← Chapters

ယီယွင်၏လက်နက်

Vol. 11 Ch. 153

ယီယွင်၏လက်နက်

Vol. 11 Ch. 153

ယန်မန်လုံ က ယီယွင်အား လက်နက် နှစ်မျိုး ရွေးချယ်ခွင့် ပေးလိုက်သည်။ ၎င်းတို့မှာ မတူညီသော လက်နက် အမျိုးအစား ဖြစ်သည်။

ယီယွင်မှာ အဝေးပစ်နှင့် အနီးကပ်တိုက်ခိုက်‌ရေး လက်နက်များကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။

အဝေးပစ်လက်နက်များမှာ လေးများ၊ ဒူးလေးများ၊ လက်နက်ပုန်းများ၊ လှံ နှင့် စစ်ပုဆိန်များဖြစ်သည်။

နန်းမြို့တော် လက်နက်တိုက်ရှိ အဝေးပစ်လက်နက်များထဲတွင် ဒူလေးများမှာ အသုံးအများဆုံးဖြစ်သည်။ စစ်ပွဲအတွက် လက်နက်ပုန်းများမှာ မသင့်တော်လှပေ။ လှံများနှင့် စစ်ပုဆိန်များကို မျိုးနွယ်စုများတွင်သာ အဓိကအသုံးပြုကြသည်။ ထိုလက်နက်များသည် လေးလံလွန်းပြီး အမဲလိုက်ရန်အတွက်သာ သင့်တော်‌ပေသည်။ ထိုအပြင် ခရီးဝေးများ သယ်ယူရန်အတွက်လည်း ခက်ခဲလှပေသည်။ လူတစ်ဦး၏ သယ်ဆောင်နိုင်မှုကန့်သတ်ချက်မှာ လှံဆယ်ချောင်း သို့မဟုတ် စစ်ပုဆိန်ဆယ်ချောင်းခန့်သာ ရှိသည်။

ယီယွင် မှာ မိမိနှင့်ကိုက်ညီမည့်လက်နက်ကို စဉ်းစားနေသည်။

လေးကို ထိလိုက်တာစဉ်က ထူးခြားမှုတစ်ခုခုကို ယီယွင် ခံစားလိုက်ရသည်။

ခံစားချက်မှာ ရှင်းရှင်းလင်းလင်းမဟုတ်လှသော်လည်း ရှင်းပြရခက်ခဲသည့် ခံစားချက်များဖြင့် ဆက်သွယ်နေသကဲ့သို့ပင်။

“လေး…ကျွန်တော်ရဲ့ ပထမဆုံးလက်နက်အတွက် လေးကို ရွေးမယ်”

"အိုး မင်းက လေးကိုရွေးလိုက်တာလား" ယန်မန်လုံ ၏ မျက်လုံးများ တောက်ပလာသည်။ "စစ်တပ်မှာ၊ သိုင်းစွမ်းရည် ဆယ့်ရှစ်ရပ်ရှိပြီး လေးက ပထမပဲ၊ဒုတိယက ဒူး‌လေး၊ တတိယက လှံ၊ စတုတ္ထကဓား၊ ပဉ္စမ ကဓား၊ ဆဋ္ဌမကလက်ကိုင်တုတ်...ပြီတော့ နောက်ဆုံးက လက်ဗလာတိုက်ခိုက်ခြင်းပဲ၊အဲ‌တော့ သိုင်းစွမ်းရည် ဆယ်ရှစ်ရပ်မှာတွင် လေးက ပထမဖြစ်ပြီး နောက်ဆုံးကလက်ဗလာတိုက်ပွဲပဲ"

လက်ဗလာတိုက်ပွဲမှာ လက်ချည်းသက်သက်တိုက်ခိုက်ခြင်း‌ပေ။ စစ်သည်တစ်ဦးသည် ၎င်းတို့အနားတွင် လက်နက်အမြဲရှိမည်မဟုတ်ပေ၊ ဥပမာအားဖြင့် ၎င်းတို့၏လက်နက်ကို လွတ်ကျလွင့်စင်ခြင်းမှာ ဖြစ်နိုင်ခြေရှိသော ဖြစ်ရပ်တစ်ခုဖြစ်သည်။

ထို့ကြောင့် လက်ဗလာတိုက်ပွဲမှာလည်း အလွန်အရေးကြီးလှသည်။ ထို့ကြောင့် သိုင်းစွမ်းရည် ဆယ့်ရှစ်ရပ်တွင် နောက်ဆုံးအနေဖြင့် ပါ၀င်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

လေးသည် အဝေးပစ်လက်နက်များထဲတွင် ဘုရင်ဖြစ်သောကြောင့် သိုင်းစွမ်းရည် ဆယ့်ရှစ်ရပ်တွင် ပထမအဆင့်အဖြစ် သတ်မှတ်ခံရသည်။ စစ်ပွဲနှစ်ခုကြားတွင် အလွန်အရေးကြီး‌ပေသည်။

အဆင့်နိမ့်စစ်သည်တစ်ယောက်အတွက် ဒူးလေးမှာ ကိုင်ဆောင်ရန်နှင့် သင်ယူရန် ပိုမိုလွယ်ကူမည်ဖြစ်သည်။ သို့သော် ဒူးလေးသည် စက်စွမ်းအားပေါ်တွင်မူတည်သောကြောင့် ၎င်း၏ပစ်ခတ်နိုင်စွမ်းသည် ဒူးလေး၏ကိုယ်ထည်ပေါ်တွင်မူတည်သည်။

သို့သော် လေးမှာ စစ်သူရဲ၏ လက်စွမ်းအပေါ်တွင် အပြည့်အဝမူတည်သည်။

ထို့ကြောင့် ရှေးခေတ်က စစ်ဗိုလ်ချုပ်များနှင့် လူသားခေါင်းဆောင်များ အားလုံးသည် လေးများကို အသုံးပြုကြသည်။ ပြိုင်ဘက်စစ်တပ်ကို ဦး‌ဆောင်ရန် အကောင်းဆုံးလက်နက်မှာ လေး ပင်ဖြစ်သည်။

လေး၏အရှိန်သည် ဒူးလေးနှင့် ယှဉ်နိုင်သော အရာမဟုတ်‌ပေ။ ဒူးလေးထက် အနည်းဆုံး လေးဆမှ ငါးဆအထိမြန်ဆန်လှသည်။

ကျွမ်းကျင်သူတစ်ဦးသည် ဒယ်စောက်တစ်ထောင် လေးကို ဆွဲတင်၍ ၎င်း၏ အဆက်မပြတ်ပစ်ချက်ဖြင့် မြို့ရိုးများကိုပင်ပြိုကျနိုင်သည်။

ယန်မန်လုံက မိမိရွေးချယ်မှုကို အသိအမှတ်ပြုသည်ကို မြင်လိုက်သောအခါ ယီယွင် က အနီရောင် တိုက်ပွဲလေးတစ်ချောင်းကို ချက်ချင်း ရွေးချယ်လိုက်သည်။ လေးကိုဆွဲထုတ်ကာ အားကုန် ဆန့်လိုက်‌လေသည်။

ယီယွင်၏ သွက်လက်မှုနှင့် ယှဉ်ပါက လက်မောင်း ခွန်အားမှ အလွန်ကြီးမားလှသည် မဟုတ်သော်လည်း တခြားစစ်သည်များ အဆင့်ထက် အဆပေါင်းများစွာ ပိုသန်မာ နေဆဲပင်။

ထိုအပြင်၊ ယီယွင်မှာ "မာကျောမှု ခန္ဓာကိုယ်၊ နဂါးပေါင်းစည်းခြင်း" အခြေအနေသို့ ရောက်ရှိပြီး ဖြစ်သည်။

ယီယွင် အနီရောင်တိုက်ပွဲ၀င်လေးကို ဆန့်ထုတ်လိုက်သောအခါ ယီယွင်၏ အဆစ်များမှာ အက်ကွဲသံများပင် ထွက်လာလေသည်။ ယန်မန်လုံ က သူ့မေးစေ့အား ပွတ်သပ်ကာအနည်းငယ် ခေါင်းညိတ်ပြပြီး "မဆိုးပါဘူး၊ ဒါက ကျင်း ပြည်နယ်က စု မိသားစုက ပြုလုပ်တဲ့ ဆီခိုရာ လေး ပဲ၊ မဟူရာသံကျောက်နဲ့ အကြိမ်ပေါင်း တစ်ထောင်ခန့် အပူပေး ထုလုပ်ထားခြင်းဖြစ်တယ်။ အစောပိုင်းအဆင့် ခရမ်းရောင် သွေးစစ်သည်တွေတောင် လေး တင်ဖို့တောင် ခဲယဉ်းလွန်းတယ်။ ထိပ်ဆုံးအဆင့် ခရမ်းရောင် သွေးစစ်သည်လောက်ပဲ ထိုလေးကို ဆွဲတင်ကာ အဆက်မပြတ် ပစ်ခတ်နိုင်တာ”

ယီယွင် က ခေါင်းယမ်းလိုက်ပြီး ဆီခိုရာ လေးကို ချလိုက်သည် ။

"အိုး မင်းအရမ်းပေါ့ပါးနေတာတွေ့လား" ယန်မန်လုံ က ယီယွင်အား ပြုံး၍ ပြောလိုက်လေသည်။

ယီယွင် က ခေါင်းညိတ်လိုက်ပြီး "အခုတော့ မဆိုးပါဘူး၊ ဒါပေမယ့် ကျွန်တော်ရဲ့ ခွန်အားက အလျင်မြန်ကြီးထွားလာတယ်၊ ဒီ လေးကို မကြာခင်မှာ အသာလေးသုံးနိုင်မှာပါ"

ထိပ်ဆုံးအဆင့် ခရမ်းရောင် သွေးစစ်သည်တစ်ဦးက လေးကို ကြိုးတင်နိုင်သည့်အတွက် ယီယွင်အတွက်လည်း ခက်ခဲလှမည်မဟုတ်ပေ။

"ဟားဟား၊ ကောင်းပြီ ငါ့နောက်လိုက်" ယန်မန်လုံ က ပြောပြီး ယီယွင် ကို ကျောက်စာတိုင်ကြီးတစ်ခုဆီ ခေါ်သွားလေသည်။ ထိုကျောက်တိုင်နောက်ကွယ်မှ လေးတစ်ချောင်းကို ထုတ်ယူကာ “ဒီတစ်ခုကို စမ်းကြည့်လိုက်”

ယန်မန်လုံ က အနက်ရောင် သံလေးကို ယီယွင်ထံသို့ ပစ်လိုက်လေသည်။ ထိုနောက် ယီယွင်အား အကဲခတ်ရန်ကြည့်နေလေ၏။

ယီယွင် လေးကို ဖမ်းလိုက်ပြီး လက်များပင် အောက်သို့နစ်သွားသလို ခံစားလိုက်ရသည်။

ထိုမျှလေးလံသောလေး၊

ယီယွင် အံ့သြသွားကာ မြှားကိုပစ်ဖို့နေနေသာသာ သာမာန်စစ်သည်တစ်ဦးအတွက် ထိုလေးကို တင်ရန်မှာ ခက်ခဲလှပေမည်။

ယီယွင် က ခွန်အားကိုသုံးပြီး ဆွဲတင်လိုက်တယ်။ လေးကြိုးအား သေးငယ်သောပမာဏလောက်သာ ဆွဲနိုင်လေသည်။

ယီယွင် မျက်ခုံးပင့်လိုက်လေ၏။ ခက်ခဲတာ သေချာပါတယ်။ ယီယွင်၏ ခွန်အားမှာ ပေါင်ရာနှင့်ချီသော သားရဲအသားများကို ဆွဲထုတ်နိုင်စွမ်းရှိသော်လည်း လေးကြိုးကို ဆွဲနိုင်ခြင်းမရှိပေ။

“ခရမ်းရောင်သွေးစစ်သည်တောင်မှ ဒီမဟူရာသံလေးကို မသုံးနိုင်တော့ဘူး။ ဘယ်လိုလဲ၊ မင်းအတွက် လုံလောက်တယ်လို့ မင်းထင်လား”

ယီယွင် သည် လေးလေးနက်နက် တွေးတောရင်း အတန်ကြာအောင် စဉ်းစားလိုက်မိသည်။ မျက်လုံးကိုမှိတ်ထားပြီး လေးကိုဆွဲလိုက်သောအခါ လေး၏ စွမ်းအင်နှင့် တုန်ခါမှုများကို ခံစားလိုက်ရသည်။ ထို့နောက် ယီယွင် ခေါင်းယမ်းလိုက်သည်။

"အိုး" ရန်မင်လုံက မျက်မှောင်ကြုတ်လိုက်သည်။ "ဒီလေးကို အနည်းအကျဉ်းလောက်သာ ဆွဲထုတ်နိုင်ရုံနဲ့ မလုံလောက်သေးဘူးလို့ ထင်နေသေးသလား၊ ဆွဲထုတ်ဖို့ ခွန်အားနည်းနည်းပဲ ရှိတယ်ဆိုတာ မင်းသိပါတယ်။ အဆုံးကိုရောက်ရင် မင်းပိုပြီးတော့တောင် ခွန်အားလိုလိမ့်မယ်။ ဒီလေးဟာ ခရမ်းရောင်သွေးနယ်ပယ်မှာ မင်းအတွက် လုံလောက်ပြီ၊ မင်းမကျေနပ်‌သေးဘူးလား"

ယီယွင် က ခဏလောက်စဉ်းစားပြီး ” ခွန်အားက လုံလောက်ပါပြီ ဒါပေမယ့်... လေးကိုကိုင်လိုက်တဲ့အခါ ကျွန်တော်နဲ့ ကိုက်ညီမှုမရှိသလို...စိတ်ဝိညာဉ်နဲ့ ချိတ်ဆက်မှု အားနည်းနေသလိုပါပဲ”

ယီယွင် ၏အသံမှာ ချီတုံချတုံဖြစ်ပြီး လေးကိုဆွဲလိုက်သောအခါတွင် ခံစားရသော လျှို့ဝှက်ဆန်းကြယ်သောခံစားချက်များကို မသေချာမရေရာဖြင့် ဖော်ပြနေသည်။ ဆီဒိုရာ‌ လေးကိုထိသောအခါ ကိုက်ညီမှုအားနည်းသော ခံစားမှုတစ်ခုရှိသော်လည်း၊ ထိုခံစားချက်မှာ ယခုအထိ တည်ရှိဆဲဖြစ်သည်။

သို့သော် မဟူရာ သံလေးကို ကိုင်လိုက်သောအခါ အေးသည်မှလွဲရင် တခြားဘာမှမခံစားရပေ။

"အိုး" ယန်မန်လုံ က ယီယွင်အား တအံ့တသြကြည့်ရင်း "မင်းမှာ ဒီလိုခံစားချက်မျိုး ရှိလား ကိုက်ညီမှု‌တွေ ရှိတာလား"

“ဟုတ်တယ်” ယီယွင်က ခေါင်းညိတ်သည်။

ယန်မန်လုံက ယီယွင် ထံမှ မဟူရာသံ လေးကို ယူကာ ပေါ့ပါးစွာဖြင့် ဆွဲလိုက်လေသည်။ မဟူရာသံ လေးသည် အပြည့်အ၀မဆွဲရသေးခင် ပျင်းစရာကောင်းသော တအီအီအသံများ အသံထွက်လာသည်။

ယန်မန်လုံက လေးကြိုးကို လွှတ်လိုက်လေသည်။

"ပင်း"

လေးတစ်ချက်လှုပ်သွားသောအခါ ကျယ်လောင်သော အသံကွင်း တစ်ခုထွက်လာသည်။ထိုမျှကြီးမားသော ခွန်အားဖြင့် ပတ်ဝန်းကျင်လေထုကို ခွဲကာ ပြင်းထန်သော တုန်လှုပ်မှုကို ထုတ်ပေးလိုက်သလိုပင်။

ယီယွင်က အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ ယန်မန်လုံ၏ လက်ရုံးအင်အားကို သိချင်နေမိသည်။

"ကောင်လေး၊ မင်းမှာ သေချာပေါက် သိမြင်နားလည်မှုတစ်ခုတော့ ရှိတယ်။ ဒီမဟူရာသံ လေးဟာ လေးလံပေမယ့်... တန်ဖိုးက မင်းစောစောကမြင်ခဲ့ရတဲ့ ဆီခိုရာ လေးထက် အများကြီးနိမ့်တယ်။ ဆီခိုရာ လေးကို ပန်းပဲဆရာက အထူးပြုလုပ်ထားတာ။ ဒါပေမယ့် ဒီမဟူရာသံ လေးကို အဆင့်မြင့် ပန်းပဲဆရာကပဲ လုပ်ခဲ့တာပဲ မဟူရာသံ‌ လေးက ပစ္စည်းကြောင့်သာ ခက်နေတာ"

"ကြည့်ရတာ... အဝေးပစ်လက်နက်တွေကြားမှာ၊ မင်းမှာ လေးတွေနဲ့ သဘာဝ အာရုံခံနိုင်စွမ်းရှိတယ်... မဆိုးဘူး"

ယန်မန်လုံ က ခဏမျှ တုံ့ဆိုင်းသွားပြီး “ကောင်းပြီ အဲဒီ လေးကို ငါပြမယ်…”

ယန်မင်လုံက ယီယွင်ကို လက်နက်တိုက်၏ အတွင်းပိုင်းအထိ ခေါ်သွားလေသည်။ လက်နက်တိုက်၏ အနက်ရှိုင်းဆုံးနေရာများတွင် ကျောက်စာတိုင်တစ်တိုင်ကို ကျော်သွားပြီးနောက် ယီယွင်သည် ကျောက်တုံးဖြင့်ပြုလုပ်ထားသည့် တံခါးတစ်ချပ်ကို တွေ့လိုက်ရသည်။

ထိုကျောက်တံခါးကိုမြင်လိုက်ရသောအခါ ယီယွင်တွင် မျှော်လင့်ချက်အပြည့်ဖြင့် စိတ်လှုပ်ရှားနေသည်။

နန်းမြို့တော်လက်နက်တိုက်တွင်၊ ထိုလေးကို လျှို့ဝှက်ခန်းထဲတွင် သီးခြားထားရှိထားဆဲဖြစ်သည်၊ ၎င်း၏ ထူးကဲလှသော စွမ်းအင်ကြောင့်ဖြစ်သည်။

ယန်မန်လုံက သော့ကိုထုတ်ကာ ကျောက်တံခါးကိုဖွင့်လိုက်သည်။ ယီယွင် သည် ကျောက်ခန်းမထဲသို့ လိုက်သွားလေသည်။ ကျောက်နံရံပေါ်တွင် အနက်ရောင် လေးရှည်တစ်ခုရှိနေလေသည်။ လေး၏အစွန်းနှစ်ဖက်တွင် လှံစွပ်များတပ်ဆင်ထားသည်။

ယီယွင် သည် ထိုတိုက်ပွဲ၀င်လေးကို မြင်လိုက်သည့်အခိုက်တွင် မျက်လုံးများ တောက်ပလာသည်။ အကြွင်းမဲ့အာဏာကို ချုပ်နှောင်ထားသကဲ့သို့ အတွင်းတွင်ပါရှိသော ရောင်ဝါကိုပါ ခံစားလာနိုင်သည်။

"ထိုက်ခန်း‌လေး ကို ခန်းပြည်နယ်ရဲ့ တစ်သီးပုဂ္ဂလ မင်းမျိုးမင်းနွယ် ကျန်း မိသားစုက လေးမြှားပြုလုပ်တဲ့ အဘိုးကြီးတစ်ယောက်က ဖန်တီးထားတာ"

ကျန်း မိသားစုမှာ မင်းမျိုးမင်းနွယ် လေးနှင့် မြှားမိသားစုဖြစ်သည်။ ကျန်း ဟူသော စကားလုံးအတွင်းမှ လေးဟု အဓိပ္ပာယ်ရသည်။ ၎င်းကို ကျန်းလေးတစ်လက် ၊ ကျန်းလေးနှစ်လက်လိုမျိုး လေးအရေအတွက်ကို ဖော်ပြရာတွင်လည်း အသုံးပြုကြသည်။

“လုပ်စမ်းပါ”

ယန်မန်လုံ၏ လေးဖြစ်ပေါ်လာပုံကိုကြားသောအခါ ယီယွင် အရမ်းစိတ်လှုပ်ရှားသွားတယ်။ သူသည် ရှေ့သို့ခုန်ဆင်းကာ နံရံပေါ်မှ လေးကိုယူလိုက်သည်။

ယီယွင် စိတ်ထဲမှ ပထမဆုံးအတွေးမှာ "လေးလိုက်တာ"

ထို ထိုက်ခန်း‌ လေး ၏ ကိုယ်ထည်မှာ အမြင်တွင် မကြီးမားလှသော်လည်း ၎င်းသည် မဟူရာသံ လေးထက် များစွာပိုလေးလျှက်ရှိသည်။

ထိုက်ခန်းလေး တစ်ခုလုံးမှာ သတ္တုဖြင့် ပြုလုပ်ထားလေသည်။

သို့သော် ထိုက်ခန်း လေး ကိုကိုင်ထားသောအခါ ယီယွင်မှာ အံ၀င် ဂွင်ကျသော ခံစားချက်ကို ထပ်မံခံစားလိုက်ရသည်။ယခင် ဆီခိုရာ လေးကို ကိုင်ထားစဉ်က ခံစားချက်ထက် ဆယ်ဆ ပိုပြင်းထန်ပေသည်။

ချက်ချင်းပင် ယီယွင် လေးကို နှစ်သက်သွားလေသည်။

ယန်မန်လုံ က "ထိုက်ခန်း လေး ၏ကိုယ်ထည်သည် ထိုက်ခန်း သတ္တုနဲ့ ပြုလုပ်ထားတာ ထိုက်ခန်း သတ္တုအနှစ်သာရက ကျန်း မိသားစုရဲ့ မိသားစုလျှို့ဝှက်ချက်ပဲ။ အဲဒီသတ္တုက အကောင်းမွန်ဆုံးသော မဟူရာသံကို အသုံးပြုပြီး အပူပေးထုလုပ်ထားတာ၊ နတ်သတ္တုနက် က ထင်မထား‌အောင် ပျော့ပျောင်းသွားစေတယ်။ ထိုက်ခန်း သတ္တုနဲ့ပြုလုပ်ထားတဲ့ သတ္တုတိုင်‌တွေရဲ့ လှုပ်ခါမှုပုံစံက မြင်ကွင်းထဲ မြင်နိုင်လောက်တဲ့ထိကို တုန်လှုပ်စေနိုင်တယ်"

"ဒါတင်မကဘူး၊ ဒီ ထိုက်အန်း သတ္တုအနှစ်သာရက မင်းရဲ့ ယွမ်ချီစွမ်းအား ထဲပါ ထည့်သွင်းနိုင်တယ်။ ထိုက်ခန်း သတ္တုအနှစ်သာရက မာကျောမှုနဲ့ ခက်ထန်မှု ရလဒ်ကို တိုးလာလိမ့်မယ်။ယွမ်ချီစွမ်းအားကို ပိုထည့်လေ ပိုမာလာလေပဲ၊ပိုမာလာတာနဲ့ အမျှ ခွန်အားတွေပိုထုတ်လာနိုင်လေပဲ "

"ဒီ ထိုက်ခန်း လေး ကိုသုံးတဲ့အခါ ခွန်အားဘယ်လောက်သုံးမယ်ဆိုပြီး ကန့်သတ်ချက်မရှိဘူး၊ မင်းရဲ့ခွန်အားက လေးရဲ့ကန့်သတ်ချက်ကို ကျော်လွန်မှာကို ကြောက်နေစရာမလိုဘူး။ ကျန်း မိသားစုရဲ့ ထိုက်ခန်း လေး သာရှိနေသရွေ့ မင်းဟာ သမုဒ္ဒရာတစ်ခုလုံးရဲ့တန်ဖိုးရှိတဲ့ ယွမ်ချီ တွေကို ထိုးသွင်းနိုင်ပြီး နေနဲ့ ကောင်းကင်ကိုတောင် တကယ်ပစ်ချနိုင်မှာ"

ယန်မန်လုံ ၏ စကားများကြောင့် ယီယွင် ၏သွေးများဆူပွက်သွားသည်။ ထိုမျှပင် ခမ်းနားလှသော လေးလား။

"ထိုက်ခန်း လေး ရဲ့ အစွန်းနှစ်ဖက်ကို ကြည့်လိုက်။ ထိုက်ခန်း သတ္တုအနှစ်သာရပေါ်မှာ တပ်ဆင်ထားတဲ့ သံဓားတွေ ရှိပြီး သာမန်ဓားမှန်သမျှကို ဒီဓားနဲ့ ချိုးဖျက်နိုင်တယ်။ လေးရဲ့ ထိပ်ဖျားက အရိုးနက်ကြံ့ ဦးချိုတွေနဲ့ ပြုလုပ်ထားတာ"

"လေးကြိုးကို မပြောပြနိုင်အောင် များပြားတဲ့ လုပ်ငန်းစဉ် အရေအတွက်နဲ့ ပြလုပ်ထားတာ။ ခန်း ပြည်နယ်ရဲ့ ကျန်း မိသားစုက ဧရာမ စပါးအုံးကို သုတ်သင်ပြီး အဲဒီသားရဲတွေရဲ့ နံရိုးတွေနဲ့ လေးကြိုးကို လိမ်ပြီး ငါးမန်းအရေခွံကနေ ချက်ထားတဲ့ အရောအနှောထဲကို ဆယ့်ရှစ်နှစ်လောက် စိမ်ထားခဲ့တာ"

ယန်မန်လုံ ကထိုအကြောင်းအရာများကိုရှင်းပြစဉ် ယီယွင်အား အဓိပ္ပါယ်ပါသော အကြည့်ဖြင့်ကြည့်နေလေသည်။

"ဒီလေးကို ပေးလိုက်ရင် မင်းလို ကောင်အတွက် အရမ်းကောင်းလိမ့်မယ်"

သို့သော် ယန်မန်လုံ ၏ရှင်းပြသည်များမပါဘဲ ယီယွင်သည် မိမိအား ပေးလိုက်သောလေး၏ ပြင်းထန်သောခံစားချက်များကို ပြောပြနိုင်သည်။ သာမာန်ပစ္စည်းတစ်ခုကို ကျောက်ခန်းထဲမှာ ဘယ်လိုမှထားမည် မဟုတ်‌ပေ။ ၎င်းသည် နန်းမြိုတော်လက်နက်တိုက် အတွင်းရှိ အဖိုးတန်ဆုံးလက်နက်ဖြစ်နိုင်သည် ။

"ကောင်လေး အဲဒါကို ဆွဲကြည့်စမ်း။ ယွမ်ချီကို လုံးဝမသုံးနဲ့၊ ဒါမှ ဆွဲထုတ်နိုင် မထုတ်နိုင် သေချာသိမှာ၊ မင်းရဲ့ ခန္ဓာကိုယ် ခွန်အားကို အသုံးချပြီး လေးကြိုးတစ်ဝက်တောင် မဆွဲနိုင်ရင် လှည့်ကွက်တွေ မစဥ်းစားမ‌နေနဲ့ လေးကို ပြန်ထားဖို့ပဲ ငါ သတိပေးမယ်"

ယန်မန်လုံ ထိုသို့ပြောလိုက်ပြီး သူ၏မေးစေ့အား ပွတ်နေသည်။ ယီယွင်အား ထိုလေးကို ပေးလိုက်ရသဖြင့် ယန်မန်လုံရင်ထဲတွင် နာကျင်မှုခံစားရကြောင်း ထင်ရှားသည်။

ယီယွင်မှာ မစောင့်နိုင်တော့ပေ။

ယီယွင် ချက်ချင်း အသက်ပြင်းပြင်းရှူလိုက်ပြီး ချီစွမ်းအားများကို တန်းထျန်ဆီသို့ မြင်းများလွှတ်လိုက် သကဲ့လို့ ပို့လိုက်‌လေသည်။ထို့နောက် ခါးနှင့် လက်မောင်းရှိ ကြွက်သားများကို တောင့်ထားလိုက်လေသည်။

“ဖွင့်”

ယီယွင် အော်လိုက်လေသည်။ ထိုက်ခန်း လေးမှာ ဖြည်းညှင်းစွာကွေးသွားသောအခါတွင် ယီယွင် ၏အဆစ်များမှ အက်ကွဲသံများပင် ထွက်လာလျှက်ရှိသည်။

ယီယွင် သည် ထိုက်ခန်း လေးကို လေးပုံသုံးပုံ အမှတ်အသားသို့ ကွေးညွှတ်ရန် ကိုယ်ခန္ဓာရှိ ခွန်အားကို အသုံးချနိုင်ခဲ့သည်။

All Chapters