ပျော့ပျောင်းသောတိမ်တိုက်တောင်တန်းအိမ်
Vol. 11 Ch. 155
နှစ်နာရီကြာပြီးနောက် ယီယွင် သည် ကျန်းရှောင်ယု၊ ကျိုးရှောင်ကဲ့ နှင့် အခြားနောက်လိုက်များကို ကျင်းလုံဝေ့ ၏ လမ်းညွှန်မှုအောက်ရှိ ယီယွင်၏ မြေထဲသို့ ခေါ်ဆောင်သွားလေသည်။
နန်းမြို့တော်ကို မြို့အဖြစ် ကျင်း ပြည်နယ်၏ နယ်စားလက်အောက်တွင်ရှိပြီး ၎င်း၏ကိုယ်ပိုင်နယ်မြေဖြစ်သည်။ အခြားမင်းမျိုးများ၏ နယ်မြေသည် မြို့ပြင်၌ရှိကြ၏။
ယီယွင် ၏မြေသည် နန်းမြို့တော်မှ မိုင်တစ်ရာခန့်အကွာတွင်ရှိပြီး အလွန်ကောင်းမွန်သောနေရာတစ်ခုဖြစ်သည်။
ထိုအိမ်တော်သို့ရောက်သောအခါ လျှိုင်မျိုးနွယ်စုမှလူများမှာ အံ့အားသင့်ကုန်ကြသည်။
ယီယွင် ၏မြေသည် မဖြစ်ထွန်းသောမြေမဟုတ်ပေ။မြေတွင် အိမ်တစ်ခုရှိလေသည်။
အတိအကျပြောရလျှင် အိမ်တော်တစ်ခုဖြစ်သည်။
ခြံဝင်းသည် ပတ်လည်မှာတစ်မိုင်ခန့်ရှိပြီး ခြံကျယ်ရုံသာမက ကြီးကျယ်ခမ်းနားလှသည်။ အဆောင်များမှာလည်း တစ်ခုနှင့်တစ်ခု နီးကပ်လျှက်ရှိပြီး ပွဲကြည့်စင်များ၊ ကျောက်ဆောင်များနှင့် ရေကန်ငယ်များ ရှိသည်။ ကျန်းနန် ၏ ဥယျာဉ်များနှင့်ပင် ဆင်တူသည်။
ထိုကဲ့သို့ ကြီးမားသော အိမ်ကြီးသည် လူထောင်ပေါင်းများစွာ နေထိုင်နိုင်ပေသည်။
သေမျိုးနိုင်ငံ အိမ်တော်များနှင့် ၎င်းတို့သည် မိုင်၀က်လောက်သာ ကွာဝေးကြောင်း ယီယွင် သိသည်။ အိမ်ခြေထောင်ချီရှိပြီး အိမ်ခြေတစ်သောင်းလောက် ရှိနိုင်ပေသည်။ မိန်းမစိုးများသည် အခန်းများကို မီးထွန်းရန်အတွက်ပင် မြင်းများကိုစီး၍သွားရလေသည်။
"ပြည်ထောင်မြင်းစစ်သည် သည် မင်းမျိုးများအားလုံးတွင် အနိမ့်ဆုံးဖြစ်တာတောင် တိုင်အာနတ်ပြည်ထောင်က ပေးတဲ့ အခွ့င်ထူးတွေက တော်တော်ကောင်းတာပဲ" ယီယွင် သက်ပြင်းချလိုက်သည်။ တိုင်အာနတ်ပြည်ထောင် ၏ နယ်မြေသည် အလွန်ကျယ်ပြောပြီး တိုင်းတာရန် ခက်ခဲလှသည်။ ထို့ကြောင့် သာမာန် မင်းမျိုးများအတွက် ၎င်းတို့အားလုံးကို နယ်မြေပေးအပ်ခဲ့သော်လည်း မြင့်မြတ်သော ဘုရင့်နိုင်ငံတော်တွင် မင်းမျိုးများသည် မျိုးရိုးလိုက်ဆက်ခံခြင်းမျိုး မဟုတ်ပေ။ စည်းစိမ်ဥစ္စာကို အမွေဆက်ခံနိုင်သော်လည်း ရာထူးဆက်လက်မရရှိပေ။
ရာထူးမရှိပါက နယ်မြေမရရှိပေ။ နောက်မျိုးဆက်များ အသုံးမကျပါက မိမိ၏နယ်မြေများကို စွန့်လွှတ်ရမည် ဖြစ်သည်။
ထို့ကြောင့် မင်းမျိုးရာထူးမှ သားတို့သည် ကျင့်ကြံခြင်းများတွင် ကြိုးစားအားထုတ်ကြလေသည်။အမှန်တွင် ထိုလူများမှာ သာမန်လူတွေထက် ပိုပြီး ဖိစီးမှု ပိုများကြသည်။
ထိုရာထူးများရပြီးနောက် ဘ၀ကိုပေါ့ပေါ့တန်တန်သာ နေထိုင်ပြီး ရာထူးမထိန်းသိမ်းနိုင်လျှင် ပစ္စည်းဥစ္စားများ သာမက စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများဖြင် အရှက်တကွဲ ဆုံးရှုံးရမည်သာဖြစ်သည်။
အိမ်တော်၏ အဓိကဝင်ပေါက်သည် လှည်းလေးငါးစီး ဘေးချင်းယှဉ်သွားလာနိုင်သည် အထိ ကျယ်၀န်းလှသည်။ အနီရောင် ယွန်းတံခါးတစ်ခုရှိပြီး အနားသပ်များမှာ လက်သီးတစ်လုံး အရွယ်ရှိသည်။
တံခါးနားမှာ ကျောက်ခြင်္သေ့ကြီးနှစ်ကောင်ရှိပြီး ကျောက်ခြင်္သေ့ဘေးတွင် ငါးပျံကျောက်ရုပ်ထုတစ်ခုရှိသည်။
ယီယွင် က လူများကို အိမ်တော်ထဲကို ခေါ်သွားသည်။
အနီရောင်အုတ်နံရံများနှင့် ပြောင်လက်နေသော အုတ်ချပ်များပါရှိသည်။ အိမ်တော်ဘေး ရာစုနှစ် သက်တမ်းရှိ သစ်ပင်ကြီးများ ဝိုင်းရံထားသည်။ ပွဲကြည့်စင်များစွာ၊ ကြီးကျယ်ခမ်းနားသော အဆောက်အအုံများနှင့် ကျယ်ပြန့်သော လေ့ကျင့်ကွင်းတစ်ခု ရှိခဲ့သည်။ စိမ်းမြတဲ့ ရေကန်လည်း ပါရှိလေ၏..။
အိမ်တော်၏ပုံရိပ်မှာ မျက်စိကျစရာ ကောင်းလွန်းလှသည်။
လျှိုင် မျိုးနွယ်စုမှ လူများ အားလုံးမှာ ထိတ်လန့်သွားကြသည်။ ထိုကဲ့သို့အိမ်မျိုးကို တစ်ခါမှ မတွေ့ဖူးကြပေ။
တိမ်တိုက်ရိုင်းနယ်မြေ၌ နေထိုင်ကြသော အိမ်များ အားလုံး၏ နံရံများကို ရွှံ့များဖြင့်သာ ဆောက်လုပ်ထားခြင်းဖြစ်သည်။
ဇိမ်ခံအိမ်ကြီးကို ကျောက်တုံးဖြင့် ဆောက်လုပ်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။
ယီယွင် ၏ အိမ်တော်ကို အင်္ဂတေ အုတ်ခဲများဖြင့် တည်ဆောက်ထားသော်လည်း ဆောက်လုပ်ထားသော အုတ်များသည် ခိုင်ခံ့ပြီး ထိထိမိမိပင် ချောမွေ့လျှက်ရှိပေသည်။
အိမ်ဆောက်ရန်သုံးသောသစ်သားသည် သက်တမ်းရင့် ထင်းရှူးပင်ဖြစ်သည်။ 'နှင်းသိပ်သည်း' နှင့် ‘ရွှေကောက်ကြောင်း နန်မု’ ကဲ့သို့သော ပစ္စည်းများမှာ ယီယွင်၏ ရာထူးအဆင့်အတွင် မရှိသေးပေ။။ မတတ်နိုင်လို့မဟုတ်ပဲ ယီယွင်၏ရာထူးမှာ ထိုအမျှအမြင့်တွင် မရှိသေးသောကြောင့်ဖြစ်သည်။
လျှိုင်မျိုးနွယ်စုမှ လူများသည် အိမ်တော်၏ ကုန်ကျစရိတ်ကို မသိပေ။ သိခဲ့ပါက ၎င်းတို့၏ မေးရိုးများတွေ ပြုတ်ကျသည်အထိ အံဩကုန်ကြပေမည်။
ယင်းသည်မှာ သူရဲကောင်းများ၏ကမ္ဘာဖြစ်သည်။ အိမ်ဆောက်ရာမှာ သုံးထားသောပစ္စည်းများမှာ သာမာန်လူအများအဖို့ အဖိုးတန်သည်ဟု ထင်ရသော်လည်း စစ်သူရဲများအသုံးပြုသော ရတနာများဖြင့် ယှဉ်ပါက ပါမွှားသာဖြစ်သည်
ယီယွင် ၏လက်နက်နှစ်ခုစလုံးတွင် ထိုက်ခန်း နှင့် တပ်တစ်ထောင် ဓားမောက် သည် ယခုအိမ်တစ်ခုလုံးထက်ပင် တန်ဖိုးပိုရှိသည်။
ထိုအချိန်တွင်၊ သူရဲကောင်းကမ္ဘာနှင့် မရင်းနှီးသောသာမာန်လူများသည် ပတ်ဝန်းကျင်ရှိအရာအားလုံးက အသစ်အဆန်းများဖြစ်သဖြင့် စိတ်လှုပ်ရှားလာကြသည်။
ပစ္စည်းများကို ထိတွေ့ကိုင်တွယ်ကြည့်ချင်သော်လည်း တစ်ခုခုကွဲသွားမှာကို ကြောက်နေလျှက်ရှိသည်။
"အရမ်းကြီး အရမ်းလှတာပဲ" ရှုခင်းကိုကြည့်ရင်း ကျိုးရှောင်ကဲ့ သည် ပျော်ရွှင်မှုအပြည့်နှင့် ပြောလိုက်သည်။ ထို့နောက် ကြည်လင်ပြတ်သားသော ရေကန်ကို မြင်သောအခါ သူမ၏စိတ်များကို ထိန်း၍မရတော့ပေ။ ဘောင်းဘီရှည်ကို လိပ်တင်လိုက်၍ ဖိနပ်ကို ချွတ်ပြီး ရေကန်ထဲသို့ ခုန်ဆင်းကာ ကစားနေလေသည်။
အခြား လျှိုင်မျိုးနွယ်စုမှ ကလေးများသည် ကျိုးရှောင်ကဲ့ ဆော့ကစားသည်ကို မြင်၍ မနာလိုဖြစ်နေကြသည်။ ယီယွင် သည် ရွှေ့ပြောင်းနေထိုင်စဉ်အတွင်း ကလေးများစွာကို ခေါ်ဆောင်လာခဲ့သည်။အများစုမှာ အပြစ်ကင်းစင်ဆုံး ကလေးများဖြစ်သည်။
၎င်းတို့တွင် ရိုးရှင်းသောစိတ်များရှိသည်။ သစ္စာရှိ လွယ်သည်။ အမှန်တကယ်တွင် ယီယွင်မှာ သစ္စာရှိမှုကို ဂရုမစိုက်ပေ။ လူများအား ဒုက္ခပေးလိုသော ဆိုးသွမ်းသော စိတ်နှလုံးသားများ မရှိစေရန်သာ ယီယွင် လိုအပ်သည်။
အလယ်ပိုင်းလွင်ပြင်သို့သွားရာလမ်းတွင် ထိုကလေးငယ်များသည် ယီယွင် ၏အိမ်တော်သို့ရောက်သောအခါ၊ ယောက်ျားလေးများသည် အစေခံဖြစ်စေရန်နှင့် မိန်းကလေးများ ကျွန်မိန်းကလေးများဖြစ်စေရန် ၎င်းတို့မိဘများက တိုက်တွန်းထားလေသည်။ ကလေးများမှာ စည်းမျဥ်းစည်းကမ်းများကို နားလည်ခြင်းမရှိပေ ထို့အပြင် ၎င်းတို့လုပ်ဆောင်လိုသော ဆန္ဒမှန်သမျှကိုလဲ မျိုးနွယ်စုတွင် လုပ်ဆောင်နိုင်ခြင်းမရှိပေ။
တိုင်အာနတ်ပြည်ထောင် ၏ စည်းမျဉ်းများ အရ ၎င်းတို့သည် ပြည်ထောင်မြင်းစစ်သည် ၏ နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ သူတို့၏ ရာထူးအမည်မှာ “ခိုကိုးရာ ဆရာရှာ” ဖြစ်သည်။ ယီယွင်၏ အစ်မဖြစ်သူ ကျန်းရှောင်ယုမှ အပ ကျိုးရှောင်ကဲ့ အပါအဝင် သူတို့အားလုံးသည် ကျွန်များဖြစ်ကြသည်။
ယခုတော့ သူတို့အားလုံးမှာ အမှုထမ်းများဖြစ်သဖြင့် ကျိုးရှောင်ကဲ့ ကဲ့သို့ ကစားရန်အတွက် မဝံမရဲဖြစ်နေလေသည်။
သို့ရာတွင်၊ ယီယွင်က ထိုလူများကို အထူးရွေးချယ်ခဲ့သဖြင့် ကျွန်များအဖြစ် မဆက်ဆံခဲ့ပေ။
တိမ်တိုက်ရိုင်းနယ်မြေ မှမထွက်ခွာမှီ ယီယွင်က ထိုလူအားလုံး၏ စရိုက်များကို စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့သည်။။ သံသယဖြစ်ဖွယ်များ ၊ ရန်လိုမှု၊ အကျပ်ကိုင် လုယူမှုများ ၊ သို့မဟုတ် အနိုင်ကျင့်သူများ သည် ကျယ်ပြန့်သော ကျတ်တီးမြေ၌ ကျန်ခဲ့ကြသည်။ အသားအနည်းငယ်ပေးကာ ၎င်းတို့ကိုယ်တိုင်စီမံဆောင်ရွက်ရန် ထားခဲ့လေသည်။
မကောင်းသောသူများ ရောနှောပါလာခြင်းကိုတားဆီးရန်အတွက် ဖြစ်သည်။
တချို့လူများမှာ မွေးရာပါ ဆိုးကြသည်။ ကျယ်ပြောလှသော ကျတ်တီးမြေမှ ဖယ်ရှားခံရပါက ကျေးဇူးတင်ကြပေမည်။ ယီယွင် အနားမှာ ရှိနေချိန်မှာတော့ ၎င်းတို့ဟာ ရို့ကျိုးနေကြသော်လည်း ယီယွင် မရှိချိန်တွင် ပြောရန်ခက်လှပေသည်။
ယီယွင် သည် ကျင်းလုံဝေ့ နှင့်ပူးပေါင်းပြီး စစ်ပွဲများတွင် လေ့ကျင့်ရန် ရည်မှန်းထားသည်။အိမ်တော်တွင် နှစ်အတော်ကြာ မနေရသည်မှာ ပုံမှန်ပင် ဖြစ်သည်။
အိမ်တော်တွင် မကောင်းသောသစ္စာဖောက်များရှိပါက အိမ်ကြီး၏ အကျိုးကျေးဇူးများကို ဖျက်စီးပြီး ဒုက္ခမျိုးစုံကို ဖန်တီးကြမည်ဖြစ်ပေသည်။ ထိုလူတို့သည် ကျိုးရှောင်ကဲ့ နှင့် ကျန်းရှောင်ယု ကိုပင် တစ်ခုခုလုပ်နိုင်သည်။ ယီယွင် မတွေးချင်သော အရာတစ်ခုပင်။
ထို့ကြောင့် ယီယွင် သည် လျှိုင်မျိုးနွယ်စုမှ လူတစ်ရာကျော်ထက်ပို၍ ကျတ်တီးမြေမှ မခေါ်ထုတ်ခဲ့ပေ။
ယီယွင် က "အနာဂတ်မှာ ဒီအိမ်ကြီးကို လျှိုင် မျိုးနွယ်စုအဖြစ် သဘောထားလိုက်ပါ၊ ဒါက ငါတို့ရွာသစ်ပါ။ ပိုလှတဲ့ ရွာလေး"
"သွားကစားကြလေ ဘာမှကန့်သတ်မထားပါဘူး" ယီယွင် က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ကလေးများသည် အစတွင် ကြောက်လန့်နေကြသော်လည်း ယီယွင် က ပြုံးကာ ရင်းနှီးသော ကလေးအချို့ကို ရွေးချယ်ကာ အခြားကလေးများကိုပါ ကစားခိုင်းစေခဲ့သည်။
အစတွင် ကလေးများအားလုံးမှာ ရှက်နေသော်လည်း ဖြည်းဖြည်းချင်း ပျော်ရွှင်စွာ ကစားလာကြသည်။
ကျယ်ပြောလှသော ကျတ်တီးမြေမှ ကလေးများအတွက် ထိုအိမ်တော်နှင့် ပတ်သက်သည့် အရာအားလုံးသည် ဆန်းသစ်လျှက် ရှိနေချေသည်။ ထိုကြောင့် အားလုံးမှာ စိတ်လှုပ်ရှားကာ သဘောတွေ့နေကြသည်။
ကလေးတွေ၏ အပြစ်ကင်းစင်သော အပြုံးများကို မြင်လိုက်ရသောအခါ လူကြီးများပါ ကျေနပ်အားရစွာ ပြုံးလျှက်ရှိကြကုန်သည်။ ယီယွင်မှာလည်း ထို ရိုးသားသော လူကောင်းများ အတွက် ပျော်ရွှင်မှုတွေ ယူဆောင်လာပေးနိုင်သဖြင့် ဝမ်းသာလျှက်ရှိနေလေသည်။
“အနာဂတ်မှာ ဒီအိမ်ကြီးကို တိမ်မျှင်အိမ်တော်လို့ ခေါ်မယ်”
ကျန်းရှောင်ယုက ပြောစကားများကိုကြားသောအခါ ယီယွင် ၏မျက်နှာကိုလှည့်ကြည့်ကာ တုန်လှုပ်သွားသည်။
နေရောင်ကို မျက်နှာမူထားသဖြင့် ကျန်းရှောင်ယု ၏ မျက်နှာမှာ နီမြန်းလျှက် “တိမ်မျှင်အိမ်တော်…ကောင်းသားပဲ”
တိမ်မျှင်အိမ်တော် သည် မိမိနှင့် ယီယွင် ၏ နာမည်ကို ပေါင်းစပ်ထားသည့် အစိတ်အပိုင်းဖြစ်ကြောင်း သိရှိသည်။
တိမ်မျှင်အိမ်တော်ထဲတွင် တိမ်များနှင့် တောင်များ ရှိနေသည် ။ တိမ်များမှာ ပျော့ပျောင်းပြီး တောင်တွေက စိမ်းစိုနေသည်။ အကန့်အသတ်မရှိသော စိတ်ကူးယဉ်အတွေးများကို ပေးစွမ်းနိုင်သော အနုပညာအယူအဆတစ်ခုဖြစ်သည်။
အိမ်တော် အပြင်တွင် မြေသြဇာကောင်းသော လယ်မြေဧက ထောင်ပေါင်းများစွာ ရှိသည်။ ထိုလယ်ကွင်းများတွင် သီးနှံများ စိုက်ပျိုးရုံသာမက ပိုးစာနှင့် လက်ဖက်ရွက်များကိုလည်း စိုက်ပျိုးကြသည်။
မြေသြဇာကောင်းသော လယ်ကွင်းများဘေးတွင် မြစ်ကြီးတစ်စင်းရှိသည်။ မြစ်ရေသည် ငါးကန်အတွင်းသို့ ဝင်ရောက်လာကာ ရေသွင်းစိုက်ပျိုးခြင်းနှင့် ငါးမွေးမြူခြင်းအတွက် အသုံးပြုနိုင်သည်။
မနီးမဝေးတွင် သားရဲမွေးမြူခြင်းနှင့် မြင်းဇောင်းများရှိသည်။ ၎င်းတို့တွင် အစာကျွေးရန်နှင့် မွေးမြူရေးများအတွက် အသုံးပြုနိုင်သည်။
ချဲ့ကားခြင်းမရှိပဲ ဆားနှင့် သတ္တုအချို့ဖြင့် အိမ်တော်မှာ ပြင်ပလောကမှ ဖြတ်တောက်ပြီး ဆက်လက်တည်ရှိနေနိုင်သည်။ အသက်ရှင်ရေး အတွက် လိုအပ်ချက်အားလုံးကို လုံလောက်အောင် လုပ်ဆောင်နိုင်ပေသည်။
ယီယွင်က ကျန်းရှောင်ယုအား မြေယာခွဲဝေခြင်းကို ဦးစီးကွပ်ကဲစေခဲ့သည်။ လူဦးရေ ပမာဏပေါ်မူတည်၍ တစ်ဦးလျှင် ဧက တစ်ဒါဇင်ခန့် ပေးအပ်ခဲ့သည်။ထိုလူတစ်ရာမှာ ယီယွင်၏မြေ တွင်နေထိုင်နိုင်သည့် အသင့်တော်ဆုံးလူများဖြစ်နိုင်သည်။
လျှိုင်မျိုးနွယ်စုမှ ခေါ်ဆောင်လာသော လူများသည် ယခုအခါ ယီယွင် ၏ အိမ်ငှားများဖြစ်ကြသည် ။
အစောပိုင်းတွင် ယီယွင် သည် ၎င်းတို့၏ ရိတ်သိမ်းမှု ရာခိုင်နှုန်းအနည်းငယ်ကို ရယူသော်လည်း ယီယွင်က မည်မျှ ယူမည်ဟု ကန့်သတ်ထားခြင်း မရှိပေ။လူများ အသက်ရှင်ရန်အတွက် လိုအပ်သောအစာကို အတင်းတောင်းယူလိုခြင်းမရှိပေ။ ထို့ကြောင့် ကန့်သတ်တောင်းဆိုခြင်းမပြုရန် ဆုံးဖြတ်ခဲ့ပြီး သီးနှံထွက်ရှိမှုအားလုံးကို ငှားရမ်းသူကိုယ်တိုင် ပိုင်သည်ဟု သတ်မှတ်ခဲ့သည်။
ထို့အတွက်ကြောင့် လျှိုင် မျိုးနွယ်စုမှ ယီယွင် ကို အလွန်ပင် ကျေးဇူးအကြွေးတင်လေသည်။ ထိုကဲ့သို့ အိမ်ရှင်တစ်ယောက်ကို ဘယ်လိုမှ ရှာတွေ့နိုင်မည် မဟုတ်ပေ။
လျှိုင် မျိုးနွယ်စုတွင် ၎င်းတို့၏ လုပ်အား၏ အသီးအနှံ အများအပြားကို လစဉ်လတိုင်း မျိုးနွယ်စု၏ ဌာနချုပ်ကို ပေးအပ်ရပြီး ၎င်းတို့မှာ ပမာဏအနည်းငယ်သာ ရရှိကြသည်။
ထိုအပြင် ထိုမြေများကို မျိုးနွယ်စုကသာပိုင်ဆိုင်လေသည်။ ယခုမှာမူ ယီယွင်မှ လူများအား လယ်များကို အလကား ငှားပေးပြီး အဝတ်အစားနဲ့ အမိုးအကာများပါ ပေးလေသည်။ ထိုသို့သောသခင်အတွက် လူများက မိမိအသက်ပါပေးလိုသောဆန္ဒရှိ နေကြသည်။
လယ်ယာမြေတွေ ဖြန့်ဝေ သောအခါ လူများ၏ ခံစားချက်မှာ ဖော်မပြနိုင်လောက်အောင်ပင်။
ကျယ်ပြောလှသော ကျတ်တီးမြေတွင် ထိုမျှကျယ်ဝန်းပြီး မြေသြဇာကောင်းသောမြေကို တစ်ခါမျှမတွေ့ဖူးကြပေ။ တစ်သက်လုံး လယ်လုပ်လာသူ လယ်သမားဟောင်းအချို့သည် မြေကြီးကို နမ်းကာ ဒူးထောက်ထိုင်၍ မျက်ရည်ကျလျှက်ရှိကုန်ကြသည်။ လယ်သမားများအတွက် လယ်ယာမြေသည် အသက်ဖြစ်သည်။ မြေသည် စားစရာရှိရန် အကြီးမားဆုံး လက်ဆောင်ပင်ဖြစ်သည်။
ယီယွင်၏ အစ်မအနေဖြင့် ကျန်းရှောင်ယု သည် အိမ်ကြီး၏ သခင်မဖြစ်သည်။
လယ်ကွင်းများကို လူတစ်ရာဖြင့် စနစ်တကျ စီမံခန့်ခွဲရသည်။ မည်သူက ငါးမျှားမည်၊ မည်သူက လယ်ကွက်ကို စီမံထားမည်၊ ငွေရေးကြေးရေးကိုလည်း စည်းစနစ်တကျဖြစ်စေပြီး မိသားစုစည်းမျဥ်းစည်းကမ်းများ ပြည့်စုံနေရမည်ဖြစ်သည်။
ယီယွင်မှာ ကျင့်ကြံခြင်းများပြုရမည့်အတွက် ထိုသို့ စီမံခန့်ခွဲရန် အချိန်မရှိခဲ့ပေ။ ထို့ကြောင့် ထိုတာဝန်များသည် ကျန်းရှောင်ယု အပေါ်သို့ကျရောက်လာသည်။
ကျန်းရှောင်ယု သည် သူမ၏အသက်အရွယ်နှင့် လုံးဝမထင်မှတ်ဖွယ်ကောင်းသော ဉာဏ်ပညာရှိသည်။ ယီယွင် သည် ကျန်းရှောင်ယုအား ရက်အနည်းငယ်ကြာ မြို့မှ အိမ်ထိန်းအနည်းငယ် ဖြင့် သင်ကြားပေးခဲ့သည်။ မကြာမီတွင် ကျန်းရှောင်ယုမှာ အိမ်ကြီးကို စနစ်တကျ စီမံနိုင်နေပြီဖြစ်သည်။
ယင်းကြောင့် ယီယွင် ဝမ်းသာလျှက်ရှိသည်။ ကျန်းရှောင်ယုမှာ ယခုလောကသို့ ရောက်ရှိလာပြီး မိမိအား ပြုစုစောင့်ရှောက်ပေးသော အစ်မတစ်ဦးကို ရရှိကာ ဝန်ထုပ်ဝန်ပိုးကို ခွဲဝေပေးခဲ့သည်။
ယီယွင် သည် အိမ်ကိစ္စများကို ဖြေရှင်းပြီးနောက် နန်းမြို့တော်သို့ ပြန်သွားပြီး ကျင်းလုံဝေ့ စခန်းသို့ ဝင်ရောက်ခဲ့သည်။
ယီယွင်မှာ အိမ်တော်တွင်နေမည့်သူမဟုတ်ပဲ စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်..။