မိစ္ဆာနတ်ဘုရားမျှော်စင်သို့ ဝင်ရောက်ရန် ကြိုးစားခြင်း
Vol. 145 Ch. 2047
ချန်ယိက ရီဖူရှင်းကို မေးလိုက်သည်။ "တုန်းဟွာနယ်မြေက ဒီနေရာမှာ လျှို့ဝှက်နယ်မြေကို ချိပ်ပိတ်ထားပြီး တောင်ထဲမှာကျတော့ မရေတွက်နိုင်တဲ့ နတ်ဆိုးသားရဲတွေနဲ့ မိစ္ဆာနတ်ဘုရားမျှော်စင်ကို ချိပ်ပိတ်ထားတယ်။ အထဲမှာ ဘာရှိမယ်လို့ ထင်လဲ။"
ရီဖူရှင်းက ခေါင်းကို ယမ်းကာ ပြောလိုက်သည်။ "အဲဒါက လူတွေရဲ့ နှလုံးသားကို တုန်လှုပ်စေပြီး သွေးတွေကို ဆူပွက်စေတယ်။ အနားကပ်လာတဲ့ ဘယ်သူမဆို ပေါက်ကွဲထွက်သွားလိမ့်မယ်။ အဲဒါက မှော်လက်နက် ဒါမှမဟုတ် မိစ္ဆာနတ်ဘုရားရဲ့ စွမ်းအား ဖြစ်မယ့်ပုံမပေါ်ဘူး။ အဲဒီနှစ်မျိုးက ဒီလိုသက်ရောက်မှုမျိုး ရှိလိမ့်မှာ မဟုတ်ဘူး။ ကျုပ် မခန့်မှန်းတတ်တော့ဘူး။"
"အထဲဝင်ကြည့်ဖို့ ကြိုးစားကြည့်ချင်လား။" ချန်ယိ၏ မျက်လုံးများက လောင်ကျွမ်းတောက်ပနေသည်။ သူက ချိပ်ပိတ်ခံထားရသော မိစ္ဆာနတ်ဘုရားမျှော်စင်သို့ ဝင်ရောက်ကာ အထဲ၌ မည်သည်တို့ ရှိနေသည်ကို ကြည့်လိုသည့် စိတ်က ထက်သန်နေကာ ဂနာမငြိမ်ဖြစ်နေခဲ့သည်။ သူက သိချင်စိတ်တို့ဖြင့် လောင်ကျွမ်းနေသော သူ၏ စိတ်ကို ကျေနပ်နေရန် အတွင်းသို့ ဝင်ရောက်လိုနေ၏။
ရီဖူရှင်းက အဝေးသို့ လှမ်းကြည့်လိုက်သည်။ ကြီးမားသော နတ်ဆိုးသားရဲများနှင့် လူသားတန်ခိုးရှင်များအားလုံးက အထဲကို ဝင်ရောက်လိုနေကြသည်။ သို့ဖြစ်စေကာမူ ထိတ်လန့်ဖွယ် ပြင်းထန်လှသော ဖိအားများအောက်တွင် မည်သူမှ မိစ္ဆာနတ်ဘုရားမျှော်စင်ကို ချဥ်းကပ်ရန် မတတ်နိုင်ကြဘဲ တစ်စက္ကန့်လေးမျှပင် ဂရုမစိုက်ဘဲ မနေနိုင်ပေ။ မရေတွက်နိုင်သော တန်ခိုးရှင်များက မိစ္ဆာနတ်ဘုရားမျှော်စင်၏ ရှေ့တွင် သေဆုံးခဲ့ပြီး ဖြစ်သည်။ သူတို့က ရန်ဟောင်အဆင့်မှ လူများ ဖြစ်သော်လည်း ချက်ချင်း ပေါက်ကွဲထွက်သွားကြပေသည်။
"ကောင်းပြီလေ။" ရီဖူရှင်းက တွေဝေခြင်းမရှိဘဲ ဆုံးဖြတ်ချက် ချလိုက်၏။ သူက ချန်ယိနှင့်အတူ သွားရောက်စစ်ဆေးရန် သဘောတူလိုက်သည်။
သူက လေထဲမှာ ပျံ့နှံ့နေသည့် ချိပ်ပိတ်ခံထားရသော စွမ်းအားများကို မြင်နိုင်သည့်အတွက် သူ အထဲသို့ ဝင်ရန် အခွင့်အရေးရနိုင်မလား သိချင်မိသည်။ တုန်းဟွာနယ်မြေ၏ နယ်မြေသခင်က နောကွယ်တွင် ရှိနေသည့်အတွက် ရီဖူရှင်းက ယခုတွင် မလူးသာမလွန့်သာ ကြပ်တည်းသော အခြေအနေနှင့် ရင်ဆိုင်နေရပြီဟု ဆိုလိုပေသည်။ သူ ဤနေရာမှ ထွက်ခွာသွားလျှင် အသတ်ပင်ခံရနိုင်ပေသည်။
ထိုသို့ဆိုလျှင် သူက မိစ္ဆာနတ်ဘုရားမျှော်စင်သို့ သွားရောက်ရန် ကြိုးစားခြင်းက ပိုကောင်းပေလိမ့်မည်။ မိစ္ဆာနတ်ဘုရားမျှော်စင်အတွင်း၌ မည်သည့်အရာကို ချိပ်ပိတ်ထားသည်ဖြစ်စေ ၎င်းက နတ်ရတနာတစ်ခု ဖြစ်နိုင်ပေသည်။ နယ်မြေသခင်နင်က ဤနေရာ၌ ချိပ်ပိတ်ခြင်း နည်းစနစ်များကို အသုံးပြုရန် အစွမ်းကုန် ကြိုးစားလုပ်ဆောင်ခဲ့ရသည်။ ထို့ကြောင့် ထိုနတ်ရတနာက ကြိုးစားကြည့်ရန် ထိုက်တန်ရပေလိမ့်မည်။
ရီဖူရှင်းက ၎င်းအား လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့လျှင် နယ်မြေသခင်နင်အား ခြိမ်းခြောက်နိုင်စွမ်း ရှိလိမ့်မည်လား။
သူက လက်ရှိအခြေအနေအောက်တွင် ကြိုးစားကြည့်ရန်မှလွဲပြီး အခြားရွေးချယ်စရာ မရှိပေ။
ထိုသို့တွေးလိုက်သည်နှင့် ရီဖူရှင်းက တောင်ပေါ်မှ ဆင်းကာ ရှေ့သို့ လှမ်းလိုက်သည်။ ချန်ယိသည် ရီဖူရှင်း လှုပ်ရှားလာသည်ကို မြင်သည့်အခါ ပြုံးလိုက်၏။ သူက ရီဖူရှင်းနောက်မှ နီးကပ်စွာ လိုက်ပါလာပြီး မြေရိုင်းလွင်ပြင်အရပ်သို့ လျှောက်လာခဲ့ကြသည်။
ထိုအချိန်တွင် တန်ခိုးရှင်များစွာက မြေရိုင်းလွင်ပြင်ကို ဖြတ်ကာ အရပ်မျက်နှာအသီးသီးမှ မိစ္ဆာနတ်ဘုရားမျှော်စင်သို့ ဦးတည်နေကြပြီဖြစ်သည်။ ဒေသခံနတ်ဆိုးအင်ပါယာများနှင့် အခြားနေရာမှ လာခဲ့သော ရန်ဟောင်များအားလုံး ထိုနေရာသို့ သွားနေကြခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သာမန်တန်ခိုးရှင် အများစုက လက်လျှော့သွားကြပြီး အလျင်စလို မလှုပ်ရှားရဲကြပေ။ သူတို့က ဤနေရာတွင် အသက်နှင့် ရင်းနေခြင်းထက် အခြားနေရာ၌ ပိုမိုကောင်းမွန်သော အခွင့်အလမ်းများကို ရှာဖွေခြင်းက ပိုကောင်းလိမ့်မည် ဖြစ်သည်။
ဤနေရာရှိ မျှော်စင်ကို ဝင်ရန်ကြိုးစားနေသူများက ထိပ်သီးအင်အားစုများမှ ရန်ဟောင်များ အားလုံး ဖြစ်ကြပေသည်။
ရီဖူရှင်း နှင့် ချန်ယိတို့က ချက်ချင်းပင် လူအများ၏ မျက်လုံးများကို ဖမ်းယူသွားနိုင်ခဲ့သည်။ သူတို့က အလွန်မြန်ဆန်သော အရှိန်နှုန်းကို တူညီစွာ ထိန်းသိမ်းထားရင်း လွင်ပြင်အား ဖြတ်သန်းသွားသည်။ မကြာခင်၌ သူတို့သည် တန်ခိုးရှင်များအား မီလာကာ ရှေ့သို့ ရောက်ရှိသွားကြလေသည်။
သူတို့ မိစ္ဆာနတ်ဘုရားမျှော်စင်ကို နီးကပ်လာသည့်အခါ သူတို့၏ သွေးဖိအားက မတည်မငြိမ်နှင့် ဆူပွက်လှုပ်ရှားလာသည်။ ရီဖူရှင်းသည် သူ့ခန္ဓာကိုယ်ထဲမှ သွေးများက အထိန်းအချုပ်မဲ့ကာ ပြင်းထန်စွာ စီးဆင်းနေခဲ့၏။ သူသည် ရင်ဘတ်အတွင်းမှ မြန်ဆန်လှသော နှလုံးခုန်သံကို ကြားနိုင်ပေသည်။
"အစ်ကိုရီ။" အနီးမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုသူက လော့ထျန်းကုန်းမြေ၏ ရှေးဟောင်းတော်ဝင်မိသားစုဖြစ်သော ကျန်းကလန်မှ ကျန်းကျိုမင် ဖြစ်လေသည်။ သူက ရီဖူရှင်းနှင့် ချန်ယိ အတူရှိနေသည်ကို မြင်သောအခါ အံ့သြသွားခဲ့သည်။ ရီဖူရှင်းနှင့် ချန်ယိသည် ယခင်က အချင်းချင်း တိုက်ခိုက်ခဲ့ကြ၏။ ယခုတွင် သူတို့က မည်သို့ဖြစ်၍ တစ်ဖွဲ့တည်းဖြစ်နေရသနည်း။ သူတို့က တစ်ယောက်နှင့် တစ်ယောက်၏ အရည်အချင်းပါရမီများကို သဘောကျနှစ်သက်သွားကြ၍လား။
ချန်ယိက အစွမ်းထက် တန်ခိုးရှင်တစ်ယောက်ဖြစ်သည်။ ကျန်းကျိုမင်သည် သူနှင့် ရင်ဆိုင်ရပါက ထိုသူအား အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် မရှိချေ။
ရီဖူရှင်းက ကျန်းကျိုမင်ကို ခေါင်းညိတ်ပြလိုက်သည်။ သူသည် ကျန်းကျိုမင်က အခြားတစ်ဖက်၌ မည်သည်တို့ ဖြစ်ပျက်ခဲ့သည်ကို မသိသည့်အတွက် အခြေအနေ အပြောင်းအလဲပို သတိပြုမိလိမ့်မည် မဟုတ်ကြောင်း သိရှိပေသည်။
"မိစ္ဆာနတ်ဘုရားမျှော်စင်က အတော်လေး ထူးဆန်းတယ်။ အဲဒီနေရာနဲ့ အရမ်းနီးကပ်သွားရင် ခင်ဗျားရဲ့ နှလုံးခုန်နှုန်းက မြန်လာပြီး သွေးတွေက ခန္ဓာကိုယ်ထဲက ထွက်လာတော့မလို ဆူပွက်လာလိမ့်မယ်။ ဂရုစိုက်ပါ။" ရီဖူရှင်းက ယခုမှ ရောက်လာသူဖြစ်သည့်အတွက် ကျန်းကျိုမင်က သတိပေးလိုက်သည်။ ရီဖူရှင်းက အရည်အချင်းပါရမီနှင့် တိုက်ပွဲစွမ်းရည်၌ အလွန် အစွမ်းထက်သူ ဖြစ်သော်လည်း ဤနေရာ၌ ကွာခြားမှု ရှိလိမ့်မည် မဟုတ်ပေ။
"ကျေးဇူးပါ။" ရီဖူရှင်းက ကျန်းကျိုမင်ဘက်သို့ လှည့်ကာ ကျေးဇူးတင်စကားဆိုလိုက်ပြီး အရှိန်ကို နှေးချရင်း ရှေ့သို့ ဆက်သွားလိုက်သည်။ မိစ္ဆာနတ်ဘုရားမျှော်စင်မှ ထွက်ပေါ်လာသော စည်းချက်က ပို၍ အားကောင်းလာကာ သူက ထိုအပြောင်းအလဲကို လိုက်လျောညီထွေ ရှိအောင် ထိန်းညှိပြီးနောက်မှသာ ရှေ့ဆက်နိုင်ပေလိမ့်မည်။ ယခင်က ပေါက်ကွဲသွားသော ရန်ဟောင်များက သူတို့၏ ခန္ဓာကိုယ်အား ပြုပြင်ထိန်းညှိရန် ကျရှုံးခဲ့ပြီး ဖိအားဒဏ်ကို မခံနိုင်သည့်အတွက် သေကြေပျက်စီးခဲ့ရခြင်း ဖြစ်သည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သော လမ်းစဥ်အသက်စွမ်းအားများ ထွက်ပေါ်လာသည်။ သူက အဆုံးမဲ့ အသက်စွမ်းအားတို့နှင့် ပြည့်နေခဲ့ပြီး သွေးစွမ်းအင်ကို ထောက်ပံ့ပေးထားကာ ခွန်အားကို တိုးမြင့်လာစေသည်။ သူ့နှလုံးသားက ခုန်နေသော်လည်း သူ့ထိန်းချုပ်မှုအတွင်းရှိစေရန် ဆက်လက် ထိန်းသိမ်းထားသည်။
သူက အနက်ရောင်နတ်မျှော်စဥ်သို့ ဦးတည်နေခဲ့၏။ အရှေ့ဘက်ဆီမှ ကျယ်လောင်စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာပြန်သည်။ သွေးများက ဖြန်းပက်လာပြီး တစ်စုံတစ်ယောက်က လူအများကြီးကို ဖြတ်၍ နောက်ဘက်သို့ လွင့်စင်သွားသည်။ သူက တိုးသက်သော အသံတစ်ခု ထုတ်လွှတ်လာကာ သွေးအိုင်ထဲသို့ ပြုတ်ကျသွားသည်။ ထိုသည်က အတော်လေး ကြေကွဲဖွယ် မြင်ကွင်း ဖြစ်လေသည်။
ထိုလူက ပင့်သက်ရှည်ကြီးရှိုက်လိုက်ရင်း သူ့မျက်လုံးများတွင် နောင်တတရားတို့နှင့် ပြည့်နေခဲ့သည်။ သူက ထိုစည်းချက်ကို ဆန့်ကျင်ကာ မကိုင်တွယ်နိုင်ခဲ့ပေ။ ကြည့်ရသည်မှာ သူက မိစ္ဆာနတ်ဘုရားမျှော်စင်သို့ ဝင်ရောက်နိုင်မည့် ကံကြမ္မာရှိသူ မဟုတ်လောက်ချေ။ သူသည် မည်သူက မိစ္ဆာနတ်ဘုရားမျှော်စင်၏ လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းနိုင်မည်နည်းဟု သိချင်မိပေသည်။
ဒုနယ်မြေသခင်ဖြစ်သော နင်ဟွာက ထိုလျှို့ဝှက်ချက်အား သိနိုင်ပေသည်။ သို့သော် သူက ဤနေရာသို့ မလာခဲ့ပေ။
ဘန်း... ရီဖူရှင်းက ဆက်လက်၍ လမ်းလျှောက်နေခဲ့သည်။ အသက်စွမ်းအားမဟာလမ်းစဥ်၏ ကာကွယ်ပေးမှုအောက်တွင် သူက ရှေ့သို့ ဆက်လက်ချီတက်နေကာ တန်ခိုးရှင်များစွာကို ဖြတ်ကျော်သွားသည်။ ၎င်းမှာ သူတို့ကို ထိတ်လန့်အံ့အားသင့်သွားစေပေသည်။ ရီဖူရှင်းက ထူးခြားသော ပါရမီရှိရုံမျှမက ဤနေရာရှိ သူတို့ထက် သာလွန်နိုင်စွမ်း ရှိပေသည်။
ဒုတ်... ဒုတ်... ဒုတ်... ရီဖူရှင်း၏ နှလုံးသားက ပို၍ မြန်ဆန်လာပြီး သူ့ သွေးကြောထဲရှိ သွေးများက အလွန် မြန်ဆန်စွာ စီးဆင်းနေသည်။ သူ၏ ရွေ့လျားမှုက စတင်၍ နှေးကွေးလာပေသည်။ သူ့မျက်လုံးများက ခြောက်ခြားဖွယ်ရာ အလင်းတို့ လင်းလက်လာပြီး မဟာလမ်းစဥ်စွမ်းအင်လှိုင်းများက ရှေ့သို့ ဖြန့်ကျက်ကာ သူ့ကို ကူညီ၍ အရှေ့ဆက်သွားစေနိုင်ရန် ကူညီပေးသည်။ သူ့ခေါင်းထဲတွင် မရေတွက်နိုင်သော မြင်ကွင်းများ ထွက်ပေါ်လာသည်။ သူ့ရှေ့တွင် တူညီသော ချိပ်စည်းများက မျောလွင့်နေသည်။ သူက ကောင်းကင်တွင် တောက်ပနေသော ချိပ်စည်းနတ်အလင်းကို မြင်နိုင်ပြီး ၎င်းက နေမင်းကို ပိတ်ကွယ်ကာ လွင်ပြင်တစ်ခုလုံးအား ဖုံးလွှမ်းထားသည်။ မိစ္ဆာနတ်ဘုရားမျှော်စင်သည် ၎င်းတို့ဖြင့် လွှမ်းခြုံကာ ချိပ်ပိတ်ထားခြင်း ခံရပေသည်။
"ဟင်..."
မိစ္ဆာနတ်ဘုရားနန်းတော်မှ ထိပ်သီးတန်ခိုးရှင်များအပါအဝင် လူအများသည် ရီဖူရှင်းကို သတိပြုမိသောအခါ ထူးဆန်းသော အကြည့်များ ဖြစ်ပေါ်လာသည်။ သူတို့သည် ရီဖူရှင်းက အချိန်မဆိုင်းဘဲ လူအများစုကို မီလာပြီး ရှေ့သို့ ရောက်ရှိလာကြောင်း သတိထားမိလိုက်ကြသည်။ သူက “ပျက်စီးခြင်း’ ကိုပင် မီတော့မည် ဖြစ်သည်။
ထို့အပြင် ချောမောသော လူငယ်ကဲ့သို့ နတ်ဆိုးသားရဲကြီးများကလည်း ထိုနေရာ၌ ရှိနေသည်။
မည်သို့ပင်ဖြစ်စေ ချန်ယိက ရီဖူရှင်းလောက် စွမ်းအားမပြည့်ဝသည့်အတွက် ရီဖူရှင်းနောက်သို့ လိုက်နေခြင်းကို မကြာသေးခင်ကပင် ရပ်လိုက်ပြီ ဖြစ်သည်။ သူ၏ မျက်နှာက နီရဲနေပြီး သူ့ခန္ဓာကိုယ်ထဲမှ သွေးစွမ်းအားတို့က အပြင်းအထန် စီးဆင်းနေသည်။ သူ၏ နှလုံးအခြေအနေနှင့် သွေးစီးဆင်းမှုကလည်း အကန့်အသတ်ထိ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ ထူးချွန်လှသော တိုက်ခိုက်ရေး စွမ်းအားက ဤနေရာ၌ အသုံးမဝင်ပေ။
သူက ကိုယ့်ကိုယ်ကိုယ်ပင် မထိန်းညှိနိုင်စဥ် ရီဖူရှင်းအား ဤနေရာသို့ လာရန် ပြောခဲ့ခြင်းမှာ အနည်းငယ် ရှက်စရာ ကောင်းနေခဲ့သည်။
သို့သော် သူက ဤနေရာ၌ အတင်းအကျပ် ဖိအားပေးရန် မသင့်ဘဲ သူ့ခွန်အား ရှိသလောက်သာ လုပ်ဆောင်နိုင်ပေသည်။
အရှေ့၌ ရောက်နေသော လူတစ်စု ရှိပြီး သူတို့က ရီဖူရှင်းအား မှင်တက်စွာ ကြည့်လိုက်ကြသည်။ ကနဦးထိတ်လန့်မှု ဖြစ်သွားပြီးနောက် သူတို့က ရီဖူရှင်းအား ပြင်းထန်သော အမုန်းတရားများနှင့် အန္တရာယ်ရှိသော အကြည့်များဖြင့် စူးစိုက်ကြည့်လိုက်ကြသည်။ သူတို့သည် ရီဖူရှင်း ဤနေရာသို့ တိုက်ရိုက်လာမည်ဟု ထင်မှတ်မထားခဲ့ကြပေ။ မည်မျှ ရဲတင်းလိုက်သနည်း။
ထိုသူတို့မှာ ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များ ဖြစ်လေသည်။ သူတို့က ရီဖူရှင်းအား ရှာမတွေ့ခဲ့ကြပေ။ ထို့အစား သူတို့သည် လီချန်ရှန်းနှင့် အခြားလူများကို ရင်ဆိုင်ခဲ့ကြပြီး သူတို့ ပြန်ဆုတ်သောအခါ လွှတ်ပေးလိုက်ရုံအပြင် ရွေးချယ်စရာ မရှိခဲ့ပေ။
"သွားကြစို့။" ထိုတန်ခိုးရှင်များက ရီဖူရှင်းထံ တိုးဝင်သွားပြီး သူ့ကို ဤနေရာ၌ သတ်ပစ်ရန် စီစဥ်နေသည်။ နယ်မြေသခင်က သူတို့အား အပြစ်တင်လိမ့်မည် မဟုတ်ပေ။
***