← Chapters

ဧကရီကို လုပ်ကြံခြင်း

Vol. 130 Ch. 1683

ဧကရီကို လုပ်ကြံခြင်း

Vol. 130 Ch. 1683

ချင်မူက ခေါင်းခါလိုက်သည်။ “စိတ်မပူပါနဲ့ အရှင်မ… ကောင်းကင်နတ်အရှင်ဆယ်ပါးက သစ်ကိုင်းတွေလိုပဲလေ… ကျွန်တော် ကောင်းကင်နတ်အရှင်ဆယ်ပါးကို လက်လျှော့ခဲ့တာ ကြာပါပြီ… အရှင်မကို စောင့်နေတာက တခြားအစီအစဉ်တွေများ ရှိမလားလို့ပါ”

သူ၏ အကြည့်က ကောင်းကင်နတ်ဧကရီကို ဖြတ်ကျော်ကာ ရှဲ့ဝူကျိနှင့် အိမ်ရှေ့စံမင်းသားမင်ရအပေါ် ကျရောက်သွားသည်။

ချင်မူသည် တစ်လောကလုံးတွင် ခွန်အားအကြီးဆုံး သိုင်းပညာရှင်ဖြစ်သော်လည်း ကောင်းကင်နတ်ဧကရီက သူ့ကို နည်းနည်းလေးမှ ကြောက်ရွံ့မနေပေ။ သူ့ကို ထိပ်တိုက်ပင် ရင်ဆိုင်တွေ့သည်။ “ငါ အဆုံးသတ်မြို့ပျက်တာအို ရပြီးသွားပြီ…. ငါ့စွမ်းဆောင်ရည်တွေက တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းလို့တော့ မပြောရဲပေမယ့် နင့်အရိပ်ထဲက ပုဂ္ဂိုလ် နင်နဲ့ ပူးပေါင်းရင်တောင် ငါ့ကို တားနိုင်မှာ မဟုတ်ဘူး… နင် ငါ့ကို တိုက်ခိုက်ပြီး အခွင့်အရေးကို အသုံးချလို့ ရှင်းပစ်ချင်တယ်ဆိုရင် နင် ငါ့ကို အထင်သေးလွန်းနေတာပဲ….”

ချင်မူက အံ့ဩမှင်သက်နေသော မျက်နှာအမူအရာဖြင့် မေးလိုက်သည်။ “အရှင်မက ဖရိုဖရဲကြာစေ့ကို ကျင့်ကြံပြီးသွားပြီလား….”

‌ကောင်းကင်နတ်ဧကရီ၏ နှလုံးသားမှာ တုန်ရီသွား၏။ “နင်လည်း ဖရိုဖရဲကြာစေ့အကြောင်း သိတာလား”

ချင်မူက ပြံးလျက် ဖြေသည်။ “ဆိုတော့ အရှင်မရဲ့ ကြာပန်းပွင့်က ပွင့်လာပြီလားဗျ”

ကောင်းကင်နတ်ဧကရီမှာ ကြက်သီးမွှေးညှင်းများ ထသွားပြီး နောက်သို့ ခြေတစ်လှမ်းပြန်ဆုတ်လိုက်မိသည်။

ချင်မူ့စကားများက သူမကို အနည်းငယ် ကြောက်ရွံ့သွားစေသည်။ မီလော့နန်းတော်အရှင်သခင်၏ စကားမှတဆင့် သခင်လေးနှစ်၏ လမ်းစဉ်အစစ်အမှန်ကို သိမြင်နားလည်ခဲ့ပြီး သူမသည် တစ်လောကလုံးတွင် ပြိုင်ဘက်ကင်းသည်ဟု ထင်မှတ်ခဲ့၏။ မီလော့နန်းတော်သခင်လေးများကဲ့သို့ အတိတ်စကြ၀ဠာတာအိုသိုင်းပညာရှင်များသာ သူမ၏အထက်တွင် ရှိသည်။ သို့သော် သူမသာ နေရာအမှန်သို့ ရောက်သွားပါက လင်းကွမ်ခန်းမအရှင်သခင်ပင်လျှင် သူမကို ဆွဲချနိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် စစ်မြေပြင်ထဲသို့ ဝင်ရောက်ပြီး ရန်သူ၏ ပိုင်နက်ထဲသို့ ကျူးကျော်ကာ သူမ၏သားတော် ရှဲ့ဝူကျိအား သွားတွေ့ခဲ့ခြင်း ဖြစ်သည်။

သို့သော် ချင်မူသည် ဖရိုဖရဲကြာစေ့အား မည်သို့စိုက်ရမည်လဲ သိထားသည်သာမက သူမ၏ ကြာပန်းပွင့်များ ပွင့်ပြီလားဟု မေးလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ချင်မူကား အဘယ်ကြောင့် အဆုံးသတ်မြို့ပျက်လမ်းစဉ်ကို နှံ့နှံ့စပ်စပ် သိနေရသနည်း။

ကောင်းကင်နတ်ဧကရီသည် အဆုံးသတ်မြို့ပျက်တာအိုကို အောင်မြင်နိုင်ခဲ့သည့်တိုင် ကြာရွက်တစ်ရွက်သာ ထွက်ပေါ်လာခဲ့သည်။ ကြာပန်းပွင့် ပွင့်ရန် မဆိုထားနှင့် ကြာပန်းပွင့်၏ အရိပ်ယောင်ကိုပင် မတွေ့ရချေ။

‘ကြည့်ရတာ ကောင်းကင်နတ်ဧကရီရဲ့ ကြာပန်းက ပွင့်မလာသေးဘူး ထင်တယ်’

ချင်မူက သူ၏ကောင်းကင်ရတနာနယ်ပယ်ကို ဖွင့်လှစ်လိုက်ရာ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲတွင် ဖရိုဖရဲပင်လယ် တည်ရှိနေ၏။ ကြာပန်းပွင့်တစ်ပွင့်နှင့် ကြာရွက်နှစ်ရွက်က ဖရိုဖရဲပင်လယ်ထဲတွင် တိတ်ဆိတ်စွာ မြောလွင့်နေကြသည်။

ကောင်းကင်နတ်ဧကရီ၏ အကြည့်က သူ၏ဖရိုဖရဲပင်လယ်ပေါ်သို့ ရောက်သွားပြီး ကြာပန်းပွ့င်ကို သတိထားမိသွားသည်။ သူမ၏ အသံက အက်ကွဲစွာဖြင့် ထွက်ပေါ်လာပြီး မေးလိုက်၏။ “နင် ဒီအဆင့်ထိ ကျင့်ကြံပြီးပြီလား… ဘယ်တုန်းက တာအို ရသွားတာလဲ”

“ဆိုတော့ ဒါက အဆုံးသတ်မြို့ပျက် တာအိုပေါ့လေ”

ချင်မူက သူ၏ အဆုံးသတ်မြို့ပျက်ကို အကဲခတ်၍ ခေါင်းခါလိုက်သည်။ “ကျွန်တော် တာအိုရထားမှန်း ကိုယ်တိုင်တောင် မသိဘူးဗျာ… အသိပေးတဲ့အတွက် ကောင်းကင်နတ်ဧကရီကို ကျေးဇူးတင်ပါတယ်… ကျွန်တော့်အမြင်မှာတော့ ဖရိုဖရဲကမ္ဘာလောကထဲမှာ ကြာပန်းပွင့်တွေ စိုက်ဖို့ အချိန်မတန်သေးဘူး… ကျင့်ကြံခြင်းမှာ အောင်မြင်ဖို့ ကြာမြစ်တွေ၊ ကြာရေကန်တွေနဲ့ ကြာစေ့တွေ လိုတယ်… ကောင်းကင်နတ်ဧကရီ၊ ခင်ဗျားက အဆုံးသတ်မြို့ပျက်တာအို အောင်မြင်ခဲ့ပေမယ့် အဝေးကြီး လိုပါသေးတယ်”

ကောင်းကင်နတ်ဧကရီ၏ မျက်နှာအမူအရာမှာ အေးစက်နေသော်လည်း ရုတ်တရက်ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ နင်က အဆုံးသတ်မြို့ပျက်တာအိုကို တကယ်မရသေးပါဘူး… အဲဒီအစား သခင်လေးနှစ်ရဲ့ နင့်ကို ပေးလိုက်တဲ့ ကြာစေ့နဲ့ ကြာပန်း စိုက်ထားတာမလား… နင့်ရဲ့ အဆုံးသတ်မြို့ပျက်ကြာပန်းပွင့်တွေက နင့်လောကသစ်ပင်နဲ့ တူတူပဲ…. အတုတွေလေ... ကျင့်ကြံခြင်းကနေ ရထားတာတွေ မဟုတ်ဘူး… ငါ့ကို ခြောက်နိုင်လိမ့်မယ် မထင်နဲ့”

ချင်မူက ရယ်မောလျက် ကောင်းကင်ရတနာနယ်ပယ်ကို သိမ်းဆည်းလိုက်သည်။ “ကျွန်တော် တာအို ရ၊ မရဆိုတာက အရှင်မ ခန့်မှန်းနိုင်တဲ့အရာ မဟုတ်ပါဘူး… ကျွန်တော် ရဲတင်းစွာနဲ့ အရှင်မကို တောင်းဆိုစရာတစ်ခု ရှိတယ်….”

ကောင်းကင်နတ်ဧကရီက မှင်သေသေ တုံ့ပြန်သည်။ “ပြောကြည့်လေ… သဘောတူ၊ မတူကတော့ ငါ့သဘောပဲ”

ချင်မူက တည်ကြည်လေးနက်စွာ ပြောသည်။ “ကျွန်တော် တောင်းဆိုချင်တာက သိပ်ကို ရိုးရှင်းပါတယ်… အရှင်မအတွက်လည်း သိပ်ကို အကျိုးရှိပါတယ်.. အရှင်မက တာအို ရသွားပြီဆိုတော့ အဆုံးသတ်မြို့ပျက်တာအို ရနိုင်မယ့်နည်းလမ်းကို သိထားပြီးပြီ… ထုံးစံအတိုင်း ကောင်းကင်နတ်ဧကရာဇ်ဟောင်က အရှင်မကို အဆုံးသတ်မြို့ပျက်တာအို ရနိုင်မယ့် နည်းလမ်း မေးလာမှာပဲ”

ကောင်းကင်နတ်ဧကရီက မခို့တရို့ပြုံးလျက် တုံ့ပြန်သည်။ “နင်ဆိုလိုချင်တာက ဒီအခွင့်အရေးကို အသုံးချပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို အဆုံးသတ်မြို့ပျက်ကြေးမုံ လွှဲပြောင်းပေးစေချင်တာပေါ့..”

ချင်မူ ခေါင်းခါသည်။ “ကျွန်တော် ပြောချင်တာက အရှင်မ သူ့ကို အဆုံးသတ်မြို့ပျက်လမ်းစဥ်အစစ်အမှန် သင်ကြားပေးလည်း ကိစ္စမရှိပေမယ့် အဆုံးသတ်မြို့ပျက်ကြေးမုံကိုတော့ ဘယ်တော့မှ သင်ပေးလို့ မဖြစ်ပါဘူး”

ကောင်းကင်နတ်ဧကရီမှာ ကြောင်အသွားပြီးနောက် ရုတ်တရက် တခစ်ခစ် ရယ်လိုက်သည်။ “မီလော့နန်းတော်ရဲ့ သခင်လေးနှစ် ရောက်လာမှာ စိုးရိမ်နေတာလား… သိပ်ကို ကြီးကျယ်မြင့်မြတ်လှတဲ့ ကောင်းကင်နတ်အရှင်မူ၊ မီလော့နန်းတော်ရဲ့ သခင်လေးခုနှစ်က နောက်ဆုံးတော့ ကြောက်ရမယ့်ပုဂ္ဂိုလ် ပေါ်လာပြီပေါ့လေ”

ချင်မူ့မျက်နှာအမူအရာက အနည်းငယ် ပျက်ယွင်းသွားပြီး သူမ၏ မျက်နှာကို စူးစိုက်ကြည့်လိုက်သည်။ သူက အေးစက်စွာ ပြော၏။ “ကောင်းကင်နတ်ဧကရီ၊ ခင်ဗျား သတိမထားမိဘူးလား… ခင်ဗျားနဲ့ သခင်မယွမ်မုရဲ့ အကျင့်စရိုက်က ပိုပိုပြီး ဆင်တူလာပြီ”

ကောင်းကင်နတ်ဧကရီကား အားရပါးရ ရယ်မောတော့သည်။ “ငါ ဘဝပြန်ဝင်စားခြင်းတာအိုကို သုံးပြီး အဲဒီအပျက်မရဲ့ အကျင့်စရိုက်ကို တုပထားတာလေ… လုံးဝကွက်တိပဲ… ကောင်းကင်နတ်ဧကရာဇ်ဟောင်နဲ့ ကြာကူလီကောင်တောင် နည်းနည်းလေးမှ သတိမထားမိဘူး… ကောင်းကင်နတ်အရှင်မူ၊ မဟုတ်မှလွဲရော နင် ငါ့ကို သင်ပေးခဲ့တာကို နင် နားမလည်တာ များလား”

ချင်မူ့သူငယ်အိမ်များ ကျုံ့၀င်သွားပြီး သူ၏ ဒေါင်လိုက်မျက်လုံး ပွင့်လာသည်။ သူက သူမကို အလေးအနက် စိုက်ကြည့်လိုက်ပြီးနောက် မျက်လုံးက ပြန်ပိတ်သွား၏။ “ကျွန်တော် မြင်နေရတယ်… “ သူက ပြောသည်။ “မီလော့နန်းတော် သခင်လေးနှစ်ရဲ့ အန္တရာယ်က သခင်လေးလေးနဲ့ သခင်လေးသုံးတို့ထက်တောင် ပိုပြီးကြီးမားတယ်… ခင်ဗျား ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို အဆုံးသတ်မြို့ပျက်ကြေးမုံ သင်ပေးလိုက်မယ်ဆိုရင် သူ့အတွက် ခုခံဖို့ ခက်ခဲလိမ့်မယ်… သခင်လေးနှစ် အခွင့်အရေးယူတာ ခံရပြီး သူ့ရဲ့ ခန္ဓာကိုယ်တစ်ဝက်ကို ဝင်ပူးခံရမှာ သေချာတယ်…”

“နောက်ကျသွားပြီ…”

ကောင်းကင်နတ်ဧကရီ၏ မျက်နှာအမူအရာက ပြန်လည်တည်ကြည်သွားပြီး သူမက ဆိုသည်။ “ငါ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို အဆုံးသတ်မြို့ပျက်ကြေးမုံ သင်ပေးပြီးသွားပြီ… အခုဆို ကျင့်တောင် ကျင့်ကြံနေလောက်ပြီ… တခြား ပြောစရာရှိသေးလား ကောင်းကင်နတ်အရှင်မူ… မရှိတော့ဘူးဆိုရင် ငါ့လမ်း ပိတ်ထားတာ ဖယ်တော့”

ချင်မူမှာ ခေါင်းနပန်းကြီးသွားပြီး သူ၏အသံက ခြောက်ကပ်ကပ် ဖြစ်လာ၏။ “သင်ပေးလိုက်တာလား… ကောင်းကင်နတ်ဧကရီ၊ ခင်ဗျား ဘာလုပ်လိုက်မိတာလဲဆိုတာရော သိရဲ့လား…. မီလော့နန်းတော်အရှင်သခင်က သခင်လေးနှစ်ကို ဘာလို့ ဖိနှိပ်ထားချင်တာလဲ သိရဲ့လား…”

ကောင်းကင်နတ်ဧကရီက မျက်ခုံးပင့်လျက် ပျင်းရိစွာ မေးသည်။ “အဲဒါတွေက ငါနဲ့ ဘာဆိုင်လို့တုန်း”

ချင်မူမှာ သက်ပြင်းရှည်တစ်ရှိုက် ရှူသွင်းလိုက်ရပြီး ရှေ့သို့ ခြေတစ်လှမ်းတက်ကာ သူမအရှေ့သို့ ရောက်လာသည်။ သူက သူမကို ငုံ့ကြည့်လိုက်၏။ “သခင်လေးနှစ် လုပ်ချင်တဲ့ အရာက မီလော့နန်းတော်အရှင်သခင်တောင် ကြောက်ရွံ့ရတဲ့ အရာတစ်ခုပဲ…. ဒါကြောင့် သူ့ကို ဖိနှိပ်ထားရုံကလွဲပြီး ရွေးချယ်စရာ မရှိခဲ့တာ… ခင်ဗျားက ဒီမိစ္ဆာ လွတ်လာအောင် ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို အဆုံးသတ်မြို့ပျက်ကြေးမုံ သင်ပေးခဲ့မိတာပဲ… ဒီစကြ၀ဠာမှာ မီလော့နန်းတော်အရှင်သခင် မရှိဘူး”

ကောင်းကင်နတ်ဧကရီက မျက်မှောင်ကြုတ်နေပြီး ချင်မူ့ သူမအနား နီးကပ်နေသည်ကို အတော်လေး မကျေမနပ် ဖြစ်နေသည်။ “ကောင်းကင်နတ်အရှင်မူ၊ ဘိုးဘေးနန်းတော်ထဲမှာ ငါ နင့်လက်ကို ဖြတ်ပစ်ခဲ့တာ မှတ်မိသေးလား… နင်က တော်တော် ရဲတင်းနေပါလား”

ချင်မူက နောက်ထပ် ခြေတစ်လှမ်းတိုးလိုက်သောကြောင့်် သူမ၏ခန္ဓာကိုယ်နှင့် ပူးကပ်လုနီးပါး ဖြစ်သွားသည်။ “ကြည့်ရတာ ခင်ဗျားက ဒီကိစ္စ ဘယ်လောက် အရေးပါသလဲဆိုတာ နားမလည်သေးဘူး ထင်တယ်… ကောင်းကင်နတ်ဧကရီ၊ မီလော့နန်းတော်သခင်လေးနှစ်ရဲ့ ရည်ရွယ်ချက်က သက်ရှိသတ္တဝါအကုန်လုံး၊ စကြ၀ဠာအားလုံးကို ဖျက်ဆီးပြီး စကြ၀ဠာအားလုံး ရှေးအကျဆုံး မူလအခြေအနေကို ပြန်ရောက်သွားစေဖို့ပဲ… မီလော့နန်းတော်အရှင်သခင်ရဲ့ ကျောက်စိမ်းမြို့တော်တင် မကဘူး… စကြ၀ဠာ ၁၇ စင်း လုံးပါ သူ ဖျက်ဆီးတာ ခံရလိမ့်မယ်”

ကောင်းကင်နတ်ဧကရီ၏ အရှိန်အဝါ ပေါက်ကွဲထွက်လာပြီး သူမ၏ထိတ်လန့်တုန်လှုပ်ဖွယ်ရာစွမ်းအားကြောင့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံတစ်ခုလုံး ပုံပျက်သွားသည်။ အလယ်တွင် ချိုင့်နေသော ချိုင့်ခွက်ပမာ သူမကို ဗဟိုပြု၍ ပြိုပျက်လာတော့သည်။

“ကောင်းကင်နတ်အရှင်မူက အမှတ်မရှိသေးဘူး ထင်တယ်…”

ကောင်းကင်နတ်ဧကရီသည် တာအိုသိုင်းပညာရှင်တစ်ဦး၏ စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ သူမ တိုက်ခိုက်တော့မည့်အချိန်တွင် သူမ၏ ညာလက်ကောက်ဝတ်မှာ ဖြတ်တောက်ခံလိုက်ရပြီး သွေးတို့ ပန်းထွက်လာ၏။

ကောင်းကင်နတ်ဧကရီမှာ အံ့အားသင့်သွားပြီ အမြန်နောက်ဆုတ်လိုက်သည်။ သူမက လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်ရာ သူမ၏လက်ဖဝါးသည် အရှိန်အဟုန်ပြင်းစွာ ပြန်ထွက်လာ၏။ သူမက မှော်စွမ်းအင်အလုံးစုံ စုစည်းလျက် လက်များဖြင့် ရှေ့သို့ တွန်းထုတ်လိုက်သည်။

ဧရာမချောက်နက်ကြီးတစ်ခု ထွက်ပေါ်လာချေပြီ။ ထိုက်ဧကရာဇ်ကောင်းကင်နတ်ဘုံမှာ ခေါက်ဆွဲသားများကဲ့သို့ ရှည်ထွက်လာသည်။ ကြောက်မက်ဖွယ်ရာစွမ်းအားကြောင့် ဆွဲယူခံလိုက်ရပြီး နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်လာ၏။

“ကောင်းကင်နတ်ဧကရီ၊ ကျွန်တော် ခင်ဗျားကိုစိတ်ပျက်မိတယ်… ခင်ဗျားကို အရှင်ထားလည်း ကျွန်တော့်အတွက် အသုံးမဝင်တော့ဘူး”

ထိုအခိုက်အတန့်တွင် ချင်မူ ရှေ့သို့ တက်လိုက်ရာ ပုံပျက်နေသော ထိုက်ဧကရာဇ်ကောင်းကင်ဘုံသည် ဝုန်းခနဲ ပြားသွားသည်။ ကောင်းကင်နတ်ဧကရီ၏ ကောင်းကင်နတ်သိုင်းများကြောင့် ပြိုလဲနေခြင်း မရှိတော့ပေ။

ကောင်းကင်နတ်ဧကရီ၏ ချီနှင့် သွေးတို့က လှည့်ပတ်နေပြီး သူမက လက်ဖြင့် တွန်းထုတ်ထားသည်။ အဆုံးသတ်မြို့ပျက်၏ ကြာရွက်များ ပြန့်ကားထွက်လာပြီး အဆုံးသတ်မြို့ပျက် ဖရိုဖရဲရေကန်ထဲတွင် ဖရိုဖရဲချီများ ထွက်ပေါ်လာ၏။ ကြာရွက်များမှတစ်ဆင့် သူမ၏ ကိုယ်ပိုင်မှော်စွမ်းအင်အဖြစ် ပြောင်းလဲသွားကြသည်။

အဆုံးသတ်မြို့ပျက် တာအိုသိုင်းပညာရှင်တစ်ဦး၏ စွမ်းအားသည် ဖရိုဖရဲချီများမှ အရင်းခံခြင်း ဖြစ်ပြီး အဆုံးသတ်မြို့ပျက်ကြာရွက်ကို ဖြတ်သန်းပြီးနောက် အရာအားလုံးကို ဝါးမြိုနိုင်သော ပြိုင်ဘက်ကင်းစွမ်းအားတစ်ရပ်အဖြစ် အသွင်ပြောင်းနိုင်၏။

ဤသည်က ကောင်းကင်နတ်ဧကရီ တာအိုရရှိပြီးနောက် ပထမဦးဆုံး တိုက်ခိုက်သော တိုက်ပွဲဖြစ်လေသည်။

ချင်မူ၏ အတိုက်အခိုက်စွမ်းရည်များသည် လက်တလော နှစ်များအတွင်း တိုးတက်ကောင်းမွန်လာခဲ့ပြီး ယိုတုတိုက်ပွဲနှင့် အန္တိမဟင်းလင်းပြင်တိုက်ပွဲများတွင် ရလဒ်ကောင်းများ ရရှိခဲ့သည့်တိုင် သူသည် အစစ်အမှန် တာအိုသိုင်းပညာရှင်တစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် သူမသည် သူ့အပေါ် အနိုင်ယူနိုင်ရန် ယုံကြည်ချက်ရှိနေ၏။

သို့သော် သူမ၏ ကျင့်ကြံခြင်းအခြေခံနှင့် စွမ်းဆောင်ရည်များ အဆုံးအစွန်အထိ မြင့်တက်သွားသည့်အချိန်တွင် ချင်မူက လက်ကို ဓားအဖြစ် သုံးလျက် ခုတ်ပိုင်းလိုက်သည်။

သူ၏လက်ဖဝါးက ကောင်းကင်နတ်ဧကရီ၏ အဆုံးသတ်မြို့ပျက် အသူရာချောက်နက် ကောင်းကင်နတ်သိုင်းကို ခုတ်ပိုင်းသွား၏။ အလွန်တရာ ချွန်မြသော ဓားတစ်လက်က ပဲပြားတုံးကို လှီးချလိုက်သကဲ့သို့ ကောင်းကင်နတ်ဧကရီ၏ ကောင်းကင်နတ်သိုင်းကို အလွယ်တကူ နှစ်ခြမ်းကွဲသွားစေသည်။

သူ၏ခုတ်ပိုင်းချက်က အသူရာချောက်နက်ကို ခုတ်ပိုင်းလိုက်နိုင်သည်သာမက ကြာရွက်များကိုပင် ပိုင်းဖြတ်လိုက်၏။

ကြာရွက်အောက်ရှိ ဖရိုဖရဲရေကန်မှာ ကောင်းကင်နတ်ဧကရီ၏ လမ်းစဉ်အခြေခံ ဖြစ်သည်။ ချင်မူ့ဓားကြောင့် ဖရိုဖရဲရေကန်မှာ နှစ်ပိုင်းဖြတ်ခံလိုက်ရလေပြီ။

ထိုမျှသာမက ဖရိုဖရဲရေကန်သည် ကောင်းကင်နှင့်မြေကြီး နှစ်ခြမ်းကွဲသွားသကဲ့သို့ ကွဲထွက်သွား၏။ စကြ၀ဠာမွေးဖွားလာသည့်အလား ပြင်းထန်စွာ ပေါက်ကွဲသွားပြီး နှိုင်းယှဉ်၍မရနိုင်အောင် ကျယ်လောင်သည့် ခေါင်းလောင်းသံနှင့်အတူ ဖရိုဖရဲရေကန်မှာ ခေါင်းလောင်းနှစ်ခု မျက်နှာချင်းဆိုင်နေသကဲ့သို့ အပြင်သို့ ပြန့်ကားထွက်လာသည်။

ချက်ချင်းဆိုသလို ကောင်းကင်နတ်ဧကရီ၏ ကျင့်ကြံခြင်းအခြေခံသည် ဗလာနတ္ထိဖြစ်သွားပြီး ထိုက်ယီ၊ထိုက်ချူ အစရှိသော ထိုက်ငါးပါးအဖြစ် ပြောင်းလဲသွားသည်။

ကောင်းကင်နတ်ဧကရီက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး အနောက်သို့ ပျံသန်းကာ သူမ၏ကျင့်ကြံခြင်းအခြေခံကို ထိုက်ငါးပါးနှင့် စကြ၀ဠာ၏ ကြယ်တာရာကောင်းကင်အဖြစ် ပြောင်းလဲခွင့်ပေးထားသည်။ ရုတ်တရက် သူမ၏ကောင်းကင်နတ်သိုင်းအား အသက်သွင်းလိုက်ရာ ဆင်ကဲပြောင်းလဲနေဆဲဖြစ်သည့် စကြ၀ဠာမှာ ဖျက်ဆီးခံလိုက်ရပြီး သူမ၏ကျင့်ကြံခြင်းအခြေခံက မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

အဆုံးသတ်မြို့ပျက်လမ်းစဉ်တွင် ဖျက်ဆီးခြင်းလမ်းစဉ်သာမဟုတ်ဘဲ မွေးဖွားခြင်းလမ်းစဉ်လည်း ပါဝင်သည်မဟုတ်လော။ စကြ၀ဠာပျက်စီးခြင်းနှင့်မွေးဖွားခြင်းတို့၏ လျှို့ဝှက်ချက်အားလုံး အဆုံးသတ်မြို့ပျက်တွင် ပါရှိ၏။

ကောင်းကင်နတ်ဧကရီ အဆုံးသတ်မြို့ပျက်တာအိုကို အောင်မြင်သွားသည့်အခါတွင် လမ်းစဉ်နှစ်ခုလုံးကို သိမြင်နားလည်နိုင်သည်မှာ သဘာဝသာ ဖြစ်သည်။

ချင်မူက နှာတစ်ချက်မှုတ်၍ နောက်တစ်လှမ်း ထပ်တက်လာသည်။ သူ၏လက်ချောင်းငါးချောင်းက ဖြန့်လျက် အနီရောင်ကြိုးထုံး ကောင်းကင်နတ်သိုင်းအဖြစ် ပြောင်းလဲကာ ကောင်းကင်နတ်ဧကရီထံ ပြေးဝင်သွားတော့သည်။

ကောင်းကင်နတ်ဧကရီ၏ ခြေထောက်အောက်ရှိ ကောင်းကင်နတ်သိုင်းက ပေါက်ကွဲထွက်လာသည့်အခါ သူမအနောက်ရှိ အိမ်ရှေစံမင်းသားမင်ရနှင့် ရှဲ့ဝူကျိတို့မှာ မခံနိုင်တော့ဘဲ သူမထံ လဲကျလာသည်။

ကောင်းကင်နတ်ဧကရီ၏ ခြေထောက်အောက်တွင် အဆုံးသတ်မြို့ပျက်ချောက်နက် ထွက်ပေါ်လာပြီး အိမ်ရှေစံမင်းသားမင်ရနှင့် ရှဲ့ဝူကျိတို့ကို ဝါးမြိုသွားတော့၏။

ကောင်းကင်နတ်ဧကရီက လက်မြှောက်၍ ချင်မူ၏ အနီရောင်ကြိုးထုံး ကောင်းကင်နတ်သိုင်းကို ခုခံကာကွယ်လိုက်သည်။ ကြောက်မက်ဖွယ်စွမ်းအားငါးရပ် သူမ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည့်အချိန်တွင် ရုပ်ခန္ဓာထဲ ကျယ်လောင်လှသော အသံများ ကြားလိုက်ရပြီး သူမ၏ ခြေလက်များနှင့် ဦးခေါင်းပင်လျှင် ပေါက်ကွဲသွားတော့၏။

သို့သော် သွေးရောင်အလင်းများ ဖြတ်ခနဲ လက်သွားပြီး ကောင်းကင်နတ်ဧကရီသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

အဆုံးသတ်မြို့ပျက်တာအို၏ ပျက်စီးခြင်းနှင့် မွေးဖွားခြင်းတို့၏ ပြောင်းလဲမှုများကြောင့် ကောင်းကင်နတ်ဧကရီမှာ သတ်မရနိုင်သကဲ့သို့ ဖြစ်နေ၏။

ရွှမ်း…

ချင်မူက လက်ချောင်းလေးချောင်းကို ကွေးလျက် ကောင်းကင်နတ်ဧကရီ၏ မျက်ခုံးနှစ်ဖက်ကြားသို့ လက်ညှိုးဖြင့် ထိုးလိုက်သည်။

ကောင်းကင်နတ်ဧကရီ၏ စိတ်အစဉ်မှာ မူးဝေရှုပ်ထွေးသွားပြီး ချင်မူ့အတွက် ပြိုင်ဘက်မဟုတ်မှန်း သဘောပေါက်သွားသည်။ သူမ၏ ခန္ဓာကိုယ်က အဆုံးသတ်မြို့ပျက်ထဲသို့ ချက်ချင်း နစ်ဝင်သွား၏။

ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ပွင့်လာပြီး ဝှီးခနဲ အသံနှင့်အတူ ကမ္ဘာဦးဖရိုဖရဲ နတ်အလင်းတန်းတစ်တန်းသည် အဆုံးသတ်မြို့ပျက်အား ဖောက်ထွက်သွားလေသည်။

ကောင်းကင်နတ်ဧကရီ၏ အင်္ကျီလက်စများက အသူရာချောက်နက်ထဲတွင် ဝိုးတဝါး လှုပ်ရှားသွားပြီး ချင်မူ့မျက်လုံးမှ ကမ္ဘာဦးဖရိုဖရဲအလင်းတန်းကို ရှောင်တိမ်းလိုက်သည်။ သို့သော် သူမအနေဖြင့် မည်သို့ရှောင်တိမ်းနိုင်ပါမည်နည်း။ မကြာမီ သူမ၏ရုပ်ခန္ဓာမှာ အပေါက်ဗလပွ ဖြစ်သွားတော့သည်။

ချင်မူ့အနောက်ရှိ အရိပ်ထဲတွင် ရှန့်ကျွင်းက တစ္ဆေတစ်ကောင်အလား ဖြတ်ခနဲ ထွက်ပေါ်လာပြီး အသူရာချောက်နက်ထဲ ပြေးဝင်ရန် ပြင်ဆင်နေ၏။

ရုတ်တရက် ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံး ပြန်ပိတ်သွားပြီး သူက လက်မြှောက်၍ တားဆီးလိုက်သည်။ သူက ခေါင်းခါသည်။ “ရှန့်ကျွင်း၊ လိုက်ဖမ်းဖို့ မလိုဘူး”

ရှန့်ကျွင်းက နောက်သို့ ပြန်ဆုတ်၍ အရိပ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။

အဆုံးသတ်မြို့ပျက်က ပြန်လည်ပိတ်ကာ ကွယ်ပျောက်သွားတော့၏။

ချင်မူ အင်္ကျီလက်စကို ခါ၍ တဖြည်းဖြည်း အပေါ်သို့ ပျံတက်သွားသည်။ သူက ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံ ၃၃ ဘုံအထက် ကောင်းကင်သို့ ရောက်ရှိလာ၏။ ထိုနေရာတွင် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံက မြောလွင့်နေပြီး တာအိုသစ်ပင်၏ အလင်းရောင်က ဟင်းလင်းပြင်အလွှာ ၃၆ လွှာတစ်လျှောက် ဖြန့်ကျက်နေသည်။ ၎င်းက အလွန်တရာထူးခြားပြီး ခမ်းနားတင့်တယ်၏။

ချင်မူ တာအိုသစ်ပင်အရှေ့သို့ အလျင်အမြန်ပင် ရောက်လာသည်။ ကောင်းကင်နတ်အရှင်ယွင် ထွက်လာပြီး တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်လိုက်ကြ၏။

“နောင်တော်ယွင်၊ နောင်တော် အဆုံးသတ်မြို့ပျက်အသူရာချောက်နက်မှာ ရှိနေခဲ့တုန်းက ကောင်းကင်နတ်ဧကရီက ဘယ်လိုလုပ် သခင်မယွမ်မုအဖြစ် ပြောင်းလဲသွားတာလဲ ” ချင်မူက စကားပလ္လင်ခံမနေတော့ဘဲ မေးလိုက်သည်။

ကောင်းကင်နတ်အရှင်ယွင်က ဖြေ၏။ “ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို ငှားယူပြီး သူ့ရဲ့ အသိစိတ်က သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဘဝပြန်ဝင်စားလို့ သခင်မယွမ်မုအဖြစ် ပြောင်းလဲသွားခဲ့တာပဲ”

“ပြဿနာက အဲ့ဒါကိုး…” ချင်မူ သဘောပေါက်သွားသည်။

ကောင်းကင်နတ်အရှင်ယွင်မှာ ဇဝေဇဝါဖြစ်နေရှာသည်။

“ကောင်းကင်နတ်ဧကရီနဲ့ သခင်မယွမ်မုက တကယ်တော့ အဆုံးသတ်မြို့ပျက်နတ်ဘုရားမရဲ့ အသိစိတ်အလျဉ်ပဲ… မတူညီတဲ့ အကျင့်စရိုက်နှစ်ခု ဖြစ်နေတာ… ကောင်းကင်နတ်ဧကရီ ဦးဆောင်ပြီး ဘဝပြန်ဝင်စားခြင်း လမ်းစဉ်ကို အသက်သွင်းပြီးတော့ သခင်မယွမ်မုအဖြစ် ပြောင်းလဲလိုက်တာဆိုရင် ကောင်းကင်နတ်ဧကရီနဲ့ ယွမ်မုက တစ်ယောက်တည်း ဖြစ်လာတဲ့အဓိပ္ပာယ်ပဲ…”

ချင်မူက ပြောသည်။ “ကျွန်တော် အခုလေးတင် ကောင်းကင်နတ်ဧကရီနဲ့ တွေ့ခဲ့တာ… သူတို့ စပြီး ပေါင်းစည်းနေကြပြီ”

ကောင်းကင်နတ်အရှင်ယွင်မှာ မျက်နှာ အနည်းငယ်ပျက်သွားပြီး အထိတ်တလန့် ရေရွတ်လိုက်၏။ “ဒါဆိုရင် သူ့မှာ အားနည်းချက် မရှိတော့ဘူးပေါ့… ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကလည်း သူ့ကို မထိန်းချုပ်နိုင်ဘူးလား”

ချင်မူက ခေါင်းခါရမ်းကာ ပြုံးသည်။ “ဆိုတော့ သူ လွတ်မြောက်သွားတုန်းက ကျွန်တော် အခွင့်အရေးကို အသုံးချပြီး သူ့ရဲ့ မျက်ခုံးနှစ်ဖက်ကြားကို လက်ညှိုးထိုးခဲ့တယ်… ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို သုံးပြီး နောက်ထပ်သခင်မယွမ်မုတစ်ယောက်ကို သူ့ခန္ဓာကိုယ်ထဲ ထည့်လိုက်တာ… သူ ပိတ်မိနေခဲ့တုန်းက သူ့ရဲ့အသိစိတ်အလျဉ်က ကျွန်တော်ရဲ့ ကောင်းကင်နတ်သိုင်းထဲ ပြန်ဝင်စားခဲ့တာ ဘဝပေါင်းထောင်ပေါင်းများစွာ ကြာခဲ့ပြီလေ… ကျွန်တော် သခင်မယွမ်မုရဲ့ အသိစိတ်အလျဉ်အသစ် အရွယ်ရောက်လာတဲ့အထိ ပျိုးထောင်ပေးခဲ့တယ်”

ကောင်းကင်နတ်အရှင်ယွင်မှာ သူ့ကို စေ့စေ့ကြည့်ရင်း ကြောက်ရွံ့လာမိ၏။ တခဏကြာသော် သူက မေးလိုက်သည်။ “ညီတော်မူ၊ မင်း အခု ဘယ်လောက် ကြောက်ဖို့ ကောင်းနေပြီလဲဆိုတာ မင်း သိရဲ့လား”

ချင်မူလည်း အနည်းငယ် ငေးကြောင်သွားပြီးနောက် အသေအချာစဉ်းစားကာ တိတ်တဆိတ် ခေါင်းညိတ်၏။

ကောင်းကင်နတ်အရှင်ယွင်က လေပူတစ်ချက် မှုတ်ထုတ်ကာ ပြောသည်။ “ငါ မင်းရဲ့ ကောင်းကင်နတ်သိုင်းကို နားမလည်နိုင်တော့ဘူး… မင်းက တကယ်ပဲ မီလော့နန်းတော် သခင်လေးခုနစ်အဖြစ် ပြောင်းလဲနေပြီဖြစ်မယ်”

ချင်မူက တခဏတိတ်ဆိတ်နေပြီးနောက် ပြုံးလိုက်၏။ “ဒီစကြ၀ဠာက ကျွန်တော့်ကို မထိန်းနိုင်ရင် တခြားစကြ၀ဠာကို သွားပြဿနာရှာပ့ါမယ်… အဲဒီမတိုင်ခင်တော့ ဆူးညှောင့်ခလုတ်တွေကို အရင်ဖယ်ရှားရလိမ့်မယ်”

ကောင်းကင်နတ်ဘုံ၏ စစ်စခန်းတွင် ဧရာမအသူရာချောက်နက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်နတ်ဧကရီက ၎င်းထဲမှ လှိမ့်ထွက်လာပြီး သူမ၏ လှည်ချောင်းထဲတွင် ချိုမြမြအရသာကို ခံစားလိုက်ရသည်။ သူမက ပျို့တက်လာသော သွေးတို့ကို အမြန်မြိုချပြီး အံ့ဩနေသလို ဒေါသလည်း ထွက်နေ၏။ “လင်းကွမ်ခန်းမအရှင်သခင် ပြောတာ မှန်တယ်… ကောင်းကင်နတ်ဧကရာဇ်ဟောင်က ချင်မူ့လက်ထဲမှာ တိုက်ကွက်ဆယ်ကွက်ထက် ပိုပြီး ခံမှာမဟုတ်ဘူး”

ဤအခိုက်အတန့်တွင် သခင်မယွမ်မု၏ရယ်သံက သူမ၏ စိတ်ထဲ ဝင်ရောက်လာ၏။ “အစ်မတော်၊ နင် ဒဏ်ရာရနေတာပဲ…. နင့်ခန္ဓာကို ငါ့ပေးလိုက်”

“သွားပါပြီ…”

ကောင်းကင်နတ်ဧကရီ၏ အမြင်အာရုံမှာ မည်းမှောင်သွားပြီး အသိစိတ်အလျဉ်လည်း အမှောင်ကျသွားတော့သည်။

All Chapters