← Chapters

ကမ္ဘာကြီးကို ကယ်တင်ရန် အသင့်ဖြစ်နေပြီ

Vol. 20 Ch. 294

ကမ္ဘာကြီးကို ကယ်တင်ရန် အသင့်ဖြစ်နေပြီ

Vol. 20 Ch. 294

"ခင်ဗျား ဆံပင်ရှည် အတွက် စိတ်ပျက်နေပါသလား။ ခင်ဗျား ဆံပင်ကောက်ကောက် မညှပ်နိုင်လို့ ခွဲခြားဆက်ဆံ ခံနေရပါသလား။ ကျွန်တော်တို့ရဲ့ အအေးပေး ဦးခေါင်းနဲ့ ဆံပင်ကျွတ်သက်သာရေး ပက်ကေ့ချ်ကို ဝယ်ယူလိုက်ပါ။ ခင်ဗျား ဆံပင် အတွက် ဘယ်တော့မှ စိတ်မပူရတော့မှာ မဟုတ်ပါဘူး။ ခင်ဗျားဘဝရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွား ပါလိမ့်မယ်။ ဆောင်းတောင်ကုန်းမြို့ မဟာမိတ် အဖွဲ့ဝင် ဖြစ်ခြင်း အတွက် သုံးရက်တာ ပရိုမိုးရှင်းနဲ့အတူ ခင်ဗျားက မိုက်ကယ်အိန်ဂျယ်လိုရဲ့ အမွေအနှစ်ကို ကြည့်ရှုခွင့် ရရှိပါလိမ့်မယ်။ ဘာကို စောင့်နေကြတာလဲ။"

ဖိုးဉာဏ်ကျယ် "ဆောင်းတောင်ကုန်းမြို့ လစဉ်ထုတ်မဂ္ဂဇင်း" စာအုပ်တစ်အုပ်ကို ချထားလိုက်၏။

သူက ဂိမ်းမာများ နှင့်အတူ နေရာရွှေ့ပြောင်း ဝင်ပေါက်မှ တစ်ဆင့် ထာဝရတိုင်းပြည်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူ ထိုနေရာတွင် နေထိုင်နေသော်လည်း ဘာမျှ မလုပ်နိုင်ခဲ့ပေ။ ဂိမ်းမာများသည် သူတို့၏ "ဂိမ်း"ကို ဆက်လက် ကစားရမည်။

ဖိုးဉာဏ်ကျယ် တာဝန်သိသော လစ်ခ်ျတစ်ဦး ဖြစ်သည်။ ဤအရေးကြီးသော အခြေအနေတွင် သူက ပျောက်ဆုံးနေသော အရှင်ရှားလော့ခ်ကို ဒန်ဂျင်ကို စနစ်တကျ စီမံခန့်ခွဲရာတွင် ကူညီ ရမည်။

ဂိမ်းမာများ ဒန်ဂျင်အရှင် ခန်းမဆောင်သို့ ဝင်ရောက်ရန် ကြိုးစားသည့်အခါ သူက သူ၏ ဗလာဟင်းလင်း မျက်လုံးပေါက်များဖြင့် သူတို့ကို စိုက်ကြည့် နေလိမ့်မည်။ ဂိမ်းမာများ ဒန်ဂျင်၏ မြေကြီးကို တရားမဝင် သိမ်းပိုက်သည့် အခါ၊ သူတို့ တရားမဝင် အဆောက်အအုံများ ဆောက်လုပ်သည့် အခါ၊ သူတို့ အဆောက်အအုံများကို လျှို့ဝှက်စွာ ဖြိုချသည့် အခါနှင့် သူတို့ လက်နက်သိုလှောင်ရုံကို လုယက်ရန် ကြိုးစားသည့်အခါ ဖိုးဉာဏ်ကျယ် သူတို့ကို တားဆီးခဲ့၏။

ဖိုးဉာဏ်ကျယ် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရန် ပြန်လည် ရောက်ရှိလာသည့်အခါ ဂိမ်းမာ အုပ်စုတစ်စု ကြက်ဥခေါင်း၊ အိဗလင်းနှင့် လီလိုတို့ နှင့်အတူ ရှိနေကြသည်။ သူတို့က ဆောင်းတောင်ကုန်းမြို့ရှိ နေရာရွှေ့ပြောင်း ဝင်ပေါက်မှ တစ်ဆင့် ထာဝရတိုင်းပြည်သို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။ ဇာတ်လမ်းပိုင်း အန်နီမေးရှင်း ဖွံ့ဖြိုးတိုးတက် လာသည်ကို ကြည့်ရှုရန် ဂိမ်းမာအုပ်စုကြီး တစ်ခု သူတို့ နောက်သို့ လိုက်ပါလာခဲ့ ကြသည်။

"ဘုရားရေ၊ မကြာသေးမီက ဇာတ်လမ်းပိုင်းက စိတ်လှုပ်ရှားစရာ ကောင်းတယ်။ ရှားလီ ပျောက်ဆုံးနေတယ်၊ ဖိုးဉာဏ်ကျယ်က ဒန်ဂျင်အရှင် ဖြစ်လာပြီး ကြက်ဥခေါင်းနဲ့ အိဗလင်းက လီလိုဆီ အကူအညီတောင်းဖို့ သွားကြတယ်။"

"ဆိုးယုတ်တဲ့ အန်ဒရူးက ဆောင်းတောင်ကုန်းမြို့ကို ထိန်းချုပ်ပြီး ငါတို့ရဲ့ မိုက်ကယ်အိန်ဂျယ်လိုရဲ့ အမွေအနှစ်ကို လုယက်သွားခဲ့တယ်။"

"ဒါက 'ဆောင်းတောင်ကုန်းမြို့ ခံတပ်' အတွက် ပြင်ဆင်နေတာ ဖြစ်ရမယ်။"

"မင်း စကားတွေကြောင့် ငါ တော်တော်လေး စိတ်ဝင်စားသွားတယ်။ အန်ဒရူးက ကန့်သတ်ဒန်ဂျင်နယ်မြေ တစ်ခုရဲ့ ဘော့စ် ဖြစ်လာပြီး ဖိုးဉာဏ်ကျယ်နဲ့ လီလိုက ဖော်ရွေတဲ့ အမ်ပီစီတွေ ဖြစ်လာကြမှာလား။"

"ဂိမ်းအရာရှိတွေက 'ဒန်ဂျင်ဂိမ်းမာများ' ဆိုတဲ့ ဝတ္ထုတစ်အုပ် ရေးသင့်တယ်။"

"'အာဇရို့သ်ရာဇဝင်များ' လိုမျိုးလား။"

ရှားလော့ခ် မရှိဘဲ မည်သူမျှ သူတို့ကို စကားပြောဆိုခြင်းမှ မထိန်းချုပ် နိုင်ခဲ့ပေ။

ဖိုးဉာဏ်ကျယ် သူတို့၏ ဆူညံသော အမူအကျင့်များကို ကျင့်သားရနေပြီ ဖြစ်သော်လည်း လီလိုကမူ ဆူညံသော အစိမ်းရောင် အသားအရေ ရှိသော သတ္တဝါများကို ကျင့်သား မရသေးပေ။

သူမ ထာဝရတိုင်းပြည်သို့ ရောက်ရှိ လာပြီးနောက် သူမက အစိမ်းရောင် အသားအရေ ရှိသော သတ္တဝါများကို ဒန်ဂျင်အရှင်ခန်းမဆောင် အပြင်ဘက်တွင် ပိတ်ထားခဲ့၏။ သို့မဟုတ် တစ်နည်းအားဖြင့် သူမက ဒန်ဂျင်အရှင်ခန်းမဆောင်ထဲတွင် ကိုယ့်ကိုယ်ကိုယ် သော့ခတ်ထားခဲ့သလော။

"ဒါက မသင့်တော်ဘူးလို့ ကျွန်တော်ထင်တယ် မမလေးလီလို။"

ကြက်ဥခေါင်း ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သူ၏ ဖျော်ထားသော သွေးဂန္ဓမာ လက်ဖက်ရည်ကို ခွက်ဖြင့် ကိုင်ထား၏။ ယခင်ရှားလော့ခ်၏ ထိုင်ခုံကို လီလိုက သိမ်းပိုက်ထားပြီး ၎င်းမှာ ကွန်ပျူတာဂိမ်းများ ကစားရန် တစ်ခုတည်းသော ထိုင်ခုံလည်း ဖြစ်သည်။ တိတိကျကျပြောရလျှင် ထိုထိုင်ခုံမှာ ကြက်ဥခေါင်းပိုင် ဖြစ်သည်။

"ဘာလို့ မသင့်တော်ရမှာလဲ။ အရှင်ရှားလော့ခ်နဲ့ လေဒီလီလိုက အရမ်း ရင်းနှီးကြတယ်။ မင်း မမွေးခင်ကတည်းက သူတို့ အချင်းချင်း သိကျွမ်းကြတာ" လီလို ဘေးတွင် ရပ်နေသော ဝဖိုင့်သော ဟမ်းစတား တစ်ကောင်က မကျေမနပ် ပြောလိုက်သည်။

အခြား ဟမ်းစတား နှစ်ကောင် သူ၏ ဘေးတွင် တူညီသော ကိုယ်ဟန်အနေအထားဖြင့် ရပ်နေကြ၏။ ညာဘက် အစွန်ဆုံးရှိ ဟမ်းစတားက "အစိမ်းရောင် အသားအရေ ရှိတဲ့ သတ္တဝါတွေက စကားပြောရတာကို ကြိုက်ကြတယ်။ ဘာလို့ သူတို့က ငါတို့ကို သူတို့ရဲ့ စကားပြောဆိုမှုတွေနဲ့ အနှောင့်အယှက် ပေးနေကြတာလဲ"ဟု ပြောလိုက်သည်။

ဘယ်ဘက် အစွန်ဆုံးရှိ ဟမ်းစတားက "ငါတို့ အစားအစာ စားလို့ ရပြီလား။ သံနက်လူပု တစ်ယောက် အစားအစာ ပြင်ဆင်နေတာ ငါ တွေ့လိုက်တယ်"ဟု ပြောလိုက်သည်။

ဟမ်းစတား သုံးကောင် လီလိုဘေးတွင် သူမ၏ ကိုယ်ရံတော်များကဲ့သို့ လိုက်ပါ နေကြ၏။

"တောင်းပန်ပါတယ်၊ ခင်ဗျားက အခု အရှင်ရှားလော့ခ်ရဲ့ ကိုယ်ပိုင်မြေပေါ်မှာ ရောက်နေပါတယ်။ သူ့ရဲ့ လက်ထောက်နဲ့ အတွင်းရေးမှူးအနေနဲ့ ခင်ဗျားက ဒန်ဂျင်အမြုတေကို ယူဆောင်သွားလို့ မရဘူးဆိုတာ အသိပေးဖို့ လိုအပ်တယ်လို့ ကျွန်တော် ခံစားရတယ်။ အရှင်ရှားလော့ခ်က ခင်ဗျားကို ပိုက်ဆံအကြွေး တင်နေရင်တောင် ဒန်ဂျင်အမြုတေကို အကြွေးဆပ်ဖို့ ယူဆောင်သွားလို့ မရပါဘူး။ ကျွန်တော် ဆိုလိုတာက အရှင်ရှားလော့ခ် ပြန်လာပါလိမ့်မယ်" ကြက်ဥခေါင်းက လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

"ငါတို့ သခင်မက ဒန်ဂျင်အမြုတေကို ယူဆောင်သွားမယ်လို့ မပြောခဲ့ပါဘူး။ အကယ်၍ ရှားလော့ခ် အချိန်အတော်ကြာ ပေါ်မလာခဲ့ရင်တော့ သူမက ဒန်ဂျင်အမြုတေကို ယူဆောင်သွားလိမ့်မယ်။"

"နေဦး၊ အရှင်ရှားလော့ခ် ပျောက်ဆုံးနေတာ အချိန်အတော်ကြာပြီ မဟုတ်ဘူးလား။"

"အစားအစာ စားချိန် ရောက်ပြီလား။"

အပြင်ဘက်တွင် ဆူညံသံ တစ်ခု ထွက်ပေါ်လာ၏။ လီလို အရင်ထွက်သွားပြီး ထာဝရတိုင်းပြည်၏ ရင်ပြင်တွင် ကြီးမားသော နေရာရွှေ့ပြောင်း ဝင်ပေါက် တစ်ခု ပေါ်ထွက်လာသည်ကို တွေ့လိုက်ရ၏။

ရှားလော့ခ် နေရာရွှေ့ပြောင်း ဝင်ပေါက်မှ ထွက်လာခဲ့သည်။

သူက လည်ပင်း မြင့်ပြီး အနီရောင်အောက်ခံ ပါသော အနက်ရောင် ဝတ်ရုံတစ်ထည် ဝတ်ဆင်ထား၏။ သူ၏ အင်္ကျီမှာ အနက်ရောင် ဖြစ်ပြီး သူက...

"မင်းက ဘယ်တုန်းက သွေးစုပ်ဖုတ်ကောင် ဖြစ်သွားတာလဲ။ ပြီးတော့၊ မင်း ဘယ်သွားခဲ့တာလဲ ရှားလော့ခ်။"

လီလို တံတောင်ဆစ်များကို ပိုက်ထားပြီး ရှားလော့ခ်ရှေ့တွင် ရပ်နေ၏။

ရှားလော့ခ် လီလိုနှင့် ဟမ်းစတားသုံးကောင်၊ အိဗလင်း၊ ကြက်ဥခေါင်းနှင့် ဖိုးဉာဏ်ကျယ်တို့ ရှေ့သို့ ထွက်လာကြသည်ကို သတိပြုမိခဲ့၏။

ပြီးတော့ ဇာတ်လမ်းပိုင်းကို ကြည့်ရှုရာတွင် အလုပ်များနေသော မရေမတွက်နိုင်သော ဂိမ်းမာများ ။

"ဒါက ဇာတ်လမ်းရှည်တစ်ပုဒ်ပဲ လီလို။" ရှားလော့ခ် ဂိမ်းမာများကို ထိန်းချုပ်ရန် သူ၏ အရှိန်အဝါကို ထုတ်သုံးလိုက်၏။ သူက သူ၏ နောက်ရှိ ဒန်ဂျင်အရှင်ခန်းမဆောင်ကို ကြည့်လိုက်ပြီး "ငါတို့ ဝင်ပြီး စကားပြောကြမလား"ဟု ပြောလိုက်သည်။

...

"အရှင်ရှားလော့ခ်။ ကျွန်တော့် အရှင်ရှားလော့ခ်။ ကျွန်တော် မယုံနိုင်ဘူး။ အရှင်က ဘာသတင်း မပေးဘဲ ကျွန်တော်တို့ကို ဆယ်ရက်ကြာ ထားခဲ့တယ်။ ဘယ်လောက် စိုးရိမ်ခဲ့ရလဲဆိုတာ သိရဲ့လား။ ဂိမ်းမာ အများကြီး ထိန်းချုပ်မှု ပျောက်ဆုံးသွားပြီး ရူးသွပ်တဲ့ အပြုအမူတွေ လုပ်ဆောင်နေကြတယ်။"

"အရှင်ရှားလော့ခ်၊ အကယ်၍ အရှင် တစ်ရက် နောက်ကျပြီးမှ ပြန်ရောက်လာခဲ့ရင် နတ်သက်ကြွေ ကောင်းကင်တမန်က ကျွန်တော့်ကို ပိုက်ဆံ အတွက် ရောင်းစားလိုက်နိုင်တယ်။"

"ပြီးတော့၊ အန်ဒရူးက အရှင့် ကိုယ်ပိုင်ပစ္စည်းကို လုယက်သွားခဲ့တယ်။ ခန့်မှန်းကြည့်ပါဦး။ ဒါက မိုက်ကယ်အိန်ဂျယ်လိုရဲ့ အမွေအနှစ်ပဲ။"

"အရှင်ရှားလော့ခ်၊ မတွန့်ဆုတ်ပါနဲ့။ အန်ဒရူးက အမွေအနှစ်ရဲ့ စွမ်းအားကို မရနိုင်ခင် ကျွန်တော်တို့ တိုက်ခိုက်ကြစို့။ အမွေအနှစ်ကို ပြန်လည် ရယူကြမယ်။ မဟုတ်ရင် မနာလိုဖြစ်နေတဲ့ အန်ဒရူးက အမွေအနှစ်ကို ထိန်းချုပ်နိုင်သွားတာနဲ့ အရှင့်ကို သတ်ပစ်လိမ့်မယ်။ အဲ့ဒါကို ကျွန်တော် သေချာတယ်။"

ဘရု ရှားလော့ခ်၏ စိတ်ထဲတွင် မရပ်မနား စကားပြောနေ၏။

ရှားလော့ခ် ပျောက်ဆုံးသွားသည့်အခါ သူတို့၏ မာနာချိတ်ဆက်မှုမှ လွဲ၍ ဘရု၌ ရှားလော့ခ်နှင့် ဆက်သွယ်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။

ဘရုက ဂိမ်းမာများကို မစ်ရှင်များ တာဝန်ပေးအပ်ခဲ့ပြီး ကွန်ပျူတာမှ တစ်ဆင့် ကြက်ဥခေါင်းနှင့် ဆက်သွယ် ပြောဆိုခဲ့သည်။ သူ၌ အခြားဆက်သွယ်ရေး လမ်းကြောင်းများ မရှိခဲ့ဘဲ ရှားလော့ခ်နှင့် စကားပြောဆိုနိုင်ခြင်း မရှိခဲ့ပေ။

"အရှင်ရှားလော့ခ်၊ အရှင် ဘယ်သွားခဲ့တာလဲ" အိဗလင်းက စိုးရိမ်တကြီး မေးလိုက်သည်။

"စိတ်ဝင်စားစရာ ကောင်းတဲ့ အရာတချို့၊ သမိုင်းနဲ့ အမှတ်တရတွေရဲ့ အစိတ်အပိုင်း တစ်ခုကို စူးစမ်းရှာဖွေဖို့ပါ။ ငါက ရတနာ တစ်ခုလည်း ရှာဖွေတွေ့ရှိ ခဲ့ပြီး မွန်းစတားတချို့နဲ့လည်း တိုက်ခိုက်ခဲ့ရတယ်" ရှားလော့ခ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်းရဲ့ အရုပ်နှစ်ခုကို ဒန်ဂျင်အရှင် အန်ဒရူးက ယူဆောင်သွားခဲ့တယ် ဆိုတာ မင်း သိလား" လီလိုက ရှားလော့ခ်ကို ကြည့်ရင်း မေးလိုက်သည်။

"ဒါက တမင်လုပ်ခဲ့တာလား။ မိုက်ကယ်အိန်ဂျယ်လိုရဲ့ အမွေအနှစ်က ငါတို့ကို ကောင်းကင်ဘုံကို တန်ပြန် တိုက်ခိုက်ရာမှာ ကူညီပေးနိုင်တယ်။ မင်းက အန်ဒရူးကို ယူဆောင်သွားခွင့် ပြုမှာ မဟုတ်ဘူး မဟုတ်လား။"

ရှားလော့ခ် လီလိုကို ကြည့်လိုက်ပြီး ပြုံးလိုက်ကာ "မင်း ဆောင်းတောင်ကုန်းမြို့ကို ပြန်ပြောင်းလာခဲ့ ပြီးပြီလား။ ပြင်ဆင်ဖို့ အချိန်တန်ပြီ"ဟု ပြောလိုက်သည်။

"ဘာအတွက် ပြင်ဆင်ရမှာလဲ" ကြက်ဥခေါင်းက မေးလိုက်သည်။

"မြေအောက်လောက,ကို နောက်တစ်ကြိမ် ကယ်တင်ဖို့ ပြင်ဆင်ရမယ်။" ရှားလော့ခ် ပြုံးလိုက်ပြီး "လွန်ခဲ့တဲ့ ဆယ်ရက်အတွင်း ဘာဖြစ်ခဲ့တယ်ဆိုတာ ငါ မင်းတို့ကို ပြောပြမယ်"ဟု ပြောလိုက်သည်။

All Chapters