အခန်း (၅)
Vol. 1 Ch. 5
(ဒင်!)
( သစ္စာဖောက်ကို ရာထူးတိုးပေးလိုက်တာက ဘုရင်ဆိုး လုပ်ရပ်နဲ့ညီတယ်)
( တရှားတိုင်းပြည်ရဲ့ ကံကြမ္မာမှတ် အမှတ် တစ်ရာ လျော့သွားပါတယ်။ ပြီးပြည့်စုံတဲ့ အင်အားတိုးဆေး ဆယ်လုံး ဆုရရှိပါတယ်)
ဖူယွဲ့ နန်းဆောင်ကို ဦးတည်နေရင်း လမ်းတစ်ဝက်မှာ စနစ်ထံမှ အသိပေးသံကို ကြားလိုက်ရသည်။
( အင်အားတိုးဆေး ဆယ်လုံး!)
( တစ်လုံးစားလိုက်တာနဲ့ အနှစ်ခြောက်ဆယ် ကျင့်ကြံမှုကို ရရှိပြီး အတွင်းဒဏ်ရာအားလုံးကို ကုသပေးနိုင်တယ်)
( ဘေးထွက်ဆိုးကျိုးကတော့ အသုံးပြုပြီးတာနဲ့ အသုံးပြုသူရဲ့ ကျင့်ကြံမှုက အဆင့်တက်ဖို့ အရမ်းခက်ခဲသွားမှာ ဖြစ်တယ်)
အင်အားတိုးဆေး.ဆယ်လုံးရဲ့ အညွှန်းကို ဖတ်နေရင်းဖြင့် ရှကျိုးယွီ အနောက်နားမှ ကပ်ပါလာသော ကျောက်ကောင်းကို တစ်ချက် ကြည့်လိုက်သည်။ သူ့ခေါင်းထဲကို အကြံတစ်ခု ချက်ချင်းဝင်လာလေ၏။
“ကျောက်ကောင်း မင်း သိုင်းပညာ လေ့လာဖူးလား?”
ရှကျိုးယွီ တည်ငြိမ်စွာ မေးလိုက်သည်။
ဒီဆေးလုံးတွေကို ကိုယ့်အတွက်ကိုယ် မသုံးရဲသေးဘူး။
ဒီတော့ တစ်ခြားသူကို ပေးကြည့်ရမှာပေါ့။ အများကြီးတွေးတောပြီးနောက်မှာ သင့်တော်တဲ့ ရွေးချယ်ခံဆိုလို့ ကျောက်ကောင်းပဲ ရှိသည်။
ပြောရရင်..
မိန်းမစိုးတွေ အားလုံးက သိုင်းပညာပိုင်း ထူးချွန်ကြတယ်မလား?
အနောက်မှာ လိုက်လာတဲ့ ကျောက်ကောင်းက မေးခွန်းကိုကြားတာနဲ့ အနည်းငယ် အံ့သြသွားသည်။ ဒါပေမဲ့ ချက်ချင်းပဲ
“အရှင်မင်းကြီး ကျွန်တော်မျိုး နန်းတွင်းထဲ မဝင်ခင်က သိုင်းပညာကို လေ့လာခဲ့ဖူးတယ် ဆိုပေမဲ့ကျွန်တော်မျိုးမှာ ပါရမီ မပါလာပါဘူး”
“ ဒါကြောင့်မို့ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုမှာတောင် အဆင့်ရှစ်ကိုပဲ ရောက်နိုင်ခဲ့ပါတယ်”
ရှကျိုးယွီ အနည်းငယ် ခေါင်းညိတ်လိုက်ကာ
“အရမ်းကောင်းတယ်!”
“ ဒီပြီးပြည့်စုံတဲ့မဟာ အားတိုးဆေးကို ငါကိုယ်တော် မင်းကို ချီးမြှင့်လိုက်မယ်။ ဒီဆေးက မင်းရဲ့သန်မာမှုကို နှစ်ခြောက်ဆယ်စာ တိုးမြှင့်ပေးနိုင်တယ်”
“ငါကိုယ်တော်ရဲ့ ရွှေဆေးလုံးတော်ကို ယူပြီး တော်ဝင်စာကြည့်တိုက်ကနေ မင်းအတွက် အကောင်းဆုံး သိုင်းကို သွားရွေးချည်”
နှစ်ကြိမ်တောင် မတွေးတော့ဘဲ ဆေးလုံးကို ရှကျိုးယွီ ပေးခဲ့လိုက်သည်။
ကျောက်ကောင်း အလွန်အမင်း အံ့အားသင့်နေတဲ့ မျက်နှာနှင့် ဆေးလုံးကို လက်ခံလိုက်သည်။
သူ အံ့သြလွန်းလို့ ကျေးဇူးတင်ဖို့တောင် မေ့သွားရတဲ့အထိပဲ။
နောက်ဆုံး ကျောက်ကောင်း ခေါင်းပြန်မော့လာချိန်မှာ တွေ့လိုက်ရတာက ထွက်သွားနေပြီဖြစ်သော အရှင်မင်းကြီးရဲ့ နောက်ကျောသာ။
“ အရှင်မင်းကြီးရဲ့ ကြင်နာမှုကို ကျွန်တော်မျိုး ဘယ်တော့မှ ပြန်ဆပ်နိုင်မယ် မထင်တော့ပါဘူး!”
“ ဒီလိုဆိုမှတော့ ကျွန်တော်မျိုး ကျောက်ကောင်းရဲ့ တစ်ဘဝလုံးကို အရှင်မင်းကြီးအတွက်ပဲ ရှင်သန်ပါတော့မယ်”
ကျောက်ကောင်းက ရှကျိုးယွီ ထွက်သွားတဲ့ ဦးတည်ရာဘက်ကို ဦးညွတ်လိုက်၏။
သူ စိတ်ပိုင်းဖြတ်ထားသည်။ အရှင်မင်းကြီးသာ အကျိုးအမြတ်ရသရွေ့ သူ.ဘယ်လိုအရာကိုမဆို လုပ်မည်ဟူ၍ပင်။
သေရမယ်ဆိုရင်တောင်မှပေါ့!
ဒီလိုနဲ့ ထိုညသည် တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့သည်။.
နောက်တစ်နေ့ မနက်မှာ လီလင်ပုကို ရာထူးတိုးပေးလိုက်ပြီး.ဝမ်ယွမ်နန်းဆောင်ရဲ့ လက်ထောက်အဖြစ်နဲ့ တော်ဝင်စာလိပ်တော်ကို ဖတ်ရှုပေးမဲ့သူအဖြစ် ခန့်အပ်လိုက်တယ်ဆိုတဲ့ သတင်းက မြို့တော်တစ်ခုလုံးဆီ ပျံ့နှံ့သွားလေသည်။
အစိုးရဝန်ထမ်းတွေ၊ စစ်သားတွေကအစ ပြည်သူတွေအဆုံး ထိုသတင်းနဲ့ အလုပ်ရှုတ်နေကြတော့သည်။
မြို့တော်ရဲ့ ချန်းဟွာဂိတ်တံခါး အပြင်ဘက်ရှိ လက်ဖက်ရည်ဆိုင်တွင်
“ညီကိုကျူးကော့ မင်း မြို့တော်ကနေ သတင်းတွေ ကြားပြီးပြီလား?”
အခွန်ဋ္ဌာန အမတ်ကြီးရဲ့ အကြီးဆုံးသားဖြစ်သူ လျိုယန်က မျက်နှာချင်းဆိုင်မှ လူငယ်လေးကို မေးလိုက်သည်။
“ မင်း.ဘာကြားခဲ့လို့လဲ? အဖေက နယ်စပ်သွားနေရတော့ အလုပ်တွေရှုတ်ပြီး မြို့တော်က သတင်းတွေ မကြားမိဘူး ဖြစ်နေတယ်”
ထိုကောင်လေးသည် အမတ်ချုပ်ကြီး ကျူးကော့လုံရဲ့သား ကျူးကော့ချန်ချင်း ပင်။
“ အိုး အဲ့ဒါလား!”
“ငါမင်းကို အတိုချုံး ပြောပြပေးမယ်”
“မနေ့ညက အရှင်မင်းကြီးက ငါ့အဖေနဲ့ ကျန်တဲ့ဋ္ဌာနငါးခုက အမတ်တွေရယ် လီလင်ပုရယ်ကို တော်ဝင်စာဖတ်ခန်းဆီ ဆင့်ခေါ်ခဲ့တယ်”
လျိုယန်က သတိထားပြီး ပြောပြလိုက်သည်။
ကျူးကော့ချန်ချင်းရဲ့ ပုံစံကလဲ သိပ်အရေး မစိုက်ပုံပင်။
“အဲ့ဒါဘာများဖြစ်လို့လဲ? အရှင်မင်းကြီးက အမတ်တွေကို ခေါ်တာ ပုံမှန်ပဲကို”
လျိုယန်က သက်ပြင်းချပြီး ဆက်ပြောသည်။
“အဲ့ဒါက တိုင်းပြည်အရေး ဆွေးနွေးဖို့ဆိုရင် သေချာပေါက် ဘယ်ပြဿနာ ရှိမှာတုန်း? ဒါပေမဲ့ မနေ့က အရှင်မင်းကြီး ဆင့်ခေါ်တဲ့ အကြောင်းအရင်းက တော်ဝင်စာလိပ်တွေကို ဖတ်ပေးဖို့အတွက်တဲ့!”
“အမတ်တွေ သဘောတူမယ် ထင်လား?”
ကျူးကော့ချန်ချင်း အံ့အားသင့်သွားပြီး
“သေချာပေါက် ဘယ်သဘောတူမှာတုန်းဟ!”
“ဒါပေမဲ့ လီလင်ပုက သဘောတူလိုက်တယ်”
“ပြီးအဆုံးမှာ အရှင်မင်းကြီးက သူ့ကို ဝမ်ယွမ်နန်းဆောင်ရဲ့ လက်ထောက်အဖြစ် သတ်မှတ်ပြီး တော်ဝင်စာလိပ်ဖတ်တဲ့နေရာမှာ ကူညီခွင့်ပေးလိုက်တယ်!”
“ ဘယ်လို အကျင့်ပျက်တဲ့ အမတ်လဲ မင်းပဲ တွေးကြည့်ကွာ!”
လျိုယန် ဒေါသအပြည့် ပြောနေရင်းဖြင့် အံကြိတ်လိုက်သည်။
“ဘာ?”
ကျူးကော့ချန်ချင်း ကြားလိုက်ရတဲ့စကားကိုပင် မယုံနိုင်ခဲ့ပေ။
“ မဟုတ်ဘူး။ ငါပြန်ပြီး အဖေ့ကို အကြောင်းကြားရမယ်!”
ကျူးကော့ချန်ချင်း လက်ဖက်ရည် သောက်နေတာ အဆုံးသတ်လိုက်ပြီး အမတ်ချုပ် အိမ်တော်ကို ပြေးလေတော့သည်။
ကျူးကော့ချန်ချင်း ထွက်သွားပြီးချိန်မှသာ လျိုယန်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။
သေချာပေါက် သူ့ခမည်းတော်က ဒီစကားတွေကို ကျူးကော့ချန်ချင်းနားထဲရောက်အောင် ပြောခိုင်းခဲ့တာပဲ။
အရှင်မင်းကြီးရဲ့ လီလင်ပုအပေါ် ထောက်ပံ့ပေးလိုက်ခြင်းက အဆင့်မြင့်အရာရှိတွေကို ရှေ့လာမဲ့ ကပ်ဘေးအတွက် အထူးသတိပေးချက်လို ဖြစ်နေခဲ့သည်။
လီလင်ပုထက် စာရင် အရင် အမတ်ချုပ် ကျူးကော့လုံကိုပဲ တာဝန်ယူစေချင်ကြသည်။
အမတ်ချုပ်အိမ်တော်ကို ကျူးကော့ချန်ချင်း ရောက်သည်နှင့် အိမ်တော်မှာ အမ ဖြစ်သူကို တွေ့လိုက်ရသည်.. ကျူးကော့ချင်းအာ!
အဖြူရောင် ဂါဝန်လေးဖြင့် နတ်သမီးလေးလို ဝတ်ဆင်ထားတဲ့ ကျူးကော့ချင်းအာကို မြင်ချိန်မှာ ကျူးကော့ချန်ချင်း အလွန်ပျော်သွားပြီး….
ကြားခဲ့ရတဲ့ သတင်းကိုပင် မေ့သွားတော့၏။
“မမ ဘာလို့ ပြန်ရောက်လာတာလဲ?”
“မမက ကျုံးနန် တောင်ပေါ်မှာ တော်ဝင်ဆရာတော်ဆီကနေ တာအိုပညာ သင်ယူနေတာမဟုတ်ဘူးလား?”
ကျူးကော့ချန်ချင်း မယုံနိုင်စွာ မေးလိုက်သည်။
မထင်ထားစွာ ကျူးကော့ချင်းအာက လက်ထုတ်လိုက်ပြီး မောင်ဖြစ်သူရဲ့ နားကို ဆွဲလိမ်ရင်းဖြင့်
ကြောက်ဖို့ကောင်းအောင် ပြန်မေးလာသည်။
“ ဘာဖြစ်လို့လဲ? နင့်အမက ပြန်လာလို့မရဘူးလား?”
“ မမ နာတယ် နာတယ်လို့!”
“သာသာလေး လုပ်ပါဟ!”
ကျူးကော့ချန်ချင်း သနားညှာတာပေးဖို့ အော်ဟစ် နေရလေရဲ့။
“တော်တော့!”
“ ငါနင်နဲ့ အလုပ်မရှုတ်တော့ဘူး။ ပြောအုံး အဖေ ဘယ်မှာလဲ?”
ကျူးကော့ချင်းအာက လက်လွှတ်ပေးရင်း အေးစက်စွာ မေးလိုက်သည်။
“မပြောပါနဲ့ဗျာ”
ကျူးကော့ချန်ချင်း ခဏလောက် ပြောစရာ ပျောက်ဆုံးကာ တွန့်ဆုတ်နေခဲ့သည်။
“အဖေ ဘာဖြစ်လို့လဲ?”
“ပြော!”
ကျူးကော့ချင်းအာရဲ့ အေးစက်တဲ့ အော်သံကြောင့် ကျူးကော့ချန်ချင်း မဖုံးကွယ်ရဲတော့ပေ။
ဒါကြောင့် အမှန်တိုင်း ပြောပြလိုက်လေ၏။
ကျူးကော့ချင်းအာ ပေါက်ကွဲတော့သည်။
“ အဲ့ဒီကျက်သတုံး မင်းဆိုးမင်းညစ်!”
“ငါ့ကို လာမတားနဲ့ ငါအခုပဲ သွားသတ်မယ်!&
ကျူးကော့ချင်းအာ ဓားဆွဲထုတ်ပြီးတော့ နန်းတော်ရှိရာကို ခြေလှမ်းပြင်တော့သည်။
နေရာမှာပဲ အဖက်မလုပ်စွာ ရပ်နေတဲ့ ကျူးကော့ချန်ချင်းရဲ့ ပုံစံက အမဖြစ်သူကို တားမဲ့ အရိပ်အယောင် မရှိဘူး။
ဒီဒေါသအိုးအမ…
ဒါမျိုးလုပ်ခဲ့တဲ့ အကြိမ်ရေက ရေတွက်လို့တောင် မရတော့ဘူး!
ငါ ထပ်အရူးမလုပ်ခံတော့ဘူးကွ!
ထင်တဲ့အတိုင်းပဲ
သိပ်မကြာခင်မှာ.. သူမ လက်လျော့လိုက်သည်။
“နင်ငါ့ကို ဘာကိစ္စ မတားတာလဲ?”
“ ငါက ဘာကိစ္စတားရမှာလဲ? မမက တစ်ကယ် သွားမှာမလို့လား?”
ဒီလိုနဲ့ မနက်နေရောင်အောက်မှာ မောင်နှမ နှစ်ယောက်သည် စကားပြောနေ ကြသည်။
ဒါပေမဲ့
အချိန်တစ်ခုကြာတိုင်း အမတ်ချုပ်အိမ်တော်မှ ပျံ့လာတဲ့ အော်သံကို ကြားရပေလိမ့်မည်။
တစ်ချိန်ထဲမှာပဲ
နယ်စပ်ကို အလောတကြီးသွားနေတဲ့ ကျူးကော့လုံထံသို့ မြို့တော်မှ သတင်းက ရောက်လာခဲ့သည်။
“ အမတ်ချုပ်ကြီး အရှင်မင်းကြီးက သစ္စာမရှိတဲ့အမတ်ကို မျက်နှာပေးနေတယ်တဲ့။ အဲ့ဒါ မဟုတ်လောက်ဘူးမလား?”
ကျူးကော့လုံရဲ့ လက်အောက်ခံက မယုံနိုင်စွာ မေးလာခဲ့သည်။
ဒါပေမဲ့ ကျူးကော့လုံက ပြုံးရုံအပြင် ဘာမှ ပြန်မပြောခဲ့ဘူး။
ကြာလာတဲ့အချိန်ထိ အရှေ့က လူအုပ်က သူ့ရဲ့ဆိုလိုရင်းကို နားမလည်ကြသေးသည်မို့ ကျူးကော့လုံ ခပ်ဖြည်းဖြည်း ရှင်းပြလိုက်သည်။
“ အရှင်မင်းကြီးက သစ္စာမဲ့တဲ့ အရာရှိကို မျက်နှာသာပေးမယ်လို့ မင်းတို့ထင်လား?”
“ မဟုတ်ဘူး!”
“အရှင်မင်းကြီးရဲ့ လုပ်ရပ်တွေက ပိုနက်ရှိုင်းတဲ့ အဓိပ္ပါယ် ရှိရမယ်”
ကျူးကော့လုံရဲ့ မျက်လုံးတွေက မြို့တော်ထဲက မဲညစ်နေတဲ့ရေအိုင်ကို ရှင်းလင်းစွာ မြင်ဖူးသည့်နှယ် စူးရှနေလေ၏။
ဒီလိုနဲ့ လက်အောက်ငယ်သား တစ်ယောက်က သတိကြီးကြီးဖြင့် မေးလိုက်သည်။
ဒါဆိုရင် အမတ်ချုပ်ကြီး အဲ့ဒီနက်ရှိုင်းတဲ့ အဓိပ္ပါယ် နားလည်လား?”
ကျူးကော့လုံ မျက်ခုံးတစ်ဖက် ပင့်သွားပြီး တိုက်ရိုက် ပြောလိုက်လေသည်။
“ ငါမသိဘူး။ အရှင်မင်းကြီးကတော့ သိမှာပေါ့။ မင်းတို့ စောင့်ကြည့်နိုင်တယ်”
..
“မိန်းမစိုးခေါင်းဆောင်!”
“ နှုတ်ဆက်ပါတယ်!”
တော်ဝင်စာကြည့်တိုက် ရှေ့ရှိ အစောင့်နှစ်ယောက်က ကျောက်ကောင်းကို မြင်တာနဲ့ ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။
“ဒီမှာ အရှင်မင်းကြီးရဲ့ ခွင့်ပြုချက် တံဆိပ်ပါ။ ငါ့ကို ဒီနေရာရဲ့ သိုင်းကျင့်စဥ်တစ်ခု ရွေးချယ်ဖို့ ခွင့်ပေးထားခဲ့တယ်”
ကျောက်ကောင်းက မောက်မာဟန် မပြပဲ အရှင်မင်းကြီး ပေးအပ်ထားတဲ့ တံဆိပ်တော်ကိုပဲ ရိုးရှင်းစွာ ပြလိုက်လေသည်။
“ ဝင်ပါ!”
အစောင့်တွေလဲ မတားမြစ်ပဲ ရိုသေစွာဖြင့် ဖိတ်ကြားလိုက်သည်။
“ကျေးဇူးပဲ!”
ဒီလိုနဲ့ တော်ဝင်စာကြည့်တိုက် အတွင်းသို့ ကျောက်ကောင်း တည်ငြိမ်စွာ ဝင်သွားလိုက်သည်။
သူ့ရဲ့နှလုံးသားထဲမှ
ကျေးဇူးတင်စိတ်တို့ ပိုမို နက်ရှိုင်းလာခဲ့သည်။
အရှင်မင်းကြီးကြောင့်သာ မဟုတ်ရင် သူ့အနေနဲ့ ဒီနေရာကို လာခွင့်ရခဲ့မှာကို မဟုတ်ဘူး။
အခုလိုမျိုး ကြိုက်တဲ့သိုင်းကျင့်စဥ်ကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရဖို့ဆို တွေးကို မနေနဲ့တော့ပဲ။
ရုတ်တရက်ရောက်လာတဲ့ အခု အခွင့်အရေးက ကျောက်ကောင်းကို အိပ်မက်လား လက်တွေ့လားပင် ဝေခွဲရ ခက်စေခဲ့သည်။
အခုချိန်မှာ..
သူ့အအရှေ့၌ မရေမတွက်နိုင်တဲ့ စာအုပ်စင်များ ထားထားတဲ့ အဆောင်ကိုးခု ရှိသည်။
လျို့ဝှက်ကျင့်ကြံရေး သိုင်းစဥ်တွေ၊ တာအိုပညာနဲ့ ဗုဒ္ဒလမ်းစဥ်ရဲ့ ကျယ်ပြန့်တဲ့ အမြင်တွေ၊ အဂ္ဂိရတ်ပညာရပ်အပြင် နက္ခတ်ပညာရပ်အထိ အစုံအလင်ကို ရှိလေ၏!
ကျောက်ကောင်း အနေနဲ့ နန်းတွင်းမဝင်ခင်က သိုင်းပညာလေ့လာခဲ့တာ မှန်သည်။ ဒါပေမဲ့ သူ့ရဲ့နားလည်နိုင်စွမ်းက အကန့်အသတ်ရှိသည်။
အခုတော့ သူ.ဘယ်လို ရွေးချယ်ရတော့မလဲ?
ဝေခွဲရ ခက်နေစဥ်မှာပဲ ရုတ်တရက် အသံတစ်ခုကို သူကြားလိုက်ရသည်။
“ဟမ်?”
“ဒီထဲကို ဘယ်လိုဝင်လာတာလဲ?”
ထိုအသံကြောင့် ကျောက်ကောင်း ထိတ်လန့်သွားတော့သည်။
“ ဘယ်သူလဲ?”
ကျောက်ကောင်း လှည့်ပတ်ကြည့်ရင်း အသံပိုင်ရှင်ကို ရှာဖွေနေ၏။
“ကြည့်နေတာ ရပ်တော့ ငါဒီမှာ!”
“ အပေါ်တက်ခဲ့”
ရုတ်တရက် အင်အားတစ်ခုက ဘယ်ကမှန်းမသိ ရောက်လာကာ သူ့ကို အပေါ်ဆွဲမ သွားသည်။
ကျောက်ကောင်း လေပေါ် မြင့်တက်သွားပြီး အဆုံးမှာ တော်ဝင်စာကြည့်တိုက်ရဲ့ ထိပ်ဆုံးထပ်ကို ရောက်လာလေသည်။
“ အရှင်ချင် အရှင်မင်းသား?”
…………