← Chapters

ရှားလော့ခ်၏ ယုံကြည်မှု

Vol. 20 Ch. 287

ရှားလော့ခ်၏ ယုံကြည်မှု

Vol. 20 Ch. 287

အော့ခ်ရွာတွင် တူးဖော် တွေ့ရှိခဲ့သော မိုက်ကယ်အိန်ဂျယ်လို၏ အမွေအနှစ်မှာ လက်တစ်ဖက်က သတ္တုသေတ္တာ တစ်လုံးကို ဆုပ်ကိုင်ထားသော ကြီးမားသည့် ရုပ်တုကြီး တစ်ခု ဖြစ်သည်။

ဆောင်းတောင်ကုန်းမြို့ တပ်ဖွဲ့များ ရွာကို သိမ်းပိုက်ရန် ရောက်ရှိလာသည့် အတွက် ရှားလော့ခ်က ဖိုးဉာဏ်ကျယ်ကို အမွေအနှစ်ကို တူးဖော်ပြီး သယ်ယူပို့ဆောင် ခိုင်းရတော့မည်။

ကံကောင်းစွာဖြင့် အော့ခ်ရွာသည် ဆောင်းတောင်ကုန်းမြို့နှင့် တစ်ရက်ခရီး အကွာအဝေးတွင် ရှိနေ၏။

ရှားလော့ခ်၏ အမိန့်နှင့် ဖိုးဉာဏ်ကျယ်၏ တိုက်တွန်းမှု တို့ကြောင့် ဂိမ်းမာများသည် ရုပ်တုနှင့် သေတ္တာကို မယုံနိုင်လောက်အောင် လျင်မြန်စွာ တူးဖော်နိုင်ခဲ့ကြသည်။ ၎င်းသည် မိုက်ကယ်အိန်ဂျယ်လို၏ အမွေအနှစ် ဖြစ်ကြောင်း သူတို့ သေချာနေ၏၊ အကြောင်းမှာ သေတ္တာသည် မှော်အက္ခရာများဖြင့် ပြည့်နှက်နေပြီး သေတ္တာ၏ တစ်ဖက်တွင် "ကြီးမြတ်သော အောင်နိုင်သူ မိုက်ကယ်အိန်ဂျယ်လို..."ဟု ရှေးဟောင်းစာလုံး အချို့ ရေးသားထားသောကြောင့် ဖြစ်သည်။

သူတို့သည် နေရာရွှေ့ပြောင်း ဝင်ပေါက်ကို အသုံးပြုနိုင်ခြင်း မရှိသည့် အတွက် အော့ခ်လမ်းညွှန်များကို ပိုမိုရှည်လျားသော လမ်းလွှဲလမ်းကြောင်း တစ်ခုသို့ ဦးဆောင်ခိုင်း ခဲ့ကြသည်။ သာမန်လမ်းကြောင်းကို အသုံးပြုရန် ဘေးကင်းလုံခြုံခြင်း မရှိပေ။

ရှားလော့ခ် ယာဉ်တန်းနောက်သို့ လိုက်ပါသွား၏။ ၎င်းသည် မိုက်ကယ်အိန်ဂျယ်လို၏ အမွေအနှစ် ဖြစ်ပြီး ဖိုးဉာဏ်ကျယ်၏ အသိပညာထက် ကျော်လွန်နေသည်။ ထို့အပြင် ဂိမ်းမာများသည် ပြဿနာရှာရသည်ကို နှစ်သက်ကြသည်။ အကယ်၍ သူတို့ ကိစ္စများကို ပျက်စီးအောင် လုပ်ခဲ့ပါက သူက အမွေအနှစ်ကို ရောင်းချနိုင်တော့မည် မဟုတ်ပေ။

သူတို့သည် မတော်တဆမှု တစ်ခု ကြုံတွေ့ခဲ့ကြ၏။

ရှားလော့ခ်က သေတ္တာနှင့် ရုပ်တုကို သယ်ဆောင်ရန် အားကောင်းသော ဂိမ်းမာ ၁၀၀ကို ရွေးချယ်ခဲ့သည်။ ခဏတာ ခရီးသွားပြီးနောက် လျှို့ဝှက် ဆန်းကြယ်သော ကိစ္စ တစ်ခု ဖြစ်ပေါ်ခဲ့၏။

ပထမဆုံးမှာ အစုလိုက် အပြုံလိုက် အဆိပ်သင့်ခြင်း ဖြစ်သည်။ အစားအစာများကို ခွဲခြားမှု မရှိဘဲ စားသုံးသော ဂိမ်းမာများမှ လွဲ၍ အက်ပဲလ် နှင့် အော့ခ်များသည် အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ ဖြစ်ပေါ်ခဲ့ကြသည်။ ဖိုးဉာဏ်ကျယ်ပင်လျှင် အစာအဆိပ်သင့်ခြင်း လက္ခဏာများ ခံစားခဲ့ရ၏။ ဖိုးဉာဏ်ကျယ်က "ကျွန်တော်အများကြီး မစားခဲ့ပါဘူး"ဟု ရှင်းပြခဲ့သည်။

သူတို့သည် အိပ်မပျော်ခြင်း၊ ထိတ်လန့်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကြပ်ခြင်းနှင့် ခြေထောက်နှင့် ခါးနာကျင်ခြင်းတို့ဖြင့်လည်း ဒုက္ခ ရောက်ခဲ့ကြသည်။ ဖိုးဉာဏ်ကျယ်၏ အကူအညီဖြင့် လူတိုင်း နှိပ်နယ်ခြင်းကို သင်ယူခဲ့ကြပြီး အချင်းချင်း နှိပ်နယ် ကူညီခဲ့ကြသည်။ အကျိုးသက်ရောက်မှုမှာ ကောင်းမွန်ခဲ့၏။

"ငါတို့ ကျိန်စာသင့်နေကြတယ်" ဂိမ်းမာတစ်ဦးက ဖိုးဉာဏ်ကျယ်ကို နှိပ်နယ်ပေးနေစဉ် ကံဆိုးမိုးမှောင်ကျပြီး စိုးရိမ်ပူပန်သော လေသံဖြင့် ပြောလိုက်သည်။

ဂိမ်းမာများမှ လွဲ၍ လူတိုင်း စိတ်ဓာတ်ကျနေကြ၏။

"ဘုရားရေ၊ မစင်က အရမ်း လက်တွေ့ကျလွန်းတယ်။ ပုံမှန်အခြေအနေမှာ စွန့်ထုတ်တဲ့ မစင်က ဖျားနာနေချိန်မှာ စွန့်ထုတ်တဲ့ မစင်နဲ့ မတူဘူး။"

"မင်းက လူအ,တစ်ယောက်ပဲ။ ဂိမ်းထဲမှာ မစင်အပြင် တခြားကောင်းတဲ့ အရာတွေ အများကြီး ရှိတယ်။ မင်းက ဘာလို့ အဲ့ဒါကို ဒီလောက် စွဲလမ်းနေရတာလဲ။"

"ငါတို့ ဖျားနာနိုင်ကြတယ်ရော။ ဒါက ရှာဖွေတွေ့ရှိမှု အသစ် တစ်ခုပဲ။"

"ဒီထူးဆန်းတဲ့ တွေ့ဆုံမှု မစ်ရှင်က ဘယ်လောက် ကြာမှာလဲ။ ငါတို့ အမွေအနှစ်ကို သယ်ယူပို့ဆောင်နေတာ ရက်ပေါင်း များစွာ ရှိနေပြီ။"

"ငါ မသိဘူး။"

ဂိမ်းမာများသည် အမွေအနှစ်ကို အစောင့်အရှောက် ပြုနေစဉ် စကားပြောဆို နေကြ၏။ သူတို့က ဒေသခံ အော့ခ်များ၏ စိတ်လှုပ်ရှားမှုကို သက်သာစေရန်လည်း ကူညီခဲ့ကြသည်။

သူတို့က သူတို့၏ ဇာတိမြေကို ပြန်လည် ရယူလိုရုံသာ ဖြစ်သည်။ သူတို့က ဤရှုပ်ထွေးသော ကိစ္စတွင် ပါဝင်ပတ်သက် ရလိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ခဲ့ကြပေ။

ဖိုးဉာဏ်ကျယ် သေတ္တာပေါ်ရှိ မှော်အက္ခရာများကို သုတေသန ပြုလုပ်ရာတွင် အလုပ်များနေ၏။ သူ၏ အသိပညာအားလုံးဖြင့်ပင် သူက မှော်အက္ခရာ မာနာပုံစံကွက်ကို ပယ်ဖျက်နိုင်ခြင်း မရှိခဲ့ပေ။ သူက ၎င်းကို နားလည်နိုင်ခြင်းပင် မရှိခဲ့ပေ။

ရှားလော့ခ် ဖိုးဉာဏ်ကျယ် မှော်အက္ခရာ မာနာပုံစံကွက်ကို လေ့လာနေသည်ကို မတားဆီးခဲ့ပေ။ ရှားလော့ခ်ကလည်း မှော်အက္ခရာများဖြင့် ဖုံးအုပ်ထားသော သေတ္တာကို စိတ်ဝင်စားနေ၏။ ခဏတာ လေ့လာပြီးနောက် သူစိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်။ အပြန်အလှန်အားဖြင့် သူက ရုပ်တုကိုသာ စစ်ဆေးလိုက်၏။

ရုပ်တုမှာ တစ်ခုခု မှားယွင်းနေသလော။ ဖြစ်နိုင်သည်မှာ သေတ္တာပေါ်ရှိ မှော်အက္ခရာများသည် သူတို့ကို လမ်းလွဲစေရန် ဖြစ်နိုင်သလော။

ဖိုးဉာဏ်ကျယ်လည်း ထိုသို့ပင် တွေးထင်ခဲ့သည်။ သူက ရုပ်တုကို စစ်ဆေး ခဲ့သော်လည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့ပေ။

ကြီးမြတ်သော နတ်ဆိုး မိုက်ကယ်အိန်ဂျယ်လို၏ အမွေအနှစ်မှာ အဘယ်အရာဖြစ်သနည်း။

ဖိုးဉာဏ်ကျယ်၏ စိတ်ထဲတွင် မေးခွန်းများ ပြည့်နှက်နေ၏။

...

"အရှင်ရှားလော့ခ်၊ ကျွန်တော် နားမလည်ဘူး။"

ဂိမ်းမာများနှင့် အော့ခ်လမ်းညွှန်များ ကံဆိုးမိုးမှောင် ကျကာ လမ်းမှားနေကြပုံ ရသည့်အခါ ဘရုက ရှားလော့ခ်ကို ပြောလိုက်သည်။ "အရှင်က မှော်အက္ခရာ မာနာပုံစံကွက်ကို သုတေသန ပြုလုပ်ပြီးသား ဖြစ်ရမယ်။ အရှင်က ဘာလို့ သေတ္တာကို မဖွင့်တာလဲ။ အရှင်က မိုက်ကယ်အိန်ဂျယ်လိုရဲ့ အမွေအနှစ်ကို မသိချင်ဘူးလား။ သူတို့က တကယ်ပဲ ကျိန်စာသင့်နေကြတာလား"

"ဒါက ကျိန်စာ တစ်ခုပဲ။ ပြဿနာကြီး တစ်ခု မဟုတ်ဘူး။ ပန်ဒိုရာရဲ့ သေတ္တာ ဇာတ်လမ်းကို ကြားဖူးလား" ရှားလော့ခ်က ပြောလိုက်သည်။

"ဒါက တခြားလောကရဲ့ ဒဏ္ဍာရီ တစ်ခုပါ။ မြေအောက်လောကမှာ ပန်ဒိုရာရဲ့သေတ္တာ ရှိလို့လား" ဘရုက အံ့ဩစွာ မေးလိုက်သည်။

"ဟုတ်တယ်၊ ဒါက အတူတူ နီးပါးပဲ။ ဘေးကင်းလုံခြုံမှု မရှိခင် သေတ္တာကို ဖွင့်တာက ကောင်းတဲ့ အရာလား၊ ဆိုးတဲ့ အရာလားဆိုတာ ဘယ်သူ သိနိုင်မှာလဲ။ ဖွင့်၊မဖွင့်ခင် ငါတို့က အဲ့ဒါကို နားလည်အောင် အရင် လုပ်ရမယ်။"

ရှားလော့ခ် သူ၏ အမြင်ကို ဖော်ပြခဲ့သော်လည်း ဘရုက "အရှင်ရှားလော့ခ်၊ အရှင့်အမြင်အပေါ် အာဝင်ရှရိုဒင်ဂါရဲ့ သီအိုရီကို အသုံးချတာက ပိုသင့်တော်လိမ့်မယ်"ဟု ပြန်လည် ချေပခဲ့သည်။

"အာဝင်ရှရိုဒင်ဂါက ဘယ်သူလဲ။"

"သူက ကြောင်တွေကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ရက်စက်တဲ့ လူတစ်ယောက်ပါ အရှင်ရှားလော့ခ်" ဘရုက ပြောလိုက်သည်။

"အရှင်ရှားလော့ခ်က ဘေးကင်းလုံခြုံတဲ့ နေရာကို ရောက်ရှိသွားတာနဲ့ သေတ္တာကို ဖွင့်မှာလား။ အရှင်မှာ တခြား အစီအစဉ်တွေ ရှိသေးလား။"

ရှားလော့ခ် ခဏရပ်တန့်လိုက်ပြီး ရယ်မောလိုက်သည်။ ထို့နောက် သူက "မင်းက တစ်ခုခု တော့ သိပုံရတယ်"ဟု ပြောလိုက်သည်။

"အဆင်ပြေပါတယ်၊ ကျွန်တော်က နှစ်သောင်းချီတဲ့ အသက် ရှိနေပါပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ မိုက်ကယ်အိန်ဂျယ်လိုက ကျွန်တော့်ရဲ့ ဂျူနီယာပဲ" ဘရုက ဂုဏ်ယူစွာ ပြောလိုက်သည်။

"ကျွန်တော် အရင်က မသေချာဘူး၊ ဒါပေမဲ့ အရှင်ရှားလော့ခ် သေတ္တာဖွင့်တာကို နှောင့်နှေးနေတာ မြင်ရတော့ ကျွန်တော် ပိုပြီး ယုံကြည်မှု ရှိလာတယ်။ အရှင့်ရဲ့ နောက်ဆုံး ခရီးဆုံးက ဘယ်မှာလဲ။"

"ဒါက..." ရှားလော့ခ်က အဝေးရှိ အက်ပဲလ်ကို ကြည့်လိုက်ပြီး "ဒါကြောင့် ငါက အော့ခ်တွေကို အတူခေါ်ဆောင်လာခဲ့တာ"ဟု ပြောလိုက်သည်။

"အာ... ကျွန်တော် နားလည်ပြီ..."

...

အက်ပဲလ် စိတ်မသက်မသာ ဖြစ်နေ၏။ သူ ပါးရိုက်ခံလိုက်ရသလို ခံစားလိုက် ရသည်။

သူငယ်စဉ်ကတည်းက ပတ်ဝန်းကျင်ကို သိကျွမ်းခဲ့သော်လည်း သူ လမ်းမှားခဲ့၏။ သူက အစိမ်းရောင် အသားအရေ ရှိသော သတ္တဝါများနှင့် အရှင်ရှားလော့ခ်၏ ယုံကြည်မှုကို မထိုက်တန်ခဲ့ပေ။

အက်ပဲလ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသော်လည်း ဖော်ရွေသော အရှင်ရှားလော့ခ်က ဂရုမစိုက်ဘဲ သူ့ကိုသာ ဆက်လက် ဦးဆောင်ခိုင်းခဲ့သည်။ ရှားလော့ခ်က "အဆင်ပြေပါတယ် အက်ပဲလ်။ ငါ မင်းကို ယုံကြည်တယ်။ မင်း နေရာကို ရှာတွေ့လိမ့်မယ်"ဟု ပြောလိုက်သည်။

အက်ပဲလ် မျက်ရည်ကျလုနီးပါး ဖြစ်သွား၏။ အရှင်ရှားလော့ခ်... သူ့ အပေါ် ဤမျှ နက်ရှိုင်းသော ယုံကြည်မှု ရှိနေသည်...

အက်ပဲလ် စိတ်တင်းထားပြီး ခရီးဆက်ခဲ့၏။ သူက လူတိုင်းကို ဥမင်လိုဏ်ခေါင်း တစ်ခု၏ အဆုံးသို့ ခေါ်ဆောင်သွားခဲ့မိသည်။

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြစဉ် အက်ပဲလ်ကမူ တုန်လှုပ်သွား၏။ အကြောင်းမှာ... မြေအောက်လောက ဥမင်လိုဏ်ခေါင်းတွင် အဆုံး တစ်ခု ရှိရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။

"ငါတို့ နေရာကို ရောက်ရှိလာကြပြီ" ရှားလော့ခ်က ဥမင်လိုဏ်ခေါင်း၏ အဆုံးကို ကြည့်ရင်း သူ့ ဘာသာသူ တီးတိုး ရေရွတ်လိုက်သည်။

All Chapters