← Chapters

ကြာစေ့ ကြာကန်

Vol. 130 Ch. 1685

ကြာစေ့ ကြာကန်

Vol. 130 Ch. 1685

“ဆိုတော့ နင်က ခန်းမအရှင်သခင်တစ်ယောက်ပေါ့… ၁၇ စင်းမြောက် စကြ၀ဠာကိုတောင် ရောက်လာခဲ့ပြီလား”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ နှုတ်ခမ်းဝမှ လှောင်ပြောင်နေသော အမျိုးသမီးအသံ ထွက်ပေါ်လာသည်။ “သနားဖို့ကောင်းလိုက်တာ… ခေါင်းတောင် ပြတ်နေပြီပဲ… နင့်ရဲ့ ဒဏ်ရာတွေမှာ သခင်လေးခုနစ်နဲ့ ရှန့်ကျွင်းရဲ့ တာအိုသိုင်းကွက် အစအနတွေ တွေ့နေရတယ်…”

သူမ ထိုသို့ပြောနေသည့်အချိန်တွင် သူမ၏ရုပ်ရည်သွင်ပြင်က ကောင်းကင်နတ်ဧကရာဇ်ဟောင်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားပြန်၏။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က စိတ်သောကရောက်နေသော မျက်နှာအမူအရာဖြင့် ခပ်ဩဩ တောင်းဆိုသည်။ “နောင်တော်လင်းကွမ်၊ မြန်မြန် ကျုပ်ကို ကူညီပါဦး…”

သူ၏ရုပ်ရည်သွင်ပြင်က သခင်လေးနှစ်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားပြန်သည်။

လင်းကွမ်ခန်းမအရှင်သခင်မှာ ဤမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် မော့ကြည့်နေမိသည်။ သူသည် ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် သခင်လေးနှစ်တို့၏ ရုပ်ရည်သွင်ပြင်တို့ အဆက်မပြတ် ပြောင်းလဲနေသည်ကို တွေ့မြင်နေရပြီး ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်မှာလည်း ယောက်ျားနှင့် မိန်းမအဖြစ် တစ်လှည့်စီ ပြောင်းလဲနေတော့၏။

ဤမြင်ကွင်းက အလွန်တရာ ထူးဆန်းသော်လည်း သူ့မှာ မမေးရဲချေ။

မီလော့နန်းတော်၏ သခင်လေးနှစ်သည် အလွန်တရာ ရက်စက်၏။ မီလော့နန်းတော်တွင် သူမကို မထီမဲ့မြင် ပြုရဲသူမရှိချေ။ မီလော့နန်းတော်အရှင်သခင်သာ သူမကို ဆူပူကြိမ်းမောင်းရဲသည်။

သခင်လေးနှစ်သည် အလွန်တရာလည်း အငြိုးကြီး၏။ ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာအဆုံးတွင် ပြောမထွက်နိုင်အောင် ရက်စက်ကြမ်းကြုတ်သည့် ပြစ်မှုများကို ကျူးလွန်ခဲ့လေသည်။

သာမန်သတ္တဝါများကို သတ်ခဲ့သည်သာမက တာအိုသိုင်းပညာရှင်များနှင့် မီ‌လော့နန်းတော်မှ တာအိုသိုင်းပညာရှင်များကိုလည်း သတ်ဖြတ်ခဲ့သည်။

သခင်လေးနှစ် နေရာတိုင်းတွင် တိုက်ခိုက်သတ်ဖြတ်နေသည့်အချိန်တွင် ကောင်းကင်ဘုံအားလုံးသည် သူမ၏ခန္ဓာကိုယ်ကို ဗဟိုပြု၍ ပြိုလဲပျက်စီးခဲ့ရ၏။ ထိုသို့မြင်ကွင်းမျိုးက တာအိုရရှိပြီးသော ပုဂ္ဂိုလ်များအတွက်ပင်လျှင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်။

ရှန့်ကျွင်းသည် သတ်ဖြတ်ခြင်းဖြင့် တာအိုရရှိခဲ့ပြီး ရက်စက်ကြမ်းကြုတ်သူတစ်ယောက် ဖြစ်သော်လည်း သခင်လေးနှစ်နှင့် ယှဉ်လျှင်တော့ မပြောပလောက်ပေ။

သခင်လေးနှစ်က ရူးသွားသဖြင့် ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာတွင် လိုက်လံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည် ဟူသော ကောလဟာလများပင် မီလော့နန်းတော်တလျှောက် ပျံ့နှံ့ခဲ့သည်။ အမှန်တွင် သူမ တာအိုသိုင်းပညာရှင်များကို သတ်ဖြတ်ခဲ့သည်မှာ အချိန်ကာလကြာမြင့်ခဲ့ပြီ ဖြစ်၏။ မည်သူမှ သတိမထားမိခြင်းသာ ရှိသည်။

လင်းကွမ်ခန်းမအရှင်သခင်မှာလည်း ချွေးတို့ဖြင့် ရွှဲနစ်နေချေပြီ။ သူက တိတ်ဆိတ်စွာ ထရပ်၍ နောက်ဆုတ်သွားသည်။ မီလော့နန်းတော်၏ သခင်လေးနှစ်သည် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ရုပ်ခန္ဓာကို သုံးလျက် ဆင်းသက်လာခဲ့လေပြီ။ ကောင်းကင်နတ်ဧကရာဇ် မဆိုထားနှင့် သူကိုယ်တိုင် တိုက်ခိုက်လျှင်တောင်မှ အချည်းနှီးသာ ဖြစ်လိမ့်မည်။

“ငါ သခင်လေးခုနစ်ကို စော်ကားခဲ့မိပြီးပြီ… သခင်လေးနှစ်ကိုပါ ထပ်ပြီးစော်ကားမိရင် သေချာပေါက် သေလိမ့်မယ်”

သူက နန်းတော်မုခ်၀ဆီသို့ ဖြည်းဖြည်းချင်း နောက်ဆုတ်သွားသည်။ ရုတ်တရက် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ဦးခေါင်းအနောက်တွင် ခရမ်းရောင်ကောင်းကင်နန်းဆောင်နှင့် နတ်ကောင်းကင်ခန်းမ နန်းဆောင်တို့၏ အရိပ်များက တစ်ပြိုင်နက် ပေါ်ထွက်လာကြသည်။ ခန်းမနှစ်ခုက ထိန်လင်းတောက်ပနေကြ၏။

ထိုခန်းမနှစ်ခု၏ စွမ်းအားများက အဆုံးအစွန်အထိ မြှင့်တင်ခံထားရသည်။ ခရမ်းရောင်ကောင်းကင်ခန်းမက ကျုံ့လျက် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ နဖူးထံသို့ ဦးတည်လာ၏။ ၎င်းက တစ်လက်မအရှည်သာ ရှိတော့သည့်အထိ ပြောင်းလဲသွားပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ နဖူးတွင် ကပ်ကာ သူ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးလိုက်သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ခန္ဓာကိုယ်မှာ ပြောင်းလဲနေခြင်း ချက်ချင်း ရပ်တန့်သွားတော့သည်။

နတ်ကောင်းကင်ခန်းမက ကောင်းကင်နတ်ဧကရာဇ်၏ ကောင်းကင်နတ်ဘုံထဲတွင် ရပ်တည်လျက် သူ၏ မူလဝိညာဉ်အား သခင်လေးနှစ်၏ ကျူးကျော်ခြင်း မခံရစေရန် ကာကွယ်ပေးထားသည်။

“သုံးနဲ့ လေး၊ ဆရာက တံခါးပိတ် နေထိုင်ခဲ့ပေမယ့် နင်တို့နှစ်ယောက်ကတော့ အတော်လေး အောင်မြင်နေပြီပဲ”

သခင်လေးနှစ်၏ ရယ်သံက ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ နှုတ်ခမ်းဝမှ ထွက်ပေါ်လာသည်။ “ငါနဲ့ တကယ်ပဲ ထိပ်တိုက်တွေ့ချင်နေတာလား”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ကောင်းကင်နတ်ဘုံထဲတွင် အဆုံးသတ်မြို့ပျက်တာအိုသည် သခင်လေးနှစ်အဖြစ် အသွင်ပြောင်းလဲသွားသည်။ သူမသည် ကောင်းကင်နတ်ဧကရီထက် ချောမောလှပသော အမျိုးသမီးတစ်ဦး ဖြစ်၏။ သူမ၏ ညာနှုတ်ခမ်းထောင့်တွင် အနက်ရောင်မှဲ့တစ်စက် ရှိပြီး ဒဏ်ရာတစ်ခုကြောင့် ကျန်ရစ်ခဲ့သော အမာရွတ်နှင့် တူသည်။

သူမက တောင်ကောင်းကင်မုခ်၀အောက်တွင် ရပ်နေပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ကောင်းကင်နတ်ဘုံမှာ ပုံပျက်လာနေသည်။ သူမ ရပ်တည်နေသည့် နေရာဟင်းလင်းပြင်နှင့်အချိန်တို့က သူမကို ဗဟိုပြု၍ ပြိုလဲနေသည့်အလားပင်။

သူမသည် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ကျင့်ကြံကျင့်အခြေခံတစ်ဝက်ကိုသာ သိမ်းပိုက်ထားပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ တာအိုမရရှိသေးသော အဆုံးသတ်မြို့ပျက်တာအိုကို အပိုင်ယူထားသည်။ သို့သော် သူမ ထုတ်လွှတ်နိုင်သည့် အတိုက်ခိုက်စွမ်းရည်တို့က တာအိုရရှိပြီးသော ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ကျန်တစ်၀က်ခြမ်းထက်ပင် သာလွန်နေသည်။

သခင်လေးသုံးနှင့် သခင်လေးလေးတို့မှာလည်း သူမကို အတော်လေး သတိထားနေရသောကြောင့် မတိုက်ခိုက်ရဲကြပေ။

ရုတ်တရက် ခရမ်းရောင်ကောင်းကင်ခန်းမထဲမှ တာအိုဘာသာစကားသံတစ်သံက မပီမသ ထွက်ပေါ်လာသည်။ သခင်လေးလေးသည် သူမအား ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာကပ်ဘေးကြီးထဲမှ စကားပြောနေခြင်းဖြစ်သည်မှာ သိသာ၏။ သို့သော် ဤတာအိုဘာသာစကားက အင်မတန် လေးနက်ပြီး ကမ္ဘာဦးဖရိုဖရဲတာအိုဘာသာစကားဖြင့် ပြောနေခြင်းဖြစ်သည်။ လင်းကွမ်ခန်းမအရှင်သခင်ပင်လျှင် နားမလည်နိုင်ချေ။

သခင်လေးနှစ်က ခေါင်းငဲ့လျက် တခဏကြာ နားထောင်နေ၏။ သူမက နှာတစ်ချက်မှုတ်ပြီးနောက် ပြန်လည်တုံ့ပြန်လိုက်သည်။

သူမ၏ ကမ္ဘာဦးဖရိုဖရဲ တာအိုဘာသာစကားက သခင်လေးလေး ကျစ်ရှောင်ထက်ပင် ပို၍ထူးဆန်းလေးနက်သည်။ သူမ၏ ကမ္ဘာဦးဖရိုဖရဲလမ်းစဉ် အောင်မြင်မှုများက ပို၍မြင့်မားသည်မှာ သိသာသည်။

ထိုအခိုက်အတန့်တွင် သခင်လေးသုံး၏ အသံက နတ်ကောင်းကင်ခန်းမထဲမှ ပျံ့လွင့်လာသည်။ ၎င်းကလည်း ကမ္ဘာဦးဖရိုဖရဲတာအိုဘာသာစကားပင် ဖြစ်သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ငေးကြောင်နေပြီး သူတို့သုံးယောက် မည်သည့်စကားများပြောနေကြသည်လဲ မသိပေ။

သို့သော် သူတို့ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို လေ့လာစူးစမ်းခဲ့စဉ်တုန်းက သခင်လေးလေး ကျစ်ရှောင်သည် သူ့ကို တာအိုဘာသာစကားတချို့ သင်ပေးခဲ့ပြီး ချင်မူ့အား အကောက်ကြံရာတွင် အသုံးပြုစေခဲ့သည်။ သူ နားမလည်သော်လည်း စကားလုံးတချို့ကိုတော့ မှတ်မိနိုင်၏။

သို့သော် ကမ္ဘာဦးဖရိုဖရဲ တာအိုဘာသာစကား၏ စကားလုံးတစ်လုံးထဲတွင် ကိန်းဝပ်နေသည့် အချက်အလက်များက အလွန်တရာ ကျယ်ပြန့်ရှုပ်ထွေးသည်။ နတ်ဘုရားဘာသာစကားဖြင့် စကားလုံးတစ်လုံးကို ရှင်းပြရမည်ဆိုပါက နှစ်တစ်ဝက်ကြာ ရှင်းပြရပေလိမ့်မည်။

ထိုသို့ရှင်းပြလျှင်တောင်မှ ကမ္ဘာဦးဖရိုဖရဲ တာအိုဘာသာစကား၏ စကားလုံးတစ်လုံးထဲမှ အမှန်တရားကို အပြည့်အဝ ရှင်းပြနိုင်လိမ့်မည် မဟုတ်ပေ။

မီလော့နန်းတော်၏ သခင်လေးသုံးယောက်သည် ကမ္ဘာဦးဖရိုဖရဲ တာအိုဘာသာစကားဖြင့် အပြန်အလှန် ပြောဆိုနေကြ၏။ တစ်ခဏကြာသော် သခင်လေးနှစ်က မကျေမနပ်အသံတစ်ချက် ပြု၍ ပျောက်ကွယ်သွားတော့သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိသည်။ နတ်ကောင်းကင်ခန်းမထဲတွင် သခင်လေးသုံးလင်းရှောင်၏ အသံကို ကြားရနိုင်၏။ “တာအိုမိတ်ဆွေဟောင်၊ သခင်လေးနှစ်က မင်းရဲ့ ခန္ဓာကိုယ်ကို အချိန်တစ်ခုအထိ ငှားထားချင်တယ်တဲ့… ဒီအချိန်အတောအတွင်းမှာ သူနဲ့ မင်း အတူတကွ တည်ရှိနေလိမ့်မယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ နှလုံးသားထဲတွင် တင်းကြပ်သွားပြီး ဦးရေပြားများ ထုံကျင်လာတော့သည်။

သခင်လေးလေးကျစ်ရှောင်က ဆက်ပြောသည်။ “သိပ်ပြီး စိုးရိမ်စရာ မလိုပါဘူး… သူက မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ယာယီပဲ နေမှာ.. နောက်ကျရင် ထွက်သွားလိမ့်မယ်.. ပြီးတော့ သူရှိနေတဲ့အတွက် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အချိန်တိုအတွင်း ဖျက်ဆီးနိုင်လိမ့်မယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင် စကားပြောရန် ပြင်လိုက်စဉ် ခန်းမနှစ်ခုထဲမှ မည်သည့်အသံကိုမှ မကြားရတော့ပေ။ သခင်လေးသုံးနှင့် သခင်လေးလေးတို့ ထွက်ခွာသွားကြလေပြီ။

ကောင်းကင်နတ်ဧ‌ကရာဇ်ဟောင်၏ တာအိုနှလုံးသားမှာ အတော်လေး ရှုပ်ထွေးနေသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ကြောက်မက်ဖွယ်ရာပုဂ္ဂိုလ်တစ်ဦး ပုန်းခိုနေပြီး သူ၏ရုပ်ရည်သွင်ပြင်နှင့် လိင်ကို အချိန်မရွေး ပြောင်းလဲပစ်နိုင်၏။ ထိုမျှသာမက သူ့ကို ဝါးမြို၍ ရှင်းလင်းနိုင်သေးသည်။ ထိုသို့ တွေးမိလိုက်ရုံနှင့်ပင် သူ့မှာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်လာတော့သည်။

“ငါ သူ့ကို ရှင်းလင်းဝါးမြိုလို့ ရလောက်တာပဲ…”

သူ ထိုသို့တွေးလိုက်သည့်အချိန်မှာပင် သခင်လေးနှစ်၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။ သူမက ပြုံးလျက် ပြောနေသယောင်ပင်။ “နင့်အကြံက မဆိုးပါဘူး… ဒီအဆင့်အထိ တက်လာနိုင်တာ အံ့ဩစရာ မရှိဘူးပဲ.. ဒါပေမဲ့ ငါ့ကို သတ်ချင်တဲ့သူတွေက အများကြီးလေ… မီလော့နန်းတော်ရဲ့ တခြားသခင်လေးတွေ၊ တျန်းတုက လူမိုက်တွေနဲ့ တခြား မလောက်လေး မလောက်စားကောင်တွေကလည်း ငါ့ကို သတ်ချင်နေတာ… ဆရာတောင်မှ ငါ့ကို သတ်ပစ်ချင်နေတာ သိရဲ့လား”

သူမမှာ အလွန်တရာ ပျော်ရွှင်နေသည်။ “ဒါပေမယ့် စကြ၀ဠာ ၁၃ ကြိမ်တိတိ မွေးဖွားပြီး ဖျက်ဆီးခံခဲ့ရတောင်မှ သူတို့ ငါ့ကို မသတ်နိုင်ခဲ့ဘူး… အဲဒီအစား ငါ့ကို ပိုပိုပြီး သန်မာအားကောင်းလာစေခဲ့တယ်… ငါ နင့်ရဲ့ခန္ဓာကိုယ်ကို သုံးချင်တယ်…. ဆိုတော့ ငါ့အတွက် နေရာဖယ်ပေး”

ကောင်းကင်နတ်ဧကရာဇ်ဟောင် မျက်နှာပျက်သွားသည်။ သူ၏ခန္ဓာကိုယ်သည် ယောက်ျားမှ မိန်းမအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွား၏။ ယောက်ျားတစ်ယောက်၏ သွင်ပြင်လက္ခဏာအားလုံး ပျောက်ကွယ်သွားတော့သည်။

သခင်မယွမ်မုက ခေါင်းပြူ၍ ချောင်းကြည့်နေပြီး ဤမြင်ကွင်းကို မြင်လျှင် တခစ်ခစ် ရယ်နေသည်။

သခင်လေးနှစ်က ပြန်လှည့်ကြည့်လာသည်။ သခင်မယွမ်မုမှာ ခေါင်းပြန်ရုတ်၍ ဖျတ်ခနဲ ပျောက်ကွယ်သွားတော့သည်။ သူမ၏အသံက အဝေးမှ ထွက်ပေါ်လာသည်။ “ဟောင်အာက တကယ်ကို အမေတူသားပဲ… ငါ့သားအရင်းဆိုတာ သံသယဝင်စရာ မရှိဘူး”

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ သူ၏ မူလဝိညာဉ်နှင့် အသိစိတ်အလျဉ်တို့ ဘေးသို့ တွန်းထုတ်ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။ သူက သခင်လေးနှစ်အား သူ၏ ခန္ဓာကိုယ်ထဲမှ ခွဲထုတ်ရန် ဖန်ဆင်းကောင်းကင်နတ်သိုင်းကို အလျင်အမြန် အသက်သွင်းလိုက်သည်။

ဖန်ဆင်းခြင်းတာအိုတွင် သူ၏ အောင်မြင်မှုများမှာ အတော်လေး မြင့်မားလေသည်။ ထို့ကြောင့် ခိုင်ဧကရာဇ်အား တိုက်ခိုက်နေစဉ် ယိုတုစစ်ပွဲဆီသို့ ကိုယ်ပွားတစ်ယောက် စေလွှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် သူ ဖန်ဆင်းခြင်းတာအိုအား အသက်သွင်းလိုက်သည့်အချိန်တွင် ခရမ်းရောင်ကောင်းကင်ဘုံခန်းမနှင့် နတ်ကောင်းကင်ခန်းမတို့က ထွန်းလင်းတောက်ပလာပြီး သူ၏ ဖန်ဆင်းခြင်းတာအိုအပေါ် ဖိနှိပ်ထားလိုက်သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ နှလုံးသားမှာ အေးခဲသွားတော့သည်။

“သက်သက်မဲ့ အားကုန်ခံစရာ မလိုဘူး”

သခင်လေးနှစ်က ပြုံးလျက် ပြောသည်။ “သုံးရော လေးရောက ကောက်ကျစ်တဲ့သူတွေချည်းပဲ… နင် ငါ့ကို နှင်ထုတ်လို့ရအောင် ခွင့်ပြုမှာ မဟုတ်ဘူး… ငါ နင့်ခန္ဓာကိုယ်ထဲက ထွက်သွားရင် ငါ့ရဲ့ ခန္ဓာကိုယ်အစစ်အမှန်ကို သွားကယ်မှာကိုလည်း သူတို့ စိုးရိမ်နေကြတာ… အဲဒီအချိန်ကျရင် ဒီစကြ၀ဠာကို သူတို့ မထိန်းချုပ်နိုင်ဘဲ ဖြစ်သွားလိမ့်မယ်… အဲဒီကောင်ဆိုးလေးနှစ်ကောင်က သိပ်ကို ထက်မြတ်တယ်… ခုနက မိန်းမက နင့်အမေလား…. နင့်အမေကို ငါ့ဆီ ယဇ်ပူဇော်ပေးရင် နင့်ကို လွှတ်ပေးမယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ နှလုံးသားမှာ တဒိန်းဒိန်း ခုန်နေသည်။ သခင်လေးနှစ်က ပြုံးလျက် ဆက်မေး။ “နင် နည်းနည်းတော့ စိတ်ဝင်စားသွားတယ်မလား… နင့်ရဲ့အမေကို ငါ့ဆီ ယဇ်ပူဇော်ချင်နေတယ်မလား…”

လင်းကွမ်ခန်းမအရှင်သခင်က အလောတကြီး ဝင်ပြောသည်။ “မဖြစ်ပါဘူး အရှင်မင်းကြီး…”

သခင်လေးနှစ်၏ အကြည့်က သူအပေါ် ကျရောက်လာသည်။ လင်းကွမ်ခန်းမအရှင်သခင်မှာ နောက်သို့ အလျင်အမြန် ဆုတ်၍ နန်းဆောင်ထဲမှ ထွက်ခွာသွားသည်။ သူက လှမ်းပြော၏။ “အရှင်မင်းကြီး၊ သခင်လေးနှစ် မင်းရဲ့ခန္ဓာကိုယ်ထဲက ထွက်သွားရင် ဒီစကြ၀ဠာ ထာဝရဖျက်ဆီးခံရလိမ့်မယ်…. သူ့ကို လုံးဝလွှတ်ပေးလိုက်လို့ မဖြစ်ဘူး”

သခင်လေးနှစ်လည်း နန်းဆောင်ထဲမှ လိုက်ထွက်လာသည်။ လင်းကွမ်ခန်းမအရှင်သခင်က အနားမကပ်ရဲသဖြင့် အဝေးတွင် ရပ်နေ၏။

သခင်လေးနှစ်က သူ့ကို တစ်ချက်ကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။ “နင်က မီလော့နန်းတော်ရဲ့ တံခါးစောင့်အဆင့်ပဲ ရှိတာ… အဓိပ္ပာယ်မရှိတာတွေ ပြောရဲတယ်ပေါ့… ထပ်ပြီး မထီမဲ့မြင် လုပ်ရဲလို့ကတော့ နင့်ကို ဝါးမြိုပစ်မယ်”

လင်းကွမ်ခန်းမအရှင်သခင်မှာ မည်သည့်စကားမှ မပြောရဲတော့ပေ။

သခင်လေးနှစ် နန်းဆောင်ထဲမှ ထွက်လာသည့်အခါ ကောင်းကင်နတ်ဘုံ၏ မရေမတွက်နိုင်သောစစ်တပ်များသည် ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံ ၃၃ ဘုံအား တိုက်ခိုက်နေသည်ကို တွေ့လိုက်ရ၏။ အမျိုးမျိုးသော နတ်ဘုရားမိစ္ဆာကောင်းကင်နတ်သိုင်းများစွာ အသုံးပြုခံနေရပြီး ကောင်းကင်နှင့် မြေကြီးမှာလည်း ဖျက်ဆီးခံနေရလေသည်။

“သုံးနဲ့ လေး ငါနဲ့ သဘောတူခဲ့တာက ငါ့စွမ်းအားကို အသုံးချပြီး ခုနစ်ကို ရှင်းလင်းဖို့ပဲ”

သခင်လေးနှစ်က ရွှင်ပျော်ပျော်ကျေးရွာကို အဝေးမှ လှမ်းကြည့်နေသည်။ သူမ၏ အကြည့်က လောကသစ်ပင်အပေါ်သို့ ကျရောက်သွား၏။ “ငါကလည်း ခုနစ်ကို သတ်ပစ်ချင်နေတာဆိုတော့ ကွက်တိပဲပေါ့”

ရုတ်တရက် သူမ၏ပခုံး လှုပ်ခါသွားပြီး နောက်ဦးခေါင်းတစ်လုံး ပေါက်လာသည်။ ဦးခေါင်းက ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထား၏။ သူက ပြောသည်။ “ကျွန်တော်တို့မှာ ဘုံရန်သူရှိမှတော့ ကျွန်… ကျွန်တော် ကောင်းကင်နတ်အရှင်မူကို ရှင်းလင်းဖို့ ခန္ဓာကိုယ်ကို ယာယီသုံးပြီး အတူတကွ သတ်ဖြတ်ချင်ပါတယ်”

သခင်လေးနှစ်က သူ့ကိုတစ်ချက်ကြည့်ပြီးနောက် ပြုံးကာ ခေါင်းခါလိုက်သည်။ “နင်က ခုနစ်ရဲ့ ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ငါ မရှိရင် ဒီတိုက်ပွဲကို နင် သေချာပေါက် ရှုံးလိမ့်မယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ လက်မလျှော့ပေ။ ရုတ်တရက် သခင်လေးနှစ်က လက်မြှောက်၍ လက်ဖျောက်တီးလိုက်သည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် သူ့ခန္ဓာကိုယ်ထဲရှိ မှော်စွမ်းအင်တချို့ ပျောက်ကွယ်သွားပြီး ရှေ့သို့ ပျံသန်းသွားသည့် ကြာစေ့တစ်စေ့အဖြစ် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရ၏။

သူ၏နှလုံးသားက အနည်းငယ် လှုပ်ရှားသွားသည်။ “အဆုံးသတ်မြို့ပျက် မှော်စွမ်းအင်လား”

လင်းကွမ်ခန်းမအရှင်သခင်မှာ ဦးခေါင်း မရှိသော်လည်း သူ၏ရင်ဘတ်တွင်တော့ မျက်လုံးငါးလုံးရှိသည်။ သူက ထိုမြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေမိ၏။

သခင်လေးနှစ် ထုတ်လွှတ်လိုက်သည်က ကြာစေ့ပုံသဏ္ဍာန်ရှိသည့် ကောင်းကင်နတ်သိုင်းတစ်ခုပင်။ ကြာစေ့၏ ပျံသန်းနိုင်သော အမြန်နှုန်းမှာ အလွန်တရာ အံ့သြဖွယ်ကောင်းလာသည်။ ၎င်းက ကောင်းကင်တွင် အနက်ရောင်လမ်းကြောင်းတစ်ခုကို ကျန်ရစ်ခဲ့လျက် တိုက်ခိုက်နေကြသော ကောင်းကင်နတ်ဘုံနှင့် ရွှင်ပျော်ပျော်ကျေးရွာ စစ်တပ်များကို ဖြတ်သန်းသွားကာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ ကျရောက်သွားသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ဤမြင်ကွင်းကို ကြည့်ရင်း ရင်တုန်စိတ်လှုပ်ရှားလာမိသည်။

ဤမြင်ကွင်းမှာ အင်မတန် ကြောက်မက်ဖွယ်ကောင်းလွန်း၏။ တာအိုသိုင်းပညာရှင်တစ်ယောက်ပင်လျှင် ဤသို့တိုက်ကွက်မျိုးကို ခုခံရန် ခက်ခဲပေလိမ့်မည်။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှ ထိုနတ်ဘုရားမိစ္ဆာများကိုတော့ ထည့်တွက်နေစရာပင် မလိုချေ။

‘ငါ့မှာသာ အဲ့လိုစွမ်းအားမျိုး ရှိခဲ့ရင်’

သူ၏နှလုံးသားတွင် စိတ်ခံစားချက်များ ပြင်းထန်စွာ တောက်လောင်နေသည်။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံတွင် တိုက်ခိုက်နေကြသည့် စစ်သည်တော်များအနက် ကောင်းကင်နတ်ဘုံစစ်တပ်၏ နတ်ဘုရားမိစ္ဆာများက ရွှင်ပျော်ပျော်ကျေးရွာ၏ နတ်ဘုရားမိစ္ဆာများထက် များပြားသော်လည်း ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ထိုသူတို့ ကျဆုံးကုန်မည့်အခြေအနေအပေါ် စိတ်ထိခိုက်ခံစားရခြင်း မရှိပေ။ ထိုအစား သူ ထိုသို့စွမ်းအားမျိုးကို မည်သို့ထိန်းချုပ်နိုင်လိမ့်မည်လဲသာ စဉ်းစားနေမိသည်။

ထိုအခိုက်အတန့်တွင် ချင်မူက ထိုက်ယီတောင်ဝှေးကို မြှောက်ကာ အဝေးသို့ ပစ်လွှတ်လိုက်၏။

ထိုက်ယီတောင်ဝှေးက နေရာဟင်းလင်းပြင်အလွှာများကို ဖောက်ထွက်သွားပြီး နောက်တစ်ခဏတွင် ဖရိုဖရဲရေကန်ထဲသို့ ကျရောက်သွားသည်။ ၎င်းက ကြာရွက်ပေါ်သို့ ဆင်းသက်၍ ရေကန်အောက်ခြေအထိ ထိုးစိုက်သွား၏။

ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ ထိုက်ယီတောင်ဝှေးဖြင့် ထိုးစိုက်ခံလိုက်ရသောကြောင့် တုန်ခါသံကြီးတစ်ချက် ထွက်ပေါ်လာပြီး ဖရိုဖရဲရေကန်က ထိုက်ဧကရာဇ်ကောင်းကင်ဘုံ အနောက်မှ ထွက်ပေါ်လာသည်။ ဝုန်းခနဲ အသံနှင့် အတူ ဖရိုဖရဲရေကန် ပေါက်ကွဲသွားတော့သည်။

သခင်လေးနှစ်၏ ကောင်းကင်နတ်သိုင်းမှာ လုံးဝဖျက်ဆီးခံလိုက်ရလေပြီ။

သူမ၏ ကောင်းကင်နတ်သိုင်း ဖျက်ဆီးခံလိုက်ရသော်လည်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ ကြာပန်းပွင့်တစ်ပွင့်အဖြစ် ရှုံ့တွပြောင်းလဲလာနေဆဲ ဖြစ်သည်။ ကောင်းကင်နတ်ဘုံနှင့် ရွှင်ပျော်ပျော်ကျေးရွာရှိ ကျန်ရှိသော စစ်သည်တော်များက ဆက်လက်မတိုက်ခိုက်တော့ဘဲ ထူးခြားသည့် ကြာပန်းပွင့်ပုံသဏ္ဌာန် ကောင်းကင်ဘုံထဲတွင် ငေးကြောင်လျက် ရပ်နေကြသည်။

“ခုနစ်”

သခင်လေးနှစ်က ခေါင်းမော့၍ ရွှင်ပျော်ပျော်ကျေးရွာ၏ ၃၃ ဘုံမြောက် ကောင်းကင်ဘုံတွင် ရပ်နေသော ချင်မူ့ကို မော့ကြည့်လိုက်သည်။ သူမက အသက်ရှူမှားဖွယ် အပြုံးတစ်ခုကို ပြုံးလိုက်သည်။

သူတို့နှစ်ယောက်က ကောင်းကင်၏ တစ်ဖက်တစ်ချက်မှ နေ၍ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ချင်မူက လက်မြှောက်၍ သူ၏လည်ပင်းကို အသာအယာကိုင်လိုက်သည်။

သခင်လေးနှစ်က တခစ်ခစ် ရယ်လိုက်ပြီး သူမ၏ဦးခေါင်းက ကျုံ့ဝင်ပျောက်ကွယ်သွားသည်။ “ခုနစ်၊ နင့်လက်ထဲမှာ ဒုက္ခမရောက်တဲ့သူဆိုလို့ ဆရာက လွဲပြီး ရှိသေးရဲ့လား… ဒါပေမဲ့ ငါကတော့ ခြွင်းချက်ပဲ…”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ခန္ဓာကိုယ်မှာ ယောက်ျားပုံစံအဖြစ် ပြန်လည်ပြောင်းလဲသွားသောကြောင့် သူ့မှာ စိတ်သက်သာရာရသွားသည်။

ရွှင်ပျော်ပျော်ကျေးရွာအထက် ကောင်းကင်တွင် ကောင်းကင်နတ်အရှင်ယွင်သည် ဤမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်ရင်း သခင်လေးနှစ်၏ အကျင့်စရိုက်နှင့် အားနည်းချက်ကို သိရှိနိုင်ရန် ကြိုးစားနေသည်။ “အကျင့်စရိုက်မှာ အားနည်းချက်ရှိသရွေ့ သတ်နိုင်မယ့် အလားအလာရှိတယ်”

တစ်ချိန်တည်းမှာပင် တောင်ကောင်းကင်၌ ရှန့်ပင်းယင်သည် တတိယကောင်းကင်ဆရာသခင် ပိုင်ယွီကျင့်နှင့် ကောင်းကင်နတ်မင်းရီလော့တို့ ရောက်မလာခင်အထိ တောင့်ခံထားနိုင်ခဲ့၏။

All Chapters