← Chapters

အပိုင်း ၇၃၃-၇၃၆

Vol. 37 Ch. 733-736

အပိုင်း ၇၃၃-၇၃၆

Vol. 37 Ch. 733-736

အပိုင်း ( ၇၃၃ )

သူက သေချာပေါက် လူသားမဟုတ်ဘူး၊ သူက နတ်ဘုရား။

နာရီဝက်ကြာပြီးနောက်။

ယဲ့ဖန်သည် ရှေးဟောင်းမြို့တော် တစ်ခုလုံးရှိ အဖိုးတန်ပစ္စည်းများအားလုံးကို သိမ်းဆည်းသွားပြီဖြစ်ပြီး ကျူးရှောင်ကျောင်းကတော့ အိုးကြီးအိုသေးများနှင့် ပြန်လာခဲ့လေသည်။

သူမ၏ မျက်နှာသည် ညစ်ပတ်နေပြီး လည်ပင်းမှာလည်း ဖိနပ်တစ်ရံ ချိတ်ဆွဲထားသည်။

သူမသည် အမှိုက်ကောက်တစ်ယောက်နှင့် တူနေသည်။

" ဒါက မင်းစုဆောင်းထားတဲ့ ရှေးဟောင်းပစ္စည်းတွေလား "

ယဲ့ဖန်သည် ရထားလုံးပေါ်တွင် အေးအေးဆေးဆေးထိုင်ကာ ခြေကို လွှဲနေရင်း သူမစုဆောင်းထားသည့် အရာများကို အထင်အမြင်သေးစွာဖြင့် ကြည့်နေသည်။

ကျူးရှောင်ကျောင်းသည် သူမ၏ ရတနာများကို ဂုဏ်ယူစွာဖြင့် ချလိုက်သည်။

" ဟုတ်တယ်၊ ငါလည်း ရတနာတွေ ရထားတယ် "

ယဲ့ဖန်သည် သူမလည်ပင်းနားမှ ဖိနပ်တွေကို ညွှန်ပြလိုက်သည်။

" ဒါက ဘာရတနာလဲ "

ကျူးရှောင်ကျောင်းသည် လည်ပင်း၌ ချိတ်လာသော ဖိနပ်ကို ချွတ်ပြီး သူ့ဆီ ပေးလိုက်သည်။

" ပိုင်ရှင်ရဲ့ အဆိုအရ ဒီဟာတွေကို ဟော်ရှိန်းက ဝတ်ခဲ့တာ။ ဒါတွေက အဖိုးမဖြတ်နိုင်ဘူး "

ယဲ့ဖန်သည် သူမကို လက်ဖြင့် အထင်အမြင်သေးစွာ တွန်းထုတ်လိုက်သည်။

" ဟော်ရှိန်းရဲ့ ဖိနပ်လား။ ငါ့မှာ ကျီရှောင်လန်းရဲ့ ကလေးတုန်းကအနှီးတွေ ရှိသေးတယ်။ မင်း လိုချင်သေးလား "

ကျူးရှောင်ကျောင်းက ဟက်ခနဲ နှာမှုတ်လိုက်သည်။

" နင် ကြိုက်သလောက် မနာလိုဖြစ်နိုင်တယ်။ ဒီတစ်ကြိမ်တော့ ငါ သေချာပေါက်အနိုင်ရမှာ "

ယဲ့ဖန်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီ၊ ဒါဆို ရှေးဟောင်းပစ္စည်းတွေ အကဲဖြတ်ပေးနိုင်တဲ့သူကို ရှာပြီး ဘယ်သူ နိုင်လဲ၊ ဘယ်သူရှုံးလဲဆိုတာ ကြည့်ရအောင်။ ကားပေါ်တက် "

...................................

" ယဲ့ညီလေး၊ ဒီပစ္စည်းတွေက အနည်းဆုံး သန်း ၂၀၀ကျော် တန်တယ် "

ချန်းချုံရှန်းသည် ပစ္စည်းများကို အကဲဖြတ်ရန်နှင့် နောက်ဆုံးရလဒ်များကို တွက်ချက်ရန် Sothebyမှ အကဲဖြတ်သူအားလုံးကို ရှာခေါ်ခဲ့သည်။

ကျူးရှောင်ကျောင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

" အဲ့လောက်တောင်လား "

ချန်းချုံရှန်းလည်း ထိတ်လန့်သွားသည်။

သူက ယဲ့ဖန်ကို ကြောင်အအ ကြည့်နေသည်။

" ယဲ့ညီလေး၊ ဒီရှေးဟောင်းပစ္စည်းတွေကို ဘယ်မှာ တွေ့ခဲ့တာလဲ "

ယဲ့ဖန်သည် သူ့စားပွဲပေါ်တွင် ထိုင်လိုက်ပြီး ပန်းသီးတစ်လုံးကို ကိုက်လိုက်သည်။

" ကျွန်တော် တစ်မနက်လုံး ရှေးဟောင်းမြို့ကို သွားပြီးတော့ စုဆောင်းလာတာ "

သူသည် ပေါ့ပါးစွာ စကားတွေပြောနေသော်လည်း ချန်းချုံရှန်း ကတော့ ထိတ်လန့်သွားသည်။

" တစ်မနက်လုံး ဟိုဟိုဒီဒီ လမ်းလျှောက်သွားရုံနဲ့ သန်း၂၀၀ တန်တဲ့ ရှေးဟောင်းပစ္စည်းတွေကို စုဆောင်းနိုင်ခဲ့တာလား။ မင်းသာမပြောရင် ငါ့ကို သေအောင်ရိုက်ရင်တောင် ယုံမှာမဟုတ်ဘူး "

သူသည် ဒီလောကမှ လူဖြစ်၍ အရှေ့ဘက်ဆင်ခြေဖုံးရှိ ရှေးဟောင်းမြို့ကို ကြားဖူးလေသည်။

သို့သော် ထိုနေရာမျိုးကို ရှေးဟောင်းပစ္စည်းကုန်သည်များမှ ကြိမ်ဖန်များစွာ ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

ပိုက်ကွန်မှလွတ်သည့်ငါးများ ရှိနေသေးလျှင်ပင် နေရာအနှံ့ ပြန့်ကျဲနေပြီဖြစ်သည်။

ကောက်ရိုးပုံထဲမှ အပ်တစ်ချောင်း ရှာနေသလိုဖြစ်လေသည်။

သို့သော် ယဲ့ဖန်သည် သန်း၂၀၀တန်သော ရှေးဟောင်းပစ္စည်းများကို ဝယ်ယူရန် အချိန်တစ်မနက်တည်းသာ အသုံးပြုခဲ့သည်။

မယုံနိုင်စရာ ကောင်းလှလေသည်။

ဘေးနားမှ အကဲဖြတ်သူအုပ်စုသည်လည်း နတ်ဘုရားကိုကြည့်နေသကဲ့သို့ ယဲ့ဖန်အား ထိတ်လန့်စွာ ကြည့်နေကြသည်။

" ရှေးဟောင်းမြို့လို နေရာမျိုးကနေ အဖိုးတန် ရှေးဟောင်းပစ္စည်းတွေ ဒီလောက်အများကြီးကို တကယ်ပဲ ရနိုင်တာလား။ ဒါက မယုံနိုင်စရာပဲ "

" ယဲ့လူကြီးမင်း၊ ဘယ်လိုလုပ်တာလဲ။ သူ့မှာ ဓာတ်မှန်လိုကြည့်နိုင်တဲ့ မျက်လုံးရှိတာလို့တော့ မပြောနဲ့ "

" ကျွန်တော်က အကဲဖြတ်တာ နှစ်အတော်ကြာနေပြီ။ ဒါပေမယ့် ဒီလောက် ထူးဆန်းတာမျိုး တစ်ခါမှ မကြားဖူးဘူး "

" ရှေးဟောင်းပစ္စည်းတွေက အများကြီးမလို့ အဲ့တာတွေကို အကဲဖြတ်ဖို့တောင် နေ့ခင်းတစ်ပိုင်းလောက် အချိန်ယူလိုက်ရတယ်။ တစ်မနက်တည်း လမ်းတစ်လျှောက်လုံး စုဆောင်းဖို့ နေနေသာသာ "

" ယဲ့လူကြီးမင်းက တကယ်ကို နတ်ဘုရားပဲ ..... "

ချန်းချုံရှန်းသည် ရှေးဟောင်းပစ္စည်း အပုံကြီးကို ကြည့်ပြီး မေးလိုက်သည်။

" ယဲ့ညီလေး၊ ဒီရှေးဟောင်းပစ္စည်းတွေအတွက် ဘယ်လောက်သုံးခဲ့လဲ မေးလို့ရမလား "

ယဲ့ဖန် ခေါင်းငုံ့ပြီး ခဏလောက်စဉ်းစားလိုက်သည်။

" ၁ သန်းအောက်ပဲ သုံးခဲ့တာ။ အဲ့ဒီထဲကမှ ၃သိန်းကို ချောင်ရှင်းဂိုဏ်းကလူတွေက ပေးခဲ့သေးတယ် "

ထိုစကားကို ပြောပြီးသည်နှင့် လူတိုင်း၏ မျက်လုံးများသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလို ပြူးကျယ်သွားကြသည်။

" အမလေးဘုရား၊ သန်း၂၀၀ တန်တဲ့ ဒီရှေးဟောင်းပစ္စည်းတွေကို ၁ သန်းတောင်မရှိဘဲ ဝယ်ခဲ့တာလား။ ဒါက ဘယ်နှစ်ဆတောင်လဲ "

" နှစ် ..... အဆနှစ်ရာကျော် ပြန်ရတဲ့နှုန်းကို ဘယ်သူမှ ကြားဖူးမှာ မဟုတ်ဘူး "

" ကျွန်တော့်ရဲ့ လက်ရှိခံစားချက်တွေကို ဘယ်လိုဖော်ပြရမယ်မှန်းတောင် မသိတော့ဘူး။ အံ့သြဖို့ ကောင်းလွန်းတယ် "

" ယဲ့လူကြီးမင်း၊ မေးခွန်းတစ်ခုလောက် မေးလို့ရမလား။ လူကြီးမင်းက တကယ် လူရောဟုတ်ရဲ့လား "

" သေချာတာကတော့ သူက လူသားမဟုတ်နိုင်ဘူး။ သူက နတ်ဘုရားပဲ ....... "

ချန်းချုံရှန်းလည်း မယုံကြည်နိုင် ဖြစ်သွားရသည်။

ယဲ့ဖန်နှင့် ခင်မင်နေပါက နှလုံးကောင်းရှိဖို့ လိုအပ်လေသည်။ မဟုတ်ပါက တစ်နေ့တွင် နှလုံးရောဂါဖြစ်သွားနိုင်သည်။

ဘေးတွင်ရှိနေသည့် ကျူးရှောင်ကျောင်းသည် ယဲ့ဖန်အား ချီးကျူးနေသည့် စကားများကို သူမ ကြားလိုက်ရသောအခါ မကျေမနပ်ဖြစ်မိသည်။

" သူလေပေါ်လည်း ရောက်ခါနီးနေပါပြီ။ ရှင်တို့က သူ့ကို တကယ်ကြီးဘုရားလို ကိုးကွယ်ချင်နေကြတာလား။ မြန်မြန် ကျွန်မပစ္စည်းတွေကိုလည်း ကြည့်ပေး။ ရတနာတွေ အများကြီး စုဆောင်းထားတယ် "

ချန်းချုံရှန်းနှင့် အခြားလူများသည် အမှိုက်ပုံကြီးကို အထင်အမြင်သေးစွာ စိုက်ကြည့်နေကြသည်။

" ဒါက ...... ကြည့်စရာတောင် မလိုဘူး မဟုတ်လား "

ကျူးရှောင်ကျောင်း ဒေါသထွက်သွားသည်။

" ကြည့်စရာမလိုဘူးဆိုတာ ဘာကိုပြောတာလဲ၊ ဒါတွေအားလုံးက ကျွန်မစုဆောင်းထားတဲ့ ရတနာတွေပဲ "

ချန်းချုံရှန်းသည် ယဲ့ဖန်ကို အားကိုးရာမဲ့စွာ ကြည့်နေသည်။

" ညီလေး၊ ငါတို့ရဲ့အချိန်တွေက အရမ်းတန်ဖိုးရှိတယ် "

ယဲ့ဖန် ပုခုံးတွန့်လိုက်သည်။

" ဒါကို ကလေးနဲ့ ကစားပေးတယ်လို့ပဲ သဘောထားလိုက်ပါ "

ချန်းချုံရှန်း သက်ပြင်းချလိုက်သည်။

သူ့လက်တွေ ညစ်ပတ်မှာကို ကြောက်သလိုဖြင့် တုတ်တစ်ချောင်းကို ရှာလိုက်ပြီး အမှိုက်ပုံးထဲကို ထိုးမွှေလိုက်သည်။

ကျူးရှောင်ကျောင်းက သူ့ကို အမြန်သတိပေးလေသည်။

" သတိထား။ မကျိုးစေနဲ့။ ရှင် လျော်နိုင်မှာမလို့လား "

ချန်းချုံရှန်းသည် ထိုပစ္စည်းများကို စိတ်ကျေနပ်စေရန် အကြိမ်အနည်းငယ် စိုက်ကြည့်ပြီးနောက် သူမကို လှည့်ကြည့်လိုက်သည်။

" စစ်ဆေးလို့ ပြီးပါပြီ "

ကျူးရှောင်ကျောင်း ချက်ချင်း စိတ်လှုပ်ရှားလာသည်။

" ဘယ်လိုလဲ။ ကျွန်မ ရတနာတွေက ဘယ်လောက်တန်ဖိုးရှိလဲ "

ချန်းချုံရှန်းက မဖြေချေ။

ထိုအစား သူက ပြန်မေးသည်။

" ဒီ'ရတနာတွေ' အတွက် ဘယ်လောက်သုံးခဲ့လဲဆိုတာ မေးလို့ရမလား "

ကျူးရှောင်ကျောင်းသည် ချက်ချင်း လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။

" ၂ သန်း "

ချန်းချုံရှန်း၏ ပါးပြင်များ နှစ်ကြိမ် တွန့်သွားသည်။

" ဒါက .… မဆိုးပါဘူး "

ကျူးရှောင်ကျောင်းက သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်။

" ရတနာတွေက ဘယ်လောက်တန်ဖိုးရှိတယလဲ။ အနည်းဆုံးတော့ ယဲ့ဖန်ရတဲ့အဆထက် မနည်းဘူး မဟုတ်လား "

ချန်းချုံရှန်း ခေါင်းညိတ်လိုက်သည်။

" မင်းရဲ့ ပြန်ရတဲ့အဆနှုန်းက အဆတစ်သောင်းလောက်ရှိတယ် "

ကျူးရှောင်ကျောင်းသည် အောင်ပွဲခံသော အပြုံးဖြင့် ချက်ချင်း ခုန်ပေါက်နေသည်။

" အင်း၊ ကျွန်မက ဉာဏ်ကြီးရှင်တစ်ယောက်ဆိုတာ သိတယ်။ ရှေးဟောင်းပစ္စည်းဝယ်တာ ဒါပထမဆုံးအကြိမ်ဆိုပေမဲ့ ဝင်ငွေအများကြီး ရနေပြီ "

သူမ စကားပြောနေစဉ်တွင် ယဲ့ဖန်၏ ပုခုံးကို လည်း ပုတ်ရန် မမေ့ခဲ့ပေ။

" ဘယ်လိုလဲ။ နင် ယုံပြီလား "

ချန်းချုံရှန်းက ဆက်ပြောသည်။

" ကျွန်တော် ပြောတာ မပြီးသေးပါဘူး။ အဆပေါင်း တစ်သောင်းဆိုတာ အရှုံးပေါ်တာကို ပြောတာပါ "

သူ့စကားသည် ကျူးရှောင်ကျောင်းအပေါ်ကို ရေခဲရေနှင့် လောင်းချလိုက်သလိုဖြစ်သွားသည်။

ကျူးရှောင်ကျောင်းသည် ချက်ချင်းပင် အံ့အားသင့်သွားသည်။

" ဘာကိုဆိုလိုတာလဲ "

ချန်းချုံရှန်းသည် သူ့စကားများမှာ ရက်စက်ကြမ်းကြုတ်သည့်ပုံ မပေါ်စေရန် ကြိုးစားပြောသည်။

" ဒီအရာတွေက အမှိုက်တွေချည်းပဲ။ သူတို့က ယွမ်၂၀၀လောက်တောင် မတန်ဘူး။ မင်းရဲ့ ၂ သန်းကို သင်တန်းကြေးအဖြစ် သတ်မှတ်လိုက်ပေါ့ "

ကျူးရှောင်ကျောင်းသည် အခြားအကဲဖြတ်သူများကိုလည်း လှည့်ကြည့်လိုက်သည်။

သူတို့ကလည်း တိတ်တိတ်လေး ခေါင်းညိတ်ကြသည်။

ထို့နောက် သူမ ဘေးနားရှိ ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

ယဲ့ဖန်သည် ရယ်ချင်နေသည်ကို ထိန်းထားရန် အစွမ်းကုန်ကြိုးစားနေကြောင်း သူမတွေ့လိုက်ရသည်။

သူ့အတွက် အလွန်ခက်ခဲနေပုံရသည်။

" ဝူးဝါး ........ "

မမလေးကျူးသည် မထိန်းနိုင်တော့ဘဲ မြေကြီးပေါ်မှာ ထိုင်ပြီး ငိုတော့လေသည်။

ယဲ့ဖန် ရယ်ချင်တာကို မထိန်းနိုင်တော့ချေ။ သူ့လက်ကို ခါးပေါ်တင်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ကျူးရှောင်ကျောင်း ငိုသည်ထက်ပင် ကျယ်လောင်စွာ ရယ်နေသည်။

ချန်းချုံရှန်းနှင့် အခြားလူများသည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

ဒီတစ်ယောက်က အရိုက်နှက်ခံရဖို့ တောင်းဆိုနေတာလား။

ချန်းချုံရှန်းနှင့် ကျန်သူများသည် ခဏကြာ စကားစမြည်ပြောပြီးနောက် ယဲ့ဖန်တို့ကို ရုံးခန်းထဲတွင် ထားခဲ့ကြသည်။

ကျူးရှောင်ကျောင်း အငိုရပ်သွားသော်လည်း သူမ တုန်ရီနေဆဲဖြစ်သည်။

ယဲ့ဖန် တစ်ရှူးတစ်ထုပ်ကို ထုတ်ပြီး သူမကို ပေးလိုက်သည်။

ကျူးရှောင်ကျောင်းသည် တစ်ရှူးကိုယူကာ မျက်ရည်များကို သုတ်ရင်း နှုတ်ခမ်းစူလိုက်သည်။

သူမ ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

" နင်ငါ့ကို နှစ်သိမ့်မပေးရင် ရပါတယ်။ ဒါပေမယ့် နင်က ငါ့ကို ရယ်နေသေးတယ် "

" ငါ မင်းကို မရယ်ပါဘူး။ ငါ ဝင်ငွေ သန်း၂၀၀ကျော်တောင် ရထားတာလေ။ အဲ့တာကို ရယ်တောင် မရယ်ရဘူးလား "

ကျူးရှောင်ကျောင်းသည် ယဲ့ဖန် ထပ်ပြောသည်ကို ကြားပြီး မျက်ရည်ကျလုမတတ် ဖြစ်သွားသည်။

ယဲ့ဖန် သူမကို အမြန် နှစ်သိမ့်ပေးရင်း ပြောလိုက်သည်။

" တကယ်တော့ မင်းက မဆိုးပါဘူး။ အနည်းဆုံးတော့ ....... အဲ့တာ ..... "

ဒီလို 'အရှုံးပေါ်သောသူ'ကို မည်သို့ နှစ်သိမ့်ရမည်ကို သူတကယ်မသိချေ။

ဘယ်လိုပဲဖြစ်ဖြစ် သူ့တွင် ကျရှုံးမှုအတွေ့အကြုံမရှိပေ။

အပိုင်း ( ၇၃၄ )

ယောက်ျား မိန်းမကြားမှာ ဖြူစင်တဲ့ဆက်ဆံရေး ရှိနိုင်ပါတယ်

ကျူးရှောင်ကျောင်း သူ့ကို စိုက်ကြည့်ပြီး မြေကြီးပေါ်ကနေ ထလိုက်သည်။

" ကောင်းပြီ၊ ငါရှုံးသွားပြီ။ နင်ငါ့ကို ဘာလုပ်ပေးစေချင်တာလဲ "

ယဲ့ဖန်က သူ့အား အချိန်အတော်ကြာ စိုက်ကြည့်ပြီး ခေါင်းခါပြလိုက်သည်။

" မေ့လိုက်ပါတော့၊ ငါ မင်းကို အပြစ်ပေးမှာ မဟုတ်ဘူး "

သို့သော် ကျူးရှောင်ကျောင်းက လက်မခံချေ။

" ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြစ်ဒဏ်ခံဖို့ကို ငါ သဘောတူတယ်။ ငါ့ရဲ့အရှုံးကို ငါကျေကျေနပ်နပ် လက်ခံပါတယ် "

ယဲ့ဖန်သည် သူမမှ တောင်းဆိုနေသည်ကို မြင်လိုက်ရပြီး သူ ခေါင်းညိတ်လိုက်ရသည်။

" မင်းက တောင်းဆိုနေမှတော့ ငါမင်းကို ခိုင်းလိုက်မယ် "

ကျူးရှောင်ကျောင်း အံကြိတ်ကာ သူ့ကို စိုက်ကြည့်နေသည်။

" မြန်မြန်ပြော။ နင်ငါ့ကို ဘာလုပ်ပေးစေချင်တာလဲ "

ယဲ့ဖန်သည် စူးရဲနေသော မျက်လုံးတစ်စုံဖြင့် သူမကို ကြည့်နေသည်။

" ငါ နင့်ကို ...... "

ကျူးရှောင်ကျောင်းက ယဲ့ဖန်ကို စိုက်ကြည့်နေသည်ကို စိတ်မသက်မသာသလို ခံစားလိုက်ရသည်။

သူမ မသိစိတ်ထဲက ခြေတစ်လှမ်း နောက်ပြန်ဆုတ်သွားသည်။

" ရှင်းရှင်းလင်းလင်းပြော။ ငါဘာလုပ်ရမှာလဲ "

ယဲ့ဖန်သည် ရှေ့သို့ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။

" ငါ့ကို ကူညီပေးလို့ရမလား …...... "

ကျူးရှောင်ကျောင်းသည် ထောင့်သို့ရောက်နေပြီဖြစ်ပြီး နောက်ဆုတ်ရန် နေရာမရှိတော့ပေ။

သူမ နှလုံးခုန်မြန်လာသည်။

" ငါ နင့်ကို ကူညီမယ် ...... နင့်ကို ဘာလုပ်ပေးရမှာလဲ "

ယဲ့ဖန်သည် သူ့ခေါင်းကို ဖြည်းညှင်းစွာဖြင့် သူမအနား နီးကပ်အောင် ရွှေ့လိုက်သည်။

သူ၏ လေးလံသော အသက်ရှုသံများက သူမမျက်နှာနားတွင် ရစ်သီသွားသည်။

အနည်းငယ် ယားယံပြီး မသက်မသာဖြစ်စေသည်။

သူမ၏ ရင်ဘတ်ထဲမှ နှလုံးခုန်ထွက်လာတော့မည်ဟု ခံစားလိုက်ရပြီးနောက် ယဲ့ဖန်ဆီမှ ရုတ်တရက် စကားသံကို ကြားလိုက်ရသည်။

" အတွင်းခံဘောင်းဘီကို လျှော်ပေးပါလား "

ကျူးရှောင်ကျောင်း၏ ဦးနှောက်သည် စက္ကန့်အနည်းငယ်မျှ ဗလာဖြစ်သွားသည်။

သူမ သူ့ကို ကြောင်အအ စိုက်ကြည့်နေသည်။

" ဒါပဲလား "

ယဲ့ဖန် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်၊ မင်း ဘယ်လိုထင်လဲ "

ကျူးရှောင်ကျောင်း ရှက်သွားသည်။

သူမသည် ယဲ့ဖန်မှ လူမဆန်သည့် တစ်ခုခုလုပ်တော့မည်ဟု သူမထင်ခဲ့သော်လည်း သူမဘာသာ အတွေးလွန်နေတာ ဖြစ်သွားခဲ့သည်။

ယဲ့ဖန်၏ နှုတ်ခမ်းများသည် အပြုံးအဖြစ် တွန့်ကွေးသွားသည်။

" အိုး ငါနားလည်ပြီ။ မင်း ဟိုဟာတွေကို စဉ်းစားနေတာလား။ ငါပြောချင်တာ မင်းရဲ့ အတွေးတွေက ဘာလို့ ဒီလောက် မကျန်းမာရတာလဲ။ ယောက်ျားနဲ့ မိန်းမကြားမှာ ဖြူစင်တဲ့ ခင်မင်မှု မရှိရတော့ဘူးလား "

ကျူးရှောင်ကျောင်းသည် ရှက်ပြီး ဒေါသတထွက်သွားသည်။

" ဒါကို ဘယ်သူက တွေးနေလို့လဲ။ နင့် .....အတွင်းခံကို ငါက ဘာလို့လျှော်ရမှာလဲ။ နင့်မှာ လက်မပါဘူးလား "

ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။

" အဲ့လိုတော့ မဟုတ်ပါဘူး။ ငါ့အတွင်းခံဘောင်းဘီကို မလျှော်တာကြာနေပြီ။ အဆီတွေထွက်နေတာ။ ဘယ်ကနေစရမှန်းမသိဘူး "

ကျူးရှောင်ကျောင်းသည် ရွံသွားပုံပေါ်သည်။

" ဒါဆိုလည်း နင် အသစ်တွေ ဝယ်ပါလား။ နင် ဒီလောက် ချမ်းသာနေတာ အတွင်းခံတစ်ထည်ဝယ်ဖို့တောင် မရှိဘူးလား "

ယဲ့ဖန်၏ မျက်နှာတွင် စိုးရိမ်သော အမူအရာပေါ်လာသည်။

" ကမ္ဘာပေါ်မှာ မစားနိုင် မဝတ်နိုင်တဲ့ လူတွေအများကြီးရှိတယ်။ ငါ့အတွင်းခံတွေက မဟောင်းသေးဘူး။ ငါ ဘာလို့ စွန့်ပစ်ရမှာလဲ။ ဟောင်းသွားရင်တောင် ပြုပြင်ဖာထေးပြီး ဝတ်ဆင်သေးတယ်။ ငါက ဝတ်ချင်ရုံတင်မကဘဲ မိသားစု အမွေအနှစ်အဖြစ်တောင် သိမ်းထားချင်တာ "

ကျူးရှောင်ကျောင်း ငိုချင်သော်လည်း မျက်ရည်မကျပေ။

" မိသားစုအမွေ လုပ်ချင်တာမလား။ ငါက ဘာလို့ လျှော်ရမှာလဲ "

ယဲ့ဖန်က အလေးအနက်ထား ပြောလေသည်။

" မင်းက အခု ငါ့ကျွန် မဟုတ်ဘူးလား။ အစေခံမိန်းကလေးက သူ့သခင်၏ အတွင်းခံဘောင်းဘီကို လျှော်တာက သင့်လျော်ပါတယ်။ ငါရှုံးရင်လည်း မင်းအတွင်းဝတ်တွေကို လျှော်ပေးမှာပဲ "

ကျူးရှောင်ကျောင်းသည် သူ့ကို သေတဲ့အထိ ရိုက်နှက်ပြီး ကိုက်ချင်နေသည်။

" ငါ နင့်ရဲ့ အတွင်းခံတွေကို မလျှော်ပေးနိုင်ဘူး။ လက်လျှော့လိုက် "

ယဲ့ဖန် သူ့နှုတ်ခမ်းတွေကို ပွတ်သပ်လိုက်သည်။

" ဒါဆို မင်းက ပျင်းရိတဲ့ ခွေးတစ်ကောင်ပဲ။ မင်း အရှက်မရှိ ပြုမူဖို့ကိုပဲ သိတယ် "

" ဘယ်သူက အရှက်မရှိနေတာလဲ "

" အရှက်မရှိ မဖြစ်ချင်ရင် အတွင်းခံလျှော်ပေး "

" အေး .... ငါ နင့်အတွင်းခံကို လျှော်ပေးမယ်။ အနာဂတ်မှာ နင်ငါ့ကို အရှုံးမပေးရင် ပိုကောင်းမယ်။ မဟုတ်လို့ကတော့ ငါ နင့်ကို သင်ခန်းစာပေးပစ်မယ် "

" ဟ သခင်ကို ခြိမ်းခြောက်နေတာလား။ မင်းငါ့ကို သစ္စာဖောက်ချင်နေတာလား "

" အပိုတွေပြောမနေနဲ့။ အတွင်းခံက ဘယ်မှာလဲ "

" မင်းမျက်လုံးတွေကို အရင်မှိတ်ထား "

" ဘာလို့ မျက်လုံးမှိတ်ထားရမှာလဲ "

" ငါ အခု အတွင်းခံဘောင်းဘီကို ချွတ်တော့မှာ။ မင်း ကြည့်ချင်လို့လား။ ငါ မင်းကို ကြောက်သွားမှာ စိုးလို့ပါ "

" နင် ...... သေလိုက်ပါလား "

ကျူးရှောင်ကျောင်းသည် အရှက်ကွဲသည်ကို မခံနိုင်တော့ချေ။

ဒေါသတကြီးဖြင့် သူ့ကို တွန်းထုတ်ပြီး ထွက်သွားသည်။

ယဲ့ဖန် သူမကို ကြည့်ပြီး ချက်ချင်း ဂုဏ်ယူစွာ ပြုံးလိုက်သည်။

ထိုမိန်းကလေးက သူ့ကို စုံစမ်းရန် လူတွေ လွှတ်ထားတတ်သည်။

သူမကို သင်ခန်းစာ မပေးပါက သူ့ခေါင်းပေါ် အလေးတက်စွန့်လိမ့်မည်။

" ဒါဆို ဒီနေ့ကို ထည့်မတွက်တော့ဘူး။ မင်းအဆင်ပြေရင် ငါတို့ အချိန်ကို ပြန်စမယ် "

" သေလိုက် "

.................................

ယဲ့ဖန်သည် ထိုရှေးဟောင်းပစ္စည်းများကို ချန်းချုံရှန်းဆီ လေလံတင်ပြီးနောက် ဟိုတယ်သို့ ပြန်သွားရန် ပြင်ဆင်ခဲ့သည်။

သို့သော် သူ ကားမောင်းပြီးနောက် မကြာခင်မှာပင် ရက်ပေါင်းများစွာ အသံတိတ်နေခဲ့သည့် စနစ်သတိပေးချက် ရုတ်တရက် ထွက်ပေါ်လာသည်။

[ စနစ်မှ ရတနာလမ်းညွှန်မှုအသစ်တစ်ခုကို တွေ့ရှိထားပါသည်။ မီတာ၂၀ တည့်တည့်သွားပြီး ညာဘက်ကွေ့ပါ ........ ]

ယဲ့ဖန်သည် ထိုအခါ အချိန်ကို ကြည့်လိုက်သည်။

ညနေ ခုနစ်နာရီလောက်ရှိနေပြီ ဖြစ်သည်။

သူသည် တစ်နေကုန် အလုပ်ရှုပ်နေခဲ့ပြီး ချန်းချုံရှန်း၏ ရုံးခန်းတွင်လည်း ပန်းသီးနှစ်လုံးသာ စားခဲ့ရသည်။

သူ့ဗိုက်သည် ဆာလောင်မှုကြောင့် မြည်နေပြီဖြစ်သည်။

ဒီစနစ်က အချိန်ကောင်းကို ဘယ်လိုရွေးရမယ်ဆိုတာ သိလေသည်။

သူ့စိတ်ထဲ၌ ကျိန်ဆဲနေသော်လည်း ဒီအခွင့်အရေးကို လက်မလွှတ်ချင်ပေ။

သူ ချက်ချင်းပင် စနစ်လမ်းညွှန်မှုနောက်ကို လိုက်ခဲ့သည်။

သို့သော် သူသည် စနစ်အား နားလည်မှုလွဲသွားပုံပေါ်ကြောင်း မကြာမီတွင် ယဲ့ဖန် သိလိုက်ရသည်။

စနစ်လမ်းညွှန်မှု၏အဆုံးနေရာမှာ အမှန်တွင် 'ရှန်းရ'ဟုခေါ်သော အနောက်တိုင်းစားသောက်ဆိုင်တစ်ခု ဖြစ်သည်။

ကားပါကင်တွင် ကားကို အမြန်ရပ်ပြီး အမြန်ဝင်လိုက်သည်။

စနစ်ညွှန်ကြားကို မလုပ်မီ ထောင့်စွန်းတစ်နေရာတွင်ထိုင်နေသော မိန်းကလေးတစ်ဦးသည် သူ၏အကြည့်ကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။

ရှုကျင်းရှင်းလား။

ယဲ့ဖန်သည် မြင်တာ မှားသည်ဟု ထင်သည့်အတွက် အနီးကပ်ကြည့်လိုက်သည်။

သူမသည် အမှန်ပင် ရှုကျင်းရှင်းဖြစ်နေသည်။

ဒီအခွင့်အရေးက သူမနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်မလား။

သူမသည် လက်ရှိတွင် သူမနှင့် ဆန့်ကျင်ဘက်၌ ထိုင်နေသူနှင့် စကားပြောရင်း ထမင်းစားနေသည်။

ဆိုဖာခုံက မြင်ကွင်းကို ပိတ်ဆို့ထားသောကြောင့် ထိုလူက ယောက်ျားလား၊ မိန်းမလားဆိုတာ မမြင်ရချေ။

သူမကို နှုတ်ဆက်ရန် အလျင်စလို မလုပ်ဘဲ သူ့ဖုန်းကိုထုတ်ကာ ရှုကျင်းရှင်းကို ဖုန်းဆက်လိုက်သည်။

ရှုကျင်းရှင်းက သူမဖုန်းကို ထုတ်လိုက်ပြီး ကြည့်လိုက်သည်။

ထို့နောက် တစ်ဖက်မှလူကို တောင်းပန်ပြီး ဖုန်းကိုင်လေသည်။

" ယဲ့လူကြီးမင်းက ကျွန်မဆီကို အရင်ဖုန်းဆက်လာတာလား။ ဒီကလေးမက တကယ်ကို ဂုဏ်ယူမိပါတယ် "

" ကိုယ် မင်းကို ဖုန်းခေါ်တာတင် မဟုတ်ဘဲ မင်းရှေ့မှာ ချက်ချင်း ပေါ်လာနိုင်တယ် "

" တကယ်လား၊ မယုံပါဘူး "

" မင်း ကိုယ့်ကို မယုံဘူးလား။ ပြီးရော မင်းရဲ့လက်ရှိလိပ်စာကို ပြောလိုက်။ အံ့ဩစရာတစ်ခုခု ဖြစ်လာလိမ့်မယ် "

" ကျွန်မလား။ ကျွန်မ အခု အမေရိကားမှာ ရောက်နေတယ် "

အပိုင်း ( ၇၃၅ )

အထူးကောင်လေး

ယဲ့ဖန် သူမ၏ ပေါက်ကရစကားလေးကို ကြားလိုက်ရပြီး သူ့ပါးစပ်ထောင့်က ချက်ချင်း ကွေးတက်လာသည်။

" အမေရိကမှာလား။ တိုက်ဆိုင်တာပဲ။ ကိုယ်လည်း အခု အမေရိက ရောက်နေတယ်။ မင်းဘယ်မြို့မှာလဲ။ အတိအကျ လိပ်စာတည်နေရာကရော "

ရှုကျင်းရှင်း ပါးစပ်ကို အုပ်ပြီး ရယ်လိုက်ကာ ချောင်းဟန်ပြီး လည်ချောင်းကို ရှင်းလိုက်သည်။

" ကျွန်မ အခု လော့စ်အိန်ဂျလိစ်လေဆိပ်က ကော်ဖီဆိုင်မှာ ထိုင်နေတယ်။ အခု လာမှာလား။ ကျွန်မ ရှင့်ကို စောင့်နေမယ် "

ယဲ့ဖန်က ပြောသည်။

" အိုက်ယား၊ တိုက်ဆိုင်လိုက်တာ။ ကိုယ်လည်း လော့စ်အိန်ဂျလိစ်မှာ ရောက်နေတာ။ အဲ့မှာ ခဏစောင့်။ မကြာခင် ကိုယ်ရောက်မယ် "

ထို့နောက် ဖုန်းချလိုက်သည်။

ရှုကျင်းရှင်းသည် သူတို့၏ စကားဝိုင်းကို အမှတ်ရနေသေးသကဲ့သို့ သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ဖုန်းကို ကြည့်လိုက်သည်။

ယဲ့ဖန်သည် သူမနောက်မှ လျှို့ဝှက်စွာဖြင့် ဝင်လာပြီး သူမ၏ပုခုံးကို ပုတ်လိုက်သည်။

" အိုက်ယား၊ လော့စ်အိန်ဂျလိစ်မှာ သူငယ်ချင်းဟောင်းတစ်ယောက်ကို တွေ့ရတာ အရမ်းပျော်စရာကောင်းတာပဲ "

ရှုကျင်းရှင်းသည် အစတွင်တော့ ထိတ်လန့်သွားသည်။

သူမ လှည့်ကြည့်လိုက်သည့်အခါ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

" ရှင် ....... ရှင် ဘာလို့ ဒီကိုရောက်နေတာလဲ "

ယဲ့ဖန်၏မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ရှိနေသည်။

" ကိုယ် မကြာသေးခင်က နည်းစနစ်အသစ်ကို သင်ယူခဲ့တယ်။ အဲ့တာက တစ်ယောက်ယောက်က ကိုယ့်ကို လွမ်းနေတာနဲ့ သူတို့ရှေ့မှာ ချက်ချင်း ပေါ်လာတာမျိုးလေ "

ရှုကျင်းရှင်း၏ မျက်နှာသည် နီရဲလာပြီး သူ့ရင်ဘတ်ကို ထုလိုက်သည်။

" သွားစမ်းပါ။ ရှင့်ကို ဘယ်သူက လွမ်းနေလို့လဲ "

ယဲ့ဖန်သည် သူမ၏ နူးညံ့သော လက်လေးကို ဆုပ်ကိုင်လိုက်သည်။

" မငြင်းနဲ့၊ ခုနက ဖုန်းကိုကြည့်ပြီး ရယ်နေတာ မတွေ့ဘူးထင်နေလား "

ရှုကျင်းရှင်း ရှက်လွန်း၍ ဘယ်သူ့ကိုမှ မျက်နှာမပြရဲချေ။

သူမ ယဲ့ဖန်ရင်ဘတ်ကို ဆက်ပြီး ထုရိုက်နေသည်။

ယဲ့ဖန် သွေးတွေ ဆူပွက်နေသလို ခံစားလိုက်ရသည်။

ဒီတစ်ကြိမ်သည် သူမ ရှက်ရွံ့စွာ ပြုမူနေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

မတူညီသော ခံစားချက်တစ်ခုကို ဖြစ်ပေါ်လာစေသည်။

နှစ်ယောက်သား ကလူကျီစယ်နေကြစဉ်တွင် ဘေးမှ ချောင်းဆိုးသံကို ကြားလိုက်ရသည်။

ထိုမှသာ ယဲ့ဖန်သည် သူမဘေးတွင် ထိုင်နေသော ကောင်မလေးကို သတိထားမိလိုက်သည်။

ထိုမိန်းကလေးသည် အသက်ဆယ့်ရှစ်နှစ် သို့မဟုတ် ဆယ့်ကိုးနှစ်ခန့်သာ ရှိသေးသောကြောင့် သူမသည် အရုပ်လေးနှင့်တူလေသည်။

သူမသည် ဝိုင်အနီရောင် ဂျပန်ကာတွန်းကားများထဲကကဲ့သို့ ချစ်စရာဂါဝန်ဝတ်စုံလေးကို ၀တ်ဆင်ထားပြီး သူမ၏ မျက်လုံးလေးများက တောက်ပနေသည်။

ယဲ့ဖန်သည် ထိုဂျပန်ကာတွန်း ချစ်စရာဇာတ်ကောင်လေးများနှင့် ပတ်သက်သည့် ကောင်းသော အချက်သုံးချက်ကို မတွေးဘဲ မနေနိုင်ချေ။

ပျော့ပျောင်းသောအသံ၊ ပျော့ပျောင်းသောကိုယ်ထည်နှင့် တွန်းချရလွယ်ကူလေသည်။

" မင်္ဂလာပါ "

ထိုမိန်းကလေး၏ မျက်လုံးများတွင် မကျေနပ်မှုအရိပ်အမြွက်များ ပြနေသော်လည်း တရုတ်စကားညံ့ဖျင်းစွာဖြင့် သူ့ကို နှုတ်ဆက်လာသည်။

" ဂျပန်လား "

ယဲ့ဖန်အနည်းငယ် အံ့သြသွားသည်။

" ဟုတ်တယ် "

ထိုမိန်းကလေးသည် နာခံမှုဖြင့် ခေါင်းညိတ်ပြနေပုံမှာ လူအများမှ သူမအား လက်နှစ်ဖက်ဖြင့် ခဏတာ ဖက်တွယ်ချင်လာစေသည်။

ယဲ့ဖန် တိတ်တဆိတ် အကဲခတ်လိုက်သည်။ သူမသည် ပျော့ပျောင်းသောအသံနှင့် ပျော့ပျောင်းသော ခန္ဓာကိုယ်ရှိနေပြီဖြစ်သည်။

သူမအား တွန်းချရန် လွယ်ကူမလားဆိုသည်ကိုတော့ သူ မသိချေ။

ရှုကျင်းရှင်းက သူ့ကို မိတ်ဆက်ပေးသည်။

" သူမနာမည်က ဖန်းကျန်းဝူတဲ့။ သူမက ကျွန်မရဲ့ အွန်လိုင်းသူငယ်ချင်း။ သူမက ဂျပန်ကလေ "

ယဲ့ဖန် အံ့သြသွားသော်လည်း သူ့ဘက်မှ အစပြုပြီး လက်ကို ဆန့်ထုတ််လိုက်သည်။

" မင်္ဂလာပါ ကိုယ့်နာမည်က ခူနာဟယ်ကျီ "

ထိုကောင်မလေးက သူ့ကို မျက်လုံးကြီးကြီးများဖြင့် စိုက်ကြည့်နေသည်။

" ရယ်စရာကောင်းတယ်လို့ ထင်နေလား "

ယဲ့ဖန်သည် သူ့လက်ကို ပြန်ဆုတ်လိုက်ပြီး ရှုကျင်းရှင်းအနားတွင် ဝင်ထိုင်လိုက်သည်။

သူသည် သူမနှင့် အထူးတလည် မိတ်ဆက်မနေဘဲ ထမင်းစားရန် သူမ၏ ပန်းကန်ခွက်ယောက်များကို ကောက်ယူခဲ့သည်။

သူတကယ် ဗိုက်ဆာနေတာဖြစ်သည်။

ရှုကျင်းရှင်းကတော့ စိတ်ထဲမထားသော်လည်း ဖန်းကျန်းဝူကတော့ အနည်းငယ် စိတ်မချမ်းမသာဖြစ်သွားသည်။

" ရှင် မရိုင်းလွန်းဘူးလား။ တခြားသူရဲ့ ပန်းကန်ကို ဘာလို့ သုံးနေတာလဲ "

ယဲ့ဖန်သည် အကင်တစ်ပိုင်းကို ပါးစပ်ထဲသို့ထည့်ကာ မြိန်ရေရှက်ရေ ဝါးလိုက်သည်။

" ဒါက ဘယ်မှာလဲဆိုတာ မင်းမသိသေးဘူးမဟုတ်လား။ ဒါက တရုတ်ပဲ။ မင်း ဘာကို ဂရုစိုက်နေတာလဲ "

ဖန်းကျန်းဝူသည် သူနှင့် ဆက်လက်ငြင်းခုံချင်သော်လည်း ရှုကျင်းရှင်းက အကြောင်းအရာကို အမြန်ပြောင်းပြောလိုက်သည်။

" ရှောင်ဝူ၊ သူ့ကိုစိတ်မဆိုးပါနဲ့။ သူက ဒီလိုမျိုး မဟုတ်ပါဘူး။ သူ ဗိုက်ဆာနေတယ်ထင်တယ်။ အဲ့တာကြောင့်ပါ "

ဖန်းကျန်းဝူသည် ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

သူမ သူ့ကို စိတ်ထဲမထားတော့ပေ။

သူမသည် ရှုကျင်းရှင်းကို လှည့်ကြည့်လိုက်သည်။

ထူးဆန်းသည်မှာ သူမသည် ရှုကျင်းရှင်းကိုကြည့်နေသည့်အခါ သူမ၏ မျက်လုံးများတွင် ထူးခြားသောအမူအရာတစ်ခုရှိသည်။

ထိုအကြည့်မှာ ... ချစ်ခြင်းမေတ္တာများ ပျော်ဝင်နေသည့် ငေးကြည့်ခြင်းဟု ဆိုနိုင်သည်။

" ကျဲကျဲကျင်းရှင်း စဉ်းစားပြီးပြီလား။ ညီမလေးနဲ့ ကျွန်းကို အတူတူသွားချင်လား "

သူမ၏ အသံသည် အလွန်နူးညံ့သည်။

ယဲ့ဖန်ကို ပြောသည့် အေးစက်နေသော လေသံနှင့် လုံးဝမတူချေ။

ယဲ့ဖန်သည် ရှုကျင်းရှင်းကို စူးစိုက် ကြည့်လိုက်သည်။

" မင်း ဂျပန်သွားမလို့လား။ အဏုမြူစွန့်ပစ်ရေကို သောက်မှာလား။ တစ်ပုလင်းလောက် ယူလာဖို့ မမေ့နဲ့နော် "

ရှုကျင်းရှင်းသည် သူ့အား စိုက်ကြည့်ပြီးနောက် ဖန်းကျန်းဝူကို ပြန်ကြည့်လိုက်သည်။

" ရှောင်ဝူ၊ အစ်မ တကယ်ကို တောင်းပန်ပါတယ်။ မကြာသေးခင်ကမှ အလုပ်တွေ အရမ်းများနေတာ။ နောက်အချိန်ရရင် သွားမယ်လေ "

ဖန်းကျန်းဝူသည် ချက်ချင်း သူမ၏ လက်များကို ဆန့်ထုတ်လိုက်ပြီး ရှုကျင်းရှင်း၏ သွယ်လျသော လက်များကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

" ကျဲကျဲကျင်းရှင်း၊ ညီမလေးက မမကို ဂျပန် ဖိတ်ဖို့ ဂျပန်ကနေတောင် လာခဲ့တာ။ မမ မလိုက်ရင် အရမ်းဝမ်းနည်းနေတော့မှာ "

ရှုကျင်းရှင်းသည် သူမ၏လက်ကို မသိမသာ ဖယ်လိုက်ပြီး ရေတစ်ငုံသောက်ရန် ခေါင်းငုံ့လိုက်သည်။

" ညီမလေးက အစ်မကိုတွေ့ဖို့ ဂျပန်ကနေတောင် လာခဲ့တာကို အရမ်းဝမ်းသာပါတယ်။ ဒါဆိုရင်ရော ဘယ်လိုလဲ။ အစ်မ မင်းကို ယန်းချန်မြို့တစ်ဝိုက်ကို ရက်အနည်းငယ်လောက် လိုက်ပို့ပေးမယ်လေ။ ဒီမှာလည်း အရမ်းပျော်ဖို့ကောင်းပါတယ် "

ယဲ့ဖန်သည် ရှုကျင်းရှင်း စကားပြောသောအခါတွင် သူမ၏မျက်ခုံး အနည်းငယ်ပင့်တက်လာသည်ကို သတိပြုမိသည်။

သူမသည် စိတ်မရှည်ဖြစ်ပြီး အနည်းငယ်စိတ်မချမ်းသာသည့်အခါ ထိုသို့လုပ်တတ်ကြောင်းကို သူမနှင့်ရင်းနှီးသောသူများသာ သိနိုင်မည်ဖြစ်သည်။

သို့သော်လည်း ဖန်းကျန်းဝူကတော့ ထိုအရာကို သတိမထားမိဘဲ စွဲမက်ဖွယ်အမူအရာဖြင့် သူမကို ဆက်လက်ကြည့်နေသည်။

" ကျဲကျဲ ကျင်းရှင်း၊ ညီမလေးက ဂျပန်မှာ လည်ဖို့ အစီအစဉ်တွေ လုပ်ထားပြီးသား။ အစ်မက ဖန်းကျန်းဝူရဲ့ နှလုံးသားကို တကယ်ပဲ မလိုချင်တာလား "

ရှုကျင်းရှင်းသည် သူမ၏နားရွက်နောက်သို့ ဆံပင်ကို သပ်လိုက်ပြီး ဖျတ်ခနဲ ပြုံးလိုက်သည်။

" အရင်ဆုံး စားကြရအောင်ပါ။ ညစာစားပြီးမှ စကားပြောကြမယ်လေ ....... "

ဖန်းကျန်းဝူသည် သူမစကားကို ကြားသောအခါ ခေါင်းငုံ့ပြီး စားနေခဲ့သည်။

ယဲ့ဖန်သည် ရယ်ချင်နေသည်ကို ထိန်းမထားနိုင်လောက်အောင် ဖြစ်နေသည်။

ရှုကျင်းရှင်းသည် 'အရူးတစ်ယောက်'နှင့် တွေ့နေသည်ဖြစ်ကြောင်း သူပြောနိုင်သည်။

သူမသည် ဂျပန်မှ ယန်းချန်မြို့ဆီသို့ပင် တစ်လမ်းလုံး လိုက်နေခဲ့သည်။

ဒီအစွဲအလန်းက တကယ်ကို ရင်ထဲထိစေတာပဲ။

ချက်ချင်းပင် သူ့ဖုန်းကို ထုတ်လိုက်ပြီး ရှုကျင်းရှင်းဆီ စာတိုတစ်စောင် ပို့လိုက်သည်။

[ အလှလေးရှု၊ ဘာဖြစ်တာလဲ။ ရက်နည်းနည်းပဲ ရှိသေးတာကို မင်းရဲ့ အကြိုက်အရသာက ပြောင်းလဲသွားပြီလား ]

ရှုကျင်းရှင်း သူမဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖုန်းမျက်နှာပြင်ကို မော့ကြည့်လိုက်သည်။

ထို့နောက် သူမက တိတ်ဆိတ်စွာ ပြန်ပြောသည်။

[ သူမကို ဒီနေ့ ပထမဆုံးတွေ့ဖူးတာပဲ။ သူမက ဒီလိုဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး ......... ]

သူမသည် လက်ရှိခံစားချက်တွေကို ဘယ်လိုဖော်ပြရမလဲဆိုတာ မသိတော့တာကြောင့် ရိုးရှင်းစွာဖြင့် '😭'ငိုနေသည့် အီမိုဂျီကိုသာ အသုံးပြုခဲ့သည်။

ယဲ့ဖန်က နောက်ထပ် မက်ဆေ့ချ်တစ်ခု ထပ်ပို့ခဲ့သည်။

[ ဟူး၊ သနားစရာကောင်းလိုက်တာ။ ဒီလိုလှတဲ့ မိန်းကလေးက တကယ်ကြီး လိင်တူကြိုက်နေတာတဲ့။ နှမြောစရာပဲ ]

ရှုကျင်းရှင်းသည် ထိုစာကို ဖတ်ပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

[ ရှင် သူတို့ကို ခွဲခြားဆက်ဆံတာမျိုး မလုပ်သင့်ဘူး။ ရှင့်မှာ အရည်အချင်းရှိရင် သူမကို အဖြောင့်ဖြစ်အောင် ပြန်ပြောင်းလိုက် ]

[ မင်းပြောတဲ့စကားအရ မင်းသူတို့နဲ့ပူးပေါင်းဖို့တော့ မစီစဉ်ထားဘူးမလား ]

[ ဘာတွေပြောနေတာလဲ။ မလုပ်ပါဘူး ...... ]

[ ဘာမလုပ်မှာလဲ။ မိန်းမတွေကို မကြိုက်ဘူးလား။ ဟားဟားဟား .....]

[ တော်တော့။ အခု ကျွန်မ ဘာလုပ်သင့်တယ်လို့ ထင်လဲ ]

[ ဘာတွေ ခက်နေတာလဲ။ ငြင်းတာနဲ့ လက်ခံတာပဲ ရှိတာကို ]

[ ကျွန်မ ငြင်းချင်ပေမယ့် သူမကို နာကျင်သွားအောင် လုပ်မိမှာ ကြောက်တယ် ]

[ ကိုယ့်အကူအညီ လိုလား ]

[ ရှင့်စိတ်ထဲမှာ ဘာရှိလို့လဲ ]

[ ကိုယ့်မှာ 'အထူးကောင်လေး'လို့ နာမည်ပြောင်ရှိတယ်ဆိုတာ မင်းမသိဘူးလား ]

[ ဒါက အလုပ်ဖြစ်မှာလား ]

[ ဒါက မင်း ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိမရှိပေါ် မူတည်တယ် ]

[ ကျွန်မ ..… စမ်းကြည့်တာပေါ့ ]

နှစ်ယောက်သား ဆွေးနွေးပြီးနောက် တစ်ချိန်တည်းမှာပင် ဖုန်းချလိုက်သည်။

ရှုကျင်းရှင်းသည် ခေါင်းငုံ့ပြီး ယဲ့ဖန်၏ သရုပ်ဆောင်ချက်တွေအတိုင်း သူမသည် ဖန်းကျန်းဝူကို မထိခိုက်စေရန်နှင့် တစ်ချိန်တည်းမှာပဲ တစ်ဖက်သားမှ နောက်ဆုတ်သွားစေရန် မည်သို့ ပူးပေါင်းဆောင်ရွက်နိုင်မည်ကို စဉ်းစားနေသည်။

ယဲ့ဖန်သည် စတင်လှုပ်ရှားနေပြီဖြစ်သည်။

အစောက သူသုံးခဲ့သည့် ပန်းကန်ထဲမှ အကင်တစ်ပိုင်းကို ကျွေးလိုက်သည်။

" ချစ်လေး၊ လာ ကိုယ်ကျွေးမယ် "

ရှုကျင်းရှင်းက သူ့ကို ကြောင်အအ ကြည့်နေသော်လည်း သူမ၏ပါးစပ်ကို မသိစိတ်က ဖွင့်ပေးလိုက်မိသည်။

ယဲ့ဖန်သည် အကင်ကို နူးညံ့သောအမူအရာဖြင့် သူမ၏ပါးစပ်ထဲသို့ ခွံလိုက်သည်။

" အရသာရှိလား "

ရှုကျင်းရှင်းက ခေါင်းညိတ်လိုက်ပြီး သူမမျက်နှာ နီရဲနေသည်။

အပိုင်း ( ၇၃၆ )

ငါ နင်နဲ့ ပြိုင်ချင်တယ်

ယဲ့ဖန်က သူမနှုတ်ခမ်းပေါ်မှ အဆီတွေကို သုတ်ပေးလိုက်သည်။

" မင်းလေးကတော့ အသက်ကြီးနေတာတောင် ပေပွအောင် စာနေတာပဲ။ မင်းတော့ကွာ "

သူ့လုပ်ရပ်ကြောင့် မမလေးရှု၏ နှလုံးခုန်သံမှာ ဗြောင်းဆန်တုန်လှုပ်သွားခဲ့ရသည်။

သူတို့နှစ်ဦး သရုပ်ဆောင်နေကြောင်း ရှုကျင်းရှင်း သိသော်လည်း သူမ၏ နှလုံးသားထဲတွင် ထူးခြားသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

ယဲ့ဖန်သည် မျှော်လင့်ထားသည့်အတိုင်း သူ့မျက်လုံးထောင့်မှ ဖန်းကျန်းဝူမှ စိုက်ကြည့်နေပြီး ဒေါသအရမ်းထွက်နေကာ မျက်နှာပင် ဖြူဖျော့နေသည်ကို တွေ့လိုက်ရသည်။

သူမ၏ လက်များကိုလည်း တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။

ယဲ့ဖန် တည်ငြိမ်စွာ ပြုံးလိုက်ပြီး ရှုကျင်းရှင်း၏ ပုခုံးပေါ် သူ့လက်ကို တင်လိုက်သည်။

" ညစာစားပြီးရင် ဘယ်သွားချင်လဲ "

ရှုကျင်းရှင်း၏စိတ်သည် ဗလာဖြစ်နေသည်။

သူမသည် တွေးနေသည်ကို ရပ်လိုက်ပြီး သူလုပ်ချင်သမျှ လုပ်ခွင့်ပေးလိုက်သည်။

သူမက တိုးတိုးလေးပြောလိုက်သည်။

" ကျွန်မ ရှင်ပြောတာ မှန်သမျှကို နားထောင်မယ် "

သူမစကားတွေသည် ဘယ်လောက်တောင် သေစေနိုင်လဲဆိုတာ သူမ မသိချေ။

ထိုစကားများသည် ယဲ့ဖန်၏ နှလုံးသားကို ပြင်းထန်စွာ ခုန်ပေါက်စေခဲ့သည်။

" ဒါဆို အခန်းသွားရအောင် "ဟု မသိစိတ်ကနေ လွှတ်ခနဲ ပြောလိုက်သည်။

ရှုကျင်းရှင်း၏ လှပသော မျက်နှာလေးသည် နီရဲလာသည်။

သူမက သူ့လက်ကို လက်နဲ့ထုလိုက်သည်။

" ဒီမှာ အပြင်လူတွေရှိတယ်လေ။ ရှင် ပိုပြီး သတိထားလို့ မရဘူးလား "

ယဲ့ဖန်သည် တုန်လှုပ်နေသော ဖန်းကျန်းဝူကို ကြည့်လိုက်သည်။

" ကိုယ့်ရည်းစားနဲ့ ဟိုတယ်သွားတာ ဘာဖြစ်လို့လဲ။ ဟုတ်တယ်မလား၊ ဖန်းမိန်းကလေး "

ဖန်းကျန်းဝူသည် သူ့မိန်းမအား ခိုးယူနေကို မုန်းတီးနေသကဲ့သို့ သူ့ကို စိုက်ကြည့်နေသည်။

ထို့နောက် သူမသည် ရှုကျင်းရှင်း၏ ညာဘက်လက်ကို အမြန်ဆွဲကာ ပြောသည်။

" ကျဲကျဲကျင်းရှင်း၊ ဒီည ညီမလေးနဲ့ လိုက်ခဲ့ပါလား။ တစ်ယောက်တည်းအိပ်ရမှာ ကြောက်တယ် "

ထိုစကားကို ယဲ့ဖန် ကြားသောအခါ သူ အံ့သြသွားသည်။

သူမသည် ဖုံးကွယ်မနေတော့ဘဲ ရှုကျင်းရှင်းနှင့် အတူအိပ်ရန်ပင် ထင်ပေါ်စွာ တောင်းဆိုနေခဲ့သည်။

ဒါက သူမ'ရည်းစား'ကို စော်ကားလိုက်တာပဲ မဟုတ်ဘူးလား။

ထိုအချက်ကိုတွေးရင်း သူသည် ရှုကျင်းရှင်း၏ ဘယ်လက်ကို ကိုင်ထားသည်။

" ချစ်လေး၊ ကိုယ်တစ်ယောက်တည်းနေမှာ ကြောက်တယ်။ ဒီည မင်း ကိုယ်ကို လိုက်ခဲ့ရမယ် "

ရှုကျင်းရှင်း၏ လက်များကို နှစ်ခြမ်းခွဲရမ်ကြိုးစားနေသကဲ့သို့ သူတို့နှစ်ယောက်မှ ဆုပ်ကိုင်ထားကြသည်။

တကယ်ပင် သူမကို ခေါင်းကိုက်စေသည်။

ပြဿနာကို ဖြေရှင်းပေးမည်ဆိုသည့် လူကလည်း မီးထဲကို လောင်စာထည့်နေသည်။

သူမ ဘယ်လိုပြောရမည်မသိ ဖြစ်ပြီး တုံ့ဆိုင်းနေချိန်မှာတွင် ဖန်းကျန်းဝူက ရူးသွပ်နေပြီဖြစ်သည်။

သူမသည် ယဲ့ဖန်ကို ဒေါသတကြီးစိုက်ကြည့်နေသည်။

" လွန်မလာနဲ့။ ငါ နင့်ကို ယဉ်ကျေးနေမှာ မဟုတ်ဘူး "

ယဲ့ဖန်သည်က သူမ ခြိမ်းခြောက်သည်ကို ကြားပြီး ရယ်လိုက်သည်။

" မင်းက ငါ့ကောင်မလေးကိုတောင် လာဆွဲနေပြီး ငါ့ကို လွန်သွားပြီလို့ ပြောနေတာလား။ လူဆိုးက အရင် ရဲတိုင်နေတာလား "

ဖန်းကျန်းဝူသည် ယဲ့ဖန်အား ရွံရှာနေမှုကို လုံးဝ ဖုံးကွယ်မထားပေ။

" ယောက်ျားဆိုတာ ညစ်ပတ်တဲ့အရာတွေပဲ။ သူတို့က ဘာကောင်းလဲ။ နင်က ကျဲကျဲကျင်းရှင်းနဲ့ လုံးဝ မထိုက်တန်ဘူး "

ယဲ့ဖန်သည် သူမ၏ စကားကို နားထောင်ပြီး ဆက်လက် သရုပ်ဆောင်ရန် စိတ်မကူးနိုင်တော့ပေ။

" မိန်းကလေးဖန်း၊ မင်းမှာ မင်းရဲ့ အထူးဝါသနာ ရှိတယ်။ ငါ ခွဲခြားဆက်ဆံဖို့ ရည်ရွယ်ချက် မရှိဘူး။ မင်းကိုတောင် ကိုယ်ချင်းစာတယ်။ ဒါပေမဲ့ တခြားသူတွေကို မင်း စွဲလမ်းတာနဲ့ အတင်းအကျပ် မလုပ်နဲ့။ မိန်းကလေးတိုင်းက မင်းလိုမဟုတ်ဘူး။ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိပါ "

ဖန်းကျန်းဝူသည် သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။

သူမသည် လူသတ်ပစ်ချင်သည့် ရည်ရွယ်ချက်ကို ပြသရန် အတတ်နိုင်ဆုံး ကြိုးစားနေပုံရသည်။

သို့သော် သူမ၏အသွင်အပြင်သည် ချစ်စရာကောင်းလွန်းသောကြောင့် သူမ၏ ခြိမ်းခြောက်မှုကို ကန့်သတ်ထားလေသည်။

သူမ၏ အားနည်းချက်ကို သူမ သဘောပေါက်သွားပုံရသည်။

သူမသည် ယဲ့ဖန်အား ဆက်၍ စိုက်ကြည့်မနေတော့ပေ။

သူမသည် ရှုကျင်းရှင်းကို ထပ်မံဆွဲဆောင်ခဲ့သည်။

" ကျဲကျဲကျင်းရှင်း၊ ယောက်ျားတွေက ဘာတွေ ကောင်းလို့လဲ။ သူတို့က အစ်မရဲ့အလှကိုပဲ မက်မောကြတာ။ အစ်မအသက်ကြီးလာတဲ့အခါ အစ်မကို စွန့်ပစ်သွားလိမ့်မယ်။ ညီမအမေက ဒီလို စွန့်ပစ်ခံရတာ။ ညီမလေးကို ယုံရမယ် "

အဆုံးတွင် သူမ၏ လေသံသည် အော်ဟစ်သံဖြစ်မတတ် ထွက်ပေါ်လာသည်။

ရှုကျင်းရှင်း ဘာလုပ်ရမယ်မှန်း မသိတော့ချေ။

သူမသည် ယဲ့ဖန်ကို ဆက်ပြီး အကူအညီတောင်းရုံသာ တတ်နိုင်ခဲ့သည်။

ယဲ့ဖန်သည် သူ့တံတွေးကို ဖြုန်းတီးဖို့ စိတ်မ၀င်စားချေ။

သူသည် ဖန်းကျန်းဝူကို အေးစက်စွာ ကြည့်နေသည်။

" မင်းက ဒီလိုပြောပြီးပြီဆိုမှတော့ မင်းမျက်နှာကို ထောက်နေဖို့လည်း မလိုတော့ဘူး။ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါ ဂရုမစိုက်ပေမယ့် ငါ့ကောင်မလေးကို ထပ်ပြီး မနှောင့်ယှက်နဲ့။ မဟုတ်ရင် မင်းကို ရိုင်းရိုင်းစိုင်းစိုင်း လုပ်တယ်လို့ ငါ့ကို အပြစ်မတင်နဲ့ "

သူ့အသံက ကျယ်နေ၍ စားသောက်ဆိုင်ထဲမှ လူတော်တော်များများက သူကို ထူးခြားစွာ ကြည့်နေကြသည်။

ဖန်းကျန်းဝူ၏ မျက်လုံးများသည် ငိုတော့မတတ် နီရဲသွားသည်။

ထိုပုံစံကို မြင်ပြီး ရှုကျင်းရှင်း သည်းမခံနိုင်ဘဲ နှစ်သိမ့်စကားလေး နည်းနည်း ပြောချင်သည်။

ယဲ့ဖန်က သူမကို အခွင့်အရေးမပေးခဲ့ချေ။

" ကျင်းရှင်း သွားရအောင် "

စကားပြောရင်း သူမလက်ကိုဆွဲကာ ထွက်လာခဲ့သည်။

ထိုပုံစံကိုမြင်ပြီး ဖန်းကျန်းဝူက သူတို့လမ်းကြောင်းကို ပိတ်တားရန် အမြန် ပြေးထွက်သွားလာသည်။

" ငါ နင်နဲ့ ပြိုင်ချင်တယ် "

သူမချစ်သောအရုပ်လေးကို အခြားသူတစ်ဦးက လုယူသွားတော့မည်ကဲ့သို့ ယဲ့ဖန်ကို စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးများတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။

ယဲ့ဖန်၏ စိတ်ခံစားချက်များသည် အလွန်ရှုပ်ထွေးသွားသည်။

အမျိုးသမီးတစ်ဦးအတွက် စိန်ခေါ်ခံရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ပိုလို့တောင် ရယ်စရာကောင်းသည်မှာ သူမက မိန်းမတစ်ယောက် ဖြစ်နေသည်။

" ဘယ်လို ပြိုင်ချင်လဲ "

ဖန်းကျန်းဝူသည် လက်သုံးချောင်းကို ဆန့်ထုတ်လိုက်သည်။

" သုံးပွဲကစားရအောင်။ မေးခွန်းတွေ မေးမယ်။ အားလုံးကို ဖြေနိုင်ရင် ငါ အစ်မကျင်းရှင်းကို ဒုက္ခမပေးတော့ဘူး။ တစ်ပွဲရှုံးတာနဲ့ နင် သူမကို ငါ့ဆီ ပေးရမယ် "

ယဲ့ဖန် ရယ်ရမလား ငိုရမလား မသိချေ။

" မင်းက မေးခွန်းတွေထုတ်ထားတာတွေအားလုံးကို ငါက အနိုင်ယူရမှာလား။ ဒါက တရားမျှတတဲ့ပုံမပေါ်ဘူး ဟုတ်တယ်မလား "

ဖန်းကျန်းဝူသည် အလွန်ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်ကို ပေးခဲ့သည်။

" ဘာလို့လဲဆိုတော့ ငါက မိန်းကလေးဆိုတော့ အလျော့မပေးသင့်ဘူးလား "

ယဲ့ဖန်သည် ချက်ချင်းပင် သူမ ပြောဆိုချက်ကို သဘောကျသွားသည်။

" မင်းငါ့ကို ယုံကြည်ချက်ရှိရှိနဲ့ အခွင့်ကောင်းယူလိုက်တယ်လို့ ပြောနေတာလား။ မင်း ဘယ်လို လုပ်လိုက်တာလဲ "

ဖန်းကျန်းဝူ အနည်းငယ် စိတ်ပျက်သွားသည်။

" နင်က ယောက်ျားပဲမလား။ မပြိုင်ရဲရင် အရှုံးပေးလိုက် "

ယဲ့ဖန်က ခေါင်းညိတ်ပြပြီး သူမကို အချိန်အကြာကြီး စိုက်ကြည့်နေသည်။

" ကောင်းပြီ၊ မင်းရဲ့စိန်ခေါ်မှုကို ငါလက်ခံတယ် "

ဖန်းကျန်းဝူသည် ချက်ချင်းပင် သူမ၏ လက်သီးဆုပ်လေးများကို ဝှေ့ယမ်းကာ အောင်ပွဲခံလိုက်သည်။

ဘာစကားမှ ဝင်မပြောနိုင်ခဲ့သည့် ရှုကျင်းရှင်းက သဘောမတူချေ။

" ကန့်ကွက်တယ်။ ရှင်တို့ ကျွန်မကို ဘာထင်နေလို့ ကျွန်မကို လောင်းကြေးထပ်နေရတာလဲ "

" ဖယ်ချတယ် "

ယဲ့ဖန်နှင့် ဖန်းကျန်းဝူတို့သည် တစ်ချိန်တည်းနီးပါး စကားပြောလိုက်ကြသည်။

သူတို့သည် မျက်လုံးချင်း ဆုံလိုက်သည်နှင့် မီးတောက်များ လေထဲတွင် ထွက်လာနေပုံရသည်။

All Chapters