( တော်ဝင်ဆရာကြီး ငါကိုယ်တော် တာအိုကိုကျင့်ကြံချင်တယ်)
Vol. 1 Ch. 14
မနက်အစောပိုင်းမှသာ ရှကျိုးယွီ တော်ဝင်စာဖတ်ခန်းမှ ထွက်လာလိုက်သည်။
“ ဟင်း နေမင်းကြီးက ပုံမှန်လို ထွန်းလင်းနေတာပဲ။ ဟုတ်တယ် ကံကြမ္မာအမှတ်တွေ လေးဆလောက် တက်သွားရင်တောင်မှ ငါလဲပဲ ဆက်ရှင်သန်ရမှာ”
တစ်ညလုံး စဉ်းစားပြီးနောက်မှာ သူ အဖြေ ရသွားခဲ့ပြီ။
ကံကြမ္မာအမှတ်က ပြောင်းပြီးပြီပဲ။ ဒီတော့ ထိုင်စိတ်ညစ်မနေတော့ဘူး။
အသက်ရှင်နေတဲ့ သူတစ်ယောက်က သေလောက်အောင် ထိုင်စိတ်ညစ်မနေသင့်ဘူး!
ငါတို့အားလုံးက ကြိုးစားရှင်သန်နေတဲ့သူတွေပဲ
ဘဝကြီးရဲ့ ခါးသက်မှုနဲ့ အချိုဓာတ်တွေကြားမှာ လှည့်ပတ်ရှင်သန် နေရတာ။
ငါတို့တွေက ခေါင်းမာချင်မာမယ်။ ကျိုးပဲ့လွယ်ချင် လွယ်မယ်။ ဒါပေမဲ့ ဆက်လက် ရှင်သန်နေရမှာပဲ။
ရှကျိုးယွီ စိတ်ပျက်မှုတွေ ကျော်ဖြတ်ပြီးချိန်မှာ ဖူယွဲ့ဆီသွားပြီး အနှစ်သိမ့်ခံဖို့ ဆုံးဖြတ်လိုက်သည်။
ဒါပေမဲ့ ကျောက်ကောင်းက ရုတ်တရက် ဝင်ရောက်လာကာ
“ အရှင်မင်းကြီး သခင်မလေးကျူးကော့နဲ့ တော်ဝင်ဆရာကြီးတို့ လာတွေ့ပါတယ်”
“တော်ဝင်ဆရာကြီး?”
ရှကျိုးယွီ တွေးလိုက်သည်။
“သူမက ဘာလို့ရောက်နေတာလဲ?”
သူ နည်းနည်း ရှုတ်ထွေးသွားပြီ။
“ တော်ဝင်ဥယျာဉ်တော်ထဲမှာ စောင့်ခိုင်းလိုက်။ ငါ မကြာခင် လာခဲ့မယ်”
ရှကျိုးယွီ တော်ဝင်ဆရာကြီးကို သိပါသည်။.သတင်းတွေအရ သူမက တော်တော်လှသည်တဲ့။
ပြီးတော့ သူမရဲ့ သန်မာမှုက သူ့ဦးရီးတော် ချင်မင်းသားနဲ့ တန်းတူအနေအထားမှာ ရှိသည်။
ရှန့်ထျန်း နယ်မြေကြီးတစ်ခွင်မှာလဲ သူမရဲ့.နာမည်က လွှမ်းမိုးနိုင်သည်။
ဒါပေမဲ့ အခုချိန်မှာ သူလဲပဲ အဆင့်နှစ် သိုင်းသမား တစ်ယောက်ဖြစ်လာပြီမို့ စိတ်ပူဖို့ မလိုတော့ဘူး။
ကျွမ်းကျင်မှုပိုင်းကို ယှဉ်လိုက်ရင် သိုင်းသမားတွေက ပိုပြီးဟိတ်ဟန်ရှိသည် ပြောရမည်။ ပိုသန်မာလေလေ ပိုကြမ်းလာလေလေပဲ။
အဆင့်နှစ်ကို ရောက်သွားမည်ဆိုရင် ခေါင်းမဖြတ်ပစ်သရွေ့ သူတို့ကို ဘယ်လိုမှ အနိုင်ယူနိုင်မှာမဟုတ်ဘူး!
တစ်ခြားနည်းလမ်းလဲ မရှိဘူး။ ဒါကြောင့် သိုင်းသမားတွေကို ကြမ်းတယ်လို့ ပြောကြတာပဲ။
တော်ဝင်မိသားစုရဲ့ ဥယျာဉ်တော်ဆိုတာ ပုံမှန်အားဖြင့် ကျယ်ပြောသည်။ အထူးသဖြင့် တရှားလိုမျိုး မြေနေရာကောင်းတဲ့ တိုင်းပြည်မှာဆို ပိုကျယ်သည်။
ဧကရာချီပြီးရှိသည်။
သစ်တောတစ်ခုလိုမျိုးပဲ။
တော်ဝင်ဆရာကြီးလျိုချင်းချန်က အဖြူအမဲ ဝတ်ရုံကိုပဲ ဝတ်ဆင်ထားကာ ခေါင်းပေါ်၌ ကြာပန်းသဏ္ဍာန် ဦးထုပ်ဖြူ တစ်ခုဆောင်းထားသည်။ သူမနောက်က ကျူးကော့ချင်းအာလဲ ဝတ်စုံတူပင်။
သူမတို့နှစ်ယောက်က လမ်းမှားရောက်လာတဲ့ နတ်သမီးလေးနှစ်ပါးလို တော်ဝင်ဥယျာဉ်ထဲ လှည့်ပတ်သွားနေကြသည်။
“ ဆရာ ဒါကြီးက အရမ်းကျယ်တာပဲ။ ဥယျာဉ်တစ်ခုက ဒီလောက်ကျယ်ရလား?”
ကျူးကော့ချင်းအာ စကားပြောလိုက်တာနဲ့ လေထုထဲက ထူးဆန်းတဲ့ အရှိန်အဝါတစ်ခု ပျောက်ကွယ်သွားခဲ့သည်။
“ပြောကြတာတော့ ဒီတော်ဝင်ဥယျာဉ်ကြီး ဆောက်တုန်းက ကျန်းနန်မြို့ရဲ့ နှစ်ဆယ်ကျော်တဲ့ ဗိသုကာပညာရှင်တွေကို ဖိတ်ခေါ်ပြီး ပူးပေါင်းတည်ဆောက်ခဲ့တာတဲ့”.
“ တော်ဝင်ဥယျာဉ်တွေထဲမှာ ဒီတစ်ခုက အကောင်းဆုံးလို့ ပြောလို့ရတယ်”
“ကျယ်ပေမဲ့ ဗလာဖြစ်နေတာ မဟုတ်ဘူး။ နေရာတိုင်းမှာ မရိုးအောင်အလှဆင်ထားတော့ ဘယ်ကိုကြည့်ကြည့် လှနေတာပဲနော်”
“ ချင်းအာ စိတ်မရှည်မဖြစ်ဘဲ သဘာဝကြီးကို ခံစားစမ်းပါ”
လျိုချင်းချန်ကတော့ ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုနေလေ၏။
ထိုအချိန်မှာပဲ အသံတစ်ခု ကြားလိုက်ရသည်။
“ ဆရာ့မှာ အရမ်းအမြင်ကောင်း ရှိတာပဲနော်! လေးစားမိတယ်သိလား?”
ထိုအချိန်မှာ ရှကျိုးယွီကတော့ မိန်းမစိုး တစ်ယောက်ကိုမှ မခေါ်ဘဲ လေလိုအရှိန်နဲ့ တော်ဝင်ဥယျာဉ်တော်ဆီ ဦးတည်နေလေသည်။
ဒါကြောင့် ချီစွမ်းအင်ကို ထုတ်လွှတ်မနေတာတောင်မှ ခန္ဓာကိုယ်ကနေ သဘာဝအလျောက် ထွက်နေ၏။
လျိုချင်းချန်ရဲ့ အကြည့်က ထိုစွမ်းအင်လားရာကို အံ့သြမှုတစ်ချို့နဲ့ ဖြတ်ပြေးသွားသည်။
သူမရဲ့ အဆင့်နှစ်ရောက်နေပြီဖြစ်တဲ့ တာအိုပညာရဲ့အစွမ်းနဲ့တောင်မှ ရှကျိုးယွီကို အဝေးထဲက အာရုံမခံနိုင်ခဲ့ဘူး။
'ဒါအရင်က ဘုရင်ပဲလား?’
'မဟုတ်ဘူး’
'ဒီလောက်မရိုးရှင်းဘူး’
လျိုချင်းချန် ချက်ချင်း လှုပ်ရှားလိုက်သည်။
“နှုတ်ဆက်ပါတယ် အရှင်မင်းကြီး”
လျိုချင်းချန်နဲ့ ကျူးကော့ချင်းအာ ပြိုင်တူ နှုတ်ဆက်လိုက်ကြသည်။
“အရမ်း ယဉ်ကျေးဖို့ မလိုပါဘူး”
ရှကျိုးယွီ အရှေ့တိုးကာ လက်ထုတ်ရင်း တော်ဝင်ဆရာကြီးကို ကူညီပေးဖို့ ပြင်လိုက်သည်။
ခဏတာသော အထိအတွေ့ဆိုပေမဲ့ သူမရဲ့ချောမွတ်တဲ့ အသားအေရက ဖူယွဲ့ထက် မနိမ့်ဘူး။
ရှကျိုးယွီ ကိုယ်တိုင် တော်ဝင်ဆရာကြီးရဲ့ အလှမှာ ယစ်မူးသွားလေ၏!
ထိပ်တန်းပဲ!
ရှကျိုးယွီ စိတ်ထဲက အတွေးတွေကို.ထိန်းချုပ် လိုက်သည်။
“ တော်ဝင်ဆရာကြီး ဒီနေ့ ဘာကိစ္စကြောင့် ရောက်လာခဲ့တာလဲ?”
“ ငါကိုယ်တော် မှတ်မိတာတော့ တော်ဝင်ဆရာကြီးအဖြစ် ဘွဲ့တော်ချီးမြှင့် တုန်းကနဲ့ ကျောက်စိမ်းစာအုပ်ရှင်အဖြစ် နာမည်ပေးခဲ့တုန်းကတောင်မှ နန်းတော်ထဲ မလာခဲ့ဘူးလားလို့”
ရှကျိုးယွီ တော်ဝင်အတွင်းဆောင်ဆီ ဦးဆောင်ခေါ်သွားလိုက်သည်။
ဒါပေမဲ့ သူ့ရဲ့အကြည့်ကို တစ်နေရာက မရုတ်သိမ်းနိုင်နေဘူး….. လျိုချင်းချန်ရဲ့ မို့မောက်တဲ့ နော်ကို့နှစ်ခု..!
'ဝှက်သယ်ဖက်! တော်တော်ကြီးတာဟ!’
'ငါ့အထင် မိဖုရားထက်တောင်မှ ကြီးသေးတယ်။ လက်ထဲမှသာ ကိုင်လိုက်ရရင်တော့ကွာ.. ကတောက်စ်!’
ရှကျိုးယွီ စိတ်ထဲမှာ ပစ်မှားနေသည်။
လျိုချင်းချန် အရှေ့ကလူရဲ့ ငမ်းငမ်းတက် အကြည့်ကို မသိချင်ယောင်သာ ဆောင်နေလိုက်သည်။
“ ဒီရက်ပိုင်း တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်က တော်တော်လေး မြင့်တက်လာတာ သတိထားမိလို့ အရှင်မင်းကြီးကို လာတွေ့တာပါ”
လျိုချင်းချန်ရဲ့ အသံမှာ မောက်မာခြင်း တစ်စက်တောင်မရှိဘူး။ အများနဲ့မတူတဲ့ ခံစားချက်ကို ရစေသည်။
ဒါပေမဲ့ ရှကျိုးယွီကတော့ ဒါတွေ ဂရုမစိုက်ပေ။ မျက်လုံးမလွှဲနိုင်တဲ့ တစ်နေရာကိုသာ ကြည့်မြဲကြည့်နေလေရဲ့။
“ဒါဆိုရင် တော်ဝင်ဆရာကြီး မင်း တစ်ခုခု မြင်ထားလို့လား?”
လျိုချင်းချန် ခေါင်းရမ်းလိုက်ကာ
“ မမြင်ပါဘူး”
“မြင်ရင်တောင် မပြောပြဘူး”
“ တာအိုအမြင်က ထုတ်ပြောလို့မရဘူး”
အခုချိန်မှာ လျိုချင်းချန်ရဲ့ ပုံစံက နတ်သက်ကြွေလာတဲ့ နတ်သမီးတစ်ပါးလို ဝေဝါးနေသည်။
ရှကျိုးယွီ ကြည့်လေလေ ရင်ထဲမှာ ယားယံလာလေလေပဲ။ မသိရင် တစ်ယောက်ယောက်က သူ့ရင်ထဲကို ကလိထိုးနေသလိုပဲ။
ဒီလိုနဲ့ ရုတ်တရက် ထိုးတက်လာတဲ့ ကံကြမ္မာအမှတ်ကို တွေးမိသွားချိန်မှာ အကြံတစ်ခု ရသွားခဲ့သည်။
သူ ချက်ချင်း ထုတ်ပြောလိုက်တော့သည်။
“ တာအိုအမြင်က ထုတ်ပြောလို့မရဘူး၊ တာအိုအမြင်က ငါကိုယ်တော်နဲ့ မဆိုင်ဘူး ဆိုမှတော့ နှစ်ယောက်တွဲ ကျင့်ကြံမှုကို လိုတဲ့အချိန်မျိုးကျရင်ရော ငါကိုယ်တော်နဲ့ သက်ဆိုင်ပြီလား?”
တစ်ချိန်လုံး အမူအရာ ဖမ်းမရခဲ့တဲ့ လျိုချင်းချန်ရဲ့ မျက်နှာမှာ အရောင်တစ်ချို့ ဖြတ်ပြေးသွားသည်။
ဘေးမှာနားထောင်နေတဲ့ ကျူးကော့ချင်းအာပင် မယုံနိုင်စွာ လှည့်ကြည့်လာသည်။
သူမ တော်တော်လေး ပြောစရာ ပျောက်ဆုံးသွားသည်။ ရှကျိုးယွီရဲ့ စကားတွေက တော်တော်လေး ကြောက်လန့်ဖွယ် ဖြစ်သွားဟန်ပင်။
ဒါပေမဲ့ လျိုချင်းချန်ကတော့ အနည်းငယ်သာ အံ့သြသွားပြီး အမြန်ပြန်ထိန်းနိုင် သွားသည်။
“ အရှင်မင်းကြီး အဲ့ဒါ မရဘူး”
ဒီတစ်ခေါက်တော့ ရှကျိုးယွီ အံ့သြရလေပြီ။
“ဘာလို့လဲ?”
လျိုချင်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“အရှင်မင်းကြီးက တိုင်းပြည်အုပ်ချုပ်သူ တစ်ယောက်ပါ။ တာအိုပညာကို.ဘယ်လို လေ့ကျင့်နိုင်မှာလဲ?”
“အရှင်မင်းကြီးက တာအိုပညာကို လေ့လာနေရင် တရှားကို ဘယ်လိုလုပ်တော့မလဲ? တရှားရဲ့ အရှင်.ဘယ်လိုလုပ်တော့မလဲ?”
ထိုစကားကိုကြားတော့ ရှကျိုးယွီ ကိုယ့်ပါးစပ်ကိုယ် မထိန်းနိုင်တော့ဘူး။
“ဒါဆို မလုပ်ရုံပေါ့”
တော်သေးလို့ သူအများကြီး ထုတ်မပြောမိလို့။
“ ဒါနဲ့ တော်ဝင်ဆရာကြီးရေ ဒီတရှားတိုင်းပြည်နဲ့ ပြည်သူတွေက ငါကိုယ်တော် တာအိုပညာ လေ့ကျင့်တာ မလေ့ကျင့်တာနဲ့ သိပ်မဆိုင်ဘူးလားလို့”
သူ တည်ငြိမ်စွာ ပြောလိုက်သည်။
လျိုချင်းချန် အနည်းငယ် မျက်မှောင်ကြုတ် သွားသည်။ ဒါပေမဲ့ အရှင်မင်းကြီးကတောင် အခုလို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာမှတော့ သူမက ဘာဆက်ပြောရအုံးမှာလဲ?
ဒါပေမဲ့ သူမရဲ့မျက်နှာထားကိုတော့ မပြောင်းလဲသေးချေ။
“ အရှင်မင်းကြီးက ဒီလောက်စိတ်ပိုင်းဖြတ် ထားပြီးမှတော့ ကျွန်တော်မျိုးမဘက်က ပြောရရင် မဖြစ်နိုင်တာတော့မဟုတ်ဘူး”
“ ဒါပေမဲ့ အရှင်မင်းကြီးမှာ လုံလောက်တဲ့ ချီစွမ်းအင်နဲ့သွေးတွေ ရှိဖို့မျှော်လင့်တယ်။.အရှင်မင်းကြီးရဲ့ ပုံစံကြည့်ရတာတော့ သိုင်းလေ့ကျင့်ဖူးပုံပါပဲ။ ဒါပေမဲ့ ကြိုပြောထားမယ်။ နှစ်ကိုယ်တွဲ တာအိုကျင့်ကြံတာက ထင်သလောက် လွယ်မှာမဟုတ်ဘူး”
လျိုချင်းချန်ရဲ့ ရှကျိုးယွီအပေါ် အမြင်က မကောင်းဘူးဆိုတဲ့ အနေအထားလောက်မှာတင် မဟုတ်ဘူး။ အနှုတ်ဘက်ကို ပြနေတာပဲ။
အေးစက်တဲ့ မျက်နှာထားကို ကြည့်လိုက်တာနဲ့တင် သူစိမ်းတစ်ယောက်နဲ့ ပြောဆိုနေပုံမျိုးပဲ..။
ဒါပေမဲ့ ရှကျိုးယွီကတော့ ဂရုမစိုက်ဘူး။
“ ငါကိုယ်တော် ကျင့်ကြံနိုင်မလား မကျင့်ကြံနိုင်ဘူးလားက ငါကိုယ်တော်ရဲ့ ကိစ္စပဲ။ လွယ်မလား ခက်မလားက ငါကိုယ်တော့် ကိစ္စမဟုတ်ဘူး”
ပြောပြီးနောက်မှာ ရှကျိုးယွီက အဓိပ္ပါယ်ရှိရှိပါ ပြုံးပြလိုက်သေး၏။
“ ကျုးကော့ အမိန့်ထုတ်ပြန်မယ်။ ဒီတော်ဝင်ဥယျာဥ်တော်ထဲမှာ တာအိုဘုရားကျောင်းတစ်ခု အမြန်ဆုံး တည်ဆောက်စေ။ တော်ဝင်ဆရာကြီး ငါကိုယ်တော့်ကို အနီးကပ် သင်ပြနိုင်အောင်လို့!”
“ အခုကစပြီး ငါကိုယ်တော် တာအိုကို လေ့ကျင့်ပြီပဲ!”
စာစဉ်ပြီး၏