလေးမလေး၏ ဖြူဖျော့နေသော မျက်နှာမှာ နီရဲလာပြီဖြစ်သည်။

ထိုအနီရောင်သည် CPRရိုက်ပြီးနောက် ဟော်ရွမ်ပင်း ကယ်ခဲ့သော အနီရောင်နှင့် သိသိသာသာ ကွဲပြားလေသည်။

ထိုအချိန်က အနီရောင်သည် သွေးများ ပြည့်နှက်လာသော အနီရောင်နှင့် ပိုတူသည်။

လက်ရှိအချိန်မှ အနီရောင်သည် ညနေခင်းတွင် ကောင်းကင်မှ နေဝင်ချိန်၏ အလင်းရောင်ကဲ့သို့သော အနီရောင်လိုဖြစ်ကာ အဆိပ်အတောက် ကင်းစင်သည်။

ရှုကျန်းသည် အလွန်စိတ်လှုပ်ရှားနေ၏။

အရင်ကလို ဖြစ်မှာကို ကြောက်နေပြီး သူ မလှုပ်ရဲသေးချေ။

ဟော်ရွမ်ပင်းသည် စိတ်နှစ်ခွဖြစ်နေသည်။

တစ်ဖက်တွင် သူသည် ယဲ့ဖန်မှ ကယ်တင်နိုင်လျှင် သူ၏ တာဝန်လျော့ကျသွားမည်ဖြစ်သောကြောင့် ကယ်တင်နိုင်စေချင်သည်။

သို့သော် မကယ်နိုင်စေချင်သည်မှာ ရှုကျန်းမှ သူ့မျက်နှာကို ထိုးနှက်ထားသောကြောင့်ဖြစ်သည်။

သို့သော် လက်ရှိလူအများစုသည် ယဲ့ဖန်အောင်မြင်နိုင်မည်ဟု စိတ်ရင်းမှန်ဖြင့် မျှော်လင့်နေကြဆဲဖြစ်သည်။

တကယ်ပင် ထိုမိန်းကလေး သေဆုံးသွားပါက သနားစရာကောင်းလွန်းလှမည် ဖြစ်သည်။

ခဏအကြာတွင် ကောင်မလေး၏ မျက်တောင်ရှည်များသည် ရုတ်တရက် လှုပ်ခတ်လာသည်။

လူတိုင်းက မြင်ချင်ရာတွေ မြင်နေတယ်ဟု ထင်နေကြသည်။

ထို့ကြောင့် သူတို့ မျက်လုံးတွေကို ပွတ်သပ်ပြီး ပြန်ကြည့်ကြသည်။

သူမ၏ မျက်တောင်များသည် ပို၍ ပို၍ ပြတ်ပြတ်သားသား တုန်ယင်လာသည်ကို မြင်လိုက်ရသည်။

ရုတ်တရက် မျက်လုံးတစ်စုံသည် ဖြည်းညှင်းစွာ ပွင့်လာသည်။

ထိုအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး လင်းထိန်သွားသည်။

အပိုင်း ( ၇၁၆ )

ခန္ဓာကိုယ်မှ အလင်းတန်းများ

" ဖေဖေ ...... "

ကလေးမလေးသည် ရှုကျန်းကို ကြည့်နေသည်။

သူမသည် အစပိုင်းတွင် စိတ်ရှုပ်ထွေးနေသော်လည်း လျင်မြန်စွာ အသိပြန်ရလာပြီး သူမအဖေကို အသံထွက်ခေါ်လိုက်သည်။

သူမ၏အသံသည် ပျော့ကာ တိုးလျနေသော်လည်း သဘာဝ၏အသံကဲ့သို့ ရှုကျန်းကို တုန်လှုပ်သွားစေခဲ့သည်။

" မန်မန်၊ ဖေဖေ ဒီမှာပါ။ သမီးလေး အဆင်ပြေရဲ့လား "

စကားလေးတစ်ခွန်းကပင် သူ့ခွန်အားတွေ အကုန်ကုန်သွားသလိုဖြစ်သွားသည်။

သူသည် စိတ်ဂယောင်ခြောက်ခြား ဖြစ်နေဆဲဖြစ်သည်။

သူ့သမီးလေး နိုးလာမည်ဟု မမျှော်လင့်ထားချေ။

သူ အရမ်းပျော်သွားလေသည်။

အဖြစ်အပျက်များကို ကြည့်ရှုနေသူများပင် အံ့အားသင့်ခဲ့ကြရသည်။

ဘယ်သူကမှ အကြာကြီး စကားမပြောနိုင်ကြပေ။

သူတို့အားလုံး ယဲ့ဖန်ကို ဘီလူးတစ်ကောင်လို ကြည့်နေကြသည်။

" အမလေး ဘုရားဘုရား၊ သူက တကယ်ပဲ ဒီကလေးမကို ကယ်ခဲ့တာလား။ ဒါ အမှန်ပဲလား "

" အမလေး၊ ငါတော့ ကြက်သီးတွေပါထတယ်။ ဒါ ...... ဒါက နည်းနည်း ကြောက်စရာ မကောင်းဘူးလား "

" ငါရောပဲ။ အထူးသဖြင့် ကလေးမလေးက 'ဖေဖေ'လို့ အော်လိုက်တုန်းက ငါ့တစ်ကိုယ်လုံး ယားသွားတာပဲ "

" ငွေအပ်လေးတွေနဲ့ အဲ့ကလေးမလေးကို တကယ်ပဲ ကယ်ခဲ့တာလား။ သူ့ရဲ့ ဆေးပညာ အရည်အချင်းက ကောင်းကင်ဘုံကိုတောင် အံတုနိုင်တယ် မဟုတ်လား "

" တစ်စုံတစ်ယောက်ရဲ့ လုပ်ရပ်က ကျားတစ်ကောင်လို ပြင်းထန်ပြီး ကလေးမလေးရဲ့ အသက်ကို လုယူလုနီးပါးပဲ။ ဒါပေမဲ့ တချို့ကတော့ ငွေအပ်လေး နည်းနည်းနဲ့တောင် လူနာရဲ့ အသက်ကို ကယ်တင်နိုင်တယ်။ ဒါက ကွာခြားချက်ပဲ "

" ဘာလို့လဲဆိုတော့ တချို့လူတွေက ကျော်ကြားမှုနဲ့ ဂုဏ်သိက္ခာကို ငါးစာချနေကြတာ။ တကယ့် ကျွမ်းကျင်သူတွေ အားလုံးက လူတွေထဲမှာပဲ "

" ဟူး၊ ဒီလို ထူးချွန်တဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာရှင်ကကျ ဆေးပညာအရည်အချင်း လက်မှတ်တောင် မရှိဘူး။ ဒါရိုက်တာနဲ့ အကြီးအကဲတွေလို့ ခေါ်တဲ့ သူတွေကကျတော့ ဘာမှ အကျိုးမရှိဘူး ...... "

လူတိုင်း၏ သရော်လှောင်ပြောင်သံကို ကြားပြီး ဟော်ရွမ်ပင်းနှင့် အခြားသူများအားလုံး ရှက်ရွံ့သောအမူအရာများ ပေါ်လာကြသည်။

အမှန်တိုင်း ပြောရလျှင် သူတို့၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု ညံ့ဖျင်းတာတော့ မဟုတ်ချေ။

သို့သော် ထိုလူငယ်လေး၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုက မူမမှန်လွန်းတာဖြစ်သည်။

" ကျွန်တော်က တရုတ်ဆေးခန်းမကို ဆယ်စုနှစ်နဲ့ချီပြီး ကျင်လည်ဖွင့်ခဲ့ပေမယ့် ဒီလိုမျိုး ဆေးပညာကို တစ်ခါမှ မတွေ့ဖူးဘူး။ မယုံနိုင်စရာပဲ "

" ဟုတ်တယ်။ ငွေအပ် အနည်းငယ်လေးနဲ့ ကောင်မလေးကို တကယ်ပဲ ကယ်ခဲ့တာလား။ ဒါ ....… ဒါက မယုံနိုင်စရာပဲ "

" ဒီလိုလူက ဆေးပညာလက်မှတ်တောင် မရှိဘူးဆိုရင် ဒါဆို ငါတို့က ဘာလဲ "

" အပ်စိုက်ကုထုံးအကြောင်း ဟောပြောပွဲလုပ်ဖို့ သူ့ကို ငါတို့ ဆေးတက္ကသိုလ်ကို ဖိတ်ရမယ် ........ "

အနားမှာရှိနေသည့် ဟော်ရွမ်ပင်းပင်လျှင် ဤလူငယ်၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုသည် သူ၏ ပညာရေးဆိုင်ရာ အခွင့်အာဏာထက် များစွာသာလွန်ကြောင်း ဝန်ခံရမည် ဖြစ်သည်။

အနည်းဆုံးတော့ ထိုကလေးမလေးသည် သေဘေးရန်ကနေ လွတ်မြောက်သွားလေသည်။

ဤကဲ့သို့ ဆေးပညာ ကျွမ်းကျင်မှုမျိုးသည် ကြားဖူးနားဝ မရှိသလောက်ဖြစ်သည်၊

ရှချူးသည် သူမပါးစပ်ကို မပိတ်နိုင်လောက်အောင် ထိတ်လန့်သွားသည်။

ရှေးဟောင်းလမ်းတွင် ယဲ့ဖန်ကို 'ဆရာသခင်လေး'ဟု ခေါ်တုန်းက အတော်ပင် အံ့သြစရာ ဖြစ်ခဲ့ရသည်။

ယဲ့ဖန်သည် ဆေးပညာကိုလည်း ကျွမ်းကျင်နေမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

ထိုအရာက ရှေးဟောင်းပစ္စည်းတွေထက်ပင် ပိုအံ့သြစရာကောင်းသည်။

အမှန်တိုင်းပြောရလျှင် ရှေးဟောင်းပစ္စည်းဆိုသည်မှာ ဘာမှလုပ်စရာမရှိတဲ့လူတွေအတွက် ဂိမ်းတစ်ခုသာ ဖြစ်သည်။

ပြည်သူများ၏ စားဝတ်နေရေးနှင့် ဘာမှ မဆိုင်ပေ။

သို့သော် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုကတော့ မတူချေ။

ထိုအရာသည် လူတွေကို သေခြင်းတရားမှ အမှန်တကယ် ကယ်တင်နိုင်သည့် စွမ်းရည်ဖြစ်သည်။

လူတစ်ဦးတည်းသာမက လူနာရှင်မိသားစုတစ်ခုနှင့်လည်း ဆက်စပ်နေသည်။

ယဲ့ဖန်သည် အသက်ရှင်နေသူတစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး ပျက်စီးတော့မည့် မိသားစုကို ကယ်တင်ခဲ့သည်ဟု ဆိုနိုင်သည်။

ဤအရာသည် ကြီးကျယ်သည့် မြတ်သောကျင့် ဖြစ်လေသည်။

ထိုအရာက သူမကို အံ့အားသင့်စေသည်မှာ ယဲ့ဖန်၏ ကြွယ်ဝမှုနှင့် အခြားအရည်အချင်းများထက်ပင် ကျော်လွန်သွားခဲ့သည်။

ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ပေါ်တွင် အလင်းရောင်တစ်ခု ထွက်ပေါ်လာသလို ဖြစ်နေသည်။

မည်သူက ဦးဆောင်ခဲ့သည်ကို မသိရသေးသော်လည်း လက်ခုပ်သံများသည် ပလိပ်ရောဂါကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

မကြာခင်မှာပင် ကျယ်လောင်သော လက်ခုပ်သံများနှင့် ပြည့်နှက်နေခဲ့သည်။

ထိုအချိန်တွင် ယဲ့ဖန်သည် လူများ၏ နှလုံးသားကို ကယ်တင်ခဲ့သူကဲ့သို့ ဖြစ်နေသည်။

အရှိန်နှေးနှေးဖြင့် မောင်းနှင်နေသော ယာဉ်မောင်းများ အားလုံးသည် စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသော်လည်း ဘာဖြစ်မှန်းမသိ ဖြစ်နေကြသည်။

ရှုကျန်းသည် သူ၏ စိတ်လှုပ်ရှားမှုကို ငြိမ်အောင် လုပ်လိုက်သည်။

သူသည် ယဲ့ဖန် ရှေ့သို့ အမြန်လျှောက်လာပြီး မြေပြင်ပေါ် ဒူးထောက်လိုက်သည်။

" ကျေးဇူးရှင်ကြီး၊ သမီးလေးရဲ့အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ် ....... "

သူသည် စကားပြောနေစဉ်တွင် 'တဒေါင်ဒေါင်'မြည်အောင် မြေကြီးနဲ့ ခေါင်းကို ထိသည်အထိ အရိုအသေပေးလေသည်။

သူ ထိုကဲ့သို့ လုပ်သည်က လူတိုင်း၏ နှလုံးသားကို ထိမိသွားသည်။

သူ၏ လက်ရှိခံစားချက်ကို နားလည်နိုင်ကြသည်။

တစ်ချို့က စိတ်ပျော့၍ တိတ်တိတ်ကလေးပင် ငိုနေကြသည်။

တကယ်ကို စိတ်ထိခိုက်စရာကောင်းလှသည်။

ယဲ့ဖန်က သူ့ကို အမြန်ကူညီပြီး ထူလိုက်သည်။

" ရှုလူကြီးမင်း၊ ကျေးဇူးပြုပြီး ဒီလိုမဖြစ်ပါနဲ့။ ဒါက အသေးအမွှားကိစ္စပါ "

ရှုကျန်း မျက်ရည်ကျနေပြီဖြစ်သည်။

" အရင်ကအတွက် ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်။ မင်းက ငါ့ကို ကူညီဖို့ စခဲ့ပေမဲ့ ငါ အဲ့တာကို သဘောမတူမိဘူး။ ကံကောင်းလို့ မင်းက အတိတ်ကို ဂရုမစိုက်ဘဲ ငါ့သမီးလေးရဲ့အသက်ကို အချိန်မီကယ်တင်နိုင်ခဲ့တယ်။ ဒီလိုမှမဟုတ်ရင် ငါ သေလိုက်ရင်တောင် သမီးလေးအတွက် ပေးဆပ်နိုင်မှာမဟုတ်ဘူး။ မင်းက တကယ်ကို နတ်ဘုရားပါ။ ငါ့သားသမီးတွေ မြေးတွေ မင်းကို ကိုးကွယ်နိုင်စေဖို့အတွက် မင်းပုံ အမှတ်တရ ကျောက်ပြားကို အနာဂတ်ကျ အိမ်မှာ သေချာပေါက် ထားလိုက်မယ် ...... "

ယဲ့ဖန် အံ့သြသွားပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" အဲ့လောက်ထိ မလိုပါဘူး။ ကျွန်တော်က အသက်ရှင်နေသေးတယ်လေ။ အောက်မေ့ဖွယ် တိုင်နဲ့ ကိုးကွယ်ရင် ....… အဟမ်း၊ အဲ့တာက မသင့်တော်ဘူး မဟုတ်လား "

ရှုကျန်းက သူ့မျက်ရည်တွေကို သုတ်လိုက်သည်။

" ဘာဖြစ်ဖြစ် မင်းရဲ့ နာမည်ကို ငါ မသိရသေးဘူး "

ယဲ့ဖန်က သူ့နာမည်ကို ချက်ချင်း ပြောလိုက်သည်။

" ကျွန်တော်က ယဲ့ဖန် ပါ "

ရှုကျန်းသည် ထိုနာမည်ကို နှလုံးသားထဲတွင် မှတ်ထားနေသည်။

" ကျေးဇူးရှင်လေးယဲ့၊ ကျေးဇူးပြုပြီး မင်းရဲ့ ဘဏ်အကောင့်နံပါတ်ကို ပေးပါ။ ငါ မင်းကို ကတိပေးထားတဲ့ ဆုငွေ သန်း၁၀၀ကို ချက်ချင်း လွှဲပေးပါမယ် "

ယဲ့ဖန်၏ အမူအရာသည် ချက်ချင်း အေးစက်သွားသည်။

" ဒီဆုလေးအတွက်နဲ့ ခင်ဗျားရဲ့ သမီးလေးကို ကယ်ခဲ့တာလို့ ထင်နေတာလား။ ဒီလိုဆိုရင် ခင်ဗျား ကျွန်တော့်ကို လျှော့တွက်လိုက်တာပဲ "

ထို့နောက် လှည့်ပြီး ကားပေါ်တက်လိုက်ရန် ပြန်သည်။

ရှုကျန်းက သူ့ကို တားလိုက်ပြီး Blue Charm Nightကို ညွှန်ပြသည်။

" ကျေးဇူးရှင်လေးယဲ့က ဒီလိုကားကို တတ်နိုင်မှတော့ ထူးခြားတဲ့ မိသားစုနောက်ခံရှိမှာ သေချာပါတယ်။ ဒီဆုငွေ သန်း၁၀၀ကို သေချာပေါက် ဂရုမစိုက်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ငါ မင်းကို ကတိပေးထားပြီးသားပါ။ ငါ့စကားကို ပြန်ပြောင်းရင် နောင်အနာဂတ်မှာ အေးချမ်းစွာ အိပ်မပျော်နိုင်တော့မှာကို ငါ စိုးရိမ်လို့ပါ "

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက မနာလိုကြသော်လည်း အားလုံးက သူ့ကို ဆွဲဆောင်ရန် ကြိုးစားကြသည်။

" ဟုတ်တယ်၊ ဒီဆုငွေ သန်း ၁၀၀ က မြင့်မြတ်တဲ့ဆရာဝန်လေး မင်းနဲ့ ထိုက်တန်လို့ပဲ "

" ဒီကားကို အင်တာနက်မှာ ရှာကြည့်ပြီးပြီ။ ဒီကားကို Blue Charm Nightလို့ ခေါ်တယ်။ ဒါက ကမ္ဘာပေါ်တွင် တစ်ခုတည်းထုတ်တဲ့ ကန့်သတ်ကားပဲ။ သန်းရာနှင့်ချီပြီး ကုန်ကျတယ် "

" အမလေး၊ သူ စီးတဲ့ကားက သိန်းရာနဲ့ချီပြီး တန်တာလား။ သူ့မိသားစုက ဘယ်လောက်တောင် ချမ်းသာတာလဲ "

" သူ့မှာ ဒီလို ဆေးပညာ အရည်အချင်းက ရှိသေးတယ်။ ပိုက်ဆံ မရှာနိုင်မှာကို ကြောက်နေတာလား။ သန်း ၁၀၀၊ ၂၀၀ဆိုတာက

သူတို့အတွက် မုန့်ဖိုးသာသာပဲ "

" ဒီငွေနည်းနည်းလေးက မလုံလောက်ပေမယ့် မြင့်မြတ်တဲ့ဆရာဝန်လေးယဲ့က ကြိုတင်သဘောတူထားပြီးတော့ ဒီငွေကို လက်ခံသင့်ပါတယ်။ ကုသိုလ်ကောင်းမှုပြုတဲ့သူကို ပါရမီဖြည့်ပေးတာပေါ့ "

" ဟုတတယ်။ နတ်ဆရာလေး ကျေးဇူးပြုပြီး ငွေလက်ခံလိုက်ပါ ...... "

ယဲ့ဖန် အနည်းငယ် ချီတုံချတုံ ဖြစ်နေသေးသည်။

ရှုကျန်းသည် မြေပြင်ပေါ်တွင် ဒူးထောက်နေပြန်သည်။

" ကျေးဇူးရှင်လေး၊ ပိုက်ဆံကို လက်မခံရင် ငါ ဒီမှာ ဒူးထောက်မယ်၊ မထဘူး "

ယဲ့ဖန် အံ့သြသွားသည်။

သူ့ကို ခြိမ်းခြောက်ပြီး ပိုက်ဆံပေးချင်နေတဲ့ သူတစ်ယောက် တကယ်ပဲ ရှိတာလား။

ထို့ကြောင့် သူလည်း ပိုက်ဆံကို လက်ခံလိုက်ဖို့ကလွဲပြီး ရွေးစရာမရှိတော့ပေ။

All Chapters