← Chapters

(ကောင်းမွန်လှတဲ့ ဦးရီးတော်လေး)

Vol. 1 Ch. 7

(ကောင်းမွန်လှတဲ့ ဦးရီးတော်လေး)

Vol. 1 Ch. 7

တစ်ဖြည်းဖြည်း နီးကပ်လာတဲ့ ချင်မင်းသားကို ကြည့်နေရင်း ရှကျိုးယွီ တည်ငြိမ်စွာ မေးလိုက်သည်။

အရှေ့က ချင်မင်းသားကို ကြည့်မိလေလေ ရင်ထဲမှာ ချဥ်တူးလာလေလေပဲ။

ဒါပေမဲ့ သူ ဘာမှ မတတ်နိုင်နေဘူး!

ချင်မင်းသားကတော့ ဘာမှ မသိစွာ ဆက်လက်ကြွားလုံးထုတ်သည်။

“ လက်တစ်ချက် လှုပ်ရှားရုံနဲ့ ဒီတရှားပြည်အတွက် ဒုတိယအဆင့် သိုင်းသမားတစ်ယောက်ကို ငါဖန်တီးပေးနိုင်ခဲ့တယ်။ တူလေး မင်းငါ့ကို ကျေးဇူးတင်နေပြီမလား?”

ပြောရင်းဆိုရင်းနဲ့ဘေးမှာရပ်နေတဲ့ ကျောက်ကောင်းကို တစ်ချက်ဝေ့ကြည့်ရင်း ချင်မင်းသား ပြုံးလိုက်ပြန်သည်။

ချင်မင်းသားရဲ့ စကားက ရိုးရှင်းသည်။

မင်း ဒုတိယအဆင့် သိုင်းသမားတစ်ယောက် ရနိုင်အောင် ငါကူညီပေးခဲ့တာ။ ဒီတော့ မင်း ကျေးဇူးတင်မှုပြသင့်တယ်!

ဒီချင်မင်းသားက သိုင်းပညာမှာ ထူးချွန်ရုံတင် မကပဲ သူ့ရဲ့ ဂုဏ်ပုဒ်ကလဲ ကောင်းမွန်သည်။

မြင့်မားတဲ့ အဆင့်အတန်းကြောင့် အရှင်မင်းကြီးကိုတောင် ကြောက်ဖို့မလိုအပ်ဘူး။

ပြီးတော့ အရှင်မင်းကြီး ငယ်ရွယ်စဥ်တည်းက ချင်မင်းသားနဲ့ ရင်းနီးတဲ့ဆက်ဆံရေး ရှိခဲ့သေးသည်။

ဒါကြောင့် ရှကျိုးယွီ ချက်ချင်း ပြန်ဖြေရတော့သည်။

“ ဆုလာဘ်လား!”

“ သေချာပေါက် ပေးရမှာပေါ့”

“ ဦးရီးတော်က အခုလို ကြီးမြတ်တဲ့ကိစ္စကို ဆောင်ရွက်ပေးခဲ့တာပဲ။ တူတော် ရက်ရက်ရောရော ဆုချီးမြှင့်ရမှာပေါ့”

ရှကျိုးယွီ ချက်ချင်းပဲ ပြဿနာရဲ့ အဖြေကို တွေးမိသွားသည်။

“ ကျောက်ကောင်း!”

“ အမိန့်တော်ရေးစမ်း”

“ ဦးရီးတော်ကို ကျန်းနန်၊ ကျန်းပိုင်နဲ့ ဟူကွမ်း မြို့သုံးမြို့ရဲ့ အစိုးရဘက်က ခန့်အပ်သူအဖြစ် အခွန် အပိုင်စားအနေနဲ့ ရာထူးထုတ်ပြန်မယ်။ မြို့သုံးမြို့ရဲ့ ပြည်တွင်းရေးနဲ့ စစ်ရေးဆိုင်ရာ ကိစ္စတွေကို ဦးရီးတော်မှာ ဖြေရှင်းဖို့ အခွင့်အာဏာအပြည့်ရှိတယ်။ ချက်ချင်းပဲ ရာထူးလက်ခံနိုင်ဖို့ အမိန့်တော်ပြင်ဆင်!”

“ အမှားအယွင်းမရှိစေနဲ့”

ချင်မင်းသား အလွန် အံ့အားသင့်သွားကာ

“ တူလေး မင်း ဆေးစားမှားထားတာလား?”

“ ဒီဦးရီးတော်လို သေးငယ်တဲ့ စစ်တပ်အရာရှိ တစ်ယောက်က ဘယ်လိုလုပ် ပင်မ မြို့ကြီးသုံးမြို့ရဲ့ ပြည်တွင်းရေးရော စစ်ရေးရော ကြည့်ရှုပေးနိုင်မှာလဲ? ပြီးတော့ ကျန်းနန်မြို့က တရှားတိုင်းပြည်ရဲ့ အချမ်းသာဆုံး စီးပွားရေးမြို့လေ?”

ရှကျိုးယွီကတော့ တည်ငြိမ်စွာ အဖြေပြန်ပေးလေရဲ့။

“ တရှားတိုင်းပြည်ရဲ့ အချမ်းသာဆုံး မြို့သုံးမြို့ဖြစ်နေလို့ပဲ ဦးရီးတော်ကို ပေးအပ်တာလေ”

“ အခုလို အရေးကြီးကိစ္စမျိုးမှာ ရှမျိုးရိုးကိုပဲ တူတော် ယုံကြည်တယ်”

ချင်မင်းသား ခဏလောက်အထိ အံ့သြနေသေးသည်။ နောက်ဆုံးတော့ အမှန်တရားကို လက်ခံလိုက်ကာ

“ ဒီလိုဆိုမှတော့ ရာထူးလက်ခံဖို့ အသင့်ပြင်လိုက်ပါ့မယ်”

ဒီလိုနဲ့ စကားဝိုင်းကို အဆုံးသတ်ကာ ရှကျိုးယွီ ကျောက်ကောင်းနဲ့အတူ လှည့်ထွက်သွားလိုက်သည်။ ချင်မင်းသားပဲ နေရာမှာ အံ့သြမှုတစ်ပိုင်းတစ်စနဲ့ ရပ်ကျန်နေလေရဲ့။

“ ရာထူးကို ယူရမယ်တဲ့လား?”

“ နေအုံး ငါ ဘာမှ ကောင်းကောင်း နားမလည်သေးဘူးလေ”

“ တူလေး!”

“ ဟေ့ တူလေး အရှင်မင်းကြီး!”

“ နေအုံး ငါ ကျန်းနန်မြို့ကို သွားရင် မြို့တော်ကို ဘယ်သူ စောင့်ရှောက်မှာလဲ?”

သနားစရာကောင်းတဲ့ ချင်မင်းသား…

သူ.ဘယ်လောက်ပဲ အော်ခေါ်ပါစေ အရှင်မင်းကြီးကတော့ မကြားချင်ယောင် ဆောင်နေလေရဲ့။

တော်ဝင်စာဖတ်ခန်းရှေ့ ပြန်ရောက်မှသာ ရှကျိုးယွီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

“ နောက်ဆုံးတော့ ပြဿနာအိုးကို မြို့တော်က ကန်ချနိုင်ပြီ”

ထိုအချိန်မှာပဲ စနစ်ရဲ့အသံ ထွက်ပေါ်လာသည်။

(ဒင်!)

( ပိုင်ရှင်က ချင်မင်းသားကို ပင်မမြို့ကြီးသုံးမြို့ရဲ့ အစိုးရ အရာရှိအဖြစ် ခန့်အပ်လိုက်တယ်။ အဲ့ဒါက ဉာဏ်မရှိတဲ့ ဘုရင်ရဲ့ လုပ်ချင်ရာလုပ်တဲ့ပုံစံပဲ)

( တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ် ၂၀၀ လျော့သွားပြီး ၉၉၄၈ မှတ် ကျန်တယ်!)

( ဆုလာဘ်-ဒဏ္ဍာရီလာ ယင်ယန်ရွှေသိုင်း)

စနစ်ရဲ့ စကားတွေ တောက်လျှောက်ကြားနေရပေမဲ့…

ရှကျိုးယွီ အနည်းငယ် မသက်မသာ ဖြစ်နေသည်။

“ ဒဏ္ဍာရီလာ ယင်ယန်ရွှေသိုင်းတဲ့လား? တာအိုလမ်းစဥ်ရဲ့ နှစ်ယောက်လေ့ကျင့်ရတဲ့ သိုင်းပညာမလား?ဘုရင်တွေအတွက် ပိုသင့်တော်တဲ့ဟာလေ?”

“..???”

“ ငါ့ကို အင်အားကြီးပြီး မကောင်းတဲ့ဘုရင်.ဖြစ်လာအောင် တစ်ကယ် ပံ့ပိုးနေတာပဲ”

ရှကျိုးယွီ စိတ်ထဲမှာ နေရခက်နေသည်။

ဒါပေမဲ့..

ဒီသိုင်းပညာကို မိဖုရားနဲ့ ညနေပိုင်းမှာ ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်လေ၏။

ဘာလို့ဆို ငါတစ်ကယ်ပဲ အင်အားကြီးပြီး သောက်ကျင့်မကောင်းတဲ့ ဘုရင် ဖြစ်ချင်နေတယ်လေ!

ဒီလိုနဲ့…

တော်ဝင်စာဖတ်ခန်းရဲ့ တံခါးရှေ့ ရောက်သည်နှင့်..

“ အရှင်မင်းကြီး.. ဒါတွေက အစိုးရအမတ်တွေရဲ့ ရှေ့ရက်တွေက နေ့စဥ်လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင်ထားတာပါ”

တော်ဝင်စာဖတ်ခန်းကို ရောက်သည်နှင့် ကျောက်ကောင်းက အလုပ်ပေးလေတော့သည်။

ရှကျိုးယွီ မငြင်းဆန်တော့ပေ။ နေ့တိုင်းဖတ်ရမဲ့ စာလိပ်အပုံလိုက်ကြီး မရှိတော့ဘူးလေ။ ဒီလောက်တော့ ဖတ်ပေးရမှာပေါ့။

ပြီးတော့ တိုင်းပြည်ကို ဖျက်ဆီးပါမယ်ဆိုမှတော့ အစိုးရ အရာရှိတွေကို ကောင်းကောင်းနားလည်ထား သင့်တယ်မလား?

ရန်သူကို ကောင်းကောင်းသိမှ စစ်ပွဲနိုင်လိမ့်မယ်!

“ တော်တယ်!”

“ တော်တယ်!”

“ လီလင်ပုက ညီလာခံကို ရှင်းပေးပြီး သဘောထားကွဲလွဲတာတွေကို ပပျောက်အောင် လုပ်နေတယ်ပေါ့?”

“ မဆိုးဘူး”

အခုလိုမျိုး ရာချီတဲ့စာလိပ်တွေနဲ့ ညီမျှပေမဲ့ စာလုံးရေနည်းပါးပြီး အကျိုးရှိတဲ့ စာကြောင်းတွေ ဖတ်ရတာ ရှကျိုးယွီ ပျော်ရွှင်သည်။

အခုမှပဲ စိတ်သက်သာရာ ရတော့တယ်။

“ အရှင်မင်းကြီး လီလင်ပုက အကျင့်မကောင်းပါဘူး။ အရှင်မင်းကြီး ပေးအပ်ထားတဲ့ အာဏာကို အလွဲသုံးစား လုပ်ပြီးထင်တိုင်းကြဲနေတယ်။ အဲ့ဒါ ဘာများ ကောင်းလို့လဲ?”

ကျောက်ကောင်း သတိကြီးကြီးထားကာ မေးလိုက်သည်။

ရှကျိုးယွီ ပြောစရာ ပျောက်ဆုံးသွားလေ၏။

ဒါကြောင့်

“ ငါကိုယ်တော်ရဲ့ ကိစ္စက မင်းဝင်ပါလို့ရတဲ့ နေရာလား?”

ကျောက်ကောင်း အလွန်ထိတ်လန့်သွားသည်။ ချက်ချင်းပဲ ဒူးထောက်ချလိုက်ကာ

“ ကျွန်တော်မျိုး မလုပ်ရဲပါဘူး။ အရှင်မင်းကြီး.ခွင့်လွှတ်ပေးပါ!”

ရှကျိုးယွီ ဒုက္ခပေးချင်စိတ် မရှိသေးသည်မို့

“ ထတော့”

သူ ပုံမှန်လိုပဲ ပြောလိုက်သည်။

“ လီလင်ပုကို သွားခေါ်ခဲ့။ ငါကိုယ်တော် ကိုယ်တိုင် ဆုချီးမြှင့်မယ်”

ကျောက်ကောင်း ချက်ချင်း ထွက်သွားသည်။

ဒါပေမဲ့ သွားနေရင်းနဲ့ ကျောက်ကောင်း မနေနိုင်စွာ အရှင်မင်းကြီးရဲ့အတွေးကို မှန်းဆသေး၏။

“ အရှင်မင်းကြီးအနေနဲ့ လီလင်ပုရဲ့လုပ်ရပ်တွေကို မျက်ကွယ်ပြုနေစရာ အကြောင်းမရှိဘူး”

“ လီလင်ပုကို ချက်ချင်း မဖြေရှင်းသေးတာက အသုံးဝင်တာတစ်ခုခု ရှိနေသေးလို့ပဲ။ အချိန်ကျတာနဲ့ သေချာပေါက် ဖြေရှင်းလိမ့်မယ်”

“ အခုကတော့ မုန်တိုင်းမလာခင် ပျော်ခွင့်ပေးထားတာ ဖြစ်ရမယ်”

ဒီလိုနဲ့ မကြာခင်မှာ လီလင်ပု ရောက်လာခဲ့သည်။

“ ဒီငယ်သား လီလင်ပုက အရိုအသေပေးပါတယ် အရှင်မင်းကြီး”

တော်ဝင်စာဖတ်ခန်းထဲ ရောက်တာနဲ့ လီလင်ပုက ရိုကျိုးစွာ ဦးညွတ်သည်။

“ ဒီရက်တွေထဲ ညီလာခံရဲ့ ကိစ္စတွေ ဖြေရှင်းရတာ အမတ်လီ ဘယ်လိုခံစားရလဲ?”

ရှကျိုးယွီရဲ့ မျက်လုံးတွေ ကျဥ်းမြှောင်းနေသည်။

“ အရှင်မင်းကြီး ဒီရက်တွေထဲမှာ ညီလာခံရဲ့ မငြိမ်သက်တဲ့ အခြေအနေကြောင့် ကျွန်တော်မျိုး အထူး စိတ်ညစ်ရပါတယ်”

“ အရာရှိတွေက အလုပ်မလုပ်ပဲ အာဏာရဖို့ပဲ အချိန်ပြည့် ကြံစည်နေကြတယ်”

“ ထူးချွန်တဲ့ အရာရှိတွေဆို ပိုပြီးစိတ်တိုဖို့ ကောင်းသေးတယ်။ သူတို့က အလုပ်ကောင်းကောင်း မလုပ်ပဲ ကောင်းမွန်တဲ့ ဉာဏ်ရည်ကို သုံးပြီး ပြည်သူတွေကို ချနင်းရင်း အထက်တက်ဖို့ လုပ်နေကြတယ်”

“ ထိတ်လန့်ဖို့ ကောင်းလွန်းပါတယ် အရှင်မင်းကြီး”

လီလင်ပုက တက်ကြွစွာ ပြောနေလေ၏။

ဒါပေမဲ့ ရှကျိုးယွီအတွက်တော့ ဆင်​ခြေ တစ်ခုလို့ပဲ မြင်သည်။

“ ဒါဆို အမတ်လီ ဘယ်လိုဖြေရှင်းသင့်တယ် မြင်လဲ?”

လီလင်ပုရဲ့ မျက်လုံးတွေ ချက်ချင်း တောက်ပသွားကာ

“ အရှင်မင်းကြီး”

“ အခုလို ပုပ်ပွနေတဲ့ အနာကို အမြစ်ဖြတ် ရှင်းချင်ရင် ပြင်းထန်တဲ့ အပြစ်ပေးမှုနဲ့ လုံလောက်တဲ့အင်အား လိုအပ်ပါတယ်”

“ ဒါကြောင့် ကျွန်တော်မျိုးကို လုပ်ပိုင်ခွင့် ပေးဖို့ အရှင်မင်းကြီးကို ရဲတင်းစွာ တောင်းဆိုချင်တယ်။ အစိုးရ အဖွဲ့အစည်းကို.အောက်ခြေကနေ ပြန်ပြုပြင်ရမယ်”

လီလင်ပုက ဒူးထောက်ချလိုက်ပြီး စိတ်လှုပ်ရှားစွာ မော့ကြည့်လာသည်။

တစ်ကယ်တော့ သူလဲ ပြောသာပြောလိုက်တာ။ သိပ် မယုံကြည်ရဲဘူး။

ဘယ်လို ရူးနေတဲ့ ဘုရင်က အခုလို တောင်းဆိုမှုကို လက်ခံမှာလဲ?

ဒါပေမဲ့ ထိုင်ခုံပေါ်က ရှကျိုးယွီကတော့ စိတ်ထဲမှာ ပန်းတွေပွင့်နေတော့သည်။

ဒီလီလင်ပုက တစ်ကယ်ကို တားမရစီးမရအောင် ငတ်ပြတ်တာပဲ။

ဒါကြောင့် ရှကျိုးယွီက ဟိတ်ဟန်ပါပါ လက်တစ်ဖက်ယမ်းလိုက်ရင်း ပြောလိုက်လေ၏။

“ ကောင်းပြီ”

“ လီလင်ပု ငါကိုယ်တော် မင်းရဲ့တောင်းဆိုမှုကို ဖြည့်ဆည်းပေးမယ်”

“ အကောင်းဆုံးကြိုးစားပါ။ ငါကိုယ်တော်ကို စိတ်မပျက်စေနဲ့”

မယုံနိုင်စွာ ကြည့်နေတဲ့ လီလင်ပုရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ စိုစွတ်လာသလိုပဲ။

ရှကျိုးယွီကတော့ ပျော်ရွှင်နေသည်!

လီလင်ပုက ကျယ်လောင်စွာ ဦးခေါင်းနဲ့ ကြမ်းပြင်ထိလိုက်ပြီး

“ အရှင်မင်းကြီး ကောင်းကောင်းနားပါ!”

“ ကျွန်တော်မျိုး အရှင်မင်းကြီးကို စိတ်မပျက်စေရပါဘူး!”

ထို့နော​က်မှာ သုံးကြိမ်ဆက်တိုက် အရိုအသေ ထပ်ပေးလိုက်သေးသည်။

အရှင်မင်းကြီးက ငါ့ကို ကောင်းမွန်စွာ ဆက်ဆံတယ်။ ငါ့ရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်!

ဒါပေမဲ့ ရှကျိုးယွီကတော့ အရေးမလုပ်စွာ စာဖတ်ခန်းမှ လှည့်ထွက်သွားလေ၏။

သူ ယင်ယန်ရွှေရောင်သိုင်းကို ကျင့်ကြံဖို့ မစောင့်နိုင်တော့ဘူး!

ဖူယွဲ့ နန်းဆောင်နဲ့နီးလာလေလေ စိတ်အခြေအနေ ပိုကောင်းလာလေလေပဲ။

လမ်းမှာ မနေနိုင်စွာ သက်ပြင်းချလိုက်ရင်း

“ လီလင်ပုလို လူတွေ ထပ်ရှိရင် ကောင်းမှာကွာ”

ထိုအချိန်မှာ လီလင်ပုကတော့ တော်ဝင်စာဖတ်ခန်းထဲက မသွားနိုင်သေးဘူး။

အရှင်မင်းကြီးရဲ့ အစောပိုင်းက ထည်ဝါတဲ့ ဟန်ပန်ကို မြင်ယောင်ရင်း သက်ပြင်းချလိုက်လေကာ

“ အကယ်လို့ ကမ္ဘာကြီးမှာ အရှင်မင်းကြီးလိုမျိုး ဉာဏ်ပါရမီ ပြည့်စုံတဲ့ အုပ်ချုပ်သူတွေသာ ပြည့်နေရင် တိုင်းပြည်တွေကြား အဆင့်သတ်မှတ်ဖို့ လိုပါအုံးမလား?”

“ အရှင်မင်းကြီး စိတ်အေးလက်အေး နားပါ! ကျွန်တော်မျိုး အရှင်မင်းကြီးရဲ့ ဂုဏ်သတင်းကို မြင့်တင်ပေးပြီး တရှားတိုင်းပြည်ရဲ့ နံပါတ်စဥ်ကို တက်လာအောင်လုပ်မယ်!”

လီလင်ပုရဲ့ ခိုင်မာတဲ့ စကားသံက စာဖတ်ခန်းတစ်ခုလုံးထဲ ပဲ့တင်ထပ်သွားလေ၏!

ထိုအချိန်မှာ လီလင်ပု ပြောခဲ့တဲ့ ဉာဏ်ပါရမီ ပြည့်စုံတဲ့ အုပ်ချုပ်သူလေးက ဖူယွဲ့နန်းဆောင်ရှေ့ ရောက်လာပြီပင်။

ထိုအချိန်မှာ စနစ်ရဲ့ အသံထွက်ပေါ်လာခဲ့သည်။

( ပိုင်ရှင်က အာဏာမက်တဲ့ လီလင်ပုကို ပိုပြီး.အာဏာပေးတဲ့အပြင် ဖြုန်းတီးပစ်လိုက်တယ်။ အဲ့ဒါ အသုံးမကျတဲ့ အပြုအမူပဲ!)

( ကံကြမ္မာအမှတ် ၁၀၀ လျော့သွားပြီး လက်ရှိမှာ ၉၈၄၈ ကျန်ပါတယ်)

( တာအိုရတနာဖြစ်တဲ့ ငါးမျိုးစပ်ဒြပ်စင် စုတ်တံကို ဆုလာဘ်အနေနဲ့ ရရှိမည်)

……………..

All Chapters