သိုင်းပညာအတွက် နှလုံးသား
Vol. 11 Ch. 152
အအေးသတ္တု သွေးဘောလုံးအစီအရင်အတွင်းရှိ ယီယွင် သည် ယခုအခါတွင် ၎င်း၏ကိုယ်ပိုင်ကမ္ဘာထဲသို့ လုံးလုံးလျားလျား နစ်မြုပ်သွားပြီဖြစ်သည်။
ဗိုလ်ချုပ် ယန် နှင့် ကျင်း ပြည်နယ် သခင်လေးများထံမှ ထွက်ပေါ်လာသော အသံများကို ယီယွင် မကြားတော့ပေ။
ယီယွင်ခံစားခဲ့ရသမျှမှာ ခန္ဓာကိုယ်တစ်ဝိုက်တွင် ခြေတစ်ချောင်းသာသာရှိတဲ့ မိမိ၏ပကတိနယ်မြေပင်။ ဤနေရာငယ်လေးကို အပြည့်အဝထိန်းချုပ်နိုင်သည့်စွမ်းရည်က ယီယွင် ကို စွဲလမ်းစေခဲ့သည်။
ယခုကမ္ဘာသို့ရောက်လာချိန်မှစ၍ ယီယွင် ၏သိုင်းပညာသည် ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ သိုင်းပညာကို စူးစမ်းလေ့လာရန် စိတ်ပါဝင်စားလာလေဖြစ်သည်။
သိုင်းပညာသည် လှပတင့်တယ်သော ဘဏ္ဍာတိုက်တစ်ခုလိုပင်။ ထိုထဲတွင် စစ်သည်တော်များ စူးစမ်းရန် စောင့်နေသော လျှို့ဝှက်ဆန်းကြယ်မှု နှင့် အမှန်တရားများ များစွာကျန်ရှိနေလေ၏။
မြင့်မားသောပန်းတိုင်ကို ချဥ်းကပ်သည့်အခါတိုင်း၊ ပိုမိုနက်ရှိုင်းသော နားလည်မှုတစ်ခုကို ရရှိကာ ကျေနပ်အားရစေသည်။
ယီယွင် သည် လင်ရှင်းထုံ နှင့်အတူ အဆုံးမဲ့ တောင်နှင့် ချောက်များကို ဖြတ်ကျော်ပျံသန်းခဲ့သည့်အချိန်ကို မှတ်မိနေသေးသည်။
ပျက်စီးခြင်းလူသား တောင်ကြားတွင် ကြမ်းတမ်းခြင်း သားရဲများကို တိုက်ခိုက်နေစဉ်တွင် မိမိအားခွန်အားကိုပေးစွမ်းခဲ့သည့် စိတ်လှုပ်ရှားဖွယ် ခံစားမှုများလည်း ရှိခဲ့သည်။
ထို့စွမ်းအားတို့ဖြင့် ယီယွင်မှာ ထင်ပေါ်မှု၊ ရာထူး၊ လေးစားမှုနှင့် ပျော်ရွှင်မှုများကို မိသားစုနှင့် သူငယ်ချင်းများအတွက် ရယူနိုင်ခဲ့သည်။ ၎င်း၏ ကလဲ့စားချေခြင်းကို လျင်မြန်စွာ ဖြေရှင်းခြင်းဖြင့် လောကကို အုပ်စိုးနိုင်ကာ လူကောင်းနှင့် လူဆိုးတို့အား တရားမျှတအောင် ဖြည့်ဆည်းပေးနိုင် စေမည်။
ထိုစွမ်းအားများကြောင့် ယီယွင်၏ ဆန္ဒများကို ပြင်းထန်စေသည်။ မြင့်မားသောသိုင်းပညာအဆင့်များကို စူးစမ်းလေ့လာရန် အမြင့်သို့တက်ရန် အဆုံးမရှိသောငတ်မွတ်မှုပေ။
လူ့ဘဝသည် အလွန်တိုတောင်းပြီး အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးလျှက်ရှိကြပေသည်။
ကြီးမားကျယ်ပြန့်သော ကျတ်တီးမြေတွင် ခရမ်းရောင်တိမ်တိုက်များ မွေးဖွားစေမည့် ထူးထူးဆန်းဆန်းအရာဖြစ်သည့် ခရမ်းရောင်သလင်းကျောက်ရင်းမြစ်ကို ရယူခြင်းဖြင့် ယီယွင် သည် ကောင်းကင်ဘုံကို အံတုပြီး ကျေနပ်ဖွယ်ကောင်းသော ဘဝတစ်ခုကို ဦးဆောင်နိုင်စေကာ ကိုယ်ပိုင်ဒဏ္ဍာရီကို ဖန်တီးနိုင်စေခဲ့သည်။ ယီယွင်က တဒင်္ဂကာမဂုဏ်များတွင် မွေ့လျော်တတ်သူ မဟုတ်ပေ။သို့သော် မိမိတွင် နှာဘူးစိတ်ရှိသော်လည်း နှစ်ပေါင်းရာချီကာ ကြာမြင့်သွားခဲ့လျှင် ရလဒ်က အစွန်းအထင်းတစ်ခုအဖြစ်သာ ရှိနေပေလိမ့်မည်။
ဟင်းသီးဟင်းရွက်နှင့် ကောက်ပဲသီးနှံများမှာ အပင်ကြီးထွားရန် တစ်နှစ်ခန့်အချိန်ယူခဲ့ရသော်လည်း နောက်ဆုံးတွင် ၎င်းတို့မှာ သေမျိုးများ၏ အစာအိမ်ထဲတွင်သာ လမ်းဆုံးသွားရပေသည်။ သို့သော် မဟူရာသံကျောက်တုံးသည် နှစ်ထောင်ပေါင်းများစွာ အရောင်တင်ပါက ထို ကျောက်တုံးများ၏ တောက်ပမှုမှာ နောက်ထပ် နှစ်သန်းပေါင်းများစွာ ကြာရှည်စွာ တောက်ပဦးမည်ဖြစ်သည်...
ယခု ယီယွင်မှာ အရောင်တင်ခြင်း အဆင့်တွင်သာ ရှိနေသေးသည်။ အရာရာကို ပြီးမြောက်အောင်မြင်ရန်အတွက် စိတ်ရှည်သည်းခံမှု၊ ဇွဲသတ္တိတို့ရှိရပေမည်။
အအေးသတ္တု သွေးဘောလုံး အစီအရင်ထဲသို့ ဝင်ရောက်ခြင်းဖြင့် ယီယွင် သည် တဒင်္ဂလှုပ်ရှားမှု ၏ ကြီးမားသော အောင်မြင်မှုအဆင့်သို့ ရောက်ရှိခဲ့သည်။ ထိုအပြင် သိုင်းပညာ လေ့ကျင့်လိုစိတ်ကိုလည်း အားဖြည့်ပေးသည်။
စက္ကန့်များသည် မိနစ်အဖြစ်သို့ ပြောင်းလဲသွားပြီး မိနစ်သုံးဆယ် အကြာတွင်တော့ ယီယွင်သည် လုံးဝစွမ်းအားကုန်ခန်းသွားသောအခါ ထိုလျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ထဲမှ ဖြည်းဖြည်းချင်း ပြန်ထွက်လာနိုင်လေသည်။
အအေးသတ္တု သွေးဘောလုံးအစီအရင်မှ ထွက်လာသောအခါ ယီယွင်ကို ကျင်း ပြည်နယ် သခင်လေးများနှင့် ကြီးမားသော ကျတ်တီးမြေသား တို့သည် ယီယွင်အား ဘီလူးတစ်ကောင်ကဲ့သို့ စောင့်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
၎င်းတို့၏မျက်လုံးထဲတွင် အံဩခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်းနှင့် ကိုးကွယ်ခြင်းများဖြင့် ပြည့်နှက်နေသည်...
“အစ်ကိုယီ မင်းက အရမ်းတော်တာပဲ…” ကျယ်ပြောလှသော ကျတ်တီးမြေသားများက ၀မ်းသာအားရ ပြောလိုက်သည်။
ယီယွင်က "ကျွန်တော်က လှုပ်ရှားမှုနည်းပညာတွေမှာ ပိုကောင်းတယ်၊ တခြားကဏ္ဍတွေမှာ သိပ်မကောင်းဘူး"
ယီယွင်မှာ အမှန်အတိုင်းပြောလိုက်ခြင်းပင်။ တဒင်္ဂလှုပ်ရှားမှုမှာ ယီယွင် ခံယူချက်ကြောင့်ဖြစ်သည်။လူများစွာမှာ ထိုနယ်ပယ်သို့ ယီယွင်၏ အသက်အရွယ်ဖြင့် ရောက်ရှိနိုင်ခြင်း မရှိပေ။
တခြား ကဏ္ဍများမှာလည်း ယီယွင်သည် ကျွမ်းကျင်နေသူတစ်ဦး ဖြစ်သော်လည်း သာမန်မဟုတ်သော ထူးခြားလှသောအဆင့်တစ်ခုကို မရောက်သေးပေ။
ကျင်း ပြည်နယ် သခင်လေးများ၏ အကြည့်များမှာ ယီယွင် အား ရှောင်သွားခဲ့သည်။ စုန့်ကျစ်ကျွင်း သည် ခက်ခဲမှုအဆင့် ဆယ့်ခြောက်အဆင့်တွင်ရှိပြီး မိနစ်သုံးဆယ်သာကြာခဲ့သည်။ သို့သော် ယီယွင်သည် ခက်ခဲမှုအဆင့် ဆယ့်ခုနစ် တွင် မိနစ်သုံးဆယ်ခန့် ထိန်းထားနိုင်ခဲ့သည်။
ဒီခွန်အားများကြောင့် သူတို့မျက်နှာပျက် စေခဲ့သည်။။
"တခြား စိန်ခေါ်မယ့်သူ ရှိသေးလား" ယန်မန်လုံ ၏အမေးမှာ လုံးဝနှုတ်ဆိတ်နေကြလေ၏။
“တကယ့်ဟာသဟေ့ ဟာသ” ယီယွင်ကို ဘယ်လိုလုပ်မှာလဲ။
ထိုအချင်းအရာကိုမြင်တော့ ယန်မန်လုံ က ဟက်ဟက်ပက်ပက် ရယ်မောပြီး " ၊မင်းမှာ အရည်အချင်းရှိသရွေ့ မင်းရဲ့ အထက်လူကြီးနဲ့ ငါကို လေ့ကျင့်ရေးကွင်းကနေ ဆွဲထုတ်နိုင်တယ်၊ ဒီနေ့ ယီယွင် ရဲ့ တက်ကြွမှုက နံပါတ်တစ်ပဲ"
"ငါ့ကတိအတိုင်း ငါ့ရဲ့ လက်နက်နှစ်လက်နဲ့ အရိုးခြင်ဆီနှစ်ခုက မင်းကို စောင့်နေတယ်၊ ငါ့နောက်ကို လိုက်ခဲ့" ယန်မန်လုံ က ယီယွင်အား ခေါ် ပြီး ပြောလိုက်လေသည်။
ကျန်းတန် က ယီယွင်၏ ပုခုံးကို ပုတ်ပြီး မနာလိုသောပုံစံဖြင့် "ကောင်လေး၊ မင်းက တော်တယ်။ ဗိုလ်ချုပ် ယန် က တော်ရုံတန်ရုံ ချီးမွမ်းတာ မဟုတ်ဘူး။ ထိပ်တန်းလက်နက်တိုက်ထဲက လက်နက်နှစ်လက်က ငါ့ကို မနာလိုစေတာတော့ အမှန်ပဲ"
ယီယွင်မှာ အတွေးပေါင်းစုံဖြင့် ပြုံးလိုက်လေ၏
လက်နက်...
လက်နက်ရွေးချယ်ခြင်းသည် ကြီးလေးသောကိစ္စဖြစ်သည်။
မြို့တော် ၏ ကျင်းလုံဝေ့ ထိပ်တန်းလက်နက်တိုက်ကို နန်းမြို့တော်လက်နက်တိုက် ဟုခေါ်သည်။ ၎င်းသည် မြင့်မြတ်သောမြို့တော်၏ ကျင်းလုံဝေ့စခန်းနောက်ဘက်တွင် တည်ရှိသည်။ လက်နက်တိုက်ကို မီးတောင်ကျောက်များဖြင့် ပြုလုပ်ထားသည်။ လက်နက်တိုက်အပြင်မှ ကြည့်လျှင် ခမ်းနားထယ့်ဝါလှပေသည်။
နန်းမြို့တော်လက်နက်တိုက်တွင် သိမ်းဆည်းထားသော လက်နက်များသည် အကောင်းဆုံးရတနာများထဲမှ အဖိုးတန်ဆုံးအရာများဖြစ်သည်။
ယီယွင်မှာ နန်းမြို့တော်လက်နက်တိုက်၏ ဝင်ပေါက်သို့ ရောက်ရှိလာပြီး သေမင်းတမန် အရိပ်အယောင်ကို ခံစားလိုက်ရလေသည်။
ထိုအရှိန်အဝါတို့သည် လက်နက်တိုက်အတွင်းရှိ ခမ်းနားသောလက်နက်များမှ ထွက်ပေါ်လာခြင်းပင်။
လက်နက်များမှာ အသစ်များ မဟုတ်ပေ။ တချို့မှာ ကွင်းပြင်များတွင် လတ်ဆတ်သော သွေးကိုသောက်သုံးထားကြသည်။ တချို့မှာ ပြိုင်ဘက်ကင်း များနှင့်အတူ သန်မာလှသော ပျက်စီးခြင်း သားရဲများကိုပင် သတ်ခဲ့ကြသည်။
သုတ်သင်ခြင်း လုပ်ငန်းစဉ်များတွင် အသုံးပြုထားသော လက်နက်များသာလျှင် ဤကဲ့သို့ သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်နိုင်လေသည်။
"အခြေနေ ဘယ်လိုလဲ" ယန်မန်လုံ က တုံ့ပြန်မှုကို မြင်ပြီးနောက် ယီယွင်ကို ပြုံးပြကာ မေးလိုက်သည်။
"ကျွန်တော့် သွေးတွေဆူစေတယ်" ယီယွင် က လေးနက်စွာ ပြန်ဖြေသည်။
"ဟားဟား ကောင်းပြီ၊ ဝင်ကြည့်ရအောင်"
ယန်မန်လုံက ယီယွင် အရှေ့မှဦးဆောင်ကာ နန်းမြို့တော်လက်နက်တိုက် အတွင်းသို့ ၀င်လိုက်လေသည်။ အတွင်းပိုင်းကိုမြင်ရသော် အခါ ယီယွင် မျှော်မှန်းထားသည်နှင့်မတူပေ။ လက်နက်များကို လှောင်အိမ်များတွင် ထည့်ထားခြင်း မရှိပဲ ကျောက်စင်မြင့်များပေါ်တွင် စိုက်ထူထားလေ၏
သုံးပေအရွယ် မဟူရာသံကျောက်စင့်မြင့်ပေါ်တွင် စိုက်ထားသော လက်နက်တစ်ခုစီ ရှိနေလေသည်။
ဓားမောက်၊ ဓား၊ လှံနှင့် စစ်ပုဆိန်သွားတပ်လှံရှည်များ မျိုးစုံပင်။
ယီယွင်မှာ လက်နက်တိုက်ထဲသို့ ဝင်သွားပြီးနောက် သုံးမီတာရှည်သော လှံတစ်ချောင်းကို တွေ့လိုက်ရသည်။ ပုံသဏ္ဍန်မှာ ဆိုးသွမ်းရက်စက်ဖွယ် မြွေလိမ်မြွေကောက်ပုံစံဖြင့် ပုံဖော်ထားသည်။ ၎င်းကို ကျောက်ဆောင်တစ်ခုပေါ်တွင် စိုက်ထူထားသည်။ ထိုလှံရှည်ပေါ်တွင် အညိုရောင်မှိုများတက်နေသဖြင့် သွေးများစွန်းနေသကဲ့သို့ ဖြစ်နေလေသည်။
လှံကိုမြင်သောအခါ ယီယွင် စိတ်တွင် တစ်စုံတစ်ခုကို ခံစားလိုက်ရလေသည်။ထိုနောက် လှံကို ကိုင်ရန်အတွက် ရှေ့သို့တိုးလိုက်သည်။ လှံမှာ အေးစက်နေသော သံတုံးကဲ့သို့ပင်။
ယန်မန်လုံမှာ ရယ်လျှက် “ ကောင်လေး ဒီလှံကို ‘သာမာန်အသိအမြင်များကိုဖျက်စီးခြင်း’ လို့ ခေါ်တယ်ကွ၊ ဘာကြောင့်လဲဆိုတော့ ရှေးခေတ်က စစ်သူကြီးများစွာ ကိုင်ဆောင်တဲ့ လှံတွေက လှံရှည်တွေပဲ အဲဒီလှံရှည်တစ်ချောင်းကို ကိုင်ပြီး ရန်သူများစွာကို တစ်ချက်တည်း ထိုးဖောက်သတ်ခဲ့တာ အလွန်ကြည်နူးစရာကောင်းတယ်မလား၊ ဒီလှံကို သုံးမယ်ဆို မင်းအတွက် ရှည်နေလိမ့်မယ် ”
ယီယွင် ၏ ခန္ဓာကိုယ်မှာ အရွယ်မရောက်သေးသောကြောင့် လှံမှာ ယီယွင်ထက် နှစ်ဆခန့်ပိုရှည်နေလေသည်။
ယီယွင်က ခေါင်းညိတ်လိုက်သည်။ယီယွင် ယခုတွေ့သည့် လက်နက်များမှာ အစသာရှိသေးပြီး လက်နက်တိုက်ထဲတွင် လက်နက်ပေါင်းများစွာ ကျန်ရှိနေသေးသည်။
ယီယွင် လက်နက်မျိုးစုံကိုကြည်ကာ အံ့ဩမှင်တက်လျှက် ရှိနေလေ၏။ယီယွင် ဘယ်ကဘယ်လိုစရမှန်းမသိပေ။
ဖြည်းညှင်းစွာ လျှောက်လှမ်းပြီး လက်နက်တစ်ခုချင်းစီကို ညင်သာစွာ လိုက်ကိုင်ကြည့်သည်။ တခါတရံ ယီယွင်မှာ ကျောက်စင်များပေါ်သို့ တက်ကာ လက်နက်များကို ကိုင်ကြည့်လေသည်။ အထူးခံစားချက်တစ်ခုရှာတွေ့ရန် မျှော်လင့်ချက်ဖြင့် လက်နက်များအား လက်ဖြင့်လိုက်ကိုင်၍ ရွေးချယ်ခြင်းမှာ မှန်ကန်သည်ဟု ယီယွင်ယူဆထားသည်။
လက်နက်အားလုံးမှာ လက်ရာမြောက်ပြီး ထူးခြားသောအတိတ် ကိုယ်စီရှိသော်လည်း၊ ယီယွင် အကြိမ်ကြိမ်ကြိုးစားရှာဖွေပြီးနောက် လက်နက်များကြားတွင် ကြီးမားသောကွာခြားမှုမရှိကြောင်း တွေ့ရှိခဲ့သည်။
ထိုကြောင့် လက်နက်တစ်ခုကိုမျှ ယီယွင် မရွေးချယ်နိုင်ခဲ့ပေ။
ယန်မန်လုံ က ယီယွင်အား အဓိပ္ပါယ်ရှိသော အကြည့်ဖြင့် ကြည့်လိုက်လေ၏။ ယီယွင်၏အတွေးတွေကို ခန့်မှန်းပြီး “ဘယ်ကိုရွေးရမယ်ဆိုတာ မဆုံးဖြတ်နိုင်ဘူးလား” လို့ မေးလိုက်သည်။
ယီယွင်က "ကျွန်တော်... ဘယ်အမျိုးအစားကို ရွေးရမယ်ဆိုတာ မဆုံးဖြတ်နိုင်ဘူး"
စစ်သည်တော် အများအပြားသည် ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင် လက်နက်တစ်မျိုးတည်းကိုသာ အသုံးပြုကြမည်ဖြစ်သည်။ ဓားရှည်သုံးသူများမှာ ဓားများကိုသာဆက်အသုံးပြုပြီး လှံအသုံးပြုသည့်သူများလည်း လှံများကိုသာ ဆက်သုံးကြလိမ့်မည် ဖြစ်သည်။
ကိုယ်ပိုင်သိုင်းပညာနှင့် ကိုက်ညီမည့် လက်နက်ကို ရွေးချယ်သည်မှာ မလွယ်ကူလှသော တာဝန်ကြီးတစ်ခုပင်။
ယန်မန်လုံ က မေးစေ့ကို ပွတ်သပ်ပြီး "ယီယွင် တချို့စစ်သည်တော်တွေက လက်နက်အမျိုးအစားတွေနဲ့ သဘာဝအတိုင်း လိုက်လျောညီထွေ ရှိကြတယ် ငါမြင်ဖူးတဲ့ သဘာ၀ဓားသမားဆို သူတို့က ဓားအတွက် မွေးဖွားလာပုံရတယ်။ အဲလိုပဲ ကိုယ်နဲ့ အလိုက်ဖက်ဆုံး ဖြစ်မယ့် လက်နက်ကို ရွေးချယ်ရတာပဲ"
"ဒါပေမယ့် ဘယ်လက်နက်အမျိုးအစားကို အသုံးပြုရမလဲ သတိမထားမိတဲ့ လူတွေရှိတယ်။ ဘယ်လက်နက်မဆို သူတို့နဲ့ လိုက်ဖက်တယ်။ ဒီလိုလူတွေဟာ သီးသန့်လက်နက်ရှိဖို့ မလိုပါဘူး၊ သူတို့ရဲ့ အလိုဆန္ဒအရပဲ"
“လက်နက်ဆိုတာ စစ်သည်တော်ရဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခု… တချို့လက်နက်တွေက စစ်သည်တော်တွေရဲ့ အသက်၊သူတို့ရဲ့ ခန္ဓာကိုယ်ကို ဓားအဖြစ် ပြောင်းလဲပစ်ချင်တဲ့ သဘာဝဓားသမားတွေကို ငါတွေ့ဖူးတယ်”
"အဲလိုလူမျိုးတွေက ဓားအသုံးပြုရာမှာအရမ်းကောင်းတယ်။ ဒါပေမယ့် သူတို့ဓားတွေနဲ့ ကွဲကွာသွားတဲ့အခါ သူတို့ရဲ့ တိုက်ပွဲစွမ်းအားတွေ လျော့ကျသွားလိမ့်မယ်၊အဲလို လွန်ကဲတဲ့ အားသာချက်တွေ အားနည်းချက်တွေ ရှိတယ်"
"သူတို့လိုလူတွေအတွက်က လက်နက်နဲ့လိုက်လျောညီထွေ ဖြစ်အောင်ရွေးချယ်တယ် တချို့သူတွေက လက်နက်ကို သူတို့ကိုယ်တိုင် လိုက်လျောညီထွေဖြစ်အောင်လုပ်ဖို့ ရွေးချယ်ကြတယ်။ ဒီလူတွေက အားကောင်းတယ်၊ ဒါကြောင့် သူတို့ရွေးတဲ့လက်နက်က အရေးမကြီးဘူး။"
"ဥပမာ ကျင့်ကြံခြင်းနည်းစနစ်မှာဆို "ထိုက်အန်းနတ်ကျင့်စဉ်" ဆို ထိပ်တန်းအဆင့် ကျင့်စဉ်နည်းစနစ်တစ်ခု ဖြစ်နိုင်သော်ငြားလည်း ကျင့်ကြံခြင်းစနစ်အားလုံးရဲ့ အဆုံးမဟုတ်ဘူး၊ "ထိုက်အန်း နတ်ကျင့်စဉ်" ကို လွန်ကဲသောအဆင့်အထိ လေ့ကျင့်ဖို့ ရွေးချယ်နိုင်သော်လည်း အခြားသော ကျင့်ကြံခြင်းနည်းစနစ်များကိုလည်း ကိုယ်တိုင် ပေါင်းစပ်ပြီး ကျင့်ကြံခြင်းနည်းစနစ်ကို ရွေးချယ်နိုင်ပါသည်။"
“လမ်းကြောင်းနှစ်ခုရှိတယ်။ ဘယ်လမ်းက ပိုကောင်းလဲ ပြောရခက်တယ်။ တစ်ခုက ကျဉ်းပေမယ့် မင်းကို အထွတ်အထိပ်ရောက်အောင် တွန်းပို့တယ်၊ နောက်တစ်ခုက ကျယ်တယ်၊ လမ်းကြောင်းတွေ အများကြီးကို ဖြတ်သွားနိုင်တယ်။ မင်းပဲရွေးချယ်ရမှာ”
ယန်မန်လုံ ၏ စကားများသည် ယီယွင် ကို စိတ်အားထက်သန်စေသည်။ ထိုစကားများမှာ ယီယွင်အား ဉာဏ်အလင်းပေးသည့် တကယ့်အတွေ့အကြုံမှ ထိုးထွင်းသိမြင်ခြင်းများဖြစ်သည်။
"ကျွန်တော်နားလည်ပါပြီ" ယီယွင် က ခေါင်းညိတ်လိုက်သည်။ ယီယွင်စိတ်ကို အဆင့်သင့် ပြင်လိုက်လေသည်။