← Chapters

အခန်း (၁၄၃၄)

Vol. 103 Ch. 1434

အခန်း (၁၄၃၄)

Vol. 103 Ch. 1434

လော့ထျန်းဟယ်က အပြုံးဖြင့် ဟန်မူယဲ့ကို အရိုအသေပေးလိုက်သည်။ ထို့နောက် သူက တလက်လက်တောက်ပသော မျက်လုံးဖြင့် ခေါင်းမော့လိုက်ပြီး…

“ ကျေးဇူးပြုပြီးတော့ ဆရာဟန် သိုးကျောင်းသားကြယ်လေးကို ကျုပ်တို့ ချီးမွမ်းရအောင် ထုတ်ပြပါလား ”

သိုးကျောင်းသားကြယ်လေး… ။

ယန်မူယဲ့၏ အမူအရာက မပြောင်းလဲသွားပေ။ သူက ညင်သာစွာ လက်မြှောက်လိုက်လေရာ ရှည်လျားသော ရွှေရောင်လေးတစ်လက်က သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

လေးသည် ပေးသုံးဆယ်နီးပါးရှည်လျားပြီး ထွန်းလင်းတောက်ပသော ရွှေရောင်ဝိညာဉ်အလင်းကို ထုတ်လွှတ်နေသည်။

“ ဟား ဟား… အဲ့ဒါက တကယ် သိုးကျောင်းသားကြယ်လေးပဲ ”

စွန်းမိသားစုမှ စွန်းမန်က ဝမ်းမြောက်စွာ ပြောသည်။

လော့ထျန်းဟယ်က ခပ်ရေးရေး ပြုံးလိုက်သည်။ ဤသည်မှာ အခြေအနေအလုံးစုံက သူ၏ လက်ခုပ်ထဲမှာ ရှိနေသည့်အလားပင်။ သူက ပေါ့ပါးစွာ ပြောသည်။

“ ရတနာအကဲဖြတ်ပွဲပြီးကတည်းက ဆရာဟန်က လုမိသားစုနဲ့ ပူးပေါင်းပြီး စကြာဝဠာအဆင့် ရတနာတွေကို ပြုပြင်နေခဲ့တယ် ”

ထိုကိစ္စကို လျှို့ဝှက်ချက်တစ်ခုအနေဖြင့် မထိန်းသိမ်းနိုင်ခဲ့ပေ။

လုမိသားစု၏ ကိစ္စက အချိန်တစ်ခုကြာပြီးနောက် အလိုအလျောက် ပေါက်ကြားသွားသည်။

“ ဆရာဟန်မှာ ကြယ်တွေနဲ့ပတ်သက်တဲ့ ရတနာတစ်ခုရှိရမယ်လို့ ကျုပ်ခန့်မှန်းခဲ့တယ် ”

“ အခု ကျုပ်ထင်တဲ့အတိုင်း မှန်နေတာပဲ ”

လော့ထျန်းဟယ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းယမ်းလိုက်သည်။

“ မိုးမြေထက် သာလွန်တဲ့ အရာအားလုံးက ဖျက်ဆီးခံရသင့်တယ်… ဖျက်ဆီးခြင်းကပဲ မိုးမြေစွမ်းအားရဲ့ တည်မြဲမှုကို ထိန်းသိမ်းပေးပြီး လောကကို ငြိမ်းချမ်းစေလိမ့်မယ် ”

လော့ထျန်းဟယ်၏ ဘေးမှာ ရပ်နေသော အကြီးအကဲတစ်ဦးက ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ပြောသည်။ တစ်ချိန်တည်းမှာ သူက လက်ထဲမှ ဓားမော့ကို အရှေ့သို့ ချိန်ရွယ်လိုက်သည်။

ဟန်မူယဲ့က အထင်သေးရှုံ့ချစွာ ရယ်လိုက်ပြီး ထိုအကြီးအကဲ၏ လက်ထဲမှ ဓားမော့ကို ကြည့်လိုက်သည်။

“ ခင်ဗျားရဲ့ လက်ထဲက ဓားမော့ကရော စကြာဝဠာအဆင့်ရတနာ မဟုတ်လို့လား ”

အကြီးအကဲ၏ မျက်နှာက တဒင်္ဂ တောင့်တင်းသွားသည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ ဒီဟာက တာအိုအစောင့်အရှောက်ရတနာကွ… မင်းလက်ထဲက ပရမ်းပတာပစ္စည်းတွေနဲ့ နှိုင်းယှဉ်လို့ရတဲ့အရာ မဟုတ်ဘူး ”

“ ခင်ဗျားရဲ့ ရတနာကျတော့ တာအိုအစောင့်အရှောက် ကျုပ်ဟာကျတော့ ပရမ်းပတာတဲ့လား… သိပ်ကောင်းတဲ့ တစ်ဖက်သတ်အမြင်ပဲ ”

ဟန်မူယဲ့က ခေါင်းယမ်းလိုက်ပြီး လော့ထျန်းဟယ်ကို ပြန်ကြည့်လိုက်သည်။

“ ရတနာအကဲဖြတ်ပွဲမှာ ခင်များက ဒီပစ္စည်းကို ကျုပ်နဲ့အပြိုင် လေလံဆွဲခဲ့တယ်… ခင်ဗျားရဲ့ မီးပြင်းဖိုစင်မြင့်ခန်းဆောင်မှာ ဒီပစ္စည်းနဲ့ပတ်သက်တဲ့ အမွေအနှစ်တစ်ခုခုများ ရှိနေလား ”

မီးပြင်းဖိုစင်မြင့်ခန်းဆောင်က ရှေးဟောင်းလက်နက်သန့်စင်ခြင်းအင်အားစုတစ်ခုဖြစ်လေရာ လျန်ထျန်းဂိုဏ်းနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေနိုင်သည်။

“ ဆရာဟန်… ကောင်းကင်တုန်လှုပ်လေးကို ခင်ဗျားကြားဖူးလား ”

လော့ထျန်းဟယ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။

ကောင်းကင်တုန်လှုပ်လေး… ။

သိုးကျောင်းသားကြယ်လေး မဟုတ်ပေ။

ဟန်မူယဲ့၏ အကြည့်က သူ၏ လက်ထဲမှ သိုးကျောင်းသားကြယ်လေးပေါ်သို့ ကျရောက်သွားသည်။ သူ၏ အမူအရာက နည်းနည်းမှ မပြောင်းလဲသွားချေ။

“ အဲ့ဒီဟာက ကောင်းကင်တုန်လှုပ်လေးမဟုတ်ပေမဲ့ လောကရဲ့ ငြိမ်းချမ်းမှုကို အနှောင့်အယှက်ပေးနိုင်တဲ့ အစွမ်းထက်ရတနာတစ်ခု ဖြစ်နေတုန်းပဲ ”

ရက်စက်ကြမ်းကြုတ်သော မျက်နှာဖြင့် အကြီးအကဲက ပြောသည်။ သူစကားပြောနေစဉ်အတွင်း သူ၏ ဓားမော့က ရွှေရောင်ထွန်းလင်းလာသည်။

“ ဒီလူက နတ်သားရဲပြုပြင်ရေးကိရိယာတွေနဲ့ စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ အလုပ်တွေလုပ်ခဲ့တယ်… သေခြင်းကပဲ သူ့အတွက် အသင့်တော်ဆုံး အပြစ်ဒဏ်ဖြစ်တယ် ”

အကြီးအကဲက အော်ပြောပြီးသည်နှင့် သူ၏ လက်ထဲမှ ဓားမော့ဖြင့် ခုတ်ပိုင်းလိုက်သည်။

ဟန်မူယဲ့က မျက်လုံးမှေးကျဉ်းလိုက်ပြီး သူ၏ လက်ထဲမှ သိုးကျောင်းသားကြယ်လေးကို ဝှေ့ယမ်းလိုက်သည်။

နတ်ဘုရားရောင်ခြည်တန်းက ဓားမော့နှင့် တွေ့ဆုံသွားပြီး ဓားမော့အလင်းကို ချေဖျက်လိုက်သည်။

“ ဗုန်း ”

အလင်းစီးကြောင်းပေါက်ကွဲမှုက ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ပြန်သွားသည်။

ဓားမော့ကိုင်ထားသော အကြီးအကဲက အရှိန်မထိန်းနိုင်ဘဲ အနောက်သို့ လွင့်စင်သွားသည်။

လူတိုင်း၏ အကြည့်က ဟန်မူယဲ့၏ လက်ထဲမှ သိုးကျောင်းသားကြယ်လေးဆီသို့ ကျရောက်သွားသည်။ လိုချင်တပ်မက်သော အရိပ်အယောင်က သူတို့၏ မျက်လုံးထဲမှာ အထင်အရှား ထွက်ပေါ်နေသည်။

ထိုရတနာက စကြာဝဠာအဆင့် လက်နက်တစ်ခု ကိုင်ဆောင်ထားသော ကျွမ်းကျင်သူကို တစ်ချက်တည်းဖြင့် ကန်ထုတ်နိုင်ခဲ့သည်။

“ စကြာဝဠာအဆင့် ရတနာထက် သာလွန်တဲ့ စွမ်းအားကို မင်းတို့မြင်ဖူးကြလား ”

ဟန်မူယဲ့က ပေါ့ပါးစွာ ရယ်လိုက်သည်နှင့် ရွှေရောင်အလင်းစီးကြောင်းတစ်ခုက သူ့အရှေ့မှ သိုးကျောင်းသားကြယ်လေးကို လွှမ်းခြုံသွားသည်။ ထို့နောက် ဝိညာဉ်သတ္ထုမိုးက ရွာသွန်းလာသည်။

ဝိညာဉ်သတ္ထုအားလုံးက ဒီရေအဖြစ် ပြောင်းလဲသွားပြီး ကြယ်များဖြင့် ထိပ်တိုက်ဝင်ဆောင်သွားသည်။ ယင်းက ကြယ်တစ်ခုလုံးကို တုန်ခါသွားစေသည်။

အလွန်အားကောင်းသော အရှိန်အဝါက ကြယ်ထဲမှ စတင်ပေါ်လျှိုးလာသည်။ ထို့နောက် ကြယ်၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။

ပေတစ်သောင်းရှည်လျားပြီး မျက်လုံးသုံးလုံးဦးခေါင်းနှင့် လက်များရှိသော ဧရာမပုံရိပ်တစ်ခုက ကြယ်ထဲမှ ဖြည်းညင်းစွာ ထွက်လျှောက်လာသည်။ ၎င်း၏ အရွယ်အစားက တောင်ကုန်းတစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။

“ ရှင်းရီက သခင်ကို ဂါရဝပြုပါတယ် ”

ဧရာမပုံရိပ်က ဖြည်းညင်းစွာ ဒူးထောက်လိုက်သည်။

သိုးကျောင်းသားကြယ်မျိုးနွယ်ဝင် ရှင်းရီ နိုးထလာချေပြီ။

၎င်းက စကြာဝဠာအဆင့်ထက် သာလွန်ပြီး ကမ္ဘာဦးအုပ်ချုပ်သူများအောက် တစ်ဆင့်နိမ့်သော သက်ရှိတစ်ကောင် ဖြစ်သည်။

သိုးကျောင်းသားကြယ်မျိုးနွယ်…။

၎င်းတို့က ကြယ်စင်စုစကြာဝဠာကို ဦးဆောင်ဖန်တီးခဲ့သော အစွမ်းထက် မျိုးနွယ်စုကြီးတစ်ခု ဖြစ်သည်။

ရှင်းရီ၏ ဧရာမပုံရိပ် ထွက်ပေါ်လာသည့်အခါ ဘေးပတ်ဝန်းကျင်မှ ကြယ်များက တုန်ယင်သွားကြသည်။

ယင်းက စွမ်းအားပဲ့တင်ပြန်မှု ဖြစ်သည်။

သို့မဟုတ် ယင်းကို စွမ်းအားအဆင့် ပဲ့တင်ပြန်မှုဟုလည်း ဆိုနိုင်ပေသည်။

ရှင်းရီက မတ်တတ်ရပ်လိုက်ပြီး ဘေးဘီကို ကြည့်လိုက်သည်။ ၎င်း၏ မျက်နှာပေါ်မှာ ဝမ်းနည်းမှုအရိပ်အယောင် ရှိသည်။

“ အခု ငါ့ရဲ့ သိုးကျောင်းသားကြယ်မျိုးနွယ်က အချိန်မြစ်ထဲမှာ ပျောက်ကွယ်သွားပြီ… ”

ရှင်းရီ၏ အစွမ်းဖြင့်ပင် သိုးကျောင်းသားကြယ်မျိုးနွယ်၏ တည်ရှိမှုအငွေ့ကို ၎င်းအာရုံမခံနိုင်ပေ။

၎င်းအိပ်မောကျနေသည့်အချိန် သိုးကျောင်းသားကြယ်မျိုးနွယ်က အဆုံးသတ်သို့ ရောက်ရှိသွားခဲ့ကြောင်း ရှင်းရီသိလိုက်သည်။

၎င်းက ခေါင်းလှည့်လိုက်ပြီး ၎င်းအရှေ့မှ ဟန်မူယဲ့ကို ကြည့်လိုက်သည်။ စိတ်လှုပ်ရှားသော အမူအရာက ၎င်း၏ မျက်နှာပေါ်မှာ အထင်အရှား ထွက်ပေါ်နေသည်။

သိုးကျောင်းသားကြယ်မျိုးနွယ်စုက အိပ်မောကျနေသော်လည်း ၎င်းတို့အားလုံးက မျိုးတုံးသွားခဲ့ခြင်း မဟုတ်ပေ။

၎င်းတို့က စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

၎င်းတို့က သိုးကျောင်းသားကြယ်မျိုးနွယ်အရှင်သခင် ၎င်းတို့အား ပြန်နှိုးမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

“ တကယ်… တကယ်ကြီး သိုးကျောင်းသားကြယ်မျိုးနွယ်ဟ… ”

လော့ထျန်းဟယ်၏ ဘေးမှာ မတ်တတ်ရပ်နေသော စွန်းမင်က စိတ်ရှုပ်ထွေးသွားသည်။

နောက်အခိုက်အတန့်မှာ သူ၏ မျက်လုံးထဲတွင် စူးရှသောအလင်း ထွက်ပေါ်လာပြီး သူက တိုးညင်းစွာ ပြောသည်။

“ စီနီယာအကို… တကယ်လို့ ငါတို့သာ ဒီသိုးကျောင်းသားကြယ်မျိုးနွယ်ကို သိမ်းသွင်းနိုင်မယ်ဆိုရင်… ”

သူ၏ စကားမဆုံးခင်မှာ သူ့တစ်ကိုယ်လုံး သိမ့်သိမ့်တုန်သွားသည်။ အလွန်ကြီးမားသော ဖိအားက သူ့အပေါ်သို့ ကျဆင်းလာသည်။

သူ၏ ခန္ဓာကိုယ်က သွေးမြူအဖြစ် ချေမှုန်းခံလိုက်ရသည်။

ရှင်းရီက ဖြည်းညင်းစွာ ခေါင်းလှည့်လိုက်သည်နှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

တုံ့ပြန်မှုတစ်ချက်ဖြင့် အမြစ်ဖြတ်သုတ်သင်ခြင်း… ။

ယင်းက စကြာဝဠာအဆင့်ထက် သာလွန်သော သက်ရှိတစ်ကောင်၏ အစွမ်းဖြစ်သည်။

ဤအခိုက်အတန့်မှာ မီးပြင်းဖိုစင်မြင့်ခန်းဆောင်မှ လော့ထျန်းဟယ်နှင့် တခြားလူများဖြစ်စေ၊ စွန်းမိသားစုမှ ကျွမ်းကျင်သူများဖြစ်စေ သူတို့အားလုံးက ကျောက်ရုပ်ဖြစ်သွားကြသည်။

ဤသိုးကျောင်းသားကြယ်မျိုးနွယ်ဝင်က တစ်စုံတစ်ယောက်ထံမှ စကားကို ကြားပြီးနောက် မည်သည့်စကားမှမဆိုဘဲ တိုက်ရိုက် သုတ်သင်ပစ်လိမ့်မည်ဟု သူတို့မမျှော်လင့်ထားကြချေ။

ယင်းက သာမန်သတ်ဖြတ်မှု မဟုတ်ပေ။

ယင်းက စွန်းမိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ဦး၊ မီးပြင်းဖိုစင်မြင့်ခန်းဆောင်မှ လက်ရွေးစင်တစ်ဦးကို သုတ်သင်ပစ်ခြင်း ဖြစ်သည်။

သို့ဖြစ်၍ ယင်းက သေခြင်းရှင်ခြင်းတိုက်ပွဲ ဖြစ်လာသည်။

သတ်ဖြတ်ခြင်းအားလှိုင်းများက ဖုံးဖိမရအောင် ပေါ်လျှိုးလာကြသည်။

တစ်ယောက်ပြီးတစ်ယောက်က သူတို့၏ ရုပ်သေးခန္ဓာကိုယ်ကို ဖော်ထုတ်လိုက်ကြသည်။

ရှင်းရီက ခေါင်းလှည့်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး သူ၏ လက်ထဲမှ သိုးကျောင်းသားကြယ်လေးကို ပစ်ပေးလိုက်သည်။

ရှင်းရီက လက်မြှောက်လိုက်ပြီး သိုးကျောင်းသားကြယ်လေးကို ဖမ်းယူလိုက်သည်။ ထို့နောက် ကြယ်စွမ်းအားက ၎င်း၏ ခန္ဓာကိုယ်ထဲမှ တလိပ်လိပ် ပေါ်လျှိုးလာသည်။

“ ဟွန့် ”

၎င်း၏ နှာခေါင်းရှုံ့သံကြောင့် ဤနေရာကို ဗဟိုပြု၍ အချင်းမိုင်ပေါင်းသန်းတစ်ထောင် ကျယ်ဝန်းသော ဧရိယာအတွင်းမှ ကြယ်အားလုံးက သိမ့်သိမ့်တုန်သွားကြသည်။ ယင်းတို့က ရှင်းရီ၏ တည်ရှိမှုအငွေ့ကို အာရုံခံမိသွားကြဟန် ရသည်။ ထို့နောက် ကြယ်မှုန်ချည်မျှင်က ၎င်း၏ အပေါ်သို့ ကျဆင်းလာသည်။

ရှင်းရီ၏ ဧရာမခန္ဓာကိုယ်က ငွေလချပ်ဝတ်ဖြင့် တပ်ဆင်ခံလိုက်ရပြီး ၎င်း၏ နဖူးပေါ်မှ တတိယမျက်လုံးက ပွင့်သွားသည်။

“ ဝုန်း ”

တတိယမျက်လုံးပွင့်သွားသည့်အခိုက် ၎င်း၏ အရှေ့မှ စစ်ပွဲရုပ်သေးရုပ်အားလုံး ပြိုကွဲပျက်စီးသွားကြသည်။

ကမ္ဘာဦးစစ်ပွဲရုပ်သေးရုပ်အားလုံးက အပိုင်းပိုင်းအစစ ပြိုကွဲသွားကြပြီး သီးခြားအစိတ်အပိုင်းများအဖြစ် ပြန့်ကျဲသွားကြသည်။

စကြာဝဠာအဆင့် ကျယ်ပြန့်ဓားနှင့် စကြာဝဠာအဆင့် တိုက်ပွဲလက်နက်သာလျှင် အကောင်းတိုင်း ကျန်ရှိနိုင်ကြသည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ လော့ထျန်းဟယ်သော်လည်း သို့မဟုတ် မီးပြင်းဖိုစင်မြင့်ခန်းဆောင်မှ တခြားအကြီးအကဲများသော်လည်းကောင်း သူတို့အားလုံးက သွေးအန်လိုက်ကြရသည်။ သူတို့၏ စွမ်းအင်လှိုင်းများက မတည်မငြိမ်ဖြစ်သွားသည်။

“ မင်းတို့ကောင်တွေက စစ်မှန်တဲ့စွမ်းအားက ဘာလဲဆိုတာ မသိသေးဘူးကို ”

သိုးကျောင်းသားကြယ်လေးကို ကိုင်ထားသော ရှင်းရီက မထူးမခြားနား ပြောသည်။

ပုဂ္ဂိုလ်တစ်ဦးတည်း၏ စွမ်းအားသော်လည်းကောင်း သို့မဟုတ် လေးတစ်လက်၏ အစွမ်းသော်လည်းကောင်း ယင်းတို့က မီးပြင်းဖိုစင်မြင့်ခန်းဆောင်နှင့် စွန်းမိသားစုမှ ကျွမ်းကျင်သူအားလုံးထက် သာလွန်ပေသည်။ သို့ဖြစ်၍ သူတို့က ခေါင်းပင်မထောင်ဝံ့ကြတော့ချေ။

ယင်းက သိုးကျောင်းသားကြယ်မျိုးနွယ်မှ ရှေးဟောင်းသက်ရှိတစ်ဦး၏ စစ်မှန်သောစွမ်းအား ဖြစ်သည်။

“ ပြေးကြ ”

မီးပြင်းဖိုစင်မြင့်ခန်းဆောင်မှ အကြီးအကဲတစ်ယောက်က အော်ပြောလိုက်ပြီး သူ၏ သွေးစွမ်းအားနှင့် ဝိညာဉ်စွမ်းအားကို အဆုံးစွန်ထိ ထုတ်လွှတ်လိုက်သည်။ သူက စကြာဝဠာအဆင့် ရွှေချပ်ဝတ်ကို ဟင်းလင်းပြင်ထဲမှ ဆင့်ခေါ်လိုက်ပြီး ရွှေရောင်အကာအကွယ်အလွှာများကို ထုတ်လွှတ်ပေးနိုင်သည့် ဓားမော့များကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

ထိုအကာအကွယ်အလွှာက စကြာဝဠာအဆင့် ကျွမ်းကျင်သူတစ်ဦး၏ အသက်စွမ်းအားနှင့် သွေးချီစွမ်းအားကို လောင်ကျွမ်းခြင်းမှ ဖွဲ့စည်းသွားသောအရာဖြစ်ပြီး ဝိညာဉ်စွမ်းအားကို သီးခြားပိတ်ဆို့နိုင်စွမ်း ရှိသည်။

“ ဂိုဏ်းတူဦးလေး စွန်းကျီ ”

“ စီနီယာအကိုစွန်း ”

မီးပြင်းဖိုစင်မြင့်ခန်းဆောင်မှ ကျွမ်းကျင်သူများက သွေးအန်နေရင်း ဝမ်းနည်းကြေကွဲစွာ ငိုကြွေးလိုက်ကြသည်။

အသက်စတေးသွားသော ထိုကျွမ်းကျင်သူက မီးပြင်းဖိုစင်မြင့်ခန်းဆောင်၏ အသန်မာဆုံး ရှေးဟောင်းပုဂ္ဂိုလ်များအနက် တစ်ဦးဖြစ်သည်။

“ မြန်မြန် သွားကြစို့ ”

ဝေဝါးနေသော အဖိုးအို၏ ပုံရိပ်က ရူးသွပ်သော အမူအရာဖြင့် စကြာဝဠာအဆင့် ချပ်ဝတ်ကို ထောက်ပံ့ပေးနေသည်။

“ ရှေးဟောင်းရတနာတွေကို မေ့ထားလိုက်… ရှေးဟောင်းမျိုးနွယ်စုတွေကို မေ့ထားလိုက်… အဲ့ဒါတွေအားလုံးက လောကရဲ့ ငြိမ်းချမ်းမှုကို နှောင့်ယှက်မဲ့အရာတွေပဲ ”

မီးပြင်းဖိုစင်မြင့်ခန်းဆောင်နှင့် စွန်းမိသားစုမှ ကျွမ်းကျင်သူများသည် သူတို့၏ ဝိညာဉ်အလင်းကို အားဖြည့်ပေးနိုင်သော ရွှေရောင်အကာအကွယ်အလွှာ၏ အားသာချက်ကို အခွင့်ကောင်းယူ၍ ဤနေရာမှ ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။

သူတို့၏ ယနေ့ ဝိုင်းရံတိုက်ခိုက်မှုက ကျရှုံးသွားခဲ့လေပြီ။

ယခုအချိန်မှာ အရေးကြီးဆုံးက သူတို့၏ အသက်ရှင်သန်မှုသာ ဖြစ်သည်။

ရွှေရောင်အကာအကွယ်အလွှာကို ထိန်းသိမ်းရန် ဓားမော့များကို ဆုပ်ကိုင်ထားသော စကြာဝဠာအဆင့် ရွှေချပ်ဝတ်ကို ကြည့်နေရင်း ရှင်းရီက နောက်ထပ် မတိုက်ခိုက်တော့ပေ။

၎င်းက သိုးကျောင်းသားကြယ်လေးကို လက်နှစ်ဖက်ဖြင့် ကိုင်လိုက်ပြီး ဟန်မူယဲ့ကို မပေးခင် အရင်ဦးညွတ်လိုက်သည်။

ဟန်မူယဲ့က ပေါ့ပါးစွာ ရယ်လိုက်ပြီး သိုးကျောင်းသားကြယ်လေးကို ယူဆောင်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် လွှမ်းမိုးဖိနှိပ်သော သွေးချီက ပေါက်ကွဲထွက်လာသည်။

အသိပ်သည်းဆုံး သွေးချီစွမ်းအားက စည်းမျဉ်းချိုးဖြတ်အစွမ်းအဖြစ် သိပ်သည်းသွားသည်။

သန့်စင်သော စည်းမျဉ်းစွမ်းအား… ။

သူက ရှည်လျားသော လေးကို ဆုပ်ကိုင်လိုက်သည်နှင့် လေးက သွေးနီရောင်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာ သွေးနီရောင်လေးကြိုးက ဒြပ်ထည်ဖွဲ့စည်းသွားသည်။

လေးတစ်လက်… ။

ယင်းက ကောင်းကင်တုန်လှုပ်လေး ဖြစ်သည်။

ရှင်းရီ၏ မျက်လုံးက ဝင်းလက်တောက်ပသွားသည်။ ကောင်းကင်တုန်လှုပ်လေးကို ၎င်းကြည့်လိုက်သည့်အခါ ၎င်း၏ ခံစားချက်များက ပရမ်းပတာ လှုပ်ခတ်သွားသည်။

၎င်း၏ သိုးကျောင်းသားကြယ်မျိုးနွယ်က ဟင်းလင်းပြင်ထဲမှာ ဖြတ်သန်းသွားခဲ့ပြီး ကြယ်စင်စုတစ်ခုနှင့် ပေါင်းစပ်ခဲ့ခြင်းမှာ ဤစစ်ပွဲလေးအတွက် စွမ်းအားစုဆောင်းရန် မဟုတ်ပါလော။

နှစ်ပေါင်းတစ်သောင်းကြာပြီးနောက် ၎င်းက ကောင်းကင်တုန်လှုပ်လေး၏ အံ့ဖွယ်အစွမ်းကို နောက်တစ်ကြိမ် မျက်မြင်တွေ့နိုင်တော့မည်။

ဟန်မူယဲ့သည် လက်တစ်ဖက်ဖြင့် လေးကို ကိုင်လျက် ကျန်လက်တစ်ဖက်ဖြင့် လေးကြိုးကို ဖြည်းညင်းစွာ ဆွဲလိုက်သည်။

ရှည်လျားသော လေးက ယခု စက်ဝိုင်းသဏ္ဍာန် ပြောင်းလဲသွားသည်။

အလွန်အားကောင်းသော စွမ်းအားက ဗလာဖြစ်နေသော လေး၏ ထိပ်ဖျားပေါ်မှာ စုဝေးသွားသည်။

“ ဝှီး ”

လေးကြိုးကို လွှတ်ချလိုက်သည့်အခါ မိုးမြေက တုန်လှုပ်သွားသည်။

အချင်းမိုင်ပေါင်းသန်းတစ်ထောင် ကျယ်ဝန်းသော ဧရိယာအတွင်းမှ ကောင်းကင်နှင့် ကြယ်အားလုံးက ဖရိုဖရဲဖြစ်သွားကြသည်။

ကြယ်များက မူလဂြိုလ်ပတ်လမ်းကြောင်းမှ သွေးဖယ်သွားကြပြီး ကောင်းကင်နှင့် မြေပြင်က တုန်လှုပ်သွားကြသည်။

ကောင်းကင်တုန်လှုပ်လေး၏ အရှေ့မှ ရွှေရောင်အကာအကွယ်အလွှာက တုန်ယင်သွားပြီး အပိုင်းပိုင်းအစစ ကွဲထွက်သွားသည်။

“ ဘန်း ”

အကာအကွယ်အလွှာ အက်ကွဲသွားသည့်အခိုက် ထိုအကာအကွယ်အလွှာကို ဖန်တီးထားသော ကျယ်ပြန့်ဓားနှင့် စကြာဝဠာအဆင့် ဓားမော့သည်လည်း ပျက်စီးသွားကြသည်။

စကြာဝဠာအဆင့် တိုက်ပွဲလက်နက်တစ်ခုက မီးခိုးနှင့် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားကာ ဟင်းလင်းပြင်ထဲမှာ ပြန့်ကျဲသွားသည်။

ရွှေချပ်ဝတ်အနောက်မှ ဝေဝါးနေသော အဖိုးအိုပုံရိပ်က အပြင်းအထန် တုန်ခါသွားပြီး ဗလာနတ္ထိအဖြစ် သုတ်သင်ခံလိုက်ရသည်။

အဝေးတွင် ထွက်ပြေးနေကြသော ပုံရိပ်အားလုံးက ရပ်တန့်သွားကြသည်။ ထို့နောက် သူတို့တစ်ယောက်ချင်းစီက ပြိုကွဲပျက်စီးသွားကြသည်။

ဤအခိုက်အတန့်မှာ သူတော်စင်အဆင့်ဖြစ်စေ၊ နတ်ဘုရားအဆင့်ဖြစ်စေ၊ ကမ္ဘာဦးအဆင့်ဖြစ်စေ သို့မဟုတ် စကြာဝဠာအဆင့်ဖြစ်စေ အရေးမကြီးတော့ပေ။ သူတို့အားလုံးက အမြစ်ဖြတ်ဖျက်ဆီးခံလိုက်ကြရသည်။

All Chapters