← Chapters

( မတ်လေး မင်းသာလိမ္မာရင် အကုန် မင်းအတွက်ပဲ!)

Vol. 1 Ch. 11

( မတ်လေး မင်းသာလိမ္မာရင် အကုန် မင်းအတွက်ပဲ!)

Vol. 1 Ch. 11

ဝတ်ပြုမှုပိုင်းဋ္ဌာနရဲ့ အမတ်ကြီး ယောင်ဖန်းရဲ့

အိမ်တော်တွင် ညပိုင်း၌….

စာဖတ်ခန်းထဲတွင် များစွာတဲ့ ပြည်တွင်းရေးနဲ့ စစ်ရေး အမတ်မင်းများရှိနေကြသည်။

ဇာတ်လိုက်ကြီး ယောင်ဖန်းကတော့ အလယ်တည့်တည့်မှာ ထိုင်နေလေရဲ့။

“ သခင်ကြီးယောင် နန်းတော်က သတင်းတွေ ကြားပြီးပြီလား?”

လူထုအရေးဆိုင်ရာ ဋ္ဌာနရဲ့ စစ်ဆေးရေး အမတ်က အရှေ့တိုးကာ စကားစလိုက်သည်။

ဒီလိုနဲ့ အကုန်လုံးဆီမှ တစ်ယောက်တစ်ပေါက် အသံတွေ ထွက်လာလေတော့၏။

“ ဟုတ်တယ်”

“ သခင်ကြီးယောင် ကျွန်တော်တို့ အရှင်မင်းကြီးကို အခုလိုမျိုး လုပ်ချင်တာ လုပ်ခွင့်ပေးနေလို့ မဖြစ်တော့ဘူး”

“ မိန်းမတစ်ယောက်က ရုံးတော်ထဲ ဝင်လာတာ အဲ့ဒါ ဘိုးဘေးတွေကို စော်ကားလိုက်တာပဲ”

“ ဒီလိုမျိုးသာ ဆက်ဖြစ်နေရင် ရုံးတော်မှာ ကျွန်တော်တို့အတွက် နေရာရှိပါအုံးမလား?”

“....”

ရှကျိုးယွီရဲ့ အရှေ့မှာ မပြောရဲသမျှ အခုမှ အကုန်ထုတ်ပြောနေကြသည်။

အခုလို ယောင်ဖန်းရဲ့ အိမ်တော်ထဲမှာ သူတို့ ကြောက်စရာ မလိုတော့ဘူးလေ။

အရှေ့က အခြေအနေကြောင့် ယောင်ဖန်း မျက်မှောင်ကြုတ်နေသည်။

“ တိတ်ကြစမ်း!”

“ မင်းတို့အကုန်လုံးက တော်ဝင်ရုံးတော်က ခန့်အပ်ထားတဲ့ ဂုဏ်သရေရှိပြီး အောင်မြင်မှုတွေလဲ ရထားတဲ့သူတွေပဲ။ ဘာကြောင့် ဒီလောက်စကားများ နေရတာလဲ?”

“ အရှင်မင်းကြီးက မတရားဘူးဆိုမှတော့ မင်းတို့တွေ သွားတိုင်ကြပါ့လား? ဘာလို့ ဒီအမတ်ရဲ့အိမ်တော်မှာ လာနားညည်းနေတာလဲ?”

ယောင်ဖန်းရဲ့ ရာထူးက ဝတ်ပြုမှုပိုင်းဆိုင်ရာ အမတ်တစ်ယောက်ဖြစ်ပြီး ဒီဋ္ဌာနခြောက်ခု အတွင်းမှာ အာဏာနည်းနေသလို ထင်ရသည်။

ဒါပေမဲ့ သူက အရွယ်လဲရပြီးသားဖြစ်သည်။ ဘုရင်မျိုးဆက်သုံးခုလုံး မှီခဲ့သည်။ ဒါကြောင့် အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ပဲ။ ဒါ့အပြင် လက်အောက်မှာ တပည့်တွေအများကြီးလဲ ရှိသေးသည်!

“ အမတ်ယောင် ကျွန်တော်တို့လဲ အရှင်မင်းကြီးကို တင်ပြချင်တာပေါ့”

“ ဒါပေမဲ့ အရှင်မင်းကြီးက တိုင်းပြည်ရေးကို အခု ဂရုမစိုက်ဘူး။ တင်သမျှ စာတိုင်းက လီလင်ပုဆီကိုပဲ ရောက်နေတယ်။ ကျွန်တော်တို့ တိုင်ကြားချင်ရင်တောင် ဘာမှ မတတ်နိုင်နေဘူး”

အဆင့်ခြောက်စစ်ဆေးသူ အမတ်အားလုံး အရှေ့တိုးကာ ပြောလိုက်ကြသည်။

“ အမတ်ယောင်!”

“ အရှင်မင်းကြီးကို ဖျောင်းဖျဖို့က ခင်ဗျားပေါ် မူတည်နေပြီ!”

“ ခင်ဗျားသာ မဆောင်ရွက်နိုင်ခဲ့ရင် ဒီတရှားတိုင်းပြည်တော့ ပျက်ဆီးကိန်းစိုက် တော့မှာပဲ!”

“.....”

အကုန်လုံးရဲ့ အားကိုးသံကို နားထောင်ရင်း ယောင်ဖန်း ကျေနပ်နေသည်။

အခုလို အရေးကြီးကိစ္စမှာ အခြေအနေကို ပြောင်းပြန်လှန်နိုင်ဖို့က သူ့အပေါ်ပဲ မူတည်နေပြီ။

“ ကောင်းပြီ!”

“ ဒီလိုဆိုမှတော့ မနက်ဖြန်ကျရင် ငါတို့အားလုံး အရှင်မင်းကြီးဆီ သွားတွေ့ကြမယ်”

“ ဘာကိစ္စပဲဖြစ်လာပါစေ အရှင်မင်းကြီးကို အမိန့်တော်ပြန်ရုတ်သိမ်းဖို့ ဖျောင်းဖျရမယ်”

“ အထူးသဖြင့် လီလင်ပု! ဒီကောင် တိုင်းပြည်ကို ထပ်အန္တရာယ်ပြုမှာ ငါရပ်ကြည့် မနေနိုင်တော့ဘူး!”

ယောင်ဖန်းရဲ့ ခိုင်မာတဲ့ စကားကြောင့် အမတ်အားလုံး ပေါ့ပါးသွားသည်။

“ အမတ်ကြီးယောင်သာ ဝင်ပြောပေးရင် အရှင်မင်းကြီး သေချာပေါက် စိတ်ပြောင်းမှာပါ”

သူတို့အားလုံးက အချင်းချင်း အကျိုးအမြတ်ရအောင် ကူညီပေးဖို့ လိုအပ်နေတာပဲ။ သူတို့ရဲ့ အကျိုးအမြတ်တွေက အချင်းချင်းကြား ဝေစားမျှစား အနေအထားမှာ။

လီလင်ပုရဲ့ ဒီရက်ပိုင်း လက်စွမ်းပြမှုကြောင့် ရုံးတော်က လူယုံတွေလဲ ပြောင်သထက်ပြောင်နေပြီး ဆုံးရှုံးမှုတွေက မရေမတွက်နိုင်အောင်ပဲ။

ဒါကြောင့်​ ကျူးကော့ချင်းအာ ကိစ္စ မရှိခဲ့ရင်တောင် လီလင်ပုကိုတော့ ရတဲ့နည်းနဲ့ ဆွဲချဖို့လုပ်ထားပြီးသားပဲ။

ဒါပေမဲ့ ရှကျိုးယွီ အဲ့ဒါတွေ တစ်ခုကိုမှ ဂရုမစိုက်ပါချေ။

ရှကျိုးယွီက နောက်တစ်နေ့မနက်မှာ သူ့ရဲ့ ကိုယ်ပိုင်လေ့ကျင့်ရေး အခန်းကနေ နိုးထလာခဲ့သည်။

တစ်ညလုံး ကျင့်ကြံပြီးမှ သူ့ရဲ့အခြေအနေကို တည်ငြိမ်အောင် ထိန်းနိုင်သွားတာပင်။

အဆင့်နှစ်အထိ တိုးတက်သွားတာက တော်တော်လေး ပင်ပန်းသွားစေပုံရှိသည်။

“ အာ”

“ အဆင့်တက်ဖို့အတွက်နဲ့ တစ်ညတောင် ကုန်သွားတယ်ကွာ။ ဖူယွဲ့လေး ငါ့ကို လွမ်းနေတော့မှာပဲ”

ရှကျိုးယွီ သက်ပြင်းချရင်း အခန်းပြင် ထွက်လိုက်သည်။

ပြီးတာနဲ့ ဖူယွဲ့နန်းဆောင်ဆီ ဦးတည်တော့သည်။

'ညပိုင်းက အသားမယူထားရမှတော့ အခုပဲ အကောင်အထည်ဖော်ရမှာပေါ့! ဟဲဟဲ’

ဒီလိုနဲ့ ဖူယွဲ့နန်းဆောင်ကို ရှကျိုးယွီ ရောက်ချိန်မှာ ယောက်ျားသံတစ်သံကို ကြားလိုက်ရသည်။.သူ ချက်ချင်း ပေါက်ကွဲသွားသည်။

‘ငါ ဦးထုပ်စိမ်း စောင်းခံလိုက်ရတာလား!’

‘ မဖြစ်နိုင်ဘူး!’

‘ ဒါက နန်းတွင်းပဲ။ ပြီးတော့ ဒါကအနောက်ဆောင်! ယောက်ျားတစ်ယောက် ရှိစရာ အကြောင်းမရှိဘူး’

‘ ရှိခဲ့ရင်တောင်မှ အဲ့ဒါ မိန်းမစိုးပဲ!’

ရှကျိုးယွီ ခဏရပ်သွားပြီး အခြေအနေကို အရင်လေ့လာဖို့ ဆုံးဖြတ်လိုက်သည်။

“ မမ မိဖုရား ကျေးဇူးပြုပြီး ကူညီပေးပါ”

“ ကျူးကော့ချင်းအာတောင်မှ ထိုက်အန်းမြို့တော်ရဲ့ တရာသူကြီးဖြစ်လာသေးတာပဲ။ မမ မိဖုရားလဲ ကိုယ့်ရဲ့ မောင်လေးအတွက် ရာထူးတစ်နေရာ တောင်းပေးဖို့ မခဲယဥ်းဘူးမလား?”

အခန်းထဲမှ ရှင်းလင်းတဲ့အသံ ထွက်လာခဲ့သည်။ အသံကို နားထောင်ရုံနဲ့တင် မရင့်ကျက်မှန်းသိသာသည်။

“ အဲ့ကောင်လေးပဲ!”

ရှကျိုးယွီ ချက်ချင်း သဘောပေါက်သွားသည်။

ဒါက မိဖုရားရဲ့ ဆယ့်သုံးနှစ်အရွယ် မောင်လေးပဲ။

မိဖုရားရဲ့ မောင်လေးနာမည်က လီချန်ချိုး။ အသက်ဆယ့်သုံးနှစ်ဆိုပေမဲ့ တော်တော်​လေး ဉာဏ်ကောင်းသည်။

ဒါပေမဲ့ နည်းနည်းတော့ အဆော့သန်သည်။

“ ငါဘယ်လိုလုပ်ပေး ရမှာလဲ?”

“ ညီမလေးချင်းအာက မိန်းကလေးဆိုပေမဲ့ သူမက လွန်ခဲ့တဲ့သုံးနှစ်တည်းက တော်ဝင် ဆရာတော်ကြီးဆီမှာ တာအိုပညာလေ့လာနေခဲ့တာ။ အခုဆို သူမရဲ့ ကျင့်ကြံမှုက တော်တော် တိုးတက်နေလောက်ပြီ”

“ မြို့တစ်မြို့ကို စီမံဖို့ ပြဿနာမရှိဘူး”

“ မင်းကကော? မင်းက အသက်ကဖြင့် ၁၃ ပဲ ရှိသေးတာကို အရာရှိဖြစ်ဖို့ တွေးနေသေးတယ်”

ဖူယွဲ့က နှစ်ကြိမ်တောင်မတွေးပဲ ငြင်းလိုက်သည်။

“ မမ မိဖုရား ကျွန်တော် လုပ်နိုင်တယ်”

“ ကျွန်တော်က ၁၃ နှစ်ဆိုတာ မှန်ပေမဲ့ တာဝန်သာပေးရင် သေချာပေါက် လုပ်နိုင်မယ်လို့ ယုံကြည်တယ်!”

လီချန်ချိုးက ဖူယွဲ့က လက်မောင်းကို မပြတ် လှုတ်ယမ်းရင်း.တောင်းဆိုလေ၏။

ဖူယွဲ့တစ်ယောက် စိတ်မရှည်တော့ပေ။

“ ငါ သဘောတူရင်တောင် ဘာရမှာမလို့လဲ? ဆုံးဖြတ်ပေးရမှာက အရှင်မင်းကြီး! သူ သဘောမတူမှာ သေချာတယ်”

လီချန်ချိုး မကျေမနပ် ပြန်ပြောလိုက်ချင်ပေမဲ့ သူ မငြင်းဆိုတတ်တော့ပေ။

ထိုအချိန်မှာပဲ အပြင်ဘက်မှာ နက်ရှိုင်းတဲ့ အသံတစ်ခုကို ကြားလိုက်ရသည်။

“ ငါကိုယ်တော် သဘောမတူဘူးလို့ ဘယ်သူ ပြောလဲ?”

ရှကျိုးယွီက အခန်းထဲကို ပြုံးရင်း ဝင်လာသည်။

“ နှုတ်ဆက်ပါတယ် အရှင်မင်းကြီး”

အရှေ့ကနှစ်ယောက်က ချက်ချင်း အရိုအသေ ပေးလာကြသည်။

ရှကျိုးယွီ လက်တစ်ဖက်ယမ်းပြရင်း ယဥ်ကျေးမှု ပြမနေဖို့ အချက်ပြလိုက်သည်။

လီချန်ချိုးက အရှင်မင်းကြီးကို အံ့သြစွာ ကြည့်နေရင်း အမြန်အတည်ပြုလိုက်လေသည်။

“ အရှင်မင်းကြီး အစောက သဘောတူမယ်လို့ ပြောခဲ့တာမလား?”

ရှကျိုးယွီ ခပ်ဖွဖွ ပြုံးလိုက်ကာ

“ ဒါပေါ့!”

“ ငါကိုယ်တော် နောက်နေတာ မဟုတ်ဘူး။.အဆင့်ငါး အရာရှိ ရာထူးအထိ မင်း ကြိုက်တဲ့နေရာကို ပြော”

“ အရှင်မင်းကြီး မဖြစ်ပါဘူး!”

“.ချန်ချိုးက အရမ်းငယ်သေးတယ်။ ဘယ်လိုလုပ် တာဝန်ထမ်းဆောင်နိုင်မှာလဲ?”

မိဖုရားက အမြန်ဖြတ်ပြောလာသည်။

“ စိတ်မပူပါနဲ့ မိဖုရား။ ချန်ချိုးက ငယ်ပေမဲ့ ထူးချွန်ကြောင်း.ဂုဏ်သတင်းတွေ ရှိပြီးသားပါ။ ဘာကြောင့်များ အရာရှိ မဖြစ်နိုင်ရမှာလဲ?”

“ စိတ်မပူနဲ့ ငါကိုယ်တော် ရတယ်ပြောရင် ရစေရမယ်!”

ရှကျိုးယွီ မိဖုရားကို လက်မောင်းကြားထဲ သွင်းရင်း အာဏာရှင်ဆန်ဆန် ပြောလိုက်လေ၏။

“ အရှင်မင်းကြီးက ဉာဏ်အမျှော်အမျှင် ကြီးမားလှပါတယ်”

လီချန်ချိုး အမြန်ပဲ မြှောက်ပင့်တော့သည်။

“.ကဲဒါဆို ဆုံးဖြတ်ပြီးပြီလား? ချန်ချိုး”

ရှကျိုးယွီ သူ့ရဲ့ယောက်ဖတော် အငယ်စားလေးကို ငုံ့ကြည့်လိုက်သည်။

‘ ၁၃ နှစ်နဲ့ အရာရှိဖြစ်ချင်တာတဲ့လား? ဒီကောင်လေးက ဉာဏ်ကြီးရှင် ဝင်စားထားတာ မဟုတ်သရွေ့ ငါ့ရဲ့ပြည်ဖျက်မဲ့အစီအစဥ်ကို အကြီးကြီး ပံ့ပိုးပေးလိမ့်မယ်’

လီချန်ချိုးက ရှကျိုးယွီရဲ့ မျက်လုံးထဲ တော်တော်လေး ကြည့်ကောင်းနေလေရဲ့။

“ အရှင်မင်းကြီး ကျွန်တော်မျိုး ဆုံးဖြတ်ပြီးပါပြီ”

“ တော်ဝင်အစောင့်ခေါင်းဆောင် ဖြစ်ချင်တယ်!”

ချက်ချင်းပဲ မိဖုရားရဲ့အသံ ထွက်လာသည်။

“ မရဘူး!”

“ အရမ်းအန္တရာယ်များတယ်”

“ တော်ဝင်အစောင့်တွေ ဘယ်မှာရှိလဲ မင်းသိလား?”

လီချန်ချိုးက ရဲရင့်စွာ ပြန်ပြောလေရဲ့။

“ အန္တရာယ်များလို့ပဲ သွားချင်တာလေ”

“ အန္တရာယ်များတဲ့နေရာမဟုတ်ရင် ကျွန်တော် ဘယ်လိုလုပ် အောင်မြင်မှုရမှာလဲ?”

ရှကျိုးယွီ ခေါင်းငြိမ့်လိုက်သည်။

“ ကောင်းပြီ”

“ ငါကိုယ်တော် သဘောတူတယ်”

“ လီချန်ချိုး အခုကစပြီး မင်းက တော်ဝင်အစောင့်အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ။ မြို့တော်ကိုကာကွယ်ကြီးကြပ်ဖို့ တာဝန် ယူရမယ်”

“ ငါကိုယ်တော် မင်းကိုတော်ဝင်ဓားတော် ချီးမြှင့်မယ်။ အရင်လူသတ်ပြီး နော​က်မှ တင်ပြမယ်ဆိုရင်တောင် ကင်းလွှတ်ခွင့်ရမယ်”

ရှကျိုးယွီက သူပေးချင်တဲ့သူနဲ့ တွေ့ပြီဆိုရင် နည်းနည်းတောင် တွန့်ဆုတ်တတ်သူ.မဟုတ်ချေ။

ဘုရင်ဆိုးလုပ်မယ်ဆိုမှတော့ သေချာ လုပ်ရမှာပေါ့။

“ အရှင်မင်းကြီး ဒါ..ဒါက သူ့ကို အရမ်းအာဏာ ပေးမိနေပြီ!

“ အရှင်မင်းကြီး တော်ဝင်ဓားတော်ကို ပြန်သိမ်းပေးပါ။ အဲ့ဒီဓားကို ကိုင်တွယ်ဖို့ သူ အရမ်းငယ်သေးတယ်”

ဖူယွဲ့ကတော့ ဆက်လက်တားမြစ်သည်။

ဒါပေမဲ့ ရှကျိုးယွီက စိတ်မပြောင်းပေ။

“ စိတ်မပူပါနဲ့။ ငါကိုယ်တော် ချန်ချိုးကို ယုံကြည်တယ်။ သူက စိတ်ပျက်အောင်.လုပ်မှာ မဟုတ်ဘူး”

……………

All Chapters