← Chapters

( ဘုရင်ဆိုးတဲ့လား! အရှင်မင်းကြီးက ဉာဏ်ပါရမီ ပြည့်စုံတဲ့သူကွ!)

Vol. 1 Ch. 3

( ဘုရင်ဆိုးတဲ့လား! အရှင်မင်းကြီးက ဉာဏ်ပါရမီ ပြည့်စုံတဲ့သူကွ!)

Vol. 1 Ch. 3

ကျူးကော့လုံ သဘောတူလိုက်သည်။

ရှကျိုးယွီက ခေါင်းအနည်းငယ် ညိတ်ပြပြီး ကျန်တဲ့အမတ်တွေဘက်လှည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“အမတ်မင်းတို့ မေးစရာရှိသေးလား?”

ရှကျိုးယွီ၏ ပြင်းထန်လှတဲ့ ဖိအားကြောင့် အမတ်တွေအားလုံး ညီလာခံ ခန်းမအတွင်းမှာကို မနေချင်ကြတော့ပေ။

သူတို့အားလုံး ပြောလိုက်ကြလေသည်။

“အရှင်မင်းကြီး.. ကျွန်တော်မျိုးတို့ မေးခွန်းတွေ မရှိတော့ပါဘူး!”

ရှကျိုးယွီ အလွန်အမင်း ကျေနပ်သွားသည်။

“ ဒါဆို ညီလာခံသိမ်းမယ်!”

ပြောပြီးသည်နှင့် ပလ္လင်ပေါ်မှဆင်းကာ အပြင်ဘက်ကို လှမ်းထွက်သွားလေ၏။

ထိုအချိန်မှာ

သူ့ရဲ့စိတ်ထဲသို့ အသံတစ်ခု ဝင်ရောက်လာသည်။

(ဒင်!)

( ပိုင်ရှင်ရဲ့ အလျော်ပေးတဲ့အပြင်.နယ်မြေ နောက်ဆုတ်ပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ဘုရင်ဆိုးတစ်ယောက်ရဲ့ အချက်အလက်နဲ့ ကိုက်ညီတယ်)

( ကံကြမ္မာအမှတ် ငါးဆယ် လျော့သွားပါတယ်။ ဆုလာဘ်အနေနဲ့ မြင့်မြတ် သိုင်းကျမ်းတစ်ခု ဖြစ်တဲ့ ခေါင်းကိုးလုံးနဂါး လျှို့ဝှက်သိုင်းကျမ်းကို ချီးမြှင့်လိုက်တယ်!)

( ပြီးတော့သစ္စာရှိ အမတ်ချုပ် ကျူးကော့လုံကို မြို့တော်က နှင်ထုတ်လိုက်သေးတယ်။ အဲ့ဒါကလဲ ဘုရင်ဆိုးတစ်ယောက်ရဲ့ လုပ်ရပ်နဲ့ ညီတယ် )

( ကံကြမ္မာအမှတ် ၂၀၀ လျော့ကျသွားတဲ့အတွက် ဆယ်နှစ်တာ ကျင့်ကြံမှုကို ဆုလာဘ်အနေနဲ့ ရရှိမယ်!)

ဆုလာဘ်တွေ တစ်ခုပြီးတစ်ခု ရနေသည့်အတွက် ရှကျိုးယွီ အလွန်ပေါ့ပါးနေသည်။

ထင်တဲ့အတိုင်းပဲ အမှတ်ပိုလျော့လေလေ၊ ဆုလာဘ်တွေ ပိုကြီးလာလေလေပဲ။

ဒါကြောင့် တိုင်းပြည်ကို ထပ်မံဖျက်ဆီးဖို့ရန် ရှကျိုးယွီ သံဓိဋ္ဌာန် ချလိုက်တော့သည်။

တော်ဝင် စာဖတ်ခန်းရှေ့ ရောက်သည်နှင့် ရှကျိုးယွီ ကျိုးကောအား အမိန့်ထုတ်လိုက်သည်။

“ ငါကိုယ်တော် အမိန့်မရဘဲ ဘယ်သူ့ကိုမှ မဝင်ခိုင်းနဲ့!”

ကျောက်ကောင်းက အမိန့်လက်ခံလိုက်ကာ

“ အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”

“အော် ဒါနဲ့”

“ တော်ဝင်အစောင့်တွေကို အမိန့်ပြန်ကြားလိုက်။ ညီလာခံထဲက သစ္စာမဲ့တဲ့ အမတ်တွေကို စာရင်းပြုစုပြီး ငါကိုယ်တော်ဆီ တင်ပြဖို့!”

ကျောက်ကောင်းဆီမှ ပြန်ဖြေသံကိုပင် မစောင့်တော့ဘဲ ရှကျိုးယွီ တံခါးပိတ်လိုက်သည်။

တင်းကျပ်စွာ ပိတ်သွားတဲ့ တော်ဝင်စာဖန်းခန်းရဲ့ တံခါးကိုကြည့်လိုက်ရင်း ကျောက်ကောင်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

“ ညီလာခံမှာ ပြောင်းလဲမှုတွေ လာတော့မှာပဲ!”

“ဒါပေမဲ့လဲ အဲ့ဒါက ငါကျောက်ကောင်းနဲ့ ဘာဆိုင်တာမလို့လဲ?”

“ငါ က အရှင်မင်းကြီးရဲ့အမိန့်ကို လက်ခံရုံပဲ!”

ကျောက်ကောင်း ပျော်ရွှင်စွာ တွေးလိုက်သည်။

အရှင်မင်းကြီးရဲ့ အနီးကပ် မိန်းမစိုး ခေါင်းဆောင်ဖြစ်လာတဲ့အတွက် သူ့ဘက်က ခိုင်မာတဲ့ သစ္စာရှိမှုကို ပြဖို့လိုသည်။

“ ဒီ ရှန့်ထျန်းနယ်မြေကြီး တစ်ခွင်ကို.ကြည့်လိုက်စမ်း။ ငါတို့ရဲ့ မင်းကြီးလောက် ကောင်းတဲ့မင်းကြီး ဘယ်မှာ ရှိမှာလဲ?”

သက်ပြင်းချလို့ပြီးသည်နှင့် ကျောက်ကောင်းသည် တော်ဝင်အစောင့်တွေထံ အမိန့်ပြန်ပေးဖို့ မိန်းမစိုးတစ်ယောက်အား စေခိုင်းလိုက်လေ၏။

ထိုအချိန်မှာ

တော်ဝင် စာဖတ်ခန်းအတွင်း၌

ရှကျိုးယွီ ချက်ချင်းပဲ သိုလှောင်နယ်မြေ ဖွင့်လိုက်ကာ စနစ်က ပေးအပ်ခဲ့တဲ့ လက်ဆောင်တွေကို စစ်ဆေးလိုက်သည်။

အရင်ဆုံး ခေါင်းကိုးလုံးနဂါးရဲ့ မြင့်မြတ်တဲ့ကိုယ်ထည်ကို တွေ့သည်။

ဒီကိုယ်ထည်က ရှန့်ထျန်း နယ်မြေကြီးတစ်ခွင်ရှိ မြင့်မြတ်ကိုယ်ထည် ကိုးခုအနက် ဒုတိယ အသန်မာဆုံး ကိုယ်ထည်ပဲ။ သူ့ရဲ့အရှေ့မှာ မတည်မြဲခြင်းကိုယ်ထည်ပဲ ရှိတော့သည်။

ဒီခေါင်းကိုးလုံးနဂါးကိုယ်ထည်နဲ့ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ရင် ငါလေးက အနိုင်မယူနိုင်တဲ့ ဘိုးဘေးဖြစ်လာတော့မှာ!

ပြီးတော့

ဒီကိုယ်ထည်က မိစ္ဆာမျိုးစုံကို ခံနိုင်ရည်ရှိတဲ့အပြင် ဝိညာဥ်တွေနဲ့ နတ်ဘုရားတွေကပါ ကြောက်လန့်ရတယ်။

အခုရလိုက်တဲ့ ဆုလာဘ်တွေက ရေထဲမြောနေတဲ့ ရေခဲပိုင်းကြီးရဲ့ ထိပ်ချွန်လေးပဲ ရှိသေးတယ်လို့ ရှကျိုးယွီ ခံစားမိလိုက်သည်။

ဒါ့အပြင် နောက်ဆုံးဆုလာဘ်ဖြစ်တဲ့ ဆယ်နှစ်တာ ကျင့်ကြံမှုကြောင့် သာမာန်သူ တစ်ယောက်ကနေ သိုင်းဆရာကြီးတစ်ယောက် အဖြစ် ပြောင်းသွားခဲ့လေပြီ။

ရှန့်ထျန်းတွင် ကျင့်ကြံမှုပိုင်း၌ တာအိုလမ်းစဥ်၊ ဗုဒ္ဓ လမ်းစဥ်၊ သိုင်းပညာလမ်းစဥ်နဲ့ စိတ်ဝိညာဥ်သန့်စင်ခြင်း လမ်းစဥ်ဆိုပြီး လေးမျိုးခွဲထားသည်။

လမ်းစဥ်တိုင်းတွင် ထူးခြားလေးနက်တဲ့ တန်ဖိုးကိုယ်စီရှိသည်။ သန်မာမှုတွေနဲ့ လမ်းစဥ်တိုင်းသည် ဆက်သွယ်မှုရှိပြီး အဆင့်ကိုးဆင့်အတွင်း သတ်မှတ်တိုင်းတားကြသည်။

သိုင်းပညာလမ်းစဥ်မှာဆိုရင်

အဆင့်ကိုးချီသန့်စင်ခြင်း

အဆင့်ရှစ် ခန္ဓာကိုယ်သန့်စင်ခြင်း

အဆင့်ခွန် စိတ်ဝိညာဥ်သန့်စင်ခြင်း

အဆင့်ခြောက် အတွေးစုစည်းခြင်း

အဆင့်ငါး ကောင်းကင်တစ်ခွင် ပျံဝဲခြင်း

အဆင့်လေး ပြန်လည်ဖွဲ့စည်းခြင်း

အဆင့်သုံး ရိုက်နှက်ခြင်း

အဆင့်နှစ် မသေမျိုးအသွင်ပြောင်းလဲခြင်း

အဆင့်တစ် သိုင်းနတ်ဘုရား!

ဆိုပြီးရှိသည်။

ကျန်တဲ့ လမ်းစဥ်သုံးခုသည်လဲ ထိုသို့ နာမည်အသီးသီးဖြင့် အဆင့်ကိုးဆင့် သတ်မှတ်ထားကြသည်။

ရှကျိုးယွီ ဆယ်နှစ်တာ ကျင့်ကြံရေးအစွမ်းရဲ့ ကျေးဇူးကြောင့်.

အဆင့်ကိုး ချီသန့်စင်ခြင်း အဆင့်ကနေ အဆင့်ခြောက် အတွေးစုစည်းခြင်း အဆင့်ကို ခုန်တက်သွားလေ၏။

သိုင်းပညာလမ်းစဥ်မှာ ဒီလောက်အနေအထားဆိုရင် စွမ်းအားကြီး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံနေရပြီ။ ကျင့်ကြံခြင်း အကျိုးအမြတ်တွေ ရယူ ပြီးနောက်မှာ ရှကျိုးယွီ ခေါင်းကိုးလုံးနဂါးရဲ့ အထွဍ်အမြတ် သိုင်းကို စတင် လေ့လာတော့သည်။

ခေါင်းကိုးလုံးနဂါးရဲ့ အထွဍ်အမြတ်သိုင်းပညာသည် နဂါးကိုးကောင်လုံးရဲ့ အစွမ်းကို ကျင့်ကြံရတာဖြစ်ပြီး ခေါင်းကိုးလုံးနဂါးကိုးထည်ရဲ့ ရတနာသိုက်ကို ဖွင့်လှစ်နိုင်မဲ့ သော့ချက်တစ်ခုပဲ။

နဂါးကိုးကောင်ရဲ့ အော်ဟစ်သံတွေကြားမှာ ရှကျိုးယွီရဲ့ ပတ်ပတ်လည်ကို ရွှေရောင်မြူခိုးတွေ သိုင်းခြုံလာသည်။

သူ့ရဲ့အရှိန်အဝါတွေက မြင့်တက်လာလေ၏။

နဂါးဟိန်းသံကြီးအပြီးမှာ ထူးဆန်းတဲ့မြင်ကွင်းက စတင် ပျောက်ကွယ်လာသည်။

ထို့အတူရှကျိုးယွီရဲ့ အရှိန်အဝါသည်လဲ ပြန်လည် တည်ငြိမ်စပြုလာသည်။

“ အဆင့်တက်တာလား?”

ကိုယ်တွင်းမှနေ ပြင်းထန်နေတဲ့ချီစွမ်းအင်ကို ခံစားမိသည်မို့ ရှကျိုးယွီ အံ့သြသွားသည်။

ငါက အစောပိုင်းကမှ အဆင့်တွေကျော်ပြီး အတွေးစုစည်းခြင်း အဆင့်ခြောက်ကို တက်ထားခဲ့တယ်။

အခု အဆင့်ငါး ကောင်းကင်တစ်ခွင် ပျံဝဲခြင်းအဆင့်ကို ထပ်တက်သွားခဲ့ပြီ။

ဟဟ! ဒါဆို ငါ တိမ်တွေပေါ်မှာ လွင့်လို့ရပြီပေါ့။

ဒီသိုင်းပညာလမ်းစဥ်က တစ်ခြားလမ်းစဥ်များလို အံ့သြဖွယ်ရာ မရှိဘူး။ ပျံသန်းချင်ရင် အဆင့်ငါးရောက်သည်အထိ လေ့ကျင့် ရသည်။

အချိန်ခဏကြာသည်အထိ ရှကျိုးယွီ ဆက်လက် ကျင့်ကြံလိုက်သည်။

သူ နောက်ဆုံး တော်ဝင်စာဖတ်ခန်းရဲ့ အခန်းတံခါးဖွင့်လိုက်ချိန်မှာ အပြင်ဘက်က ကောင်းကင်သည် မှောင်မဲနေခဲ့ပြီပင်။

“အရှင်မင်းကြီး တော်ဝင်အစောင့်တွေဆီကနေ စုံစမ်းခိုင်းတာ ရခဲ့ပါပြီ”

တံခါးပေါက်မှာ ရပ်စောင့်နေတဲ့ ကျောက်ကောင်းက ရှကျိုးယွီ ထွက်လာတာမြင်သည်နှင့် လျှို့ဝှက် စာလိပ်ကို ရိုသေစွာကမ်းပေးလာသည်။

ရှကျိုးယွီ ယူကာ ခပ်ဖြည်းဖြည်း ဖတ်လိုက်လေ၏။

ဖတ်ပြီးနောက်မှာ သူ အလွန်ကျေနပ်သွားသည်။

“ တော်ဝင်အမှုထမ်းဋ္ဌာနရဲ့ တာဝန်ရှိ အမတ် လီလင်ပု က တရှားရဲ့အမတ်တွေကြားမှာ သစ္စာအမဲ့ဆုံး အမတ်ပါလား!”

“လာဘ်ထိုးတာ လက်ခံပြီး အစိုးရ ရာထူးတွေကို အလွဲသုံးစား ရောင်းစားတယ်ပေါ့”

“ကောင်းတယ်!”

ရှကျိုးယွီ ခပ်တိုးတိုး ရေရွတ်လိုက်ပြီး မျက်နှာထက်မှာ အပြုံးတစ်ခု အရိပ်ထင်လာသည်။

…………….

တရှားတိုင်းပြည်ရဲ့ မြို့တော်ရှိ အမတ်ချုပ်ကြီး နေအိမ်တွင်ဖြစ်သည်။

ညနက်ပိုင်း ရောက်နေပြီဖြစ်သော်ငြား မီးများလင်းနေသည်။

ဘာလို့ဆို အမတ်ချုပ်ကြီးက မနက်ဖြန်အစောပိုင်းကျရင် နယ်စပ်ကို သွားရတော့မှာမလို့ပဲ။

နယ်စပ်ကို သွားရတော့မဲ့ ကျူးကော့လုံက စာဖတ်ခန်းထဲ၌ တည်ငြိမ်စွာ ထိုင်နေသည်။

လက်ထဲမှာ စာလိပ်တစ်ခု ဖတ်နေရင်းဖြင့် ချင်းမင်ပွဲတော်တုန်းက လက်ဆောင်ရခဲ့တဲ့ အနောက်ရေကန်မှ အခါးရည်ကို ဇိမ်ကျကျ သောက်နေလေရဲ့။

ရှေ့တန်းကို.မောင်းထုတ်ခံလိုက်ရတဲ့ လူတစ်ယောက်နဲ့ နည်းနည်းမှ မတူနေဘူး။

ဘေးမှာရှိနေတဲ့ ကျူးကော့လုံရဲ့ မိသားစုဝင်တွေကတော့ မပျော်နိုင်တော့ဘူး။

“သခင်ကြီး နည်းနည်းမှ စိတ်မပူဘူးလား?”

အမတ်ချုပ်ကြီးရဲ့ ဇနီးဖြစ်သူသည် စိတ်ပူစွာ မေးလာသည်။

ကျူးကော့လုံ အခါးရည်ခွက်ကို ချလိုက်ပြီး ဇနီးဖြစ်သူကို ပွေ့ဖက်လိုက်ရင်း

“ ရှင်မ ဘာတွေစိတ်ပူနေတာလဲ? နယ်စပ်ကို သွားရမဲ့အတွက်လား?”

“ အဲ့ဒီကိုသွားဖို့က ရှင်မ ခင်ပွန်းရဲ့ နှစ်ကြာနေပြီဖြစ်တဲ့ အိပ်မက်တစ်ခုပါ”

“ ဂုဏ်ရှိတဲ့ ယောက်ျားတစ်ယောက်အနေနဲ့ ဓားရှည်ကိုဝှေ့ယမ်းရင်း ကိုယ့်တိုင်းပြည်ကို မကာကွယ်နိုင်ဘူးဆိုရင် ကိုယ်ဘယ်လို ပျင်းရိဖွယ်ဘဝမှာ ရှင်သန်နေရတာ ဖြစ်မလဲ!”

အမတ်ချုပ်ရဲ့ ဇနီးက ပြန်ပြောသည်။

“ကျွန်မ ပြောချင်နေတာ အဲ့ဒါမဟုတ်ဘူး။ အရှင်မင်းကြီးက အလျော်ပေးဖို့နဲ့ နယ်မြေ နောက်ဆုတ်ရမဲ့ကိစ္စမှာ သခင်ကြီးကို တာဝန်ရှိသူအနေနဲ့ စေလွှတ်ခဲ့တယ်”

“တစ်ကယ်ပဲ သခင်ကြီး အခုလို အရှေ့ထွက်မယ်ဆိုရင် သခင်ကြီးရဲ့ ဂုဏ်သတင်း ထိခိုက်ရလိမ့်မယ်။ ကိုယ့်တိုင်းပြည်ကို စွန့်ပစ်တဲ့ သစ္စာဖောက်တစ်ယောက်အဖြစ် ထာဝရ စွပ်စွဲခံနေရလိမ့်မယ်”

“သခင်ကြီး အခုကြည့်လိုက်ပါ။ မြို့တော်ရဲ့ အမတ်တွေသာမက ပြည်သူတွေကလဲ အရှင်မင်းကြီးကို ဘုရင်ဆိုးတစ်ယောက် အနေနဲ့ သမုတ်နေတဲ့အပြင် သခင်ကြီးကိုပါ သစ္စာဖောက်အဖြစ် အပြစ်တင်ကြလိမ့်မယ်”

“ ဒီပုံအတိုင်းဆို လာမဲ့ အဆင့်သတ်မှတ်ပွဲမှာ တရှားတိုင်းပြည်ရဲ့ အဆင့်အောက်ကျသွားမှာကို ကျွန်မ စိတ်ပူမိတယ်”

ကျူးကော့လုံ ဒေါသ မထွက်ခဲ့ပေ။ ထိုအစား အေးစက်နေတဲ့ မျက်လုံးဖြင့်

“သူတို့ ဘာသိကြလို့လဲ?”

“အရှင်မင်းကြီးရဲ့ စူးရှတဲ့အမြင်ကို အဲ့ဒီလူတွေ ဘာနားလည်မှာမလို့လဲ?”

“ဘုရင်ဆိုး ဟုတ်လား!”

“ဟာသပဲ!”

“အရှင်မင်းကြီးက တုနှိုင်းမမှီတဲ့ အုပ်ချုပ်သူ တစ်ယောက်ပဲ!”

ကျူးကော့လုံရဲ့ လေသံမှာ အထင်ကြီးလေးစားမှုတွေ ပါဝင်နေသည်။

ကာကွယ်ပေးလိုစိတ် အနည်းငယ်ပါ ပါဝင်နေသေး၏။

ဒါပေမဲ့

အမတ်ချုပ်ရဲ့ ဇနီးကတော့ ထိုစကားများကြောင့် အံ့သြသွားကာ

“သခင်ကြီး နေကောင်းရဲ့လား?”

ကျူးကော့လုံ ကူကယ်ရာမဲ့စွာ လက်ယမ်းပြလိုက်ရင်း

“ရှင်မ အနေနဲ့ တိုင်းပြည်ရေးနဲ့ အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်ကို နားမလည်တာ ပုံမှန်ပါပဲ”

“လာ”

“ ဒီကိုကြည့်”

ကျူးကော့လုံ ဇနီးဖြစ်သူကို မြေပုံရှိရာခေါ်သွားပြီး ချင်းရို့ မြို့ရဲ့ တည်နေရာကို ပြလိုက်သည်။

“ ရှင်မ ကြည့်လိုက်!”

“ ဒီ ရှန့်ထျန်းရဲ့ အနောက်တောင်တန်းတွေနားမှာ တည်ရှိတဲ့ မြို့က ချင်းရို့မြို့ပဲ။ ဒီမြို့က ဝေ့တိုင်းပြည်ရဲ့ အနောက်မြောက်ဘက်က လွင်ပြင်ဒေသနဲ့ နယ်နမိတ်ထိနေတယ်။ ဒီချင်းရို့မြို့က ခုခံမှုပိုင်းမကောင်းတဲ့အပြင် စိုက်ပျိုးမြေလဲ မဖြစ်ထွန်းဘူး။ တော်ဝင်နန်းတော်ကနေ နှစ်စဥ်နှစ်တိုင်း ရွှေတုံးတွေ အများကြီး ထောက်ပံ့နေပေမဲ့ အသုံးမဝင်ဘူး!”

“ ပြီးတော့ ထပ်ပြောရရင် အရှင်မင်းကြီးက အလျော်ပေးဖို့နဲ့ နယ်မြေပေးဖို့အထိ သဘောတူပြီးတာတောင်မှ ကိုယ့်ကို ဘာလို့ လွှတ်တယ်ထင်လဲ?”

“သူများတွေ ပြောသလို ကြားကောင်းအောင် ရာထူးတိုးပေးတာဖြစ်ပြီး တစ်ကယ်က မောင်းထုတ်တာလို့ ပြောရအောင်လဲ အရှင်မင်းကြီးက ကိုယ့်ကို အခုလို လုပ်ပါ့မလား?”

“ကိုယ့်ကို နယ်စပ်မှာသွားစောင့်ကြပ်ခိုင်းတာက ပိုလေးနက်တဲ့အတွေးတွေ ရှိလို့လို့ ကိုယ် ယုံကြည်တယ်”

ကျူးကော့လုံရဲ့ စကားက ဇနီးဖြစ်သူကို အံ့အားသင့်စေခဲ့သည်။

အမတ်ချုပ် ကျူးကော့လုံရဲ့ ဇနီးဖြစ်လာနိုင်တယ် ဆိုမှတော့ သူမသည်လဲ သာမာန်လူတစ်ယောက် မဟုတ်ပေ။

ချက်ချင်းပဲ သူမ သဘောပေါက်သွားပြီး တုန်ယင်စွာဖြင့်ပြောလိုက်လေ၏။

“ ဒါဆို သခင်ကြီးပြောချင်တာက အရှင်မင်းကြီးက ကျွန်မတို့ရဲ့ သန်မာမှုကို သတိထားမိနေတာ ကြာပြီပေါ့!”

ကျူးကော့လုံက အရာအားလုံး.ဖြတ်မြင်ထားသလိုမျိုး နေရာမှာ မလှုပ်မရှားရပ်နေလေ၏။

“ရှင်မ ဘယ်လိုထင်လဲ?”

“အရှင်မင်းကြီးက အဲ့ဒီကျယ်ပြောတဲ့ အနောက်လွင်ပြင်ကို မျက်စိကျနေတာပဲ”

“ ကြည့်နေလိုက်ပါ! အရှေ့လာမဲ့ အဆင့်သတ်မှတ်ပွဲမှာ ကိုယ်တို့တရှားပြည် အဆင့်တက်လိမ့်မယ်!”

ကျူးကော့လုံက အမတ်ချုပ် အိမ်ရာအတွင်းမှာ ထိုင်နေဆဲဆိုပေမဲ့

သူ့ရဲ့မျက်လုံးတွေက အနောက်မြောက်လွင်ပြင်ရဲ့ မိုင်များစွာ အကျော်ထိကို ဖောက်မြင်နေဟန်ရှိသည်။

သူ့ရဲ့ကိုယ်တွင်းမှာ စိတ်ဝိညာဥ်သန့်စင်ခြင်း.လမ်းစဥ်ရဲ့ အတွေးအခေါ်တို့ နိုးထလာခဲ့သည်။

ကျရောက်လာမဲ့မြင်ကွင်းရဲ့ ဓားသံ၊ လှံသံတွေကိုပင် ကြိုတင် ကြားယောင်နေလေ၏။

……….

All Chapters