( လီလင်ပု မင်းငါ့ကို နောက်ကျောဓားထိုးရက်တယ်!)
Vol. 1 Ch. 12
“ အရှင်မင်းကြီး.အခုလိုမျိုး အလိုလိုက်နေတာ မကောင်းဘူးနော်”
ဖူယွဲ့ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
လီချန်ချိုးက သူမရဲ့မောင်ဖြစ်ပေမဲ့ အခုလို ရာထူးပေးလိုက်တာမျိုးကို သူမတစ်ကယ် မလိုချင်နေဘူး။
'ရုံးတော်မှာ ပျံ့လာမဲ့ အတင်းစကားတွေ အသာထားအုံး။ ဒီကောင်လေး လီချန်ချိုးရဲ့ စရိုက်နဲ့ဆိုရင် အခုလို ကောင်းကောင်း အလိုလိုက်လို့ကတော့ သေချာပေါက် ဒုက္ခများသွားလိမ့်မှာ’
ရှကျိုးယွီသာ မိဖုရားရဲ့အတွေးကို ကြားခဲ့ရင် ပျော်လွန်းလို့ ထခုန်လောက်သည်။
'ဒုက္ခများမှာလား? ကောင်းတာပေါ့! များလိုက်စမ်းပါ။ များလေကြိုက်လေ’
‘ ငါက ဒုက္ခများရတာ သောက်ရမ်းကြိုက်တာ မသိဘူးလား?’
'မဟုတ်ရင် လီချန်ချိုးကို ရာထူးပေးလိုက်တာက ဘာအကျိုးရှိတော့မှာလဲ?’
စိတ်ပူနေဟန်ရှိတဲ့ မိဖုရားကိုကြည့်ရင်း ရှကျိုးယွီ အပြုံးတစ်ခုနဲ့ ပြောလိုက်သည်။
“ မိဖုရား နောက်ကျနေပြီ။ အနားယူရအောင်”
ဖူယွဲ့ချက်ချင်းပဲ ရှက်သွေးဖြာသွားလေ၏။
“ အရှင်မင်းကြီး မဟုတ်တာမပြောပါနဲ့! အခုမှ နေ့လည်ပဲရှိသေးတာ.. ဘယ်လိုလုပ် နောက်ကျရမှာလဲ!”
ဒါပေမဲ့ သူမရဲ့အတွေးထဲမှာ အရှေ့ရက်တုန်းက အရှင်မင်းကြီးနဲ့အတူ တောက်လျှောက် ဖြတ်သန်းခဲ့ရတဲ့ အိပ်ယာထဲက ပူနွေးဖွယ် နွေဦးအခိုက်အတန့်တွေကို ပြန်တွေးမိသွားသည်။
မိဖုရားရဲ့ ချောမောတဲ့မျက်နှာလေးသည် ပန်းသီးတစ်လုံးလို နီရဲသွားလေရဲ့။
အနီရောင် ဝတ်ရုံအောက်က ရှည်သွယ်သွယ် ခြေချောင်းများပင် အနည်းငယ် တင်းကျပ်သွားသည်။
တစ်ဖက်က ရှကျိုးယွီကတော့ ပြုံးဖြဲဖြဲမျက်နှာနဲ့ အရှေ့တစ်လှမ်းချင်း တိုးလာနေသည်။
ခပ်ဖြည်းဖြည်းနဲ့ စည်းချက်မှန်မှန် ရှေ့တိုးလာချိန်မှာ
မိဖုရားက ချောင်ပိတ်မိနေတဲ့ ယုန်ဖြူလေး တစ်ကောင်လို နေရာမှာ အေးခဲနေသည်။
“ မိဖုရား ကိုယ်ရောက်ပြီ”
ပြောရင်းဆိုရင်းနဲ့ ရှကျိုးယွီက ဖူယွဲ့ရဲ့ နူးညံ့တဲ့လက်ကိုဖမ်းဆုတ်ကာ ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။
“ အရှင်မင်းကြီး..!”
“ဟင့်..အင်း”
“ဟင့်အင်းလို့..!”
ဒီလိုနဲ့ မကြာခင်မှာ နှစ်ယောက်သား လုံးထွေးသွားခဲ့သည်။
ဒဏ္ဍာရီလာယင်ယန်ရွှေသိုင်းရဲ့ အနှစ်သာရတို့ တံခါးအပြင်ကို ဖောက်ထွက်လာခဲ့သည်။
ဖူယွဲ့ကို ကျေနပ်အောင်ပြုလုပ်ပြီးသည်နှင့် ရှကျိုးယွီတစ်ယောက် ပီတိဖြစ်စွာဖြင့် ဖူယွဲ့နန်းဆောင်မှ ပြန်ထွက်သွားခဲ့သည်။
ထွက်သွားပြီဖြစ်တဲ့နောက်ကျောကို ကြည့်နေရင်း ဖူယွဲ့ရဲ့ ရင်ထဲမှာ အတိုင်းမသိ ပျော်ရွှင်နေသည်။
မိန်းမတစ်ယောက်အနေနဲ့ သူမက တစ်ကယ် ကောင်းချီးပေးခံရတာပဲ။
ဘုရင်တစ်ပါးမှာ မိန်းမ မရှားဘူး။
ဒါပေမဲ့ မိန်းမသုံးထောင်လောက် အနောက်ဆောင်မှာ ရှိနေတာတောင်မှ အရှင်မင်းကြီးက သူမကိုပဲ မျက်နှာသာ ပေးတာလေ။ အဲ့ဒါ ကောင်းချီးပဲမလား?
ဒီလောက်ဆို ပျော်ရွှင်ဖို့ လုံလောက်ပြီမလား?
ထိုအချိန်မှာ ရှကျိုးယွီက ဇိမ်ကျစွာနဲ့ တော်ဝင်စာဖတ်ခန်းဆီ သွားနေခဲ့သည်။
ဒီမနက် လီချန်ချိုးကို ရာထူးပေးလိုက်တဲ့ ကိစ္စနဲ့ ကံကြမ္မာအမှတ်က တစ်သောင်းအောက် ပြန်ရောက်သွားခဲ့သည်လေ။
အခု ၉၅၀၀ ပဲ ကျန်တော့သည်!
ရှကျိုးယွီ နောက်ဆုံးတော့ နေသာထိုင်သာ ရှိသွားပြီ။
လီချန်ချိုးကို အရာရှိလုပ်ပေးရုံနဲ့တင် အမှတ်၅၀၀ တောင် လျော့သွားတာဆိုတော့ နောက်ထပ်လူနည်းနည်းလောက် ထပ်ခန့်လိုက်ရင် ပန်းတိုင်ကို ရောက်တော့မယ်မလား?
ရှကျိုးယွီ စိတ်ကူးယဥ်နေစဥ်မှာပဲ ကျောက်ကောင်းက လာရောက်တင်ပြသည်။
“ အရှင်မင်းကြီး ဒုအမတ်ချုပ်လီက တွေ့ခွင့်တောင်းနေပါတယ်”
ရှကျိုးယွီ အနည်းငယ် အံ့သြသွားသည်။
“.လီလင်ပုကလား?”
“ သူ ဘာလာလုပ်တာလဲ?”
“ ဒါဆို တော်ဝင်စာဖတ်ခန်းမှာ စောင့်နေဖို့ ပြောလိုက်။ ငါကိုယ်တော် မကြာခင် ရောက်တော့မှာ”
‘လီလင်ပုက ဒီဖျက်လိုဖျက်ဆီးကိစ္စမှာ အများကြီး ကူညီပေးခဲ့တဲ့သူဆိုမှတော့ သွားတွေ့ရမှာပေါ့။’
မကြာခင်မှာ ရှကျိုးယွီ တော်ဝင်စာဖတ်ခန်းကို ရောက်လာခဲ့သည်။
“ အရှင်မင်းကြီး ဒီငယ်သားလီလင်ပုက နှုတ်ဆက်ပါတယ်”
လီလင်ပုရဲ့လက်ထဲမှာ စာလိပ်အပုံလိုက်ကြီး ပိုက်ထားသည်။
ရှကျိုးယွီ ထိုင်ခုံမှာဝင်ထိုင်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။
“ အမတ်လီ ဘာအရေးကြီးကိစ္စကြောင့် ရောက်လာတာလဲ?”
လီလင်ပုက စာလိပ်တွေ တင်ပေးရင်း လေးစားစွာ ပြန်ဖြေသည်။
“ ကျွန်တော်မျိုး ဒီနေ့ရောက်လာရတာက အကြောင်းအရင်းနှစ်ခုကြောင့်ပါ”
“ ပထမတစ်ခုက ရုံးတော်ကို ပြန်ဖွဲ့စည်းဖို့ အားထုတ်ခဲ့တဲ့ ကျွန်တော်မျိုးရဲ့ ကြိုးစားမှုတွေကို အရှင်မင်းကြီးဆီ တင်ပြဖို့ပါ”
ရှကျိုးယွီ စာလိပ်တွေကို တစ်ချက်တောင် မကြည့်ဘဲ ခေါင်းညိတ်ပြလိုက်သည်။
“ အင်း”
“ ငါကိုယ်တော် မင်းကို ယုံပြီးသားပါ အမတ်လီ။ မင်း ဘာလိုအပ်တာလဲသာ ပြောလိုက်။ ငါကိုယ်တော် အလုပ်ရှုတ်ခံပြီး မဖတ်ချင်ဘူး”
အရှင်မင်းကြီးရဲ့ ယုံကြည်မှုကြောင့် လီလင်ပု တော်တော်လေး ရင်ထဲထိသွားသည်။
“ ဒီရက်ပိုင်းထဲမှာ ကျွန်တော်မျိုးကြိုးစားပြီး အကျင့်ပျက်အရာရှိ ၃၂ ယောက်တိတိကို ဖြေရှင်းပြီးပါပြီ! ခိုးခံထားရတဲ့ ငွေဒင်္ဂါးသုံးသန်းကို ပြန်ဖမ်းမိခဲ့ပြီးလို့ အခု တိုင်းပြည်ရဲ့ဘဏ္ဍာတိုက်ထဲ ထည့်ထားပါတယ်”
“ ဒီလောက်နဲ့ဆိုရင် ရှေ့သုံးနှစ်လောက်အထိ တရှားတိုင်းပြည်ကြီးရဲ့ ငွေရေးအခက်အခဲကို ဖြေရှင်းနိုင်တော့မယ်”
“ ပြီးတော့ ကျွန်တော်မျိုး အသစ်ခန့်အပ်ထားတဲ့ စွမ်းဆောင်ရည် ကောင်းတဲ့ အရာရှိအသစ်တွေကြောင့် ရုံးတော်တစ်ခုလုံးလဲ လုံးဝကို ပြောင်းလဲသွားခဲ့ပြီ”
“ အကြမ်းဖျင်း တွက်ချက်မှုအရ ရုံးတော်ရဲ့ အလုပ်လုပ်နိုင်စွမ်းက ငါးဆယ်ရာခိုင်နှုန်း တိုးသွားတဲ့အပြင် ဘဏ္ဍာငွေလဲ သုံးဆလောက် ပိုများသွားပြီ”
“......”
လီလင်ပုရဲ့ ကြေညာချက်တစ်ခုပြီးတစ်ခု အပြီးတိုင်းမှာ စနစ်ရဲ့ တိုးတက်လာတဲ့ ကံကြမ္မာအမှတ်အကြောင်း အသိပေးချက်ကလဲ ဒုံးကျည်လို ထိုးတက်နေသည်!
၉၅၀၀ မှတ်ကနေ…
၁၀၀၀၀မှတ်!
၁၅၀၀၀မှတ်!
၂၀၀၀၀မှတ်!
နောက်ဆုံး အမှတ်ပေါင်း ၅၀၀၀၀ အရောက်မှာ ရပ်တန့်သွားခဲ့သည်။
ရှကျိုးယွီ ကိုယ့်ကိုယ်ကို ဦးနှောက်ပျက်သွားပြီ ထင်နေတော့သည်!
ပြောပြနေတဲ့ လီလင်ပု ပင် ရုတ်တရက် မကောင်းတဲ့အနေအထားဘက် ပြောင်းလဲ လာတဲ့လေထုကြောင့် အမြန်ဝင် သတိပေးလိုက်ရသည်။
“ အရှင်မင်းကြီး!”
“ အရှင်မင်းကြီး!”
“ ဘာဖြစ်လို့ပါလဲ?”
“ နေလို့မကောင်းလို့ပါလား? သမားတော် ပင့်လိုက်ရမလား?”
လီလင်ပု စိတ်လှုပ်ရှားနေတဲ့ပုံပင်။
ရှကျိုးယွီ လက်တစ်ဖက် ယမ်းပြလိုက်ရင်း
“ ရတယ်”
“ ဘာမှမဖြစ်ဘူး”
“ ဆက်ပြော”
ရှကျိုးယွီ ကိုယ်တွင်းမှ လူသတ်ချင်စိတ်တွေကို အသေအလဲ ဖိနှိပ်နေရသည်။
တစ်ကယ်တော့ သူ ထိုးတက်လာတဲ့ ဒေါသကြောင့် နှလုံးက အလုပ်လုပ်တာ လွန်ပြီး မေ့လဲတော့မလိုပါ ခံစားနေရသည်!
တက်သွားတဲ့အမှတ်က လေးသောင်း!! လေးသောင်းတောင်!
နဂိုစမှတ်ကတောင်မှ တစ်သောင်းပဲ ရှိခဲ့တာလေ!
ဒါကို လီလင်ပုဆိုတဲ့ သူတောင်းစားက လေးသောင်းတောင် ရှာပေးနိုင်သွားတယ်ပေါ့!!!
ငါ မင်းကို.အယုံဆုံးလေကွာ!
ငါ မင်းကို အားအထားဆုံးလေကွာ!
အခုလို အချိန်ကောင်းမှာ သေကွင်းသေကွက်ကို ရိုက်ချရလား? သောက်ကျိုးနည်း သူတောင်းစား!!
တစ်ဖက်က လီလင်ပုကတော့ စိတ်အေးသွားပြီး ဆက်လက်ရှင်းပြသည်။
“ နောက်ထပ်ကိစ္စတစ်ခုက အမတ်ချုပ်ကြီးနဲ့ သက်ဆိုင်ပါတယ်”
“ အမတ်ချုပ်ကြီးက တစ်ရက်အတွင်း မြို့တော်ကို ပြန်ရောက်တော့မှာပါ။ အမတ်ချုပ်က အရမ်းကောင်းမွန်တဲ့ လုပ်ဆောင်ချက်ကို ပြသနိုင်ခဲ့တယ်။ အရှင်မင်းကြီးအနေနဲ့ ဆုလာဘ်ကြီးချီးမြှင့်ပြီး မြို့တော်ပြန်လာတာကို ကြိုဆိုပေးသင့်တယ် ထင်ပါတယ်”
ထို့နောက်မှာ လီလင်ပုက ဘေးထွက်ရပ်လိုက်ပြီး ရှကျိုးယွီရဲ့ တုံ့ပြန်မှုကို စောင့်နေသည်။
ဒါပေမဲ့ ရှကျိုးယွီက အာရုံစိုက်ချင်စိတ် ရှိမနေဘူး။
သူ ရေရွတ်နေမိတာက
“ လေးသောင်း…”
“ လေးသောင်းတောင်!”
“ လေးသောင်းတောင်လေ!!”
“ လီလင်ပု မင်းဘယ်လိုတောင် လုပ်လိုက်တာလဲကွာ!”
“.....”
“ အရှင်မင်းကြီး?”
“ ဘာပြောလိုက်တာလဲဟင်?”
“ ဒီငယ်သား ဘာလုပ်လိုက်မိလို့လဲ?”
လီလင်ပု ဦးညွတ်လိုက်သည်။
အိန္ဒြေပျက်လုဆဲဆဲ ဖြစ်နေတဲ့ ရှကျိုးယွီက လက်တစ်ဖက်ယမ်းပြရင်း အားတင်းပြောလိုက်လေသည်။
“ ဘာမှမဟုတ်ဘူး။ မင်း.ဘယ်လိုများ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို အခုလောက်အများကြီး တိုးအောင်လုပ်နိုင်လဲ သိချင်မိသွားလို့!”
ရှကျိုးယွီ အပြင်ပိုင်းက တည်ငြိမ်နေပေမဲ့ နှလုံးသားထဲမှာ သွေးစိမ်းရှင်ရှင် ထွက်နေခဲ့သည်။
ကံကြမ္မာအမှတ် ထိုးတက်လာတိုင်း သူ့ရဲ့နှလုံးက တစ်ကြိမ်နာကျင်ရသည်။ အခုလိုမျိုး လေးသောင်းလောက်ကြီး တက်သွားမှတော့ နှလုံးသားက အကောင်းအတိုင်း ကျန်အုံးမယ်ထင်လား?
“ အရှင်မင်းကြီး တစ်ကယ်ကို ကြီးကြီးမားမား ကိစ္စမဟုတ်ပါဘူး။ ကျွန်တော်မျိုးဒီတိုင်းလေး အလုပ်ကြိုးစားခဲ့ရုံပါ”
“ ကျွန်တော်မျိုးတို့ တရှားတိုင်းပြည်က အရင်တည်းက အရင်းအမြစ်ပေါကြွယ်ဝ ပြီးသားပါ။ အခုလို တိုင်းပြည်ကြီး ဆင်းရဲနေရတာက အဲ့ဒီအကျင့်ပျက် အရာရှိတွေရဲ့ ဂုတ်သွေးစုပ်မှုကြောင့်ပဲ!”
“ အဲ့ဒီလူတွေကို ဖြေရှင်းလိုက်တာနဲ့ တိုင်းပြည်ရဲ့သန်မာမှုက သဘာဝအတိုင်း မြင့်တက်လာလိမ့်မယ်!”
“ ဒါအစပဲရှိပါသေးတယ်။ သုံးလအတွင်းမှာ ကျွန်တော်မျိုးတို့ တရှားပြည်ကြီးက သန်မာမှုအဆင့်ရဲ့ ထိပ်သီးပိုင်းကို ရောက်သွားတော့မှာ!”
လီလင်ပုက စိတ်လှုပ်ရှားစွာ ရှင်းပြနေသည်။
ဒါပေမဲ့ ရှကျိုးယွီရဲ့ ပုံစံကတော့ တော်တော်လေး ပျော်မနေဘူး။
သူ မနေနိုင်စွာ ထုတ်မေးလိုက်သည်။
“ အမတ်လီ မင်းက အကျင့်ပျက်အရာရှိ တစ်ယောက်မဟုတ်ဘူးလား? မင်းဘယ်လိုလုပ် အခုလောက် စွမ်းဆောင်ရည် မြင့်သွားရတာလဲကွာ?”
………… ……