← Chapters

အပိုင်း ၇၃၇-၇၄၀

Vol. 37 Ch. 737-740

အပိုင်း ၇၃၇-၇၄၀

Vol. 37 Ch. 737-740

အပိုင်း ( ၇၃၇ )

ဒါက ဂျပန်ကောင်မလေးတွေ ဘယ်တော့မှ နားမလည်နိုင်တဲ့အရာ

" ညီမကျင်းရှင်းကို ရဖို့ ဒီကိုရောက်လာတဲ့အတွက် သူမကို ဘယ်သူက ပိုနားလည်လဲဆိုတာနဲ့ သူမ ကြိုက်တာ မုန်းတာတွေကို အရင်သိရမယ်။ ဒါကြောင့်မလို့ ပြိုင်ပွဲရဲ့ ပထမအကျော့က သူမကို နားလည်ပေးနိုင်စွမ်းကို နှိုင်းယှဉ်သွားမှာ "

ဖန်းကျန်းဝူသည် ပထမအချီ၏ အကြောင်းအရာများကို ချက်ချင်းကြေငြာခဲ့သည်။

ထိုစကားကို ယဲ့ဖန် ကြားပြီးနောက် သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" မင်းငါ့ကို အမှတ်အလွတ်ပေးနေတာလား။ ငါ သူမကို သိတာ ဘယ်လောက်ကြာပြီလဲ။ မင်း သူမကို သိတာ ဘယ်နှစ်ရက်လောက် ရှိသေးလို့လဲ။ ငါထက် မင်းက သူမကို ပိုသိမှာလား "

ဖန်းကျန်းဝူသည် ရှုကျင်းရှင်းကို အရူးတစ်ယောက်လို ကြည့်နေသည်။

" လူတစ်ယောက်ကို နားလည်ဖို့က သူ့ကို ဘယ်လောက်ကြာကြာ သိလဲဆိုတာနဲ့ မဆိုင် ဘူး။ သူမစိတ်ထဲ ဝင်လာနိုင်မလား၊ သူမပျော်ရွှင်မှုအတွက် ပျော်မလား၊ သူမဝမ်းနည်းမှုတွေအတွက် ဝမ်းနည်းနေမလား။ တစ်ချို့လူတွေက သူမကို တစ်မိနစ်လောက်ပဲ သိရင်တောင် သူမနဲ့ ဘဝရဲ့ အဆိုးအကောင်းတွေကို တွေ့ကြုံခံစားလိုက်ရတယ် ........ "

ယဲ့ဖန်က အမြန် ဖြတ်ပြောခဲ့သည်။

" ဖန်းမိန်းကလေး၊ ငါတို့ ကဗျာ ပြိုင်နေတာလို့တော့ မထင်ဘူး။ ဒီလောက် ဆူညံနေဖို့ မလိုပါဘူး "

ဖန်းကျန်းဝူက သူ့ကို လျစ်လျူရှုပြီး ရှုကျင်းရှင်းကို လေးလေးနက်နက် ကြည့်နေလိုက်သည်။

" အစ်မကျင်းရှင်းက ဒီပွဲကို ဒိုင်လူကြီး လုပ်ရမှာ။ အစ်မကို ပိုနားလည်တယ်လို့ ထင်တဲ့သူ၊ ဘယ်သူအနိုင်ရမလဲဆိုတာ ဆုံးဖြတ်ရလိမ့်မယ် "

ပြိုင်ပွဲ၏ အဓိကပစ်မှတ်ဖြစ်သော ရှုကျင်းရှင်းသည် ပထမဆုံးအကြိမ် ပါဝင်လာခြင်းကို ခံစားခဲ့ရသည်။

" ကောင်းပြီ၊ ဒိုင်လုပ်ပေးမယ်။ တရားမျှတတဲ့ ဆုံးဖြတ်ချက်ချပေးပါ့မယ် "

ဖန်းကျန်းဝူက တခြားဘာမှ မပြောချေ။

" အစ်မကျင်းရှင်းကို နားလည်တဲ့အကြောင်း အရင်ပြောပြပါရစေ ....... "

ယဲ့ဖန်နှင့် ရှုကျင်းရှင်းတို့သည် သူမပြောလိုသည်ကို နားထောင်ရန် ထိုင်ခုံဆီသို့ ပြန်သွားကြသည်။

ဖန်းကျန်းဝူသည် ဒီပွဲအတွက် အလွန်ကို ယုံကြည်မှုရှိနေခဲ့သည်။

သူမနှင့် ရှုကျင်းရှင်းတို့သည် အွန်လိုင်းတွင်သာ အမြဲစကားပြောဆိုနေကြပြီး လက်တွေ့ဘဝတွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြခြင်းဖြစ်သော်လည်း လူတစ်ဦးသည် သူတို့တို့၏ ခံစားချက်အမှန်ကို အင်တာနက်ပေါ်မှ သူစိမ်းတစ်ဦးကိုသာ ထုတ်ဖော်ပြောမည်ဟု သူမယုံကြည်ခဲ့သည်။

ထိုလူထက် သူမအကြောင်းကို ပိုသိရမည်။

" အစ်မကျင်းရှင်းက အလွန်နူးညံ့သိမ်မွေ့ပြီးတော့ စိတ်ခံစားမှုရှိတဲ့ အမျိုးသမီးတစ်ဦးပါ။ ကျွန်မရဲ့ အတိတ်အကြောင်းကို သူမနဲ့စကားပြောတိုင်း သူမက ကျွန်မကို စာနာပေးပြီး စိတ်ရှည်ရှည်နဲ့ နှစ်သိမ့်ပေးတယ်။ ကျွန်မကို အလင်းပြပေးတယ်။ ဒီခံစားချက်ကို အမေ့ဆီကပဲ ခံစားခဲ့ရတာ။ ကံမကောင်းစွာပဲ သူမ ဆုံးပါးသွားပြီ ......... "

ယဲ့ဖန်သည် ထိုစကားကိုကြားသောအခါတွင် 'ဒါဆို သူမမှာ အမေချစ်ပိုးရှိနေပြီပေါ့'ဟု သူ့စိတ်ထဲမှ မထိန်းနိုင်ဘဲ အော်နေလိုက်သည်။

ရှုကျင်းရှင်းသည် ယဲ့ဖန်လောက် မကောင်းသော အတွေးများ မရှိပေ။

သူမသည် သူမ၏ မေးစေ့ကို လက်နှစ်ဖက်ဖြင့် အုပ်ပြီး ငြိမ်သက်စွာ နားထောင်နေသည်။

ဖန်းကျန်းဝူက ရှုကျင်းရှင်းကို ဆက်ကြည့်နေပြီး ပြောသည်။

" အစ်မကျင်းရှင်းက အပြင်မှာ သန်မာပြီး အတွင်းပိုင်းမှာ အရမ်းနုနယ်တဲ့သူတစ်ယောက်ပါ ........ "

ထိုစကားကို ယဲ့ဖန် ကြားသောအခါ သူ မရယ်နိုင်ဘဲ မနေနိုင်ချေ။

ရှုကျင်းရှင်းက သူ့ကို စိုက်ကြည့်နေသည်။

" ကျန်းဝူ၊ သူ့ကို လျစ်လျူရှုပြီး ဆက်ပြောပါ "

ဖန်းကျန်းဝူသည် သူ့အား လုံးဝစိတ်မ၀င်စားဘဲ သူမ၏ ကိုယ်ပိုင်အရှိန်ဖြင့် ဆက်လက်ပြောပြနေခဲ့သည်။

" အသ်မကျင်းရှင်းက သူမရဲ့ မိသားစုကြောင့် သန်မာတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ အမြဲတမ်း သွန်သင်ခံခဲ့ရတယ်။ ဒါပေမဲ့ သူမရဲ့ နှလုံးသားသည် အလွန်ပျော့ပျောင်းပြီး သူမကို ကာကွယ်ပေးဖို့ လိုအပ်တယ်။ အစ်မကျင်းရှင်း၊ အစ်မကို ညီမ အစွမ်းကုန် ကာကွယ်ပေးပြီး အသက်နဲ့ ပေးဆပ်ရရင်တောင် အစ်မကို ဒုက္ခမရောက်စေရဘူး "

ရှုကျင်းရှင်းသည် မည်သို့တုံ့ပြန်ရမည်ကို မသိဘဲ စိတ်ရှည်စွာ နားထောင်နေခဲ့သည်။

ဖန်းကျန်းဝူသည် သူမကို တကယ်ချစ်ကြောင်း သူမ ပြောနိုင်သလို စကားများဟာလည်း နက်နဲလွန်းလှသည်။

သူမ ထိုကောင်မလေးကို တကယ်ပင် နာကျင်အောင် မလုပ်နိုင်ချေ၊

ထိုအချိန်တွင် ယဲ့ဖန်သည် နောက်ဆုံး၌ ပြောလာသည်။

" မင်း သူမကို လုံးဝမသိဘူးလို့ ခံစားရတယ်။ မင်းသိတဲ့အရာက မင်းကို မြင်စေချင်တဲ့အရာတွေပဲ "

ဖန်းကျန်းဝူသည် ဒေါသကြီးနေသော ကျားငယ်လေးနှင့်တူပြီး ခေါင်းလှည့်ကာ သူမကိုသာ စိုက်ကြည့်နေသည်။

" နင် ရူးနေတာလား။ အစ်မကျင်းရှင်းက ငါ့ရှေ့မှာ တကယ်ရှိနေတာပဲလေ "

ယဲ့ဖန်က ခေါင်းခါလိုက်သည်။

" မဟုတ်ဘူး၊ သူမက ငါ့ရှေ့မှာရှိတဲ့အခါတော့ သူမအဝတ်တွေအားလုံးကို စုတ်ဖြဲပြီး ငါ့ရှေ့မှာ ကိုယ်လုံးတီးနေလိမ့်မယ် ......"

ရှုကျင်းရှင်းသည် သူ့စကားကြောင့် ရှက်သွားပြီး သူ့ကို တွန်းထုတ်လိုက်သည်။

" ဘာတွေ လျှောက်ပြောနေတာလဲ "

ယဲ့ဖန်က နှစ်ကြိမ် ချောင်းဟန့်လိုက်သည်။

" ဒါက ဥပမာတစ်ခုပါ။ ကိုယ်ဆိုလိုချင်တာက ကိုယ့်ရှေ့မှာတော့ မင်းက မင်းရဲ့ရုပ်ဖျက်ထားသမျှကို ဖယ်ရှားပြီး မင်းရဲ့ပုံစံအစစ်အမှန်ကို ပြသလိမ့်မယ်။ ကိုယ်ပြောတာ မှန်တယ်မလား "

ရှုကျင်းရှင်းသည် ခေါင်းငုံ့ပြီး ဘာမှပြန်မပြောဘဲ နှလုံးသားထဲမှ အော်လိုက်သည်။

'ဒါဆို ရှင်အကုန်သိတာကို ဘာမှမသိလို ဟန်ဆောင်နေတာလား'

သို့သော် ဤသည်မှာ ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း သူမ မမေ့ခဲ့ချေ။

ထို့ကြောင့် သူမ အကြိုက်နှင့် မကြိုက်သည်တို့ကို ကြိုမဖော်ပြပေ။

ယဲ့ဖန်သည် အချိန်မဖြုန်းတော့ပေ။

ဖန်းကျန်းဝူကို လှည့်ကြည့်လိုက်သည်။

" ကျင်းရှင်းက သူမရဲ့ မိသားစုနောက်ခံကြောင့် သူမကို သန်မာတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်အောင် သင်ပေးခံခဲ့ရတယ်။ ဒါပေမဲ့ သူမက ပြောသလောက် မပျော့ပျောင်းဘူး။ အဲ့ဒီအစား အဲ့လိုက သူမရဲ့ ပြိုင်ဆိုင်ချင်စိတ်ကို နှိုးဆွပေးတယ်။ သူမက ယောက်ျားတွေထက် မပျော့ညံ့ကြောင်း သက်သေပြချင်ခဲ့တယ်။ တကယ်တော့ သူမက ယောက်ျားတွေထက်တောင် ပိုသန်မာသေးတယ် ........ "

ဖန်းကျန်းဝူ သူ့စကားတွေကို ဂရုမစိုက်ချေ။ သူသည် အစ်မကျင်းရှင်းကို လုံးဝနားမလည်ဘူးဟု တွေးနေသည်။

သို့သော် ရှုကျင်းရှင်းကို ကြည့်လိုက်သောအခါ သူမသည် တိတ်ဆိတ်စွာ နားထောင်နေသည်ကို တွေ့လိုက်ရပြီး နှုတ်ခမ်းပေါ်တွင် အပြုံးရေးရေးလေး ပေါ်လာသည်ကို မြင်လိုက်သည်။

ထိုအပြုံးသည် သူမပြောနေစဉ်က မမြင်ဖူးခဲ့သည့် အရာတစ်ခုဖြစ်သည်။

ယဲ့ဖန်သည် ဖန်းကျန်းဝူ၏ အမူအရာကို ဂရုမစိုက်ချေ။

သူက ဆက်ပြောလေသည်။

" တစ်ခါတလေ သူမက အပြစ်ကင်းတဲ့ ကလေးတစ်ယောက်လိုပဲ။ သူမက ဒီကမ္ဘာကြီးကို စူးစမ်းချင်စိတ်တွေ ပြည့်နှက်နေပြီး အရာအားလုံးကို စူးစမ်းလေ့လာချင်နေတယ်။ တစ်ခါတစ်လေကျလည်း သူမက စွန့်စားမှုစိတ်ဓာတ်အပြည့်နဲ့ စိတ်ပိုင်းဖြတ်ထားတဲ့ စူးစမ်းရှာဖွေသူနှင့်တူတယ်။ သူမက အကာကွယ်မခံချင်ဘူး။ ပိုလိုချင်တာက သူမ ချစ်တဲ့လူတွေကို အကာအကွယ်ပေးဖို့ပဲ ....... "

ယဲ့ဖန် ထိုသို့ပြောနေစဉ်တွင် သူသည် ပူလောင်သောအကြည့်ဖြင့် ဖန်းကျန်းဝူကို စိုက်ကြည့်နေသည်။

" တရုတ်မှာ 'မိန်းမတွေက ယောက်ျားတွေထက် မနိမ့်ကျဘူး'ဆိုတဲ့ ဆိုရိုးစကားရှိတယ်။ တစ်နည်းပြောရရင် အမျိုးသမီးတွေက ငိုပြီး ပျော့ညံ့မှုကို ပြသနိုင်ရုံတင်မကဘဲ အမျိုးသားများထက် သန်မာပြီး ပိုမိုကောင်းမွန်အောင်လည်း လုပ်ဆောင်နိုင်တယ်။ ဒါကို မင်းလို ဂျပန်မိန်းကလေးတွေက ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး "

ရှုကျင်းရှင်းသည် ထိုစကားကို ကြားသောအခါ သူမ၏ မသိစိတ်က လက်ခုပ်တီးလိုက်ချင်သည်။

ယဲ့ဖန် ဖော်ပြလိုက်သည်မှာ သူမ၏ အစစ်အမှန်ပုံစံဖြစ်သည်။

သူမသည် မိခင်ကောင်းတစ်ဦးဖြစ်ရန် ဘယ်တုန်းကမှ မတွေးခဲ့ဖူးသလို မိခင်၏မေတ္တာကို မည်သူ့ကိုမျှ ပြန်ပေးဝေရန်လည်း မတွေးခဲ့ပေ။

ဖန်းကျန်းဝူရှေ့တွင် သူမ ထိုကဲ့သို့ပြုမူခဲ့သည့် အကြောင်းရင်းမှာ ဘဝပေး ကြမ်းတမ်းသည့် ကလေးတစ်ယောက်ကို သနားသောကြောင့်ဖြစ်သည်။

လမ်းပေါ်၌ ဒဏ်ရာရနေသော ခွေးလေခွေးလွင့်တစ်ကောင်ကို တွေ့လိုက်ရသလိုသာဖြစ်သည်။

ကျွေးမွေးပြုစုပေးလိုခြင်း ဖြစ်သည်။

သို့သော် သူမ၏ နှလုံးသားသည် နူးညံ့သည်ဟု မဆိုလိုချေ။

ဆန့်ကျင်ဘက်အနေနှင့် ကယ်တင်ခြင်းမခံလိုဘဲ ကယ်တင်ပေးလိုသည်အထိ သူမ၏ စိတ်နှလုံးသည် ခိုင်ခံ့သည်ဟု ဆိုလိုသည်။

တစ်ကမ္ဘာလုံးတွင် ယဲ့ဖန်သည်သာ သူမ အလိုချင်ဆုံးအရာကို သိသူ တစ်ဦးတည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

အပိုင်း ( ၇၃၈ )

ဒီမှာက မလွယ်ဘူး၊ အခန်းတစ်ခန်း ယူရအောင်

ဖန်းကျန်းဝူသည် ရှုကျင်းရှင်း၏ အမူအရာကိုမြင်ပြီး မမေးဘဲနှင့်ပင် ဒီအချီ၌ ဘယ်သူအနိုင်ရမည်ဆိုတာ သိလေသည်။

" အစ်မကျင်းရှင်း၊ အစ်မက သူပြောသလို မဟုတ်ဘူး။ အစ်မ ညီမလေးနဲ့ စကားပြောတုန်းက အစ်မ အကူအညီမဲ့နေပြီးတော့ မျှော်လင့်ချက်မဲ့နေတဲါအကြောင်း အများကြီး ပြောပြခဲ့တယ်လေ။ အဲ့ဒါကြောင့် အစ်မကို ကာကွယ်ဖို့ ဂျပန်ကနေ လာခဲ့တာ "

ရှုကျင်းရှင်းက နားရွက်အနောက်သို့ ဆံပင်ကို သပ်လိုက်ပြီး ပြုံးပြလိုက်သည်။

" စကားလုံးတွေက စိတ်ခံစားချက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အမှန်တော့ အစ်မဖော်ပြချင်တာက အကာအကွယ်လိုအပ်တာမဟုတ်ဘဲ လက်ရှိအခြေအနေနဲ့ မကျေနပ်နိုင်တာတွေကို တွန်းလှန်ချင်တဲ့ဆန္ဒပါ။ အစ်မကို ကယ်တင်ဖို့ ဘယ်သူ့ကိုမှ မလိုဘူး။ အစ်မဘာသာ ကယ်တင်နိုင်မယ် "

ဖန်းကျန်းဝူသည် ချက်ချင်း ငြိမ်ကျသွားသည်။

ရှုကျင်းရှင်းသည် အကာအကွယ်လိုအပ်နေခဲ့သည်ဟု သူမထင်ခဲ့သဖြင့် သူမအား ဤဆင်းရဲဒုက္ခမှ ဝေးကွာစေရန် ဂျပန်နိုင်ငံမှ တရုတ်ပြည် အပြေးလာခဲ့သည်။

သူမသည် ကိစ္စများကို လွန်ကဲစွာ တွေးမိလိုက်ပုံရသည်။

သူမအား ထိုသို့မြင်လိုက်ရသဖြင့် ရှုကျင်းရှင်း သူမကို ထပ်ပြီး သနားမိသော်လည်း မည်ကဲ့သို့ နှစ်သိမ့်ပေးရမည်ဆိုတာကို မသိပေ။

သူမသည် အခြားသူများကို နှစ်သိမ့်မှုပေးရာတွင် အတွေ့အကြုံမရှိပေ။

ရံဖန်ရံခါ သူမသည် တစ်စုံတစ်ယောက်ကို နှစ်သိမ့်ပေးခဲ့သော်လည်း ထိုအရာကို မိခင်မေတ္တာဟု အထင်လွဲခံရသည်။

ခဏအကြာတွင် ဖန်းကျန်းဝူသည် သူမ၏ အပြုံးကို ပြန်လည်ရရှိခဲ့သည်။

" အဆင်ပြေပါတယ်။ အရင်တုန်းက အစ်မကို နားမလည်ခဲ့ရင်တောင် အခု နားလည်ပြီ။ အစ်မအပေါ်ထားတဲ့ အချစ်တွေက လျော့မသွားဘူး။ အဲ့ဒီအစား တိုးလာတယ်။ တခြားသူတွေဆီက အကာအကွယ်ပေးရတဲ့ ခံစားချက်ကို ညီမလေး တကယ်ကြိုက်ပါတယ် "

ရေသောက်နေသော ယဲ့ဖန်သည် တွေးထုတ်မိမတတ် ဖြစ်သွားသည်။

သူမကိုယ်သူမ အရူးလုပ်လိမ့်မယ်လို့ ယဲ့ဖန် မမျှော်လင့်ထားချေ။

ရှုကျင်းရှင်းသည် အလွန်အားကိုးရာမဲ့နေခဲ့သည်။

အကယ်၍ သူမသည် ယောက်ျားတစ်ယောက်၏ ကပ်တွယ်မှုကို ရင်ဆိုင်ရပါက မည်သို့ကိုင်တွယ်ရမည်ကို သိနိုင်သည်။

သို့သော် ဤကဲ့သို့ ချစ်စရာကောင်းသည့် မိန်းကလေးတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ ဘယ်ကနေစရမှန်း မသိတော့ချေ။

ဖန်းကျန်းဝူသည် သူမ၏ စိတ်ဓာတ်ကို ပြန်လည်ရရှိပြီး ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။

" ဒီအချီမှာ နင်အနိုင်ရခဲ့တယ်။ ဒုတိယအချီ ဆက်ပြိုင်ကြရအောင် "

ယဲ့ဖန်သည် ဆိုဖာပေါ် ဖြည်းညှင်းစွာ မှီလိုက်သည်။

" ဒုတိယအကျော့က ဘာလဲ ထ

ဖန်းကျန်းဝူ၏အကြည့်များသည် ရှုကျင်းရှင်းဆီသို့ ရောက်သွားခဲ့သည်။

" ဒုတိယအကျော့မှာ ဘယ်သူက ပိုဂရုစိုက်နိုင်မလဲဆိုတာ ကြည့်ရအောင်။ အစ်မရှုကျင်းက သန်မာတဲ့အမျိုးသမီးတစ်ယောက်ဆိုတော့ ပင်ပန်းနေမှာ သေချာတယ်။ ပင်ပန်းလာတဲ့အခါ သူမကို ဂရုစိုက်ဖို့ တစ်စုံတစ်ယောက် လိုအပ်တယ်။ သူမကို ဘယ်သူက ပိုပြီး သက်တောင့်သက်သာဖြစ်အောင် စောင့်ရှောက်ပေးနိုင်မလဲဆိုတာ ငါတို့ ကြည့်ကြတာပေါ့ "

ကျွန်တော်တို့ မြင်တွေ့ရမှာပါ။”

ယဲ့ဖန်သည် ပြိုင်ပွဲ၏ အကြောင်းအရာများကို ကြားပြီးနောက် ချက်ချင်း မျက်လုံးကို ဝေ့လိုက်သည်။

" ဒါက ဘယ်လိုပြိုင်ပွဲကြီးလဲ "

လူတွေကို ပိုပြီး သက်တောင့်သက်သာ ဖြစ်စေချင်ရင် တစ်ချက်တည်းနဲ့ ဖြေရှင်းလို့ မရနိုင်ဘူးဆိုတာ အမှန်ပဲလို့ ပြောချင်နေသည်။

သူသာဆိုလျှင် နှစ်ချီလောက်မှ သက်တောင့်သက်သာ ရှိလိမ့်မည်။

သို့သော် သူ ထိုသို့ပြောလိုက်လျှင် မိန်းကလေးနှစ်ယောက်မှ သူ့ကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်အထိ လုပ်လိမ့်မည်ဟု ထင်သောကြောင့် သူ့စိတ်ထဲတွင်သာ လိမ္မာပါးနပ်စွာ သိမ်းထားလိုက်တော့သည်။

ဖန်းကျန်းဝူသည် ယဲ့ဖန်ကို ဂုဏ်ယူစွာ ကြည့်နေသည်။

" ပြိုင်ပွဲရဲ့ အကြောင်းအရာကို ကျွန်မ ဆုံးဖြတ်မယ်ဆိုတာကို အရင်သဘောတူထားပြီးသား။ ယှဉ်ပြိုင်ဖို့ ဆန္ဒမရှိရင် ရှုံးနိမ့်တာကို ဝန်ခံနိုင်တယ် "

ယဲ့ဖန်က သူ့လက်တွေကို ဘာမှမဖြစ်သလိူ မြှောက်လိုက်သည်။

" ကောင်းပြီ၊ ငါမင်းစကားကို နားထောင်မယ်။ မင်းအရင်လုပ်။ မင်း သူမကို ဘယ်လိုဂရုစိုက်မလဲဆိုတာ ငါကြည့်မယ် "

ဖန်းကျန်းဝူသည် သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

" ဒီမှာ အဆင်မပြေဘူး။ အခန်းထဲသွားရအောင် "

ယဲ့ဖန်သည် 'အခန်းယူရမယ်'ဟူသော စကားကို ကြားသောအခါ အနည်းငယ် အရိုင်းဆန်လာသည်ကို ဝန်ခံရပေမည်။

ချောမောလှပသော အမျိုးသမီး နှစ်ဦးနှင့် တစ်ခန်းတည်းနေသည့် အတွေ့အကြုံမရှိပေ။

ဖန်းကျန်းဝူပြောလိုက်သည်မှာ အနည်းငယ် ကျယ်သွားသောကြောင့် အနီးနားရှိ စားပွဲဝိုင်းမှ ဧည့်သည်တွေ အားလုံးက ဝိုင်းကြည့်နေကြသည်။

အထူးသဖြင့် သူတို့သည် ယဲ့ဖန်ကို ကြည့်သောအခါ မုန်းတီးမှုများနှင့် ပြည့်နှက်နေသည်။

အလှတရားနှစ်ယောက်တွင် တစ်ယောက်က ရင့်ကျက်ပြီး ဉာဏ်ရည်ဉာဏ်သွေးရှိပုံပေါ်ကာ နောက်တစ်ယောက်က ထက်မြက်ပြီး ချစ်စရာကောင်းလေသည်။

သူတို့နှစ်ယောက်လုံးသည် အကောင်းဆုံးတွေထဲမှ အကောင်းဆုံးတွေဖြစ်သည်။

သူတို့ထဲမှ တစ်ယောက်တည်းကို အိပ်ရာပေါ်သို့ တွန်းချနိုင်လျှင်ပင် လေလွင့်ပြီး ပျော်ရွှင်သွားမှာကို သူတို့ဘိုးဘေးတွေ မလိုလားလို့လား။

" ကောင်းပြီ အခန်းသွားယူရအောင်။ ဘယ်သူ့ကို ကြောက်ရမှာလဲ "

ယဲ့ဖန်သည် ရည်ရွယ်ချက်ရှိရှိဖြင့် အသံကျယ်ကျယ်ပြောကာ အရင်ထွက်လာခဲ့သည်။

ရှုကျင်းရှင်းနှင့် ဖန်းကျန်းဝူတို့သည် သူ့နောက်မှလိုက်ကာ စားသောက်ဆိုင်မှ ထွက်လာခဲ့သည်။

စားသောက်ဆိုင်ရှိ ဖောက်သည်များသည် ချက်ချင်းပင် စတင်ဆွေးနွေးကြသည်။

" ဟိတ်ကောင်၊ ငါ အခု နားကြား မှားနေတာလား။ ဒီကလေးက အဲ့လို အလှတရားနှစ်ယောက်ကို ဟိုတယ်ဆီ ခေါ်သွားတာလား "

" သံသယဖြစ်မနေပါနဲ့။ မင်း နားမထောင်လိုက်ဘူးလား။ ငါ့နှလုံးသားက နည်းနည်းတောင် နာသွားတယ် "

" အိုက်ယား၊ ဂေါ်ဖီကောင်းကို ဝက် စားနေပြီ။ ဒီအလှတရားနှစ်ယောက်က ဒီကလေးဆီမှာ ဘာမြင်လို့လဲ "

" ငါတော့ အရမ်းဒေါသထွက်တယ်။ ဒီကလေးထက် ငါ့ရဲ့ ဘယ်အပိုင်းက ပိုမကောင်းနေလို့လဲ။ ငါကရော ဘာလို့ ဒီလောက်ကောင်းတဲ့ အလှလေးတွေ မတွေ့ရတာလဲ "

သူတို့သည် အံကြိတ်ပြီး ယဲ့ဖန်ကို သူတို့၏ မယားခိုးယူသွားသူ တစ်ယောက်ကဲ့သို့ ကြည့်ကာ မုန်းနေကြသည်။

မနာလိုခြင်းသည် လူများကို ရူးသွပ်စေကြောင်း သက်သေပြခဲ့သည်။

ယဲ့ဖန်က အဲ့တာကို ဂရုစိုက်ဖို့ အချိန်မရှိချေ။

သူသည် ရှုကျင်းရှင်းနှင့် ဖန်းကျန်းဝူတို့ကို လမ်းတစ်ဖက်ရှိ ဟိုတယ်တစ်ခုဆီသို့ တန်းပြီး ခေါ်ဆောင်သွားခဲ့သည်။

" အခန်းဖွင့်ပေး "

သူ ဒီမှာရှိနေသည် ဘယ်သူမှမသိမှာ ကြောက်နေသလိုဖြင့် ဧည့်ကြိုကောင်တာ၌ သူ့ မှတ်ပုံတင်ကတ်ကို ရိုက်ချလိုက်သည်။

ဧည့်ကြိုသည် ယောက်ျားလေးတစ်ယောက်ဖြစ်သည်။

သူသည် ရှုကျင်းရှင်းနှင့် ဖန်းကျန်းဝူကို စိုက်ကြည့်ကာ တံတွေးမြိုချမိသည်။

" အခန်းဘယ်နှစ်ခန်း ဖွင့်ပေးရမလဲ "

ယဲ့ဖန်က ဒေါသတကြီး ပြန်ပြောသည်။

" မင်းရော ဘယ်လိုထင်လဲ။ သေချာပေါက် တစ်ခန်းတည်းပေါ့။ အခန်းကြီးတစ်ခုပေး။ မဟုတ်ရင် လုံလောက်မှာ မဟုတ်ဘူး "

ဧည့်ကြိုသည် ထိုစကားကို ကြားသောအခါ ပါးစပ်မှ သွေးများ အန်ထွက်မတတ်ဖြစ်သွားသည်။

မလုံလောက်ဘူးဆိုတာ သူ ဘာကိုဆိုလိုတာလဲ။ ဘယ်လောက်ကြီးတောင် သောင်းကျန်းမှာ မလို့လဲ။

သူ့စိတ်ထဲမှ ပြင်းထန်သော မသက်သာမှုကို နှိမ့်ချကာ သူတို့သုံးယောက်အတွက် အခန်းတစ်ခန်းကို နာခံမှုရှိရှိ ဖွင့်ပေးနေသည်။

ရှုကျင်းရှင်းသည် တစ်ချိန်လုံး ခေါင်းငုံ့ထားပြီး မျက်နှာသည် နားရွက်တွေထိ နီရဲနေသည်။

ဤသည်မှာ သူမ ဟိုတယ်ခန်းကို ပထမဆုံးအကြိမ် လာငှားခြင်းဖြစ်ပြီး သုံးယောက်လည်း ဖြစ်နေသည်။

ရှက်စရာကောင်းလွန်းလှသည်။

ဖန်းကျန်းဝူကတော့ ထိုကိစ္စကို သိပ်ပြီး မစဉ်းစားချေ။

သူမသည် ယဲ့ဖန်နှင့် ယှဉ်ပြိုင်နိုင်ရန် အခန်းကို အမြန်စာရင်းသွင်းစေချင်နေခဲ့သည်။

သူတို့သုံးယောက် အခန်းထဲကို ဝင်လာပြီးနောက် အချိန်ဖြုန်းမနေပေ။

သူမသည် ရှုကျင်းရှင်းကို ဆိုဖာပေါ် အမြန်ဆွဲတင်လိုက်သည်။

" အစ်မကျင်းရှင်း၊ မြန်မြန်ထိုင် "

ရှုကျင်းရှင်း အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။

" ဘာလုပ်ချင်လို့လဲ "

ဖန်းကျန်းဝူ၏ လက်လေးနှစ်ချောင်းသည် လေကို ဆုပ်ကိုင်လိုက်သည်။

" သေချာတာကတော့ နှိပ်နယ်ခြင်းပဲ။ မေမေ ဖျားနေတုန်းက နာကျင်မှုကို သက်သာစေဖို့ နှိပ်နယ်နည်းကို မသိအောင်လေ့လာခဲ့တယ်။ ညီမလေးရဲ့နားလည်နိုင်စွမ်းက အရမ်းမြင့်လို့ ဆရာကြီးက ပညာအမွေတောင် ပေးချင်ခဲ့ပေမယ့် ညီမလေးက ငြင်းခဲ့တာ "

ရှုကျင်းရှင်းက တစ်ခုခု ထပ်ပြောချင်သော်လည်း ရှင်းပြချိန်မရှိဘဲ ဆိုဖာပေါ် ဖိချခံလိုက်ရသည်။

ထို့နောက် သူမ၏ ကျောပေါ်ရှိ လက်လေးတစ်စုံကို ခံစားလိုက်ရသည်။

" အိုး ....... "

သူမသည် မသိစိတ်မှ ညည်းမိသွား၍ ချက်ချင်းပင် မျက်နှာနီရဲကာ ပုန်းအောင်းရန် အပေါက်ပင် ရှာလိုက်ချင်မိသည်။

သို့သော် ထိုအရှက်တရားသည် ထုံကျင်ခြင်းလှိုင်းပိုးများဖြင့် လျင်မြန်စွာ အစားထိုးလာခဲ့သည်။

သူမခန္ဓာကိုယ်ထဲတွင် သာယာမှု လှိုင်းလေးများကိုသာ ခံစားခဲ့ရသည်။

ဒီကလေးမလေးရဲ့ နည်းစနစ်က တကယ့်ကို မဆိုးဘူးဘဲ။

ယဲ့ဖန်သည် အစက ဆိုဖာပေါ်တွင် ထိုင်နေခဲ့သည်။

ထို့နောက် ဤကဲ့သို့ ရူးသွပ်စရာကောင်းသည့် မြင်ကွင်းကို မြင်လိုက်ရပြီးနောက် သူ့ခြေထောက်တွေကို ဖြည်းညှင်းစွာ ချိတ်ထိုင်ပစ်လိုက်သည်။

ဟမ်၊ ဒီခံစားချက်…...မဟုတ်သေးပါဘူး၊ သူမရဲ့ နည်းပညာက တကယ်ကို မဆိုးဘူးဘဲ။

အပိုင်း ( ၇၃၉ )

အနံ့က အရမ်းကောင်းတာ သိသာတယ်။

ဖန်းကျန်းဝူ၏ နှိပ်ခြင်းသည် ဆယ်မိနစ်ကျော်ကြာပြီးနောက် သူမလက်လေးကို ဖြည်းညှင်းစွာပြန်ဆွဲပြီး လက်ချောင်းများကို ပွတ်သပ်ပေးသည်။

အစ်မကျင်းရှင်း၏ လက်လေးသည် တကယ်ကိုင်လို့ကောင်းသည်။

တစ်မှတ်လောက် ကြီးလျှင် အရမ်းဝနေမည်ဖြစ်ပြီး တစ်မှတ်သာ လျှော့နေလျှင် သူမ အရမ်းပိန်သွားလိမ့်မည်ဖြစ်သည်။

သူမကို ပွေ့ဖက်ထားနိုင်လျှင် အိပ်လို့ကောင်းလိမ့်မည်။

ရှုကျင်းရှင်းသည် မတ်တပ်ထရပ်ပြီး သူမ၏ ခန္ဓာကိုယ်ကို အကျောဆန့်နေပြီ ဖြစ်သည်။

သူမ ချက်ချင်းပင် အံ့အားသင့်စွာကြည့်လိုက်သည်။

" ကျန်းဝူ၊ ညီမလေးရဲ့ အနှိပ်နည်းစနစ်က တကယ် ကောင်းတာပဲ။ အစတုန်းကတော့ နည်းနည်း ပင်ပန်းနေပေမယ့် အခုတော့ ပိုပြီးတော့ ပေါ့ပေါ့ပါးပါး ခံစားလာရတယ် "

ဖန်းကျန်းဝူ၏ မျက်လုံးများသည် လခြမ်းများအဖြစ်သို့ ပြောင်းလဲသွားကာ သူမ ပြုံးလိုက်သည်။

" ဟုတ်တယ်။ ညီမလေးရဲ့ ဒီအနှိပ်နည်းပညာကို 'နတ်ပြည်တမျှရူနည်း'လို့ ခေါ်တယ်။ ဂျပန်က အရမ်းရှေးကျတဲ့ နှိပ်နယ်နည်းပဲ။ ညီမလေးမိသားစုရဲ့ အဆက်အသွယ်ကြောင့်သာ မဟုတ်ရင် သူတို့က သင်ပေးမှာတောင် မဟုတ်ဘူး "

သူမသည် ပြောနေရင်းဖြင့် အောင်ပွဲသည် သူမ၏ လက်ထဲတွင် ရှိနေသကဲ့သို့ ယဲ့ဖန်အား မျက်ခုံးပင့်ပြရန်လည်း မမေ့ချေ။

ထိုမှသာ ရှုကျင်းရှင်း အသိပြန်ကပ်ခဲ့သည်။

ဖန်းကျန်းဝူ၏ နှိပ်နည်းစနစ်သည် အလွန်ကောင်းမွန်နေပြီဖြစ်သည်။

ထို့ကြောင့် ယဲ့ဖန်သည် ဤတစ်ကြိမ်တွင် အန္တရာယ်ရှိနိုင်သည်။

ယဲ့ဖန်က နှစ်ယောက်စလုံး သူ့ကိုကြည့်နေတာကို မြင်လိုက်ရသည်။

သူ ဆတ်ခနဲ ထရပ်လိုက်ပြီး လေကို လှမ်းကိုင်လိုက်သည်။

" ဒါဆို ငါ့အလှည့်ပဲ "

ရှုကျင်းရှင်းသည် သူ့လုပ်ရပ်ကို မြင်ပြီး မသိစိတ်က ထွက်ပြေးချင်လာသည်။

ဖန်းကျန်းဝူ လုပ်တုန်းက ချစ်စရာကောင်းသည်ဟု မြင်မိပြီး ယဲ့ဖန်လုပ်သည့်အခါ ဘာကြောင့် စိတ်မကောင်းဖြစ်မိလဲ မသိချေ။

ယဲ့ဖန်သည် သူမ၏ စိုးရိမ်မှုကို မြင်နေပုံရသည်။

" စိတ်မပူပါနဲ့၊ ကိုယ် မင်းကို အခွင့်ကောင်းယူမှာမဟုတ်ဘူး။ လာ၊ အိပ် "

ရှုကျင်းရှင်း၏ ပထမစာကြောင်းကို ကြားလိုက်ရသောအခါ သူမ အနည်းငယ် စိတ်သက်သာရာရသွားသည်။

သို့သော် သူ့စကား၏ ဒုတိယတစ်ဝက်ကို ကြားလိုက်ရသောအခါ သူမ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

ဖန်းကျန်းဝူ နှိပ်နယ်ပေးသောအခါ သူမသည် နောက်ကျောကိုသာ နှိပ်နယ်ပေးခဲ့သည်။

အရှေ့ကို အနှိပ်ခံဖို့လည်း မစီစဉ်ထားချေ။

ယဲ့ဖန်က သူမ ထင်တာကို ဂရုမစိုက်ပေ။

သူမကို ဆိုဖာပေါ်သို့ ဖိချလိုက်ပြီး သူမအဝတ်အစားတွေကို ဆွဲလှန်ဖို့ ကြိုးစားလေသည်။

ရှုကျင်းရှင်းက သူမအဝတ်အစားတွေကို ကိုင်ထားဖို့ အမြန်လက်ကိုဆွဲကာ သူ့ကို စိုက်ကြည့်နေသည်။

" ရှင် ...... ဘာလုပ်နေတာလဲ "

ယဲ့ဖန် မျက်လုံးပြူးသွားသည်။

" ဒါဆို မင်းရဲ့ရောဂါကို ကုသဖို့ ဘာဆက်လုပ်ရမှာလဲ "

ဘေးမှာရှိနေသည့် ဖန်းကျန်းဝူသည် သူတို့နှစ်ယောက်ကိုမြင်ပြီး ချက်ချင်း သံသယဖြစ်သွားသည်။

" ရှင်တို့ သမီးရည်းစားဆိုတာ ဟုတ်ရဲ့လား။ ညီမလေးကို လိမ်နေတာလား "

ယဲ့ဖန်သည် ရှုကျင်းရှင်းကို အမြန်ကြည့်လိုက်သည်။

" ကြည့်ဦး၊ မင်းအရမ်းရှက်နေလို့ ကလေးက သံသယဖြစ်နေပြီ။ ကိုယ်တို့ အတူတူနေခဲ့တာကြာပြီ။ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဖူးကြတာလည်း မဟုတ်ဘူး။ မြန်မြန် လွှတ်လိုက် "

ရှုကျင်းရှင်း၏ ဖြူစင်သောမျက်နှာသည် ချက်ချင်း နီရဲသွားသော်လည်း သူမသည် ဖြည်းညှင်းစွာ လွှတ်ပေးလိုက်ဆဲဖြစ်သည်။

ထိုမှသာ ယဲ့ဖန်သည် သူမ၏ အဝတ်အစားကို လှန်မြှောက်သည့်အခခ သူမ၏ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ခါးလေးက ပေါ်လွင်လာခဲ့သည်။

" ဒီရက်ပိုင်းအတွင်း မင်း ရာသီလာထားတာမလား။ အရမ်းနာတယ် မဟုတ်လား။ မင်းသက်သာရာရအောင် ကိုယ် ကူညီပေးမယ် "

ရှုကျင်းရှင်း အံ့သြသွားသည်။

" ရှင် ဘယ်လိုသိတာလဲ "

ယဲ့ဖန်သည် သူမ၏ နဖူးကို လက်ညှိုးဖြင့် ပုတ်လိုက်ပြီး နောက်သို့ ဖိလိုက်သည်။

" ကိုယ်က မင်းရဲ့ချစ်သူပါ။ ဘယ်လိုလုပ် မသိဘဲနေနိုင်မှာလဲ "

စကားပြောနေရင်း အိတ်ကပ်ထဲမှ ငွေအပ်တစ်ချောင်းကို ထုတ်ယူလိုက်သည်။

ဖန်းကျန်းဝူသည် သူ့လုပ်ရပ်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။

" အပ်စိုက်ကုတာကို သိတာလား။ ဒီ ရှေးကျတဲ့ တရုတ်ဆေးဘက်ဆိုင်ရာ နည်းပညာကို ကြားဖူးတယ်။ လူတစ်ယောက်ကို အပ်တစ်ချောင်းနဲ့ ထိုးလိုက်တာက တကယ်ပဲ အလုပ်ဖြစ်နိုင်ပါ့မလား "

ယဲ့ဖန်က သူမကို ပြုံးပြပြီး ငွေအပ်ကိုကိုင်ကာ ရှုကျင်းရှင်း၏ ဝမ်းဗိုက်အောက်ပိုင်းကို ထိုးဖောက်လိုက်သည်။

အစပိုင်းတွင် ရှုကျ်ငးရှင်းသည် အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသော်လည်း ငွေအပ်အနည်းငယ် ထိုးပြီးနောက် နာကျင်မှုသည် များစွာသက်သာသွားသည်ကို သူမ ခံစားခဲ့ရသည်။

ခဏအကြာတွင် သူမသည် နာကျင်မှုကို လုံးဝပင် မခံစားရတော့ပေ။

ယဲ့ဖန်သည် သူမ၏ အမူအရာကို စောင့်ကြည့်နေသည်။

ထိုပုံစံကိုမြင်ပြီး ငွေအပ်အားလုံးကို ချက်ချင်း ဖယ်ပေးလိုက်သည်။

" ဘယ်လိုနေလဲ၊ ခံစားရတာ "

ဖန်းကျန်းဝူလည်း ရှုကျင်းရှင်းကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။

သူမ၏ ခံစားချက်တွေမှာ ပြိုင်ပွဲ ရလဒ်နှင့် ဆက်စပ်နေသောကြောင့် သူမ မစိုးရိမ်ဘဲ မနေနိုင်ခဲ့ချေ။

ရှုကျင်းရှင်း ဖြည်းညှင်းစွာ ထထိုင်လိုက်ပြီး ခဏလောက် ခံစားလိုက်ပြီးနောက် သူမသည် စိတ်လှုပ်ရှားစွာထရပ်လျက် ယဲ့ဖန်ကို ပွေ့ဖက်လိုက်သည်။

" ယဲ့ဖန်၊ ကျေးဇူးအများကြီးတင်ပါတယ် ..… ငါ အများကြီး နေလို့ပိုကောင်းလာတယ်။ မနာတော့ဘူး "

ယဲ့ဖန်၏ လက်များသည် သူမ၏ သွယ်လျသောခါးကို ဖြည်းညှင်းစွာ ပတ်ထားသည်။

" ကိုယ်နဲ့သာ အတူရှိနေရင် မင်းရာသီလာမှာကို စိတ်ပူစရာမလိုတော့ဘူး "

ရှုကျင်းရှင်းသည် သူ့စကားက အနည်းငယ် အဆင်မပြေသလို ခံစားလိုက်ရသည်။

ထို့နောက် သူမသည် အခုလေးတင် စိတ်လှုပ်ရှားလွန်းပြီး သူ့ကို အရင် ပွေ့ဖက်လိုက်မိသည်ကို သတိရကာ ငြိမ်သက်သွားပြီး မျက်နှာက နီရဲလာတော့သည်။

" ရှင် ....... ကျွန်မကို လွှတ် "

သူ့ကို တွန်းထုတ်ရန် ကြိုးစားနေသော်လည်း တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသောကြောင့် တွန်းမထုတ်နိုင်ပေ။

" မင်းကို ခဏလောက် ဖက်ထားပါရစေဦး "

ယဲ့ဖန်သည် ထိုခံစားချက်ကို နှစ်သက်နေသည်။ သူ့ကိုတောင် စွဲလန်းသွားစေနိုင်သည်။

ရှုကျင်းရှင်း မခံနိုင်တော့ချေ။

သူမ သူ့ကို တွန်းဖယ်လိုက်ပြီး သူ့ကို စိုက်ကြည့်နေသည်။

ယဲ့ဖန် သူ့ခေါင်းကို လှည့်ပြီး ဖန်းကျန်းဝူကို တစ်ချက်ကြည့်လိုက်သည်။

" သူမ ပြောတာကိုကြားလား။ ဒီပွဲမှာ ငါပဲ ထပ်ပြီး အနိုင်ရသွားပြီ "

ဖန်းကျန်းဝူသည် ရှုကျင်းရှင်း ကို တည့်တည့် စိုက်ကြည့်နေသည်။

" အစ်ကျင်းရှင်း၊ ရလဒ်တွေက တကယ်ပဲ သူနဲ့တော့ မဆိုင်ဘူး မဟုတ်လား "

ရှုကျင်းရှင်း ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

" အစ်မရဲ့ တရားမျှတမှုကို မင်းသံသယဝင်နေတာလား "

ဖန်းကျန်းဝူက ခေါင်းခါလိုက်သည်။

" ညီမလေး၊ အစ်မကို သံသယမဝင်ပါဘူး။ ဒီကုသနည်းက အံ့ဩစရာကောင်းလွန်းတယ်လို့ ခံစားရလို့ပါ။ ငွေအပ် နည်းနည်းလောက် စိုက်လိုက်တာက ရောဂါကို ကုသနိုင်တာလား "

ယဲ့ဖန်သည် ငွေအပ်ကို ကိုင်ထားပြီး မကောင်းသော ရည်ရွယ်ချက်ဖြင့် သူမကို ကြည့်နေသည်။

" ဒါဆို မင်းကိုယ်တိုင် စမ်းကြည့်ချင်လား "

ဖန်းကျန်းဝူသည် ချက်ချင်း လက်ခံခဲ့သည်။

" အဲ့လိုပဲ စဉ်းစားနေတာ "

သူမ စကားပြောနေရင်စ ဆိုဖာပေါ်တွင် လှဲလိုက်သည်။

တကယ်တွင် သူမသည် အရပ်မပုချေ။

သူမသည် အနည်းဆုံး ၁.၆၅ မီတာလောက် အရပ်ရှည်ပြီး ရှုကျင်းရှင်းထက်တော့ အနည်းငယ် ပုလေသည်။

သို့သော် သူမသည် အလွန်ချစ်စရာကောင်းပြီး ချစ်စရာဂါဝန်ဝတ်စုံကို ၀တ်ထားသောကြောင့် သူမသည် ကာတွန်းဆန်သောပုံပေါက်နေသည်။

လှဲချလိုက်ပြီးသည်နှင့် သူမသည် ဆိုဖာတစ်ခုလုံးကို ချက်ချင်း နေရာယူလိုက်ကာ သူမ၏ ခြေနှစ်ချောင်းသည် ခုံအပြင်ဘက်တွင် ချထားလိုက်ရသည်။

ယဲ့ဖန်သည် သူမ၏ သွေးခုန်နှုန်းကို ပထမဆုံး စစ်ဆေးခဲ့သည်။

ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ် အခြေအနေကို ကောင်းမွန်စွာ နားလည်လာခဲ့သည်။

ထို့နောက် လှည့်ကြည့်ကာ သူမ၏ ဖိနပ်ကို ချွတ်လိုက်သည်။ ထိုအခါ ယုန်ပုံစံ ခြေအိတ်အဖြူကို ပေါ်လာသည်။

" ဟေး၊ နင် ဘာလုပ်နေတာလဲ "

ဖန်းကျန်းဝူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ချက်ချင်းထထိုင်လိုက်ပြီး သူမ၏ ခြေထောက်ကို ပြန်ဆွဲထုတ်လိုက်သည်။

" နောက်ထပ် ဘာလုပ်နိုင်မှာမလို့လဲ။ သေချာပေါက် မင်းကို ပြန်လည်သက်သာလာဖို့ ကူညီပေးနေတာလေ "

ယဲ့ဖန်က အပြစ်ကင်းစွာ ပုခုံးတွန့်လိုက်သည်။

" ဒါဆို ငါ့ဖိနပ်ကို ဘာလို့ချွတ်တာလဲ။ ငါ့ဝမ်းဗိုက်အောက်ပိုင်းကို အပ်မထိုးဘူးလား "

ဖန်းကျန်းဝူက ဒေါသတကြီး မေးလေသည်။

" ဒါပေါ့၊ မတူညီတဲ့ရောဂါတွေအတွက် မတူညီတဲ့ သွေးကြောတွေနဲ့ သက်ဆိုင်တယ်။ ရာသီမပေါ်သေးတဲ့အတွက် ဝမ်းဗိုက်အောက်ပိုင်းကို အပ်တွေ သုံးစရာမလိုပါဘူး "

ယဲ့ဖန် ရှင်းပြခဲ့သည်။

ဖန်းကျန်းဝူက သူ့ကို သိပ်မယုံချေ။

သူမက ရှုကျင်းရှင်းကို လှည့်ကြည့်လိုက်သည်။

" အစ်မကျင်းရှင်း၊ အဲ့တာ အမှန်ပဲလား "

ရှုကျင်းရှင်း ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ် "

ဖန်းကျန်းဝူ သက်သာရာရသွားသော်လည်း သူမ အနည်းငယ်ရှက်နေသေးသည်။

" ဒါဆိုလည်း ... ငါတို့နေရာပြောင်းလို့ရမလား။ ငါ … ယားတတ်တယ် .... "

ယဲ့ဖန်က စိတ်မချမ်းမသာ ဖြစ်သွားသည်။

" ဒါက ကုသမှုလေ။ စျေးစစ်နေလို့ ရမလား။ မင်းရဲ့ နံစော်နေတဲ့ ခြေထောက်တွေ မြင်ဖို့ ငါတကယ် ဂရုစိုက်တယ်လို့ ထင်နေလား။ မကုသချင်ရင် မေ့လိုက် "

ထိုသို့ဖြင့် ယဲ့ဖန် လှည့်ထွက်သွားရန်ပြင်သည်။

ထိုပုံစံကို မြင်ပြီး ဖန်းကျန်းဝူက အံကြိတ်လိုက်သည်။

" ကောင်းပြီ ငါသဘောတူတယ် "

တစ်ချိန်တည်းမှာပင် သူမ ဆက်ပြောသည်။

" နင့်ခြေထောက်တွေကမှ အနံ့အသက်ဆိုးတာ။ ငါ့ခြေထောက်က အနံ့အရမ်းကောင်းတယ် "

ယဲ့ဖန်သည် ဖန်းကျန်းဝူ၏ ကျောက်စိမ်းနှင့်တူသော ခြေတစ်စုံကို မြင်သောအခါတွင် သူသည် မကောင်းစိတ်ဖြစ်လာကြောင်း ဝန်ခံရမည်။

သူတွင် အထူးဝါသနာတွေ မရှိသော်လည်း ထိုခြေဖဝါးလေးကို မြင်လိုက်သည်နှင့် မခံမရပ်နိုင် ဖြစ်သွားသည်ကို ဝန်ခံရပေမည်။

သို့သော်လည်း ရှုကျင်းရှင်းသည် သူ့အနားတွင် ရှိနေသောကြောင့် ရက်စက်ကြမ်းကြုတ်စွာ ပြုမူခြင်းကို မလုပ်နိုင်ပေ။

စိတ်ကို လျင်မြန်စွာ ပြောင်းရန် ငွေအပ်ကို စတင် စိုက်ခဲ့သည်။

အပိုင်း ( ၇၄၀ )

ရိုးသားတဲ့လူကို အနိုင်ကျင့်နေတာ မဟုတ်လား

အမှန်တွင် ယဲ့ဖန်သည် ဖန်းကျန်းဝူကို ပထမဆုံး မြင်လိုက်ရကတည်းက ဒီမိန်းကလေးသည် ကိုယ်ခံပညာကို တတ်မြောက်ထားပြီး သူမ၏ အစွမ်းက မနည်းကြောင်း ပြောနိုင်လေသည်။

အခု သူမ၏ သွေးခုန်နှုန်းကို စမ်းလိုက်သည့်အခါ ထိုအချက်ကို အတည်ပြုနိုင်ခဲ့သည်။

သူမ၏ သွေးခုန်နှုန်းသည် သန်မာပြီး ရှည်လျားကာ ပျော့ညံ့ခြင်းမရှိကြောင်း ပြသနေသည်။

သူမသည် ကိုယ်ခံပညာကို နှစ်အတော်ကြာ လေ့ကျင့်ထားကာ လျှို့ဝှက်ဒဏ်ရာအချို့ ရရှိထားခြင်းကြောင့် ဖြစ်နိုင်သည်။

သူမကို ကုသပေးနိုင်မည်ဟု အာမ မခံနိုင်သော်လည်း အနည်းဆုံးတော့ သူမ၏ နာကျင်မှုကို သက်သာစေနိုင်သည်။

သူမခြေဖဝါးပေါ်ရှိ ယုံချွမ်းသွေးကြောထဲသို့ ပထမဆုံးငွေအပ်ကို စိုက်ထည့်လိုက်သောအခါ ဖန်းကျန်းဝူ၏ ခြေချောင်းများသည် ပိုးထိုးကောင်ကဲ့သို့ ကွေးကောက်သွားကာ အလွန်ချစ်စရာကောင်းလှသည်။

ယဲ့ဖန် သူမကို နောက်ပြောင်ချင်လေသည်။

သူသည် အပ်များကို ရည်ရွယ်ချက်ရှိရှိ ဖိထိုးခဲ့သည်။

ထိုပုံစံသည် အနာကျက်စေသော အာနိသင်ကို မထိခိုက်စေသော်လည်း သူမကို ယားယံစေနိုင်သည်။

မျှော်လင့်ထားသည့်အတိုင်း ဖန်းကျန်းဝူ၏ ခြေချောင်းများသည် ပို၍ပင် ကွေးကောက်သွားခဲ့သည်။

သူမသည် ဆိုဖာလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ နှုတ်ခမ်းကို တင်းတင်းကိုက်ပြီး မအော်မိစေရန် အစွမ်းကုန် ကြိုးစားနေသည်။

ယဲ့ဖန်သည် သူမ ဆက်လက် တောင့်ထားဆဲဖြစ်ကြောင်း မြင်လိုက်ရပြီး ပြင်းထန်မှု ဆက်လက် တိုးလိုက်သည်။

ဖန်းကျန်းဝူသည် နောက်ဆုံးတွင် မခံနိုင်တော့ဘဲ နူးညံ့သော "အွန်း"ဟူ၍ ညည်းတွားသံကို ချက်ချင်း ထုတ်ပစ်လိုက်သည်။

ထိုအသံသည် တကယ်ကို ရင်ခုန်စရာကောင်းလှသည်။

ယဲ့ဖန်၏ နှလုံးခုန်နှုန်းကို မြန်ဆန်သွားစေသည်။

ရှုကျင်းရှင်းသည် ယဲ့ဖန်မှာ ရည်ရွယ်ချက်ရှိရှိနှင့် လှည့်စားနေသည်ဟု ပြောနိုင်တာကြောင့် သူ့ဖင်ကို ချက်ချင်းကန်လိုက်သည်။

ထိုမှသာ ယဲ့ဖန် ရပ်တန့်သွားသည်။

သူသည် ငွေအပ်ကို မြန်ဆန်စွာ ထိုးသွင်းပေးပြီး ပြီးသွားသည်။

ဖန်းကျန်းဝူသည် အစပိုင်းတွင် သိပ်ပြီးမခံစားရဘဲ ချက်ချင်း သူ့ကို ငုံ့ကြည့်လိုက်သည်။

သူ့ရဲ့ကုသတဲ့နည်းက ဒီလောက်ပဲလား။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူမ၏ ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများသည် ပို၍ထင်ရှားလာသည်။

သူမသည် လေ့ကျင့်နေစဉ်အတွင်း စိတ်မရှည်လွန်းသောကြောင့် သူမ၏ ခြေသလုံးတွင် ဒဏ်ရာရခဲ့သည်။

သူမ၏ ခြေထောက်တစ်ပိုင်းသည် တစ်ချိန်လုံး နာကျင်နေခဲ့သည်။

သူ့ဆရာက ဆေးပညာကို ကျွမ်းကျင်နေသော်လည်း ဒီအတွင်းဒဏ်ရာကို လုံးဝ မဖယ်ရှားပေးနိုင်ခဲ့ချေ။

သို့သော် ယခုအချိန်တွင် ရေခဲနှင့် နှင်းများ အရည်ပျော်သွားသကဲ့သို့ နာကျင်မှုသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ဆယ်မိနစ်ခန့်အကြာတွင် ယဲ့ဖန်သည် ငွေအပ်များကို ထုတ်ဖယ်လိုက်သည်။

သူက ပြောလေသည်။

" မတ်တပ်ရပ်ပြီး ခံစားကြည့်လိုက် "

ဖန်းကျန်းဝူသည် နာခံစွာဖြင့် မတ်တပ်ထရပ်ပြီး နှစ်ကြိမ် ခုန်ဆင်းလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း သူမသည် နာကျင်မှုကို မခံစားရတော့ပေ။

ချက်ချင်း သူ့ကို တအံ့တသြ ကြည့်လိုက်သည်။

" တကယ်ထိရောက်တာပဲ။ ဒါက ...... မှော်ဆန်လွန်းတယ် မဟုတ်ဘူးလား "

ယဲ့ဖန်က ငွေအပ်များကို သိမ်းလိုက်ပြီး ပြုံးစိစိနှင့် ပြောလေသည်။

" အခု ရှုံးတာကို ဝန်ခံပြီလား "

ဖန်းကျန်းဝူသည် ထိုစကားကို ကြားလိုက်သောအခါ သူမ၏ ကနဦးပျော်ရွှင်မှုက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

" ဟမ့် နင်အနိုင်ရရင်ရော ဘာဖြစ်လဲ။ တတိယအချီ ရှိသေးတယ်။ ဒီတစ်ခါတော့ နင် သေချာပေါက် ရှုံးမှာ "

ရှုကျင်းရှင်းက သူမကို စူးစူးစိုက်စိုက်ကြည့်နေသည်။

" တတိယအချီက ဘာလဲ "

ဖန်းကျန်းဝူသည် ယဲ့ဖန်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

" အစ်မကျင်းရှင်းနဲ့ အတူရှိချင်တယ်ဆိုရင် သူမကို ကာကွယ်ပေးဖို့ ခွန်အားရှိရမယ်။ တတိယအချီမှာ ကိုယ်ခံပညာနဲ့ ယှဉ်ပြိုင်ရမှာ "

ယဲ့ဖန် ဘာမှပြန်မပြောမီ ရှုကျင်းရှင်း မျက်မှောင်ကြုတ်လိုက်သည်။

" တိုက်ခိုက်တာကို မေ့နေတာလား။ တိုက်ခိုက်တာတွေ၊ သတ်ဖြတ်တာတွေကို မကြိုက်ဘူး "

ဖန်းကျန်းဝူက သူမကို ပြုံးပြသည်။

" ဒါက တိုက်ပွဲမဟုတ်ပါဘူး။ သာမန်ကစားနည်းတစ်ခုပါပဲ။ အစ်မကျင်းရှင်း၊ စိတ်မပူနဲ့။ သူ့ကို ညီမလေး မထိခိုက်စေရပါဘူး "

ယဲ့ဖန်က မေးသည်။

" သူမက မင်း ထိခိုက်မှာကြောက်လို့ ပြောနေတာ။ ငါ ကိုယ်ခံပညာကို နှစ်ဝက်လောက် လေ့ကျင့်ခဲ့ပြီးပြီ။ မင်းငါ့ကို ပြိုင်ချင်တာ သေချာလား "

ဖန်းကျန်းဝူသည် သူ့စကားကို သဘောကျသွားသည်။

" တစ်နှစ်ခွဲလောက် လေ့ကျင့်ပြီးတာနဲ့ ဂုဏ်ယူနေတာလား။ ငါက ငယ်ငယ်ကတည်းက နင်ဂျစ်ဆုကို လေ့ကျင့်ခဲ့တာ ဆယ်နှစ်ကျော်လာပြီ။ နင်က ငါ့ရဲ့ ပြိုင်ဘက်လို့ ထင်နေတုန်းလား "

ယဲ့ဖန် အံ့အားသင့်သလို ဟန်ဆောင်လိုက်သည်။

" ဆယ်နှစ်ကျော် လေ့ကျင့်ခဲ့တာလား။ ရိုးသားတဲ့လူကို အနိုင်ကျင့်နေတာမဟုတ်ဘူးလား။ မတရားဘူး။ ကန့်ကွက်ပါတယ် "

ဖန်းကျန်းဝူက အေးစက်စွာ အော်လိုက်သည်။

" ကန့်ကွက်မှု ပယ်ချခံရတယ်။ ပြိုင်ပွဲအကြောင်းအရာကို ငါ ဆုံးဖြတ်ပေးမယ်လို့ သဘောတူညီထားခဲ့တယ်လေ။ ကြောက်ရင် ရှုံးတာကို ဝန်ခံလိုက် "

ယဲ့ဖန်၏ မျက်နှာသည် ဖြူဖျော့နေပြီး အလွန်စိတ်ဝင်စားစရာကောင်းနေပုံရသည်။

ရှုကျင်းရှင်းက မတတ်နိုင်ဘဲ ခေါင်းခါလိုက်သည်။

သူမသည် ယဲ့ဖန်၏ စစ်မှန်သော ခွန်အားကို ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။

ဦးလေးလျုံပင်လျှင် သူနှင့် ပြိုင်ဘက်မဟုတ်ကြောင်း ဝန်ခံခဲ့ရသည်။

သူက ဖန်းကျန်းဝူကို စိတ်ရှုပ်ထွေးအောင် ကြိုးစားနေသည်မှာ ထင်ရှားလေသည်။

သို့သော် ယဲ့ဖန်၏ သရုပ်ဆောင်စွမ်းရည်က အတော်လေး ကောင်းလေသည်။

သူမသာ ကြိုမသိခဲ့ပါက အလိမ်ခံရလိမ့်မည်။

ဖန်းကျန်းဝူက ချက်ချင်းပဲ ပြောလိုက်သည်။

" နင် စဉ်းစားပြီးပြီလား။ စိတ်မပူပါနဲ့၊ ငါ့စွမ်းအားရဲ့ ၁၀ရာခိုင်နှုန်းကိုပဲ သုံးမယ်။ ငါ နင့်ကို မထိခိုက်စေဘူးလို့ ငါ အာမခံတယ် "

ယဲ့ဖန်သည် နောက်ဆုံးတွင် စိတ်ပိုင်းဖြတ်ပြီးပုံရသည်။

သူသည် သေခြင်းကို မကြောက်ဟု ပြောနေသည့် အမူအရာကို ပြသခဲ့သည်။

" ကောင်းပြီ၊ ငါသဘောတူတယ်။ ဒါပေမယ့် မင်း ငါ့ကို ကရုဏာထားရမယ် "

" ကောင်းပြီ "

ဖန်းကျန်းဝူက သူ့ကို စကားပြောဖို့ အခွင့်မပေးချေ။

သူမသည် လေပြင်းတိုက်သလို ချက်ချင်း တိုက်ခိုက်လေသည်။

" ဟ၊ လူတစ်ယောက်ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာလား "

ယဲ့ဖန် အမြန်ပြန်ဆုတ်သွားသည်။

ဖန်းကျန်းဝူသည် မိန်းကလေးဖြစ်သော်လည်း သူမ၏ တိုက်ခိုက်မှုများမှာ အလွန်ပြင်းထန်ပြီး ပြိုင်ဘက်ကို အသက်ရှုရန် အခွင့်မပေးပေ။

ထို့အပြင် သူမ၏ ခွန်အားသည် ယခင်က ထိုနင်ဂျာထက်ပင် များသည်ဟု ယဲ့ဖန် ပြောနိုင်သည်။

သို့သော် သူ့မျက်လုံးထဲတွင် မူလတန်းကျောင်းသားတစ်ယောက်လိုသာ ဖြစ်နေဆဲဖြစ်သည်၊

" မဟုတ်ဘူး၊ မဟုတ်ဘူး။ မင်းရဲ့လက်တွေက ပိုမြန်ရမယ်။ မင်းဆရာက မင်းကို ဘာတွေ သင်ပေးတာလဲ "

" မင်းခြေထောက်တွေက နှေးကွေးပြီး ပျော့နေတာပဲ။ မင်းစားပြီး အားမရှိတော့ဘူးလား "

" ဒါက ဒေါင်လိုက်မဟုတ်ဘဲ အလျားလိုက်ဖြတ်ရမယ်။ ဒါက ဂျပန်နင်ဂျာတွေရဲ့ စံနှုန်းလား။ အလုပ်လုပ်ဖို့ စက်ရုံရှာတာ ပိုကောင်းတယ် ........ "

မရပ်မနား စကားပြောနေရင်း ခြံဝင်းထဲ၌ လမ်းလျှောက်သွားသလိုမျိုး တိုက်ခိုက်မှုကို ရှောင်နေခဲ့သည်။

တိုက်ပွဲတစ်ခုလို မဟုတ်ဘဲ သူ့တပည့်တွေကို ညွှန်ပြပေးနေသည့် ဆရာတစ်ယောက်နှင့် ပိုတူနေလေသည်။

ဖန်းကျန်းဝူ ထိတ်လန့်တုန်လှုပ်သွားသည်။

ဒီတစ်ယောက်က အရမ်းသန်မာတာမဟုတ်လား။

သူက ပြန်မတိုက်ခိုက်သေးပေမဲ့လည်း သူမရဲ့ တိုက်ခိုက်မှုတွေ အားလုံးကို အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့သည်။

သူမ ဆရာတောင်မှ မလုပ်နိုင်ချေ။

ယဲ့ဖန်၏ သဘောထားက အရှက်ရစေတာကြောင့် သူမ ဒေါသတကြီး ဖြစ်လာသည်။

သူမကို မျက်လုံးထဲ လုံးဝမထည့်ထားသလိုဖြစ်နေသည်၊

အကြိမ်အနည်းငယ် ဆက်လက်တိုက်ခိုက်သော်လည်း အခြားသူ၏အဝတ်အစားများကိုပင် မထိနိုင်သေးချေ။

သူမသည် ဒေါသဖြစ်ကာ ချက်ချင်း ထခုန်ကာ ဧည့်ခန်းထဲမှ မီးခွက်ကို အပိုင်းပိုင်းဖြတ်ပစ်လိုက်သည်။

ဒိုင်း

အခန်းသည် ချက်ချင်းပင် အမှောင်ကျသွားသည်။

မှောင်မိုက်သောပတ်ဝန်းကျင်သည် နင်ဂျာများအတွက် အကျိုးအရှိဆုံးဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်း ယဲ့ဖန်သည် ဖန်းကျန်းဝူ၏ ခြေရာများကို ချက်ချင်းပျောက်သွားခဲ့သည်။

သူမသည် အသက်တောင်မရှူဘဲ မြေပြင်မှ ပျောက်ကွယ်သွားပုံရသည်။

ဧည့်ခန်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။

ဖန်းကျန်းဝူ၏ ခြေရာကို ခံရန် သူ၏ အာရုံငါးပါးကို အသက်သွင်းလိုက်ချိန်တွင် သတိပေးချက်မရှိဘဲ သူ့လည်ပင်းပေါ်၌ စားပွဲတင် ဓားတစ်ချောင်း ပေါ်လာလေသည်။

ဓားသည်း ယဲ့ဖန်၏လည်ပင်းရှိ သွေးလွှတ်ကြောမှ တစ်စင်တီမီတာအောက်သာ ကွာဝေးတော့သည်။

ထို့အပြင် ဓား၏ အရှိန်သည် လုံးဝမလျော့ပေ။

ဒါသည် ပြိုင်ပွဲမဟုတ်ဘဲ သူ့အသက်ကို ယူရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

All Chapters