(ဝေ့တိုင်းပြည်က နယ်မြေလိုချင်နေတာလား!)
Vol. 1 Ch. 2
ဘုရင်တစ်ယောက်ရဲ့ လုပ်နိုင်စွမ်းကို ရှကျိုးယွီ နားလည်ပါသည်!
ဒါပေမဲ့ ဒီပလ္လင်ထက်စာရင် စနစ်ရဲ့ဆုလာဘ်ကိုပဲ သူ ပိုကြိုက်သည်!
ကောင်းကင်ဘုံကို တက်လှမ်းနိုင်မှာလေ!
“အမတ်ကြီးတို့ ဒီနေ့ညီလာခံအတွက် တင်ပြချက် ရှိလား?”
ရှကျိုးယွီ တည်ငြိမ်စွာ မေးလိုက်သည်။
နဂါးကိုးကောင် ခန္ဓာကိုယ်ကို လက်ခံရပြီးနောက်မှာ သူ့ရဲ့ အရှိန်အဝါက ပိုပြင်းထန်သွားပြီ။
အခုချိန်မှာ အုပ်ချုပ်ရေးနဲ့ စစ်ဘက် အမတ်များသည် အရှင်မင်းကြီး ညီလာခံ တက်တာကို မျက်ဝါးထင်ထင် မြင်နေရသည်။
အဖိုးအိုကြီးများသည် ကျေနပ်စွာဖြင့် ခေါင်းတစ်ညိတ်ညိတ် လုပ်လိုက်ကြသည်။
အထူးသဖြင့် အစောပိုင်းက နာရီဝက်လောက် နားဒုက္ခပေးခဲ့တဲ့ အဖိုးအိုကြီးတစ်အုပ်က လွန်စွာကျေနပ်သွားကြလေရဲ့!
“ အရှင်မင်းကြီး ကျွန်တော်မျိုး တင်ပြစရာ ရှိပါတယ်”
ကျောက်စိမ်းတိုင် တစ်ခုကို လက်ထဲမှာ ရိုသေစွာ ကိုင်ထားရင်းဖြင့် စစ်တပ်ရေးရာ အမတ်ကြီး မာဟွားက အရှေ့တိုးကာ ခွင့်တောင်းလိုက်သည်။
ရှကျိုးယွီ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။
ဒီမာဟွားက တစ်ကယ်ကို ကျက်သရေ တုံးတယ်။ ဒီအချိန်ကြီး ညီလာခံလုပ်ဖို့ တောင်းဆိုရတယ်ဆိုတော့ သူ့မှာသေချာပေါက် ပြောစရာရှိနေတာ ဖြစ်ရမယ်။
ဒါပေမဲ့
ရှကျိုးယွီက အပြစ်မတင်ခဲ့ပေ။
ထိုအစား တည်ငြိမ်စွာ ပြောလိုက်လေ၏။
“ အမတ်မင်း ပြောပါ!”
ခွင့်ပေးသံကြားသည်နှင့် မာဟွား အချိန်မဆွဲတော့ဘဲ အသံနက်ဖြင့် ထုတ်ပြောလိုက်သည်။
“ အရှင်မင်းကြီး.. နယ်စပ်ကနေ အရေးကြီးသတင်း ပို့လာပါတယ်!”
“လွန်ခဲ့တဲ့သုံးရက်က ချင်းရို့ မြို့ရဲ့ အပြင်ဘက်မှာ ဝေ့ တိုင်းပြည်စစ်တပ်က ကျွန်တော်မျိုးတို့ကို ရန်စလာပါတယ်။ ကျွန်တော်မျိုးတို့ စစ်တပ်ကလဲ ရဲဝင့်စွာနဲ့ ပြန်တိုက်ခဲ့ပြီး သူတို့ကို ဖျက်ဆီးပစ်ခဲ့တယ်”
“ဒါပေမဲ့”
“ ဒီအဖြစ်အပျက်ကို ဝူစစ်တပ်က ကျွန်တော်မျိုးတို့ကပဲ သူတို့ကို အရင်ရန်စသလိုမျိုး ပြောဆိုနေကြတယ်။ ကျွန်တော်မျိုးတို့ဆီကနေပါ အလျော်တောင်းနေတယ်!”
“ အနောက်ပင်လယ်က ပုလဲကြိုး အကုံး သုံးသောင်း၊ ရှိုပိတ်စ ငါးသောင်းနဲ့ တန်ဖိုးကြီး လက်ဖက်ခြောက် ပိဿာ တစ်သောင်း တောင်းလာပါတယ်!”
“အဲ့ဒါအပြင် သူတို့တွေက ကျွန်တော်မျိုးတို့နယ်မြေကို ချင်းရို့ကနေ ထောင်မြို့ အထိ မိုင်ငါးရာ ဆုတ်ပေးဖို့ တောင်းဆိုနေတယ်”
မားဟွာရဲ့ စကားသံအဆုံးမှာ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ရှကျိုးယွီ အတွက်တော့ အစောပိုင်းက ဒေါသများပင် အနည်းငယ် ပြေလျော့သွားသလိုပဲ။
အလျော်ပေးရမဲ့အပြင် မြို့ပါပေးရမယ်တဲ့လား..
ငါ ဒီဇာတ်ကြောင်းကို ရင်းနီးနေတယ်နော်။
အဲ့ဒါ သောက်သုံးမကျတဲ့ ဘုရင်တွေ ခံနေကျ အကွက်မျိုးမလား?
ငါသာ အခုလို သောက်ကျိုးနည်းမဲ့အကွက်လှလှကြီးကို အကောင်အထည်ဖော်ပေးလိုက်ရင် ကံကြမ္မာအမှတ်ဘယ်လောက် လျော့သွားမယ် ထင်လဲ?
တော်တယ်! မာဟွား ငါမင်းကို ခွင့်လွှတ်လိုက်ပြီ!
ရှကျိုးယွီ ပျော်ရွှင်သွားသည်။
ဒါပေမဲ့
ခန်းမတစ်ခုလုံးမှာတော့ လေထုတွေ ပြင်းထန်နေလေရဲ့။
“ဘယ်လိုတောင် မောက်မာတာလဲ!”
“သေးငယ်တဲ့ တိုင်းပြည်ကများ မဟုတ်တာ တောင်းဆိုရဲတယ်!”
“အရှင်မင်းကြီး ဝေ့တိုင်းပြည်ကို အမြစ်ဖြတ်ရှင်းလင်းဖို့ အမိန့်ထုတ်ပေးပါ!”
“မှန်ပါတယ်!”
“ စစ်တိုက်မယ်!”
“ တရှားတိုင်းပြည်ကို မင်းမဲ့တိုင်းပြည် ထင်နေကြတာလား မသိဘူး!”
ညီလာခံမှာ အပြစ်တင်သံတွေနဲ့ ဆူညံနေတော့သည်။
ဒါပေမဲ့..
အခုလို ကြီးမားတဲ့တိုင်းပြည်ရေး ကိစ္စကို အကုန်လုံး ခွဲခြမ်းမြင်နိုင်ပြီးသားပဲ။
ဒီကိစ္စမှာ
တိုင်းပြည်ရဲ့ ငြိမ်းချမ်းမှုကလဲ အများကြီး သက်ဆိုင်သည်။
“ အမှန်တော့ နောက်ဆုတ်ပေးလိုက်တာလဲ ပိုကောင်းတယ်။ ချင်းရို့နားက နယ်မြေတွေက စစ်ပွဲဒဏ်သင့်လာတာ နှစ်များစွာ ကြာခဲ့ပြီဆိုတော့ တော်တော်လေး ပျက်ဆီးနေပြီ”
“အခွန်ပုံမှန် မရတဲ့အပြင် နန်းတော်ကနေပါ ပြန်ထောက်ပံ့နေခဲ့ရတာ မလား?”
“....”
အမတ်တစ်ယောက်ထံမှ ထိုစကားလုံးများ ထွက်လာပြီးနောက်မှာ ညီလာခံက ထပ်မံ တိတ်ဆိတ်သွားတော့သည်။
အခုလို ကိစ္စကြီးကို သူတို့တွေလဲ အမှားအမှန် ခွဲခြားမြင်နိုင်ပါသည်။
ဒါပေမဲ့ အမတ်ချုပ် ကျူးကော့လုံက အေးစက်စွာ မျက်နှာ မဲ့လိုက်ရင်း
“ဘယ်လိုဟာသလဲ?”
“ဝေ့ တိုင်းပြည်က သူ့ကိုယ်သူ ဘာထင်နေတာလဲ? ဘယ်လိုတောင် အခုလို ရန်စရဲတာလဲကွ?”
ဒီအမတ်ချုပ် ကျူးကော့လုံက သွားရှုတ်လို့မရတဲ့ မျိုးချစ်ပုဂ္ဂိုလ်တစ်ယောက်ပဲ!
တရှား တိုင်းပြည်ကနေ ရှကျိုးယွီကို လက်ဆောင်ပေးခဲ့တဲ့ အရေးကြီးဆုံး အမွေအနှစ်တစ်ခုလို့ ပြောလို့ရသည်။
“အရှင်မင်းကြီး ကျေးဇူးပြုပြီး ချင်းရို့အနီးက စစ်တပ်ကို အရှေ့တိုးလာဖို့နဲ့ ဝေ့ တိုင်းပြည်နဲ့ စစ်ပွဲဆင်နွှဲဖို့ အမိန့်ထုတ်ပေးပါ!”
“ဝေ့ တိုင်းပြည်လေးကများ ဘယ်လောက် အမောက်ထောင်ရဲမလဲ ကြည့်တာပေါ့!”
“ညှိနှိုင်းလို့မရရင် စစ်တိုက်ယူရမှာပဲ။ ကြီးမြတ်တဲ့ တရှားကို ကြောက်မယ် ထင်နေလား!”
ကျူးကော့လုံကတော့ အမတ်ချုပ်တစ်ယောက်ရဲ့ တာဝန်ကို အပြည့်အဝ ဆောင်ရွက်ရင်း ရှကျိုးယွီကို တရားဝင် ရန်စသည်။
တစ်ချိန်ထဲမှာပဲ
ညီလာခံထဲက အမတ်အားလုံးပါ ဒူးထောက်လိုက်ကြရင်း
“ လှုပ်ရှားဖို့ အမိန့်ပေးပါ အရှင်မင်းကြီး!”
“လှုပ်ရှားဖို့ အမိန့်ပေးပါ အရှင်မင်းကြီး!”
“....”
အမတ်ချုပ် ဦးဆောင်လိုက်သည်နှင့် ကျန်တဲ့ အမတ်တွေလဲ အနောက်ကလိုက်တောင်းဆို တော့သည်။
ပုံမှန်ဆို ဒီလိုနဲ့ကိစ္စ ပြတ်သွားမှာပဲ။
ဒါပေမဲ့
ဒီတစ်ခေါက်က မတူတော့ဘူးလေ!
အချိန်က ပြောင်းလဲသွားခဲ့ပြီ။
မင်းတို့ရှေ့က ရှကျိုးယွီက အရင်ရှကျိုးယွီ မဟုတ်တော့ဘူးကွ။
“ အမတ်ချုပ်ကြီး အဲ့ဒီနည်းလမ်းက အကောင်းဆုံးဖြေရှင်းနည်းလို့ ငါကိုယ်တော် မထင်ဘူး”
ရှကျိုးယွီရဲ့ အမိန့်သံက နဂါးပလ္လင်ထက်ကနေ ပျံ့နှံ့လာခဲ့သည်။
ညီလာခံမှ အမတ်များအားလုံး မှင်သက် သွားကြလေ၏။
ပုံမှန်ဆို..
အရှင်မင်းကြီးက သဘောတူလိုက်တာပဲ မဟုတ်ဘူးလား?
ဒါပေမဲ့
ကျူးကော့လုံကတော့ တော်တော်လေး ကျေနပ်သွားခဲ့သည်။.တိုင်းပြည်အရေးမှာ အရှင်မင်းကြီးက ကိုယ်ပိုင် အမြင်ထုတ်ပြောလာတယ် ဒါ ကြီးမားတဲ့ တိုးတက်မှုပဲ။
ထိုအချိန်မှာ
သူက ဦးညွတ်ကာ ပြောလိုက်သည်။
“အရှင်မင်းကြီးရဲ့ အမြင်ကို မိန့်ကြားတော်မူပါ”
ရှကျိုးယွီက ထိုင်ခုံမှထလိုက်ကာ လက်တစ်ချက် ယမ်းလိုက်သည်။
“ အိမ်း ငါကိုယ်တော် အမြင်ကလား? ဝေ့တိုင်းပြည်က အလျော်လိုချင်တယ်မလား? ပေးလိုက်”
“နယ်မြေပါတောင်းနေတယ်မလား? ပေးလိုက်ပေါ့”
“ ကိုယ်တော်တို့ရဲ့ တရှားတိုင်းပြည်က ကျယ်ဝန်းပြီး သဘာဝအရင်းအမြစ် ပေါများတဲ့ နိုင်ငံပဲ။ ဒီလောက်နဲ့ မမွဲသွားပါဘူး”
“ရလဒ်အနေနဲ့ စစ်ပွဲတစ်ခုကို ရှောင်လိုက်နိုင်မယ်။ အမတ်မင်းတို့လဲ ပြည်သူတွေအတွက် တွေးပေးသင့်တယ်!”
“ စစ်ပွဲတွေ ဆက်တိုက်ဖြစ်နေရင် ပြည်သူတွေ ဘယ်လိုရှင်သန်တော့မလဲ?”
ရှကျိုးယွီက ပွက်ပွက်ဆူနေတဲ့ သွေးများဖြင့် ဟိတ်ဟန်ပါပါ မဲဆွယ်မှုကို ပြုလုပ်နေသည်။
ဒီလိုနဲ့
ညီလာခံက အမတ်တွေရဲ့ မျက်နှာသည် လုံးဝ ပြောင်းလဲသွားတော့သည်။
အမတ်ချုပ် ကျူးကော့လုံက ဒေါသတကြီး အော်ဟစ်လိုက်ပြီး
“ မဟုတ်တာ!”
“ဒါလုံးဝ မဟုတ်ဘူး”
“အရှင်မင်းကြီး ကိုယ့်စကားရဲ့ အဓိပ်ပ္ပါယ်ကို သိရဲ့လား?”
“ နယ်မြေအနောက်ဆုတ်ပေးပြီး အလျော်ပေးမယ်တဲ့လား!”
“ အရှင်မင်းကြီးသာ အခုလို လုပ်လိုက်ရင် တရှား ရဲ့ပြည်သူတွေ ဘယ်လိုတုံ့ပြန်ကြမလဲ? အရှင်မင်းကြီးကို ဘယ်လိုအကြည့်နဲ့ ကြည့်ကြမလဲ?”
ကျူးကော့လုံသည် မို့မောက်နေတဲ့ ရင်ဘတ်ဖြင့် အသက်တစ်ချက် ရှုသွင်းလိုက်သည်။
“အရှင်မင်းကြီး!”
“ တစ်လနေရင် ရှန့်ထျန်းနယ်မြေကြီးရဲ့ အဆင့်သတ်မှတ်ချက် ထွက်တော့မယ်။ အခုလို အလျော်ပေးလိုက်ရင် စာရင်းမှာ ကျွန်တော်မျိုးတို့ နောက်ဆုံးဖြစ်သွားပါလိမ့်မယ်!”
“ ဒါဆိုရင် ကျွန်တော်မျိုးတို့ရဲ့ တရှားတိုင်းပြည်ကြီး ပျက်ဆီးကိန်းစိုက်လိမ့်မယ်!”
ကျန်တဲ့အမတ်တွေလဲ အနောက်မှလိုက်ကာ..
မျက်ရည်တွေ၊ နှာရည်တွေ ထွက်ပြကြလေရဲ့။
ဒါပေမဲ့
ပလ္လင်ပေါ်က ရှကျိုးယွီရဲ့ မျက်နှာထားကတော့ ပြောင်းလဲမှုမရှိ တည်ငြိမ်နေသည်။
ထို့နောက်မှာ ဘေးမှာရပ်နေတဲ့ ကျောက်ကောင်းကို အကြည့်တစ်ချက် ပေးလိုက်သည်။
အသစ်ခန့်ထားတဲ့ မိန်းမစိုး ကျောက်ကောင်းက ချက်ချင်းအထာပေါက်သည်။
လက်ထဲမှ မိန်းမစိုးတွေကိုင်တဲ့ ကြာပွတ်ဖြူကို တစ်ချက် ခါယမ်းရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ တိတ်စမ်း!”
အမတ်တွေအကုန် တိတ်ဆိတ်သွားကြပေမဲ့ ရှကျိုးယွီကို စိုက်ကြည့်နေကြသည်။
မသိရင် သူတို့မှာ ပြောစရာတွေ မကုန်သေးတဲ့အတိုင်းပဲ။
ဒီများပြားလှတဲ့ အမတ်တွေရဲ့ အရှိန်အဝါနဲ့ ရင်ဆိုင်ရတာက ရှကျိုးယွီကို နန်းစွန့်ချင်စိတ်ပင် ပေါက်စေသည်။
ဒါပေမဲ့ ဒီလောက်နဲ့ သူက နောက်မဆုတ်ပါဘူး။.ထိုအစား သူ့ရဲ့မျက်လုံးကို ပိုပြီးအားထည့်လိုက်သည်။
ရှင်ဘုရင်တစ်ယောက်ရဲ့ အဆုံးမရှိတဲ့ အာဏာစက်က အသက်ဝင်လေပြီ!
“ မင်းတို့ကအခု ငါကိုယ်တော်ကို ဘာလုပ်ရမယ် ပြောနေကြတာလား!”
“ဒီတရှားတိုင်းပြည်က ငါကိုယ်တော်ရဲ့ တရှားပဲ။ မဟုတ်မှ မင်းတို့အပိုင်လို့ သတ်မှတ်နေတာလား!”
ရှကျိုးယွီက အမတ်တစ်ယောက်ချင်းဆီကို စူးစိုက်ကြည့်လိုက်သည်။
“အရှင်မင်းကြီး မြို့ကိုပေးပြီး အလျော်ပေးတာက လက်ခံဖွယ်ရာမရှိပါဘူး!”
အမတ်ချုပ် ကျူးကော့လုံက ထပ်မံတောင်းဆို လိုက်သည်။
“ ကျူးကော့လုံ ကျူးကော့လုံ မင်းက အမတ်ချုပ်တစ်ယောက်ပဲ။ ဒါမှမဟုတ် ငါကိုယ်တော်ရဲ့နေရာကို လက်လွှဲပေးရမလား?”
“ ဒီကိစ္စကိုဆုံးဖြတ်ပြီးပြီ! ဘာဆွေးနွေးသံမှ မလိုချင်ဘူး!”
ရှကျိုးယွီ လက်ယမ်းလိုက်ကာ နောက်ဆုံး.ဆုံးဖြတ်ချက် ချလိုက်သည်။
ရှကျိုးယွီရဲ့ နောက်မှာ နဂါးကိုးကောင်က ကခုန်နေသည့်နှယ် ပြင်းထန်တဲ့ အရှိန်အဝါတွေ ထိုးထွက်နေလေ၏!
ထိုထူးခြားလှတဲ့ အခိုက်အတန့်က ခဏတာသာ ကြာမြင့်ခဲ့သည်။
ဒါပေမဲ့ အမတ်တွေအားလုံးကို ပါးစပ်ပိတ်ပစ်ဖို့ လုံလောက်သည်။
ဒီတစ်ကြိမ်မှာ..
သူတို့အားလုံး ဦးညွတ်လိုက်ရသည်။
အမတ်တွေအားလုံး မကျေနပ်ကြပေမဲ့ တစ်ခွန်းတောင် မဟရဲကြတော့ပေ။
အရှင်မင်းကြီးက အရင်ကနဲ့ လုံးဝ မတူတော့ဘူး!
အရင်က ချောက်နက်ထဲမှာ အိပ်နေတဲ့ နဂါးတစ်ကောင်ဖြစ်ပြီး..
အခုချိန်မှာ စစ်မှန်တဲ့ နဂါးကြီးတစ်ကောင်ရဲ့ အသွင်ပြောင်းလိုက်သလိုပဲ!
ကျူးကော့လုံပင် စကားမဟတော့ပေ။
သူ ဦးညွတ်အရိုအသေပေးလိုက်ရင်း
“ အရှင်မင်းကြီးက ဉာဏ်အမျှော်အမျှင် ကြီးမားလှပါတယ်”
ရှကျိုးယွီက အလွန်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ ဒီကိစ္စကိုဆုံးဖြတ်ပြီးပြီဆိုတော့ အမတ်ချုပ် ကျူးကော့လုံ အမိန့်လက်ခံ!”
ကျူးကော့လုံ အရှေ့တက်လာရင်း ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်သည်။
“ကျွန်တော်မျိုး ရှိပါတယ်!”
“ အမတ်ချုပ် ကျူးကော့လုံက တိုင်းပြည်နဲ့ ပြည်သူအတွက် ပေးဆပ်မှုတွေ ပြုလုပ်ခဲ့တယ်။ ဒါကြောင့် ငါကိုယ်တော်က အသနားဖြင့် သစ္စာရှိမှုနဲ့ စစ်မှန်မှု ထောက်တိုင် ဆိုတဲ့ ဘွဲ့တော်ချီးမြှင့်မယ်။ ဧကသုံးထောင် အပိုင်စားရပြီး တရှားနဲ့ ဝေ့တိုင်းပြည်.. နှစ်နိုင်ငံကြားက ကိစ္စမှာ လုပ်ပိုင်ခွင့်အာဏာ အပြည့်ရစေ”
“ ပြီးတော့ မောင်မင်းကို တစ်နှစ်တိတိ နယ်စပ်မှာ စောင့်ကြပ်ခွင့်ပေးလိုက်ပြီး မြို့တော်ပြန်လာဖို့ ပိတ်ပင်တယ်”
နာမည်အရ ရာထူး တိုးပေးသလို ထင်ရပေမဲ့ တစ်ကယ်တော့ ပ ထုတ်လိုက်တာပင်။
ဒါက လက်စားချေတာပဲ!
အခြေအနေကို နားလည်တဲ့ အမတ်တွေအားလုံး ခံစားမိလိုက်ကြသည်။
ဒါပေမဲ့
ကျူးကော့လုံကတော့ ထိုစကားတွေကြားမှာ မှင်သက်နေလေ၏။ ဦးနှောက်တစ်ခုလုံး အတွေးတွေနဲ့ ဗြာများသွားသည်။
ချင်းရို့မြို့က စစ်ပွဲဒဏ်သင့်ပြီး အလွန်ဆင်းရဲတဲ့ နေရာဖြစ်နေခဲ့တာကြာပြီ။
ညီလာခံက အမတ်တွေအတွက် အဲ့ဒီနေရာကို ပို့လိုက်တာက ကပ်ဘေးကြီးပဲ။ အဲ့ဒါကို ဝေ့တိုင်းပြည်ကို ပေးလိုက်တာကမှ တိုင်းပြည် အသုံးစရိတ် ကာမိအုံးမည်။
ပြီးတော့ ချင်းရို့မြို့က ရှန်းထျန့် နယ်မြေကြီးရဲ့ မြောက်ဘက် တောင်တန်းတစ်လျှောက်မှာ တည်ရှိသည်။ သဘာဝရဲ့ ခုခံမှု အားနည်းပြီး အသုံးမဝင်တဲ့နေရာပဲ။
ပြီးတော့ ရနိုင်တဲ့ ရတနာတွေကလဲ တိုင်းပြည်အတွက် တန်ဖိုးမရှိသလောက်ပဲ။
ဒါပေမဲ့ ကျူးကော့လုံက ပျော်နေခဲ့သည်။
နယ်စပ်ကိုသွားရောက် ခိုင်းတာက နှစ်ရှည်နေပြီဖြစ်တဲ့ သူ့ရဲ့ ဆန္ဒကို.ဖြည့်စည်း ပေးလိုက်တာပဲလေ!
သူကတိုင်းပြည်ရေးကိစ္စတွေထက် စစ်ရေးကိစ္စကို စီမံရတာပိုအားသန်သည်!
ဖြစ်နိုင်တာ အရှင်မင်းကြီးကလဲ သတိထားမိသွားတာပဲ!
ပြီးတော့ အရှင်မင်းကြီးက အစီအစဥ်ကြီး ချထားသေးပုံပဲ!
ဒီလိုပေါ့လေ။
ဒါအရှင်မင်းကြီးက အရာအားလုံးကို တွက်ချက်ထားတာပဲ။ အရှင်မင်းကြီးက လုပ်ချင်တာ လုပ်နေတာ မဟုတ်ဘူး။ သူက အကုန်လုံးကို ဖောက်မြင်နိုင်နေတာပဲ!
ထိုအချိန်မှာ ကျူးကော့လုံက အချိန်မဆွဲတော့ဘဲ ရိုသေစွာဖြင့် အမိန့်လက်ခံလိုက်တော့သည်။
“အရှင်မင်းကြီး ကရုဏာတော်ကို ကျွန်တော်မျိုး ကျူးကော့လုံ အထူးကျေးဇူးတင်မိပါတယ်။ အရှင်မင်းကြီး လုံးဝ စိတ်မပျက်စေရပါဘူး!”
……….