အခန်း (၁၄၃၉)
Vol. 103 Ch. 1439
ကောင်းကင်ပုတီးစေ့များကို အဆင့်ကိုးဆင့် ခွဲခြားထားသည်။ အင်မော်တယ်အရှင်သခင်အဆင့်အောက်မှ ကျင့်ကြံသူများအတွက်တော့ တတိယအဆင့် ကောင်းကင်ပုတီးစေ့များက သူတို့၏ ကျင့်ကြံခြင်းစွမ်းရည်များကို အလျှင်အမြန် တိုးမြှင့်ပေးနိုင်သည်။
အင်မော်တယ်အရှင်သခင်အဆင့်နှင့် အထက်အဆင့်များအတွက်တော့ စတုတ္ထအဆင့်၊ ပဉ္စမအဆင့်နှင့် ဆဌမအဆင့် ကောင်းကင်ပုတီးစေ့များက သူတို့၏ ကျင့်ကြံခြင်းကို အခြေခိုင်အောင် ပြုလုပ်ပေးနိုင်ပြီး အမြန်အဆင့်တတ်စေရန် ကူညီပေးနိုင်သည်။
သတ္တမအဆင့်၊ အဌမအဆင့်နှင့် နဝမအဆင့် ကောင်းကင်ပုတီးစေ့များသည်တော့ ယင်းတို့က အဆင့်မြင့်နယ်မြေများမှာသာ ထွက်ပေါ်လာလေ့ရှိသည်။ အသန်မာဆုံး လက်ရွေးစင်ကျွမ်းကျင်သူများသာ ယင်းတို့ကို ပိုင်ဆိုင်နိုင်ရန် အခွင့်အရေးရှိကြသည်။
ကောင်းကင်ပုတီးစေ့တစ်လုံးကို ပိုင်ဆိုင်နိုင်ရန်အလို့ငှာ တစ်စုံတစ်ယောက်က အံ့မခန်းအစွမ်းထက်သော ကောင်းကင်မိစ္ဆာသားရဲများကို သတ်ဖြတ်ရလိမ့်မည်။ ကောင်းကင်မိစ္ဆာသားရဲများက အလွန်သန်မာလေရာ ယင်းက အဆင့်နိမ့်ကျင့်ကြံသူများအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။
ဘုံကိုးဘုံမဟာမိတ်က အကျိုးပြုအမှတ်များကို ထိုသို့သတ်မှတ်ထားမှတော့ ထုံးစံအားဖြင့် သူတို့က သေချာပေါက် ကတိတည်လိမ့်မည်။
အမှန်မှာ အင်အားစုတိုင်းက သူတို့ကိုယ်ပိုင် စည်းမျဉ်းများကို တိတ်တဆိတ် ချမှတ်ထားကြသည်။ ထိုသို့ဖြင့် သူတို့က လောကတစ်သောင်းယှဉ်ပြိုင်ပွဲအတွင်းမှာ ပိုမိုကောင်းမွန်သော အကျိုးအမြတ်များကို ရရှိနိုင်ရန်အလို့ငှာ အပတ်တကုတ် ကြိုးစားကြလိမ့်မည်။
ယခုအချိန်မှာ အကျိုးပြုအမှတ်အများကြီး ပိုင်ဆိုင်ထားခြင်းက ကောင်းမွန်သောအရာ ဖြစ်သည်။
အနန္တလောကများ အတူတကွ ပေါင်းစည်းသွားသည့်အခါ အကျိုးပြုအမှတ်အများကြီး ပိုင်ဆိုင်ထားသူများက သူတို့၏ ဘက်သို့ အလိုအလျောက် ပူးပေါင်းလာကြလိမ့်မည်။ သို့မဟုတ်လျှင် ယခင်က သူတို့၏ ကြိုးစားအားထုတ်မှုများက သဲထဲရေသွန်ဖြစ်သွားလိမ့်မည်။
သို့ဖြစ်၍ နယ်မြေတစ်ခုစီတွင် ကြက်ကို သတ်၍ မျောက်ကို ခြောက်သော ဥပမာတစ်ခု ရှိလိမ့်မည်။
ရှေးဦးကောင်းကင်ဘုံမြေထဲတွင်တော့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ထိုအတွက် ရွေးချယ်ခံလိုက်ရသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက လွှမ်းမိုးဖိနှိပ်သော အင်အားစုတစ်ခုဖြစ်ဟန် ထင်ရသော်လည်း သူတို့၏ အလုံးစုံအင်အားက ထင်သလောက် မသန်မာပေ။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းထဲမှာ အစွမ်းထက်ကျွမ်းကျင်သူများက လူနည်းစုသာ ရှိ၏။ သို့ဖြစ်၍ ယင်းက တခြားအင်အားစုများကို ခြောက်လှန့်ချင်သော ဘုံကိုးဘုံမဟာမိတ်အတွက် အကောင်းဆုံး ပစ်မှတ်တစ်ခု မဟုတ်ပေဘူးလော။
အစွမ်းထက် ကျင့်ကြံသူငါးသန်းက ဤလဝက်အတွင်းမှာ အတူတကွ စုဝေးသွားကြပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတည်ရှိသော အံ့ဖွယ်ကိုးပါးမြို့ဆီသို့ ချီတတ်သွားကြသည်။
“ ယီးပဲ… သူတို့က အမြဲတမ်း အားနည်းတဲ့ လူတွေကိုပဲ အနိုင်ကျင့်ချင်ကြတယ် ”
ဟွမ်ခြောက်က မြို့ရိုးပေါ်မှာ မတ်တတ်ရပ်နေလျက် အံတင်းတင်းကြိတ်လိုက်ပြီး ပြောသည်။
“ ငါတို့ကို လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရမယ်လို့ သူတို့တကယ်တွေးနေတာလား ”
ဟွမ်ခြောက်၏ ဘေးမှ လင်းရှန်နှင့် တခြားလူများက ခေါင်းညိတ်လိုက်ကြသည်။ သို့သော်လည်း သူတို့၏ အမူအရာက တည်ကြည်လေးနက်နေသည်။
ဤတစ်ကြိမ်တွင် စစ်ပွဲရုပ်သေးရုပ်များက မြို့ရိုးပေါ်မှာ တန်းစီရပ်နေကြပြီး ဝင်္ကပါအစီအရင်တစ်ခုကို ဖွဲ့စည်းထားကြသည်။
သို့သော်လည်း ထိုစစ်ပွဲရုပ်သေးရုပ်များက အင်အားစုအသီးသီးထံမှ ကျင့်ကြံသူငါးသန်း၏ ထိုးဖောက်ဝင်ရောက်ခြင်းကို သေချာပေါက် ခုခံတားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
“ အကိုဟန်က သူပြန်လာမယ်လို့ မပြောခဲ့ဘူးလား ”
ဟွမ်ခြောက်က ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ ထို့နောက် သူက အံ့ဩထိတ်လန့်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
“ အဲ့ဒါဘယ်သူလဲ ”
ကောင်းကင်ယံတွင် အနက်ရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက လှုပ်ရှားမှုကင်းမဲ့စွာ မတ်တတ်ရပ်နေသည်။
ထိုပုံရိပ်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အံ့ဖွယ်ကိုးပါးမြို့ထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ သို့တိုင် မည်သူမှ သူ၏ တည်ရှိမှုကို အာရုံမခံနိုင်ခဲ့ကြပေ။
အံ့ဖွယ်ကိုးပါးမြို့ထဲတွင် အင်မော်တယ်ဘုရင်အများကြီး ရှိနေသည့်တိုင် တစ်စုံတစ်ယောက်က သူတို့နှင့် ပေတစ်ထောင်အကွာမှာ ရှိနေကြောင်း မည်သူမှ သတိမထားမိကြချေ။
“ ဗုန်း ”
ရွှေရောင်မဟာမိစ္ဆာပုံရိပ်က ဟွမ်ခြောက်၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူက ပေတစ်သောင်းရှည်လျားသော ခေါင်းသုံးလုံးနှင့် လက်ရှစ်ဖက် မိစ္ဆာနတ်ဘုရားအသွင်သို့ ပြောင်းလဲသွားသည်။ သူက သူ၏ လက်ရှစ်ဖက်စလုံးတွင် ဓားများနှင့် လှံများကို ကိုင်ဆောင်လျက် အောက်သို့ ခုတ်ချလိုက်သည်။
“ အဲ့ဒါဘယ်သူလဲ ”
အံ့ဖွယ်ကိုးပါးမြို့ထဲမှ မရေမတွက်နိုင်သော လူများက အပေါ်သို့ ခေါင်းမော့လိုက်ကြသည်။
“ အဲ့ဒီပုံရိပ်… သူ့ကို တစ်နေရာရာမှာ ငါမြင်ဖူးသလိုပဲ ”
တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
ဟွမ်ကျစ်ဟူက မြို့ရိုးပေါ်မှာ မတ်တတ်ရပ်လိုက်သည်။ သူ၏ ဘေးတွင် တပည့်ဟဲရွှမ်ချီနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တခြားပင်မကျွမ်းကျင်သူများ ရှိကြသည်။
တပည့်ဟဲရွှမ်ချီက သစ်သားဓာတ်ကျင့်ကြံသူဖြစ်ပြီး ဓားအင်မော်တယ်များထဲတွင် အထွတ်အထိပ် ကောင်းကင်ဘုံရွှေအင်မော်တယ်တစ်ပါး ဖြစ်လာသည်။
“ ဟွမ်ခြောက်က နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်နဲ့ သိပ်မရင်းနှီးသေးဘူး… တစ်ကြိမ်တည်းနဲ့ အဲ့ဒါကို သူမမှတ်မိမှာ ငါစိုးရိမ်တယ် ”
အစိမ်းရောင်မုတ်ဆိတ်နှင့် အကြီးအကဲက ပြောသည်။
သူက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ကျန်းကွမ်ယွမ် ဖြစ်သည်။ ယခု သူက အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိနေပြီး အလွန်အားကောင်းသော ဓားတာအိုကို ပိုင်ဆိုင်ထားသည်။
သို့တိုင် ရှေးဦးကောင်းကင်ဘုံမြေမှ ကောင်းကင်နင်းခြေအင်မော်တယ်ဘုရင် ဟွမ်ခြောက်နှင့် သူရင်ဆိုင်ရသည့်အခါ တစ်ဖက်လူကို ညီအကိုဟုသာ သတ်မှတ်နိုင်သည်။
ခွန်အားက အလွန်အရေးပါသည်။
ကျန်းကွမ်ယွမ်သည် မိုးနတ်သမီးနယ်မြေထဲ၌ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ဖြင့် စောစီးစွာ ရင်းနှီးကျွမ်းဝင်ခဲ့သည်။ ထို့ကြောင့် ဟင်းလင်းပြင်ထဲမှ ပုံရိပ်က နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ဖြစ်ကြောင်း သူမှတ်မိသွားသည်။
“ ငါ့အဖေက နတ်ဘုရားသတ်ဖြတ်ခြင်းအကြီးအကဲကို သေချာပေါက် မှတ်မိလိမ့်မယ် ”
ဟွမ်ကျစ်ဟူက အကူအညီမဲ့သော အမူအရာဖြင့် ခေါင်းခါလိုက်သည်။
“ နတ်ဘုရားသတ်ဖြတ်ခြင်းအကြီးအကဲ ပြန်ရောက်လာရင် ငါ့မွေးစားအဖေလည်း ပြန်ရောက်လာလိမ့်မယ်ဆိုတာ သူသိတယ်… အဲ့ဒါက တမင်ခွန်အားပြနေတာပဲ ”
ယခု ဟွမ်ကျန်းရှုံး၏ ခွန်အားပြမှုက အတော်လေး ကြောက်စရာကောင်းသည်။ သူက ငရဲမြစ်ထဲမှာ ပေတစ်ထောင်ရှည်လျားသော အင်မော်တယ်ဘုရင်ခန္ဓာကိုယ်ကို သန့်စင်နိုင်ခဲ့ပြီး လက်ရှစ်ဖက်မိစ္ဆာနတ်ဘုရားအဖြစ် အသွင်ပြောင်းလဲနိုင်သည်။
ထိုသို့တိုက်ပွဲစွမ်းအားကြောင့် သူက ရှေးဦးကောင်းကင်ဘုံမြေထဲမှာ အထိန်းအချုပ်မဲ့စွာ လှည့်ပတ်သွားလာနိုင်ခဲ့သည်။
“ ဗုန်း ”
လက်ရှစ်ဖက်မိစ္ဆာနတ်ဘုရား၏ လက်ထဲမှ လှံရှည်က သုံးပေရှည်လျားသော ရွှေရောင်ဓားတစ်လက်ဖြင့် တားဆီးခံလိုက်ရသည်။
ထို့နောက် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ဓားကို ပင့်မြှောက်လိုက်သည့်အခါ လက်ရှစ်ဖက်မိစ္ဆာနတ်ဘုရား၏ လက်များထဲမှ တခြားလက်နက်များက အဝေးသို့ လွင့်စင်သွားကြသည်။
အံ့ဖွယ်ကိုးပါးမြို့ပေါ်တွင် ရွှေရောင်ဓားအလင်း ဝင်းလက်သွားသည့်အခါ ဟွမ်ခြောက်တစ်ဖြစ်လဲ ကောင်းကင်နင်းခြေအင်မော်တယ်ဘုရင်က ဓားတစ်လက်ကြောင့် အဝေးသို့ လွင့်စင်သွားကြောင်း လူတိုင်း မြင်တွေ့သွားကြသည်။
ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ ဟွမ်ခြောက်က အနောက်သို့ လွင့်စင်သွားပြီး ပေတစ်သိန်းအကွာမှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူက ခပ်အုပ်အုပ် ညည်းညူလိုက်ရသည်။
“ ယီး… မင်းက ဘာလို့ အဲ့လောက်တောင် သန်မာလာတာလဲ ”
ဟွမ်ခြောက်၏ မိစ္ဆာနတ်ဘုရားခန္ဓာကိုယ်က လွင့်ပြယ်သွားသည်။ သူက ဝှစ်ခနဲ ပျောက်ကွယ်သွားပြီး နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ ဘေးမှာ ပြန်ပေါ်လာသည်။ သူ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နှက်နေသည်။
ထိုသို့စွမ်းအားက သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ပင် ထိုမျှအစွမ်းထက်သည်ဆိုလျှင် ယခု ဟန်မူယဲ့က မည်မျှသန်မာနေမည်နည်း။
“ လျှောက်ရှာမနေနဲ့… ကောင်လေးဟန်မှာ လုပ်စရာကိစ္စတွေ ရှိသေးတယ် ”
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က သတ္ထုချင်းပွတ်တိုက်သော အသံဖြင့် ပြောသည်။
၎င်းက ဝှစ်ခနဲ ရွေ့လျားလိုက်ပြီး မြို့ရိုးပေါ်သို့ ဆင်းသက်သွားသည်။
ဟွမ်ခြောက်က တဒင်္ဂ မင်သက်သွားသည်။ ထို့နောက် သူက အနောက်မှ အမြန်လိုက်သွားသည်။
“ အဲ့ဒီကောင်စုတ်လေးက ပြန်မလာဘူးလား ”
သူက အဝေးသို့ လှမ်းကြည့်လိုက်သည်။
“ သူမရှိဘဲ အံ့ဖွယ်ကိုးပါးမြို့က ဘယ်လိုလုပ် ဆက်ပြီးတောင့်ခံနိုင်မှာလဲ ”
အဝေးတွင် အင်မော်တယ်အလင်းများနှင့် နတ်ဘုရားအလင်းများက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားနေသည်။ ယင်းက အစွမ်းထက်ကျွမ်းကျင်သူများ ရောက်ရှိလာပြီဟူသော သတိပေးမှု ဖြစ်သည်။
သူတို့က အံ့ဖွယ်ကိုးပါးမြို့ကို အမြစ်ဖြတ်သုတ်သင်ရန် ရောက်ရှိလာကြသော ဘုံကိုးဘုံမဟာမိတ်မှ ကျွမ်းကျင်သူများ ဖြစ်ကြသည်။
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ဟွမ်ခြောက်ကို စကားပြန်မပြောပေ။ ယင်းအစား ၎င်းက ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်လိုက်ပြီး ဟွမ်ကျစ်ဟူထံသို့ ပေးလိုက်သည်။
ဟွမ်ကျစ်ဟူက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကျောက်စိမ်းသေတ္တာကို ယူဆောင်လိုက်သည်။ ထို့နောက် သူက နူးညံ့စွာ ပြောသည်။
“ ကျေးဇူးတင်ပါတယ် နတ်ဘုရားသတ်ဖြတ်ခြင်းအကြီးအကဲ ”
ဟွမ်ကျစ်ဟူက ဟန်မူယဲ့၏ မွေးစားသမီးဖြစ်ပြီး ထျန်ရွှမ်းကမ္ဘာ၊ အင်မော်တယ်ရင်းမြစ်ကမ္ဘာနှင့် မိုးနတ်သမီးနယ်မြေထဲမှ အင်အားစုအသီးသီးတွင် ဟန်မူယဲ့ကို ကိုယ်စားပြုသည်။
အင်အားစုအသီးသီးအပေါ် လွှမ်းမိုးမှုနှင့် ထိန်းချုပ်နိုင်မှုတွင် ဟန်မူယဲ့၏ တာအိုလက်တွဲဖော်ဖြစ်သော ညီမမူဝမ်သည်ပင် ဟွမ်ကျစ်ဟူကဲ့သို့ ဩဇာအာဏာမရှိပေ။
ယင်းမှာ ဟန်မူယဲ့က ညီမမူဝမ်အပေါ် မယုံကြည်သောကြောင့် မဟုတ်ပေ။ ယင်းအစား ညီမမူဝမ်က အာခီမီပညာတွင်သာ စိတ်နှစ်ထားပြီး တခြားကိစ္စများကို စိတ်မဝင်စားသောကြောင့် ဖြစ်သည်။
ဟွမ်ကျစ်ဟူသာလျှင် ဟန်မူယဲ့၏ ကိုယ်တိုင်သင်ကြားပြသပေးမှုကို ရရှိခဲ့သည်။
ဟန်မူယဲ့မရှိသည့်အချိန်မှာ အရင်းအမြစ်အားလုံးနှင့် အင်အားစုအားလုံးကို ဟွမ်ကျစ်ဟူက ထိန်းချုပ်လိမ့်မည်။
ဟွမ်ခြောက်က ရှေးဦးကောင်းကင်ဘုံမြေထဲမှာ ထိုကိစ္စနှင့်ပတ်သက်၍ မကြာခဏ စောဒက တတ်ခဲ့သည်။ သူ၏ ချစ်လှစွာသော သမီးက ကောင်းကင်နင်းခြေအင်မော်တယ်ဘုရင်ဖြစ်သော သူ့ထက် ပိုပြီးကြွယ်ဝချမ်းသာပြီး ဂုဏ်သတင်းကျော်ဇောနေခြင်းကို သူသဘောမကျပေ။
ဟွမ်ကျစ်ဟူက သိုလှောင်နေရာအများကြီး ပါဝင်သော ကျောက်စိမ်းသေတ္တာကို ဂရုတစိုက် ဖွင့်လိုက်သည်။
သေတ္တာအတွင်းဝယ် သတ္ထုပစ္စည်းအမျိုးမျိုးကို သိမ်းဆည်းထားသည်။ ထိုထဲမှာ…
ကမ္ဘာဦးအဆင့် စစ်ချပ်ဝတ်က အပိုင်းအစတစ်ထောင်ရှိသည်။
နတ်ဘုရားအဆင့်နှင့် သူတော်စင်အဆင့် စစ်ပွဲရုပ်သေးရုပ်များနှင့် ချပ်ဝတ်များက အပိုင်းအစသုံးသိန်းရှိသည်။
အဆင့်ရှစ်နှင့် အဆင့်ကိုးအတွက်တော့ အပိုင်းအစသုံးသန်းရှိသည်။
ထိပ်တန်းအဆင့်အတွက်တော့ ကမ္ဘာဦးအဆင့် ပေါင်းစပ်ရုပ်သေးရုပ်များနှင့် စကြာဝဠာအဆင့် ရတနာများက စုစုပေါင်း ဆယ်ခုရှိသည်။
ထိုရတနာများအပြင် နတ်သားရဲများ၏ ခန္ဓာကိုယ်များ၊ ဝိညာဉ်သတ္ထုများနှင့် ဝိညာဉ်ဆေးပင်များက သန်းနှင့်ချီရှိသည်။
ထိုကျောက်စိမ်းသေတ္တာထဲမှ ရတနာများက ဟန်မူယဲ့ပိုင်ဆိုင်သော ကြွယ်ဝချမ်းသာမှု၏ နှစ်ဆယ်ရာခိုင်နှုန်း ဖြစ်သည်။
ထိုရတနာများက စကြာဝဠာနယ်မြေထဲမှ မိသားစုကြီးခုနစ်ခုအောက် တစ်ဆင့်နိမ့်သော အင်အားစုတစ်ခု၏ အမွေအနှစ်နှင့် နှိုင်းယှဉ်နိုင်သည်။
အရေးကြီးဆုံးမှာ ထိုသေတ္တာထဲတွင် ရွှေရောင်နန်းတော်တစ်ခု ရှိသည်။
ယင်းက နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ ကုန်သွယ်ရေးခန်းမ ဖြစ်သည်။
ချူးကျန်းကျားက ကောင်းကင်အံ့ဖွယ်လေဟာနယ်ကို ထိန်းချုပ်ထားလေရာ ပိုင်ရှင်မဲ့နေသော ကုန်သွယ်ရေးခန်းမများကို ရှာဖွေရန် အလွန်လွယ်ကူသွားသည်။
ဟန်မူယဲ့က ပိုင်ရှင်မဲ့နေသော ခန်းမရှစ်ခုကို တိတ်တဆိတ် ရှာဖွေစုဆောင်းခဲ့သည်။
အကယ်၍ ရှေးဦးကောင်းကင်ဘုံမြေမှ အံ့ဖွယ်ကိုးပါးမြို့ထဲမှာ ထိုသို့ခန်းမရှိမည်ဆိုလျှင် သူတို့က တခြားကုန်သွယ်ရေးခန်းမများဖြင့် တိတ်တဆိတ် ကုန်သွယ်နိုင်လိမ့်မည်။
လောကတစ်သောင်းက အတူတကွ ပေါင်းစည်းသွားနေစဉ် အစွမ်းထက် ကျွမ်းကျင်သူများက ကြုံရာကျပန်း ထွက်သွားကြလိမ့်မည်။ သို့ဖြစ်၍ ကျန်ရှိမည့် ကျင့်ကြံသူများက သူတို့၏ နယ်မြေကို ကာကွယ်စောင့်ရှောက်နိုင်ကြလိမ့်မည် မဟုတ်ချေ။
အကယ်၍ အံ့ဖွယ်ကိုးပါးမြို့ထဲမှာ စစ်ပွဲရုပ်သေးရုပ်များနှင့် ကုန်သွယ်ရေးခန်းမတစ်ခုရှိမည်ဆိုလျှင် အခြေခံအုတ်မြစ် ပြတ်တောက်သွားမည်ကို သူတို့စိုးရိမ်စရာမလိုတော့ပေ။
“ ဝီး ”
အဝေးတွင် ရွှေရောင်အလင်းတန်းများက အံ့ဖွယ်ကိုးပါးမြို့ဆီသို့ ကောင်းကင်ယံမှ ကျဆင်းလာနေကြသည်။
ယင်းတို့က ပေသုံးဆယ်ရှည်လျားသော ရွှေရောင်မျှားများ ဖြစ်ကြသည်။
သူတို့က မည်သည့်စကားမှမဆိုဘဲ တိုက်ရိုက် တိုက်ခိုက်လိုက်ကြသည်။
ဘုံကိုးဘုံမဟာမိတ်က ရှေးဦးကောင်းကင်ဘုံမြေတစ်ခုလုံးကို သူတို့၏ လက်အောက်ခံအဖြစ် သိမ်းသွင်းရန် ခွန်အားပြချင်နေကြောင်း ထင်ရှားပေသည်။
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ခေါင်းလှည့်လိုက်သည်။ ၎င်း၏ မျက်လုံးထဲမှာ ရွှေရောင်အလင်း ထွက်ပေါ်လာသည်။
အလွန်အားကောင်းသော စွမ်းအားက ၎င်း၏ ခန္ဓာကိုယ်ထဲမှ အထိန်းအချုပ်မဲ့စွာ ပေါ်လျှိုးလာသည်။
ထိုစွမ်းအားက မျက်တောင်တစ်ခတ်အတွင်းမှာ အချင်းမိုင်တစ်သောင်းအတွင်း ပေါက်ကွဲသွားသည်။ ထို့နောက် စွမ်းအားက ဆက်လက်ပျံ့နှံ့သွားပြီး အချင်းမိုင်တစ်သိန်း၊ အချင်းမိုင်တစ်သန်း၊ အချင်းမိုင်ဆယ်သန်း အစရှိသဖြင့် ကျယ်ပြန့်သွားသည်။
နောက်ဆုံးမှာ အချင်းမိုင်သန်းတစ်ထောင်ထိ ရောက်ရှိသွားသည်။
“ ရေမှင်စာ… ငါလာပြီ… ”
၎င်းက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။
၎င်းက ရေမှင်စာကို နောက်တစ်ကြိမ် မြင်တွေ့ချင်သောကြောင့် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ထိုစွမ်းအားက အချင်းမိုင်သန်းတစ်ထောင်ကို ဖုံးလွှမ်းသွားသည့်အခါ အံ့ဖွယ်ကိုးပါးမြို့နှင့် မိုင်ပေါင်းသန်းသုံးဆယ်ကွာဝေးသော တောင်စခန်းတစ်ခုပေါ်တွင် ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားပြီး မျောက်မျက်နှာရှိသော ပုံရိပ်တစ်ခုက အပြင်သို့ ထွက်လျှောက်လာသည်။
“ နတ်ဘုရားသတ်ဖြတ်ခြင်းလား ”
ရေမှင်စာက ၎င်း၏ လက်ထဲမှ တုတ်ကို တင်းကျပ်စွာ ဆုပ်လိုက်သည်နှင့် ၎င်း၏ အမူအရာက ပြောင်းလဲသွားသည်။ အသွင်သဏ္ဍာန်မတူသော မိစ္ဆာအများအပြားက ၎င်း၏ အနောက်မှ ခုန်ထွက်လာကြသည်။ ဤအခိုက်အတန့်မှာ ၎င်းတို့အားလုံး၏ မျက်နှာက တည်ကြည်လေးနက်နေသည်။
“ အကိုကြီး… အဝေးက လာတဲ့ အဲ့ဒီစွမ်းအားက မင်းနဲ့ ဇစ်မြစ်တူတယ်လို့ ဘာလို့ ငါခံစားမိတာလဲ ”
“ အဲ့ဒါက ဇစ်မြစ်တူညီတယ်… ဒါပေမဲ့ စွမ်းအင်ပမာဏချင်းယှဉ်မယ်ဆိုရင် အဲ့ဒါက အကိုကြီးထက် အဆတစ်သောင်း ပိုအားကောင်းနေတယ် မဟုတ်ဘူးလား… ဖြစ်နိုင်တာက အဲ့ဒါက အကိုကြီးရဲ့ ဘိုးဘေးတစ်ယောက်ဆီကနေ ပျံ့လွင့်လာတာများလား ”
“ အကိုကြီးက ထူးခြားတယ်ဆိုတာ ငါသိတယ်… တကယ်ပဲ ငါတို့အကိုကြီးရဲ့ မိသားစုထဲမှာ မိုင်ပေါင်းသန်းတစ်ထောင်အထိ စွမ်းအင်ထုတ်လွှတ်နိုင်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ရှိနေတာပဲ… အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ပါးတောင် အဲ့ဒီလိုမလုပ်နိုင်လောက်ဘူးမလား ”
ရေမှင်စာက ၎င်း၏ လက်ထဲမှ တုတ်ကို ဝှေ့ယမ်းလိုက်သည့်အခါ ၎င်းကို မြှောက်ပင့်ပြောနေကြသော ထိုမိစ္ဆာအားလုံး ငြိမ်ကုပ်သွားကြသည်။
“ နားငြီးတယ် ”
ရေမှင်စာက တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် ၎င်းက ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ပြီး နေရာမှ ပျောက်ကွယ်သွားသည်။
အတိတ်မှာ ၎င်းချန်ထားခဲ့သော အကြွင်းအကျန်ဝိညာဉ်က ထိုမျှအစွမ်းထက်သော တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မည်ဟု ၎င်းမမျှော်လင့်ထားပေ။ ၎င်းကိုယ်တိုင်သည်ပင် အင်မော်တယ်ဘုရင်အဆင့်သို့ မရောက်ရှိသေးပေ။
ရေမှင်စာက ခံပြင်းဒေါသထွက်သွားပြီး ၎င်း၏ အရှေ့မှ ကျောက်တုံးစားပွဲကို ကန်ကျောက်လိုက်သည်။ စားပွဲက အပိုင်းပိုင်းအစစ ကွဲကြေသွားသည်။
“ နေနှင့်ဦးပေါ့ကွာ… လောကတစ်သောင်းယှဉ်ပြိုင်ပွဲ စတင်တဲ့အခါကျရင် ငါက ဒီလောကရဲ့ အသန်မာဆုံး နတ်သားရဲ ဖြစ်လာရမယ် ”
…..