← Chapters

အခန်း (၁၄၃၆)

Vol. 103 Ch. 1436

အခန်း (၁၄၃၆)

Vol. 103 Ch. 1436

ဟန်မူယဲ့သည် ကြီးမားသော လက်တွေ့စမ်းသပ်မှုတစ်ခုကို အများပြည်သူအရှေ့မှာ ချပြတော့မည်ဟု ကြေညာခဲ့သည်။ ယင်းက ကြယ်စင်စုစကြာဝဠာတစ်ခုလုံး၏ ဖွဲ့စည်းမှုကိုပင် ပြောင်းလဲပစ်နိုင်သောအရာ ဖြစ်သည်။

စကြာဝဠာနယ်မြေအတွင်းတွင် နတ်သားရဲများကို ပြုပြင်ရေးကိရိယာများအဖြစ် စတင်အသုံးပြုနေကြောင်း လေဟာနယ်မြို့ကြီးများက သိရှိသွားကြသည်။

ထိုကိစ္စကြောင့် လေဟာနယ်မြို့ကြီးများက အကြီးအကျယ် တုန်လှုပ်ချောက်ချားနေကြသည်။

နတ်သားရဲများ၏ ခန္ဓာကိုယ်က စကြာဝဠာအဆင့် ရတနာများကို အချိန်မည်မျှကြာမြင့်စွာ ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း မည်သူမှ မသိကြချေ။

ပိုပြီးစိတ်ဝင်စားစရာကောင်းသည်မှာ နတ်သားရဲပြုပြင်ရေးကိရိယာများကို တီထွင်ဖန်တီးခဲ့သူက ဟန်မူယဲ့ဖြစ်ကြောင်း လေဟာနယ်မြို့ကြီးအများစုက မသိထားကြချေ။ ယင်းအစား အများစုတွေးမိသည်မှာ မီးပြင်းဖိုစင်မြင့်ခန်းဆောင်က အရာအားလုံးကို ထိန်းချုပ်နေခြင်း ဖြစ်သည်။

လုမိသားစုနှင့် ရှန့်ကွမ်းမိသားစုက ထိုကိစ္စကို လုံးဝနှုတ်ပိတ်ထားကြသည်။ သို့ဖြစ်၍ ဟန်မူယဲ့၏ လျှို့ဝှက်သရုပ်ကို လူအများစုက မသိကြချေ။

ဤတစ်ကြိမ်တွင် ဟန်မူယဲ့က မြို့ကြီးများကို သယ်ဆောင်ပေးနိုင်သော လွန်းပျံများကို လက်တွေ့စမ်းသပ်တော့မည် ဖြစ်သည်။ သို့မှသာလျှင် နတ်သားရဲများ၏ ခန္ဓာကိုယ်ကို အစားထိုးနိုင်လိမ့်မည်။

ယင်းက စကြာဝဠာနယ်မြေထဲမှ အင်အားစုများ၏ ကျူးကျော်ဝင်ရောက်မှုကို ခုခံကာကွယ်ပေးနိုင်မည့်အရာ ဖြစ်သည်။ ယင်းက ဟင်းလင်းပြင်ထဲမှ အင်အားစုများ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာ ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်က ထိုသို့လုပ်ဆောင်မည်ဆိုလျှင် ယင်းက စကြာဝဠာနယ်မြေကို ရန်စခြင်း ဖြစ်လိမ့်မည်။

စကြာဝဠာနယ်မြေက မြို့ကြီးများကို ထောက်ပံ့ထားသော နတ်သားရဲများကို အစားထိုးပေးလိမ့်မည်ဟု မည်သူယုံကြည်မည်နည်း။

သို့သော်လည်း ယခု ဆရာဟန်ကိုယ်တိုင် စီစဉ်ဆောင်ရွက်တော့မည်ဖြစ်လေရာ ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့်ပြဿနာမှ မရှိနိုင်ပေ။

နတ်သားရဲပြုပြင်ရေးကိရိယာများကို တီထွင်ဖန်တီးခဲ့သည့် ဆရာဟန်က ယခု နတ်သားရဲများကို လွန်းပျံများဖြင့် အစားထိုးရန် စမ်းသပ်ကြိုးစားတော့မည်ဖြစ်လေရာ ထိုကိစ္စအတွက် မည်သည့်ပြဿနာရှိနိုင်မည်နည်း။

ထို့ပြင် ထိပ်တန်းမိသားစုကြီးသုံးခုထဲမှ တစ်ခုအပါအဝင်ဖြစ်သော ကျန်းမိသားစုမှ ကျန်းယောင်ရန်နှင့် ထျန်ရှင်းမြို့မှ အရူးလော့က လွန်းပျံများကို သန့်စင်ပြီးကြပြီ ဖြစ်သည်။

ဟန်မူယဲ့၏ ပုံရိပ်က ဟင်းလင်းပြင်ပေါ်မှာ ထွက်ပေါ်လာသည့်အခါ သူနှင့်မနီးမဝေးတွင် ပုံရိပ်အများအပြား ထွက်ပေါ်လာကြသည်။

ကျန်းယောင်ရန်၊ အရူးလော့နှင့် ရှုကျီယန်က ထိုနေရာမှာ ရှိနေကြသည်။

ထျန်ရှင်းမြို့မှ နတ်ဘုရားအဆင့် ထိပ်တန်းကျွမ်းကျင်သူများနှင့် လက်နက်သန့်စင်ခြင်းအစည်းအရုံးမှ ပင်မအကြီးအကဲများသည်ပင် စုဝေးရောက်နေကြသည်။

ဤစမ်းသပ်မှုက ကြယ်စင်စုစကြာဝဠာထဲမှ သန့်စင်ခြင်းအင်အားစုအသီးသီး၏ ပံ့ပိုးမှုကို ရရှိထားသည်။

ထို့ပြင် အကယ်၍ ဤစမ်းသပ်မှုအောင်မြင်သွားလျှင် ဟန်မူယဲ့က ဤနည်းလမ်းကို မည်သည့်ငွေကြေးမှမယူဘဲ လက်နက်သန့်စင်ခြင်းအစည်းအရုံးသို့ လွှဲပြောင်းပေးလိမ့်မည်ဟု ကြေညာထားသည်။ သို့မှသာ ကြယ်စင်စုစကြာဝဠာအတွင်းမှ မြို့ကြီးအားလုံးက ယင်းကို အသုံးပြုနိုင်ကြလိမ့်မည်။

ထိုနည်းလမ်းကို နတ်သားရဲများ၏ အထောက်အပံ့ဖြင့် ရပ်တည်နေကြသော မြို့ကြီးများသာ လိုအပ်ကြခြင်း မဟုတ်ပေ။ တောရိုင်းမြေထဲမှ မရေမတွက်နိုင်သော မြို့ကြီးများသည်လည်း အကယ်၍ လေဟာနယ်ပေါ်သို့ တတ်လှမ်းချင်သည်ဆိုလျှင် ထိုနည်းလမ်းကို လိုအပ်ကြလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် နတ်သားရဲတစ်ကောင်ကို သိမ်းပိုက်ခြင်းနှင့် အသက်ဝိညာဉ်အုတ်မြစ်ဝင်္ကပါကို သန့်စင်ခြင်းက လွန်းပျံတစ်စင်းကို သန့်စင်ခြင်းထက် အဆပေါင်းများစွာ ပိုပြီး ငွေကုန်ကျသောကြောင့် ဖြစ်သည်။

“ ဗုန်း ”

မီတာသုံးသောင်းကျယ်ပြန့်သော လွန်းပျံက ထျန်ရှင်းမြို့အောက်မှ လေဟာနယ်ဆီသို့ ဆင်းသက်သွားသည်။

ရွှေရောင်အသက်ဝိညာဉ်အုတ်မြစ်ဝင်္ကပါက ထျန်ရှင်းမြို့၏ အပေါ်မှာ ထွက်ပေါ်လာသည်။ ထို့နောက် ရွှေရောင်အလင်းက ယင်းထဲသို့ ပေါင်းစပ်သွားသည်။

ကောင်းကင်ထမ်းဆင်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ၎င်း၏ မျက်လုံးများက ထွန်းလင်းတောက်ပလာသည်။

ဟန်မူယဲ့ လှမ်းကြည့်လိုက်သည့်အခါ ကောင်းကင်ထမ်းဆင်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

ဟန်မူယဲ့သည်လည်း ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

အတိတ်မှာ ဟန်မူယဲ့သည် ရှေးဦးတောရိုင်းမြေဆီသို့ သူပြန်သည့်အခါ ၎င်းကိုလည်း အတူခေါ်ဆောင်သွားမည်ဟု ကတိပေးခဲ့သည်။

“ ဝီး ”

ကောင်းကင်ထမ်းဆင်က ဖြည်းညင်းစွာ ကျုံ့သွားသည်။ ထိုအခါ ၎င်း၏ ကျောပေါ်မှ ထျန်ရှင်းမြို့က အောက်သို့ ပြုတ်ကျတော့မည့်နှယ် လှုပ်ယမ်းလာသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ လွန်းပျံက အပေါ်သို့ မြှောက်တတ်သွားပြီး မြို့တစ်မြို့လုံးကို ထိန်းထားလိုက်သည်။

မရေမတွက်နိုင်သော အရှိန်အဝါများက အတူစုဝေးသွားပြီး ရွှေရောင်ဝင်္ကပါများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ထမ်းဆင်၏ ကျောပေါ်မှ ပြုတ်ကျလာသော လေဟာနယ်နှင့် ယင်း၏ အသက်ဝိညာဉ်အုတ်မြစ်ဝင်္ကပါကို ဖမ်းယူလိုက်သည်။

ဤအခိုက်အတန့်မှာ ထျန်ရှင်းမြို့ထဲမှ ပြည်သူပြည်သားများနှင့် တခြားအင်အားစုအသီးသီးမှ စောင့်ကြည့်နေကြသော ပန်းပဲပညာရှင်များက မျက်နှာတည်ကြည်သွားကြသည်။

ယင်းက အရေးကြီးအခိုက်အတန့် ဖြစ်သည်။

အကယ်၍ လွန်းပျံက မြို့ကြီးတစ်မြို့၏ အလေးချိန်ကို မတောင့်ခံနိုင်ဘူးဆိုလျှင် ထျန်ရှင်းမြို့က တိုက်ရိုက် ပြိုကွဲပျက်စီးသွားလိမ့်မည်။

ကုန်သွယ်ရေးမြို့တော်ဖြစ်သော ထျန်ရှင်းမြို့က စိတ်ကူးမယဉ်နိုင်သော ကြွယ်ဝချမ်းသာမှုကို ပိုင်ဆိုင်ထားသည်။

ယင်းက ဤနေရာမှာ စိတ်အာရုံအားလုံး စုဝေးရှိနေကြသည့် အကြောင်းအရင်းများအနက် တစ်ခုဖြစ်သည်။ သို့သော်လည်း သူတို့ဆီမှာ တခြားမည်သည့်အတွေးမှ မရှိကြချေ။

ဆရာဟန်က သူ၏ ထိန်းချုပ်မှုအောက်မှ အဆုံးမဲ့ကြွယ်ဝချမ်းသာသော မြို့တစ်မြို့ကို ဤစမ်းသပ်မှုထဲမှာ ရင်းနှီးမြှုပ်နှံထားလေရာ သူက စစ်မှန်သော ဆရာသခင်တစ်ယောက်ဖြစ်ကြောင်း ထင်ရှားပေသည်။ သူက လက်နက်သန့်စင်ခြင်းလမ်းစဉ်တွင် အမှန်တကယ် ယုံကြည်လေးစားထိုက်သူ ဖြစ်သည်။

“ ဝီး ”

မြို့တစ်မြို့၏ အလေးချိန်ကို သယ်ဆောင်ထားသော လွန်းပျံက နောက်ထပ် မတောင့်ခံနိုင်တော့သည့်အလား မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ကျဆင်းသွားသည်။

ထိုအခါ ဘေးပတ်ဝန်းကျင်မှ စောင့်ကြည့်နေသူများ၏ အမူအရာက စိတ်မကောင်းဖြစ်သွားသည်။

ဤစမ်းသပ်မှုအတွက် ကုန်ကျစရိတ်က အလွန်ကြီးမားသည်။

ဟန်မူယဲ့၏ အကြည့်က ဖြည်းညင်းစွာ ပြုတ်ကျသွားနေသော လွန်းပျံပေါ်သို့ ကျရောက်သွားသည်။

လွန်းပျံက မြို့ကြီးတစ်မြို့ကို မသယ်ဆောင်နိုင်ကြောင်း သူသိသည်။ အကယ်၍ လွန်းပျံက မြို့တစ်မြို့၏ အလေးချိန်ကို တောင့်ခံနိုင်သည်ဆိုလျှင် အတိတ်မှာ မည်သို့ကြောင့် နတ်သားရဲများကိုသာ အသုံးပြုခဲ့လိမ့်မည်နည်း။

“ ကြည့်ရတာ… တစ်ခုခု လိုအပ်နေတဲ့ပုံပဲ… ”

အရူးလော့က ခေါင်းယမ်းလိုက်ပြီး နောင်တရသော အမူအရာကို ထုတ်ဖော်လိုက်သည်။

သူ၏ ဘေးမှ ရှုကျီယန်၏ မျက်လုံးက ဝင်းလက်သွားသည်။

နတ်သားရဲတစ်ကောင်၏ ဝိညာဉ်က မြို့ကြီးတစ်မြို့ကို သယ်ဆောင်ခြင်းသည် သူ၏ တာဝန်ဖြစ်သည်။ နောက်ပိုင်းမှာ သူလက်လျော့လိုက်သည့်အခါ သူက လိုက်ဖမ်းခံခဲ့ရပြီး အသတ်ခံရလုနီးပါးဖြစ်ခဲ့သည်။

သူက ဟန်မူယဲ့ အောင်မြင်လိမ့်မည်ဟု အလွန်မျှော်လင့်ထားခဲ့သည်။ သို့တိုင် ယခုအခြေအနေအရ ထိုသို့မဖြစ်နိုင်တော့ဟန် ရ၏။

ဟန်မူယဲ့က နှုတ်ဆိတ်နေသည်။

သူလက်ညှိုးညွှန်လိုက်သည့်အခါ ဝိညာဉ်အလင်းတန်းတစ်ခုက ထျန်ရှင်းမြို့ပေါ်သို့ ကျဆင်းသွားသည်။

အဆောက်အဦးတစ်ခု၏ ခေါင်မိုးပေါ်မှ ဟယ်ရန်စွန်းက ယင်းကို ဖမ်းယူလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူ၏ ခြေဖဝါးအောက်မှ အဆောက်အဦးက ရွှေရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ အလင်းတန်းက လွန်းပျံ၏ အောက်ဘက်သို့ ပျံသန်းသွားသည်။

ထိုအလင်းတန်း၏ အနောက်တွင် ရွှေရောင်အလင်းစီးကြောင်းများက ပေါ်လျှိုးလာကြပြီး လွန်းပျံကို ဖုံးလွှမ်းလိုက်ကြသည်။

ထိုအခါ လွန်းပျံက လေဟာနယ်ထဲမှာ ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။

“ မြို့ကြီးတစ်မြို့ကို လူအနည်းစုပဲ ပိုင်ဆိုင်တာ မဟုတ်ဘူး ”

“ အဲ့ဒါက ကျင့်ကြံခြင်းလောကလိုပဲ… လောကကို လူအနည်းစုနဲ့ မဆုံးဖြတ်နိုင်ဘူး ”

“ လူတိုင်းရဲ့ ကြိုးစားအားထုတ်မှုမရှိရင် ဒီလွန်းပျံက မြို့နဲ့အတူ သေချာပေါက် ပျက်စီးသွားလိမ့်မယ် ”

ဟန်မူယဲ့၏ အသံက ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။

သူ၏ အသံက တည်ငြိမ်သည်။ သို့တိုင် ယင်းက ထျန်ရှင်းမြို့ထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများကို စိတ်လှုပ်ရှားသွားစေသည်။

အစောနက မြို့ပြုတ်ကျသွားသည့်အချိန် သူတို့၏ မြို့က အမှန်တကယ် ဖျက်ဆီးခံရတော့မည်ဟု သူတို့တွေးထင်ခဲ့ကြသည်။

လူတိုင်း၏ စွမ်းအားကို စုဆောင်းခြင်းက နောက်ဆုံးကြိုးစားမှုမျှသာ ဖြစ်သည်။

အံ့ဩစရာကောင်းသည်မှာ ယင်းက အောင်မြင်သွားခဲ့သည်။

“ လူကြီးမင်းတို့… ကျုပ်ဆိုလိုချင်တာကို နားလည်ကြပြီလား ”

ဟန်မူယဲ့က အနောက်လှည့်လိုက်ပြီး အဝေးမှ ပန်းပဲပညာရှင်များကို ကြည့်လိုက်သည်။

“ ကျင့်ကြံခြင်းလောကက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ပေါ်မှာ ဘယ်တုန်းကမှ မမှီခိုသလို ရတနာတွေပေါ်မှာလည်း ဘယ်တုန်းကမှ မမူတည်ဘူး ”

ဟန်မူယဲ့၏ စကားများက အမှန်တကယ် တန်ဖိုးရှိသည်။

ရတနာများအပေါ် မှီခိုခြင်းက ကျင့်ကြံခြင်းလောကကို ရေရှည်တည်မြဲစေရန် မထိန်းသိမ်းပေးနိုင်ကြောင်း လူတိုင်းနားလည်ကြသည်။

သို့သော်လည်း အရင်းအမြစ်မရှိဘဲ သို့မဟုတ် ရတနာမရှိဘဲ ဤလောကကို အမှန်တကယ် ထိန်းသိမ်းနိုင်မည်လော။

“ လက်နက်သန့်စင်ခြင်းမှာ ကျုပ်တို့က သက်ရှိလူသားတွေကို အခြေခံအုတ်မြစ်အဖြစ် ထည့်သွင်းစဉ်းစားပေးရမယ် ”

ဟန်မူယဲ့က လူတိုင်းကို ကြည့်လိုက်သည်။ ဤတစ်ခေါက်မှာ သူ၏ မျက်နှာက ပိုပြီးတည်ကြည်လေးနက်နေသည်။

တခြားပန်းပဲပညာရှင်များသည်လည်း မျက်နှာတည်ကြည်နေကြပြီး တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေကြသည်။

ဟန်မူယဲ့၏ လက်နက်သန့်စင်ခြင်းနည်းလမ်းက သူတို့စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ ရောက်ရှိနေကြောင်း လူတိုင်းသိထားကြသည်။

“ လက်နက်သန့်စင်ခြင်းက သက်ရှိတွေနဲ့ စတင်ပြီး တိုးတတ်ကြီးပွားလာလိမ့်မယ်… တစ်နေ့မှာ လက်နက်သန့်စင်ခြင်းနည်းလမ်းက သက်ရှိတားမြစ်နယ်ပယ်ကို ရောက်သွားတဲ့အခါ အဲ့ဒါက စကြာဝဠာတစ်ခုလုံးကို ဖျက်ဆီးပစ်မယ့် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ် ”

ဟန်မူယဲ့က ဖြည်းညင်းစွာ ပါးစပ်ဖွင့်လိုက်ပြီး လေးနက်စွာ ပြောသည်။

လက်နက်သန့်စင်ခြင်းတွင် လက်တွေ့ဒြပ်ထည်ဖွဲ့စည်းခြင်းနည်းလမ်းက အထွတ်အထိပ်သို့ ရောက်သွားသည့်အခါ နောက်လာမည့်အဆင့်က သဏ္ဍာန်မဲ့သန့်စင်ခြင်း ဖြစ်သည်။

သူကိုယ်တိုင်သည်ပင် သဏ္ဍာန်မဲ့သန့်စင်ခြင်းကို မည်သည့်အချိန်မှာ အမှန်တကယ် စတင်နိုင်မည်ဖြစ်ကြောင်း မသိပေ။

သိုးကျောင်းသားကြယ်မျိုးနွယ်ကို သန့်စင်ခဲ့သော သူ့ဝိညာဉ်ကိုယ်ပွားက ရှိန်လောက်ဖွယ်ကောင်းစွာ အစွမ်းထက်သော်လည်း သူက သက်ရှိလူသားတစ်ဦး ပိုင်ဆိုင်သင့်သော အမြူတေကိုတော့ မပြီးမြောက်နိုင်ခဲ့ပေ။

ယင်းက ကိုယ်တိုင်တွေးတောနိုင်ခြင်း ဖြစ်သည်။

တကယ့်သက်ရှိများက ကိုယ်ပိုင်တွေးတောနိုင်စွမ်း ရှိကြသည်။

သို့သော်လည်း သိုးကျောင်းသားကြယ်မျိုးနွယ်နှင့်ပတ်သက်သော အယူဝါဒများထဲတွင် ၎င်းတို့က စကြာဝဠာ၏ ဖန်ဆင်းမှုနှင့် ၎င်းတို့၏ အရှင်သခင်ကို အကြွင်းမဲ့ ရိုသေကျိုးနွံကြသည်။ ယင်းတို့က ၎င်းတို့၏ တည်ရှိမှုအတွက် စည်းမျဉ်းများ ဖြစ်ကြသည်။

သို့တိုင် ၎င်းတို့ထဲမှ တစ်ယောက်က ထိုစည်းမျဉ်းများထဲမှ ရုန်းထွက်နိုင်သွားပြီး စစ်မှန်သော သက်ရှိတစ်ဦးဖြစ်လာခဲ့သည်။

၎င်းက ဟင်းလင်းပြင်၏ အဆုံးသတ်ထိ လျှောက်သွားနိုင်ခဲ့သော သိုးကျောင်းသားကြယ်မျိုးနွယ်ဝင် ဖြစ်သည်။

ဟန်မူယဲ့၏ ဝိညာဉ်ကိုယ်ပွားက သက်ရှိတစ်ဦးကို အမှန်တကယ် မသန့်စင်နိုင်ပေ။ သို့သော်လည်း သူက စစ်မှန်သော သက်ရှိတစ်ဦးကို မွေးထုတ်ပေးနိုင်ခဲ့သည်။

သိုးကျောင်းသားကြယ်မျိုးနွယ်မှ ကျန်ရှိသော မျိုးနွယ်ဝင်များက ကြယ်စင်စုစကြာဝဠာထဲမှ ထွက်ခွာသွားကြလျှင် ၎င်းတို့သည်လည်း စစ်မှန်သော သက်ရှိများ ဖြစ်လာကြလိမ့်မည်။

“ သက်ရှိတွေ… အဲ့ဒါက လက်နက်သန့်စင်ခြင်းရဲ့ တားမြစ်နယ်ပယ်ပဲ ”

ရှုကျီယန်က တည်ငြိမ်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

“ အဲ့ဒီအဆင့်ကို တကယ် ငါမရောက်မချင်း လက်နက်သန့်စင်ခြင်းရဲ့ တားမြစ်နယ်ပယ်ကို ဘယ်တော့မှ ငါမထိဘူး ”

ရှုကျီယန်၏ ဘေးမှ ကျန်းယောင်ရန်သည်လည်း ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

သူတို့က ကြယ်စင်စုစကြာဝဠာ၏ ထိပ်တန်းပန်းပဲပညာရှင်များ ဖြစ်ကြလေရာ အနာဂတ်မှာ သက်ရှိဖန်တီးခြင်းအဆင့်သို့ ရောက်ရှိနိုင်ကြလိမ့်မည်။

အစောနက ဟန်မူယဲ့၏ စကားများက သတိပေးရန်အတွက်သာ ဖြစ်သည်။

ဆယ်နှစ်ကုန်ဆုံးသွားသည်။

ဤဆယ်နှစ်အတွင်းမှာ ဟန်မူယဲ့က လေဟာနယ်ထဲမှ အင်အားစုအများအပြားနှင့် စကြာဝဠာနယ်မြေဆီသို့ သွားရောက်လည်ပတ်ခဲ့ပြီး ကမ္ဘာဦးအဆင့်နှင့် စကြာဝဠာအဆင့် ရတနာများကို လဲလှယ်ခဲ့သည်။

သူက စကြာဝဠာနယ်မြေထဲမှ တောရိုင်းမြေဆီသို့ နောက်တစ်ကြိမ် ခြေချလိုက်သည့်အခါ ခေးအော့၊ ရွှေကျီးကန်းနှင့် ဒြပ်စင်ငါးပါးမီးပြင်းဖိုက သူနှင့်အတူ လိုက်ပါခဲ့ကြသည်။

ယခု သူတို့သုံးယောက်က ရုပ်သေးစစ်ပွဲခန္ဓာကိုယ်တစ်ခုစီကို ပိုင်ဆိုင်ထားကြပြီး အလွန်သန်မာကြသည်။

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်သည်တော့ ၎င်းက ငွေရောင်သတ္ထုအဖြစ် တိတ်တဆိတ် ပြန်ဖွဲ့စည်းသွားသည်။

နတ်သားရဲသုံးကောင်နှင့် နှိုင်းယှဉ်လျှင် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က အများကြီး ပိုသန်မာသည်။

ဤဆယ်နှစ်အတွင်းမှာ ဟန်မူယဲ့က နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကို စကြာဝဠာအဆင့် စစ်ပွဲရုပ်သေးရုပ်အဖြစ် အမှန်တကယ် အဆင့်တတ်လှမ်းသွားရန် ကူညီပေးခဲ့သည်။

သခင်မမူယွဲ့က ရေခဲလမြို့တော်မှာ ကြီးကြပ်သူအဖြစ် ကျန်နေခဲ့သည်။ တစ်ဖက်မှာတော့ ဟယ်ယန်စွန်းနှင့် တခြားလူများက ထျန်ရှင်းမြို့ထဲမှာ နေထိုင်ကြသည်။

ဟန်မူယဲ့က သူနှင့်အတူ ရတနာအများကြီးကို မယူဆောင်ခဲ့ပေ။ သို့သော်လည်း သူက ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်တစ်သောင်းကို ယူဆောင်ခဲ့သည်။

စကြာဝဠာအဆင့် ရတနာများကို ပြုပြင်ပေးခဲ့သော ဆုလာဘ်များကြောင့် ကမ္ဘာဦးအဆင့် ရတနာများအပေါ် ဟန်မူယဲ့၏ စုဆောင်းမှုက မယုံကြည်နိုင်စရာကောင်းသော အဆင့်သို့ ရောက်ရှိသွားသည်။

တောရိုင်းမြေ၏ အပြင်ဘက်တွင် စကြာဝဠာနယ်မြေမှ ခုန်းကျုံးချူးက ကျောင်းတော်သားဝတ်စုံကို ဝတ်ဆင်ထားလျက် ဟန်မူယဲ့၏ အရှေ့မှာ ရပ်နေသည်။

သူတို့ကြားမှ သဘောတူညီမှုကြောင့် သူက ဟန်မူယဲ့နှင့်အတူ မူလစကြာဝဠာဆီသို့ လိုက်သွားမည်။

မူလစကြာဝဠာထဲမှ ကွန်ဖြူးရှပ်တာအိုနှင့်ပတ်သက်ပြီး သူအလွန်စိတ်ဝင်စားသည်။

မိုင်တစ်ထောင်ခရီးနှင်ပြီးနောက် ပုံရိပ်အများအပြားက ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာကြသည်။

ကမ္ဘာဦးအုပ်ချုပ်သူတစ်ဦးဖြစ်သော ထိုက်ယင်က ဂါဝန်ရှည်ကို ဝတ်ဆင်ထားသည်။

သူ၏ အနောက်တွင် နတ်သားရဲအများအပြားက လိုက်ပါလာကြသည်။

“ အနန္တလောကယဇ်ပလ္လင်က ပွင့်တော့မယ်… နင်အဆင်သင့်ဖြစ်ပြီလား ”

ထိုက်ယင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

All Chapters