( ဘုရင်ဆိုးစနစ်တဲ့လား? ကောင်းလိုက်တာ)
Vol. 1 Ch. 1
“ အရှင်မင်းကြီး ရှန့်ထျန်းနယ်မြေရဲ့ရွှေအဆင့် စာရင်းနဲ့ ကျန်တဲ့စာရင်းနှစ်ခုကို တစ်လနေရင် သတ်မှတ်တော့မှာပါ။ အဲ့ဒါကို အရှင်မင်းကြီး ဘာကြောင့် တိုင်းပြည်အရေးတွေကို လျစ်လျူရှုနေတာလဲ?”
ရှန့်ထျန်းရဲ့
“အခွန်ဋ္ဌာနရဲ့ တင်သွင်းချက်က မှန်တယ်။ အခုဆို ရွှေအဆင့်စာရင်းသာမက ရှန့်ထျန်းရဲ့လူဦးရေ သန်မာမှုစာရင်းနဲ့ စစ်တပ်အင်အားစာရင်းမှာပါ တရှား တိုင်းပြည်က နောက်ဆုံးနေရာ ဖြစ်နေပြီ!”
“သဘာဝဘေးတွေ ကျရောက်လာခဲ့ရင် တရှား တိုင်းပြည် ဘယ်လို တောင့်ခံ ရပါတော့မလဲ!”
“အဲ့ဒါကိုအရှင်မင်းကြီးက နန်းတွင်းအစေခံတွေနဲ့ ပျော်ပါးနေတယ်! အနောက်ဆောင်မှာပဲ အချိန်ကုန်နေတယ်! အရှင်မင်းကြီး ကိုယ့်အလုပ်ကို မလုပ်တော့ဘူးလား!”
“ အရှင်မင်းကြီး ဒီလိုလုပ်မနေသင့်ပါဘူး!”
“......”
ဒီရက်ပိုင်းထဲ အနောက်ဆောင်ကို မသွားရသေး၍ အရှင်မင်းကြီး ရှကျိုးယွီတစ်ယောက် အနောက်ဆောင်သို့ ခြေလှမ်းပြင်နေတာပင်။ ဒါပေမဲ့ လမ်းတစ်ဝက်မှာတင် အမတ်တစ်အုပ်၏ တားမြစ်ခြင်း ခံနေရသည်။
မျက်ရည်ပြည့်နေတဲ့ မျက်နှာများနဲ့ အရှေ့က လူတစ်အုပ်သည် ရှကျိုးယွီကို အပြစ်တင် နေလေရဲ့!
ရှကျိုးယွီ ချက်ချင်းပဲ နားနှစ်ဖက်ကို အုပ်လိုက်ရင်း မျက်လုံးတွေ ကျဉ်းမြှောင်းသွားသည်။
ဘယ်လိုနေနေ
တစ်ဖက်နားက ဝင်ပြီး တစ်ဖက်နားက ပြန်ထွက်မှာပဲ။
ဒီအဖိုးကြီးတွေလဲ မောရင် ပါးစပ်ပိတ်သွားကြမှာ။
ထင်တဲ့အတိုင်းပဲ။
အရှင်မင်းကြီးရဲ့ အဖက်မလုပ်တဲ့ အမူအရာကို ရင်ဆိုင်လိုက်ရတဲ့အတွက် အမတ်အိုတွေ တစ်ယောက်ပြီးတစ်ယောက် စိတ်ပျက်စွာ လက်လျော့လိုက်ရသည်။
အာခေါင်တွေလဲ ခြောက်သွေ့နေပြီမို့ သူတို့မှာ ထွက်သွားရုံအပြင် ရွေးစရာ မရှိတော့ဘူးလေ။
“ အဟမ်း!”
“အရှင်မင်းကြီး အားတင်းပေးပါခင်ဗျ!”
“ တရှားတိုင်းပြည်က အရှင်မင်းကြီးကို လိုအပ်နေပြီ!”
“ကျွန်တော်မျိုးတို့ သွားပါတော့မယ်!”
“.....”
အဖိုးကြီးတစ်အုပ် ထွက်သွားမှပဲ ရှကျိုးယွီ စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။
နောက်ဆုံးတော့ သွားပြီ!
ရှကျိုးယွီ သက်ပြင်းမောကြီး နောက်တစ်ကြိမ် ချလိုက်ပြန်ရင်း.
ဘုရင်ဖြစ်ရတာ အကောင်းဆုံးအလုပ်လို့ ဘယ်ခွေးသားက ပြောခဲ့တာတုန်း?!
ငါ့ကျမှ ဘောက်မဲ့ကြောင့် ကမ္ဘာတွေပါခုန်ပြီး….
ဘုရင်ဖြစ်လာရတာလဲကွာ..!
ရှကျိုးယွီ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းထပ်ချ လိုက်သည်။
မှန်တယ်။ ငါက အချိန်ခရီးသွားတစ်ယောက်ပဲ!
ရှန့်ထျန်း နယ်မြေကြီးရဲ့ လက်အောက်က တရှားတိုင်းပြည်ရဲ့ ဘုရင် အဖြစ် အချိန်ကူးပြောင်းခဲ့တယ်။
အစကတော့ ဘုရင်ဖြစ်လာရင် အိပ်လိုက်စားလိုက် သာယာရုံပဲလို့ ငါထင်ခဲ့တာလေ!
ခေတ်သစ် လူသားတစ်ယောက်အနေနဲ့ ဘုရင်ဖြစ်ပြီး ကောင်းမွန်လှတဲ့လူ့ဘဝမှာ နေချင်တဲ့ ဆန္ဒကြီး ပြည့်ဝသွားပါပြီပေါ့!
ဒါပေမဲ့!
လက်တွေ့က အခုလောက်ထိ ကွာခြားမယ်လို့ ငါမထင်ခဲ့ဘူး!
ဤရှန့်ထျန်း နယ်မြေကြီးကို တိုင်းပြည်များနဲ့ ပေါင်းစပ်ဖွဲ့စည်းထားသည်။
လွန်ခဲ့သော ဆယ်နှစ်က ရှန့်ထျန်းနယ်မြေ၏ ရွှေအဆင့်စာရင်း၊ ရှန့်ထျန်းရဲ့ လူဦးရေသန်မာမှုစာရင်းနဲ့ ရှန့်ထျန်းရဲ့ စစ်ရေးအင်အားစာရင်းကို ဖန်တီးခဲ့သည်။
လစဥ်လတိုင်းမှာ တိုင်းပြည်တွေကြား ထိုစာရင်းသုံးခုအတွက် အဆင့်သတ်မှတ် ပေးပြီး ထိပ်သီးတိုင်းပြည်ဆယ်ခုသည် ဆုလာဘ်တော် ရရှိသည်။
ပြီးတော့
နောက်ဆုံး တိုင်းပြည်ဆယ်ခုကတော့ မတူညီတဲ့သဘာဝဘေးတွေနဲ့ ရင်ဆိုင်ရသည်!
အခုဆိုရင်
တရှား တိုင်းပြည်ရဲ့ လက်ရှိအဆင့်က နောက်ဆုံးကရေရင် အဆင့် ၁၁ ဖြစ်သည်။
အကယ်လို့ ဂရုမစိုက်မိဘဲ ဒီလသတ်မှတ်ချက်မှာ အဆင့် ၁၀ ကို ကျသွားခဲ့တာနဲ့ သဘာဝကပ်ဘေးကနေ ပြေးမလွတ်တော့ဘူး!
ထို့ကြောင့် အဖိုးကြီးတစ်သိုက်က ရှကျိုးယွီကို ဖိအားပေးနေတာပဲ!
ရှကျိုးယွီကို.ဉာဏ်ပါရမီ ပြည့်စုံပြီး ထူးချွန်တဲ့ အုပ်ချုပ်သူ ဖြစ်လာအောင် ဖိအားပေးနေကြလေရဲ့။
သနားစရာပဲ။
ငါ့မှာ အရည်အချင်းမှ မရှိတာကို!
ရှကျိုးယွီကော ဒီကမ္ဘာရဲ့ မူလဘုရင်ကောက သုံးစားရတဲ့သူတွေ မဟုတ်ဘူး။
တိုင်းပြည်ကို အုပ်စိုးဖို့လား?
မဖြစ်နိုင်တာ!
သိုင်းပညာလား?
ပါရမီ မပါဘူးလေ!
စာလေ့လာဖို့လား?
အဆိုးတကာ့ အဆိုးဆုံး အနေအထားမှာ!
ခပ်ပြတ်ပြတ်ပြောရရင် ငါက ဘယ်တစ်ခုမှာမှ ပြီးပြည့်စုံစွာ မပြီးပြည့်စုံဘူး!
တရှားတိုင်းပြည်ရဲ့ အမတ်အိုကြီးများ မျက်လုံးထဲမှာတော့ ထိုအချက်က လှောင်ရယ်စရာအချက်တစ်ခု ဖြစ်ခဲ့သည်။
ပြီးတော့..
သူတို့အတွက် တရှားတိုင်းပြည်က ပူနွေးတဲ့ ပေါက်စီတစ်လုံးနဲ့တူသည်။ အချိန်မရွေး ကိုက်ဖို့ အသင့်ပြင်နေကြသည်။
ရှကျိုးယွီရဲ့ ဆုံးပါးသွားတဲ့ ခမည်းတော်က များပြားတဲ့ အမွေတွေ ချန်သွားခဲ့လို့သာပဲ။
မဟုတ်ရင် အိမ်နီးချင်းတိုင်းပြည်တွေ ဖြစ်တဲ့ ချူ၊ ဝူ၊ ဟန်နဲ့ ဝေ့တိုင်းပြည်တွေရဲ့ လက်အောက် ရောက်နေတာကြာပြီ။
တိုင်းပြည်ရဲ့ အတွင်းရေးကိစ္စများကတော့…
ကြည့်ရတာ တော်တော်လေး ငြိမ်းချမ်းဟန် ရှိသည်။ ဒါပေမဲ့..
လက်တွေ့က နာကျင်စရာပဲ။ တိုင်းပြည်ရဲ့ နေရာစုံမှာ ပြဿနာပေါင်းသောင်းခြောက်ထောင် ပြည့်နေလို့လေ။
ညီလာခံအတွင်းမှာကျ ဋ္ဌာနကြီးခြောက်ခုက မပြတ်အားပြိုင်ကာ အာဏာရဖို့ အချင်းချင်း တိုက်ခိုက်ကြသည်။
ညီလာခံအပြင်မှာတော့ ဂိုဏ်းကြီးဂိုဏ်းငယ်တွေ ဖွဲ့စည်းရင်း ဥပဒေကို ဆန့်ကျင်တဲ့လုပ်ရပ်များဖြင့် ထင်တိုင်းကြဲကြသည်။
နယ်စပ်တွေမှာလား?
တိုင်းပြည်တွေကြား မကြာခဏ စကားများကြပြီး အချိန်မရွေး စစ်ထဖြစ်တော့မည့်ဟန် ရှိသည်။
ဒါကတော့ လက်ရှိ အခြေအနေပဲ။
ရှကျိုးယွီ ပြန်တွေးပြီးနောက်မှာ အမောစို့သွားသည်။
ဘုရင်လုပ်ရတာ စောက်ရမ်းပျင်းဖို့ ကောင်းတယ်!
(ဒင်!)
( ဂုဏ်ယူပါတယ်ပိုင်ရှင် ကြီးမြတ်တဲ့ဘုရင် ငတုံးဖန်တီးခြင်း စနစ်.အသက်ဝင်ပါပြီ)
ထိုအချိန်မှာ ရှကျိုးယွီ၏ ဦးနှောက်ထဲသို့ အသံတစ်ခုပဲ့တင်ထပ်လာသည်။
“နောက်ဆုံးတော့ ပေါ်လာပြီလား!”
“ အချိန်ကူးပြောင်းတာကို ငါးရက်လောက် သည်းခံပြီးနောက်မှာ နောက်ဆုံးတော့ ရွှေလက်ချောင်းကြီး ပေါ်လာပြီ!”
အွန်လိုင်းစာပေတွေကို အရင်ဘဝထဲက အသည်းစွဲ ဖတ်ခဲ့သည်မို့ အခုချိန်မှာ စနစ် ပေါ်ပေါက်လာတာနဲ့ ပတ်သတ်ပြီး ရှကျိုးယွီ အရမ်းမအံ့သြမိချေ။
( ဒီစနစ်က ဘုရင်ဆိုးအဖြစ်ဖန်တီးပေးမဲ့ စနစ်ပါ။ အခုဆိုရင် ပိုင်ရှင်က တရှားတိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ ဆက်နွယ်ထားတယ်)
( ထင်သာမြင်သာ ရှိအောင် တရှားတိုင်းပြည်ရဲ့ကံကြမ္မာ ကိန်းနှုန်းကို ကဏန်းဖြင့် ဖော်ပြပေးမယ်)
( လက်ရှိ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာ အမှတ်- ၁၀၀၀၀ မှတ်)
( စနစ်ကနေ ပိုင်ရှင်ရဲ့ လုပ်ရပ်တွေကို အကဲဖြတ်ပေးမယ်။ ငတုံးလုပ်ရပ်လို့ အကဲဖြတ်ခံရပြီး တရှားတိုင်းပြည်ရဲ့ ကံကြမ္မာ အမှတ်ကို လျော့အောင်လုပ်နိုင်မယ်ဆိုရင် ဆုလာဘ်ရရှိမှာပါ)
( မှတ်ချက်- ပိုပြီးထိခိုက်အောင်လုပ်နိုင်လေလေ ပိုကြီးတဲ့ ဆုလာဘ်ကို ရလေလေပဲ)
( နောက်ဆုံးမှာ ကံကြမ္မာအမှတ်တွေ အကုန်ကုန်အောင် လုပ်နိုင်ခဲ့ရင် မဟာဆုလာဘ်ကို ရရှိမယ် အင်မောတယ် ဖြစ်လာပြီး လမ်းကြောင်းတွေအားလုံး တတ်ကျွမ်းကာ ကောင်းကင်ဘုံကို တက်လှမ်းနိုင်မှာပဲ)
စနစ်ရဲ့ ဖော်ပြချက်ကို နားထောင်ပြီးနောက်မှာ ရှကျိုးယွီရဲ့ ဦးနှောက်က ချက်ချင်းပဲ စနစ်ရဲ့ရည်ရွယ်ချက်ကို နားလည်သွားသည်။
“ မင်းဆိုးမင်းညစ် တစ်ယောက် ဖြစ်လာဖို့မလား?”
“ ကောင်းသားပဲ!”
ရှကျိုးယွီ ချက်ချင်းပဲ ခံစားချက်တွေ တောက်ပသွားသည်!
“ဉာဏ်ရှိတဲ့ ဘုရင်လုပ်ရတာ သောက်ရမ်း ပျင်းဖို့ကောင်းတယ်..
မင်းဆိုးမင်းညစ် လုပ်ရတာကမှ စိတ်ဝင်စားဖို့ ကောင်းသေးတယ်!”
အထူးသဖြင့်
မင်းဆိုးမင်းညစ် တစ်ယောက်ဖြစ်လာပြီး တိုင်းပြည်ရဲ့ ငွေတွေကို လုံးဝကုန်အောင် ထိုင်ဖြုန်းပေးရုံနဲ့တင် ကြီးမြတ်တဲ့ အင်မောတယ်ဖြစ်နိုင်တဲ့ ဆုလာဘ်ကို ရအုံးမှာမျိုးပေါ့။
ရှကျိုးယွီ ချက်ချင်းပဲ အားအင် ပြည့်ဝသွားသည်။
“လာစမ်း!”
“ငါကိုယ်တော် အဝတ်လဲဖို့ကူညီကြ။ အခုပဲ ညီလာခံသွားမယ်”
ရှကျိုးယွီ အိပ်ဆောင်ကို ချက်ချင်းလှည့်ပြေးကာ ညီလာခံသွားဖို့ရန် အလွန်တက်ကြွနေတော့သည်!
ငွေထိုင်ဖြုန်းဖို့အရေး သူ မစောင့်နိုင်တော့ဘူး!
ဘုရင်ဆိုးလုပ်ရမဲ့ စနစ်နဲ့ တွေ့ရတော့မယ်!
မြန်မြန်လုပ်ကြ။
နန်းတွင်းအစေခံမလေးများ၏ အကူအညီဖြင့် ရှကျိုးယွီ နဂါးဝတ်ရုံအသစ်ကို ဝတ်ဆင်လိုက်သည်။
ကြေးမုံမှန်ထဲမှ ခံ့ညားလှတဲ့ အရှင်မင်းကြီး တစ်ယောက်ရဲ့အသွင်အပြင်ကို ကြည့်လိုက်ရင်း ရှကျိုးယွီ ကျေနပ်စွာ ပြုံးလိုက်လေသည်။
နဂိုတည်းက ခံ့ညားပြီးသားဆိုပေမဲ့ အခုလို တည်ကြည်တဲ့ အကြည့်ကို ထည့်ပေါင်းလိုက်တော့ ငါလေးက သောက်ရမ်းချောသွားတာဟ။
ဘယ်လိုတောင် ငယ်ရွယ်ခံ့ညားတဲ့ ဘုရင်ဆိုးတစ်ယောက်လဲ!
ရှကျိုးယွီရဲ့ အကြည့်က သူ့အနောက်နားမှာကပ်နေတဲ့ ကတုန်ကယင် ဖြစ်နေသော မိန်းမစိုးလေးဆီ ရောက်သွားသည်။
အနည်းငယ် လက်သွားတဲ့ မျက်လုံးများဖြင့် ရှကျိုးယွီ တည်ငြိမ်စွာမေးလိုက်သည်။
“မင်းရဲ့နာမည်က.ဘာလဲ?”
မိန်းမစိုးက ချက်ချင်းပဲ တုန်ယင်သွားပြီး ဒူးထောက်ကျသွားလေကာ
“ အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့ နာမည်က ကျောက်ကောင်း လို့ ခေါ်ပါတယ်!”
ရှကျိုးယွီရဲ့ မျက်လုံးတွေ တောက်ပသွားကာ
“ကောင်းမွန်လိုက်တဲ့ နာမည်!”
“အခုကစပြီး မင်းက နန်းတွင်းရဲ့ အတွင်းကိစ္စမှာ တာဝန်ရှိတဲ့ မိန်းမစိုးဖြစ်သွားပြီ။ အတွင်းနန်းဆောင်ရဲ့ တာဝန်ရှိ ခေါင်းဆောင်မိန်းမဆိုးက မင်းပဲ”
မင်းမိန့် ရွတ်ကြားပြီးသည်နှင့် ရှကျိုးယွီက အပြင်ကိုလှမ်းထွက်သွားလေတော့သည်။
ကျောက်ကောင်း အမည်ရ မိန်းမစိုးလေးကတော့ နေရာမှ မလှုပ်ရှားနိုင်သေးချေ။
“ တာဝန်ရှိ မိန်းမစိုး?? ဘယ်လိုတောင် ကြီးမားတဲ့ ဆုလာဘ်တော်ကြီးလဲ!!”
“ ဖတ်ဖတ်!”
မိန်းမစိုးငယ်သည် နှစ်ကြိမ်ခန့် ကိုယ့်ပါးကိုယ် ရိုက်လိုက်သည်။ အခုလောက် ကြီးမားတဲ့ အခွင့်အရေးကြီး ရောက်လာမယ်လို့ သူ ဘယ်တုန်းကမှ မတွေးခဲ့မိဘူးလေ။
အရှေ့က အရှင်မင်းကြီးရဲ့ အေးစက်တဲ့ အသံကြားမှသာ ကျောက်ကောင်း အသိဝင်တော့သည်။
“ မင်း အဲ့မှာ ဘာရပ်နေတာလဲ?”
“ငါနဲ့ညီလာခံလိုက်ခဲ့!”
အရှင်မင်းကြီးရဲ့အသံကို ကြားမှသာ ကျောက်ကောင်း လန့်ဖြန့်ပြီး လှုပ်ရှားလိုက်သည်။
အရှင်မင်းကြီးရဲ့ ကိစ္စရေးရာ တာဝန်ရှိတဲ့ မိန်းမစိုးဖြစ်လာတဲ့အတွက် အရှင်မင်းကြီးဆီ တင်ပြတဲ့ စာလိပ်မှန်သမျှကို ဦးစွာဖတ်ရမှာ ဖြစ်တဲ့အပြင် အရှင်မင်းကြီးအစား စာပြန်ပေးဖို့လဲ တာဝန်ရှိသည်။
အရှေ့က သွားနေတဲ့ ရှကျိုးယွီကတော့ ကိုယ့်လုပ်ရပ်ကိုယ် ကျေနပ်နေလေရဲ့။
ထင်တဲ့အတိုင်းပဲ..
တစ်စက္ကန့်လောက် ကြာပြီးနောက်မှာ..
( ဒင်!)
( အာရုံခံမိပါတယ်။ အာဏာကို အလွဲသုံးစား လုပ်ပြီး မိန်းမစိုးငယ်ကို ရာထူးတိုးပေးခြင်းက ဘုရင်ဆိုးတစ်ယောက်ရဲ့ အချက်နဲ့ ကိုက်ညီပါတယ်။ ကံကြမ္မာအမှတ် -1မှတ် လျော့သွားပါတယ်)
( ဆုလာဘ်- ခေါင်းကိုးလုံးနဂါးရဲ့ ခန္ဓာ.. အဲ့ဒီခန္ဓာရှိရင် မိစ္ဆာမျိုးစုံကို ခံနိုင်ရည်ရှိသွားမယ်။ နဂါးကိုးကောင်ကို ဝိညာဥ်တွေနဲ့ နတ်ဘုရားတွေကတောင် ကြောက်ရွံ့ခဲ့ရတယ်)
ဒျန်ထန်အတွင်းသို့ ရုတ်တရက် စီးဝင်လာတဲ့ အနွေးစီးကြောင်းတစ်ခုနဲ့အတူ သိသာတဲ့ ပြောင်းလဲမှုကို ကြုံတွေ့နေရတဲ့ ခန္ဓာကိုယ်ကို ရှကျိုးယွီ ချက်ချင်း.အာရုံခံမိလိုက်သည်။
အရင်က ကျိုးပဲ့လွယ်တဲ့ ပုံစံနဲ့ နှိုင်းယှဥ်ရသလောက်
အခု..
တော်တော်လေး မတူညီတော့ဘူး။
ထိုအချိန်မှာ..
ရှကျိုးယွီသည် ထိုက်ကျီခန်းမအရှေ့ ရောက်နေခဲ့ပြီပင်။
ဤထိုက်ကျီခန်းမတွင်..
ညီလာခံ ကျင်းပသည်!
ရှကျိုးယွီ တစ်လှမ်းချင်း အိန္ဒြေရှိရှိ လှမ်းနေရင်း နဂါးပလ္လင်တော်ဆီ ဦးတည်လိုက်သည်။
အရာရှိတွေအားလုံး ဦးညွတ်နေကြကာ မော်ကြည့်ရဲသူ.မရှိပေ။
“ အကုန်လုံးရဲ့ အမြင့်မှာ တက်ထိုင်ရတဲ့ ခံစားချက်က ဒါလား? မရေမတွက်နိုင်တဲ့ လူတွေရဲ့ အသက်ကိုဆုံးဖြတ်နိုင်တဲ့ အာဏာရသွားတဲ့ ခံစားချက်..”
ရှကျိုးယွီ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဒါပေမဲ့ သူ့ရဲ့မျက်နှာထားကတော့ လုံးဝ.မပြောင်းလဲချေ။
ဘုရင်ဆိုမှတော့ ဘုရင်တစ်ပါးလို ပြုမူရမှာပေါ့။
ပြီးတော့ ငါက ဘုရင်ဆိုး!