← Chapters

အခန်း (၁၄၄၀)

Vol. 103 Ch. 1440

အခန်း (၁၄၄၀)

Vol. 103 Ch. 1440

ဘုံကိုးဘုံမဟာမိတ်၏ တိုက်ခိုက်မှုက ရုတ်ချည်း ရပ်တန့်သွားသည်။

ကျင့်ကြံသူငါးသန်းပါဝင်သော စစ်တပ်က ချက်ချင်း ပြိုကွဲသွားသည်။

အံ့ဖွယ်ကိုးပါးမြို့ကို အထွတ်အထိပ် ကျွမ်းကျင်ပညာရှင်တစ်ဦးက ကာကွယ်စောင့်ကြပ်ပေးနေလေရာ အကယ်၍ ယင်းက ကျင့်ကြံသူဆယ်သန်းပါဝင်သော စစ်တပ်ဖြစ်နေလျှင်ပင် အချည်းနှီးသာ ဖြစ်လိမ့်မည်။ ယင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေသော တာဝန်တစ်ခုနှင့် မခြားပေ။

သို့တိုင် ဘုံကိုးဘုံမဟာမိတ်က ထိုအတိုင်း လွယ်လွယ်လက်မလျော့နိုင်ပေ။

သူတို့၏ အမြင်အရ လောကတစ်သောင်း ပေါင်းစည်းသွားသည့်အခါ ယင်းက အစွမ်းထက် ကျွမ်းကျင်သူများကို အံ့ဖွယ်ကိုးပါးမြို့အား တိုက်ခိုက်ရန် ဆွဲဆောင်သွားလိမ့်မည်။

အံ့ဖွယ်ကိုးပါးမြို့က ဤလောက၌ ဘုံကိုးဘုံမဟာမိတ်၏ အခြေခံအုတ်မြစ် ဖြစ်လာရမည်။

အဘယ့်ကြောင့်ဆိုသော် လောကတစ်သောင်း ပေါင်းစည်းသွားသည့်အခါ အစွမ်းထက် ကျွမ်းကျင်သူများက အဆင့်တူသော တည်ရှိမှုများ နေထိုင်ကြသည့် နယ်မြေများဆီသို့ တိုက်ရိုက် ရွှေ့ပြောင်းသွားကြလိမ့်မည်။

တစ်နည်းဆိုရသော် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က အံ့ဖွယ်ကိုးပါးမြို့ထဲမှာ အမြဲတမ်း မနေနိုင်ပေ။

သို့ဖြစ်၍ သူတို့က စောင့်ဆိုင်းရန် ရွေးချယ်လိုက်ကြသည်။

သူတို့က အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေကြသည်။

အံ့ဖွယ်ကိုးပါးမြို့ထဲတွင်တော့…

ဟွမ်ကျစ်ဟူ၏ ညွှန်ကြားမှုအောက်မှာ တိုက်ရိုက်မျိုးဆက်မှ ဓားကျင့်ကြံသူများက တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားကြသည်။

ဂိုဏ်းချုပ်တောက်ရန်ဖြစ်စေ သို့မဟုတ် ကောင်းချန်ကုန်းနှင့် တခြားလူများဖြစ်စေ သူတို့က စစ်ပွဲရုပ်သေးရုပ်နှင့် အနက်ရောင်ချပ်ဝတ်ကို ရရှိသွားပြီးနောက် ၎င်းတို့နှင့် အကျွမ်းတဝင်ရှိရန် တံခါးပိတ်ကျင့်ကြံခြင်းကို စတင်လိုက်ကြသည်။

သူတို့ကျင့်ကြံသည်မှာ ကြယ်စင်စုစကြာဝဠာ၏ ထိန်းချုပ်မှုနည်းလမ်းများ မဟုတ်ပေ။ ယင်းအစား မူလစကြာဝဠာနှင့် လိုက်လျောညီထွေသော ထိန်းချုပ်မှုနည်းလမ်းများ ဖြစ်သည်။

ယင်းက လူသားနှင့် လက်နက် တစ်သားတည်း ပေါင်းစပ်နိုင်သော နည်းလမ်း ဖြစ်သည်။

“ ဦးလေးလင်းရွှမ်း… ဒီဟာက ရှင့်ကို မွေးစားအဖေ ပေးခိုင်းလိုက်တဲ့ဟာပါ ”

ဟွမ်ကျစ်ဟူက ခန်းဆောင်တစ်ခု၏ အရှေ့သို့ ရောက်ရှိသွားသည့်အခါ ခန်းဆောင်ထဲ၌ တင်ပျဉ်ခွေထိုင်နေသော ဧရာမပုံရိပ်ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။ ထိုပုံရိပ်က မီတာသုံးဆယ်ခန့် ရှည်လျားသည်။

ထိုသူက ဟန်မူယဲ့ထံ အသက်အပ်နှင်းထားသော ဆင်သားရဲကလန်မှ ရှန့်လင်းရွှမ်း ဖြစ်သည်။

သူက သတ်ဖြတ်ရန် ဆန္ဒမရှိသော ဆင်သားရဲမျိုးနွယ်ဝင်တစ်ဦးဖြစ်သော်လည်း ရွေးချယ်စရာမရှိသည့်အဆုံး အမွှာဓားနှစ်လက်ကို ကိုင်ဆောင်ခဲ့ရသည်။

ရှန့်လင်းရွှမ်းက ထွားကြိုင်းသန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ရွှေရောင်ဖျော့ဖျော့အလင်းက သူ့ထံမှ ထုတ်လွှတ်နေသည်။ သူက မတ်တတ်ရပ်လိုက်ပြီး ဟွမ်ကျစ်ဟူ၏ လက်ထဲမှ ရွှေရောင်ကျောက်စိမ်းသေတ္တာကို ကြည့်လိုက်သည်။

“ ဝီး ”

ရွှေရောင်စစ်ပွဲဆင်သားရဲပုံရိပ်က သေတ္တာထဲမှ ထွက်ပေါ်လာသည်။

၎င်းက ကောင်းကင်ထမ်းဆင် ဖြစ်သည်။

ယင်းက နတ်သားရဲ၏ ရုပ်ခန္ဓာကိုယ် ဖြစ်သည်။

“ စီနီယာအကိုဟန်က ငါ့အတွက် နတ်သားရဲတစ်ကောင်ရဲ့ ခန္ဓာကိုယ်ကို ပေးလိုက်တာလား ”

ရှန့်လင်းရွှမ်း၏ မျက်လုံးက ဝင်းလက်သွားသည်။

သူ၏ ကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းအားက ဘိုးဘေးနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယင်းက သူ့မျိုးနွယ်၏ အသန်မာဆုံးစွမ်းအား ဖြစ်သည်။

သို့သော်လည်း ကျင့်ကြံခြင်းအဆင့်အရ ယင်းက အင်မော်တယ်အရှင်သခင်အဆင့်မျှသာ ဖြစ်၏။ သို့ဖြစ်၍ အင်မော်တယ်ဘုရင်အဆင့်သို့ သူတတ်လှမ်းနိုင်ရန် အခွင့်အရေးက အလွန်နည်းပါးသည်။

သို့သော် ယခု သူ့မှာ နတ်သားရဲတစ်ကောင်၏ ခန္ဓာကိုယ်ရှိသွားလေပြီ။ ယင်းကို အောင်မြင်စွာ သူသန့်စင်နိုင်သည်နှင့် သူက နတ်သားရဲတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားပြီး အင်မော်တယ်ဘုရင်အဆင့်သို့ အမှန်တကယ် ခြေချနိုင်သွားလိမ့်မည်။

ထို့ပြင် အင်မော်တယ်ဘုရင်အဆင့်က သူ့အတွက် အကန့်အသတ် မဟုတ်သေးပေ။ သူက ယင်းကိုပင် ကျော်လွန်သွားလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် ၎င်းက ကောင်းကင်ထမ်းဆင်သားရဲ ဖြစ်သည်။ ၎င်းက ဆင်သားရဲကလန်၏ ရှေးဟောင်းဘိုးဘေးများအနက် တစ်ကောင်ဖြစ်သည်။

ကောင်းကင်ထမ်းဆင်၏ ခန္ဓာကိုယ်ပေါ်သို့ လက်တင်လိုက်ပြီးနောက် ရှန့်လင်းရွှမ်းက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

“ ဘိုးဘေး ကောင်းကောင်းမွန်မွန် အနားယူပါ… ဘာမှမစိုးရိမ်ပါနဲ့… ဆင်သားရဲကလန်ရဲ့ ဂုဏ်ကျက်သရေကို တဖန်ပြန်ထွန်းတောက်လာအောင် ကျွန်တော် ဆောင်ရွက်ပါ့မယ်… ကျွန်တော် အသက်ရှင်နေသေးသရွေ့ ကျွန်တော်တို့မျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေက အချိန်မြစ်ထဲမှာ ဘယ်တော့မှ မနစ်မြုပ်သွားရဘူး ”

…..

ခွန်းဝူ… ။

ယင်းက ကမ္ဘာဦးသားရဲများ၏ နောက်ဆုံးအမွေအနှစ်ဖြစ်ပြီး မဟာတောရိုင်းမြေ၏ အကြွင်းအကျန် ဖြစ်သည်။

ဤနေရာက နတ်သားရဲများ၏ နောက်ဆုံးဇာတိမြေလည်း ဖြစ်သည်။

“ ဒီတော့… အဲ့ဒါက ခွန်းဝူကို… ”

ထိုက်ယင်က နူးညံ့စွာ တီးတိုးရေရွတ်လိုက်ပြီး သူ့အရှေ့မှ အလွန်ကျယ်ပြောသော နယ်မြေကို ကြည့်လိုက်သည်။

သူ့အနောက်မှ နတ်သားရဲများ၏ အမူအရာသည်လည်း စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့က မည်သည့်စကားမှမဆိုဘဲ အရှေ့သို့သာ တိတ်တဆိတ် ကြည့်နေကြသည်။

ဤနေရာမှာ ရှေးဟောင်းအငွေ့အသက်များ ကိန်းအောင်းနေသော်လည်း စွမ်းအားချင်းနှိုင်းယှဉ်မည်ဆိုလျှင် ယင်းက စကြာဝဠာနယ်မြေမှ တောရိုင်းမြေထက် အများကြီး နိမ့်ကျသည်။

သို့တိုင် ဤနေရာသို့ ရောက်လာသည့်အခါ ၎င်းတို့အားလုံး ရင်းနှီးကျွမ်းဝင်မှုကို ခံစားမိကြသည်။

ယင်းက ဇာတိမြေ၏ ချစ်ခင်နှစ်သက်မှု ဖြစ်သည်။

“ ရောင်းရင်းတို့… ကျုပ်မှာ လုပ်ဆောင်ရမယ့် ကိစ္စတချို့ရှိနေသေးလို့ ကျုပ်ကို အရင်ဆုံး ထွက်ခွာခွင့်ပြုပါ ”

ဟန်မူယဲ့က စကားပြောရင်း ထိုက်ယင်နှင့် သူ့အနောက်မှ နတ်သားရဲများကို ကြည့်လိုက်သည်။

ထိုက်ယင်က ခေါင်းညိတ်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ အခုကစပြီး ခွန်းဝူမှာ ငါတို့နေထိုင်မယ်… ပျောက်ဆုံးသွားတဲ့ အမွေအနှစ်တွေကို ငါတို့ပြန်ဆက်မယ်… ခွန်းဝူကို အတိတ်တုန်းကလို တဖန်ဖွင့်ဖြိုးတိုးတတ်လာအောင် ငါတို့လုပ်ဆောင်မယ် ”

ထိုက်ယင်သည် ကမ္ဘာဦးသားရဲများ၏ အုပ်ချုပ်သူငါးပါးထဲမှ တစ်ပါးဖြစ်သည်။ သို့ဖြစ်၍ ယခု သူက ခွန်းဝူ၏ အလွန်ဆိုးဝါးသော အခြေအနေကို မျက်မြင်တွေ့သွားသောအခါ ဝမ်းနည်းသွားပြီး စိတ်မကောင်းဖြစ်သွားသည်။ ယင်းက အပြင်လူများ နားလည်နိုင်သောအရာ မဟုတ်ပေ။

တခြားနတ်သားရဲများက ခေါင်းမော့လိုက်ကြပြီး မိုးကောင်းကင်အလွန်ကို စိုက်ကြည့်လိုက်ကြသည်။

ထိုနေရာတွင် လက်လေးဖက်နှင့် မျက်လုံးသုံးလုံးရှိသော အတောင်ပံပါသားရဲများက အရှေ့သို့ ချီတတ်လာနေကြကြောင်း ၎င်းတို့ မသဲမကွဲ မြင်လိုက်ကြသည်။

ကန်အန်းမျိုးနွယ်… ။

ဟန်မူယဲ့က နောက်ထပ် ဆက်မနေတော့ဘဲ ဓားအလင်းတန်းအသွင် ပြောင်းလဲသွားပြီး နေရာမှ ဝှစ်ခနဲ ပျောက်ကွယ်သွားသည်။

အတိတ်တွင် ခွန်းဝူနယ်မြေထဲမှာ သူက မြေတီကောင်ခန္ဓာကိုယ်မှ ဝိညာဉ်သက်ရှိအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး မိုးပြာနဂါးလောကထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။ ထိုနေရာမှာ သူက ပဉ္စမအဆင့် အစစ်အမှန်ဝိညာဉ် ဖြစ်လာခဲ့သည်။

အစစ်အမှန်ဝိညာဉ်၏ ပဉ္စမမြောက်အသွင်ပြောင်းလဲမှုက အင်မော်တယ်ဘုရင်အဆင့် တိုက်ပွဲစွမ်းအားထက် ကျော်လွန်နေသည်။

သို့သော်လည်း ယင်းက ခွန်းဝူသို့ ဝင်ရောက်ခဲ့သော သူ့ဝိညာဉ်၏ စွမ်းအား ဖြစ်သည်။ ယင်းက သူ့ကိုယ်ပိုင်စွမ်းအားဖြင့် ဝင်ရောက်ခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့် ထိုစွမ်းအားက အတုအယောင် ဖြစ်သည်။

သို့သော်လည်း ယခု ဟန်မူယဲ့က ခွန်းဝူဆီသို့ ထပ်မံ ဝင်ရောက်လာသည့်အခါ သူ၏ သွေးမျိုးဆက်က ပရမ်းပတာ လှုပ်ခတ်နေကြောင်း အာရုံခံမိသွားသည်။

“ မင်းမြန်မြန် လုပ်ဆောင်လို့ရမလား… လောကတစ်သောင်းယှဉ်ပြိုင်ပွဲ စတင်တာနဲ့ မင်းအထဲဝင်နိုင်တော့မှာ မဟုတ်ဘူး ”

“ လောကတစ်သောင်း ပေါင်းစည်းသွားတဲ့အခါ အနန္တလောကကောင်းကင်ပုတီးစေ့တွေက မတူညီတဲ့ လောကတွေရဲ့ ပေါင်းစည်းမှုကနေ ဖြစ်ပေါ်လာတဲ့ တကယ့်ရတနာတွေ ဖြစ်တယ်… ကောင်းကင်ပုတီးစေ့တွေက အင်မော်တယ်ဘုရင်အဆင့်အောက်က ကျင့်ကြံသူတွေကို အမြန်အဆင့်တတ်နိုင်ဖို့ ကူညီပေးနိုင်တယ် ”

“ အဲ့ဒါတွေက စကြာဝဠာအသီးသီးရဲ့ ဘုံရတနာလည်း ဟုတ်တယ် ”

ခေးအော့၏ အသံက ပဲ့တင်ထပ်လာပြီး ဟန်မူယဲ့ကို မြန်မြန်လုပ်ဆောင်ရန် တိုက်တွန်းသည်။

အကယ်၍ လောကတစ်သောင်း အမှန်တကယ် ပေါင်းစည်းသွားသည့်အခါကျလျှင် ဟန်မူယဲ့က အထဲသို့ ဝင်ရောက်နိုင်တော့မည် မဟုတ်ချေ။

လောလောဆယ်တွင် ခေးအော့တစ်ကောင်တည်းသာ ဟန်မူယဲ့နောက်သို့ လိုက်ပါလာခဲ့သည်။ ဟောင်ထျန်းရွှေကျီးကန်းသည်တော့ ၎င်းက မဟာရှေးဦးအပျက်အစီးဘုံထဲမှ အပျက်အစီးနယ်မြေဆီသို့ တိတ်တဆိတ် ဦးတည်သွားသည်။ ရွှေကျီးကန်းကလန်က ထိုနေရာမှာ တည်ရှိသည်။

ဟောင်ထျန်းရွှေကျီးကန်းက ၎င်းနှင့်အတူ ရွှေကျီးကန်းအကြီးအကဲ(၉၉)ကောင်ကို ခေါ်ဆောင်သွားခဲ့သည်။ ၎င်းက လူသားကမ္ဘာထဲမှာ ရွှေကျီးကန်းကလန်ကို နောက်တဖန် မြင့်တတ်လာရန် လုပ်ဆောင်ချင်သည်။

ဟန်မူယဲ့က အရှေ့သို့ ကြည့်လိုက်သည်။ အရှိန်အဝါစီးကြောင်းက သူ၏ ဘေးပတ်ပတ်လည်မှာ ပျံဝဲသွားသည့်အခါ အလွန်အားကောင်းသော စွမ်းအားက သူ၏ ကိုယ်တွင်းထဲမှ ပေါ်လျှိုးလာသည်။

မိုးပြာနဂါး… ။

သူက ရှေးဟောင်းနဂါးသားရဲ၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။

မိုးပြာနဂါး၏ စွမ်းအားက သက်ဝင်လှုပ်ရှားလာသည့်အခါ အလွန်ကျယ်လောင်သော မာန်ဖီဟိန်းဟောက်သံက ခွန်းဝူတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

ထို့နောက် ဟန်မူယဲ့၏ ခန္ဓာကိုယ်က ပေသုံးသောင်းရှည်လျားသော နဂါးတစ်ကောင်အသွင် ပြောင်းလဲသွားသည်။ သူက နဂါးခန္ဓာကိုယ်ကို အသုံးပြု၍ အရှိန်မြှင့်တင်လိုက်သည်။

မိုးပြာနဂါး၏ အရှိန်အဝါကို ရင်ဆိုင်ရသောအခါ ခွန်းဝူနယ်မြေထဲမှ နတ်သားရဲများနှင့် သန္ဓေပြောင်းသားရဲများက တုန်လှုပ်ချောက်ချားသွားကြသည်။ ၎င်းတို့က နည်းနည်းလေးမှ မခုခံဝံ့ကြဘဲ အသက်လု၍ ဝရုန်းသုန်းကား ထွက်ပြေးသွားကြသည်။

အစစ်အမှန်ဝိညာဉ်၏ ဆဌမအသွင်ပြောင်းလဲမှု… ။

အစစ်အမှန်ဝိညာဉ်၏ သတ္တမအသွင်ပြောင်းလဲမှု… ။

အစစ်အမှန်ဝိညာဉ်၏ အဌမအသွင်ပြောင်းလဲမှု… ။

ဟန်မူယဲ့၏ ဝိညာဉ်စွမ်းအားက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ တစ်ချိန်တည်းမှာ သူ၏ ဝိညာဉ်စွမ်းအားက ခွန်းဝူ၏ မိုးမြေစွမ်းအားနှင့် ပေါင်းစပ်သွားသည်။ ယင်းက သူ၏ ဝိညာဉ်စွမ်းအားကို ပိုပြီးမြင့်သထက် မြင့်မားသွားစေသည်။

သူ့ဝိညာဉ်၏ စွမ်းအားက အလွန်အားကောင်းသွားလေရာ သူ့ခန္ဓာကိုယ်၏ သွေးနှင့်ချီက ယင်းကို မထိန်းထားနိုင်တော့ပေ။ သို့ဖြစ်၍ သူ၏ ရုပ်ခန္ဓာကိုယ်က ပြိုကွဲပျက်စီးလုနီးပါး အခြေအနေသို့ ကျရောက်သွားသည်။

သွေးရောင်နဂါးမီကျောင်း၏ ခန္ဓာကိုယ်က ထွက်ပေါ်လာသည်။

၎င်းက အုပ်ချုပ်သူတစ်ပါးဖြစ်သော ရှေးဟောင်းနဂါးမီကျောင်း ဖြစ်သည်။

ဟန်မူယဲ့က ကောင်းကင်ဘုံတုန်လှုပ်သွားစေမည့် ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်အပြင်ဘက်တွင် မိုးပြာနဂါးနှင့် နဂါးမီကျောင်း၏ စွမ်းအားက အတူတကွ ပေါင်းစပ်သွားသည်။ ထို့နောက် သူက ခွန်းဝူအတွင်းမှ မိုးထိတောင်တစ်လုံးကို ဦးခေါင်းဖြင့် ဝင်ဆောင့်လိုက်သည်။

တောင်က ပြိုကျပျက်စီးသွားသည့်အခါ တောင်အောက်ခြေတွင် အချင်းပေတစ်သောင်းကျယ်ဝန်းသော ဝင်္ကပါတစ်ခု ထွက်ပေါ်လာသည်။

ဝင်္ကပါက သွေးနီရောင်ဖြစ်ပြီး အလွန်အားကောင်းသော သွေးဆာလောင်မှုကို ထုတ်လွှတ်နေသည်။

ထိုမဟာဝင်္ကပါက မိုင်တစ်သောင်းပတ်လည်အတွင်းမှ ကောင်းကင်နှင့် မြေပြင်၏ မူလစွမ်းအားကို အစဉ်မပြတ် ဆွဲထုတ်နေပြီး လှံရှည်တစ်ချောင်းအတွင်းသို့ သွန်းလောင်းပေးနေသည်။

လှံရှည်က ဧရာမဦးခေါင်းခွံတစ်ခုထဲသို့ ထိုးစိုက်နေသည်။

ယင်းက ဤနေရာမှာ စည်းခတ်ထားသော နဂါးမီကျောင်း၏ ဦးခေါင်းခွံ ဖြစ်သည်။

“ အဲ့ဒါကို မင်းထိလို့မရဘူး ”

အိုမင်းသော အက်ရှရှအသံက ပဲ့တင်ထပ်လာသည်။

ခါးကုန်းအဖိုးအိုတစ်ယောက်က သစ်သားတုတ်ချောင်းနှင့်အတူ ဖြည်းညင်းစွာ ထွက်လျှောက်လာသည်။

အဖိုးအိုက အရှေ့သို့ ခြေလှမ်း လှမ်းလိုက်သည့်အခါ သူ၏ မှေးမှိန်နေသော အရှိန်အဝါက ရုတ်ချည်း သန်မာအားကောင်းလာသည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်က အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသော လူထွားကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။

ဟန်မူယဲ့ အသွင်ပြောင်းလဲထားသော နဂါးမီကျောင်းပုံရိပ်က သူ၏ မျက်လုံးထဲမှာ ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။

ကောင်းကင်ပေါ်ထိ မြှောက်တတ်သွားနေသော သွေးစွမ်းအားက အမြှီးရှည်တစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေပြင်ကို ထောက်ကန်ပေးလိုက်သည်။

“ အတင့်ရဲလိုက်တာ ”

သုံးမီတာရှည်လျားသော လူထွားကြီးက သူ၏ လက်ထဲမှ စစ်ပွဲလှံကို ပစ်လွှတ်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ ခွန်အားက မြစ်တစ်စင်းနှယ် အတားအဆီးမဲ့စွာ ထွက်ပေါ်လာသည်။

စစ်ပွဲရုပ်သေးရုပ်ခန္ဓာကိုယ်… ။

၎င်းက ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ် ဖြစ်သည်။

ဤနေရာကို စောင့်ကြပ်နေသော အစောင့်အရှောက်က သူ၏ ဝိညာဉ်ကို ရုပ်သေးရုပ်ဖြင့် ပေါင်းစပ်ကာ ရုပ်သေးသခင်အသွင်သို့ ပြောင်းလဲလိုက်သည်။

စစ်ပွဲလှံ ပျံသန်းထွက်လာသည်နှင့် ဘေးပတ်ဝန်းကျင်မှ ကောင်းကင်နှင့် မြေပြင်က တုန်ယင်သွားသည်။

ဟန်မူယဲ့က ဖြည်းညင်းစွာ ခေါင်းငုံ့လိုက်သည်။

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်က သူ၏ မျက်လုံးထဲမှာ သာမန်သာ ဖြစ်၏။

နောက်အခိုက်အတန့်မှာ နဂါးမီကျောင်း၏ အမြှီးရှည်က အရှေ့သို့ လွှဲယမ်းသွားသည်။

“ ဝုန်း ”

စစ်ပွဲလှံက တစ်စစီ အက်ကွဲသွားသည်။ တစ်ချိန်တည်းမှာ ရုပ်သေးသခင်၏ ခန္ဓာကိုယ်သည်လည်း အပြင်းအထန် တုန်ယင်သွားသည်။ သူ၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားသည်။

သူက တစ်ချက်ပင် မခုခံနိုင်ပေ။

သူ၏ ခန္ဓာကိုယ်က ထိန်းချုပ်မှုကင်းမဲ့စွာ အနောက်သို့ လွင့်စင်သွားပြီး သွေးနီရောင်ဝင်္ကပါနှင့် ဝင်ဆောင့်သွားသည်။

ထိုအခါ ဝင်္ကပါပေါ်မှ အစီအရင်မျဉ်းကြောင်းများက အသက်ဝင်လာဟန်ရပြီး ရုပ်သေးသခင်၏ ခန္ဓာကိုယ်ကို ရစ်ပတ်လွှမ်းခြုံလိုက်ကြသည်။ ထို့နောက် ယင်းတို့က ရုပ်သေးသခင်ကို ဖြည်းညင်းစွာ စုပ်ယူလိုက်ကြသည်။

ဟန်မူယဲ့က အရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားသည်။ ထိုစဉ် သွေးနီရောင်ဝင်္ကပါပေါ်မှ အစီအရင်မျဉ်းကြောင်းများက အန္တရာယ်ကို ခံစားမိသွားသည့်အလား သွေးနီရောင်စပါးအုံးမြွေများအဖြစ် ဖွဲ့စည်းသွားကြပြီး ဟန်မူယဲ့၏ ဦးခေါင်းကို လှမ်းဟပ်လိုက်ကြသည်။

သို့သော်လည်း ၎င်းတို့အားလုံးက ဟန်မူယဲ့၏ ဘေးပတ်ပတ်လည်မှ နဂါးမီကျောင်းစွမ်းအားကြောင့် အဝေးသို့ တွန်းထုတ်ခံလိုက်ကြရသည်။

ဟန်မူယဲ့က သွေးနီရောင်ဝင်္ကပါပေါ်သို့ ခြေချလိုက်သည်။ ထို့နောက် သူက အရှေ့သို့ ဆက်လျှောက်သွားလေရာ နဂါးမီကျောင်းဦးခေါင်းခွံပေါ်မှ လှံရှည်၏ အရှေ့သို့ ရောက်ရှိသွားသည်။

သူက လှံရှည်ကို လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

တောက်ပသော ရောင်ခြည်စက်ဝန်းတစ်ခုက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

“ ခရမ်းနေမင်းမီးပြင်းဖို ”

“ ကောင်းကင်ရေခဲတူ ”

“ ကောင်းကင်တုန်လှုပ်လေး ”

“ နတ်ဘုရားသတ်လှံ ”

All Chapters