( မတ်လေး မင်းသာလိမ္မာရင် အကုန် မင်းအတွက်ပဲ!)
Vol. 1 Ch. 11
ဝတ်ပြုမှုပိုင်းဋ္ဌာနရဲ့ အမတ်ကြီး ယောင်ဖန်းရဲ့
အိမ်တော်တွင် ညပိုင်း၌….
စာဖတ်ခန်းထဲတွင် များစွာတဲ့ ပြည်တွင်းရေးနဲ့ စစ်ရေး အမတ်မင်းများရှိနေကြသည်။
ဇာတ်လိုက်ကြီး ယောင်ဖန်းကတော့ အလယ်တည့်တည့်မှာ ထိုင်နေလေရဲ့။
“ သခင်ကြီးယောင် နန်းတော်က သတင်းတွေ ကြားပြီးပြီလား?”
လူထုအရေးဆိုင်ရာ ဋ္ဌာနရဲ့ စစ်ဆေးရေး အမတ်က အရှေ့တိုးကာ စကားစလိုက်သည်။
ဒီလိုနဲ့ အကုန်လုံးဆီမှ တစ်ယောက်တစ်ပေါက် အသံတွေ ထွက်လာလေတော့၏။
“ ဟုတ်တယ်”
“ သခင်ကြီးယောင် ကျွန်တော်တို့ အရှင်မင်းကြီးကို အခုလိုမျိုး လုပ်ချင်တာ လုပ်ခွင့်ပေးနေလို့ မဖြစ်တော့ဘူး”
“ မိန်းမတစ်ယောက်က ရုံးတော်ထဲ ဝင်လာတာ အဲ့ဒါ ဘိုးဘေးတွေကို စော်ကားလိုက်တာပဲ”
“ ဒီလိုမျိုးသာ ဆက်ဖြစ်နေရင် ရုံးတော်မှာ ကျွန်တော်တို့အတွက် နေရာရှိပါအုံးမလား?”
“....”
ရှကျိုးယွီရဲ့ အရှေ့မှာ မပြောရဲသမျှ အခုမှ အကုန်ထုတ်ပြောနေကြသည်။
အခုလို ယောင်ဖန်းရဲ့ အိမ်တော်ထဲမှာ သူတို့ ကြောက်စရာ မလိုတော့ဘူးလေ။
အရှေ့က အခြေအနေကြောင့် ယောင်ဖန်း မျက်မှောင်ကြုတ်နေသည်။
“ တိတ်ကြစမ်း!”
“ မင်းတို့အကုန်လုံးက တော်ဝင်ရုံးတော်က ခန့်အပ်ထားတဲ့ ဂုဏ်သရေရှိပြီး အောင်မြင်မှုတွေလဲ ရထားတဲ့သူတွေပဲ။ ဘာကြောင့် ဒီလောက်စကားများ နေရတာလဲ?”
“ အရှင်မင်းကြီးက မတရားဘူးဆိုမှတော့ မင်းတို့တွေ သွားတိုင်ကြပါ့လား? ဘာလို့ ဒီအမတ်ရဲ့အိမ်တော်မှာ လာနားညည်းနေတာလဲ?”
ယောင်ဖန်းရဲ့ ရာထူးက ဝတ်ပြုမှုပိုင်းဆိုင်ရာ အမတ်တစ်ယောက်ဖြစ်ပြီး ဒီဋ္ဌာနခြောက်ခု အတွင်းမှာ အာဏာနည်းနေသလို ထင်ရသည်။
ဒါပေမဲ့ သူက အရွယ်လဲရပြီးသားဖြစ်သည်။ ဘုရင်မျိုးဆက်သုံးခုလုံး မှီခဲ့သည်။ ဒါကြောင့် အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ပဲ။ ဒါ့အပြင် လက်အောက်မှာ တပည့်တွေအများကြီးလဲ ရှိသေးသည်!
“ အမတ်ယောင် ကျွန်တော်တို့လဲ အရှင်မင်းကြီးကို တင်ပြချင်တာပေါ့”
“ ဒါပေမဲ့ အရှင်မင်းကြီးက တိုင်းပြည်ရေးကို အခု ဂရုမစိုက်ဘူး။ တင်သမျှ စာတိုင်းက လီလင်ပုဆီကိုပဲ ရောက်နေတယ်။ ကျွန်တော်တို့ တိုင်ကြားချင်ရင်တောင် ဘာမှ မတတ်နိုင်နေဘူး”
အဆင့်ခြောက်စစ်ဆေးသူ အမတ်အားလုံး အရှေ့တိုးကာ ပြောလိုက်ကြသည်။
“ အမတ်ယောင်!”
“ အရှင်မင်းကြီးကို ဖျောင်းဖျဖို့က ခင်ဗျားပေါ် မူတည်နေပြီ!”
“ ခင်ဗျားသာ မဆောင်ရွက်နိုင်ခဲ့ရင် ဒီတရှားတိုင်းပြည်တော့ ပျက်ဆီးကိန်းစိုက် တော့မှာပဲ!”
“.....”
အကုန်လုံးရဲ့ အားကိုးသံကို နားထောင်ရင်း ယောင်ဖန်း ကျေနပ်နေသည်။
အခုလို အရေးကြီးကိစ္စမှာ အခြေအနေကို ပြောင်းပြန်လှန်နိုင်ဖို့က သူ့အပေါ်ပဲ မူတည်နေပြီ။
“ ကောင်းပြီ!”
“ ဒီလိုဆိုမှတော့ မနက်ဖြန်ကျရင် ငါတို့အားလုံး အရှင်မင်းကြီးဆီ သွားတွေ့ကြမယ်”
“ ဘာကိစ္စပဲဖြစ်လာပါစေ အရှင်မင်းကြီးကို အမိန့်တော်ပြန်ရုတ်သိမ်းဖို့ ဖျောင်းဖျရမယ်”
“ အထူးသဖြင့် လီလင်ပု! ဒီကောင် တိုင်းပြည်ကို ထပ်အန္တရာယ်ပြုမှာ ငါရပ်ကြည့် မနေနိုင်တော့ဘူး!”
ယောင်ဖန်းရဲ့ ခိုင်မာတဲ့ စကားကြောင့် အမတ်အားလုံး ပေါ့ပါးသွားသည်။
“ အမတ်ကြီးယောင်သာ ဝင်ပြောပေးရင် အရှင်မင်းကြီး သေချာပေါက် စိတ်ပြောင်းမှာပါ”
သူတို့အားလုံးက အချင်းချင်း အကျိုးအမြတ်ရအောင် ကူညီပေးဖို့ လိုအပ်နေတာပဲ။ သူတို့ရဲ့ အကျိုးအမြတ်တွေက အချင်းချင်းကြား ဝေစားမျှစား အနေအထားမှာ။
လီလင်ပုရဲ့ ဒီရက်ပိုင်း လက်စွမ်းပြမှုကြောင့် ရုံးတော်က လူယုံတွေလဲ ပြောင်သထက်ပြောင်နေပြီး ဆုံးရှုံးမှုတွေက မရေမတွက်နိုင်အောင်ပဲ။
ဒါကြောင့် ကျူးကော့ချင်းအာ ကိစ္စ မရှိခဲ့ရင်တောင် လီလင်ပုကိုတော့ ရတဲ့နည်းနဲ့ ဆွဲချဖို့လုပ်ထားပြီးသားပဲ။
ဒါပေမဲ့ ရှကျိုးယွီ အဲ့ဒါတွေ တစ်ခုကိုမှ ဂရုမစိုက်ပါချေ။
ရှကျိုးယွီက နောက်တစ်နေ့မနက်မှာ သူ့ရဲ့ ကိုယ်ပိုင်လေ့ကျင့်ရေး အခန်းကနေ နိုးထလာခဲ့သည်။
တစ်ညလုံး ကျင့်ကြံပြီးမှ သူ့ရဲ့အခြေအနေကို တည်ငြိမ်အောင် ထိန်းနိုင်သွားတာပင်။
အဆင့်နှစ်အထိ တိုးတက်သွားတာက တော်တော်လေး ပင်ပန်းသွားစေပုံရှိသည်။
“ အာ”
“ အဆင့်တက်ဖို့အတွက်နဲ့ တစ်ညတောင် ကုန်သွားတယ်ကွာ။ ဖူယွဲ့လေး ငါ့ကို လွမ်းနေတော့မှာပဲ”
ရှကျိုးယွီ သက်ပြင်းချရင်း အခန်းပြင် ထွက်လိုက်သည်။
ပြီးတာနဲ့ ဖူယွဲ့နန်းဆောင်ဆီ ဦးတည်တော့သည်။
'ညပိုင်းက အသားမယူထားရမှတော့ အခုပဲ အကောင်အထည်ဖော်ရမှာပေါ့! ဟဲဟဲ’
ဒီလိုနဲ့ ဖူယွဲ့နန်းဆောင်ကို ရှကျိုးယွီ ရောက်ချိန်မှာ ယောက်ျားသံတစ်သံကို ကြားလိုက်ရသည်။.သူ ချက်ချင်း ပေါက်ကွဲသွားသည်။
‘ငါ ဦးထုပ်စိမ်း စောင်းခံလိုက်ရတာလား!’
‘ မဖြစ်နိုင်ဘူး!’
‘ ဒါက နန်းတွင်းပဲ။ ပြီးတော့ ဒါကအနောက်ဆောင်! ယောက်ျားတစ်ယောက် ရှိစရာ အကြောင်းမရှိဘူး’
‘ ရှိခဲ့ရင်တောင်မှ အဲ့ဒါ မိန်းမစိုးပဲ!’
ရှကျိုးယွီ ခဏရပ်သွားပြီး အခြေအနေကို အရင်လေ့လာဖို့ ဆုံးဖြတ်လိုက်သည်။
“ မမ မိဖုရား ကျေးဇူးပြုပြီး ကူညီပေးပါ”
“ ကျူးကော့ချင်းအာတောင်မှ ထိုက်အန်းမြို့တော်ရဲ့ တရာသူကြီးဖြစ်လာသေးတာပဲ။ မမ မိဖုရားလဲ ကိုယ့်ရဲ့ မောင်လေးအတွက် ရာထူးတစ်နေရာ တောင်းပေးဖို့ မခဲယဥ်းဘူးမလား?”
အခန်းထဲမှ ရှင်းလင်းတဲ့အသံ ထွက်လာခဲ့သည်။ အသံကို နားထောင်ရုံနဲ့တင် မရင့်ကျက်မှန်းသိသာသည်။
“ အဲ့ကောင်လေးပဲ!”
ရှကျိုးယွီ ချက်ချင်း သဘောပေါက်သွားသည်။
ဒါက မိဖုရားရဲ့ ဆယ့်သုံးနှစ်အရွယ် မောင်လေးပဲ။
မိဖုရားရဲ့ မောင်လေးနာမည်က လီချန်ချိုး။ အသက်ဆယ့်သုံးနှစ်ဆိုပေမဲ့ တော်တော်လေး ဉာဏ်ကောင်းသည်။
ဒါပေမဲ့ နည်းနည်းတော့ အဆော့သန်သည်။
“ ငါဘယ်လိုလုပ်ပေး ရမှာလဲ?”
“ ညီမလေးချင်းအာက မိန်းကလေးဆိုပေမဲ့ သူမက လွန်ခဲ့တဲ့သုံးနှစ်တည်းက တော်ဝင် ဆရာတော်ကြီးဆီမှာ တာအိုပညာလေ့လာနေခဲ့တာ။ အခုဆို သူမရဲ့ ကျင့်ကြံမှုက တော်တော် တိုးတက်နေလောက်ပြီ”
“ မြို့တစ်မြို့ကို စီမံဖို့ ပြဿနာမရှိဘူး”
“ မင်းကကော? မင်းက အသက်ကဖြင့် ၁၃ ပဲ ရှိသေးတာကို အရာရှိဖြစ်ဖို့ တွေးနေသေးတယ်”
ဖူယွဲ့က နှစ်ကြိမ်တောင်မတွေးပဲ ငြင်းလိုက်သည်။
“ မမ မိဖုရား ကျွန်တော် လုပ်နိုင်တယ်”
“ ကျွန်တော်က ၁၃ နှစ်ဆိုတာ မှန်ပေမဲ့ တာဝန်သာပေးရင် သေချာပေါက် လုပ်နိုင်မယ်လို့ ယုံကြည်တယ်!”
လီချန်ချိုးက ဖူယွဲ့က လက်မောင်းကို မပြတ် လှုတ်ယမ်းရင်း.တောင်းဆိုလေ၏။
ဖူယွဲ့တစ်ယောက် စိတ်မရှည်တော့ပေ။
“ ငါ သဘောတူရင်တောင် ဘာရမှာမလို့လဲ? ဆုံးဖြတ်ပေးရမှာက အရှင်မင်းကြီး! သူ သဘောမတူမှာ သေချာတယ်”
လီချန်ချိုး မကျေမနပ် ပြန်ပြောလိုက်ချင်ပေမဲ့ သူ မငြင်းဆိုတတ်တော့ပေ။
ထိုအချိန်မှာပဲ အပြင်ဘက်မှာ နက်ရှိုင်းတဲ့ အသံတစ်ခုကို ကြားလိုက်ရသည်။
“ ငါကိုယ်တော် သဘောမတူဘူးလို့ ဘယ်သူ ပြောလဲ?”
ရှကျိုးယွီက အခန်းထဲကို ပြုံးရင်း ဝင်လာသည်။
“ နှုတ်ဆက်ပါတယ် အရှင်မင်းကြီး”
အရှေ့ကနှစ်ယောက်က ချက်ချင်း အရိုအသေ ပေးလာကြသည်။
ရှကျိုးယွီ လက်တစ်ဖက်ယမ်းပြရင်း ယဥ်ကျေးမှု ပြမနေဖို့ အချက်ပြလိုက်သည်။
လီချန်ချိုးက အရှင်မင်းကြီးကို အံ့သြစွာ ကြည့်နေရင်း အမြန်အတည်ပြုလိုက်လေသည်။
“ အရှင်မင်းကြီး အစောက သဘောတူမယ်လို့ ပြောခဲ့တာမလား?”
ရှကျိုးယွီ ခပ်ဖွဖွ ပြုံးလိုက်ကာ
“ ဒါပေါ့!”
“ ငါကိုယ်တော် နောက်နေတာ မဟုတ်ဘူး။.အဆင့်ငါး အရာရှိ ရာထူးအထိ မင်း ကြိုက်တဲ့နေရာကို ပြော”
“ အရှင်မင်းကြီး မဖြစ်ပါဘူး!”
“.ချန်ချိုးက အရမ်းငယ်သေးတယ်။ ဘယ်လိုလုပ် တာဝန်ထမ်းဆောင်နိုင်မှာလဲ?”
မိဖုရားက အမြန်ဖြတ်ပြောလာသည်။
“ စိတ်မပူပါနဲ့ မိဖုရား။ ချန်ချိုးက ငယ်ပေမဲ့ ထူးချွန်ကြောင်း.ဂုဏ်သတင်းတွေ ရှိပြီးသားပါ။ ဘာကြောင့်များ အရာရှိ မဖြစ်နိုင်ရမှာလဲ?”
“ စိတ်မပူနဲ့ ငါကိုယ်တော် ရတယ်ပြောရင် ရစေရမယ်!”
ရှကျိုးယွီ မိဖုရားကို လက်မောင်းကြားထဲ သွင်းရင်း အာဏာရှင်ဆန်ဆန် ပြောလိုက်လေ၏။
“ အရှင်မင်းကြီးက ဉာဏ်အမျှော်အမျှင် ကြီးမားလှပါတယ်”
လီချန်ချိုး အမြန်ပဲ မြှောက်ပင့်တော့သည်။
“.ကဲဒါဆို ဆုံးဖြတ်ပြီးပြီလား? ချန်ချိုး”
ရှကျိုးယွီ သူ့ရဲ့ယောက်ဖတော် အငယ်စားလေးကို ငုံ့ကြည့်လိုက်သည်။
‘ ၁၃ နှစ်နဲ့ အရာရှိဖြစ်ချင်တာတဲ့လား? ဒီကောင်လေးက ဉာဏ်ကြီးရှင် ဝင်စားထားတာ မဟုတ်သရွေ့ ငါ့ရဲ့ပြည်ဖျက်မဲ့အစီအစဥ်ကို အကြီးကြီး ပံ့ပိုးပေးလိမ့်မယ်’
လီချန်ချိုးက ရှကျိုးယွီရဲ့ မျက်လုံးထဲ တော်တော်လေး ကြည့်ကောင်းနေလေရဲ့။
“ အရှင်မင်းကြီး ကျွန်တော်မျိုး ဆုံးဖြတ်ပြီးပါပြီ”
“ တော်ဝင်အစောင့်ခေါင်းဆောင် ဖြစ်ချင်တယ်!”
ချက်ချင်းပဲ မိဖုရားရဲ့အသံ ထွက်လာသည်။
“ မရဘူး!”
“ အရမ်းအန္တရာယ်များတယ်”
“ တော်ဝင်အစောင့်တွေ ဘယ်မှာရှိလဲ မင်းသိလား?”
လီချန်ချိုးက ရဲရင့်စွာ ပြန်ပြောလေရဲ့။
“ အန္တရာယ်များလို့ပဲ သွားချင်တာလေ”
“ အန္တရာယ်များတဲ့နေရာမဟုတ်ရင် ကျွန်တော် ဘယ်လိုလုပ် အောင်မြင်မှုရမှာလဲ?”
ရှကျိုးယွီ ခေါင်းငြိမ့်လိုက်သည်။
“ ကောင်းပြီ”
“ ငါကိုယ်တော် သဘောတူတယ်”
“ လီချန်ချိုး အခုကစပြီး မင်းက တော်ဝင်အစောင့်အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ။ မြို့တော်ကိုကာကွယ်ကြီးကြပ်ဖို့ တာဝန် ယူရမယ်”
“ ငါကိုယ်တော် မင်းကိုတော်ဝင်ဓားတော် ချီးမြှင့်မယ်။ အရင်လူသတ်ပြီး နောက်မှ တင်ပြမယ်ဆိုရင်တောင် ကင်းလွှတ်ခွင့်ရမယ်”
ရှကျိုးယွီက သူပေးချင်တဲ့သူနဲ့ တွေ့ပြီဆိုရင် နည်းနည်းတောင် တွန့်ဆုတ်တတ်သူ.မဟုတ်ချေ။
ဘုရင်ဆိုးလုပ်မယ်ဆိုမှတော့ သေချာ လုပ်ရမှာပေါ့။
“ အရှင်မင်းကြီး ဒါ..ဒါက သူ့ကို အရမ်းအာဏာ ပေးမိနေပြီ!
“ အရှင်မင်းကြီး တော်ဝင်ဓားတော်ကို ပြန်သိမ်းပေးပါ။ အဲ့ဒီဓားကို ကိုင်တွယ်ဖို့ သူ အရမ်းငယ်သေးတယ်”
ဖူယွဲ့ကတော့ ဆက်လက်တားမြစ်သည်။
ဒါပေမဲ့ ရှကျိုးယွီက စိတ်မပြောင်းပေ။
“ စိတ်မပူပါနဲ့။ ငါကိုယ်တော် ချန်ချိုးကို ယုံကြည်တယ်။ သူက စိတ်ပျက်အောင်.လုပ်မှာ မဟုတ်ဘူး”
……………