← Chapters

ပျောက်ကွယ်သွားသော ဒန်ဂျင်အရှင်ကြီးကြပ်သူ

Vol. 20 Ch. 288

ပျောက်ကွယ်သွားသော ဒန်ဂျင်အရှင်ကြီးကြပ်သူ

Vol. 20 Ch. 288

"မီးမွှေးပြီး အစားအစာတွေ ပြင်ဆင်ကြ။"

"စခန်းချကြစို့။"

"အာ။ ဘာလို့ ငါက အမြဲတမ်း ညဆိုင်း ကျနေရတာလဲ။"

"ညဆိုင်းမစ်ရှင်က မကောင်းဘူးလား။ မင်းက ဆွေးနွေးချက် ဖိုရမ်ကို ကြည့်ရှုပြီး မင်းရဲ့ ဂိမ်းကစားမှု အတွေ့အကြုံကို ကြွားဝါနိုင်တယ်။ ဒါမှမဟုတ် မင်း အိပ်စက်ပြီး နိုးထလာတဲ့ အခါ မင်းရဲ့ ဆုကြေးငွေကို ရယူနိုင်တယ်။ ငါက ညမစ်ရှင် တစ်ခု လိုချင်ခဲ့ပေမယ့် မရခဲ့ဘူး။"

"ငါက စူးစမ်းရှာဖွေဖို့ သွားချင်တယ်။"

ဂိမ်းမာများသည် လမ်းဆုံး တစ်ခုသို့ ရောက်ရှိသွားသည့်အခါ စိတ်လှုပ်ရှားခြင်း မရှိခဲ့ကြသော်လည်း အမ်ပီစီများ၏ ပုံမှန်မဟုတ်သော အပြုအမူကိုမူ သူတို့ သတိပြုမိခဲ့ကြသည်။ အရှင်ရှားလော့ခ် လမ်းဆုံးရှိ ကြီးမားသော နံရံကို နာရီဝက်ခန့် စိုက်ကြည့်နေခဲ့၏။

ရှားလော့ခ်၏ ဘေးတွင် ဖိုးဉာဏ်ကျယ် နံရံကို ဗလာဟင်းလင်း စိုက်ကြည့်နေသည်။

"အရှင်ရှားလော့ခ်။" ဖိုးဉာဏ်ကျယ် နံရံကို မျက်နှာမူထား၏။ ထို့နောက် သူက စဉ်းစား တွေးတောနေသော ရှားလော့ခ်ကို ကြည့်လိုက်ပြီး "အရှင်က အရင်ကတည်းက..."ဟု ပြောလိုက်သည်။

"မမေးနဲ့။ ငါ အရင်ကတည်းက သိပြီးသား ။" ရှားလော့ခ်က ဖိုးဉာဏ်ကျယ်ကို လှည့်ကြည့်လိုက်ပြီး "မင်းက ဆက်လက် သင်ယူရမယ် ဖိုးဉာဏ်ကျယ်။ မင်းရဲ့ စာချုပ်ကို နောက်တစ်နှစ် ထပ်တိုးလိုက်ရင် ဘယ်လိုလဲ"ဟု ပြောလိုက်သည်။

"အရှင်ရှားလော့ခ်၊ ဒါက စာချုပ်ပြဿနာ မဟုတ်ဘူး။ အမွေအနှစ် အတွက်တော့..."

ရှားလော့ခ် ဖိုးဉာဏ်ကျယ်ကို ဖြတ်ပြောလိုက်ပြီး "အမွေအနှစ်လား။ ဘယ်လို အမွေအနှစ်လဲ"ဟု ပြောလိုက်သည်။

"အမ်။"

"အမွေအနှစ်ဆိုတာ မရှိဘူး။ ဒါက ထာဝရတိုင်းပြည်ရဲ့ ဒန်ဂျင်အရှင်ရဲ့ ကိုယ်ပိုင်ပစ္စည်းပဲ" ရှားလော့ခ်က ခိုင်မာစွာ ပြောလိုက်သည်။

"ငါ့ ကိုယ်ပိုင်ပစ္စည်းကို ယူခဲ့။"

ဖိုးဉာဏ်ကျယ်က ဂိမ်းမာများကို ရုပ်တုနှင့် သေတ္တာကို သယ်ယူပို့ဆောင်ခိုင်းလိုက်၏။

ရှားလော့ခ်၏ ညွှန်ကြားမှု အောက်တွင် ဂိမ်းမာများသည် ရုပ်တုနှင့် သေတ္တာကို လမ်းဆုံးရှိ နံရံရှေ့သို့ ရွှေ့ပြောင်း ခဲ့ကြသည်။ သူတို့က ထိုအရာကို ပြီးမြောက်အောင် လုပ်ဆောင်ရန် စွမ်းအင်နှင့် အချိန်များစွာ အသုံးပြုခဲ့ကြသည်။

အက်ပဲလ် ထာဝရတိုင်းပြည်၏ မြို့သားများ အလုပ်လုပ်နေသည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုခဲ့၏။ သူတို့ ဘာလုပ်နေကြသည်ကို သူနားမလည်ခဲ့ပေ။ သူတို့ နောက်ပြန်ဆုတ်သင့်သည် မဟုတ်လော။

"အရှင်ရှားလော့ခ်၊ အရှင်က ဉာဏ်ကြီးရှင် တစ်ယောက်ပဲ။ အော့ခ်တွေက အမွေအနှစ်ကို ရှာဖွေရာမှာ အရေးပါတဲ့ လမ်းညွှန်တွေ ဖြစ်တယ်ဆိုတာ အရှင်က ဘယ်တုန်းက သိရှိခဲ့တာလဲ။ ဒါက ပြီးပြည့်စုံတဲ့ အစီအစဉ် တစ်ခုပဲ။ အော့ခ်တွေက မိုက်ကယ်အိန်ဂျယ်လိုရဲ့ သွေးသားတော်စပ်သူတွေ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။"

ဂိမ်းမာများ ရုပ်တုကို စိုက်ထူရာတွင် အလုပ်များနေစဉ် ဘရုက ရှားလော့ခ်၏ စိတ်ထဲတွင် မရပ်မနား စကားပြောနေ၏။

"သွေးသားတော်စပ်သူတွေလား။ သူက ဘယ်လို မျိုးပွားခဲ့လို့ သူ့ရဲ့ အထက်တန်းစား နတ်ဆိုးသွေးကို အော့ခ်တွေနဲ့ ညစ်ညမ်းစေခဲ့တာလဲ။ ငါ သိသလောက်တော့ မိုက်ကယ်အိန်ဂျယ်လိုက အထက်တန်းစား နတ်ဆိုးတစ်ယောက်ပါဟ။"

ရှားလော့ခ်က "မင်းက လူအတစ်ယောက်လား" ဟူသော လေသံဖြင့် ပြောလိုက်သည်။

"အာ၊ သွေးသားတော်စပ်မှု မဟုတ်ဘူးလား။ ဒါက ကျိုးကြောင်းဆီလျော်မှုနဲ့ မကိုက်ညီဘူး။"

ရှားလော့ခ် ဘရုကို တုံ့ပြန်ခြင်း မရှိခဲ့ပေ။ သူက နံရံရှေ့သို့ လျှောက်သွားပြီး သူ၏ လက်ကို နံရံပေါ် တင်ကာ မန္တာန်ရွတ်ဖတ်နေ၏။

ရှေးဟောင်းနတ်ဆိုး စကားသံလား။

ဖိုးဉာဏ်ကျယ် ရှားလော့ခ်၏ မန္တာန် ရွတ်ဖတ်သံများကို မှတ်မိသော်လည်း သူ အများစုကို နားမလည်ခဲ့ပေ။ ဖိုးဉာဏ်ကျယ်ပင်လျှင် သူ၏ အသိပညာတွင် ကွက်လပ်များ ရှိနေ၏။

ဂိမ်းမာများသည် ‌ေ*ာက်သုံးမကျသော ဂိမ်းထုတ်လုပ်သူအပေါ် သူတို့၏ ချီးကျူး ဂုဏ်ပြုမှုများနှင့် မကျေနပ်ချက်များကို ဖော်ပြနေကြ၏။

ရှားလော့ခ် သူတို့ကို ထိန်းချုပ်ရန် သူ၏ အရှိန်အဝါကို ထုတ်သုံးလိုက်ပြီး သူတို့ ဇာတ်လမ်းပိုင်း အန်နီမေးရှင်းပုံစံသို့ ဝင်ရောက် သွားကြသည်။

ရှားလော့ခ်၏ မာနာသွင်းခြင်းနှင့် မန္တာန် ရွတ်ဖတ်ခြင်းတို့ဖြင့် မာနာ မှော်အက္ခရာများ နံရံပေါ်တွင် တဖြည်းဖြည်း ပေါ်ထွက်လာ၏။ နံရံကို မျက်နှာမူထားသော ရုပ်တုပေါ်တွင်လည်း မာနာမှော်အက္ခရာများ ပေါ်ထွက်လာသည်။

လူတိုင်း အံ့ဩတကြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။ ရုပ်တုသည် အသက်ဝင်လာသကဲ့သို့ တုန်ခါသံများ ထွက်ပေါ်လာသည်။ ၎င်းက သူ၏ လက်ထဲမှ ကြီးမားသော သေတ္တာကို မြှောက်ကိုင်လိုက်ပြီး နံရံသို့ ပစ်ပေါက်လိုက်သည်။ "ပွမ်။"

သေတ္တာပေါ်ရှိ မှော်အက္ခရာ မာနာပုံစံကွက်သည် မျက်စိ ကျိန်းလောက်အောင် တောက်ပသော အလင်းရောင် အဖြစ်သို့ ပေါက်ကွဲထွက်သွား၏။ သေတ္တာ နံရံကို ထိမှန်သည့်အခါ နံရံသည် သော့ဖြင့် ဖွင့်လိုက်သကဲ့သို့ ခေါက်သိမ်းပြိုကျစ ပြုလာသည်။

နံရံသည် ပြိုကျဆုတ်ခွာစ ပြုလာပြီး နံရံနောက်ကွယ်တွင် နာရီလက်တံအတိုင်း လည်ပတ်နေသော ကြီးမားသည့် ကြက်သွေးရောင် ဝဲဂယက် တစ်ခု ရှိနေ၏။ နံရံမှ တိုးညင်းသော ညည်းတွားသံများ ထွက်ပေါ်နေသည်။ နံရံနောက်ကွယ်တွင် အနီရောင် မီးတောက်များ ကခုန်နေကြသော်လည်း ပြိုကျနေသော နံရံထဲမှ ထွက်မလာခဲ့ကြပေ။ ခံစားချက်မှာ...

"ဒါက ဂိမ်းထဲက ရုပ်မြင်သံကြားလား။ ဒါက ဂိမ်းထဲက ဝဲဂယက်ကြီး တစ်ခုလား။"

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ ဝဲဂယက်ကြီး တစ်ခုနဲ့ နှိုင်းယှဉ်ရင် ဒါက 'ထူးဆန်းသော အရာများ (စထရိန်းဂျားသင်းမ်)'ရဲ့ လျှို့ဝှက် ဆန်းကြယ်တဲ့ ကမ္ဘာရဲ့ ဝင်ပေါက်နဲ့ ပိုတူတယ်။ အသံတွေတောင် ဆင်တူတယ်။ ငါ နောက်မှ ဆွေးနွေးချက် ဖိုရမ်မှာ ပိုစ့် တစ်ခု တင်လိုက်မယ်။"

"နေဦး၊ ဇာတ်လမ်းပိုင်း အန်နီမေးရှင်း ပြီးသွားပြီလား။"

"ရှားလီ ဘယ်မှာလဲ။"

"ရှားလီလား။"

ဂိမ်းမာများ စကားပြော နေကြစဉ် အရှင်ရှားလော့ခ် ပျောက်ကွယ်သွားကြောင်း သူတို့ တွေ့ရှိလိုက်ကြ၏။ ရှားလော့ခ်၏ အရှိန်အဝါ မရှိပါက သူတို့ ကြိုက်သလောက် စကားပြောဆိုပြီး လှုပ်ရှားသွားလာနိုင်ကြသည်။

လူတိုင်း အချင်းချင်း ကြည့်ရှု နေကြစဉ် လေထု လေးလံလာ၏။ ဖိုးဉာဏ်ကျယ်ကမူ အလွန် လေးနက်တည်ကြည်နေသည်။

အက်ပဲလ် သူ၏ ကိုယ်ပိုင်နှလုံးခုန်သံနှင့် အသက်ရှူသံကို ကြားနေရ၏။ သူက သူအခုမှ နာမည်ပေးထားသော "နတ်ဆိုးတံခါး"ကို ကြည့်လိုက်သည်။ နောက်ဆက်တွဲ ဘာဖြစ်မည်ကို သူ မသိခဲ့ပေ။

"ဇာတ်လမ်းပိုင်းက ဒီလိုပဲ ပြီးသွားတာလား။ ငါတို့ကို ဝင်ခွင့် မပြုဘူးလား။"

ဂိမ်းမာအချို့ သူတို့၏ လက်များကို "နတ်ဆိုးတံခါး" ပေါ် တင်ထားကြသော်လည်း သူတို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ အခြားဂိမ်းမာများလည်း သူတို့၏ လက်များကို နံရံပေါ် တင်ထားကြသည်။ သူတို့ လုံးဝ ကြောက်ရွံ့ခြင်း မရှိခဲ့ကြပေ။

ဂိမ်းမာများ "နတ်ဆိုးတံခါး" ထဲသို့ ဝင်ရောက်ရန် မအောင်မြင်သည့်အခါ သူတို့က ဧရိယာကို စူးစမ်းရှာဖွေပြီး ဇာတ်လမ်းပိုင်းအသစ်များ စတင်ရန် အမ်ပီစီများနှင့် စကားပြောရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက် သူတို့၏ စိတ်ထဲတွင် မစ်ရှင် တစ်ခု ပေါ်ထွက်လာသည်-

[မစ်ရှင်ခေါင်းစဉ်: အိမ်အပြန်ခရီး

မစ်ရှင်ဖော်ပြချက်: အရှင်ရှားလော့ခ်က သင့်ကို ထာဝရတိုင်းပြည်သို့ ချက်ချင်း ပြန်လည် ရောက်ရှိရန် လိုအပ်သည်။ ရုပ်တုနှင့် သေတ္တာကို ပြန်လည် ယူဆောင်လာရန် မမေ့ပါနှင့်။ ၎င်းတို့သည် အရှင်ရှားလော့ခ်၏ ကိုယ်ပိုင်ပစ္စည်းများ ဖြစ်သည်။

မစ်ရှင်ရည်မှန်းချက်: အရှင်ရှားလော့ခ်၏ ကိုယ်ပိုင်ပစ္စည်းများကို ထာဝရတိုင်းပြည်သို့ အစောင့်အရှောက် ပြု၍ ပြန်လည် ပို့ဆောင်ပါ။

မစ်ရှင်ဆုကြေးငွေ: ... ]

...

"အရှင်ရှားလော့ခ်..."

"အရှင်ရှားလော့ခ်..."

ဘရု၏ အသံ အမှောင်ထုထဲတွင် ပဲ့တင် ထပ်နေသော်လည်း သူက ရှားလော့ခ်၏ တုံ့ပြန်မှုကို မရရှိခဲ့ပေ။ ဘရုက ရှားလော့ခ်၏ တည်ရှိမှု ကိုပင် မခံစားနိုင်ခဲ့ပေ။ သူက ရှားလော့ခ်နှင့် မာနာချိတ်ဆက်မှု ကိုသာ ခံစားနိုင်ခဲ့သည်။ ရှားလော့ခ် ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားသကဲ့သို့ပင်။

အမှောင်ထုထဲရှိ ဘရု စဉ်းစားတွေးတောစ ပြုလာ၏။ ဒန်ဂျင်အရှင် ပျောက်ဆုံးနေပြီး ဂိမ်းမာများ သူတို့ကိုယ် သူတို့ ထိန်းချုပ်မှု ပျောက်ဆုံးနေကြပြီ။ ရှားလော့ခ်၏ မာနာသာ ဆက်လက် လုပ်ဆောင်နေဆဲပင်။ ၎င်းက ရှားလော့ခ် အသက်ရှင်နေသေးပြီး အခြားအထူး ဒိုင်မေးရှင်း တစ်ခုတွင် ရှိနေကြောင်း သက်သေပြနေသည်။ သို့သော် ၎င်းက ဘရုနှင့် ရှားလော့ခ်ကြား ဆက်သွယ်မှုကို ဟန့်တားထား၏။

၎င်းမှာ အလွန် ထူးဆန်းနေ၏။

"ငါ အခု ဘာလုပ်ရမလဲ။"

ဘရု ခဏတာ စဉ်းစားပြီးနောက် မစ်ရှင် အသစ် တစ်ခု တာဝန် ပေးအပ်လိုက်သည်-

All Chapters