( အင်အားတိုးဆေးဆယ်လုံးရထားတဲ့ ကောင်လေးကို ထပ်ကူညီပေးလိုက်မယ်!)
Vol. 1 Ch. 6
မင်းသားချင်.. အရှင်မင်းသားလား?
ထိပ်ဆုံးထပ်ကို ရောက်ပြီးနောက်မှာ သပ်ရပ်စွာ ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက်ကို မြင်ပြီး ကျောက်ကောင်း လန့်လွန်းလို့ မေ့လဲမတတ်ပဲ။
ထိုသူမှာ ချင်မင်းသား ရှထိုက်အန်းဖြစ်၏!
လက်ရှိ အရှင်မင်းကြီး ရှကျိုးယွီရဲ့ ဦးရီးတော် တော်စပ်သည်။
ထိုသူသည် လက်ရှိမှာ တရှားပြည်ရဲ့ အတော်ဆုံး သိုင်းပညာရှင်တစ်ယောက်…!
ရှန်းထျန့်ရဲ့ ထိပ်သီးအဆင့်ဝင် သိုင်းသမား မဖြစ်သေးပေမဲ့ တော်တော်လေး နီးစပ်နေပြီပင်။
အခုလို အင်မော်တယ် ဖြစ်ခါနီး ပုဂ္ဂိုလ်တစ်ယောက်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ကျောက်ကောင်း တွေးတောင် မတွေးခဲ့ဖူးဘူး။
“ဟမ်?”
“ယွီအာရဲ့ ရွှေတံဆိပ်တော်ပဲ။ သူမင်းကို သိုင်းပညာရွေးဖို့ ခိုင်းလိုက်တာလား?”
ကျောက်ကောင်းရဲ့ အဖြေကို စောင့်မနေတော့ပဲ ချင်မင်းသားက မှန်းဆလိုက်သည်။
ကံကောင်းစွာဖြင့်..
ကျောက်ကောင်းလဲ နောက်ဆုံးတော့ စကားပြန်ပြောဖို့ အခွင့်အရေးရသွားသည်။
“ အရှင်မင်းသား အရှင်မင်းကြီးအတွက် သိုင်းကျင့်စဉ် ယူဖို့ မဟုတ်ပါဘူး။ ကျွန်တော်မျိုးအတွက် အရှင်မင်းကြီးက ကျွန်တော်မျိုး စိတ်ကြိုက် သိုင်းကျင့်စဉ် ရွေးနိုင်အောင် တံဆိပ်တော် ပေးလိုက်တာပါ”
ချင်မင်းသား အနည်းငယ် စိတ်ပျက်သွားသည်။ ဒါပေမဲ့ မျက်နှာမှာ ထုတ်မပြချေ။
“ အဲ့ဒီကောင်လေးတော့.. ထားပါလေ။ သူကိုယ်တိုင် မလေ့ကျင့်ချင်ရင်တောင်မှ ဘေးမှာထားတဲ့လူယုံကို လေ့ကျင့်စေတာလဲ မဆိုးပါဘူး”
“ဒီလိုဆိုမှတော့ မင်းက သိုင်းသမားပေါ့။ ဒါဆို ဒါကိုလေ့ကျင့်ကြည့်”
ပြောနေရင်းနဲ့ ချင်မင်းသားက စာလိပ်တစ်ခုကို ကျောက်ကောင်းဆီ လှမ်းပစ်လိုက်သည်။
ထို့နောက်မှာ သူ့ရဲ့ပုံရိပ်က ချက်ချင်းပဲ ပျောက်ကွယ်သွားတော့သည်။
“ တိုင်းပြည်ကိုကာကွယ်မဲ့ နတ်သိုင်းတဲ့လား?”
“သိုင်းကျင့်ကြံသူသည် ကိုယ့်ရဲ့ကံကြမ္မာကို တိုင်းပြည်အရှင်နဲ့ ဆက်နွယ်ပစ်လိုက်ရသည်။ တိုင်းပြည်ရဲ့ ဘုရင် သေဆုံးရင် ကျင့်ကြံသူလဲ သေရလိမ့်မယ်”
“ဒီသိုင်းကို ကျင့်ကြံနိုင်ဖို့ ကျင့်ကြံသူက ရှင်ဘုရင်အပေါ် အထူးသစ္စာရှိမှဖြစ်မည်!”
“ ငါ့အတွက် ဖန်တီးထားတဲ့ သိုင်းကျင့်စဉ်များလား?”
အညွှန်းကို ဖတ်ပြီးတာနဲ့ ကျောက်ကောင်း အလွန်ပျော်သွားသည်။
ချက်ချင်းပဲ ဆေးလုံးဆယ်လုံးလုံးကို မြိုချလိုက်ကာ စတင် ကျင့်ကြံတော့သည်။
ချက်ချင်းဆိုသလို ဒန်ထျန် အတွင်းသို့ ဆူနာမီ ရေလှိုင်းလို အင်အားတွေ စီးဝင်လာ၏။
ပြင်းထန်စွာ တိုက်ခိုက်နေတဲ့ မုန်တိုင်း တစ်ခုလိုမျိုး အနှစ်ခြောက်ဆယ် ကျင့်ကြံမှုများက သူ့ရဲ့ခန္ဓာကိုယ်ကို ရိုက်ခတ်နေသည်။
“အားအား”
ပြင်းထန်တဲ့ နာကျင်မှုဒဏ်ကို ကျောက်ကောင်း မခံစားနိုင်တော့ဘူး။
ဒါပေမဲ့ ကံကောင်းသည်က သူသည် အတွင်းစိတ်ကို တည်ငြိမ်အောင် ထိန်းနိုင်သေးသည်ါ
ထို့ကြောင့် စိတ်ရူးဖောက်ခြင်း ဖြစ်စဥ်မှ အလိုလို ရှောင်တိမ်းနိုင်သွားသည်။
တော်ဝင် စာကြည့်တိုက် အပြင်ကို ရောက်နေပြီဖြစ်တဲ့ ချင်မင်းသား တစ်ယောက် ရုတ်တရက် ရလိုက်တဲ့ စွမ်းအားကြီးအရှိန်အဝါကြောင့် ထိတ်လန့် သွားကာ…
“ သောက်ကျိုးနည်း!”
“ ဟိုကောင် ဘာလုပ်နေတာလဲ?”
ချင်မင်းသား ချက်ချင်းပဲ နောက်ကြောင်းပြန်လှည့်ရလေပြီ။
ပြင်းထန်လွန်းတဲ့ နာကျင်မှုကို တောင့်ခံရင်း တိုင်းပြည်ကိုကာကွယ်မဲ့နတ်သိုင်းကို ဆက်လက် လေ့ကျင့်နေတဲ့ ကျောက်ကောင်းကို မြင်တော့မှ ချင်မင်းသား မလေးစားပဲ မနေနိုင်တော့ပေ။
“ အထင်ကြီးစရာပဲ!”
“ကိုယ်ခံပညာ အဆင့်ရှစ်လောက်နဲ့ ပြီးပြည့်စုံတဲ့ဆေးလုံးဆယ်ခုကို ယူရဲတဲ့ သတ္တိကို လေးစားတယ်။ မင်းမှာ တစ်ကယ် ပြင်းထန်တဲ့စိတ်ဓာတ် ရှိတာပဲ”
“ ကံကောင်းလို့ ငါ ဒီနေ့ဒီမှာရှိနေလို့ပေါ့”
စကားဆုံးသည်နှင့် ချင်မင်းသားက လက်တစ်ဖက်ကို လှုပ်ရှားလိုက်သည်။ များပြားပြင်းထန်တဲ့ စွမ်းအင်လှိုင်းက ချင်မင်းသားရဲ့ ကိုယ်မှ ဖောက်ထွက်လာကာ ကျောက်ကောင်းကို ဝန်းရံသွားသည်!
“ မင်းရဲ့ ကိုယ်ထဲက မူလအတိုင်းထွက်လာတဲ့ စွမ်းအင်ကို ရအောင်ထုတ်ပြီး တိုင်းပြည်ကို ကာကွယ်မဲ့နတ်သိုင်းနဲ့ သဟဇာတ ဖြစ်စွာ လေ့ကျင့်ပါ။ မင်းရဲ့အတွင်းစိတ်ကို ကာကွယ်ဖို့လဲ မမေ့နဲ့!”
“ တောင့်ခံထား။ ဒီလိုဆို မင်း ဒုတိယအဆင့် သိုင်းသမား ဖြစ်လာနိုင်တော့မယ်!”
ထို့နောက်မှာ ချင်မင်းသားက ထပ်မံ ပျောက်ကွယ်သွားသည်။
ဒါပေမဲ့ ချင်မင်းသား သူ့ရဲ့ အိမ်တော်ကို ပြန်ရောက်ချိန်မှာ တစ်စုံတစ်ခုကို တွေးမိသွားသည်။
“ သာမာန် မိန်းမစိုးတစ်ယောက်က အခုလို ဆေးလုံးကို.ဘယ်လိုရနိုင်တာလဲ?”
“ယွီအာ ပေးတာများလား? ဒါဆို သူကကော ဘယ်လိုရတာလဲ?”
ချင်မင်းသားက သိုင်းပညာမှာ ထူးချွန်တဲ့ သူတစ်ယောက် ဖြစ်သော်ငြား ထိုအချက်ကို အခုထိ အဖြေရှာမရသေးဘူး။
“ ထားတော့!”
“သူဘယ်က လာလာ ငါဂရုမစိုက်ဘူး။ အဲ့ဒီမိန်းမစိုး အသက်ရှင်နေသရွေ့ ငါတို့ တရှားတိုင်းပြည်ကြီးမှာ ဒုတိယအဆင့် သိုင်းသမားတစ်ယောက် ပေါ်လာလိမ့်မယ်”
“ ပြီးတော့ အဲ့ကောင်လေးက ယွီအာရဲ့ ရင်းနီးတဲ့သစ္စာခံဖြစ်တဲ့အပြင် တိုင်းပြည်ကို ကာကွယ်မဲ့ နတ်သိုင်းကို ကျင့်ကြံထားတယ်။ ဒီလောက်ဆို တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအတွက် ပိုများတဲ့ အထောက်အပံ့ ဖြစ်လာပြီ”
“ငါကူညီပေးလိုက်မှန်းသိရင် ဟိုကောင်လေး ယွီအာလဲ ငါ့ကိုကျေးဇူးတင်နေတော့မှာပဲ!”
“ဟဟ”
ချင်မင်းသားက စိတ်ပါလက်ပါ ရယ်မောလေတော့သည်။
ထိုအချိန်မှာ..
တော်ဝင်စာကြည့်တိုက်ထဲမှ ရွှေရောင်အလင်းတစ်ချက်က ကောင်းကင်ယံကို ထိုးတက်သွားသည်။
တော်ဝင်စာကြည့်တိုက်မှတစ်ဆင့် အဘက်ဘက်သို့ ကြီးမားတဲ့အရှိန်အဝါကြီး သက်ရောက်သွားသည်။
မြို့တော်ထဲက မရေတွက်နိုင်တဲ့ အင်အားကြီး ပုဂ္ဂိုလ်များအားလုံး နန်းတော်ရှိရာကို လှမ်းကြည့်ရလေပြီ။
“အဲ့ဒါဘာလဲ?”.
“ဒုတိယအဆင့် သိုင်းသမားလား?”
“ နန်းတော်ထဲကနေ ဆရာကြီးတစ်ယောက် ဘယ်လိုပေါ်ထွက်လာတာလဲ?”
ရွှမ်ချင်းဘုန်းကြီးကျောင်းအတွင်းရှိ တော်ဝင်ဆရာကြီး လျိုချင်းချန်ရဲ့ အေးစက်တဲ့ မျက်နှာထက်မှာပင် အံ့သြမှုတို့ ဖြတ်ပြေးသွားသည်။
နန်းတော်ထဲရှိ အရှင်မင်းကြီးအိပ်ဆောင်အတွင်းမှ..
ရှကျိုးယွီသည်လဲ လေထုကို ကြည့်လိုက်မိပြီးနောက်မှာ.ချက်ချင်းပဲ မျက်နှာတစ်ခုလုံး တောက်ပသွားလေ၏။
“ ကျောက်ကောင်းလား?”
“ မဆိုးဘူး မဆိုးဘူး!”
“ပိုသန်မာတော့ ပိုကောင်းတယ်!”
ဒါပေမဲ့ နောက်တစ်စက္ကန့်မှာ ပေါ်လာတဲ့ စနစ်ရဲ့ သတိပေးသံကြောင့် ရှကျိုးယွီ ဆွံ့အသွားလေရဲ့။
( ပိုင်ရှင်ရေ၊ ကျောက်ကောင်းက လက်ရှိမှာ တိုင်းပြည်ကို ကာကွယ်မဲ့နတ်သိုင်းကို ကျင့်ကြံခဲ့ပြီး အဲ့ဒီသိုင်းကြောင့် သူ့နဲ့တိုင်းပြည်ကြားမှာ ကံကြမ္မာဆက်သွယ် လိုက်တယ်။ လက်ရှိမှာ သူက ဆေးလုံးရဲ့ အစွမ်းကြောင့် အဆင့်နှစ်သိုင်းသမား တစ်ယောက်ဖြစ်လာခဲ့တယ်)
( တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ် ငါးရာ တိုးသွားတယ်!)
“ တိုးသွားတယ်?”
“ အခု တိုးသွားတယ်လို့ ပြောလိုက်တာလား?”
“ဝှက်သယ်ဖက်!”
“????”
“ဒီ ကျောက်ကောင်း ဘာလုပ်ခဲ့တာတုန်းဟ?”
“ ဘာကိစ္စ သူ အဆင့်နှစ်သိုင်းသမား ဖြစ်တာနဲ့ တိုင်းပြည်ရဲ့ကံကြမ္မာက အမှတ်က လိုက်တိုးရတာတုန်း?”
ရှကျိုးယွီ တော်တော်လေး မမျှမတ ခံစားနေရသည်။
ငါ သေလောက်အောင် ကြိုးစားရုန်းကန်ပြီး သွေးတွေချွေးတွေ ရင်းရင်း လုပ်ခဲ့တာတောင်မှ ဒီနှစ်ရက်မှာ လျော့တဲ့အမှတ်က စုစုပေါင်း ၃၆၂ မှတ်…… ၃၆၂မှတ်ပဲ!
အဲ့ဒါကို
ဒီလောက်အချိန်လေးအတွင်းမှာ လျော့ထားသမျှအမှတ်တွေ အကုန်ပြန်ပြည့်သွားတဲ့အပြင် ၁၄၈ မှတ်တောင် ပိုသွားသေးတယ်လား!!
ဒါဘယ်လို သောက်ကျိုးနည်း.အလုပ်လုပ်ပုံ ကြီးလဲ?
အချိန်ကိုက်ဆိုသလို စနစ်ကလဲ ရှကျိုးယွီရဲ့ ခေါင်းထဲသို့ အမှတ်စုစုပေါင်း ပြပေးလေရဲ့။
၁၀၁၄၈ မှတ်!
တိုးတောင်းတဲ့ နံပါတ်စဥ်က ချွန်မြတဲ့ ဓားသွားများလို ရှကျိုးယွီရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ဖြတ်သွားတော့သည်။
အရှင်မင်းကြီး?
.ဘာဖြစ်လို့လဲ?
ရှကျိုးယွီရဲ့ တောင့်တင်းနေတဲ့ အမူအရာကို.မြင်တော့ ဘေးမှာ အိပ်နေတဲ့ မိဖုရားလေး ဖူယွဲ့ မနေနိုင်စွာ မေးရတော့သည်။
ဘာမှမဟုတ်ပါဘူး။ အဲ့ဒီအသုံးမကျတဲ့ ကျောက်ကောင်းက ဒုတိယအဆင့်စစ်သည်တော် အဖြစ် အဆင့်တက်သွားလို့!
ရှကျိုးယွီ သူ့ရဲ့ မျက်နှာထားကို ပြင်လိုက်ပြီး ပြန်ဖြေပေးလိုက်သည်။
ဒုတိယအဆင့် စစ်သည်တော်?
ကောင်းလိုက်တာ။ ကျွန်မတို့ တရှားပြည်က နောက်ထပ် ဒုတိယအဆင့် စစ်သည်တော် တစ်ယောက်ရှိလာပြီပေါ့? အရှင်မင်းကြီး ပျော်နေတော့မှာပဲ!
ဖူယွဲ့က ပြောရင်းဖြင့် ရှကျိုးယွီရဲ့ ရင်ဘတ်ပေါ် လှဲချလိုက်သည်။ သူမရဲ့ ခန္ဓာကိုယ်မှ သင်းပျံ့တဲ့ မွှေးရနံ့လေး ပျံ့နေခဲ့သည်။
ပျော်ရမယ်!
ပျော်သင့်တာပေါ့!
ရှကျိုးယွီ အံကြိတ်လိုက်လေသည်။
ထို့နောက်မှာ တစ်ဖန်..
နူးညံ့မှုဆီပဲ အာရုံလွှဲလိုက်တော့သည်။
နောက်တစ်နေ့ မနက်အစောမှာ..
ရှကျိုးယွီ နိုးသည်နှင့် အိပ်ဆောင်မှထွက်လိုက်ပြီး တော်ဝင် စာဖတ်ခန်းဆီ သွားလိုက်သည်။
သူ့ကို အသင့်စောင့်နေတဲ့ ကျောက်ကောင်းကို မြင်လိုက်ရသည်။
ဒုတိယအဆင့် စစ်သည်တော် ဖြစ်လာပေမဲ့ ကျောက်ကောင်းရဲ့ပုံစံသည် အလွန်ရိုကျိုးဆဲပင်။
ဒီအစေခံ ကျောက်ကောင်းက အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်
မျက်စိရှေ့မှာ အခြေအနေ ကောင်းမွန်နေတဲ့ ကျောက်ကောင်းကို မြင်တော့ ရှကျိုးယွီရဲ့ ရင်ထဲ ဒေါသတွေ လှိုင်းထလာတော့သည်။
ဒါပေမဲ့ ထုတ်ပြလိုက်လို့ မဖြစ်သေးတာမို့ ခဏ လွှတ်ထားပေးဖို့ ဆုံးဖြတ်လိုက်သည်။
ထတော့
မနေ့က မင်းရဲ့အဆင့်တက်မှုအကြောင်း ပြောပါအုံး
တစ်မြို့လုံးလဲ သိနေလောက်ကြပြီ
ထိုစကားကိုကြားတော့ ကျုးကော့လဲ မဖုံးကွယ်ရဲစွာ မနေ့က အကြောင်းတွေအကုန်လုံးကို ပြောပြလိုက်သည်။
အရှင်မင်းကြီး မနေ့က.
ချင်မင်းသားကြောင့်သာ မဟုတ်ရင် ကျွန်တော်မျိုး အရှင်မင်းကြီးကို ထပ်တွေ့ခွင့် မရမှာတောင် စိုးမိတယ်
အရှင်မင်းကြီး.. ချင်မင်းသားက တစ်ကယ်ကို လူကောင်းတစ်ယောက်ပဲ
ဖြစ်ကြောင်းကုန်စဥ် နားထောင်ပြီးနောက်မှာ ရှကျိုးယွီ သဘောပေါက်သွားသည်။
ဒီလိုပေါ့!
ဒါတွေအားလုံးရဲ့ လက်သည်တရားခံက ငါ့ဦးလေး ရှထိုက်အန်း..ချင်မင်းသားပေါ့!
ဒီရှအိုက်ထန်းက တိုင်းပြည်ရဲ့ ကံကြမ္မာအတွက် တွေးပေးတယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ကံကြမ္မာနဲ့ဆက်နွယ်ထားတဲ့ တိုင်းပြည်ကို ကာကွယ်ပေးမဲ့ နတ်သိုင်းဆိုတဲ့ သိုင်းကို ရွေးပေးရုံတင် မကသေးဘူး။
အဆင့်နှစ် စစ်သည်တော် ဖြစ်လာနိုင်အောင် ကိုယ်ပိုင်အစွမ်းနဲ့ပါ ကူညီခဲ့သေးတာပဲ!
ကောင်းတယ် ကောင်းတယ်!!
တစ်ကယ်ကို ကောင်းမွန်လှတဲ့ဦးရီးတော်ပဲ!
ရှကျိုးယွီရဲ့ မျက်နှာထားက ပြောင်းလဲသွားသည်။ အပြင်မှာ ခပ်ဖွဖွ ပြုံးထားပေမဲ့ စိတ်ထဲမှာ မျက်ရည်တွေနဲ့ တော်တော်လေး အကျဥ်းတန်နေလေရဲ့။
သူ့ရဲ့ တွက်ချက်မှုထဲမှာမြို့တော်၌ ရှိနေဆဲဖြစ်တဲ့ ရှအိုက်ထန်းကို မေ့နေခဲ့သည်။
မရတော့ဘူး။
ဒီရှအိုက်ထန်း မြို့တော်က ထွက်သွားမှ ဖြစ်တော့မယ်!
ရှကျိုးယွီ စိတ်တည်ငြိမ်အောင် လုပ်ပြီးသွားချိန်မှာ သူ့ရဲ့စိတ်ဝင်စားမှုက အရှေ့က လောလောလတ်လတ် အဆင့်တက်ထားတဲ့ ကျောက်ကောင်းထံတွင် ရှိမနေတော့ပေ။
ထိုအစား သူ့ရဲ့အာရုံစိုက်မှုတွေ အားလုံးက တရှားပြည်ရဲ့ စစ်နတ်ဘုရားဖြစ်တဲ့ ချင်မင်းသားထံတွင်ပဲ ရှိတော့သည်!
သူ့ကို မြို့တော်ကနေ ဘယ်လို မောင်းထုတ်ရမလဲ အကြံထုတ်နေလေရဲ့။
ထိုအချိန်မှာပဲ.. ပြောရင်းဆိုရင်း ဇာတ်လိုက်ကျော်ကြီး ပေါ်လာလေတော့သည်။
အဝေးမှ ပျံ့လွင့်လာသော အသံသြသြ တစ်ခုကို ရှကျိုးယွီ ကြားလိုက်ရသည်။
ဟဟ!
တူလေး မင်းက အရမ်းကြင်နာနေပါပြီ။ ငါ မခံယူရဲဘူး
ငါ ဒီတိုင်းလေး မင်းကို နောက်ထပ် ဒုတိယအဆင့် စစ်သည်တော်တစ်ယောက် ပိုင်ဆိုင်နိုင်အောင်လုပ်ပြီး တရှားရဲ့ကံကြမ္မာကို နည်းနည်းပံ့ပိုးခဲ့ရုံပါပဲ
နဂါးနဲ့ ကျားတစ်ကောင်.ပေါင်းစပ်ထားသလိုမျိုး ပေါ့ပါးပြီး အင်အားပြင်းတဲ့ ခြေလှမ်းများဖြင့် ရှထိုက်အန်းက ရှကျိုးယွီအရှေ့ကို ရောက်လာခဲ့သည်။
ဒီလူရဲ့ သန်မှာမှုက သွားရှုတ်လို့မရလောက်ဘူး!
ဦးရီးတော် ဒီနေ့ဘာလို့ ကျွန်တော့်ကို အစောကြီးလာတွေ့တာလဲ သိချင်မိတယ်