( တော်ဝင်ဆရာမကြီးရဲ့ စိတ်ဆန္ဒ)
Vol. 1 Ch. 13
ရှကျိုးယွီရဲ့မေးခွန်းကိုကြားတော့ လီလင်ပု ထုတ် ရယ်မိသွားသည်။
သူ အရိုအသေပေးလိုက်ကာ
“ အရှင်မင်းကြီး ကျွန်တော်မျိုးက အကျင့်မကောင်းတာ မှန်ပါတယ်”
“ ဒါပေမဲ့ မလုပ်ချင်ဘဲ လုပ်ခဲ့ရတာပါ။ ရုံးတော်တစ်ခုလုံးက မကောင်းတဲ့သူတွေနဲ့ ပြည့်နေမှတော့ လူကောင်းလိုလုပ်နေရင် ဒုအမတ်ချုပ်ဆိုတဲ့ရာထူးကို ရလာနိုင်ပါ့မလား?”
“ အကယ်လို့ ကျွန်တော်မျိုးသာ ရာထူးမမြင့်ရင် တရှားတိုင်းပြည်ကို ဘယ်လိုများ ကူညီနိုင်တော့မှာလဲ?”.
“ စစ်မှန်တဲ့ယောက်ျား တစ်ယောက်က ကိစ္စကြီးတွေပဲ ဆောင်ရွက်သင့်တယ်”
“ ဒါပေမဲ့ ကံကောင်းစွာနဲ့ ကျွန်တော်မျိုး အရှင်မင်းကြီးနဲ့ တွေ့ခဲ့ရတယ်။.အရှင်မင်းကြီးရဲ့ စူးရှတဲ့ အမြင်ကြောင့်သာ အခုလို အရည်အချင်းကို ချပြနိုင်ခဲ့တာပါ!”
ရှကျိုးယွီ နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ။
'ဒီတော့ လီလင်ပုဆိုတဲ့ကောင်က နောက်ကျောဓားထိုးမဲ့ သူအဖြစ် မွေးလာခဲ့တာပေါ့လေ!’
'ပုံစံကြည့်ရင် အကျင့်မကောင်းသလိုပေမဲ့ တစ်ကယ်ကျ သူတော်ကောင်းဆရာကြီးပေါ့!!’
‘ အဲ့ဒါကိုငါက မသိပဲ ကျားကို အတောင်ပံ တပ်ပေးခဲ့တယ်’
“ လီလင်ပု ငါကိုယ်တော် မင်းကိုရွေးချယ်မိတာ တစ်ကယ် ကံကောင်းတာပဲ!”
ရှကျိုးယွီ အံကြိတ်သံကြီးနှင့် တစ်လုံးချင် ပြောလိုက်သည်။
ဒါပေမဲ့.. လီလင်ပုကတော့ အရှင်မင်းကြီး သူ့ကို ချီးကျူးတယ်ပဲ ထင်နေလေရဲ့။
“ အရှင်မင်းကြီး မှားနေပါပြီ။ အရှင်မင်းကြီးလို အုပ်ချုပ်သူကို ရထားတဲ့ ကျွန်တော်မျိုးတို့ တရှားတိုင်းပြည်က ကံကောင်းတာပါ”
ရှကျိုးယွီ နာကျင်စွာဖြင့် လက်ယမ်းပြလိုက်သည်။
“.ကောင်းပြီ လီလင်ပု မင်းသွားတော့။ ငါ တစ်ယောက်ထဲ ခဏတွေးဖို့လိုတယ်”
အရှင်မင်းကြီးဘာလို့ ရုတ်တရက် ထူးဆန်းနေလဲ စဥ်းစားမရပေမဲ့ အရှင်မင်းကြီး အခုချိန်မှာ စိတ်အခြေအနေမကောင်းတာကို ရိပ်စားမိတာမို့ သူလဲ မနှောက်ယှက်ရဲတော့ဘူး။
“ အရှင်မင်းကြီး ကျွန်တော်မျိုး သွားပါတော့မယ်”
လီလင်ပု နောက်ဆုံးထွက်သွားမှပဲ ရှကျိုးယွီ ထိုင်ခုံကို ရိုက်ချလိုက်သည်။
အခုချိန်မှာ ရှင်ဘုရင်တစ်ယောက်ရဲ့ ခမ်းနားတဲ့ အရှိန်အဝါတွေလဲ မရှိတော့ဘူး။ အဆင့်နှစ် သိုင်းသမားတစ်ယောက်ရဲ့ ကြောက်မက်ဖွယ် အော်ရာ ကိုလဲ မထုတ်နိုင်တော့ဘူး။
တော်ဝင်စာဖတ်ခန်းထဲက ထိုင်ခုံလေးမှာ ကုတ်ကုတ်လေးထိုင်ရင်း သူ ကြောက်နေမိသည်။
သူ.ဖူယွဲ့နန်းဆောင်ကိုတောင် မသွားရဲတော့ဘူး!.
အသစ်တိုးလာတဲ့ အမှတ်လေးသောင်းကို သူဘယ်လို ဖျက်ဆီးရမလဲ အသေအလှဲ စဥ်းစားကြံစည်နေလေရဲ့!
………
ထိုအချိန်မှာ ကျူးကော့ချင်းအာက အရှင်မင်းကြီးဆီက ရခဲ့တဲ့ ဒြပ်စင်ငါးမျိုး စုတ်တံနဲ့အတူ ရွှမ်ချင်း ဘုရားကျောင်းကို ပြန်လာခဲ့သည်။
လျိုချင်းချန် က လက်ရှိမှာ.တာအိုဂိုဏ်းကြီးရဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်သည်။ တရှားတိုင်းပြည်ကြီးရဲ့ တော်ဝင်ဆရာကြီး ဘွဲ့တော် ချီးမြှင့်ခြင်းလဲ ခံထားရသည်။
တစ်ချို့ သတင်းတွေအရဆိုရင် ရှကျိုးယွီရဲ့အဖေ အရင်မင်းကြီးက တာအိုပညာမှာ အရမ်းစွဲလန်းပြီး ထိုဘွဲ့တော်ကို ချီးမြှင့်ခံခဲ့ရသည်တဲ့။ ဒါကြောင့်မို့ တရှားတိုင်းပြည်တွင် တာအိုကို အဓိက ကိုးကွယ်ကြသည်။
အခုတော့ ထိုဘွဲ့တော်ကို လျိုချင်းချန်က ဆက်လက် လက်ဆင့်ခံထားသည်။
“ ချင်းအာ.ဘယ်လိုလုပ် ရောက်လာတာလဲ?”
ရွှမ်းချင် ဘုန်းကြီးကျောင်းရဲ့ ခန်းမမှာ ထိုင်နေတဲ့ လျိုချင်းချန်က ကျူးကော့ချင်းအာကို မြင်တော့ အံ့သြသွားသည်။
လျိုချင်းချန်က အဖြူအမဲတာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားတဲ့ဆံပင်ကို တစ်ဝက်ထုံးကာ ရိုးရှင်းတဲ့ အဖြူရောင်ဆံထိုး တစ်ခုနဲ့ထိုးထားသည်မို့ ကျန်တစ်ဝက်က လွတ်လပ်စွာ ပုခုံးပေါ် ဝဲကျနေသည်။ နူးညံ့ချောမွတ်တဲ့ မျက်နှာက ပန်းပုဆရာ တစ်ယောက်ရဲ့ လက်ရာမြောက် လက်ရာ တစ်ခုလိုပဲ။
သူမရဲ့ အလှက မိဖုရားဖူယွဲ့လိုမျိုး အသိအမှတ်ပြုဖွယ် ထူးခြားသည်။
သူမရဲ့ ခန္ဓာကိုယ်ကလဲ အထင်ကြီးလောက်စရာပဲ။
တာအိုသိုင်းရဲ့အရှိန်အဝါတွေ လွှမ်းခြုံထားတဲ့အတွက် သူမက ပိုပြီး ဆွဲဆောင်မှုရှိနေသည်။
ကံကောင်းသည်က ရှကျိုးယွီ အနားမှာ ရှိမနေလို့ပေါ့။ မဟုတ်ရင် ချက်ချင်းပဲ သူမရဲ့အလှမှာ ယစ်မူးသွားပြီး တော်ကောက်ပစ်လိမ့်မည်!
“ ဆရာ ဒါကိုဘာလို့ထင်လဲ?”
ကျူးကော့ချင်းအာက ဒြပ်စင်ငါးမျိုးစုတ်တံကို ထုတ်လိုက်ပြီး သူမရဲ့ဆရာရှေ့မှာ ခပ်ဖြည်းဖြည်း လှုတ်ယမ်းပြလိုက်သည်။
လျိုချင်းချန်ရဲ့တည်ငြိမ်တဲ့ မျက်နှာမှာ အံ့သြမှုတစ်ချက် ဖြတ်ပြေးသွားကာ ထိုစုတ်တံကို ဂရုတစိုက် လေ့လာတော့သည်။
“ ဒါတစ်ကယ်ကို ငါတို့ရဲ့ တာအိုရတနာ ဒြပ်စင်ငါးမျိုးစုတ်တံပဲ။ မင်းဘယ်လို ရခဲ့တာလဲ?”
လျိုချင်းချန် တည်ငြိမ်စွာ မေးလိုက်သည်။
“ ဟိုဘုရင်စုတ် ပေးလိုက်တာ”
“ ဘုရင်စုတ်?”
“ ရှကျိုးယွီလား?”
“ သူ့ရဲ့ပုံက အဲ့လိုလဲ မပေါက်ပဲ.. အနည်းဆုံး လွန်ခဲ့တဲ့နှစ်ပတ်အရင်က အထိပေါ့”
“ အခုတော့ တရှားတိုင်းပြည်ရဲ့ ကံကြမ္မာက လေးဆလောက် တိုးသွားတာ သတိထားမိတယ်”
လျိုချင်းချန် ချက်ချင်းပဲ စစ်ဆေးကာ ပြောပြလိုက်သည်။
“ လေးဆတောင်လား?”
“ ဆရာ လာနောက်နေတာလား?”
“ သူက တပည့်ကို မြို့တော်ရဲ့ တရားသူကြီးအဖြစ် ခန့်ရဲတဲ့အပြင် မိဖုရားရဲ့ ၁၃ နှစ် မောင်လေးကို တောင်ဝင်အစောင့် ခေါင်းဆောင်.ခန့်လိုက်သေးတယ်။ အဲ့ဒါကို ကံကြမ္မာအမှတ်က မြင့်သေးတယ်လား?”
ကျူးကော့ချင်းအာ တော်တော်လေး မယုံကြည်နိုင် နေဘူး။
“ မင်းရဲ့ဆရာက ဒီလိုကိစ္စကို လိမ်ပါ့မလား?”
လျိုချင်းချန် တပည့်ဖြစ်သူကို တစ်ချက် စိုက်ကြည့်ပေးလိုက်သည်။
ဆရာတစ်ယောက်ရဲ့ ဂုဏ်ပုဒ်နဲ့မတူ ဒုတိယအဆင့် တာအိုပညာရှင်တစ်ယောက်ရဲ့ အရှိန်အဝါတို့ နိုးထလာခဲ့သည်။
ကျူးကော့ချင်းအာ နောက်ဆုံးတော့ ယုံလိုက်ရလေပြီ။
“ တစ်ကယ်ကို မယုံနိုင်စရာပဲ!”
“ ကောင်းကင်ဘုံက မတရားဘူး!”
“ အဲ့ဒီဘုရင်စုတ်က လုပ်ချင်ရာ လုပ်ချင်နေတာကို ကောင်းကင်က မဆန့်ကျင်တဲ့အပြင် ဘက်လိုက်နေသေးတယ်။ တပည့်တို့ ဘယ်လို ရှင်သန်ရတော့မလဲ?”
ကျူးကော့ချင်းအာ တော်တော်လေး မခံမရပ်နိုင် ဖြစ်နေ၏။
သူမရဲ့ စိတ်ထဲက ရှကျိုးယွီရဲ့ပုံရိပ်က စတင် ပြောင်းလဲနေသည်။
“ သူ့ဘာသာ ကောင်းကောင်းမကောင်းကောင်း တိုင်းပြည်အမှတ် တက်သွားတာ အမှန်ပဲ”
“ ပြီးတော့ သူက အရည်အချင်းတွေကို ဖုံးကွယ်ထားခဲ့တာလဲ ဖြစ်နိုင်တယ်”
“ ချင်းအာ ငါတို့ရဲ့ တာအိုလမ်းစဥ်က ရိုးရှင်းမှုနဲ့ သဘာဝတရားဆီ ဦးတည်တယ်။ လူသားဖြစ်တာမို့ ကိုယ့်ကိုယ်ကို အချုပ်အနှောင် ကင်းပါတယ်လို့ မကြေညာရဲပေမဲ့ အခုလို ခံစားချက်တွေနဲ့ အဖုံးလွှမ်းခံလို့မရဘူး”
လျိုချင်းချန်ရဲ့ နူးညံ့စွာ သင်ပြမှုကြောင့်..
ကျူးကော့ချင်းအာ နောက်ဆုံးတော့ ခေါင်းငုံ့သွားပြီး အဆုံးမှာ သဘောတူစွာ ခေါင်းညိတ်လိုက်ရသည်။
“ ဟုတ် ဆရာ”
လျိုချန်ချင်း.ချက်ချင်းပဲ ကျေနပ်သွားသည်။
“ မနက်ဖြန်ကျ ဆရာနဲ့အတူ နန်းတွင်းထဲ လိုက်ခဲ့။ ကြည့်ရတာ ဆရာတို့ အရှင်မင်းကြီးဆီ သွားလည်သင့်ပြီ”
လျိုချင်းချန်ရဲ့ စူးရှတဲ့ အကြည့်က နန်းတွင်ရှိရာ ဦးတည်နေသည်။
ထိုအကြည့်မှာ နက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေ ရှိနေသလိုပဲ။
ကျူးကော့ချင်းအာလဲ တစ်ခုခုကို သဘောပေါက် သွားသည်။ သူမရဲ့ ချယ်ရီသီးလို နှုတ်ခမ်းနီနီလေးက ကျယ်လောင်စွာ ပွင့်ဟနေပြီး အရှေ့မှ ဆရာဖြစ်သူကို.မယုံနိုင်စွာ ကြည့်နေလေ၏။
“ ဆရာ မဟုတ်မှ…”
လျိုချင်းချန်ရဲ့ ကျောက်စိမ်းလို လှပတဲ့ မျက်နှာက အနည်းငယ် နီသွားကာ တပည့်ဖြစ်သူရဲ့ ခေါင်းကို လှမ်းရိုက်လိုက်တော့သည်။
“ မင်းဘာတွေ တွေးနေတာလဲ?”
“ ကောင်မစုတ်လေး တစ်နေကုန် နှာဗူးကိစ္စပဲ တွေးနေတာလား!”
လျိုချင်းချန် နူးညံ့စွာ သက်ပြင်းချလိုက်သည်။
“ ဒါပေမဲ့ အကယ်လို့ ရှကျိုးယွီကသာ သူများတွေပြောသလို အသုံးမကျတဲ့သူမဟုတ်ရင် အဲ့ဒီကိစ္စကို စဥ်းစားပေးလို့ရတယ်”
ကျူးကော့ချင်းအာ နောက်တစ်ချက် အရိုက်ခံရမှာစိုးလို့ ပါးစပ်ကို အမြန် ဘရိတ်အုပ်လိုက်ရသည်။
ဒါပေမဲ့ သူမရဲ့နှလုံးသားထဲက ရှကျိုးယွီရဲ့ ပုံရိပ်က နောက်တစ်ဆင့် လယ်ဗယ်အပ်သွားပြီ…
“အကြီးစားနှာဗူး!”
ထိုအချိန်မှာ တော်ဝင်စာဖတ်ခန်းထဲက ရှကျိုးယွီကတော့ အကြောင်းအရင်းမရှိ နှာချေနေလေ၏။
အိမ်မှာပဲငြိမ်ငြိမ်လေး ထိုင်နေပေမဲ့ ခေါင်းပေါ်တည့်တည့် ချီးအိုးပြုတ်ကျသလိုပေါ့။
တစ်ကယ်တော့..
ကျူးကော့ချင်းအာကို အပြစ်တင်လို့ မရဘူး။ သူမတို့ရဲ့ ကျင့်ကြံမှုက လူသားအချင်းချင်း ပေါင်းစပ်ကျင့်ကြံမှုကို တစ်ချိန်မှာ လိုအပ်လာမဲ့ ကျင့်ကြံမှုဖြစ်နေတာပဲ။ အဲ့ဒါက ပြဿနာပဲ။
ဒီကျင့်ကြံမှုပုံစံက စိတ်ဆန္ဒကို စွန့်လွှတ်မဲ့အစား စိတ်ဆန္ဒနဲ့ ကျင့်ကြံတာလို့ ပြောရမည်။
ကျင့်ကြံမှုရဲ့ တိုးတက်နှုန်းက အရမ်းမြန်ပေမဲ့ ကြာလာလေလေ စိတ်ဆန္ဒတွေကို ထိန်းချုပ်ရ ခက်လေလေပဲ။
အဆင့်နှစ် ကျီရွှမ်းနယ်မြေကို ဝင်ရောက်သွားတာနဲ့ အဲ့ဒီလူက ခံစားချက် ခုနှစ်မျိုးနဲ့ စိတ်ဆန္ဒခြောက်ခုရဲ့ လွှမ်းမိုးမှုကို ခံရတော့သည်။
တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်နဲ့ပဲ အဲ့ဒါကို ဖိနှိပ်လို့ရသည်။
ဒါပေမဲ့ ဒုတိယအဆင့်ကိုကျော်ဖြတ်ပြီး ပထမအဆင့်ဖြစ်တဲ့ အင်မောတယ်အဖြစ် တက်လှမ်းနိုင်ဖို့ဆိုရင် ထိုသူက တိုင်းပြည်ရဲ့ ကံကြမ္မာကို ဆုတ်ကိုင်ထားတဲ့သူနဲ့အတူ ကျင့်ကြံဖို့ လိုသည်။
သေချာပေါက် ကံကြမ္မာအမှတ် အများကြီးကိုလဲ စုပ်ယူဖို့လိုသေးသည်။
လျိုချင်းချန်ရဲ့ အစောက စကားလုံးက ရှင်းလင်းတဲ့ ဖော်ပြချက်ကို ပြောသွားခဲ့သည်။
ရှကျိုးယွီကသာ သူများပြောသလို ပြုပြင်မရတဲ့သူ မဟုတ်သရွေ့ အတူပေါင်းစပ် ကျင့်ကြံရလဲ သူမ ဂရုမစိုက်ဘူး။
သေချာပေါက် အချိန်အကြာကြီး.လိုအပ်မှာ သူမ သိသည်။
ပြီး သူမက ဂိုဏ်းခေါင်းဆောင်တစ်ယောက် ဖြစ်သည်မို့ အရာအားလုံးကို စိတ်ကြိုက် ဆုံးဖြတ်လို့ မရသေးဘူ။.အရင် ဆွေးနွေးကြည့်ရမည်။
ဒီလိုနဲ့ နောက်တစ်နေ့ မနက်အစောပိုင်းမှာ..
ကျူးကော့ချင်းအာနဲ့အတူ လျိုချင်းချန်က နန်းတော်ထဲ အခစားဝင်ဖို့ ထွက်သွားလိုက်သည်။
……………….