← Chapters

( ကံကြမ္မာအမှတ်ကို ဆန့်ကျင်ရင်း.အဆင့်နှစ်အထိ အဆင့်တက်မယ်!)

Vol. 1 Ch. 10

( ကံကြမ္မာအမှတ်ကို ဆန့်ကျင်ရင်း.အဆင့်နှစ်အထိ အဆင့်တက်မယ်!)

Vol. 1 Ch. 10

“ ကျွန်တော်မျိုးမတို့ကလေ?”

“ အရှင်မင်းကြီး စနေတာလား?”

ကျူးကော့ချန်ချင်း အသံထွက်မလာတော့ပေ။ သူ တော်တော်လေး အံ့သြသွားပုံပဲ။

“ ငါကိုယ်တော်ရဲ့ ပုံစံက စနေတာနဲ့ တူလား?”

ရှကျိုးယွီ အရှေ့ကနှစ်ယောက်ကို တည်ငြိမ်စွာ စိုက်ကြည့်ပေးလိုက်သည်။

အရှေ့က ဒြပ်စင်ငါးမျိုး စုတ်တံကို ကြည့်နေရင်း ကျူးကော့ချင်းအာ ကတော့ တော်တော်လေး ပြန်တည်ငြိမ်လာခဲ့ပြီပင်။

“ တစ်ကယ်တော့ ကျွန်တော်မျိုးမတို့ကို အမှုထမ်းစေချင်ရင်လဲ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး”

“ ဒါပေမဲ့ ကျွန်တော်မျိုးမက ကျင့်ကြံသူ တစ်ယောက်ပဲ။ တိုင်းပြည်ရေးမှာ မကျွမ်းကျင်ဘူး”

“ ဒါကြောင့်မို့ အရှင်မင်းကြီးက ကျွန်တော်မျိုးမရဲ့ သေးငယ်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ”

“ ဘာဆန္ဒလဲ?”

ရှကျိုးယွီ အနည်းငယ် မျက်မှောင်ကြုတ် သွားသည်။

“ ဘယ်ရာထူးလဲဆိုတာ ကျွန်တော်မျိုးမကိုယ်တိုင် ရွေးချယ်ခွင့် ရမလား?”

ကျူးကော့ချင်းအာရဲ့ ပုံစံက ပြောသာပြောလိုက်ရတာ အခက်တွေ့နေဟန် ရှိသည်။

ရှကျိုးယွီ ခဏလောက် စဥ်းစားဟန်ဆောင်ပြီးမှ ခေါင်းညိတ်လိုက်သည်။

“ ရတယ်”

ကျူးကော့ချန်ချင်းကတော့ အဓိက ပြောနေတဲ့ နှစ်ယောက်ကို မယုံနိုင်စွာ ကြည့်နေခဲ့သည်။

ပြောတဲ့သူကလဲ ပြောရဲဆိုရဲ ရပ်ကွက်က ဖြစ်ပြီး..

လက်ခံတဲ့သူကလဲ လက်ခံတာပဲ။

တစ်ကယ်တော့ ကျူးကော့ချင်းအာပင် အနည်းငယ် အံ့သြသွားခဲ့သည်။

ဒါပေမဲ့ သဘောတူချက်ရပြီးမှတော့ သူမအနေနဲ့ အခွင့်အရေး မယူစရာ အကြောင်းမရှိဘူး။

“ ကျွန်တော်မျိုးမ ထိုက်အန်းမြို့ရဲ့ ရာဇဝတ် တရားသူကြီးရာထူးကို လိုချင်ပါတယ်။ ဖြစ်နိုင်ရဲ့လား? ”

ဖြစ်နိုင်တာ သူမက အရှင်မင်းကြီးကို သေချာ အကဲစမ်းနေတာပဲ။

“ ရတယ်!”

“ ဘာလို့ မဖြစ်နိုင်ရမှာလဲ?”

“ ထိုက်အန်းရဲ့ ရာဇဝတ်တရားသူကြီး မပြောနဲ့။ မင်းအဖေရဲ့ အမတ်ချုပ်ရာထူးကိုပါ ပေးလိုက်လို့ရတယ်။ မင်းသာ တောင်းရဲရင်ပေါ့”

ရှကျိုးယွီ တောက်ပစွာ ပြုံးပြလိုက်သည်။

သူ အရမ်းပျော်နေသည်။

အခုလို တိုင်းပြည်ကို ဖျက်ဆီးနေချိန်မှာ အခုလိုမျိုး အရည်အချင်း မတန်မရာနဲ့ ရာထူးကြီးတွေ မှန်းလေလေ သူ့အနေနဲ့ အကြိုက်တွေ့လေလေပဲ။

ဘေးမှာ ရပ်နေတဲ့ ကျူးကော့ချန်ချင်းကတော့ အံ့သြလွန်းလို့ လှုပ်တောင် မလှုပ်နိုင်တော့ဘူး။

ထိုက်အန်းမြို့ရဲ့ ရာဇဝတ်တရားသူကြီးနော်! ထိုက်အန်းမြို့!

ဒီထိုက်အန်းဆိုတာ တရှားရဲ့ မြို့တော်ပဲ!

အဲဲ့ဒီရာထူးက မြို့တော်ရဲ့ ပြည်တွင်းရေးသာမက လုံခြုံမှုနဲ့ စီမံခန့်ခွဲမှုပိုင်းအပြင် တစ်ခြားတာဝန်တွေပါ ရှိသေးတယ်!

အဆင့်လေး အစိုးရ ရာထူးဆိုပေမဲ့ အရေးကြီးရာထူးတစ်ခုဆိုတာ ငြင်းဆိုလို့ မရဘူး!

ဒါကြောင့် ကျူးကော့ချင်းအာပင် မှင်သက်သွားသည်။

တစ်ချိန်ထဲမှာပဲ လက်ရှိအရှင်မင်းကြီးကို တော်တော်လေး အမြင်ကြည်သွားသည်။

‘ ဒီဘုရင်စုတ်က သောက်သုံးမကျပေမဲ့ ဖြောင့်မတ်မှု ပိစိလေးတော့ ရှိသေးသားပဲ။ ကတိတည်တယ်ဆိုတော့’

“ ကျူးကော့ချန်ချင်း မင်းကကော ဘာရာထူး.လိုချင်လဲ?”

“ မင်း ပါးစပ်က ထုတ်ပြောရဲ သရွေ့ ငါကိုယ်တော် သတောတူပေးမယ်”

ရှကျိုးယွီ လှမ်းကြည့်လိုက်သည်။

ဒါပေမဲ့ ကျူးကော့ချန်ချင်းက အမဖြစ်သူလို သတ္တိမရှိပေ။ ချက်ချင်းပဲ ဒူးထောက် ကျသွားပြီး

“ အရှင်မင်းကြီး ကျွန်တော်မျိုး လက်လွတ်စပယ် မပြောရဲပါဘူး”

“ အရှင်မင်းကြီး ဘယ်တစ်ခုကိုပဲ ချီးမြှင့်ပါစေ ကျွန်တော်မျိုး လက်ခံပါ့မယ်”

ရှကျိုးယွီ ခေါင်းရမ်းလိုက်ကာ

“ ပျင်းဖို့ကောင်းတယ်”

“ မင်းရဲ့အမနဲ့ ယှဥ်လိုက်ရင် မင်းက ယောက်ျားတစ်ယောက်ဖြစ်ပြီး တော်တော်လေး ထိန်းချုပ်နေတာပဲ”

ခဏလောက် တွေးပြီးနောက်မှာ ရှကျိုးယွီ ဆက်ပြောလိုက်သည်။

“ ဒါဆိုရင်… မင်းရဲ့အမက အခုမြို့တော်ကို ပြီးပြည့်စုံအောင် ထိန်းကျောင်းပေးမဲ့ တရားသူကြီးရာထူးတောင်းဆိုခဲ့တယ်။ မင်းက ထိုက်အန်းမြို့တော်ရဲ့ ကျင်းဝူအစောင့်တပ်ကို ဦးဆောင်ရမယ်။ မင်းအဖေရဲ့ လက်အောက်မှာ အလုပ်လုပ်ပေါ့”

ကျင်းဝူအစောင့်တပ် ခေါင်းဆောင်က အဆင့်ငါး အရာရှိရာထူးပဲ။

အဆင့်နိမ့်တယ်ထင်ရပေမဲ့ အရေးကြီး ရာထူးတစ်ခုပင်။

သူ့အနေနဲ့ မြို့တော်ကို ကာကွယ်ဖို့နဲ့ အရေးကြုံလာရင် တော်ဝင်မိသားစုကို စောင့်ရှောက်ဖို့ တာဝန်ရှိသွားပြီ။

“ ကျွန်တော်မျိုး ကျူးကော့ချန်ချင်း လေးစားစွာ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”

အံ့သြမှုကြောင့် ဦးနှောက်အလုပ်မလုပ် တော့ပေမဲ့ ကျူးကော့ချန်ချင်း အမြန်ပဲ ကျေးဇူးတင်မှုကို ဖော်ပြလိုက်သည်။

ရှကျိုးယွီ ခေါင်းညိတ်ပြလိုက်ကာ

“ အခုကစပြီး မြို့တော်ကိုကာကွယ်ပေးဖို့ ငါကိုယ်တော်မင်းကို အပ်နှင်းလိုက်ပြီ။ မင်း ငါကိုယ်တော်ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်”

ရှကျိုးယွီ စိတ်ထဲမှာ အရှေ့က လူနှစ်ယောက်ကို တော်တော်လေး မျှော်မှန်းထားသည်။

ဒါကြောင့် ချက်ချင်းပဲ ကျောက်ကောင်းကို ခေါ်လိုက်ကာ

“ ကျောက်ကောင်း အခုပဲ ချင်းအာနဲ့ ချန်ချင်းကို ရာထူးခန့်အပ်ဖို့ အမိန့်တော် ပြင်ဆင်လိုက်”

“ ပြီးရင်.လီလင်ပုဆီ ခေါ်သွားပြီး လိုတာ ကူညီပေးခိုင်းလိုက်”

စီစဥ်စရာ ရှိတာ စီစဥ်ပြီးတာနဲ့ အံ့သြနေတဲ့သူတွေကို ဂရုမစိုက်တော့ဘဲ ရှကျိုးယွီ တော်ဝင်စာဖတ်ခန်းမှ ထွက်သွားခဲ့သည်။

“ ပျင်းလိုက်တာ”

“ မင်းတို့ ကျန်တာ ကိုယ့်ဘာကိုယ် ကြည့်ကြပ်လုပ်လိုက်ကြတော့”

ရှကျိုးယွီရဲ့ ထွက်ခွာသွားတဲ့ ပုံရိပ်ကို ကြည့်ရင်း ကျူးကော့ချင်းအာ မထိန်းနိုင်စွာ ပြောမိသွားသည်။

“ ဒါ ငါအရင်က သိခဲ့တဲ့သူ ဟုတ်သေးရဲ့လား?”

သူမတို့သုံးယောက်သား အကြည့်ချင်း ဖလှယ်မိသွားသည်။

“ သခင်မလေးချင်းအာ ကျေးဇူးပြုပြီး လျှောက်မပြောပါနဲ့”

“ အရှင်မင်းကြီးက အရင်လူပါပဲ။ ပို ဉာဏ်ပါရမီ ပြည့်စုံပြီး ပိုအင်အာကြီးလာလို့ပဲ”

ကျောက်ကောင်းက ဖြတ်ပြောလိုက်သည်။.သူ့ရဲ့ မျက်လုံးထဲမှာ အထင်ကြီးလေးစားမှုတွေ ပြည့်နေလေ၏။

“ ဟမ့်!”

ကျူးကော့ချင်းအာ အေးစက်စွာ နှာမှုတ်လိုက်လေသည်။

သူမရဲ့ နှလုံးသားထဲက အနည်းငယ် ရွဲ့ချင်နေသည်။

ဘာကို ဉာဏ်ပါရမီပြည့်စုံပြီး အင်အားကြီးတာလဲ? ငါထင်တာတော့ ပိုပြီး ကျပ်မပြည့်လာတာပဲ။

မဟုတ်ရင် ငါတို့ကို အရာရှိဖြစ်လာဖို့ တွေးရဲပါ့မလား?

“ သခင်မလေးချင်းအာရဲ့ ပုံစံက အရှင်မင်းကြီးကို မကျေနပ်နေပုံပဲ”

“ တစ်ကယ်တော့ အရှင်မင်းကြီးက တာဝန်ပေးလိုက်တယ်ဆိုမှတော့ သခင်မလေးတ်ို့ နှစ်ယောက်က လုပ်နိုင်စွမ်း ရှိတယ်ဆိုတာ ယုံကြည်လို့ပဲ”

“ အရင်က ကျွန်တော်မျိုးလဲ အရှင်မင်း​ကြီးရဲ့ ကြီးမြတ်တဲ့တွေးခေါ်ပုံကို သဘောမပေါက်ခဲ့ဘူး။ အခုတော့ သိသွားပြီ”

ကျောက်ကောင်းက အပြုံးတစ်ခုနဲ့ ပြောနေရင်း ထိုနှစ်ယောက်ကို ဦးဆောင်ခေါ်သွားပေးနေသည်။

ကျူးကော့ချင်းအာ စိတ်ဝင်စားသွားကာ

“ အို့?”

“ ဘာကိုဆိုလိုတာလဲ?”

ကျောက်ကောင်းလဲ မဖုံးကွယ်တော့ပေ။ ဒီနှစ်ယောက်ကို အရှင်မင်းကြီး ကိုယ်တိုင် ခန့်အပ်ထားမှတော့ သူတို့က အရှင်မင်းကြီး ယုံကြည်တဲ့သူတွေလို့ ဆိုလိုတာပဲ။

“ အဲ့ဒါက အခုလက်ရှိ အရာရှိအဖွဲ့အစည်းလိုမျိုးပဲ..”

“ အရှင်မင်းကြီးက လီလင်ပုကို ရာထူးတိုးပေးခဲ့တယ်။ ကျွန်တော် ထင်ခဲ့တာ အဲ့ဒီအကျင့်ပျက်အရာရှိကို ရာထူးတိုးလိုက်တာက သူ့ကိုပိုဆိုးသွမ်းစေဖို့ အခြေအနေပေးလိုက်ပြီး နောက်မှ အကွက်လှလှနဲ့ အဖွဲ့အစည်းက မောင်းထုတ်ချင်လို့ပေါ့”

“ ဒါပေမဲ့ နောက်မှ အထင်လွဲခဲ့မှန်း သဘောပေါက်သွားတယ်”

“ အဲ့ဒီလီလင်ပုက အကျင့်ပျက်အရာရှိ မှန်ခဲ့ပေမဲ့ တစ်ကယ်တော့ စစ်မှန်တဲ့ လုပ်နိုင်စွမ်းရှိသူပဲ။ နှစ်ရာချီကြာမှ တစ်ခါပဲ ပေါ်လာတတ်တဲ့ သူစားမျိုးပေါ့”

“ ဒီငါးရက်ခြောက်ရက်အတွင်း လီလင်ပု လုပ်ဆောင်ခဲ့လိုက်တာ ရုံးတော်ထဲက မတည်ငြိမ်တဲ့ ပြဿနာအားလုံး ဖြေရှင်းနိုင်ရုံတင်မကပဲ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေလဲ ၃၀ ရာခိုင်နှုန်းလောက် မြင့်တက်သွားခဲ့တယ်”

“ အရှင်မင်းကြီးရဲ့ စူးရှတဲ့အမြင်က တစ်ခါတောင် လွှဲမှားမှု မရှိခဲ့ဖူးဘူး”

ကျောက်ကောင်း ပြောရင်းနဲ့ ရင်ထဲမှာ အထင်ကြီးတွေ မြင့်တက်လာရသည်။

ကျူးကော့ချင်းအာနဲ့ ကျူးကော့ချန်ချင်းကတော့ ဆွံ့အနေလေ၏။

“ ဖြစ်နိုင်တာ ငါ တစ်ကယ်ပဲ အထင်မှားခဲ့တာပေါ့?”

ကျူးကော့ချင်းအာပင် မနေနိုင်စွာ မေးခွန်းပြန်ထုတ် မိသွားသည်။

တစ်ဖက်က ရှကျိုးယွီကတော့ စနစ်ရဲ့ ဆုလာဘ်တွေ လက်ခံနေလေရဲ

(ဒင်!)

( ပိုင်ရှင်က ဘုရင်တစ်ယောက်ရဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး ရာထူးတွေကို ခန့်ချင်သလိုခန့်ခဲ့တယ်။ အဲ့ဒါ ဘုရင်ဆိုးတစ်ယောက်ရဲ့ လုပ်ရပ်ပဲ)

( တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ် ၂၀၀ လျော့သွားပြီး လက်ရှိမှာ ၁၀၀၀၀ မှတ် ကျန်ပါသေးတယ်!)

( ဆုလာဘ်အနေနဲ့ နှစ်တစ်ရာ သိုင်းကျင့်ကြံမှုကို ရရှိမယ်)

ရုတ်တရ​က် ခန္ဓာကိုယ်ထဲ တိုးဝင်လာတဲ့ စွမ်းအင်တွေကြောင့် တစ်​နေကုန် ခံစားချက် အတက်အကျဖြစ်နေရှာတဲ့ ရှကျိုးယွီလေး

တော်တော် ပျော်သွားသည်။

သိုင်းကျင့်ကြံမှု နှစ်တစ်ရာတဲ့!

ဒီလိုနဲ့ ရှကျိုးယွီ ချက်ချင်းပဲ နေရာမှ ပျောက်ကွယ်သွားလေ၏။

ကိုယ်ပိုင်လေ့ကျင့်ရာအခန်းကို ပြန်ရောက်တာနဲ့ ခေါင်းကိုးလုံးနဂါးရဲ့ လျှို့ဝှက်သိုင်းကို အသက်သွင်းလိုက်သည်။

ခေါင်းကိုးလုံး နဂါးကိုယ်ထည်ရဲ့ အထောက်အပံ့ကို ရထားတဲ့အပြင် ခေါင်းကိုးလုံးနဂါးရဲ့လျှို့ဝှက်သိုင်းကို အသက်သွင်းလိုက်သည်မို့ ခန္ဓာကိုယ်ထဲက အရှိန်အဟုန်နဲ့တက်နေတဲ့ ချီစွမ်းအင်တွေ ပြန်တည်ငြိမ်စပြုလာခဲ့သည်။

တစ်ချိန်ထဲမှ… သူ့ရဲ့အရှိန်အဝါက မြင့်တက်လာလေ၏!

ဒါပေမဲ့ ကျောက်ကောင်းရဲ့ အဆင့်တက်မှုနဲ့ နှိုင်းယှဥ်ရင် ရှကျိုးယွီရဲ့ အ​ခြေအနေက လူမသိသူမသိပင်။

နှစ်တစ်ရာကျင့်ကြံမှုက သူ့ခန္ဓာကိုယ်အတွက် လုံးဝ အလုပ်မလုပ်လိုက်သလိုပဲ။

လုံးဝ အကျိုးမရလိုက်ပုံ ဖြစ်နေသည်။

ဒါပေမဲ့ ရှကျိုးယွီရဲ့ အစွမ်းအပေါ် နားလည်နိုင်စွမ်းက လုံးဝကွဲပြားတဲ့အဆင့်တစ်ခု အထိ မြင့်တက်သွားခဲ့သည်။

နှစ်တစ်ရာ ကျင့်ကြံမှုကို စုပ်ယူရင်း သူက တည်ငြိမ်စွာ အဆင့်တက်သွားသည် ပြောရမည်။

အဆင့်ငါးကနေ..

အဆင့်လေး!

အဆင့်သုံး!

အဆင့်နှစ်!

နောက်ဆုံး အဆင့်နှစ်ရောက်မှသာ ရပ်သွားလေ၏။

“ ဒုတိယအဆင့်လား?”

“ ဒုတိယအဆင့်ကို ရောက်နိုင်ဖို့ နှစ်တစ်ရာ ကျင့်ကြံမှုကို သုံးလိုက်ရတာပဲ။ ကြည့်ရတာ ခေါင်းကိုးလုံးနဂါးရဲ့ ကိုယ်ထည်နဲ့ သိုင်းပညာက တော်တော်လေး.ထူးခြားတယ်!”

ရှကျိုးယွီ တစ်ဖက်က အဆင့်တက်နေစဥ်မှာ မြို့တော်တစ်ခုလုံးကတော့ ပရမ်းပတာ ဖြစ်နေခဲ့သည်။

အဓိက အကြောင်းအရင်းလား? အဓိက အကြောင်းအရင်းက လောလောလတ်လတ် အသစ်ခန့်ထားတဲ့ အရာရှိနှစ်ယောက်ကြောင့်ပဲ!

အထူးသဖြင့် ကျူးကော့ချင်းအာ!

သူမလို မိန်းကလေးတစ်ယောက်က ရုံးတော်မှာ အမှုးထမ်းမှာတဲ့..! ဒါကိုတောင်မှ သာမာန်အဆင့် မဟုတ်ဘူး။.မြို့တော်ရဲ့ အဆုံးအဖြတ်ပေးရမဲ့ ရာဇဝတ်တရားသူကြီးအနေနဲ့!

သေချာတယ် ဒါက တရှားတိုင်းပြည်ရဲ့ သမိုင်းမှာ ပထမဆုံးဖြစ်စဥ်ပဲ!

ဖြစ်နိုင်တာ ရှန့်ထျန်းနယ်မြေကြီး တစ်ခုလုံးအတွက်ပါ ပထမဆုံးဖြစ်စဥ် ဖြစ်နိုင်တယ်!

………………

All Chapters