အပိုင်း ၇၄၅-၇၄၈
Vol. 38 Ch. 745-748
အပိုင်း ( ၇၄၅ )
အစ်မရွှမ်လို့ မခေါ်နဲ့၊ ဘေဘီလို့ ခေါ်
လိင်ဆက်ဆံခြင်း တစ်ချီပြီးသောအခါ ယဲ့ဖန်သည် မနက်ဖြန် သွားရမည့် လေလံပွဲအကြောင်းကို စဉ်းစားရင်း ကုတင်ပေါ်၌ လှဲနေသည်။
ချန်းရွှမ်သည် သူ့ရင်ဘတ်ကို မှီလျက် သူမ၏ မျက်လုံးထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်နေသော အရိပ်အမြွက်လက်သွားသည်။
သူတို့နှစ်ယောက် အချစ်ဖန်တီးကြချိန်၌ ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ်တွင် ခြစ်ရာစင်းရာများကို သတိထားမိခဲ့သည်။
သူမ၏ ဉာဏ်ရည်ဉာဏ်သွေးအရ ထိုအရာများကို အမျိုးသမီးတစ်ဦးမှ ချန်ရစ်ခဲ့ကြောင်း ပြောနိုင်လေသည်။
တကယ်တော့ သူမသည် ယဲ့ဖန်နှင့် အတူရှိရန် ဆုံးဖြတ်လိုက်သည့်အခါကတည်းက သူမသည် ဤကဲ့သို့သောနေ့မျိုး ရောက်လာမည်ကို မျှော်လင့်ထားပြီးသားဖြစ်သည်။
ထိုသို့သော ထူးချွန်သည့်ယောက်ျားကို သူမကိုယ်ပိုင်အဖြစ် လက်ဝါးကြီးအုပ်ထား၍ မရနိုင်ပေ။
တကယ်တွင် သူမ သိသည့် အောင်မြင်သူများတွင် ထိုကဲ့သို့ လုပ်နိုင်တဲ့သူ မရှိချေ။
အများသူတွေ ပြောနေကြသည့် စံပြစုံတွဲများသည်ပင် အများနောက်ကွယ်၌ အပျော်များ ရှိကြသည်။
သူမ ဤနေ့မျိုးသည် အချိန်အနည်းငယ်ကြာမှ ရောက်လာမည်ဟု မျှော်လင့်ထားခဲ့သည်။
ထိုအခါ သူမသည် သူနှင့်အတူ ချိုမြိန်သောအချိန်များကို ပျော်ရွှင်စွာ ခံစားနိုင်ရန်ဖြစ်သည်။
သို့သော် ထိုနေ့သည် ဤမျှ စောစီးစွာ ရောက်လာလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ယဲ့ဖန်သည် သူမ စကားမပြောသည်မှာ ကြာနေသည်ကို မြင်လိုက်ရပြီး သူမ၏ လက်လေးကို ဆွဲပြီး နူးညံ့စွာ မေးစေ့ကို လှမ်းကိုင်လိုက်သည်။
" ဘာဖြစ်လို့လဲ။ အစ်မစိတ်ထဲမှာ တစ်ခုခုရှိနေလို့လား "
ချန်းရွှမ် သူ့ကို ငေးငိုင်လျက် ကြည့်လိုက်သည်။
" ရှောင်ဖန်၊ နင် ငါ့ကို ထားခဲ့မှာလား "
ယဲ့ဖန် အံ့သြသွားသည်။
" ဘာဖြစ်တာလဲ။ အစ်မ၊ ဘာလို့ ဒီလိုမေးခွန်းမျိုးကို ရုတ်တရက် မေးနေရတာလဲ "
ချန်းရွှမ် သူ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။
" ဖြေပါဦး။ ငါ့ကို ထားခဲ့မှာလား "
ယဲ့ဖန် သူမနှာခေါင်းလေးကို ဖိညှစ်လိုက်သည်။
" သိပ်ပြီး စဉ်းစားမနေပါနဲ့။ ကိုယ် မင်းကို သဘောကျတယ်လေ။ ဘာလို့ ထားခဲ့ရမှာလဲ "
ချန်းရွှမ်က စိုးရိမ်နေသေးသည်။
" တကယ်လား။ နင့်မှာ တခြားမိန်းမတွေ ရှိလာပြီး ငါ့ကို တစ်နေ့ငြီးငွေ့သွားရင် ဘယ်လိုလုပ်မလဲ "
ယဲ့ဖန်သည် အစတွင် ချိုမြိန်သော စကားလုံးများကို အသုံးပြုလျက် သူမအား ဆွဲဆောင်ချင်သော်လည်း သူမ ဘယ်လောက်လေးနက်နေသည်ကို မြင်လိုက်ပြီး သူလည်း လေးနက်သွားရသည်။
" အစ်မရွှမ်၊ မင်းအပေါ် ကိုယ့်ရဲ့ အကြွင်းမဲ့သစ္စာစောင့်သိမှုကို အာမမခံနိုင်သလို မင်းနဲ့အတူတူ အသက်ကြီးမယ်လို့လည်း ကတိပေးလို့ မရဘူး။ ကြုံသလို သစ္စာဆိုတဲ့သူတွေက လူလိမ်တွေပဲ။ အဲ့တာကြောင့် တစ်ဖက်လူက ကိုယ့်ကို မငြီးငွေ့စေဖို့ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် ကြိုးစားရမယ် "
ချန်းရွှမ် သူ့အဖြေကို နားထောင်နေသည်။
ယဲ့ဖန်၏ စကားတွင် မိန်းမများ နှစ်သက်သည့် ချိုမြိန်သော စကားလုံးတွေ မပါသော်လည်း သူ၏ ရိုးသားသော စကားလုံးများကို သူမ ကြားနိုင်လေသည်။
ယဲ့ဖန် ခဏရပ်လိုက်သည်။
ထို့နောက် သူမမျက်လုံးတွေကို လေးနက်စွာ စိုက်ကြည့်နေသည်။
" အနည်းဆုံးတော့ ဒီလက်ရှိအချိန် ကိုယ့်နှလုံးသားထဲမှာ မင်းရဲ့ အနေအထားကို ဘယ်မိန်းကလေးကမှ အစားမထိုးနိုင်ဘူး "
ချန်းရွှမ် ထိုစကားကို နားထောင်ပြီးနောက် ယဲ့ဖန်ကို အချိန်အကြာကြီး စိုက်ကြည့်ကာ ရုတ်တရက် ပြုံးလိုက်သည်။
ထိုအချိန်တွင် သူမ၏အလှသည် အခြားအရာများနှင့် မယှဉ်နိုင်လောက်အောင် လှပနေခဲ့သည်။
သူမသည် ယဲ့ဖန်နားကို ကပ်လိုက်ပြီး ပြောသည်။
" ရှောင်ဖန်၊ ငါ ထပ်လိုချင်သေးတယ် ...... "
ထိုစကားကို ယဲ့ဖန် ထပ်ကြားလိုက်သည့်အခါ သူ အရင်ကလို စိတ်မလှုပ်ရှားနိုင်တော့ချေ။
ထိုအစား သူ အနည်းငယ် ကြောက်သွားသည်။
သူတို့နှစ်ဦးသည် နှစ်နာရီနီးပါး တိုက်ပွဲဝင်ခဲ့ပြီးဖြစ်ရာ ကျည်ဆန်နှင့် ရိက္ခာများ ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။
" အစ်မရွှမ်၊ မနက်ဖြန် လုပ်စရာတွေ ကျန်သေးတယ်။ စောစောအနားယူရအောင် "
ထိုသို့ ပြောရင်းနှင့် အိပ်ရာဝင်ရန် ပြင်သည်။
သို့သော်လည်း ဥက္ကဌချန်းသည် သူ့ကို ပြန်ဆွဲလိုက်သည်။
" မရဘူး၊ ငါ နောက်တစ်ကြိမ် ထပ်လိုချင်သေးတယ် "
ယဲ့ဖန် တုန်လှုပ်သွားသည်။
မိန်းမတစ်ယောက်မှ ချွဲနွဲ့စွာ ပြုမူလျှင် ယောက်ျားတစ်ယောက်သည် သူ့ခါးကိုပင် ချိုးပစ်လိုက်နိုင်သည်။
အထူးသဖြင့် ချန်းရွှမ်ကဲ့သို့ သန်မာသော အမျိုးသမီးတစ်ဦးမှ ထိုကဲ့သို့ ပြုမူသည့်အခါ ပို၍ပင် ကြောက်စရာကောင်းလေသည်။
" အစ်မရွှမ် ....... "
" ငါ့ကို အစ်မရွှမ်လို့ မခေါ်နဲ့။ ဘေဘီလို့ ခေါ် "
ချန်းရွှမ်သည် ပြောပြီးနောက် သူမဘက်မှ စပြီး အပေါ်ကို ချက်ချင်း တက်လေသည်။
ယဲ့ဖန် သက်ပြင်းချလိုက်ရသည်။ ထို့နောက် ပျော်ရွှင်မှုနှင့်အတူ နာကျင်မှုပါ ရောယှက်လျက် စားသောက်ခဲ့သည်။
ချန်းရွှမ်သည် အလွန်တက်ကြွနေပုံရသော်လည်း သူမ၏ အကြည့်များမှာ အလွန်ရှင်းလင်းနေသည်။
သူမသည် ထာဝရအာမခံချက် မရနိုင်သောကြောင့် ပစ္စုပ္ပန်ကို မြတ်နိုးရပေလိမ့်မည်။
အနည်းဆုံးတော့ လက်ရှိအခိုက်အတန့်တွင် သူမသည် သူ၏ နှလုံးသားထဲရှိ အစားမထိုးနိုင်သူ ဖြစ်သည်။
...........................................
နောက်တစ်နေ့နံနက်တွင် ချန်းရွှမ်သည် ယဲ့ဖန်အား အကြိမ်ကြိမ် တိုက်တွန်းပြီးမှ သူ ဖြည်းဖြည်းချင်း ထလာခဲ့သည်။
မနေ့ညမှ ပြင်းထန်သော တိုက်ပွဲကြောင့် သူ အတော်လေး ကြောင်အနေသည်။
ကုတင်ပေါ်တွင် ခဏကြာ တင်ပျဉ်ခွေထိုင်ပြီးနောက် ဧည့်ခန်းထဲသို့ အပြေးသွားကာ လက်သီးထိုး လေ့ကျင့်သည်။
ထိုမှသာ သူ စွမ်းအင်များ ပြန်လည်ရရှိလာသည်ဟု ခံစားရလေသည်။
ထို့နောက် ရေချိုးသန့်စင်ပြီး အဝတ်အစားလဲကာ ချန်းရွှမ်နှင့်အတူ နံနက်စာစားရန် ဒုတိယထပ်ရှိ ထမင်းစားခန်းဆီသို့ သွားခဲ့သည်။
" လေလံပွဲကို မနက် ၁၀ နာရီမှာ စမှာ။ လေလံဆွဲဖို့ လိုအပ်ချက်တွေ ရထားပြီးသား "
နံနက်စာစားပြီးနောက် ချန်းရွှမ်သည် သူမ၏ ပါးစပ်ကို တစ်ရှူးဖြင့် သုတ်လိုက်ပြီး ယဲ့ဖန်အား သတင်းအချက်အလက်ကို ပြောပြလေသည်။
ယဲ့ဖန်သည် သူမ ညှပ်ရိုးနား၌ လွင့်နေသောဆံမျှင်ကို ဖယ်ရှားပေးရင်း ခေါင်းညိတ်ပြလိုက်သည်။
" ကောင်းပြီလေ၊ ကိုယ်တို့ စားပြီးရင် အမြန်သွားကြမယ် "
ချန်းရွှမ်သည် အနည်းငယ် စိုးရိမ်နေသေးသည်။
" ဒီမြေကွက်ကို လေလံဆွဲချင်တာ သေချာလား။ ငါတို့ အန္တရာယ်တွေကို ပြန်လည်သုံးသပ်သင့်တယ် မဟုတ်လား။ နင့်ရဲ့ သတင်းအချက်အလက်မှာက ပြဿနာရှိနေရင် ဒါက ဟာသမဟုတ်ဘူးနော် "
ယဲ့ဖန်သည် နောက်ဆုံး ပေါင်မုန့်ချပ်ကို ပါးစပ်ထဲသို့ ထည့်ပြီး နို့ကို လောင်းချကာ ပါးစပ်ကို သုတ်လိုက်သည်။
" စိတ်မပူပါနဲ့၊ ကိုယ့်ရဲ့ အချက်အလက်ကွန်ရက်က အရမ်းအားကောင်းတယ်။ ပြဿနာရှိမှာမဟုတ်ဘူး "
ချန်းရွှမ် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
" ငါ နင့်ကို တကယ် မနိုင်ဘူး "
သူမ၏ လေသံသည် ကလေးငယ်လေးအား ချော့မြူနေသည့်ပုံ ဖြစ်သည်။
သူတို့နှစ်ယောက် ထွက်သွားခါနီးတွင် သူတို့နောက်မှ တစ်စုံတစ်ယောက်၏ အော်သံကို ရုတ်တရက် ကြားလိုက်ရသည်။
" ဒါက ဥက္ကဌချန်း မဟုတ်လား "
ချန်းရွှမ်သည် သူမ၏ ခြေလှမ်းကို ရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။
ထိုအခါ လူလတ်ပိုင်းတစ်ဦး အမြန်လမ်းလျှောက်လာသည်ကို သူမ တွေ့လိုက်ရသည်။
ထိုအမျိုးသားသည် အသက်လေးဆယ်ကျော်အရွယ်ရှိပုံရပြီး အရပ် ၁.၈ မီတာခန့်ရှိသည်။
အနက်ရောင်ဝတ်စုံပြည့်ကို ၀တ်ဆင်ထားပြီး အလွန်သိက္ခာရှိပုံပေါ်သည်။
သို့သော် သူသည် ဘဲဥပုံမျက်နှာကျ၊ ချွန်ထက်သော မေးစေ့နှင့် ပြောင်းပြန်တြိဂံမျက်မှန်တစ်စုံ တပ်ထားသောကြောင့် အလွန်ကောက်ကျစ်သော ခံစားချက်ကို ရစေသည်။
ချန်းရွှမ်သည် သူ့ကိုမြင်သောအခါ သူမ အံ့ဩသွားသည်။
" ရှင့်ကို ကျွန်မ သိလို့လား "
ထိုလူသည် သူ့လက်ကို အရင်ဆန့်ထုတ်လိုက်သည်။
" ကျွန်တော်က ရှအိမ်ခြံမြေရဲ့ အထွေထွေမန်နေဂျာ ရှဖင်းချိန်ပါ။ ဥက္ကဌရှောင်းရဲ့ ကော့တေးပါတီမှာ ဥက္ကဌချန်းကို တွေ့ခဲ့ဖူးပေမယ့် မင်းက ကော့တေးပါတီရဲ့ အဓိကလူဖြစ်နေခဲ့တော့ မင်းနဲ့ စကားပြောလို့ မရခဲ့လိုက်ဘူး "
ချန်းရွှမ်သည် သူ့အား ပြန်ပြီး လက်ဆွဲမနှုတ်ဘဲ ယဉ်ကျေးစွာသာ ပြုံးပြလိုက်သည်။
" မင်္ဂလာပါ၊ ရှဥက္ကဌ။ ကျွန်မတို့ လုပ်စရာလေး ရှိသေးလို့ ကျန်တာ ဘာမှမရှိရင် ကျွန်မတို့ အရင်သွားလိုက်ပါဦးမယ် "
ထိုစကားကို ပြောပြီးနောက် သူမသည် ယဲ့ဖန်၏ လက်မောင်းကို ဆွဲကိုင်ကာ ထွက်သွားရန် ပြင်ဆင်လိုက်သည်။
သို့သော် ထိုရှဥက္ကဌသည် အရေထူလေသည်။
သူမ အနောက်ကို ချက်ချင်း လိုက်သွားသည်။
" မိန်းကလေးချန်း၊ မင်း ဒီမနက် အိမ်ခြံမြေလေလံပွဲမှာ ပါဝင်မှာလား။ တိုက်ဆိုင်လိုက်တာ၊ ကျွန်တော်လည်း သွားမလို့။ ငါ မင်းနဲ့ လိုက်လို့ရမလား "
ချန်းရွှမ် စကားပြန်မပြောမီတွင် ယဲ့ဖန်သည် သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။
" ခင်ဗျား ငါတို့ စကားဝိုင်းကို ခိုးနားထောင်ရဲတာလား "
ရှဖင်းချိန် ချက်ချင်းပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" ကျေးဇူးပြုပြီး နားလည်မှု မလွဲပါနဲ့ လူကြီးမင်း။ ခိုးနားထောင်ဖို့ မရည်ရွယ်ပါဘူး။ ဘေးနားကနေ ကြားလိုက်ရတာပါ။ မင်းတို့ မြေတစ်ကွက်ကို မျက်စိကျနေတယ်လို့ ကြားလိုက်တယ်။ ဘယ်တစ်ကွက်လဲဆိုတာ သိချင်လို့ပါ "
ချန်းရွှမ်သည် ထိုစကားကို ကြားလိုက်သောအခါ သူမ၏ လှပသောမျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။
" ရှလူကြီးမင်း၊ သူများတွေကို ခိုးနားထောင်တာက အရမ်းမိုက်ရိုင်းတဲ့ လုပ်ရပ်ပါ။ ဘယ်မြေကွက်ကို ကျွန်မတို့ မျက်စိကျနေတယ်ဆိုတာက လျှို့ဝှက်ချက်ဖြစ်ပြီးတော့ ကျွန်မတို့မှာ ဘာမှ ပြောစရာ မရှိပါဘူး "
ချန်းရွှမ်သည် အပြင်လူများနှင့် ရင်ဆိုင်ရသောအခါ ယဲ့ဖန်၏ ရှေ့တွင် ပြုမူတတ်သော ကလေးမလေးတစ်ယောက် ပုံစံမရှိပေ။
သူမသည် စီးပွားရေးဘုရင်မ၏ အစွမ်းထက်သောပုံရိပ်ကို အပြည့်အဝ ပြသခဲ့သည်။
ထို ရှဖင်းချိန်သည် အမှန်တကယ်ပင် အရေထူလေသည်။
ချန်းရွှမ်မှ သူ့ကို လူကြားထဲ အပြစ်တင် ဝေဖန်လိုက်သော်လည်း ဒေါသလုံးဝမထွက်ချေ။
" ချန်းမိန်းကလေး၊ ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့။ ငါ မင်းကို အရမ်းလေးစားပါတယ်။ အဲ့တာကြောင့် မင်းကို လှည့်စားနေတာကို ငါ မမြင်ချင်လို့ပါ "
ချန်းရွှမ် သူ့ကို အေးစက်စွာ ကြည့်နေသည်။
" ဘာကိုဆိုလိုတာလဲ "
ရှဖင်းချိန်သည် ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်သည်။
" ချန်းမိန်းကလေး၊ ကျေးဇူးပြုပြီး လူတချို့ရဲ့ အတွင်းအချက်အလက်ဆိုတာတွေကို မယုံပါနဲ့။ ငါ အိမ်ခြံမြေလုပ်ငန်းမှာ နှစ်အတော်ကြာနေခဲ့ပြီးတော့ ဒီလိုလူတွေ အများကြီးကို တွေ့ဖူးတယ်။ အစပိုင်းမှာတော့ သူတို့မှာ အတွင်းအချက်အလက်တွေ အများကြီးရှိတယ်လို့ ပြောကြတယ်။ ပြီးကျ မင်း ငွေတွေအများကြီး ရင်းနှီးမြုပ်နှံလိုက်တဲ့အခါ အဲ့လူတွေက ထွက်ပြေးသွားလိမ့်မယ်။ အဲ့ကျရင် မင်း ငိုစရာနေရာတောင် ရှိမှာမဟုတ်ဘူး "
ချန်းရွှမ်သည် အငြင်းဆောင်သည့် သဘောထားကိုသာ ပြသခဲ့သည်။
" ဒါက ကျွန်မကိုယ်ပိုင် စီးပွားရေးကိစ္စပါ။ အဲ့တာကို ရှင် စိတ်ပူနေဖို့ မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်လိုက်ပါ "
ထိုသို့ဖြင့် သူမသည် ယဲ့ဖန်၏ လက်မောင်းကို ကိုင်ပြီး ထွက်သွားရန် ပြင်ဆင်လိုက်သည်။
ရှဖင်းချိန်သည် အရှုံးမပေးဘဲ သူမကို တားဖို့ လှမ်းဆွဲရန် ပြင်လိုက်သည်။
ထိုအခါ ယဲ့ဖန်မှ ရုတ်တရက် လှည့်ကြည့်လိုက်သည်။
" မင်း သူ့ကို သတ္တိရှိရင် ထိလိုက် "
အပိုင်း ( ၇၄၆ )
ဒါက တကယ့် စူပါပြိုင်ကားပဲ
ရှဖင်းချိန်သည် အလွန်ကြောက်လန့်သွားပြီး သူ့လက်ကို အမြန်ပြန်ရုတ်လိုက်သော်လည်း သူရဲဘောကြောင်လွန်းနေပုံ ပေါ်သွားသည်ကို မကြာခင်မှာပဲ သဘောပေါက်လိုက်သည်။
ဒေါသအရမ်းထွက်နေသော်လည်း သူ့မျက်နှာပေါ်တွင် အန္တရာယ်ကင်းသော အပြုံးတစ်ခု ရှိနေသေးသည်။
" ကျွန်တော် အောက်ထပ်ကို ဆင်းဖို့ လုပ်နေတာပါ။ ဒီဓာတ်လှေကားကရော မင်း မိသားစုနဲ့ မဆိုင်ဘူး မဟုတ်လား "
ထိုသို့ပြောပြီးနောက် သူသည် ဦးဆောင်ကာ ဓာတ်လှေကားထဲသို့ ဝင်သွားခဲ့သည်။
ချန်းရွှမ်နှင့် ယဲ့ဖန်တို့သည် ထိုကဲ့သို့ အရှက်မရှိသော ခွေးတစ်ကောင်နှင့် ယှဉ်ပြောနေရသည်မှာ အကူအညီမဲ့ ဖြစ်သွားကြသည်။
သူတို့သည် သူ့နောက်သို့ လိုက်ကာ ဓာတ်လှေကားထဲ ဝင်သွားရသည်။
ဓာတ်လှေကား ဆင်းနေစဉ်အတွင်းတွင် ရှဖင်းချိန်သည် ချန်းရွှမ်အား တဏှာထရန် အခွင့်အရေး ရှာနေခဲ့သော်လည်း ချန်းရွှမ်မှ သူ့ကို လျစ်လျူရှုနေခဲ့သည်။
ယဲ့ဖန်သည် မထိန်းနိုင်ဘဲ သူ့အား အကြိမ်အနည်းငယ်လောက် ထိုးလိုက်ချင်သော်လည်း ချန်းရွှမ်မှ သူ့ကို တားခဲ့သည်။
ယနေ့တွင် သူတို့၌ အရေးကြီးကိစ္စတစ်ခု ရှိနေသောကြောင့် အရှက်မဲ့သည့် ခွေးတစ်ကောင်နှင့် တွက်ကပ်နေရန် အကြောင်းမရှိချေ။
သူတို့သုံးယောက် အောက်ထပ်သို့ ရောက်သည့်အခါ အနက်ရောင် Ford E350 MPV တစ်စီး ရောက်လာသည်ကို တွေ့လိုက်ရသည်။
" ချန်းမိန်းကလေး၊ ငါ့ကားကို ယူသွားလိုက်ပါ "
ရှဖင်းချိန်သည် MPVကားကို ညွှန်ပြလိုက်ပြီး ချန်းရွှမ်ကို ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် ယဲ့ဖန်အား ဂုဏ်ယူစွာဖြင့် ကြည့်လိုက်လေသည်။
ယဲ့ဖန်သည် မနေ့က တစ်မနက်လုံး ရှေးဟောင်းပစ္စည်းများ စုဆောင်းနေခဲ့၍ သူ၏ အဝတ်အစားများမှာ ပေါက်ပြဲနေပြီဖြစ်သည်။
ချန်းရွှမ်မှ ကူညီဆေးကြောပေးခဲ့သော်လည်း အနည်းငယ် စုတ်ပြတ်နေလေသည်။
ထို့အပြင် ရှဖင်းချိန်၏ သူ့အပေါ် ပထမဆုံး အထင်အမြင်မှာ လိမ်ညာသူဖြစ်သည် ။
ချန်းရွှမ်ကဲ့သို့သော အမျိုးသမီး စွန့်ဦးတီထွင်သူတစ်ယောက်ကို ထိုကောင်လေးသည် ပန်းကဲ့သို့သော စကားလုံး အလှလေးများဖြင့် အလွယ်တကူ လှည့်စားနေသည်ဟု ထင်လေသည်။
ထို့ကြောင့် သူသည် ဒုက္ခရောက်နေသော မိန်းကလေးအား ကယ်တင်ပေးသော သူရဲကောင်းဖြစ်ချင်ပြီး ဤကဲ့သို့သော ထူးချွန်လှပသည့် စီးပွားရေးနတ်ဘုရားမနှင့် နီးစပ်ရန် ရရှိလာသော အခွင့်အရေးကို အသုံးချလေတော့သည်။
သို့သော် ဥက္ကဌချန်းသည် သူ၏ ကြင်နာမှုကို တန်ဖိုးထားပုံ မပေါ်ပေ။
" မလိုပါဘူး။ ကျွန်မတို့မှာ ကိုယ်ပိုင်ကားရှိတယ် "
ရှဖင်းချိန်သည် အရှုံးမပေးဘဲ သူ့ကားကို ချက်ချင်း ပြသခဲ့သည်။
" ဥက္ကဌချန်း၊ ငါ့လုပ်ငန်းသုံးကားရဲ့စျေးနှုန်းက ၂ သိန်းကျော်ပဲ ရှိပေမယ့် အတွင်းခန်းကိုတော့ အမိုက်စား ပြုပြင်မွမ်းမံထားတာပါ။ ပြုပြင်မွမ်းမံခ တစ်ခုတည်းနဲ့တင် ၆ သိန်းကနေ ၇ သိန်းကြား ကုန်ခဲ့တယ်။ ထိုင်လိုက်တာနဲ့ကို ပျော်ရွှင်တဲ့ခံစားချက် ဖြစ်လာစေမှာ သေချာတယ်။ မယုံရင် စမ်းထိုင်ကြည့်။ မင်းနောင်တရမှာ မဟုတ်ဘူးလို့ ငါအာမခံတယ် "
သူသည် စကားပြောလေလေ၊ ဂုဏ်ယူလေလေ ဖြစ်နေသည်။
ကားကို ပြုပြင်မွမ်းမံထားခြင်းအကြောင်းပြောနေသော်လည်း အမှန်တွင် သူသည် သူ၏ ချမ်းသာကြွယ်ဝမှုအား ချန်းရွှမ်ကို ပြသရန် ကြိုးစားနေခြင်း ဖြစ်သည်။
ကားတစ်စီးကို ပြင်ဆင်မွမ်းမံရန်ပင် သိန်းဆယ်ချီနီးပါး သုံးခဲ့သူသည် သူ၏ ဘဏ္ဍာအရင်းအမြစ်၌ ပိုများသည်မှာ သဘာဝကျလေသည်။
သူသည် စကားပြောနေရင်းဖြင့် ယဲ့ဖန်ကိုကြည့်ရန်လည်း မမေ့ချေ။
ယဲ့ဖန်၏ မျက်နှာပေါ်မှ သိမ်ငယ်မှုကို မြင်ချင်လေသည်။
သို့သော် သူ စိတ်ပျက်သွားရသည်။
ထိုကောင်လေးထံမှ သိမ်ငယ်မှုကို မမြင်ခဲ့ရုံသာမက သရော်လှောင်ပြောင်နေသော အရိပ်အယောင်ကိုပင် တွေ့လိုက်ရသည်။
ထိုကဲ့ရဲ့လှောင်ပြောင်မှုမျိုးသည် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားရှေ့၌ မူလတန်းကျောင်းသားလေးမှ အစွမ်းပြနေသည့် နှင့်တူလေသည်။
ထိုအရာက ရှဖင်းချိန်အား အလွန်ဒေါသထွက်စေသည်။
ယဲ့ဖန်အား လှောင်ပြောင်တော့မည့် အချိန်၌ အလန်းစား စူပါပြိုင်ကားတစ်စီးကို စားပွဲထိုးတစ်ယောက်မှ မောင်းလာသည်အား တွေ့လိုက်ရသည်။
ထိုကား၏ အသွင်အပြင်သည် ဟိုတယ်ထဲသို့ ဝင်ထွက်နေသည့်သူ အားလုံး၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။
ဤအဆင့်မြင့်ဟိုတယ်တွင် တည်းခိုနိုင်ကြသူများသည် ယေဘုယျအားဖြင့် ချမ်းသာကြပြီး လောကကြီးကို မြင်ဖူးကြသူများဟု ယူဆနိုင်သည်။
သို့သော် ထိုမျှမိုက်သည့် ပြိုင်ကားတစ်စီးကို တစ်ခါမှ မတွေ့ဖူးချေ။
စက်ပစ္စည်းအလှသည် အနုပညာလက်ရာတစ်ခုကဲ့သို့ မျက်စိပဒေသာဖြစ်စေသည်။
စားပွဲထိုးသည် ပြိုင်ကားကို ယဲ့ဖန်နှင့် ချန်းရွှမ်ရှေ့သို့ မောင်းလာပြီး ကားသော့ကို ယဲ့ဖန်အား လေးစားစွာ ပေးလိုက်ူည်။
" သခင်လေးရဲ့ ကားကို မောင်းလာခဲ့ပါပြီ။ ဆီလည်း အပြည့်ပါ "
စားပွဲထိုးသည် စကားပြောနေစဉ်တွင် သူ့အသံမှာ တုန်နေသည်။
သူသည် ဤကဲ့သို့သော ပြိုင်ကားကြီးအား တစ်ကြိမ်တစ်ခါ မောင်းနှင်နိုင်ခဲ့ခြင်းသည် သူ့တစ်ဘဝတာလုံးတွင် ကြွားနိုင်သည်အထိ လုံလောက်လေသည်။
ယဲ့ဖန်သည် သော့ကိုယူပြီး ခလုတ်ကို နှိပ်လိုက်ရာ Blue Charm Nightသည် သဏ္ဍာန်ပြောင်းထွမ်စဖော်မာကားကဲ့သို့ တံခါးများကို အလိုလျောက် ဖွင့်ပေးခဲ့သည်။
" အစ်မရွှမ်၊ ကျေးဇူးပြုပြီး ကားပေါ်တက်ပါ "
သူသည် ချန်းရွှမ်ဘက်သို့ လှည့်ပြီး ယဉ်ကျေးသိမ်မွေ့သော အမူအရာဖြင့် ပြောလေသည်။
ချန်းရွှမ်သည် ဂုဏ်ယူနေသည့် မင်းသမီးလေးသဖွယ် ယဲ့ဖန်၏ အကူအညီဖြင့် ခရီးသည်ထိုင်ခုံ၌ ထိုင်လိုက်သည်။
ယဲ့ဖန်သည် ကားကို လှည့်ပတ်ပြီးနောက် ယာဉ်မောင်းထိုင်ခုံ၌ ဝင်ထိုင်လိုက်သည်။
ထို့နောက် Blue Charm Night၏ တံခါးသည် ပိတ်သွားပြန်သည်။
ထို့နောက် အင်ဂျင်မှ သာယာသောအသံ ထုတ်လွှတ်ကာ လူတိုင်း၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။
အချိန်အတော်ကြာပြီးနောက် မြင်လိုက်ရသော လူများသည် ထိတ်လန့်တုန်လှုပ်ခြင်းမှ ချက်ချင်း သတိပြန်မကပ်လာကြပေ။
" လခွမ်း၊ ဒါက တကယ့် စူပါပြိုင်ကားကြီးပဲ။ ငါ့အိမ်က ပြိုင်ကားလေးတွေနဲ့ ယှဥ်လိုက်ရင် အဲ့တာတွေက သတ္တုအမှုန်အမွှားသာသာပဲ "
" မဖြစ်နိုင်တာ။ ဒါက Blue Charm Night ကားပဲ။ ကမ္ဘာပေါ်မှာ တစ်ခုပဲရှိတယ်။ မင်းရဲ့ ပြိုင်ကားတွေနဲ့ အဲ့တာကို ယှဉ်ဖို့တောင် လိုပါ့မလား "
" Blue Charm Night ကားလား။ အဲ့တာကို ငါ တစ်ခါမှ မကြားဖူးဘူး။ ဒီကားက အရမ်းစျေးကြီးတာလား "
" ဒါက Lamborghini လက်လုပ်စူပါပြိုင်ကားပဲ။ အနည်းဆုံး သန်း၅၀၀ တန်တယ် "
" အမလေး ဘုရားရေ၊ ယွမ် သန်း၅၀၀တန်တဲ့ စူပါပြိုင်ကားလား။ ဒီပိုက်ဆံနဲ့ဆို သန်း ၅၀၀ နဲ့ လေယာဉ်ဝယ်လို့ ရနေပြီလေ။ ဒါက အရမ်းချမ်းသာတာပဲ မဟုတ်လား "
" သတင်းကို မြင်လိုက်တာတော့ ဒီစူပါပြိုင်ကားကို ကားပြပွဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ သူဌေးကြီးတစ်ယောက်က ဝယ်သွားခဲ့တာလို့ ပြောတယ်။ ငါ သိချင်နေတာကြာပြီ၊ ဒါပေမယ့် အဲ့ဒီလူငယ်လေးက ဝယ်လိုက်မယ်လို့ မမျှော်လင့်ထားဘူး "
" ဒီလူငယ်လေးရဲ့ မိသားစုက ဘယ်လောက်တောင် ချမ်းသာတာလဲ။ သန်း၅၀၀တန်တဲ့ ပြိုင်ကားတစ်စီးတောင် ဝယ်နိုင်ရင် သူ့မိသားစုမှာ ဘီလီယံနဲ့ချီတဲ့ ပိုင်ဆိုင်မှုတွေ ရှိရမယ် "
" ဘီလီယံဆယ်ချီတဲ့လား။ ဒါဆို ယန်းချန်မြို့မှာ အချမ်းသာဆုံး ဖြစ်ကောင်းဖြစ်နိုင်မယ် မဟုတ်လား "
လူအုပ်ကြီး၏ ဆွေးနွေးမှုများသည် ရှဖင်းချိန်၏ နားထဲသို့ ရောက်ရှိသွားပြီး မျက်နှာကို ပါးရိုက်လိုက်သကဲ့သို့ ဖြစ်သွားသည်။
သူသည် ချန်းရွှမ်အား သိန်းချီဖြင့် မွမ်းမံထားသော ကားကို ပြသနေခဲ့သည်။
သို့သော် သူမ၏ ချစ်သူသည် သန်း၅၀၀ တန်သည့် ထိပ်တန်းစူပါပြိုင်ကားတစ်စီးကို မောင်းနှင်နိုင်သည်ဟု သူ မမျှော်လင့်ထားချေ။
နှိုင်းယှဥ်ကြည့်လျှင် အစောက သူ၏ ကြွားဝါမှုသည် သူ့ကိုယ်သူ ဖျော်ဖြေပေးနေသည့် လူရွှင်တော်နှင့် တူလေသည်။
ယဲ့ဖန်၏ လှောင်ပြောင်နေသော အကြည့်၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို သူနားလည်သွားပြီဖြစ်သည်။
ခင်ဗျားက အမှိုက်ပဲ။
အပိုင်း ( ၇၄၇ )
မင်းတို့ ယဲ့လူကြီးမင်းကိုတောင် မသိဘူးလား
ယဲ့ဖန်နှင့် ရှဖင်းချိန်တို့သည် လေလံပွဲစင်တာသို့ တစ်ယောက်ပြီးတဲ့နောက် တစ်ယောက် ရောက်ရှိလာကြသည်။
ရှဖင်းချိန်သည် အရေထူသော်လည်း အရှက်မရှိသူ မဟုတ်ပေ။
သူ့အား ယဲ့ဖန်မှ မျက်နှာအား ပါးရိုက်လိုက်တာဖြစ်သည်။
သူသည် ဆက်ပြီး နှောင့်ယှက်ရန် မျက်နှာ မရှိချေ။
ယဲ့ဖန်နှင့် ချန်းရွှမ်တို့သည် သူ့အား လျစ်လျူရှုကာ လေလံစင်တာထဲသို့ ဝင်လာခဲ့ကြသည်။
ထိုအချိန်တွင် လေလံပွဲထဲ၌ လူအများအပြား ရောက်ရှိနေကြပြီဖြစ်သည်။
သူတို့အားလုံးသည် သုံးယောက်မှ ငါးယောက်အထိ အုပ်စုဖွဲ့ စကားစမြည် ပြောနေကြသည်။
ချန်းရွှမ် ဝင်လာသည်ကို တွေ့လိုက်သည့်အခါ အားလုံးမှ တစ်ချိန်တည်း စကားပြောနေသည်ကို ရပ်ပြီး အကြည့်တွေကို သူမဆီ လှမ်းကြည့်လိုက်သည်။
ချန်းရွှမ်သည် ယခုအခါ စီးပွားရေးလောက၏ အာရုံစူးစိုက်မှုတစ်ခု ဖြစ်လာခဲ့သည်ကို မြင်နိုင်လေသည်။
သူမ ဘယ်နေရာမှာ ရောက်နေပါစေ သူမသည် လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်သည်။
သို့သော်လည်း သူမဘေးနားရှိ ထူးဆန်းသည့်လူကို တွေ့လိုက်ရသောအခါ တခြားနေရာမှ အိမ်ခြံမြေလုပ်ငန်းရှင်များက တီးတိုးပြောကြသည်။
" ဒီလူက ဘယ်သူလဲ။ သူ့ကိုသိလား "
" ကျွန်တော်တော့ သူ့ကို အရင်က မတွေ့ဖူးဘူး။ သူက အိမ်ခြံမြေလုပ်ငန်းက မဟုတ်လောက်ဘူး မဟုတ်လား "
" ဥက္ကဌချန်းနဲ့ ဘယ်လောက် ရင်းနှီးတယ်ဆိုတာ ကြည့်လိုက်ပါဦး။ သူမရည်းစား ဖြစ်နေမလား "
" ချန်းရွှမ်မှာ ရည်းစားရှိတယ်လို့ တစ်ခါမှ မကြားဖူးပါဘူး။ သူမကို တစ်ယောက်တည်းလို့ အမြဲထင်ခဲ့တာ။ ဟား၊ ငါ့နှလုံးသား ကွဲပါပြီ "
" ဒီကလေးမှာ ဘယ်လိုနောက်ခံမျိုးရှိလို့လဲ။ သူက တကယ် ဥက္ကဌချန်းကို ဆွဲဆောင်နိုင်တာလား "
" ဟုတ်တယ်။ ဥက္ကဌချန်းက အမြဲတမ်း မာနကြီးတာ။ စီးပွားရေးသမား တော်တော်များများရဲ့ ပိုးပန်းမှုကိုတောင် သူမက ဂရုမစိုက်ဘူး "
ထိုလူများသည် ယဲ့ဖန်၏ အသွင်အပြင်ကို ကြည့်ပြီး ခန့်မှန်းနေကြစဉ် ထောင့်တစ်နေရာ၌ ထိုင်ပြီး တစ်စုံတစ်ယောက်နှင့် စကားပြောနေသော ဝေ့ချန်းဖန်းသည် ရုတ်တရက် အေးခဲသွားရသည်။
ဒီနေ့တွင် သူသည် မြေတစ်ကွက်အား လေလံဆွဲရန် ရောက်လာခြင်း ဖြစ်သည်။
ယဲ့ဖန်အား ဒီမှာ တွေ့ရန် သူ မမျှော်လင့်ထားချေ။
မဆိုင်းမတွ အမြန်ထရပ်ပြီး ယဲ့ဖန်ဆီသို့ လျှောက်သွားသည်။
" ယဲ့လူကြီးမင်း၊ ဘာလို့ ဒီကိုရောက်နေတာလဲ "
သူသည် ယဲ့ဖန်၏ လက်တွေကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
သူသည် အနုပညာရှင်တစ်ယောက်ကို မြင်လိုက်ရသည့် ပရိတ်သတ်တစ်ယောက်ကဲ့သို့ အလွန်ကို စိတ်လှုပ်ရှားနေသည်။
သူ၏ ရိုးရှင်းသော လုပ်ရပ်သည် ယဲ့ဖန်ကို မသိသူအား ပေါက်ကွဲသွားစေခဲ့သည်။
ထိုလူများသည် ယဲ့ဖန်ကို မသိကြသော်လည်း ဝေ့ချန်းဖန်းကို သိကြလေသည်။
ဤ ယန်းချန်မြို့၏ အိမ်ခြံမြေသူဌေးကြီးမှပင် အထူးလေးစားရသော လူတစ်ဦးသည် မည်သို့သော အင်အားအခြေအနေရှိမည်နည်း။
ခန်းမထဲသို့ လမ်းလျှောက်ဝင်လာသော ရှဖင်းချိန်သည်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရပြီး အံ့သြလွန်း၍ မေးရိုးပင် ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
ဝေ့ချန်းဖန်းသည် အလွန်ဂုဏ်ယူတတ်သူဖြစ်သည်။
သူသည် အပြင်လူများရှေ့တွင် အမြဲတ တည်ငြိမ်သူ ဖြစ်သည်။
သူသည် တကယ်တွင်လည်း ဂုဏ်ယူပိုင်ခွင့်ရှိသူ ဖြစ်သည်။
သူသည် ယန်းချန်မြို့၏ အိမ်ခြံမြေလုပ်ငန်းရှိ ထိပ်တန်းသူဌေးကြီး ဖြစ်ခဲ့သည်။
သို့သော် ထိုကဲ့သို့ သူဌေးကြီးကပင် ဤလူငယ်လေးအား တကယ်ပင် ရိုသေလေးစားကာ ဒူးထောက်မတတ် ပြုမူနေခဲ့သည်။
ဒါက ဘယ်လောက်တောင် ထူးဆန်းလဲ။
ဒီကောင်လေးရဲ့ နောက်ခံက ဘာမလို့လဲ။
ဝေ့ချန်းဖန်း၏ စိတ်အားထက်သန်မှုကို ကြုံလိုက်ရသော်လည်း ယဲ့ဖန်သည် ဘာမှထူးခြားစွာ မပြုမူဘဲ ခေါင်းသာညိတ်လိုက်သည်။
" ဝေ့သူဌေး၊ ခင်ဗျားရော ဒီနေ့မြေလေလံဆွဲဖို့ ဒီကို ရောက်နေတာလား "
ဝေ့ချန်းဖန်းသည် တတ်နိုင်သမျှ ငုံ့ပြီး ယဲ့ဖန်ထက် ပိုနိမ့်အောင် အစွမ်းကုန် ကြိုးစားနေလေသည်။
" ဟုတ်ပါတယ်၊ ကျွန်တော့်ရဲ့ မိုက်မဲမှုကြောင့် ကုမ္ပဏီက ဆုံးရှုံးမှုတစ်ခု ကြုံခဲ့ရပါတယ်။ ဒါကြောင့် ဒီနေ့ မြေကွက်တစ်ကွက်ကို လေလံဆွဲပြီး ကျွန်တော်ရဲ့အပြစ်တွေကို ဖြေဖျောက်ဖို့ အကောင်းဆုံးကြိုးစားမလို့ပါ "
သူသည် ပြောနေသည့်အချိန်တွင် သူ့မျက်နှာ၌ ရှက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။
အရှုံးပေါ်ရခြင်း အကြောင်းရင်းမှာ သူ့ရှေ့မှ ယဲ့လူကြီးမင်းအား စော်ကားခဲ့ခြင်းကြောင့် ဖြစ်သည်။
သို့သော် သူတစ်ယောက်တည်းရှိနေချိန် ဖြစ်နေလျှင်ပင် ယဲ့ဖန်အပေါ် မကျေနပ်မှုများ မရှိတော့ပေ။
ယဲ့ဖန်သည် သူ့ကို အဓိပ္ပါယ်ရှိစွာ ကြည့်လိုက်သည်။
" ကျွန်တော်တို့က တူနေတဲ့မြေကို မကြိုက်ဘူးလို့တော့ မျှော်လင့်ပါတယ်။ မဟုတ်ရင် ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို ထိခိုက်လိမ့်မယ် "
ဝေ့ချန်းဖန်း၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားသည်။
" ယဲ့လူကြီးမင်း၊ ကျေးဇူးပြုပြီး အဲ့လို မပြောပါနဲ့။ လူကြီးမင်းကြိုက်တဲ့ မြေကွက်သာဆို ကျွန်တော် ဘယ်တော့မှ မထိရဲဘဲ ရှောင်မှာပါ "
သူသည် စကားပြောနေရင်းဖြင့် ယဲ့ဖန်တို့ နှစ်ယောက်ကို ထိုင်ခုံဆီသို့ အလျင်အမြန် ခေါ်သွားလိုက်သည်။
ရှေ့ဆုံးတန်း၌ ထိုင်နေကြသည့် လူတော်တော်များများသည် မတ်တပ်ထရပ်ပြီး သူတို့နှစ်ယောက်အတွက် နေရာဖယ်ပေး လိုက်ကြသည်။
သို့သော် သူ့စကားသည် နယ်ခြားမှ အိမ်ခြံမြေလုပ်ငန်းရှင်များကို အံ့သြသွားစေသည်။
ဆိုရိုးစကားများအရ စီးပွားရေးလောကသည် စစ်မြေပြင်လိုပင် ဖြစ်သည်။
စီးပွားရေးသမားများသည် အကျိုးစီးပွားနှင့် ပတ်သတ်လာပါက သားအဖကဲ့သို့ ရင်းနှီးကြလျှင်ပင် သေသည်အထိ တိုက်ပွဲဝင်ကြမည် ဖြစ်သည်။
ဝေ့ချန်းဖန်းသည် ဤမျှ ကြီးမားသော အကျိုးအမြတ်ကို စွန့်လွှတ်လိုပြီး ထိုယဲ့လူကြီးမင်းဆိုသူကို စော်ကားလိုစိတ် မရှိပေ။
ထိုအချက်ကြောင့် သူတို့သည် ယဲ့ဖန်၏ သရုပ်မှန်ကို ပို၍ သိချင်လာစေခဲ့သည်။
" ဒီယဲ့လူကြီးမင်းက ဘယ်သူလဲ။ တစ်ယောက်ယောက်လောက် ရှင်းပြပေးနိုင်မလား "
" ဟုတ်တယ်၊ ဒါက အရမ်းကြောက်စရာကောင်းတဲ့ပုံ ရတယ်။ ဝေ့လူကြီးမင်းကတောင် မစော်ကားရဲတဲ့ လူတစ်ယောက်ဆိုတော့ ဘယ်လို အခြေအနေရှိလို့လဲ "
" ကျွန်တော်တို့က တခြားနေရာက လာတာဆိုတော့ ယန်းချန်မြို့ရဲ့ အခြေအနေတွေကို သိပ်မသိဘူး။ အကြောင်းရင်းအတိအကျကို သိထားရင် မထိသင့်တဲ့ နတ်ဘုရားကို မထိမိဖို့ အလင်းပြပေးကြပါဦး "
" ယန်းချန်မြို့မှာရှိတဲ့ မိတ်ဆွေတို့၊ ဒီလူရဲ့ သရုပ်မှန်ကို တစ်ယောက်ယောက် သိကြလား။ ကျေးဇူးပြုပြီး ညွှန်ပြပေးကြပါဦး။ ကျေးဇူးတင်ပါတယ် "
သူတို့၏ စုံစမ်းမေးမြန်းမှုများကြောင့် ယန်းချန်မြို့ရှိ ဒေသခံ အိမ်ခြံမြေအကျိုးဆောင်များသည် နက်နဲသောကိစ္စများကို စတင်ဖော်ထုတ် ပြောပြခဲ့ကြသည်။
" မဖြစ်နိုင်တာ။ ယဲ့လူကြီးမင်းကိုတောင် မသိဘဲ စီးပွားရေးလုပ်ဖို့ ယန်းချန်မြို့ကို လာရဲသေးတာလား "
" အမှန်ပဲ၊ ယန်းချန်မြို့မှာ ဘယ်သူကိုမှ သိစရာမလိုဘူး။ ဒါပေမယ့် ယဲ့လူကြီးမင်းကိုတော့ သိရမယ် "
" အခုအချိန်မှာ ယဲ့လူကြီးမင်းက ယန်းချန်မြို့မှာ နောက်ဆုံးပြောပိုင်ခွင့် ရှိတဲ့သူပဲ။ သူ သေစေချင်တဲ့သူက သေချာပေါက် သေရလိမ့်မယ် "
" ဘာပဲဖြစ်ဖြစ် ငါကတော့ ယဲ့လူကြီးမင်းနဲ့ ပြိုင်မလုရဲပါဘူး။ ယဲ့လူကြီးမင်းကို ဆန့်ကျင်တဲ့ ဘယ်သူမဆို ကောင်းတဲ့အဆုံးသတ် မရှိဘူးဆိုတာ သမိုင်းက သက်သေပြနေတာပဲ "
" ငါရောပဲ။ ယဲ့လူကြီးမင်း ကြိုက်တဲ့ကွက် ဘယ်လောက်ပဲ ကောင်းနေပါစေ စျေးမခေါ်ရဲဘူး "
သူတို့၏ စကားပလ္လင်ခံနေမှုကြောင့် နယ်ခြား အိမ်ခြံမြေလုပ်ငန်းရှင်များသည် အံ့အားသင့်လေလေ ဖြစ်လာရသည်။
" ငါတို့ကို မြန်မြန်ပြောပါ။ ဒီသူဌေးကြီးက ဘယ်သူလဲ။ ငါတို့လည်း စိတ်ထဲမှာ သိထားဖို့ ကောင်းတယ် "
တစ်စုံတစ်ယောက်မှ ချက်ချင်း တိုက်တွန်းလိုက်ပြီး အခြားသူများကလည်း သဘောတူခဲ့ကြသည်။
ဒေသခံ ယန်းချန်မြို့ရှိ အိမ်ခြံမြေ ရောင်းဝယ်သူများက သူတို့ကို ဂုဏ်ယူစွာ ဖြေကြားပေးခဲ့ကြသည်။
" ယဲ့လူကြီးမင်းရဲ့ အတွေ့အကြုံတွေက အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်။ ဒဏ္ဍာရီတစ်ခုလိုပဲ "
" လူကြီးမင်းက ဆင်းရဲတဲ့မိသားစုကနေ ကြီးပြင်းလာတာဖြစ်ပေမဲ့ အဲ့ဒီအရာတွေကြောင့်နဲ့ သူက လက်မလျှော့ခဲ့ဘူး။ အဲ့ဒီအစား သူက ကြိုးစားပြီး သူ့ရဲ့ ဖြစ်နိုင်ချေတွေကို တဖြည်းဖြည်း စုဆောင်းခဲ့တယ်။ နောက်ဆုံး သူ ပထမနှစ်ရောက်တာနဲ့ အံ့သြစရာကောင်းတဲ့ စွမ်းအင်တွေက ပေါက်ကွဲထွက်လာခဲ့တာ "
" ဒါက အံ့ဩစရာ သက်သက် မဟုတ်ဘူး။ ဒါက ပါရမီရှင်တစ်ယောက်ရဲ့ လုပ်ရပ်ပဲ။ သူက နှစ်ဝက်အတွင်းမှာ စီးပွားရေးအင်ပါယာကြီးကို အောက်ခြေကနေ တည်ဆောက်နိုင်ခဲ့တယ် "
" ဒီစီးပွားရေးအင်ပါယာကြီးမှာ အိမ်ခြံမြေ၊ ဟိုတယ်၊ ခရီးသွားလုပ်ငန်း၊ စျေးဝယ်ရေး၊ ဖျော်ဖြေရေး၊ အွန်လိုင်းဈေးရောင်းနဲ့ အခြားလုပ်ငန်းတွေအပါအဝင် လုပ်ငန်းအားလုံးနီးပါးကို လွှမ်းခြုံထားတယ် "
အခြားနယ်များမှ အိမ်ခြံမြေလုပ်ငန်းရှင်များသည် သူတို့၏ ရှင်းပြချက်ကို ကြားသောအခါ အားလုံး အံ့ဩသွားကြသည်။
" ဘုရား၊ ဒီလိုကြီးမားတဲ့ စီးပွားရေးအင်ပါယာကြီးကို တည်ဆောက်ဖို့ နှစ်ဝက်ပဲ အချိန်ယူခဲ့ရတာလား။ ဒါက ယုံနိုင်စရာ မကောင်းလောက်အောင်ပဲ။ မင်းတို့တွေ နောက်နေတာလား "
တစ်ယောက်ယောက်က ချက်ချင်း မေးခွန်းထုတ်ကြသည်။
တခြားသူများက ဘာမှ မပြောကြသော်လည်း သူတို့သည်လည်း သံသယ ရှိနေကြသည်။
ယန်းချန်မြို့မှ ဒေသခံ အိမ်ခြံမြေလုပ်ငန်းရှင်များသည် ပို၍ မာနကြီးလာကြသည်။
" မင်းတို့တွေ မသိရင်လည်း အသာနေပါလား။ ဉာဏ်ကြီးရှင်ဆိုတာ ဘာလဲ သိလား။ ယဲ့လူကြီးမင်း ဉာဏ်ကြီးရှင်ပဲ "
" မင်း နျုံစစ်သွမ်းကို သိလား။ သူက တောင်ပိုင်းကွမ်တုန်းပြည်နယ်ရဲ့ အချမ်းသာဆုံးသူ ဖြစ်ခဲ့ဖူးတယ်။ ယဲ့လူကြီးမင်းက သူ့ကို ဘာကြောင့် စိတ်အနှောင့်အယှက်ပေးလိုက်မှန်း မသိပေမယ့် သူက ကျုံးဟိုင်ကိုတောင် သွားပြီး ယဲ့လူကြီးမင်းကို အခက်အခဲတွေ ဖြစ်အောင် လုပ်ခဲ့တာ "
" အဲ့အချိန်တုန်းက ယဲ့လူကြီးမင်းက စီးပွားရေးလောကမှာ လူသစ်တစ်ယောက်သာသာပဲလေ။ နျုံစစ်သွမ်းလို သူဌေးအကြီးစားရှေ့မှာ ပုရွက်ဆိတ်နဲ့ ဆင်လိုပဲ ကွာခြားချက်ကြီးလွန်းတယ် "
" ဒါပေမယ့် နောက်ဆုံးရလဒ်က ဘာလဲ သိလား "
တခြားနေရာမှ လာကြသည့် အိမ်ခြံမြေလုပ်ငန်းရှင်များသည် သူတို့ ပြောပြနေသည့် ဇာတ်လမ်း၌ ဆွဲဆောင်ခံရပြီး ရှဖင်းချိန်အပါအဝင် လူများ ပို၍ စုရုံးလာကြသည်။
အပိုင်း ( ၇၄၈ )
ယဲ့လူကြီးမင်းကို ဆန့်ကျင်တဲ့ ရလဒ်
" နျုံစစ်သွမ်းက ကျုံးဟိုင်မှာ ကားမတော်တဆဖြစ်ပြီး သေသွားတယ်လို့ ကြားတယ် "
ထိုမေးခွန်းကို တစ်စုံတစ်ယောက်က ချက်ချင်း ဖြေလိုက်လေသည်။
အခြားသူများကလည်း ခေါင်းညိတ်ကြသည်။
သူတို့သိထားသော သတင်းများအရ နျုံစစ်သွမ်းသည် ကားမတော်တဆဖြင့် သေသွားပြီဖြစ်သည်။
သို့သော် ယန်းချန်မြို့မှ ဒေသခံ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများသည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် လှောင်ပြောင်ကြသည်။
" ကားမတော်တဆမှုတဲ့လား။ ဒီလိုသတင်းမျိုးကို ယုံတာလား။ အမှန်အတိုင်းပြောရရင် သူက ပြစ်ဒဏ်ရှောင်ဖို့ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာ "
ဟား ........
ထိုစကားကို ပြောပြီးသည်နှင့် ဘေးမှ လူများသည် ချက်ချင်း ထိတ်လန့်စွာ အသံပြုလိုက်ကြသည်။
ဒီအကြောင်းကို သူတို့သိတာ ပထမဆုံးအကြိမ်ဖြစ်လေသည်။
" ဘာလို့ သူ့ကိုယ်သူ သတ်သေတာလဲ။ ဘာအကြောင်းကြောင့်လဲ "
" ဟုတ်တယ်၊ ငါ့ကို မြန်မြန်ပြောပါဦး။ နျုံစစ်သွမ်းက ဘာလို့ သတ်သေတာလဲ "
" နျုံစစ်သွမ်းက အဲ့ဒီအချိန်တုန်းက တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာ အချမ်းသာဆုံးပဲလေ။ ဘယ်အရာက သူ့ကို သတ်သေဖို့ တွန်းအားပေးခဲ့တာလဲ "
ထိုလူများ၏ မေးခွန်းများကို ကြားသည့်အခါ ပြောနေသည့်လူက ဖျော့တော့စွာသာ ပြုံးနေလိုက်သည်။
" သေချာပေါက် သူက ယဲ့လူကြီးမင်းကို စော်ကားခဲ့လို့ပေါ့။ အဲ့ဒီအဘိုးကြီးက သူ့အာဏာကို အားကိုးပြီး ပုရွက်ဆိတ်ကို နင်းသလိုမျိုး ယဲ့လူကြီးမင်းကို အသေနင်းနိုင်မယ်လို့ ထင်ခဲ့တာ "
" ဒါပေမယ့် သူက ယဲ့လူကြီးမင်းရဲ့ ခွန်အားကို လျှော့တွက်ခဲ့တာပဲ။ သူက ယဲ့လူကြီးမင်းရဲ့ လက်ထဲမှာ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရုံတင်မကဘဲ နောက်ဆုံးမှာ ရာဇ၀တ်ပြစ်မှုသက်သေတွေ အများကြီး ရှာရထားတဲ့ ယဲ့လူကြီးမင်းဆီကနေ သေစေနိုင်တဲ့ ထိုးနက်ချက်ကို ခံလိုက်ရတာ "
" ဒီအဘိုးကြီးက သူ မလွတ်မြောက်နိုင်ဘူးဆိုတာ သိလိုက်တော့ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ဆုံးဖြတ်လိုက်တာ "
ထိုလူ၏ ဇာတ်လမ်းဖော်ပြချက်ကို ကြားပြီးနောက်၊ နျုံစစ်သွမ်း သေဆုံးခြင်း၏ အတွင်းဇာတ်လမ်းကို လူတိုင်း သိသွားခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ယဲ့ဖန်၏ ခွန်အားကို ရှင်းလင်းစွာ နားလည်လာခဲ့ကြသည်။
" ဒီလိုသာဆို ဒီယဲ့လူကြီးမင်းက တကယ့်ကို မရိုးရှင်းဘူးဘဲ။ မီးကောင်ပေါက်က စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ယောက်လုံးကိုတောင် သတ်နိုင်နေပြီ "
" ဒါက မရိုးရှင်းရုံတင် မဟုတ်ဘူး။ ငါသာ ပြည်နယ်ကြီးရဲ့ အချမ်းသာဆုံး သူဌေးဆီက ခြိမ်းခြောက်ခံရရင် ချက်ချင်း လက်နက်ချမိမှာ "
" ငါရောပဲ။ ဒါကိုကြည့်ရုံနဲ့ ယဲ့လူကြီးမင်းရဲ့ ရဲရင့်မှုက သာမန်လူတွေနဲ့ ယှဉ်နိုင်တဲ့ အရာမဟုတ်ဘူးဆိုတာ မြင်နိုင်တယ် "
" သတ္တိတင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီလိုဖြစ်ဖို့ ကြီးမားတဲ့ဇွဲလုံ့လနဲ့ ဉာဏ်ပညာကြီးမားဖို့လည်း လိုသေးတယ် "
ယဲ့ဖန်၏ အောင်မြင်မှုများကြောင့် လူတိုင်း အံ့အားသင့်နေကြချိန်တွင် ရှဖင်းချိန်သည် ရုတ်တရက် မတူညီသောမေးခွန်းတစ်ခုကို မေးလိုက်သည်။
" ဒီယဲ့လူကြီးမင်းက ကျုံးဟိုင်မှာ အရမ်းတန်ခိုးကြီးတယ်ဆိုရင်တောင် ယန်းချန်မြို့မှာ ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ။ သူက ဘာလို့ ဒီလောက်တောင် ........ အလေးစားခံနေတာလဲ "
တကယ်တော့ သူသည် 'ဘာလို့ ဒီလောက်တောင် မာနကြီးနေတာလဲ'လို့ မေးချင်တာဖြစ်သော်လည်း ကျန်ရှိနေသူများ၏ မျက်လုံးတွေထဲမှ ယဲ့ဖန်အား လေးစားနေမှုကို မြင်ပြီး သူ မမေးရဲခဲ့ချေ။
အခြားမှ နယ်ခြားလုပ်ငန်းရှင်များသည်လည်း ထိုမေးခွန်းကို အလွန်သိချင်ကြပြီး ဒေသခံ အိမ်ခြံမြေလုပ်ငန်းရှင်များကို ကြည့်ကြသည်။
" ဒါက နောက်ထပ် ဇာတ်လမ်းပဲ။ ယဲ့လူကြီးမင်းက ယန်းချန်မြို့ကို မကြာသေးခင်ကမှ ရောက်လာတာ။ လူတော်တော်များများကလည်း ခင်ဗျားလိုနဲ့ အတွေးတွေ ရှိခဲ့ကြတယ်။ ယဲ့လူကြီးမင်းက ယန်းချန်မြို့မှာ နက်နဲတဲ့ အခြေခံအုတ်မြစ်မရှိဘူးလို့ အားလုံးက ထင်ကြပြီးတော့ သူ့ကို ဂရုမစိုက်ဘူး "
" အဲ့ဒီထဲမှာ ရီမိသားစုက ရီချန်းကျယ်နဲ့ ချောင်ရှင်းဂိုဏ်းက ကောင်းကျူမင်းတို့လည်း ပါတယ် "
" ဒီလူတွေရဲ့ နောက်ဆုံးအဆုံးသတ်ကို မင်းတို့ ကြားဖူးလောက်တယ် မဟုတ်လား။ ရီချန်းကျယ် ထောင်ချခံရရုံတင်မကဘူး၊ ရီမိသားစုလည်း ပျက်စီးသွားတာ ကောင်းကျူမင်းဆိုလည်း အလောင်းတောင် မရှိဘဲ သေသွားခဲ့တယ် "
" ဒါက ယဲ့လူကြီးမင်းကို ဆန့်ကျင်တဲ့ ရလဒ်ပဲ "
ထိုနယ်ခြားအိမ်ခြံမြေ လုပ်ငန်းရှင်များသည် နောက်ထပ် အတွင်းဇာတ်လမ်းကို ကြားလိုက်ရသောအခါ အားလုံး အံ့ဩသွားကြသည်။
" ရီမိသားစုအကြောင်းကို သိတယ်။ အရင်က စီမံကိန်းတစ်ခုမှာတောင် ကျွန်တော်တို့ အတူတူလုပ်ခဲ့ကြပေမယ့် သူတို့က ခေါင်းပေါ်က လူတွေကို မျက်စိကျနေပြီး ကျွန်တော်တို့ကို အပြင်လူတွေကို လုံးဝ မျက်စိထဲတောင် မထည့်ထားဘူး "
" ဟုတ်တယ်။ ဒီ ရီမိသားစုက ယန်းချန်မြို့မှာ ဒုတိယအကြီးဆုံးမိသားစုပဲ။ သူတို့က အလွန်မောက်မာတဲ့သူတွေ ဖြစ်ခဲ့ဖူးတယ်။ သူတို့ကို ယဲ့လူကြီးမင်း အဆုံးသတ်ပေးလိုက်မယ်လို့ မမျှော်လင့်ထားဘူး "
" ကောင်းကျူမင်းကိုလည်း သိတယ်။ ယန်းချန်မြို့က ချောင်ရှင်းဂိုဏ်းရဲ့ အင်အားက အရမ်းကြောက်စရာကောင်းတယ်လို့ ကြားဖူးတယ်။ အဲ့နာမည်ကြားရင် ဘယ်သူက မကြောက်ဘဲနေလို့လဲ "
" ကောင်းကျူမင်းက ယဲ့လူကြီးမင်းရဲ့ လက်ချက်နဲ့ သေသွားတာလား။ ဒီယဲ့လူကြီးမင်းရဲ့ နည်းလမ်းတွေက ကြောက်စရာကောင်းလွန်းတယ် မဟုတ်လား "
ယန်းချန်မြို့ရှိ ဒေသခံအိမ်ခြံမြေလုပ်ငန်းရှင်များသည် ယဲ့ဖန်မှ ရီမိသားစုနှင့် ကောင်းကျူမင်းကို မည်သို့ အဆုံးသတ်ခဲ့သည်ကို စတင်ပြောပြကြသည်။
အမှန်ပင် ဤဇာတ်လမ်းများတွင် ချဲ့ကားမှု များစွာရှိခဲ့သည်။
ယဲ့ဖန်သည် ရှေးခေတ်သူရဲကောင်းများ၏ စိတ်ဓာတ်၊ ရဲစွမ်းသတ္တိနှင့် ဗျူဟာများရှိသောသူအဖြစ် ဖော်ပြခံရပြီး သူ့အား အလွန်အစွမ်းထက်သော စူပါမင်းအဖြစ် ပြောနေကြသည်။
သို့သော် သူတို့၏ စကားလုံးများသည် ယုံချင်စရာကောင်းလွန်း၍ သူတို့ရှေ့ရှိ နယ်ခြားအိမ်ခြံမြေ လုပ်ငန်းရှင်များသည် အံ့အားသင့်နေကြကာ ယဲ့ဖန်အား သူရဲကောင်းအဖြစ် ခံယူလိုက်ကြသည်။
ထိုစကားတွေကို ကြားပြီးသောအခါ ကြောက်ရွံ့မှု၊ သိချင်စိတ်၊ သံသယ၊ ထိတ်လန့်စိတ်တို့ဖြင့် ယဲ့ဖန်ကို ကြည့်လိုက်ကြသည်။
အတိုချုပ်ပြောရလျှင် သူတို့သည် လူကိုကြည့်နေသလို မဟုတ်ဘဲ ရှေးခေတ်သတ္တဝါကြီးတစ်ကောင်အား ကြည့်နေရသလို ကြည့်နေကြသည်။
" ခင်ဗျားရဲ့ အချက်အလက်တွေအတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုအကောင်ကြီးကို ကျွန်တော်တို့ စော်ကားမိတော့မလို့ပဲ "
" ဝေ့ချန်းဖန်းက အရမ်းကြောက်နေတာ မဆန်းတော့ပါဘူး။ ဒီယဲ့လူကြီးမင်းက တကယ့်ကို နတ်ဘုရားပဲ "
" ငါတော့ ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ငါဆုံးဖြတ်ပြီးသွားပြီ။ ယဲ့လူကြီးမင်းက လေလံဆွဲဖို့ တွေးထားတဲ့ဟာကို ငါ လုံးဝ မထိရဲဘူး "
" ငါရောပဲ။ ငွေရှာရတာ ကောင်းပေမယ့် အဲ့ငွေတွေကိုသုံးဖို့ အသက်ရှင်နေရမယ်။ ပိုက်ဆံရှာဖို့အတွက်နဲ့ ယဲ့လူကြီးမင်းကို စော်ကားတာက ပညာမဲ့တာပဲ "
" မှန်တယ်၊ မှန်တယ် ..... "
လူတိုင်းသည် အချင်းချင်း ဆက်သွယ်စကားပြောလာကြသည်။
ဘာပဲဖြစ်နေပါစေ သူတို့သည် ယဲ့လူကြီးမင်းကို မစော်ကားရဲကြချေ။
ရှဖင်းချိန်သည် သူ ဘယ်လိုလူစားမျိုးကို စော်ကားမိသွားလဲဆိုတာ သဘောပေါက်သွားပြီး သူ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်လာသည်။
သူသည် လှည့်ကြည့်လိုက်သည့်အခါ ယဲ့ဖန်သည် ချန်းရွှမ်အား အသံတိုးတိုးဖြင့် တစ်စုံတစ်ခုအကြောင်း ပြောနေပြီး ဥက္ကဌချန်းမှ ရယ်နေသည်ကို မြင်လိုက်ရသည်၊
ချန်းရွှမ်သည် ကလေးမလေးတစ်ယောက်ကဲ့သို့ ပြုမူနေသည်ကို မမြင်ဖူးကြ၍ အားလုံးမှာ သူမကို ကြည့်ပြီး အံ့သြသွားကြသည်။
သို့သော် သူမနှင့် ပတ်သက်သည့် စိတ်ကို မည်သူမျှ မပြောရဲကြပေ။
သူမသည် ယဲ့လူကြီးမင်း၏ အမျိုးသမီးဖြစ်သည်။
သူတို့ မသေချင်ကြချေ။
ရှဖင်းချိန်သည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း အဆုံးတွင် သူသည် ရဲစွမ်းသတ္တိများကို စုဆောင်းပြီး ယဲ့ဖန်ဆီသို့ လျှောက်သွားခဲ့သည်။