အပိုင်း ၇၄၁-၇၄၄
Vol. 38 Ch. 741-744
အပိုင်း ( ၇၄၁ )
ငါ့ကို အခွင့်ကောင်းယူဖို့ ဒီအခွင့်အရေးကို ယူနေတာလား ။
အရေးကြီးသောအခိုက်အတန့်တွင် ယဲ့ဖန်သည် ဖန်းကျန်းဝူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ပြီး တန်ပြန်တိုက်ခိုက်တော့မည် ဖြစ်သည်။
သို့သော် ထူးဆန်းသည့် မြင်ကွင်းတစ်ခု ပေါ်လာပြန်သည်။
ဖန်းကျန်းဝူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပြန်ပျောက်သွားပြီး ယဲ့ဖန်အား လွတ်သွားစေခဲ့သည်။
သူသည် ဆက်ပြီး တစ်ဖက်သူအား ခြေရာခံရန် လုပ်သော်လည်း သူမ၏ အရိပ်အယောင်ကိုပင် ရှာမရဖြစ်သွားခဲ့သည်။
နင်ဂျာများ၏ လွတ်မြောက်ရေးနည်းပညာသည် အမှန်ပင် ချီးကျူးထိုက်သည်ကို သူ ဝန်ခံရပေမည်။
အကယ်၍ ရင်ဆိုင်နေရသူမှာ ယဲ့ဖန်မဟုတ်ဘဲ အခြားအားနည်းသူ တစ်စုံတစ်ယောက်ဖြစ်နေပါက ခေါင်းပြတ်ကောင်း ပြတ်နေလောက်ပြီ ဖြစ်သည်။
အချိန်အတော်ကြာနေပြီဖြစ်၍ ယဲ့ဖန် စိတ်မရှည်ဖြစ်လာချိန်တွင် ဖန်းကျန်းဝူသည် သတိပေးခြင်းမရှိဘဲ သူ၏ အနောက်မှ ထပ်ပြီးပေါ်လာကာ သူမ၏ ဓားရှည်ဖြင့် ခုတ်လေသည်။
ယဲ့ဖန်သည် သူ၏ သာမန်ထက်ထူးကဲသော အာရုံခံနိုင်စွမ်းကြောင့် တစ်ကြိမ်ထပ်ပြီး ရှောင်လိုက်ပြန်သည်။
ထို့ကြောင့် သူမ၏ တိုက်ခိုက်မှုမှာ လွဲချော်သွားပြန်သည်။
ဖန်းကျန်းဝူ၏ နည်းပရိယာယ်မှာ အကြိမ်တိုင်း အလုပ်ဖြစ်လေသည်။
သူမ၏ တိုက်ခိုက်မှု လွဲသွားသည့်အခါ အမှောင်ထုထဲတွင် တစ်ကြိမ်ထပ်ပုန်းပြီး နောက်ထပ်အခွင့်အရေးကို စောင့်လေသည်။
ဤကဲ့သို့ ပြိုင်ဘက်မျိုးသည် ယဲ့ဖန်အား ခေါင်းကိုက်စေသည်။
သူ အာရုံမလွတ်ရဲပေ။
ထိုကဲ့သို့ ဖြစ်စဉ်မျိုး ဆက်တိုက်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြင်းထန်မှု ကြာရှည်လာခြင်းကြောင့် အနည်းငယ်မူးဝေကာ အားနည်းလာသည်။
အကယ်၍ သူသည် ဖန်းကျန်းဝူနှင့် တကယ်ပင် ခေါင်းချင်းဆိုင် ယှဉ်ရလျှင် သူသည် သူမကို တစ်ချက်တည်းနှင့် သတ်နိုင်မည်ဟု ယုံကြည်ချက်ရှိလေသည်။
သို့သော် ထိုမိန်းမသည် သူ့အား လုံးဝ ထိုအခြေအနေမျိုး မပေးချေ။
သူသည် ဆက်၍ ဤကဲ့သို့ အချိန်ဖြုန်းနေမည်ဆိုပါက သူ့အတွက် အလွန်ဆိုးကျိုး ဖြစ်သွားစေလိမ့်မည်။
သူသည် ကြမ်းကြုတ်ပြင်းထန်သော အင်အားဖြင့် တိုက်ခိုက်နိုင်မည့်ပုံ မပေါ်တော့ချေ။
ထို့ကြောင့် သူ၏ ဖြတ်ထိုးဉာဏ်ကို သုံးကာ ချေမှုန်းရတော့မည် ဖြစ်သည်။
ထိုအတွေးဖြင့် အမှောင်ထုအောက်တွင် သူ၏ နှုတ်ခမ်းထောင့်မှာ ကွေးတက်သွားသည်။
ယဲ့ဖန်သည် စိတ်ရှည်မှု လုံးဝ ကုန်ဆုံးကာ ပင်ပန်းသွားသကဲ့သို့ သူ၏အာရုံ ချက်ချင်း ထွေပြားသွားချင်ယောင် ဆောင်လိုက်သည်။
သူသည် လက်သီးဆုပ်ကို အမှောင်ထဲတွင် ဝေ့ယမ်းလိုက်ကာ သူ၏ သရုပ်ဆောင်မှုကို ပို၍ပင် ပီပြင်လိုက်စေသည်။
ဖန်းကျန်းဝူ၏ တိုက်ပွဲအတွေ့အကြုံအစစ်မှာ အတော်လည်း နည်းနေသေးသည်။
ထို့ကြောင့် ထင်ထားသည့်အတိုင်း သူမသည် အရူးလုပ်ခံရပြီး ယဲ့ဖန်၏ အနောက်တွင် သရဲကဲ့သို့ ထပ်ပေါ်လာပြန်သည်။
ယဲ့ဖန်သည် ဤတစ်ကြိမ်တွင် ပြင်ဆင်ထားပြီး ဖြစ်သည်။
သူမသည် ဓားကို မသုံးနိုင်ခင်မှာပင် ယဲ့ဖန်မှ လှမ်းဆွဲလိုက်ပြီးဖြစ်သည်။
" အား ........ "
သူ၏ ဂရုမမူသော အပြုအမူသည် ဖန်းကျန်းဝူကို သိသာစွာပင် ဒေါသထွက်သွားစေသည်။
သူမသည် ဒီတစ်ကြိမ်တွင် ဆက်ပြီး ပုန်းကွယ်မနေတော့ပေ။
သူမသည် ဓားကို ချက်ချင်း ဝေ့ယမ်းကာ သူ့အား သေသည်အထိ တိုက်ခိုက်ဖို့ ပြင်လိုက်သည်။
ထိုအရာမှာ ယဲ့ဖန် လိုချင်ခဲ့သောအရာ ဖြစ်သည်။
သူသည် ခေါင်းချင်းဆိုင်တိုက်ဖို့ မကြောက်ချေ။
အမှောင်ထဲတွင် ဖြစ်နေလျှင်ပင် သူသည် တစ်ဖက်ပြိုင်ဘက်၏ လက်ကောက်ဝတ်လှုပ်ရှားသံကို နားထောင်ကာ တိကျစွာ ဖမ်းဆုပ်နိုင်သည်။
သူမ၏ ခန္ဓာကိုယ်သည် အနောက်သို့ဆုတ်ရင်းဖြင့် သူမ ဟန်ချက်ပျက်သွားသည်။
" ခွေးကောင်၊ ငါ ....... "
ဖန်းကျန်းဝူ ဆဲဆိုခြင်း မပြီးခင်မှာပင် သူမ၏ ခြေတစ်ချောင်းအား ယဲ့ဖန်မှ ချိတ်လိုက်ပြီး တွန်းချလိုက်သည်။
သူမသည် ချက်ချင်း ဟန်ချက်ပျက်ကာ ခန္ဓာကိုယ်ကြီးတစ်ခုဖြင့် ဆိုဖာပေါ်တွင် ဖိချခံလိုက်ရသည်။
သူမ ပြန်ပြီး မတွန်းလှန်နိုင်ခင်တွင် သူမ၏ ခြေထောက်လေးကို ထိုတစ်ယောက်မှ လက်ဖြင့် ကိုင်လိုက်သည်ကို ခံစားလိုက်ရသည်။
ချက်ချင်းပင် သူမ၏ ခြေထောက်မှ ထုံသွားခြင်းကို ခံစားလိုက်ရသည်။
" အား၊ ယားတယ် ...... ငါ အရှုံးပေးပြီ။ ကျေးဇူးပြုပြီး လွှတ်ပေးပါ .... ယာမဲတဲ ( မလုပ်ပါနဲ့ ) ......ယာမဲတဲ .... "
သူမ၏ ထူးခြားချိုသာလွန်းသောအသံသည် အမှောင်ထုထဲတွင် ပဲ့တင်သံထပ်နေကာ ကြားရသူ၏ အရိုင်းဆန်သော အတွေးများကို နိုးကြားလာစေသည်။
ထို့နောက် ယဲ့ဖန်၏ နာကျင်သော အော်သံ ထွက်လာသည်။
" အား၊ နာတယ် ...... လွှတ်စမ်း ...... "
" နင်အရင်လွှတ်၊ ငါ နောက်မှ လွှတ်ပေးမယ် "
" ဘာလို့လဲ။ မင်း အရင်လွှတ် "
" အဲ့တာဆိုလည်း ဘယ်သူ အရင်လွှတ်မိမလဲဆိုတာ ကြည့်ကြတာပေါ့ "
" အိုခေလေ။ အဲ့တာဆို လာစမ်းပါ "
" အား ...... ယားတယ်လို့ "
" ဟ၊ နာတယ်ကွ ..... "
ရှုကျင်းရှင်းသည် အမှောင်ထဲတွင် ရပ်နေကာ ဘာဖြစ်နေသည်ကို မသိချေ။
သူမသည် သူတို့နှစ်ဦးသား အော်ဟစ်နေသံကို ကြားသည့်အခါ သူမ ပို၍ စိတ်ရှုပ်ထွေးလာသည်။
ဒီလူနှစ်ယောက် ရန်ဖြစ်ေနတာ မဟုတ်ဘူးလား။
အသံတွေက ဘာလို့ နည်းနည်း ထူးဆန်းနေရတာလဲ။
သူမသည် အမှောင်ထဲတွင် မီးခလုတ်ကို အမြန် ရှာဖွေနေခဲ့သည်။
ဧည့်ခန်းထဲရှိ မီးဆိုင်းတစ်ချို့သည် အကန်ခံထားရ၍ ပျက်စီးနေသော်လည်း မျက်နှာကြက်အစွန်းရှိ မီးလုံးများရှိနေသေး၍ သုံးနိုင်သေးသည်။
မီးများ ပြန်ပွင့်လာပြီးနောက် သူမ နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါ သူတို့နှစ်ဦးသား ဆိုဖာပေါ်တွင် ညှိနှိုင်းမှု ပြီးဆုံးသွားသည့်အလား ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ထို့အပြင် ဘာစိတ်အားထက်သန်မှုမှ မရှိတော့ချေ။
" ရှင်တို့ .... ပြီးကျပြီလား "
သူမသည် သိချင်နေသော်လည်း မည်သို့မေးရမည်ကို မသိဖြစ်နေပြီး အဆင်ပြေသလိုသာ မေးလိုက်သည်။
ယဲ့ဖန်၏ မျက်နှာပေါ်တွင် အပြုံးတုတစ်ခု ပေါ်လာသည်။
" ကိုယ်တို့ပြီးပြီ "
ထို့နောက် ရှုကျင်းရှင်းသည် ဖန်းကျန်းဝူဘက်ကို လှည့်ကြည့်လိုက်သည်။
" ဘယ်သူနိုင်သွားတာလဲ "
ဖန်းကျန်းဝူမှ ရိုသေစွာ ခေါင်းညိတ်လိုက်သည်၊
" အခုလေးတင် မိတ်ဖြစ်ဆွေဖြစ် လက်ရည်ဖလှယ်ခဲ့တာ။ အနိုင်အရှုံးတွေ ရှိခဲ့ပေမဲ့ ယဲ့ဖန်က နည်းနည်းလေး ကပ်နိုင်သွားတယ် "
ရှုကျင်းရှင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
" အဲ့တာဆို ကောင်းတယ်။ နင်တို့ အနာတရဖြစ်မှာ စိတ်ပူနေတာ။ အဲ့လိုဆို ဘယ်ကောင်းမလဲ။ အချင်းချင်း မိတ်ဆွေကောင်းတွေပဲ ဖြစ်သင့်တယ်။ တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက်က မထိခိုက်သင့်ဘူး "
ယဲ့ဖန်နှင့် ဖန်းကျန်းဝူတို့သည် အချင်းချင်း ကြည့်လိုက်ကြကာ သူတို့နှစ်ယောက်လုံး၏ မျက်နှာပေါ်တွင် ရင်းနှီးဖော်ရွေသော အပြုံးများရှိနေသည်။
" အစ်မရှုကျင်း၊ ညီမတို့ကို အောက်ကနေ ခဏစောင့်ပါလား "
ဖန်းကျန်းဝူက ရုတ်တရက် အကြံပြုလိုက်သည်။
" ဘာလို့လဲ "
ရှုကျင်းရှင်းသည် အနည်းငယ် အံ့အားသင့်သွားပြီး ဘာလုပ်ရမလဲ မသိဖြစ်သွားသည်။
" အစ်မရှုကျင်း၊ အထင်မလွဲပါနဲ့၊ ညီမလေး ကတိတည်ပြီး အစ်မနဲ့နောက်ဆို မိတ်ဆွေကောင်းတွေပဲ လုပ်မှာပါ။ ဒါပေမဲ့ ယဲ့ဖန်ကို ပြောစရာစကား နည်းနည်းရှိသေးတယ် "
ဖန်းကျန်းဝူမှ ချက်ချင်း ရှင်းပြလာသည်။
" အိုး၊ အိုခေလေ "
ရှုကျင်းရှင်းသည် သူမကို သံသယမဝင်ပေ။
သူမ ချက်ချင်း သဘောတူပြီး လှည့်ထွက်သွားခဲ့သည်။
သူမ ထွက်သွားသည်နှင့် အခန်းအတွင်း၌ ကျန်ခဲ့သူနှစ်ယောက်မှာ တစ်ဖန်ပြန်ပြီး ရန်လိုလာကြသည်။
" ဘာလဲ၊ မင်းက လက်မခံသေးဘူးလား "
ယဲ့ဖန် ချက်ချင်းပင် သူမကို မထီမဲ့မြင် ကြည့်လိုက်သည်။
" ဟွန့်၊ သေချာပေါက် လက်မခံဘူး "
ဖန်းကျန်းဝူသည် အားနည်းချက်တစ်စုံတစ်ရာ မပြဘဲ ချက်ချင်း ပြန်ပြောသည်။
" ခေါင်းမာနေတုန်းလား။ အခုလေးတင် ငါ့ကို တောင်းပန်နေခဲ့ရတာ ဘယ်တစ်ယောက်လဲ "
ယဲ့ဖန်သည် ပြောနေလျက်ဖြင့် သူ၏ လက်ကို ပွတ်သပ်ကာ ခုနက ရရှိခဲ့သည့် ခံစားချက်ကို ပြန်လည် တမ်းတနေသယောင်ရှိသည်။
ဖန်းကျန်းဝူ၏ မျက်နှာလှလှလေးမှာ အနည်းငယ် နီရဲသွားပြီး လက်များကို ပွတ်နေသည်။
" ငါအခုလေးတင် အဓိကနေရာကို အရိုက်ခံလိုက်ရတာ ဘယ်သူလဲမသိပါဘူး။ တကယ်လို့ ငါသာ ခုနက အားနည်းနည်းပိုသုံးလိုက်မယ်ဆိုရင် တစ်စုံတစ်ယောက်ကတော့ ကျန်တဲ့တစ်ဘဝလုံး မိန်းမတွေကို ထိလို့တောင် မရနိုင်လောက်ဘူး၊ ဟုတ်တယ်မလား "
ယဲ့ဖန်သည် ထိုကိစ္စအား သူမမှ ပြောလာသည်ကို ကြားသည့်အခါ အရှက်ရတာကြောင့် ဒေါသထွက်သွားသည်။
" မင်းက နင်ဂျာဖြစ်နေတာတောင် ဒီလို အောက်တန်းကျတဲ့ နည်းလမ်းကို သုံးရသလား "
ဖန်းကျန်းဝူသည် လုံးဝ ရှက်သွားပုံ မရချေ။
ထိုအစား သူမက ဖြောင့်မတ်စွာ ပြန်ပြောလာသည်။
" နင်ဂျာတွေက ဘာမဆို လုပ်နိုင်တယ်လို့ ငါ့ဆရာက သင်ပေးထားတယ်။ ပြီးတော့ နင်က အရင် မကောင်းတဲ့နည်းလမ်းသုံးပြီး ငါ့ကို အခွင့်ကောင်းယူခဲ့တာလေ။ ငါက နင်ဖော်တဲ့ဆေး နင့်ကို ပြန်တိုက်လိုက်ရုံပဲ။ ဒီပွဲက သရေလို့ သတ်မှတ်လို့တောင်ရတယ် "
ယဲ့ဖန်၏ နှုတ်ခမ်း ကွေးတက်သွားသည်။
" မင်းစကားက ဆက်ပြီး ပြိုင်ချင်နေသေးတယ်လို့ ဆိုလိုတာလား "
ဖန်းကျန်းဝူမှ ချိုသာစွာ ပြုံးလိုက်သည်။
" လာစမ်းပါ၊ ဆက်ချမယ် "
" ဒီတစ်ခါတော့ စိတ်စွမ်းအင်နဲ့ ပြိုင်မယ် "
" ဘယ်လိုလဲ "
" နင် အစ်မကျင်းရှင်းကို ရချင်ရင် နင် သူမအပေါ် သစ္စာစောင့်သိမှုကို ထိန်းသိမ်းရမှာပေါ့။ ဘယ်လို ဖြားယောင်းမှုကိုပဲ ကြုံနေပါစေ၊ အဲ့ဘက်ကို ယိုင်သွားလို့ မရဘူး "
ဖန်းကျန်းဝူ သူ့ကို ရှင်းပြရင်း သူမ၏ မေးကို ရည်ရွယ်ချက်ရှိစွာ မော့လိုက်သည်။
" ဘယ်လို ပြိုင်ရမလဲဆိုတာသာ ပြောစမ်းပါ "
ယဲ့ဖန်သည် ဆိုဖာပေါ်တွင် မသိကျိုးကျွံပြုလျက် လှဲမှီလိုက်သည်။
" ငါတို့ အချင်းချင်း မြူစွယ်မယ်။ ဘယ်သူအရင် တုန့်ပြန်မလဲဆိုတာ ကြည့်ရအောင် "
ဖန်းကျန်းဝူက တည်ကြည်စွာ ပြောလိုက်သည်။
" အချင်းချင်း မြူစွယ်မှာလား။ မင်း ဒီအခွင့်အရေးကို သုံးပြီး ငါ့ကို အခွင့်ကောင်းယူချင်နေတာလား "
ယဲ့ဖန် ချက်ချင်း မေးလိုက်သည်။
ဖန်းကျန်းဝူ၏ မျက်နှာလှလှလေးမှာ နီရဲလာသည်။
" ဘယ်သူက နင့်ကို အခွင့်ကောင်းယူချင်လို့လဲ။ ငါ ယောက်ျားတွေကို လုံးဝ စိတ်မဝင်စားဘူး "
ယဲ့ဖန်၏ နှုတ်ခမ်းပါးသည် နတ်ဆိုးအပြုံးအဖြစ် ကွေးတက်သွားသည်။
" အဲ့တာ မင်းက ယောက်ျားတစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့အခြမ်းကို မကြုံဖူးသေးလို့ပါ။ မဟုတ်ရင် မင်း ရပ်နိုင်မှာတောင် မဟုတ်ဘူး "
ဖန်းကျန်းဝူ၏ မျက်နှာမှာ ပို၍ပင် နီရဲလာသည်။
" နင် စိန်ခေါ်တာကို လက်ခံရဲလားသာ ပြောစမ်းပါ "
ယဲ့ဖန် သူမ၏ နှင်းဆီရဲလေးလိုပါးကို ညွှန်ပြလိုက်သည်။
" ကြည့်ရတာ မင်းမှာ တုံ့ပြန်ချက် ရှိနေသလိုပဲ။ ဒါကို ငါနိုင်တာလို့ ပြောလို့ရတယ် မဟုတ်လား "
အပိုင်း ( ၇၄၂ )
ကြုံဖူးချင်တယ်
ဖန်းကျန်းဝူ၏ မျက်နှာလှလှလေးမှာ ချက်ချင်း နီရဲသွားသည်။
" ပြိုင်ပွဲက အခုထိ တရားဝင်မစသေးတော့ အဲ့တာကို ထည့်မတွက်ဘူး "
ယဲ့ဖန်သည် သူမနှင့် ဆက်ပြီးအချင်းမများတော့ဘဲ ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီလေ၊ ပြိုင်ပွဲက အခု စတာပေါ့။ လာပြီး မြူစွယ်တော့ "
ထိုသို့ပြောပြီးနောက် ခြေထောက်တွေကားလျက် တစ်ခုခုကို စောင့်နေသလို လှဲလိုက်သည်။
ဖန်းကျန်းဝူသည် ယဲ့ဖန်၏ ငြိမ်သက်လွန်းသည့် ပုံစံကို မြင်လိုက်ပြီး ဤပြိုင်ပွဲကို စိန်ခေါ်မိ၍ ချက်ချင်း နောင်တရသွားသည်။
သို့သော် လေးပေါ် မြားတင်ပြီးသွား၍ မပစ်လို့ မရတော့ပေ။
သူမသည် စိတ်ဆုံးဖြတ်ပြီး သူမ၏ ဆံပင်ရှည်ကို သပ်လိုက်ကာ နှုတ်ခမ်းကို ညှို့ငင်အားပြင်းစွာဖြင့် ကိုက်လိုက်သည်။
" ကိုကိုယဲ့ဖန်၊ ညီမလေးအပေါ် တကယ်ပဲ ခံစားချက်တွေ မရှိဘူးလား "
ထိုသို့ပြောရင်း သူမ၏ ခြေသွယ်သွယ်လေးဖြင့် သူ့ခြေထောက်ကို ပွတ်ရန်လည်း မမေ့ပေ။
ယဲ့ဖန်သည် ထိုအချိန်တွင် စိတ်လွတ်မလို ဖြစ်သွားသည်ကို ဝန်ခံရပေမည်။
ထို့ကြောင့် သူ့ခန္ဓာကိုယ်မှာ စတင် တုံ့ပြန်လာတော့မည် ဖြစ်သည်။
ထိုမိန်းမသည် ကြည့်ရသည်မှာ ရူးနှမ်းပြီး ချစ်စရာကောင်းသည်ဟု ထင်နေရသော်လည်း သူ့ကို ဆွဲဆောင်နေသော မျက်လုံးများဖြင့် ချစ်မြတ်နိုးနေစွာ ကြည့်နေသည်။
ထို့အပြင် သူမသည် ယဲ့ဖန်ကို 'ကိုကို'ဟု ခေါ်လိုက်သည်က သာမန်ယောက်ျားအတွက် ခုခံရန် ခဲယဉ်းလေသည်။
သို့သော် သူသည် သာမန်ယောက်ျားတစ်ဦးမဟုတ်သော .... သာမာန်ယောက်ျားဖြစ်သည်။
ထိုမငြိမ်မသက်ဖြစ်နေသော အတွေးပေါ်လာသည်ကို ထိန်းချုပ်လိုက်သည်နှင့် သူ၏ ပြင်းပြသော စိတ်ဆန္ဒမီးမှာ ချက်ချင်း ငြိမ်းသွားလေသည်။
ထို့နောက် ကမ္မဋ္ဌာန်းတရားရှုမှတ်ထိုင်နေသော ရဟန်းနာတစ်ပါးကဲ့သို့ တည်ငြိမ်နေကာ အရပ်ရှစ်မျက်နှာမှ လေပြင်းကို မတုန်မလှုပ် အံတုနေလေသည်။
ထိုပုံစံကို မြင်ပြီး ဖန်းကျန်းဝူမှ သူ့နားကို ကပ်လာပြီး သူ့နားကို တိုးတိုးလေးပြောလိုက်သည်။
" ကိုကို ယဲ့ဖန်၊ ကျန်းဝူကို လုံးဝ မကြိုက်ဘူးလား။ 'ကြိုက်တယ်'လို့ ပြောလိုက်တာနဲ့ ကိုကို ကျန်းဝူကို ကြိုက်သလို လုပ်နိုင်တယ် ....... "
သူမသည် စကားပြောနေစဉ်တွင် လက်သေးသေးလေးဖြင့် သူ့ခန္ဓာကိုယ်ပေါ်တွင် ရွေ့လျား ပွတ်သပ်နေသည်။
ယဲ့ဖန် ဘာတုံ့ပြန်မှုမှ မရှိချေ။
သူ့အတွေးများသည် လွင့်နေပြီဖြစ်သည်။
(ချန်းရွှမ်ရဲ့ အခြေအနေက ဘယ်လိုရှိနေလောက်ပြီလဲ။
၁၀ ဘီလီယံဆိုတဲ့ သတ်မှတ်ချက်အတွက် အများကြီး ကွာနေသေးတယ်။
လေချွမ်လက်သီးသိုင်းကို တိုးတက်အောင်လုပ်နိုင်ခဲ့တာ အတော်လေးကြာခဲ့ပြီပဲ။)
ဖန်းကျန်းဝူ အတော်လေး စိုးရိမ်နေမိသည်။
သူမသည် သူမ၏ အလှကို အမြဲယုံကြည်မှု ရှိနေခဲ့ပြီး သူမ၏ သွေးဆောင်ဖြားယောင်းမှုကို သာမန်ယောက်ျားတစ်ယောက်မှ ခံနိုင်ရည်ရှိမည် မဟုတ်ကြောင်း ယုံကြည်ခဲ့သည်။
သို့သော် သူမရှေ့ရှိ ထိုလူ၏ စိတ်ဆန္ဒသည် ပုံမှန်မဟုတ်ချေ။
ထိုအချက်ကို သူမ သိထားပြီးသားဖြစ်သော်လည်း သူသည် တကယ်ပင် တစ်စက်ကလေးမျှ တုံ့ပြန်မှု မရှိသည်ကို တွေ့လိုက်ရသည်။
ကြည့်ရသည်မှာ သူမ အနည်းငယ် ရက်စက်ရမည့်ပုံရသည်။
ထိုအတွေးကို တွေးပြီး သူမ၏ ချယ်ရီနှုတ်ခမ်းတွေကို ယဲ့ဖန်အနား ချက်ချင်း ကပ်လိုက်သည်။
" ကိုကို နှုတ်ခမ်းနီကို မမြည်းကြည့်ချင်ဘူးလား။ အရမ်းချိုတယ်။ မြည်းကြည့်ချင်လား ......... "
ယဲ့ဖန်သည် သူမ နီးကပ်လာသည်နှင့်အမျှ သူမ၏ အနီရောင်နှုတ်ခမ်းများကို ဂရုမစိုက်သလို ကြည့်လိုက်သည်။
ထို့နောက် သူ ရုတ်တရက် ပြောလေသည်။
" အခု ကြက်သွန်ဖြူ စားထားတာလား "
" အာ ........ "
ဖန်းကျန်းဝူ၏ အစီအစဉ်သည် ချက်ချင်း ပျက်သွားရပြီး သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်ရောင်ဝါမှာ ပျောက်ကွယ်သွားခဲ့ရသည်။
ယဲ့ဖန် သူမကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။
" ကောင်မလေးကများ ငါ့ကို သွေးဆောင်ချင်နေတာလား "
ဖန်းကျန်းဝူသည် ချက်ချင်းပင် ရှက်ကိုးရှက်ကန်းဖြင့် သူ့ကို ကြည့်လိုက်သည်။
" ဒီအခြေအနေရောက်နေတာတောင် နင့်မှာ တုံ့ပြန်မှု လုံးဝမရှိဘူးဆိုတော့ နင့်ရဲ့ ဟိုနယ်ပယ်မှာ တစ်ခုခု မှားနေတာလား "
ယဲ့ဖန်၏ နှုတ်ခမ်းများ အနည်းငယ် ကော့တက်သွားသည်။
ထို့နောက် လှည့်၍ သူမကို သူ့အောက်၌ ဖိလိုက်သည်။
" ငါ့မှာ ပြဿနာရှိမရှိ မင်း စမ်းမကြည့်ရင် မသိနိုင်ဘူးမလား "
ဖန်းကျန်းဝူသည် သူမအနားတွင် အလွန်နီးကပ်နေသော မျက်လုံးတစ်စုံကို စိုက်ကြည့်မိလိုက်သည့်အခါ သူမ၏ နှလုံးသားသည် ပြင်းထန်စွာ တုန်လှုပ်လာသည်။
ယောက်ျားတစ်ယောက်နှင့် ဤကဲ့သို့ နီးကပ်စွာ ရှိနေခြင်းမှာ သူမအတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး မကြုံဖူးသေးသော အတွေ့အကြုံက နှလုံးသားထဲကို တိုးဝင်လာနေသည်။
သို့သော် သူမသည် လျင်မြန်စွာ အသိပြန်ကပ်လာသည်။
'မဟုတ်ဘူး၊ ငါက မိန်းမတွေကို ကြိုက်တာ။ ငါဘာလို့ ယောက်ျားတစ်ယောက်ကို စိတ်ဝင်စားရမှာလဲ။ လုံးဝမဟုတ်ပါဘူး'
သူမရှေ့က ယောက်ျားကို မုန်းတီးရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း သူ့ခန္ဓာကိုယ်ပေါ်ရှိ ယောက်ျားရနံ့က သူမနှာခေါင်းထဲကို စိမ့်ဝင်လာနေကာ သူမကို နီရဲသည်အထိ ရှက်သွားစေသည်။
ယဲ့ဖန် သူမ မေးစေ့ကို မြှောက်လိုက်သည်။
သူ့အကြည့်တွေက အရမ်းကို ကြမ်းတမ်းစူးရှနေလေသည်။
" မင်း မိန်းမတွေကို ကြိုက်ရတဲ့ အကြောင်းရင်းက ယောက်ျားတွေကို မမြည်းစမ်းဖူးလို့ မဟုတ်လား။ မြည်းစမ်းကြည့်ပြီးရင် ဘယ်လိုမျိုးလဲဆိုတာ သိလာလိမ့်မယ်။ လိင်ဆက်ဆံတာရဲ့ ပျော်စရာကောင်းတဲ့ကိစ္စတွေ ပြောပြရမလား။ ပထမဦးဆုံး ......... "
သူ့အသံတွင် မှော်အတတ်များ ပါဝင်နေသကဲ့သို့ ညှို့ငင်နေပြီး ယောက်ျားနှင့်မိန်းမကြားရှိ စိတ်ဝင်စားစရာကောင်းသော အရာများအကြောင်း သူမကို အသေးစိတ်ရှင်းလင်းပြတ်သားစွာ ပြောနေသည်။
သူ၏ အသက်ရှုသံမှာ သူမ၏ နားထဲသို့ ဆက်တိုက် တိုးဝင်လာနေပြီး ထုံကျင်နေသော ခံစားမှုသည် သူမ၏ တစ်ကိုယ်လုံး ပျံ့နှံ့သွားလေသည်။
ဖန်းကျန်းဝူ၏ ပါးပြင်များမှာ နီရဲလာပြီး သူမ၏ မျက်လုံးရွဲကြီးများကလည်း ဝေဝါးလာတော့သည်။
သူမ နားထောင်ရသည်မှာ စိတ်အားထက်သန်နေချိန်မှာပင် ယဲ့ဖန်မှ ရုတ်တရက် ပြုံးစစဖြင့် ပြောသည်။
" မင်း ရှုံးသွားပြီ "
ထိုစကားကိုပြောပြီးနောက် သူ ထလိုက်တော့သည်။
ထိုအခိုက်အတန့်တွင် ဖန်းကျန်းဝူသည် ရုတ်တရက် သူ၏ လည်ပင်းကို သိုင်းဖက်ကာ ဆွဲဆောင်မှုရှိသော မျက်လုံးများဖြင့် ယဲ့ဖန်ကို စိုက်ကြည့်နေလေသည်။
" အဲ့တာကို ကြုံဖူးချင်တယ် "
ယဲ့ဖန် အံ့သြသွားသည်။
" ဘာကို ကြုံဖူးချင်တာလဲ "
ဖန်းကျန်းဝူသည် သူမ၏ ထူထူရဲရဲလေး ဖြစ်နေသော အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။
" ကိုကိုလေး ပြောနေတဲ့ ပျော်စရာတစ်မျိုးလေ "
ယဲ့ဖန်သည် ကလေးမျက်နှာလေးနှင့် သူမ၏ မျက်နှာလေးကို ကြည့်လိုက်သည်။
သူ့တံတွေး မျိုချရုံမှလွဲပြီး မတတ်နိုင်ချေ။
" မင်း တကယ်ခံစားချင်တာလား "
ဖန်းကျန်းဝူက သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။
" ဟုတ်တယ်။ မဟုတ်ရင် နင်လိမ်နေတာဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ။ ဘာလဲ မလုပ်ရဲတာလား "
ယဲ့ဖန်က သူ့နာရီမှ အချိန်ကြည့်လိုက်သည်။
" မင်းကို ဆယ်မိနစ် အချိန်ပေးမယ်။ မြန်မြန်အဆုံးသတ် ....... "
သူ စကားမဆုံးခင်တွင် ဖန်းကျန်းဝူသည် အပူတက်နေသည့် ကြောင်မလေးတစ်ကောင်လို သူ့အပေါ်ကို ခုန်တက်လာခဲ့သည်။
" တကယ်သာ စိတ်လှုပ်ရှားစရာ ကောင်းတယ်ဆိုရင် ဆယ်မိနစ်နဲ့ ဘယ်လိုလုပ်ပြီး လုံလောက်မှာလဲ ....... "
အပိုင်း ( ၇၄၃ )
ဟုတ်ကဲ့ပါ၊ သခင်
သူတို့သည် ဆယ်မိနစ်ဟုသာ သဘောတူထားခဲ့ကြသော်လည်း သူတို့နှစ်ဦး အောက်ပြန်ဆင်းလာချိန်တွင် တစ်နာရီခန့်ကြာနေပြီဖြစ်သည်။
ဒီတစ်ကြိမ် ယှဉ်ပြိုင်ခြင်း၍ ယဲ့ဖန်သည် သူ၏ ခွန်အားကို အပြည့်အဝ ပြသလိုက်သည်။
ဖန်းကျန်းဝူသည် အောက်ထပ်သို့ ဆင်းလာသောအခါ သူမ၏ ခြေထောက်များတွင် အားနည်းနေသည်။
ယဲ့ဖန်၏ ကူညီမှုဖြင့် သူမ ရပ်နေခဲ့ရသည်။
" သခင်၊ သခင်က အရမ်း အင်အားကြီးတာပဲ။ ကျန်းဝူ အရမ်းကြိုက်တယ် "
ယခုအချိန်တွင် သူမသည် ယဲ့ဖန်ကို ယခင်ကလို မမုန်းတော့ချေ။
မုန်းတီးမှုအစား အရူးအမူးစွဲလမ်းမှုက အစားထိုးလာသည်။
" မင်း ငါ့ကို အခေါ်အဝေါ် ပြောင်းလို့ ရမလား။ ကြားရတာ ဘာလို့ ဒီလောက်တောင် အဆင်မပြေနေရတာလဲ "
ယဲ့ဖန်သည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
" ဒါဆို ကျန်းဝူက သခင့်ကို ဘယ်လိုခေါ်ရမှာလဲ "
ဖန်းကျန်းဝူသည် ယဲ့ဖန်၏ စိတ်နေသဘောထားအပေါ် အလွန်အလေးထားလေသည်။
ထို့ကြောင့် သူမသည် ချက်ချင်း သတိထားလိုက်သည်။
" ငါ့ကို မင်း လိုချင်တဲ့အချိန်တိုင်း ခေါ်လို့ရပေမဲ့ ငါ့ကို သခင်လို့တော့ မခေါ်နဲ့ "
" ဟုတ်ကဲ့ပါ၊ သခင် "
" မင်းဘာသာ လမ်းလျှောက်လို့ ရပြီလား။ ငါ့ကို ဆက်ပြီး မမှီနဲ့တော့ "
" ဟုတ်ကဲ့ပါ၊ သခင် "
" အခုလေးတင် ငါပြောပြီးတာနဲ့ မင်းက နောက်တစ်ခါ ထပ်တိုးနေပြန်ပြီ "
" ကျန်းဝူမှာ အားမရှိတော့လို့ပါ သခင် "
" ငါ ...... "
သူတို့နှစ်ယောက် အောက်ထပ်သို့ ဆင်းလာသောအခါ ရှုကျင်းရှင်းမှ စောင့်ဆိုင်းနေသေးသည်ကို တွေ့လိုက်ရသည်။
သူမ လုံးဝ စိတ်မရှည်ပုံ မပေါ်ချေ။
" ပြောလို့ပြီးပြီလား "
ရှုကျင်းရှင်းသည် မျက်နှာပြင်ပေါ်တွင် သံသယဖြစ်နေသည့်ပုံ မရှိခဲ့ပေ။
" ပြေလည်သွားပါပြီ။ အနာဂတ်မှာ သခင်ရဲ့စကားကို နားထောင်ပြီး အစ်မကျင်းရှင်းကို မနှောင့်ယှက်တော့ပါဘူး "
ဖန်းကျန်းဝူသည် သူမ၏ ချစ်စဖွယ်ကောင်းသော အသွင်အပြင်ဖြင့် ပြောနေသော်လည်း သူမ အိပ်ယာထဲတွင် ဘယ်လောက် ရူးသွပ်တတ်သည်ဆိုတာကို ယဲ့ဖန်သာ သိလေသည်။
" သခင်လို့ ခေါ်လိုက်တာလား "
ရှုကျင်းရှင်းသည် ထိုစကားကိုကြားသောအခါ သူမသည် ယဲ့ဖန်ကို ကြောင်အအ ကြည့်နေလိုက်သည်။
" အိုး .... ဟုတ်တယ်၊ ကိုယ်က သူမကို ခွန်အားနဲ့ အနိုင်ယူလိုက်တာလေ ..... အဲ့တာကို မင်းလည်း ..... သိပါတယ်။ ကိုယ်ခံပညာသမားတွေက ခွန်အားကို အမြဲလေးစားတယ်လေ "
ယဲ့ဖန်သည် မျက်နှာမပျက်ဘဲ လိမ်ညာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ဖန်းကျန်းဝူကို ကြည့်လိုက်သည်။
" ဟုတ်တယ်မလား "
" ဟုတ်ပါတယ် သခင် "
ဖန်းကျန်းဝူသည် ချက်ချင်းပင် နာခံစွာဖြင့် ခေါင်းညိတ်လိုက်သည်။
" သခင်ပြောတာ မှန်ပါတယ်။ ကျန်းဝူကို သခင်က လုံးဝ အနိုင်ယူခဲ့တာပါ။ နောင်ဆို ကျန်းဝူက သခင့်ကို ...... ကိုယ်ရောစိတ်ပါ ထမ်းဆောင်လုပ်ကျွေးပါ့မယ် "
သူမသည် 'ကိုယ်ရောစိတ်ပါ'ဟု ပြောလိုက်သောအခါ ထိုစကားလုံးနှစ်လုံး၏ အထူးအဓိပ္ပာယ်ကို သိစေရန် တမင်ခဏရပ်လိုက်သည်။
ယဲ့ဖန်သည် နားမလည်ဟန်ဆောင်ကာ တခြားနေရာကို လှည့်ကြည့်လိုက်သည်။
ရှုကျင်းရှင်း အံ့အားသင့်နေရပြီ ဖြစ်သည်။
ဖန်းကျန်းဝူက ဒီလိုလည်း လုပ်တတ်တာလား။
ယဲ့ဖန်က သူမကို တကယ်ပဲ တစ်ခါတည်း ဖြောင့်သွားအောင် ပြန်လုပ်လိုက်တာလား။
ယဲ့ဖန်သည် သူမ သံသယဖြစ်နေသည်ကို မြင်လိုက်ရသည်။
အဆုံးထိကိစ္စများ နက်နဲသွားမည်ကို ယဲ့ဖန် စိုးရိမ်သည့်အတွက် စကားခေါင်းစဉ်ကို အမြန် ပြောင်းလိုက်သည်။
" ဟုတ်သား၊ ကိုယ် မေးဖို့ အချိန်မရှိလိုက်ဘူး။ မင်းဘာလို့ ယန်းချန်မြို့ကို လာတာလဲ "
ရှုကျင်းရှင်းသည် 'သေချာပေါက် ရှင့်ကို လွမ်းလို့ပေါ့'ဟု ပြောလိုက်ချင်သည်။
သို့သော် သူမ စိတ်ထဲမှာသာ ပြောရဲလေသည်။
ထိုကဲ့သို့သော ပုံစံက သူမ၏ တိတ်ဆိတ်ငြိမ်သက်စွာ နေတတ်သော ကိုယ်အမူအကျင့်နှင့် မကိုက်ညီပေ။
" ကျွန်မ ... ... ကျွန်မ ယန်းချန်မြို့မှာ ရှိတဲ့ ကျောက်ဝိုင်းလောင်းကစားခန်းမက စတော့မယ်ဆိုပြီး ကြားထားတော့ လာကြည့်ချင်တာပါ "
" ကျောက်ဝိုင်းလောင်းကစားခန်းမလား "
ယဲ့ဖန် အံ့သြသွားသည်။
ဒီအကြောင်းကို သူ ပထမဆုံးအကြိမ် ကြားဖူးတာဖြစ်သည်။
ရှုကျင်းရှင်း စိတ်သက်သာရာရသလို သက်ပြင်းချလိုက်ပြီး ဆက်ရှင်းပြသည်။
" ကျောက်ဝိုင်းလောင်းကစားပွဲတွေကို လက်ခံကျင်းပတဲ့ နေရာက တရုတ်နိုင်ငံမှာ နှစ်နေရာပဲ ရှိတယ်။ တစ်ခုက တောင်ပိုင်းယူနန်ပြည်နယ်မှာလေ။ အဲ့နယ်က မြန်မာနိုင်ငံနဲ့ အရမ်းနီးတော့ ပထဝီဝင်အနေအထားအရ အားသာချက်ရှိတယ်။ နောက်တစ်နေရာက ယန်းချန်မြို့ပဲ။ မင်မင်းဆက်ကတည်းက ယန်းချန်မြို့မှာ ကျောက်စိမ်းပြပွဲတစ်ခု ရှိခဲ့တယ်လို့ ဆိုကြတယ် "
ယဲ့ဖန်သည် သူမ ရှင်းပြသည်ကို နားထောင်ပြီးနောက် သဘောပေါက်သွားသည်။
" ဒါဆို ဒီကျောက်ဝိုင်းလောင်းကစားပွဲက အရမ်းခမ်းနားနေလောက်တယ် မဟုတ်လား။ ပစ္စည်းကောင်းတွေ အများကြီးရှိရမယ် "
မကြာသေးမီက သူသည် ယွမ် ၁၀ ဘီလီယံရှာရန် ရည်မှန်းချက်အတွက်ဖြင့် ခေါင်းကိုက်နေခဲ့ရချိန်၌ ကျောက်ဝိုင်းလောင်းကစားပွဲသည် အချိန်ကိုက် ရောက်ရှိလာသည်။
ရှုကျင်းရှင်းသည် ယဲ့ဖန်အား ပထမဆုံးတွေ့ခဲ့သည်မှာ ကျောက်ဝိုင်းလောင်းကစားရုံ၌ ဖြစ်သည်။
ယဲ့ဖန်၏ ကျောက်လောင်းကစားစွမ်းရည်ကြောင့် သူမ အံ့အားသင့်ခဲ့ရပြီး ဤအခွင့်အရေးအား သူ လက်လွှတ်မခံလောက်ဘူးဆိုသည်ကို သိသည်။
" ရှင်သွားချင်ရင် ကျွန်မ ခေါ်လိုက်မယ် "
ယဲ့ဖန်က ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်သည်။
" ဒါက ငွေရှာဖို့ အခွင့်အရေးကောင်းပဲ။ ဒါကို လက်လွှတ်ခံစရာလား။ သွားရမယ်ဆိုရင် ကိုယ့်ကို အသိပေးဖို့ မမေ့နဲ့နော် "
ရှုကျင်းရှင်းသည် ယဲ့ဖန်၏ ပိုက်ဆံအကြောင်းကြားပြီး မှုန်ကုပ်နေသည့် အသွင်အပြင်ကို မြင်သောအခါ မတတ်နိုင်ဘဲ နှုတ်ခမ်းတွေ လှုပ်မိသွားသည်။
" ယဲ့လူကြီးမင်းရဲ့ စီးပွားရေးက အရမ်းကြီးတယ်လေ။ ပိုက်ဆံကို စိတ်မဝင်စားသင့်ဘူး မဟုတ်လား။ ဘာလို့ ပိုက်ဆံကို ဒီလောက်တောင် လောဘကြီးနေရတာလဲ "
ယဲ့ဖန် ရယ်လိုက်သည်။
" ဒါက ငါတို့ ရတနာရှာဖို့ပဲ မဟုတ်ဘူးလား။ ငါ အခု ပိုက်ဆံအများကြီးလိုတယ်။ အဲ့တာကြောင့် ခေါင်းကိုက်နေတယ် "
ရှုကျင်းရှင်း ပါးစပ်ကို အုပ်ပြီး ရယ်လိုက်သည်။
" ယဲ့လူကြီးမင်းက ပိုက်ဆံကြောင့် ခေါင်းကိုက်နေတာလား။ ဒါက တကယ်ကို ထူးဆန်းတာပဲ။ ကျွန်မလက်ထဲမှာ ပိုက်ဆံနည်းနည်းတော့ ရှိတယ်။ ပြောလေ၊ ရှင် ဘယ်လောက်လိုနေလို့လဲ။ ကျွန်မ ရှင့်ကို ချေးပေးမယ် "
ယဲ့ဖန်က ဝမ်းသာအားရ သူ့လက်ကို ချက်ချင်း ဆန့်ထုတ်လိုက်သည်။
" သိပ်မများပါဘူး၊ ၇ ဘီလီယံလောက်ပဲ ရှိတယ် "
ရှုကျင်းရှင်း အံ့အားသင့်သွားသည်။
" ဘယ်လောက်တောင်။ ၇ဘီလီယံကျော်လား။ ရှင် ဘာလို့ ဒီလောက်တောင် ပိုက်ဆံအများကြီးလိုတာလဲ "
ယဲ့ဖန် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်တယ်။
" ကိုယ် မင်းကို ပြောပြီးပြီ မဟုတ်လား။ သေချာပေါက် အဲ့တာက ရတနာရှာဖွေဖို့အတွက်ပေါ့ "
ရှုကျင်းရှင်း စိတ်ရှုပ်သွားသည်။
" ရတနာရှာဖို့ ဒီလောက် ငွေအများကြီးလိုတာလား "
ယဲ့ဖန်က သူမကို ဘယ်လိုရှင်းပြရမယ်မှန်း မသိဖြစ်နေသည်။
ထိုအချိန်တွင် ဖန်းကျန်းဝူက ရုတ်တရက် ဖြတ်ပြောလိုက်သည်။
" သခင်၊ သခင်က ပိုက်ဆံလိုနေရင် ကျွန်မ သခင့်ကို ကူညီပေးနိုင်ပါတယ် "
ယဲ့ဖန်၏ မျက်လုံးများ တောက်ပလာသည်။
" မင်း ငွေတွေအများကြီး ထုတ်လို့ရတာလား "
ဖန်းကျန်းဝူက ခေါင်းညိတ်ပြပြီး တခဏမျှ တုံ့ဆိုင်းသွားသည်။
" သခင့်အတွက်သာဆို ကျွန်မ ကြိုးစားကြည့်ချင်ပါတယ် "
ယဲ့ဖန်က သဘောမတူခင်၌ ရှုကျင်းရှင်းက သူမကို ငြင်းလိုက်သည်။
" မရဘူး၊ ရှောင်ဝူရဲ့ မိသားစုက အရမ်းချမ်းသာပေမယ့် သူမအမေက စွန့်ပစ်ခံထားရလို့ သူမအဖေနဲ့ ဆက်ဆံရေးက အမြဲတမ်း ဆိုးရွားနေတာ။ ပိုက်ဆံအတွက် သူ့ကို ခေါင်းငုံ့လိုက်လို့ မရဘူး "
ထိုမှသာ ယဲ့ဖန် နားလည်သွားသည်။
သူလည်း ချက်ချင်း ခေါင်းယမ်းကာ ငြင်းဆိုလိုက်သည်။
" ရှောင်ဝူ၊ မင်းရဲ့ ကြင်နာမှုကို ငါ တန်ဖိုးထားပါတယ်။ ဒါပေမဲ့ ငါ့ဘာသာ ပိုက်ဆံရှာဖို့ နည်းလမ်းရှာမယ်။ မင်း အဲ့တာကို စိတ်ပူနေစရာ မလိုဘူး "
ဖန်းကျန်းဝူသည် သူတို့၏ စကားများကို ကြားပြီးနောက် မျက်လုံးများတွင် မျက်ရည်များ စီးကျလာသည်။
သူ့အမေနှင့် ဆရာကြီးတွေမှ လွဲပြီး သူမဘဝတစ်လျှောက်လုံးတွင် ဘယ်သူမှ သူမအတွက် ဒီလောက် မတွေးဖူးပေ။
ရှုကျင်းရှင်းသည် သူမ၏ သနားစရာကောင်းသော အကြည့်ကို မြင်လိုက်ပြီး သူမကို နှစ်သိမ့်ပေးရန် ချက်ချင်း ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
ယဲ့ဖန်သည် ထိုအလှလေးနှစ်ယောက်ကို ကြည့်လိုက်သည်။
သူတို့၏ပုံရိပ်သည် မျက်စိပဒေသာဖြစ်နေသည်ဟု သူ ခံစားလိုက်ရသည်။
ထိုအချိန်တွင် စနစ်မှ သတိပေးချက် ထပ်မံထွက်ပေါ်လာသည်။
[ အခွင့်အရေး လမ်းညွှန်မှုကံကြမ္မာပြီးမြောက်သွားသည့်အတွက် လက်ခံသူအား ဂုဏ်ယူပါသည်။ သန်း၅၀၀ တန်သည့် ရင်းနှီးမြုပ်နှံမှု အချက်အလက်တစ်ခုအား ဆုအဖြစ် ရရှိပါသည် ]
အပိုင်း ( ၇၄၄ )
သခင်၊ ကျန်းဝူကို မကြိုက်တော့ဘူးလား
ယဲ့ဖန်သည် စနစ်၏ ဆုညွှန်ကြားချက်ကို သေချာဂရုစိုက်စွာ ကြည့်နေသည်။
အချက်အလက်မှ မနက်ဖြန်တွင် ယန်းချန်မြို့၌ လေလံပွဲတစ်ခု ကျင်းပမည်ဟု ပြထားသည်။
လက်ရှိအချိန်၌ တန်ကြေးသိပ်မရှိသော မြေတစ်ခုရှိလေသည်။
သို့သော် စနစ်၏ ပြောကြားချက်အရ အထက်အရာရှိများသည် အစီအစဉ်များကို တစ်ပတ်အတွင်း ပြောင်းလဲလိမ့်မည် ဖြစ်သည်။
ထိုပြောင်းလဲမှု ပြီးသည့်နောက်တွင် ထိုမြေသည် ပညာသင်ကြားရေးနယ်မြေဖြစ်လာပြီး တန်ဖိုးမှာ အနည်းဆုံး သန်း၅၀၀အထိ တိုးသွားမည် ဖြစ်သည်။
တစ်ပတ်အတွင်းမှာပင် သန်း၅၀၀လောက်အထိ ရနိုင်မှာဖြစ်သည်။
ထိုအရာမှာ သူ့ကို ပိုက်ဆံ ပစ်ပုံပေးနေခြင်းဖြစ်လေသည်၊
အဲ့အကြောင်းကို တွေးပြီး ချန်းရွှမ်ကိုတွေ့ကာ ထိုလေလံပွဲ၏ အသေးစိတ်အချက်အလက်များကို မေးကြည့်ရန် မစောင့်နိုင်တော့ချေ။
သို့သော် ဤနေရာတွင်လည်း အလှလေးနှစ်ယောက် ရှိနေသေးသည်။
သူတို့ကို ဒီနေရာမှာပဲ ထားခဲ့ပြီး တစ်ယောက်တည်း ထွက်ပြေးလို့က မဖြစ်သင့်ဘူး မဟုတ်လား။
" ဒီည ဘယ်မှာနေမှာလဲ။ ကိုယ် မင်းတို့ကို အဲ့ဒီဆီ လိုက်ပို့ပေးရမလား "
သူ့ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို မြိုသိပ်လိုက်ပြီး သူတို့နှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။
ဖန်းကျန်းဝူ ထိတ်လန့်သွားသည်။
သူမအနားရှိ ရှုကျင်းရှင်းကိုလည်း ဂရုမစိုက်နိုင်တော့ပေ။
သူမသည် လက်ကို အမြန်လှမ်းဆွဲယူလိုက်သည်။
" သခင်၊ ကျန်းဝူတို့ကို စွန့်ပစ်တော့မှာလား "
ယဲ့ဖန် မတတ်နိုင်ဘဲ ခေါင်းကိုက်လာရသည်။
" အဲ့တာက ... ငါ လုပ်စရာတွေ ရှိသေးတယ်။ ပြီးတဲ့အခါမှ မင်းကို လာရှာမယ် "
ဖန်းကျန်းဝူ ခေါင်းခါလိုက်သည်။
" မရဘူး၊ သခင်ကြီး သွားတဲ့နေရာတိုင်း ကျန်းဝူ လိုက်ခဲ့မယ် "
ယဲ့ဖန် သူ့စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
သွားပြီ။
ဒါက ခွေးသန်းကို တက်နင်းမိလိုက်သလိုပဲ။
သူ အခု ခွာချလို့ မရတော့ဘူး။
သို့သော် သူမကို လောလောလတ်လတ်ကမှ နာကျင်စေခဲ့တာဖြစ်သည်။
ထို့ကြောင့် အခုအချိန်၌ နှလုံးသားမဲ့လွန်းသည့် လုပ်ရပ်မျိုးကို လုပ်လျှင် တရားမျှတမှာ မဟုတ်ချေ။
" ရှောင်ဝူ၊ ဒီနေ့ အစ်မကျင်းရှင်းနဲ့ပဲ နေလိုက်ပါ။ လုပ်စရာကိစ္စတွေ ပြီးရင် မင်းကို ငါ သေချာပေါက် လာတွေ့မှာ။ နေကောင်းအောင်နေ "
သူသည် ကလေးတစ်ယောက်အား ချော့နေပုံရသည့် လေသံဖြင့် သူမကို နှစ်သိမ့်ပေးလိုက်သည်။
သို့သော် ဖန်းကျန်းဝူသည် လက်မလွှတ်ချင်သေးပေ။
" သခင်က ကျန်းဝူကို မကြိုက်တော့ဘူးလား "
ယဲ့ဖန်သည် သွေးအန်မတတ် ဖြစ်သွားသည်။
" ရှောင်ဝူက အစ်မကျင်းရှင်းကို ကြိုက်တာ မဟုတ်ဘူးလား "
ရှုကျင်းရှင်း၏ မျက်လုံးများသည် ထိတ်လန့်စွာ ပြူးကျယ်သွားသည်။
ဒီတစ်ယောက်က ဖန်းကျန်းဝူကို ဖယ်ရှားဖို့အတွက်နဲ့ တခြားတစ်ယောက်ကို အာရုံပြောင်းဖို့ ကြိုးစားနေတာလား။
သို့သော် ဖန်းကျန်းဝူသည် ခေါင်းကို တွင်တွင်ခါနေဆဲဖြစ်သည်။
" ဒါပေမယ့် ကျန်းဝူက မိန်းမတွေကို စိတ်မဝင်စားတော့ဘူး။ ယောက်ျားတွေကို မုန်းနေတာမဟုတ်ပေမယ့် ကိုယ်ကြိုက်တဲ့သူကို ရှာမတွေ့ခဲ့ဘူးဆိုတာ အခုမှ သဘောပေါက်သွားတယ် "
ယဲ့ဖန် ရယ်ရမလား ငိုရမလား မသိတော့ပေ။
သူ လှည့်ပြီး ရှုကျင်းရှင်းကို အကူအညီတောင်းရုံသာ တတ်နိုင်တော့သည်။
မမလေးရှုက စကားကို ပိုပြီး ကျိုးကြောင်းဆီလျော်စွာ ပြောတတ်ပေလိမ့်မည်။
သူမသည် ဖန်းကျန်းဝူ၏ လက်ကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။
" ရှောင်ဝူ၊ မင်းရဲ့သခင် ...... အစ်ကိုယဲ့ဖန်က ကောင်မလေး သွားရှာမှာ။ တတိယဘီး လိုက်မလုပ်နဲ့လေ "
သူမ ဘာမှ မပြောလျှင်တောင် ပိုကောင်းပေလိမ့်မည်။
ဖန်းကျန်းဝူသည် ရှုကျင်းရှင်း၏ စကားကို ကြားပြီးသောအခါ သူမ၏ မျက်လုံးကြီးများတွင် မျက်ရည်များ ပြည့်နှက်လာသည်။
" သခင်က ကျန်းဝူကို မလိုချင်တော့ဘူးလား။ ကျန်းဝူ ဘာအမှားလုပ်ခဲ့လို့လဲ။ သခင်က ကျန်းဝူကို ပြောပြရင် သေချာပေါက်ပြောင်းလဲပေးပါ့မယ်။ ဒါပေမယ့် ကျန်းဝူကိုတော့ မထားခဲ့ပါနဲ့ အီးဟီးဟီး ...... "
ယဲ့ဖန်သည် ယခုအခါ လုံးဝကို အားကိုးရာမဲ့သွားပြီ ဖြစ်သည်။
များစွာ ချော့မြှူပြီးသည့် နောက်ဆုံးတွင် သူတို့နှစ်ဦးအား ခဏ အဖော်ပြုလိုက်သွားရန် သဘောတူခဲ့လိုက်သည်။
ထိုမှသာ ဖန်းကျန်းဝူ ရယ်မောသွားလေသည်။
အချိန်ခဏကြာသာ အဖော်ပြုပေးဖို့ သဘောတူခဲ့ကြသော်လည်း နှစ်နာရီကျော် ကြာမြင့်ခဲ့သည်။
မိန်းမလှလေး နှစ်ယောက်အား ဟိုတယ်သို့ ပြန်ပို့ပြီးသည့်နောက်တွင် ည ၁၁ နာရီကျော်နေပြီ ဖြစ်သည်။
ယဲ့ဖန်သည် ချန်းရွှမ်၏ ဟိုတယ်သို့ မသွားမီ ဖန်းကျန်းဝူကို ထပ်နှစ်သိမ့်ခဲ့ရသည်။
သူသည် ညသန်းခေါင်၌ ချန်းရွှမ်၏ တံခါးကို လာခေါက်သည့်အခါ ချန်းရွှမ် ခုန်မိသွားတယ်။
" ဘာလို့ ဒီကို ဒီလောက်နောက်ကျမှ ရောက်လာတာလဲ "
သူမသည် ပိုးသားအဖြူရောင် ညအိပ်ဂါဝန်ကို ၀တ်ထားကာ ရေချိုးထားပုံရသည်။
စိုစွတ်နေသော ဆံစများမှ ခေါင်းလျှော်ရည်၏ မွှေးရနံ့ကို တိုးစေပြီး ခေါင်းပေါ်တွင် ဆံပင်ကို ပေါ့ပေါ့ပါးပါး ချည်နှောင်ထားသည်။
" အစ်မရွှမ်၊ ဘာလို့ မအိပ်သေးတာလဲ။ ဘာတွေနဲ့ အလုပ်ရှုပ်နေတာလဲ "
သူမအား အပိုစကားတွေ ပြောမနေဘဲ အထဲကို တန်းလျှောက်ဝင်သွားခဲ့သည်။
" လွန်ခဲ့တဲ့ ရက်တွေတုန်းက နင့်ဆီကို စျေးသက်သက်သာသာနဲ့ ပိုင်ဆိုင်မှုတွေ အများကြီးကို လူတော်တော်များများက လွှဲခဲ့ကြတယ် မဟုတ်ဘူးလား။ ဒီကိစ္စတွေကို ဟိုရက်တွေကပဲ ကိုင်တွယ်ဖြေရှင်းပြီးသွားပြီ "
ချန်းရွှမ် သူ့နောက်ကို လိုက်လာပြီး ရေတစ်ခွက် ငှဲ့ပေးလိုက်သည်။
" ကိုယ့်ကိုယ်ကိုယ် အပင်ပန်း မခံနဲ့။ အစ်မရဲ့လက်အောက်ငယ်သားတွေကို လုပ်ခိုင်းလိုက်လေ။ ဒီလိုမှမဟုတ်ရင် အဲ့လူတွေကို ထောက်ပံ့ဖို့ ဘာလို့ ဒီလောက် ငွေတွေအများကြီး သုံးနေရတာလဲ။ ဆရာမကြီး ဖြစ်ချင်နေတာလား "
ယဲ့ဖန်သည် သူမကို ပွေ့ဖက်စဉ်တွင် အနည်းငယ် ပိန်လျသွားသည်ကို မြင်လိုက်ရပြီး စိတ်မကောင်း ဖြစ်သွားသည်။
ချန်းရွှမ်သည် သူ့ပုခုံးပေါ်တွင် သက်တောင့်သက်သာရှိစွာ မှီထားလိုက်ပြီး ရှားပါးလှသည့် နွေးထွေးမှုကို ခံစားလိုက်ရသည်။
" ကျွန်မက ကျွန်တစ်ယောက်ဇာတာ ပါနေလား မသိပါဘူး။ ရပ်လိုက်တာနဲ့ ဘာလုပ်ရမယ်မှန်း မသိတော့ဘူး။ မရပ်မနား အလုပ်လုပ်နေမှ ရတာ "
ယဲ့ဖန် သူမကို စိတ်ပူပြီး ခေါင်းစဉ်ပြောင်း ပြောလိုက်သည်။
" အစ်မရွှမ်၊ လင်းယွမ်အိမ်ခြံမြေက ယန်းချန်မြို့ရဲ့ မြေယာလေလံပွဲမှာ ပါခွင့်ရှိလား "
ချန်းရွှမ် ခဏတာ အံ့အားသင့်သွားသည်။
" ဟုတ်တယ်၊ ဘာလို့လဲ။ လိုချင်တဲ့မြေ ရှိလို့လား "
ယဲ့ဖန် ဝမ်းသာသွားသည်။
" ဟုတ်တယ်၊ မနက်ဖြန် ယန်းချန်မြို့မှာ မြေလေလံပွဲရှိတယ်။ ကျွန်တော် ပါမလို့ "
ချန်းရွှမ် အနည်းငယ် အံ့ဩသွားသည်။
" ဘာလို့ မြေကို ရုတ်တရတ် လေလံဆွဲချင်ရတာလဲ။ ရှောင်ဖန်၊ အိမ်ခြံမြေရဲ့ ရေအတိမ်အနက်က နက်လွန်းတယ်။ နားမလည်ရင် အလျင်မလိုနဲ့ ...... "
ယဲ့ဖန် သူမကို အမြန် ဖြတ်ပြောလိုက်သည်။
" အိမ်ခြံမြေဆိုတာ ရှုပ်ထွေးတဲ့ လုပ်ငန်းတစ်ခုမှန်း ကိုယ်သိပါတယ်။ ဒါပေမယ့် မျက်စိကျနေတဲ့ မြေကွက်က ပညာရေးနယ်ပယ်အတွက် အသုံးပြုမယ်ဆိုတဲ့ အတွင်းသတင်းတချို့ကို ရထားတယ်။ ရောင်းရင် အနည်းဆုံး ဒီပမာဏလောက် ဝင်ငွေရနိုင်တယ် "
သူသည် ပြောသည့်အတိုင်း လက်ဖဝါးကို ဆန့်လိုက်သည်။
ချန်းရွှမ်သည် အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း သူမ သံသယရှိနေဆဲဖြစ်သည်။
" အတွင်းသတင်းကို ဘယ်က ရလာခဲ့တာလဲ။ စိတ်ချရပါ့မလား "
ယဲ့ဖန်က သူမ၏ ပါးလေးကို ကိုက်လိုက်သည်။
" စိတ်မပူပါနဲ့၊ ကိုယ် ဘယ်တုန်းက ယုံကြည်မှုမရှိတဲ့ တိုက်ပွဲကို တိုက်ဖူးလို့လဲ "
ချန်းရွှမ်သည် ချက်ချင်း သူ၏လည်ပင်းကို သိုင်းဖက်လိုက်သည်။
" မရဲ့ ချစ်သူလေးက အကောင်းဆုံးဆိုတာ သိပါတယ်။ ငါ့ကိုယ်ငါ မယုံရင်တောင် နင့်ကို ယုံမယ် "
ယဲ့ဖန် နှာခေါင်းကို တို့ထိလိုက်ပြီး ပြောသည်။
" ဒါဆို ကိုယ့်ကို ပြောပါဦး။ ကိုယ့်ရဲ့ ဘယ်ပုံစံက အကောင်းဆုံးလဲ "
ချန်းရွှမ်၏ လှပသော မျက်နှာလေးသည် ချက်ချင်းပင် နီရဲလာသည်။
" ဘယ်လိုလုပ် သိမှာလဲ "
ယဲ့ဖန်၏ အကြည့်သည် စနောက်နေပုံရသည်။
" အစ်မ၊ တကယ် မသိဘူးလား "
ချန်းရွှမ် အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။
အရင်လို မအေးစက်တော့ချေ။
ထိုအစားသည် ယဲ့ဖန်၏ နားဆီသို့ ဆွဲဆောင်မှုရှိစွာဖြင့် ဖြည်းညှင်းစွာ မှီလိုက်သည်။
" ယောက်ျား၊ လိုချင်တယ် ...... "
ယဲ့ဖန်သည် သူမ၏ စကားကြောင့် ချက်ချင်း ထကြွလာသော်လည်း " မင်းလေးက ဘာလိုချင်တာလဲ " ဟု မေးလိုက်သေးသည်။
ချန်းရွှမ်သည် သူမကောင်လေးမှ စိတ်ရှုပ်ထွေးဟန်ဆောင်နေသည်ကို တွေ့လိုက်ရပြီး ချက်ချင်း အံကြိတ်လိုက်သည်။
" သိရဲ့သားနဲ့ "
ယဲ့ဖန် သူမကို တမင်ဆွဲထားနေသည်။
" ရှင်းရှင်းလင်းလင်း မပြောရင် ကိုယ်က ဘယ်လိုလုပ် သိမှာလဲ "
ချန်းရွှမ် သူ့ကို တွန်းထုတ်လိုက်သည်။
" မသိရင်လည်း ထားလိုက်တော့၊ လူဆိုးကြီး "
ထိုသို့ဖြင့် သူမ လှည့်ထွက်သွားရန် ပြင်သည်။
ယဲ့ဖန် သူမကို နောက်မှ ပြန်ဆွဲလိုက်သည်။
" မင်းက ကိုယ့်ကို ဝုန်းဒိုင်းကြဲရဲတယ်လား။ ဒီနေ့ မင်းလို မိန်းမတစ်ယောက်ကိုတောင် အနိုင်မယူနိုင်ရင် ကမ္ဘာကြီးကို ဘယ်လို အနိုင်ယူမှာလဲ "
" အာ့၊ နူးနူးညံ့ညံ့လုပ်ပါ ......... "