မုန်တိုင်းနှင့်ရင်ဆိုင်သောအခါ နဂါးအဖြစ်သို့ ပြောင်းလဲခြင်း။
Vol. 11 Ch. 151
ကျင်းပြည်နယ် သခင်လေးများမှာ လက်မခံနိုင်ဘဲ မယုံကြည်နိုင်ဖြစ်နေကြသည်။
ပေါ့ပါးသော ထို၀တ်ရုံအင်္ကျီသည် ဒယ်ဆောက် ဆယ်ခု အလေးချိန် ရှိနိုင်မည်လော။ ယီယွင်မှာ ထို၀တ်ရုံကို ဝတ်ဆင်ပြီး အစီအရင်အတွင်းမှ အခက်အခဲမှုအဆင့် ဆယ့်ငါးဆင့်ကို လွယ်တကူပင် ကိုင်တွယ်နိုင်ခဲ့တာလား။
“ဒါက ဟာသဖြစ်ရမယ်”
"၀တ်ရုံ... ငါကြည့်လို့ရမလား...?" စုန့်ကျစ်ကျွင်း သည် ယီယွင် ကို ထင်ရှားသော လေးစားမှုဖြင့် ကြည့်ရင်း လက်ကို ဆန့်လိုက်သည်။ ကြံ့ခိုင်သူကို ရိုသေလေးစားသကဲ့သို့ပင်။
ယီယွင်က ပြဒါးစီး၀တ်ရုံကို ပေးအပ်လိုက်လေသည်။
စုန့်ကျစ်ကျွင်းမှာ သည် ၎င်းကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ထားပြီး ပြဒါးစီး၀တ်ရုံ ၏ နူးညံ့မှုကို ကျစ်ကျွင်းမျက်လုံးများမှ စူးစူးရဲရဲ ကြည့်နေချိန်တွင် ခံစားလိုက်ရသည်။
"လက်ရာသေသပ်ကောင်းမွန်ပြီး အရည်အသွေးကောင်းမွန်လှပေတယ်။ ဒါ တကယ့်ကို ကောင်းမွန်တဲ့ ပြဒါးစီး၀တ်ရုံပဲ..." စုန့်ကျစ်ကျွင်း က မကျေမနပ်ဖြစ်ကာ ၀တ်ရုံကို ယီယွင်အား ပြန်ပေးလိုက်သည်။ စျေးကွက်တွင်ရောင်းချသော လေးလံသောအဝတ်အစားများ ရှိသော်လည်း ၎င်းတို့သည် ပုံသေအလေးများရှိပြီး ချပ်ဝတ်တန်ဆာနှင့်ဆင်တူသောကြောင့် ဝတ်ဆင်သူကို ပေါ့ပေါ့ဆဆဖြစ်စေပြီး လှုပ်ရှားမှုတို့ကို ထိခိုက်စေသည်။
သို့သော် ပြဒါးစီး၀တ်ရုံ သည် ၎င်း၏အလေးချိန်ကို လွတ်လွတ်လပ်လပ် ချိန်ညှိနိုင်ရုံသာမက နူးညံ့ပြီး ပါးလွှာလှသည်။၀တ်ရုံအလေးချိန်ကို လျစ်လျူရှုပါက ဝတ်ဆင်သူ၏ လှုပ်ရှားမှုကို မထိခိုက်စေနိုင်ပေ။
အရည်အသွေး ကွာဟချက်မှာ အလွန်ကြီးမားလှ၏။
စုန့်ကျစ်ကျွင်း သည် ယခင်က အလားတူအဝတ်အစားများကို ၀တ်ဆင်ထားသော်လည်း အရည်အသွေးမှာ ယီယွင် လက်ထဲရှိ ၀တ်ရုံကဲသို့ အမျိုးအစားမျိုး မပါရှိပေ။
စုန့်ကျစ်ကျွင်း ၏ လေးနက်သော အမူအရာကို မြင်လိုက်ရသဖြင့် ကျင်းပြည်နယ် သခင်လေးများက ၎င်းကို ယုံကြည်ရန်မှတပါး ရွေးချယ်စရာမရှိပေ။စုန့်ကျစ်ကျွင်း ပြောခဲ့သည့်အတိုင်း ပြဒါးစီး၀တ်ရုံအား ၀တ်ထားသည့်အခါ အနည်းဆုံး ဒယ်ဆောက်ဆယ် ဆယ်လုံး အလေးချိန် လေးလံလှသည်။
ယီယွင် သည် ဒယ်စောက် ဆယ်လုံးကို ၀တ်ဆင်ကာ တဒင်္ဂလှုပ်ရှားမှု ကို အသုံးပြုခဲ့သည်။ ယင်းကို မည်သို့ ယုံကြည်နိုင်မည်နည်း။
ကျင်းပြည်နယ် သခင်လေးများက ၎င်းကို စိတ်ကူးပင်မယဉ်နိုင်တော့ပေ။
ရုတ်တရက် ယီယွင်၏ ခန္ဓာကိုယ်သည် အအေးသတ္တုသွေးဘောလုံးအစီအရင် အတွင်းသို့ ခုန်၀င်လိုက်သည်။
ပြဒါးစီး၀တ်ရုံကို ချွတ်လိုက်သောအခါ ယီယွင်၏ ခန္ဓာကိုယ်မှာ လွတ်လပ်ပေါ့ပါး သွားပေသည်။
ယခင်က ယီယွင်မှာ ပြဒါးစီး၀တ်ရုံ ၏အလေးချိန်ကို ကျင့်သားရနေပြီဖြစ်ကာ ရုတ်တရက် ၀တ်ရုံကို ဖယ်ရှားလိုက်သည်အခါ ခန္ဓာကိုယ်မှာ အလေးချိန်မဲ့နေသကဲ့သို့ ဖြစ်နေသည်။
ပြဒါးစီး၀တ်ရုံ ၏ ကန့်သတ်ချက်များအား ကျင့်သားရလာခဲ့ပြီး လှုပ်ရှားမှုတိုင်းနှင့် ၀တ်ရုံ ၏ ခိုင်ခံ့သော ချိတ်ဆွဲမှုအလေးချိန်များအား ကျော်လွှားနိုင်ခဲ့သည်။ ယခုအခါ ချုပ်နှောင်မှု မရှိတော့ဘဲ၊ယီယွင် ခန္ဓာကိုယ် ထိန်းချုပ်မှုသည် ပို၍ပင် တိကျ ပြတ်သားလာသည်။ ယီယွင် ကျေနပ်သဘောကျလျှက် ရှိနေလေ၏။
"ရှုး ရှုး ရှုး"
ယီယွင်မှာ အအေးသတ္တုသွေးဘောလုံးအားလုံးကို အလွယ်တကူပင် ရှောင်တိမ်းသွားခဲ့သည်။ အခက်အခဲမှု အဆင့်ဆယ်ခြောက်မှာ ယီယွင်အား ကန့်သတ်ချက်များဆီသို့ တွန်းပို့၍မရတော့ပေ။
"ဟာဟား ကြည်နူးစရာ" ယီယွင် ဝမ်းသာသွားသည်။ ထိုချုပ်နှောင်မှုကို ရုတ်ချည်း ဆုံးရှုံးပြီး မိမိနှစ်သက်သည့်အတိုင်း ရွေ့လျားနိုင်ကာ ပြင်းထန်သော လှုပ်ရှားမှုများကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သဖြင့် ပျော်ရွှင်ကြည်နူးမှုကို ခံစားရစေသည်။
သို့သော် သွေးပုလဲများ၏ အရှိန်မှာ လုံလောက်အောင် မမြန်လှပေ။ ယီယွင်မှာ တစ်ခုခု လိုနေသည်ဟု ခံစားလာရသည်။
"နောက်ထပ်အခက်အခဲတစ်ခုထပ်ထည့်" ယီယွင် အော်လိုက်သည်။
ကျင်းပြည်နယ် သခင်လေးများမှာ အော်သံကိုကြားသောအခါ ဘာပြောရမှန်းတောင်မသိတော့ပေ။
စုန့်ကျစ်ကျွင်း သည် ပြဒါးစီး၀တ်ရုံကို ရှင်းပြခဲ့စဉ်က ယီယွင်၏ စွမ်းရည်သည် ရူးသွပ်သော စံနှုန်းများ ပြည့်မီကြောင်းကို သိရှိခဲ့ရသဖြင့် သခင်လေးများမှာ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ထားခဲ့သည်။
သို့သော် ယီယွင်မှာ အအေးသတ္တု သွေးဘောလုံး အားလုံးကို အလွယ်တကူ ရှောင်တိမ်းနေသည်ကို တွေ့လိုက်ရပြီး နောက်ထပ် အခက်အခဲတစ်ခုကို ထပ်ဖြည့်သောအခါ သူတို့ရဲ့ နှလုံးသားထဲသို့ပင် အသံများ တိတ်၀င်သွားလေသည်။
ခက်အခဲမှုအဆင့် ဆယ့်ခုနစ်။
ထိုအခက်အခဲအဆင့် တိုးလာခြင်းမှာ ပမာဏ အနည်းငယ်မျှသာ မဟုတ်ပင်။
အစီအရင်ကို ထိန်းချုပ်သည့် ကျင်း ပြည်နယ် သခင်လေးများသည် တုန်ရီသော လက်ချောင်းဖြင့် ဆယ့်ခုနစ်ခုမြောက် သလင်းကျောက်ကို ဖိချရင်း ခြောက်ကပ်နေသော ပါးစပ်ကို ဖွင့်လိုက်သည်။
“ဘွန်း”
အခက်အခဲအဆင့် မြှင့်တင်ပြီးနောက်တွင်၊ အစီအရင်တစ်ခုလုံး ဟိန်းသံများဖြင့် တုန်လှုပ်သွားသည်။
အအေးသတ္တု သွေးဘောလုံးတိုင်းသည် လေထဲတွင် မြည်ဟိန်းကာ လှည့်ပတ်နေသည့် ဥက္ကာခဲများကဲ့သို့ ရွေ့လျားနေသည်။ သာမန်မျက်စိဖြင့် မြင်နိုင်သော ဓါးသွားများကဲ့သို့ လေတိုက်ခြင်းကို ဖန်တီးပေးသည်။
စစ်သည်တစ်ဦးမှာ လေဓားချက်များကြောင့် ၎င်း၏မျက်နှာကိုပင် ထိခိုက်မိလေသည်။
လေပြင်းများမှာ ကြောက်မက်ဖွက်ပြင်းထန်လှသည်။ အစီအရင်၏ အရှိန်အဟုန်မှာ ယခင်အဆင့်များနှင့် နှိုင်းယှဉ်၍မရတော့ပေ။
ပြဒါးစီး၀တ်ရုံကို ချွတ်ပြီးနောက် ယီယွင်၏ မျက်လုံးများမှာ ထိုကဲ့သို့ အစီအရင်ကို တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
လေပြင်းများကြောင့် ယီယွင် သည် စိမ့်တွင်းထဲသို့ နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းသည် ကြီးမားသော ဖိအားများ၏ ချုပ်ထိန်းထားသလို ခံစားနေရသည်။
ခက်ခဲမှုအဆင့်ဆယ့်ခုနစ် စတင်သောအခါ၊ သွေးပုလဲ ဆယ့်ခုနစ်လုံးမှာ ရိုးရှင်းစွာ မတိုက်ခိုက်တော့ပေ။ သွေးပုလဲများမှာ ခံစားနိုင်စွမ်းပါလာကာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်တိုက်ခိုက်လျှက်ရှိကြသည်။
အအေးသတ္တု သွေးဘောလုံး ဆယ့်ခုနစ်လုံးသည် တစ်ခုနှင့်တစ်ခု ကွဲထွက်နေပြီး ထောင်နှင့်ချီသော ပြောင်းလဲမှုများကို ဖန်တီးလျှက်ရှိသည်။ တိုက်မိမှုတစ်ခုစီသည် မတူညီသော ခွန်အားများဖြင့် သိမ်မွေ့သောပြောင်းလဲမှုများကို ဖြစ်စေသည်။ ယင်းကြောင့် အစီအရင်ကို မှန်းဆ၍မရနိုင်ဘဲ ရှိနေလေ၏။
"ရှုး ရှုး ရှုး"
သွေးပုလဲသုံးလုံးသည် ယီယွင်ဆီသို့ သုံးလွှာပုံစံဖြင့် ပျံသန်းလာကာ တစ်ချိန်တည်းတွင် သွေးပုလဲဆယ်လုံးသည် ယီယွင်နောက်သို့ စုရုံးကာ အနောက်မှ ပိတ်ပစ်လိုက်သည်။
ယီယွင် သူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး ခန္ဓာကိုယ်အား မယုံနိုင်စရာပုံစံမျိုး တွန့်ကွေးကာ သွေးပုလဲများအားလုံးကို ရှောင်တိမ်းလိုက်သည်။
ခက်ခဲမှုအဆင့် ဆယ့်ခုနစ်တွင် ယီယွင် သည် တွက်ချက်ရန် စိတ်ပိုင်းဆိုင်ရာ စွမ်းအားများကို အဆပေါင်းများစွာ သုံးစွဲခဲ့ရပြီး အကျပ်အတည်းများအား အဖန်ဖန် အထပ်ထပ် ကိုင်တွယ်ဖြေရှင်းနိုင်ရန် သေးငယ်သော ချိန်ဆမှုပေါင်းများစွာ ပြုလုပ်ခဲ့ရပေသည်။
ယီယွင်၏ လျှပ်စီးကြောင်းနှင့်တူသော လှုပ်ရှားမှုများမှာ အစီအရင်အတွင်း ခန္ဓာကိုယ်နှင့် စိတ်အား လုံးလုံးလျားလျား ပေါင်းစပ်နေသည်ဟု ခံစားရစေသည်။
မြင့်မားသောအာရုံစူးစိုက်မှုအောက်သို့ရောက်ရှိသွားသော ယီယွင်မှာ လျှို့ဝှက်ဆန်းကြယ်သောနယ်ပယ်ကို တွေ့ကြုံခံစားမိစေသည်။
ယီယွင်ခန္ဓာကိုယ်မှာ အရိုးများမရှိတော့သကဲ့သို့ ပျော့ပြောင်းသွားပေသည်။ အဆစ်များနှင့် ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံးသည် ဆန္ဒအတိုင်း လှုပ်ရှားနိုင်နေသည်။ ၎င်းတို့သည် ပြီးပြည့်စုံသော ပေါင်းစပ်မှုကို ရရှိပြီး အပြောင်းအလဲများကို မိနစ်အတန်ကြာ ပြုလုပ်နိုင်လေ၏။
ထိုကဲ့သို့ မြင့်မားသော အာရုံစူးစိုက်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများမှာ ယီယွင်၏ခန္ဓာကိုယ်ကို အလွန်အမင်း ထိန်းချုပ်နိုင်သည့် အဆင့်သို့ ရောက်ရှိစေနိုင်သည်။
အချိန်ကြာလာသည်နှင့်အမျှ ယီယွင်မှာ ပြင်းထန်သော ပင်ပန်းနွမ်းနယ်မှုကို ခံစားလာရကာ ခန္ဓာကိုယ်ပေါ်ရှိ ချွေးများမှာ တဖြည်းဖြည်း အခိုးအငွေ့များ ပြောင်းလဲသွားလေသည်။
၎င်းမှာ ခန္ဓာကိုယ်၏ ကန့်သတ်ချက်များဆီသို့ တွန်းပို့နေသည့် လက္ခဏာဖြစ်သည်။ ချွေးများမှာ အငွေ့ပျံကာ တစ်ကိုယ်လုံး ပူလောင်လျှက်ရှိလေသည်။
"ဒီခံစားချက်က တကယ် ကြည်နူးစရာပဲ ငါ…နောက်တစ်လှမ်းတိုးနိုင်ရမယ်”ယီယွင်သည် နာကျင်မှုနှင့် ပျော်ရွှင်မှု နှစ်ခုလုံးကို ခံစားနေရသည်။သို့သော် ကြီးမားလှသော နာကျင်မှုမှ ခန္ဓာကိုယ်ရဲ့ အသေးစိတ်ပြောင်းလဲမှုတိုင်းကို ယီယွင် ခံစားနားလည်နိုင်လေသည်။
တဒင်္ဂလှုပ်ရှားမှု သည် မူလ လေ့လာစူးစမ်းခြင်းများ၏ ကန့်သတ်ချက်ဆီသို့ တွန်းပို့ခဲ့သည်။
ယီယွင် သည် ဖော်မပြနိုင်သော ပျော်ရွှင်မှုတစ်ခုအတွင်းသို့ လုံး၀ နှစ်မြုပ်လျှက်ရှိနေလေသည်။ တဖြည်းဖြည်းဖြင့် ခန္ဓာကိုယ်မှ ထွက်လာသော စွမ်းအားများမှာ ဖြည်းညှင်းစွာ ပြန့်ကျဲနေသည်...။
ယီယွင် ၏ မျက်နှာအမူအရာမှာ ခန့်မှန်းရခက်လှစွာဖြင့် လျှို့ဝှက်ဆန်းကြယ်သော အခြေအနေသို့ ရောက်ရှိသွားသည်။
ယီယွင်၏ ခန္ဓာကိုယ်မှာ နေရာလပ်မကျန် ကြီးထွားလာသည်ဟု ထင်မြင်နေသည်။ထိုသို့ ထင်မြင်နေစဉ်မှာပင် ယီယွင်မှာ မိမိကိုယ်ပိုင်ကမ္ဘာ၊ကိုယ်ပိုင်နယ်မြေအတွင်းသို့ ၀င်ရောက်နေသည်ပုံစံမျိုး ခံစားရလေ၏။
ထိုခံစားချက် ဖြစ်ပေါ်လာသောအခါ အစီအရင်အတွင်းမှ ယီယွင်၏ ကိုယ်ဟန်အနေအထားမှာ ပြေလျော့သွားသည်။
သွေးပုလဲများ ယီယွင်နှင့် တစ်ပေအကွာအဝေးသို့ ဝင်လာသည့်အခါတိုင်း၊ ချက်ချင်းပင် တုံ့ပြန်နိုင်စွမ်းရှိလာသည်။ ကိုယ်ခန္ဓာအား အနည်းငယ်ရွေ့လျားခြင်းဖြင့် သွေးပုလဲများ၏ တိုက်ခိုက်မှုကို အနားမရောက်မှီပင် ရှောင်ရှားနိုင်ခဲ့သည်။
အစီအရင်အပြင်ဘက်ရှိလူများအတွက် ယီယွင်မှာ အမြော်အမြင်စွမ်းရည်ကို ရရှိသကဲ့သို့ ဖြစ်နေလေ၏။
ဘက်(စ်)
ရုတ်တရက်၊ အစီအရင်ဟာ ထူးဆန်းသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာလေသည်။အအေး သတ္တုသွေးဘောလုံး ခုနစ်လုံးသည် တစ်ပြိုင်နက်တည်း တိုက်မိသွားကာ လေထဲတွင်ဦးတည်ရာ လမ်းကြောင်းပြောင်းသွားလေသည်။ ယီယွင်၏ တိမ်းရှောင်နေသော နေရာများကို ပိတ်ကာ သွေးပုလဲများ၏လမ်းကြောင်းအားလုံးမှာ ရုတ်ခြည်းပင် ပြောင်းလဲသွားလေ၏။
"ပုလဲခုနစ်လုံးကြိုး"လူများမှာ အော်ဟစ်လိုက်လေ၏။ ခက်ခဲမှုအဆင့် ဆယ့်ခုနစ်တွင် ထူးထူးဆန်းဆန်း ပြောင်းလဲမှုများ အများအပြားရှိခဲ့သည်။ ထိုအခက်အခဲတွင် သွေးပုလဲများမှာ လျင်မြန်ရုံသာမက ၎င်းတို့၏ တိုက်ခိုက်မှုများနှင့် ဆက်စပ်သော ရင်သပ်ရှုမောဖွယ်ရာ ပြကွက်များကဲ့သိုပင် ဖြစ်နေလေသည်။
ကျယ်ပြောလှသော ကျတ်တီးမြေမှ အဖွဲ့သားများသည် ထိုမြင်ကွင်းကို မြင်သောအခါတွင် ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုလျှက်ရှိနေကြသည်။
အအေး သတ္ထုသွေးဘောလုံးများသည် ယီယွင် နှင့် တိုက်မိလုနီးပါး ဖြစ်နေသည်။ထို့အပြင် ယီယွင် တစ်ကိုယ်လုံးရှိ ချွေးများမှာ အငွေ့များအဖြစ်ဖုံးလွှမ်းနေလေ၏ ယီယွင် စိတ်မှာ တည်ငြိမ်နေဆဲပင်။
ယီယွင် မျက်လုံးမှိတ်လိုက်သည်။ သွေးပုလဲခုနစ်လုံးသည် ခြေတစ်လှမ်းအကွာအဝေးအတွင်း ပျံသန်းလျှက်ရှိသည်၊ ၎င်းသွေးပုလဲများသည် ယီယွင် နယ်မြေအတွင်း၌ မမြင်နိုင်သော လှိုင်းများကို ဖြစ်ပေါ်စေလျှက်ရှိလေ၏။ယီယွင်မှာ ထိုသွေးပုလဲလှုပ်ရှားမှုများကို အပြည့်အ၀ ရိပ်စားမိနေသည်။
တစ်ခဏအတွင်းမှာပင် ယီယွင်မှာ ယွမ်ချီစွမ်းအားများကို ၎င်း၏ ကန့်သတ်ချက်အထိ ဖြန့်ကျက်လိုက်လေသည်။ကြွက်သားများကို တင်းကြပ်သွားစေကာ အသက်ရှုလိုက်တိုင်း မိမိဆီကို အရှိန်အဟုန်ဖြင့် တိုး၀င်လာသော သွေးပုလဲများ၏ သတ္တုအနံ့ကိုပါ ခံစားမိနေရသည်။ ယီယွင်၏ အာရုံစူးစိုက်မှုသည် သွေးပုလဲများဆီတွင်သာ ရောက်ရှိနေပြီး ပျံသန်းနေသော အအေး သတ္တုသွေးဘောလုံး ခုနစ်လုံး၏ ပုံရိပ်များမှာ စိတ်ထဲတွင် ထင်ဟပ်လျှက်ရှိနေသည်။
ယီယွင် ၏ လှုပ်ရှားမှုနှင့် ကိုယ်ဟန်များမှာ အံ့ဖွယ်နည်းဖြင့် အသေးစားပြောင်းလဲမှု တစ်ရာကို ပြုလုပ်ခဲ့သည်။ အခြားသူများအတွက်မူ ယီယွင် သည် ပုံသဏ္ဍာန်မရှိသော ရေမျက်နှာပြင်ပေါ် လျှောက်လှမ်းနေသကဲ့သို့ဖြစ်ပြီး ခြေလှမ်းတိုင်းသည် အံ့သြဖွယ်လှိုင်းလုံးများကို ဖန်တီးပေးထားသည်။
“ဝိုး”
အအေး သတ္တုသွေးဘောလုံး ခုနစ်လုံးသည် ယီယွင်၏ ခန္ဓာကိုယ် ဘေးမှ ဖြတ်သွားလေသည်။ ယီယွင် ၏ခန္ဓာကိုယ်ကို ဖောက်ထွင်းဝင်ရောက်သွား သကဲ့သို့ လူအများကို တုန်လှုပ်စေပေသည်။
“ဩ”
လူများစွာက ကျယ်လောင်စွာအော်လိုက်ကြသည်။သို့သော် နောက်ပိုင်း အခိုက်အတန့်များတွင် သွေးပုလဲများမှာ ယီယွင်အား မထိမိကြောင်းကို ရှင်းရှင်းလင်းလင်း သိလိုက်ရလေသည်။
ယီယွင် ၏ လှုပ်ရှားမှုများသည် ချောမွေ့လှပြီး အရိပ်များအဖြစ် နောက်တွင်ကျန်ခဲ့လေသည်။ နောက်မှာ ကျန်ခဲ့သော အရိပ်အယောင်များမှာ တရွေ့ရွေ့ဖြင့်…။
ယီယွင်မှာ ပုလဲခုနစ်လုံးကြိုးကို မည့်ကဲ့သိုရှောင်နေသည်ကို လူအများမှာ နားမလည်နိုင်ပေ။
"ဒါ... သူဘယ်လိုလုပ်လိုက်တာလဲ"
ကျယ်ပြောလှသော ကျတ်တီးမြေသားများ သာမက ကျင်းပြည်နယ် သခင်လေးအဖွဲ့အစည်းတို့ အားလုံးပင် တုန်လှုပ်သွားကြသည်။
ယီယွင် ၏ လှုပ်ရှားမှုများမှာ မှော်ဆန်လှလေ၏။ ပုံသဏ္ဍာန်မှာ ယီယွင်၏ ကိုယ်ခန္ဓာ၏ တောင့်တင်းမှုများ ဆုံးရှုံးသွားကာ လေထု၏နောက်တွင် ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် အအေးသတ္တု သွေးဘောလုံးများ မည်သို့ပင် တိုက်ခိုက်ပါစေ ယီယွင်အား တစ်ကြိမ်ပင် မထိဘဲ လေထဲတွင်အလွတ် ပျံသန်းသကဲ့သို့ ရှိနေချေသည်။
"တဒင်္ဂလှုပ်ရှားမှု၏... ကြီးမားသော အောင်မြင်မှုအဆင့် ယီယွင်က ဒီအဆင့်ကို ရောက်နေပြီ”ဗိုလ်ချုပ်ယန်၏ မျက်လုံးများမှာ တောက်ပနေသည်။ “ဒီနယ်ပယ်ကို ရောက်တာ အံ့သြစရာပဲ”
"တဒင်္ဂလှုပ်ရှားမှု၏... ကြီးမားတဲ့ အောင်မြင်မှု အဆင့်" အစီအရင်အပြင်ဘက်မှာ စုန့်ကျစ်ကျွင်း ၏အမူအရာမှာ ရှုပ်ထွေးလျှက်ရှိနေသည်။
ကျင်းပြည်နယ် သခင်လေးများ၏ မျက်နှာများမှာ တုန်လှုပ်မှုများဖြင့် ပြည့်နေလေသည်။၎င်းတို့မှာ အခြားခံစားချက်များကိုပင် မပြုလုပ်နိုင်တော့ပေ။ယီယွင် ကြောင့် တုန်လှုပ်ခြောက်ခြားလျှက် ရှိနေကြသည်။
တဒင်္ဂလှုပ်ရှားမှူ ၏ ပဏာမအဆင့်မှာ လူတစ်ဦး၏ ခန္ဓာကိုယ်ကို တိကျစွာ ထိန်းချုပ်နိုင်စေရန် ဖြစ်သည်။ တိုက်ခိုက်မှုကိုရှောင်ရှားရန် အသေးဆုံးလှုပ်ရှားမှုကို အသုံးပြုနိုင်သည်။ လှုပ်ရှားမှုများ၏ ထိရောက်မှုမှာ ၉၀ရာခိုင်နှုန်း အထက်တွင် ရှိသည်။
တဒင်္ဂလှုပ်ရှားမှာ သေးငယ်သောအောင်မြင်မှုအဆင့်တွင် တိုက်ခိုက်သူ၏ "စွမ်းအား" ကိုအသုံးပြုကာ ထို"စွမ်းအား" ကို ခံစားရစေရန်ဖြစ်သည်။ ပြိုင်ဘက်၏ အင်အားကို ပြိုင်ဘက်ထံသို့ တန်ပြန်အသုံးချရန်ဖြစ်သည်။
တဒင်္ဂလှုပ်ရှားမှု၏ ကြီးမားသောအောင်မြင်မှုအဆင့်အတွက်၊ ၎င်းသည် ကောင်းကင်နှင့်မြေကြီး၏ “စွမ်းအား” ကို ခံစားပြီး ပတ်ဝန်းကျင်အာကာသနှင့် ပေါင်းစပ်ကာ ၎င်းကို “ပကတိနယ်မြေ” ဖြစ်လာစေသည်။
လက်ရှိအချိန်တွင် ယီယွင်မှာ ၎င်း၏ ပတ်လည်ခြေတလှမ်း ဧရိယာတစ်ခုကို ဖန်တီးထားသည်။ ယီယွင် အာရုံစိုက်နေသမျှ လှုပ်ရှားမှုတိုင်းကို ပြီးပြည့်စုံစွာ ဟန်ချက်ညီမည်ဖြစ်ပြီး အပြစ်ကင်းစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ယီယွင် သည် တဒင်္ဂလှုပ်ရှားမှု ၏ ကြီးမားသော အောင်မြင်မှုအဆင့်သို့ ရောက်ရုံမျှသာရှိပြီး ၎င်းကို အပြည့်အဝနားမလည်သေးပေ။ သို့သော် ထိုအဆင့်မှာ ကျင်းပြည်နယ် သခင်လေးများ နားမလည်နိုင်သော နယ်ပယ်တစ်ခုဖြစ်သည်။
"အံ့ဩစရာပဲ၊ ကျင်းလင် ဟာ ရေကန်ထဲမှာ နေထိုင်လေ့ရှိတဲ့ သတ္တဝါမဟုတ်ပေမယ့် မုန်တိုင်းနဲ့ ရင်ဆိုင်ရတဲ့အခါ နဂါးအဖြစ် ပြောင်းလဲသွားလိမ့်မယ်" ယန်မန်လုံက တစ်နေ့တွင် တိုင်အာနတ်ပြည်ထောင်သို့ တက်လာသောကြယ်ပွင့်အသစ် မှာ ယီယွင် ဖြစ်လာမည်ဟု ကြိုတင်ရိပ်စားမိနေလေသည်။