ငြင်းပယ်ခြင်း၊ ဆေးသန့်စင်ခ သန်း ၂၀
Vol. 3 Ch. 36
စေ့စပ်ခြင်း...
ချီထင်၏ စကားသံက လော့ချန်ကို အမှန်တကယ် ထိတ်လန့်စေခဲ့သည်။ သူက ဘယ်လိုမှ မထင်မှတ်ထားခဲ့မိသည်မှာ ချီမိသားစုအိမ်တော်သခင်၏ ဤခရီးလမ်းရည်ရွယ်ချက်သည် သူ့ကို ချီထင်နှင့် စေ့စပ်ပေးရန် ဖြစ်နေသည်။
ထိုအခါ နှစ်ဦးစလုံး ခဏမျှ တိတ်ဆိတ်သွားကြသည်။ ချီထင်က သူမ၏သွားများကို တင်းကျပ်စွာ ကျိတ်လိုက်ပြီး ပြောလိုက်သည်။
“မင်း ဘယ်လိုထင်ထင် ငါ သဘောမတူဘူး...”
“အို့...”
လော့ချန်က မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်ပြီး ပြုံးကာ ပြန်လည်မေးမြန်းလိုက်သည်။ “ငါ့ရဲ့ သိုင်းဝိညာဉ်ကြောင့်လား...”
လော့ချန်၏ မျက်နှာပေါ်ရှိ ပြုံးယောင်သမ်းနေသော အမူအရာကို တွေ့လိုက်ရသောအခါ ချီထင်၏ စိတ်ထဲတွင် ဒေါသတစ်ခု ထွက်ပေါ်လာပြီး တိုက်ရိုက်ပြောလိုက်သည်။
“မမှားဘူး...”
“မင်းက ခန္ဓာသန့်စင်မှုအထွတ်အထိပ်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး ငါ့ကိုရော လင်ယွမ်ကိုပါ အနိုင်ယူနိုင်ခဲ့တာ တကယ်ကို ထူးချွန်တယ်လို့ ဆိုရမယ်... ဒါပေမဲ့ အဲ့ဒါက ဘာအတွက်လဲ... မင်းနိုးထလာတဲ့ သိုင်းဝိညာဉ်က အသုံးမကျတဲ့ သိုင်းဝိညာဉ်ပဲလေ... ရွှမ်ယွမ်ဂိုဏ်းကို မပြောနဲ့ ဒုတိယအဆင့်ဂိုဏ်းတွေတောင် မင်းကို တပည့်အဖြစ် လက်မခံဘူး...”
“လူသာမန်ဘဝဖြတ်ကျော်အဆင့်နဲ့ ထုံရွှမ်နယ်ပယ်ရောက်တဲ့အခါ ထူးခြားရတနာတွေ၊ ဝိညာဉ်ဆေးတွေ၊ ရတနာဆေးလုံးတွေရဲ့ အကျိုးသက်ရောက်မှုက သိသိသာသာ လျော့ကျသွားလိမ့်မယ်... လူတစ်ယောက်ရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးမှာက သိုင်းဝိညာဉ်ပဲ...”
“မင်းက အခုလောလောဆယ် ဘယ်လောက်ပဲ သန်မာနေပါစေ နောက်ဆုံးတော့ လူထုကြီးထဲမှာ ရောနှောပျောက်ကွယ်သွားရုံပဲ... ငါ့ကို မပြောနဲ့ ငါ့မောင်လေးတောင် မင်းကို ကျော်ဖြတ်နိုင်လိမ့်မယ်...”
လော့ချန်က ချီထင်ပြောသမျှကို ငြိမ်သက်စွာ နားထောင်နေပြီး ခေါင်းညိတ်ကာ ပြန်လည်ပြောကြားသည်။
“ဒါဆိုရင် မင်းက မင်းအဖေရဲ့ အတင်းအကျပ်ဖိအားပေးမှုကြောင့်လား... ဒီတစ်ခေါက်လာတာက ငါ့ပါးစပ်ကနေ ဒီစေ့စပ်ရေးကို ငြင်းပယ်ဖို့လာတာပဲလား...”
“ဟုတ်တယ်...”
ချီထင်က သူမ၏ နှင်းဖြူပုလဲသဖွယ် ချောမွတ်သော မေးစေ့ကို အနည်းငယ်မော့တင်ကာ ပြောလိုက်သည်။
“တကယ်တော့ ငါက ရွှေကွင်းဂိုဏ်း၏ စတင်အဆင့်စစ်ဆေးမှုကို အောင်မြင်ပြီးပြီ... ရွှေကွင်းဂိုဏ်းထဲသာ ဝင်ရောက်နိုင်ရင် မကြာခင်မှာ ငါလူသာမန်ဘဝဖြတ်ကျော်အဆင့်ကို ရောက်နိုင်လိမ့်မယ်... ငါတို့နှစ်ယောက်ကြားက ကွာဟချက်ဟာ ပိုပိုပြီးကြီးမားလာလိမ့်မယ်... မင်းလည်း နောက်မှ ငါပြန်လာပြီး စေ့စပ်ရေးဖျက်သိမ်းတာကို မလိုချင်ဘူးမဟုတ်လား...”
လော့ချန်က ခေါင်းယမ်းလိုက်သည်။
“အဲ့ဒါတော့ မလိုပါဘူး... ငါကိုယ်တိုင်ကလည်း ဒီအိမ်ထောင်ရေးကို ဘယ်လိုမှသဘောမတူဘူး...”
လော့ချန်၏ ရည်မှန်းချက်သည် ဤချီရှန်မြို့လေးထဲတွင် မရှိသလို တာယွဲ့မင်းဆက်ထဲတွင်လည်း မရှိပေ။ ဆယ်နှစ်အတွင်း သူသည် ကျိမိသားစုထံသို့ သွားရောက်ပြီး တရားမျှတမှုကို တောင်းဆိုရမည်ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးတစ်ဦးနှင့် ရောယှက်ပြီး ပြဿနာရှာဖွေနေရန် မဖြစ်နိုင်ပေ။
လော့ချန်၏ ဤမျှ ပြတ်သားသော ငြင်းပယ်မှုကို မြင်လိုက်ရသောအခါ ချီထင်က အနည်းငယ် ယုံကြည်ရန် ခက်ခဲနေသည်။ သူမက မကျေမနပ်ဖြစ်ကာ ဟွန့်ခနဲ အသံထွက်လာသည်။
“မင်း စကားကို အခုတစ်မျိုးပြောပြီး နောက်မှ တစ်မျိုးပြန်မပြောနဲ့နော်...”
လော့ချန်က အနည်းငယ် စိတ်မရှည်လာသည့်အလား အေးစက်စွာ ပြန်ပြောလိုက်သည်။
“မင်းက သဘောမတူဘူးလို့ မပြောနဲ့... မင်းသဘောတူရင်တောင် ငါကငြင်းမှာပဲ... မင်းပြောတဲ့ စကားတစ်ခွန်းကတော့ မမှားဘူး... ငါတို့နှစ်ယောက်ကြားက ကွာဟချက်ဟာ ပိုပိုပြီးကြီးမားလာလိမ့်မယ်... လာစမ်းပါ...”
လော့ချန်က ဆွေးနွေးရေးခန်းမကြီးဆီသို့ လှည့်ထွက်သွားသည်။
ချီထင်က လော့ချန်၏ စကားများကြောင့် အံ့အားသင့်စွာ နေရာတွင် ရပ်တန့်နေမိပြီး မကြာမီမှာပင် ရှက်ရွံ့ဒေါသထွက်သည့် အမူအရာများ ပေါ်ထွက်လာသည်။ သူမသည် ချီရှန်မြို့တွင် နာမည်ကျော်ကြားသော အလှပဂေးတစ်ဦး ဖြစ်သည်။ ထို့ပြင် ချီမိသားစု၏ သမီးတော်ဖြစ်ပြီး ကြယ်ငါးပွင့်သိုင်းဝိညာဉ်ကို နိုးထထားသူ ဖြစ်သည်။ ချီရှန်မြို့ထဲတွင် သူမကို လိုလားသူများ မည်မျှပင် ရှိနေသနည်း။
သူမ၏ အမြင်တွင် လော့ချန်၏ ဤစကားများသည် သူ့ကိုယ်သူ ဂုဏ်သိက္ခာရှိသူဟု ပြသရန် ဟန်ဆောင်ပြောဆိုနေခြင်းသာ ဖြစ်သည်ဟု ထင်နေသည်။ သို့သော် ဤအရာက ဘာ့ကြောင့် အရေးကြီးနေမည်နည်း။ သူမက သူ့ကို လုံးဝ စိတ်မဝင်စားပေ။ အနာဂတ်တွင် မည်သူသာလွန်မည်သူ အားနည်းမည်ဆိုသည်ကို အချိန်ကိုယ်တိုင်ကသာ သက်သေပြလိမ့်မည်။
သူတို့နှစ်ဦး ဆွေးနွေးရေးခန်းမကြီးသို့ ပြန်ရောက်လာကြသည်။
လော့မင်ရှန်သည် ချီဖုံးဆုန်းနှင့် ရယ်မောပြောဆိုနေရင်း လော့ချန်ဝင်လာသည်ကို တွေ့လိုက်သောအခါ ပြောလိုက်သည်။
“ချန်လေး... ချီမိသားစုအိမ်တော်သခင်က ဒီတစ်ခေါက်လာတာက...”
လော့ချန်က ခေါင်းညိတ်ပြပြီး တည်ကြည်စွာ ပြောလိုက်သည်။ “အဘိုး... ကျွန်တော် အခုလောလောဆယ် စွမ်းအားမြှင့်တင်ဖို့နဲ့ သိုင်းပညာကို လေ့ကျင့်ဖို့ပဲ စိတ်ထဲရှိပါတယ်... တခြားကိစ္စတွေကို မစဉ်းစားချင်သေးပါဘူး...”
လော့ချန်၏ ဤမျှ ပြတ်သားစွာ ငြင်းပယ်လိုက်သည်ကို မြင်လိုက်ရသောအခါ ချီထင်၏ မာနတံတိုင်းသည် အနည်းငယ် ထိခိုက်ခံစားရပြီး သွားများကိုကျိတ်ကာ ပြောလိုက်သည်။
“ငါလည်း သဘောမတူဘူး...”
လော့မင်ရှန်က ယောက်ျားပီသသူတစ်ဦးသည် လေးမျက်နှာအနှံ့ ရည်မှန်းချက်ထားရမည်ဟု ယူဆထားသူဖြစ်ပြီး စေ့စပ်ရေးသည် လော့ချန်အတွက် အနည်းငယ် စောလွန်းသည်ဟု ခံစားမိသည်။ ထို့ကြောင့် ချီမိသားစုအိမ်တော်သခင်ထံ ပြောလိုက်သည်။
“ချီအိမ်တော်သခင်... လူငယ်တွေရဲ့ကိစ္စကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ခွင့်ပေးလိုက်ကြရအောင်...”
ချီဖုံးဆုန်းက မတတ်သာစွာ ခေါင်းညိတ်လိုက်သည်။
“ဒါဆိုလည်း ကောင်းပါပြီ...”
လော့မိသားစုသည် မြောက်ဖက်ဈေးကွက်ကို ရရှိထားပြီး အငြင်းပွားစရာမလိုသည့် ပထမမိသားစုအဖြစ် ရပ်တည်လာတော့မည် ဖြစ်သည်။ ချီဖုံးဆုန်းသည် လော့မင်ရှန်က ယခင်ကိစ္စများကို ပြန်လည်တူးဖော်မည်ကို စိုးရိမ်သဖြင့် ချီထင်ကို စွန့်လွှတ်ပြီး နှစ်ဖက်မိသားစုအကြား အိမ်ထောင်ရေးဖွဲ့ဆက်ဆံရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
လော့ချန်က ငြင်းပယ်မည်မဟုတ်ဟု ထင်ခဲ့သော်လည်း မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက် ဖြစ်သွားခဲ့သည်။
သို့သော် လော့မင်ရှန်၏ သဘောထားအရ ယခင်ကိစ္စများကို လိုက်လံစုံစမ်းရန် ရည်ရွယ်ထားပုံမပေါ်သဖြင့် ချီဖုံးဆုန်းတစ်ယောက် စိတ်သက်သာရာ ရသွားသည်။
ချီဖုံးဆုန်းက ထရပ်လိုက်ပြီး နှုတ်ဆက်ထွက်ခွာသွားသည်။ ချီထင်ကလည်း သူ့နောက်မှ လိုက်ပါသွားသည်။
အိမ်တော်တံခါးပေါက်မှ ထွက်လာသောအခါ ချီထင်သည် ယခင်ကိစ္စကြောင့် ဒေါသထွက်နေဆဲဖြစ်ပြီး ဟွန့်ခနဲ အသံထွက်လာသည်။ “စိတ်ဆိုးလိုက်တာ... ခန္ဓာသန့်စင်မှုအထွတ်အထိပ်အဆင့်က ဘာဖြစ်လဲ... ငါ လူသာမန်ဘဝဖြတ်ကျော်အဆင့်ကို ရောက်သွားရင် မကြာခင်မှာ သူ့ကို ကျော်ဖြတ်နိုင်မှာပဲ... အဲ့ဒီအခါကျရင် သူ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပြီး မာန်တက်နေနိုင်အုံးမှာလား...”
ချီဖုံးဆုန်းက ပြောလိုက်သည်။ “ဟုတ်ပြီ... စွမ်းအားဆိုတာ စကားနဲ့ပြောပြီး ရလာတာမဟုတ်ဘူး... အမဲလိုက်ပြိုင်ပွဲမှာ လော့ချန်က နင့်ကို သက်ညှာပြီး မထားခဲ့ရင် မင်း ဒီမှာ မတ်တပ်ရပ်နေနိုင်ပါ့မလား...”
ပါးစပ်ဖျားမှာ ဤသို့ ပြောနေသော်လည်း ချီဖုံးဆုန်း၏ စိတ်ထဲတွင် ချီထင်၏ အမြင်ကို အလွန်အမင်း သဘောတူထောက်ခံမိသည်။
သိုင်းပညာလမ်းကြောင်းတွင် နောက်ပိုင်းသို့ ရောက်လေ သိုင်းဝိညာဉ်သည် ပို၍ အရေးပါလာလေ ဖြစ်သည်။
ချီထင်နှင့် ဖခင်ဖြစ်သူ ထွက်ခွာသွားပြီးနောက် လော့ချန်သည် လင်ယွမ်ပြတိုက်သို့သွားရန် ပြင်ဆင်နေစဉ် လင်ယွမ်ပြတိုက်မှ ရှူးအိမ်တော်ထိန်းက သူ့ထက် ဦးစွာရောက်ရှိလာသည်။
“လော့ချန်သခင်လေး... ကျွန်တော်တို့ပြတိုက်ခေါင်းဆောင်က ဖိတ်ကြားထားပါတယ်...”
ရှူးအိမ်တော်ထိန်းက အနည်းငယ် ကိုယ်ကိုငုံ့လိုက်ပြီး လော့ချန်အပေါ် အလွန်အမင်း ရိုသေလေးစားသည့် သဘောထား ပြသလိုက်သည်။ ဤမြင်ကွင်းကို လော့မင်ရှန်နှင့် တခြားသူများက မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြသည်။
လင်ယွမ်ပြတိုက်၏ ထူးခြားသော နောက်ခံအကြောင်းကြောင့် ရှူးအိမ်တော်ထိန်းသည် သုံးဖက်မိသားစုအိမ်တော်သခင်များကို တွေ့ဆုံရာတွင်ပင် ခေါင်းညိတ်ရုံမျှသာ ဆက်ဆံတတ်သူများ ဖြစ်ကြသည်။
“သွားကြမယ်...”
လော့ချန်က မစောင့်နိုင်တော့သည့်အလား ရှူးအိမ်တော်ထိန်းနောက်မှ ချက်ချင်း လိုက်ပါထွက်သွားသည်။
ဤတစ်ခေါက်တွင် ရှူးအိမ်တော်ထိန်းက လင်ယွမ်ပြတိုက်သို့ မသွားဘဲ လော့ချန်ကို ခမ်းနားထည်ဝါသော ဘေးဘက်အိမ်တော်တစ်ခုရှေ့သို့ ခေါ်ဆောင်လာသည်။
“လော့ချန်သခင်လေး... သခင်မလေးတို့က အထဲမှာ ရှိပါတယ်...”
ရှူးအိမ်တော်ထိန်းက ရှင်းပြလိုက်ပြီး လော့ချန်ကို ခြံဝင်းအတွင်းသို့ ခေါ်ဆောင်သွားသည်။
ခြံဝင်းအတွင်းတွင် တံတားငယ်များနှင့် စီးဆင်းနေသော ရေကန်၊ လျှို့ရှင်းပင်များဖြင့် အရိပ်အာဝါသဖြစ်နေသော နေရာ၊ နေရာအနှံ့ ဖူးပွင့်နေသော ပန်းဥယျာဉ်များက နတ်ပြည်သဖွယ် ဖြစ်တည်နေသည်။
“လော့သခင်လေး... နောက်ဆုံးတော့ ရောက်လာပြီပဲ...”
ချိုမြိန်သော ရယ်သံတစ်ခုနှင့်အတူ လော့ယောင်က လျှို့ရှင်းပင်များကြားမှ ဖြတ်လျှောက်လာသည်။ သူမ၏ အသားအရေသည် နှင်းဖြူပုလဲသဖွယ် ချောမွတ်လှပြီး ခန္ဓာကိုယ်အလှသည် လျှို့ရှင်းပင်ကဲ့သို့ ယိမ်းယိုင်နေသည်။ သူမ၏ဆွဲဆောင်မှုက သဘာဝကျကျ ဖြစ်ပေါ်နေသည်။
လော့ချန်၏ စိတ်ထဲတွင်လည်း အံ့သြမှုတစ်ခုကို မဖြစ်မနေ ခံစားလိုက်ရသည်။ သူမနှင့် နှိုင်းယှဉ်လိုက်လျှင် ချီထင်သည် ရေအိုင်ထဲက ဘဲလေးတစ်ကောင်သဖွယ် သာမန်သာ ဖြစ်နေသည်။
လော့ယောင်၏ နောက်တွင် ပိန်ကပ်ကပ် လူအိုကြီးတစ်ဦး လိုက်ပါလာသည်။
လော့ချန်က ထိုလူကို မှတ်မိနေသည်။ အမဲလိုက်ပြိုင်ပွဲတွင် သူ့ကို အမြဲတမ်း စောင့်ကြည့်နေခဲ့သူဖြစ်သည်။
ဂရုတစိုက် ကြည့်ရှုလိုက်သောအခါ လော့ချန်၏ မျက်ဆံများ အနည်းငယ် ကျုံ့သွားသည်။
ထိုသူဖြတ်လျှောက်သွားသည့် နေရာတွင် မြက်ပင်များပင် ယိမ်းယိုင်မှု မရှိခဲ့ပေ။ ထိုသူ၏စွမ်းအားက သာမန်မဟုတ်မှန်း သိသာထင်ရှားသည်။ ထို့နောက် သူ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး လော့ချန်ကပြုံးကာ ပြောလိုက်သည်။ “လော့ပြတိုက်ခေါင်းဆောင်ကို ကတိပေးထားပြီးပြီဆိုတော့ ကတိဖောက်မှာ မဟုတ်ပါဘူး...”
လော့ယောင်က ချစ်စဖွယ် ရယ်မောလိုက်သည်။ ထိုရယ်သံနှင့်အတူ သူမ၏ နတ်ဆိုးသဖွယ် ခန္ဓာကိုယ်အလှက ယိမ်းယိုင်လှုပ်ခတ်ကာ ဆွဲဆောင်မှုအပြည့် ဖြစ်ပေါ်နေသည်။
“လော့ပြတိုက်ခေါင်းဆောင်လို့ ခေါ်တာက အနည်းငယ် စိမ်းနေသလိုပဲ... အဲဒါအပြင် ကျွန်မကလည်း ချီရှန်မြို့မှာ ခဏတစ်ဖြုတ်ပဲနေမှာပါ။ ပြတိုက်ခေါင်းဆောင်တာဝန်ကိုလည်း ယာယီ ထမ်းဆောင်နေတာပါ... အဲဒါကြောင့် ကျွန်မကို လော့ယောင်လို့ပဲ ခေါ်လိုက်ပါ... ဒါနဲ့... ဆေးသန့်စင်ရေးကိစ္စက ဘယ်လိုဖြစ်နေပြီလဲ...”
“ငါဆရာသခင်ရဲ့ သဘောတူညီမှုကို ရယူပြီးပြီ... မင်းအတွက် ဝိညာဉ်ဆေးတွေကို သန့်စင်ပေးနိုင်ပါတယ်... ဒါပေမဲ့ ဝိညာဉ်ဆေးတစ်မျိုးကို သန့်စင်ပေးတိုင်း ၁၀ သန်း ပေးရမယ်တဲ့...”
"ဟွန်း..."
လော့ချန်၏ စကားသံမဆုံးမီမှာပင် ဘေးတွင်ရှိသော ပိန်ကပ်ကပ်လူအိုကြီးက အေးစက်စွာ ပြောလိုက်သည်။
“ဝိညာဉ်ဆေးတစ်မျိုးကို ၁၀ သန်း ... တော်တော်ကို အဲ့ပါးစပ်ကြီးနဲ့ ပြောရဲတာပဲ... သန့်စင်ပြီးသား ကြယ်လေးပွင့်ဝိညာဉ်ဆေးရဲ့ တကယ်တမ်းတန်ဖိုးကတောင် ၁ သန်းကျော်လောက်ပဲ ရှိတာ...”
လော့ချန်က အကြည့်တစ်ချက်ပေးလိုက်ပြီး မေးလိုက်သည်။
“ဒီပုဂ္ဂိုလ်က ဘယ်သူလဲ...”
လော့ယောင်က ချက်ချင်း ရှင်းပြလိုက်သည်။ “ဒီပုဂ္ဂိုလ်က ကျွန်မတို့ လင်ယွမ်ပြတိုက်ရဲ့ အကြီးအကဲ မင်လင်ပါ... ဝိညာဉ်ဆေးတွေကို သန့်စင်ပေးဖို့ လိုအပ်နေတာက သူပဲ...”
လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။ “မှင်အကြီးအကဲက သဘောမတူဘူးဆိုရင်လည်း ကျွန်တော့မှာ ပြောစရာစကားမရှိတော့ပါဘူး...”
ထိုသို့ပြောပြီး လော့ချန်က လှည့်ထွက်သွားသည်။
“မှင်အကြီးအကဲ...”
လော့ယောင်က အနည်းငယ် စိတ်ဖိစီးမှု ဖြစ်လာသည်။
သူမသည် ဤတစ်ခေါက်တွင် ထူးချွန်သောအောင်မြင်မှုတစ်ခုရယူပြီး ချီရှန်မြို့လို ဝေးလံခေါင်ဖျားသော နေရာမှ ထွက်ခွာလိုသူ ဖြစ်သည်။ လော့ချန်က ဤသို့ ထွက်သွားလျှင် သူမ၏ အားထုတ်မှုအားလုံး အရာမထင် ဖြစ်သွားမည်ဖြစ်သည်။
မင်လင်က မျက်ခုံးများကို အနည်းငယ်တွန့်လိုက်ပြီး နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။
“မင်းဆရာသခင်က တကယ်ပဲ ကြယ်လေးပွင့်ဝိညာဉ်ဆေးကို ပြည့်စုံပြီး အပြစ်အနာအဆာကင်းအောင် သန့်စင်ပေးနိုင်တာလား...”