မြင့်မြတ်သော တောရိုင်းစခန်း
Vol. 11 Ch. 156
မနက်စောစော လင်းကြက်တွန်သောအခါ ကျင်းလုံဝေ့မှ တပ်သားသစ်များသည် ရင်ပြင်ထဲတွင် စုရုံးနေကြသည်။
ယီယွင် သည်လည်း စစ်တန်းလျားများတွင် နေထိုင်ခဲ့သည်။ သို့သော် ပြည်ထောင်မြင်းစစ်သည် တစ်ဦးအနေဖြင့် ကိုယ်ပိုင်အိပ်ဆောင်ကို ရရှိခဲ့သဖြင့် သက်သောင့်သက်သာ ရှိခဲ့သည်။
ယန်မန်လုံ သည် စစ်သည်သစ်များကို ရင်ပြင်အလယ်တွင် ရပ်ကြည့်နေသည်။
"ဒီနေ့ဟာ မင်းတို့စစ်သားဖြစ်လာတဲ့ ပထမဆုံးနေ့ပဲ၊ ဒီနေ့ကစပြီး မင်းတို့ဟာ ပြင်းထန်တဲ့လေ့ကျင့်မှုကို တစ်နှစ်ကနေ ခြောက်နှစ်အထိ ကြုံတွေ့လာရလိမ့်မယ်။"
တိုင်အာ နတ်ပြည်ထောင် ၏ ကျင်းလုံဝေ့ အများစုသည် ခရမ်းသွေးနယ်ပယ်၏ ထိပ်တန်းအဆင့်သို့ ရောက်ရှိလာကြပြီး ၎င်းတို့ အနားယူချိန်တွင် ခရမ်းသွေးနယ်ပယ်ထက်ပင် ကျော်လွန်သွားမည်ဖြစ်သည်။
ထိပ်တန်းအဆင့် ခရမ်းသွေးစစ်သည်တစ်ဦး၏ သက်တမ်းမှာ အနှစ် ၁၅၀ ကျော်ရှိပြီး ၎င်းတို့သည် အောင်မြင်မှုများဖြင့် နောက်ဆုံးအချိန်ထိနေထိုင်နိုင် လေသည်။
ကျင်းလုံဝေ့ သည် အချိန်အကြာကြီး တာ၀န်ထမ်းဆောင်နိုင်သည် ။ ထိုကြောင့် ၅နှစ် ၆ နှစ်ကြာ လေ့ကျင့်မှုက မပြောပလောက်ပေ။
"အထူးလေ့ကျင့်မှုလုပ်ဖို့အတွက် အားလုံးကို သုံးအုပ်စုခွဲ ထားတယ်"
"သုံးအုပ်စုကတော့... တတိယအသုတ်ကတော့ နတ်မြို့တော် စခန်း မှာနေဖို့ပါ။နတ်မြို့တော် မှာ လေ့ကျင့်သင်ကြားပေးမှာဖြစ်တယ်၊ သင်တန်းပြီးရင်တော့ တိုင်အာ နတ်ပြည်ထောင် ရဲ့ သာမာန်စစ်သားတွေဖြစ်လာမှာပါ။ ကုသိုလ်ကောင်းမှုတစ်ခုခုရှိမယ်ဆိုရင် လက်ရွေးစင်အဆင့်မြှင့်တင်နိုင်ပါတယ်။ အချို့သောလုပ်ဆောင်ချက်တွေက သင့်ကို ပြည်ထောင်မြင်းစစ်သည်အထိ ဖြစ်လာစေနိုင်ပါတယ်။
"ဒုတိယအသုတ်မှာ ကျုံး ပြည်နယ်စခန်းမှာ ဖြစ်တယ်။ ကျုံး ပြည်နယ်က တိုင်အာ နတ်ပြည်ထောင် မှာ အကြီးဆုံးပြည်နယ်ဖြစ်တဲ့အပြင် တော်ဝင်မြို့တည်ရှိရာနေရာဖြစ်တယ်။ ဧကရာဇ်ဘုရင်မင်းမြတ်ကိုယ်တိုင် ချုပ်ကိုင်ထားတယ်။ ကျုံးပြည်နယ်မှာ အထူးလေ့ကျင့်မှုခံယူသူများသည် ကျင်းလုံဝေ့အတွက် လက်ရွေးစင်တွေ ဖြစ်လာမှာဖြစ်ပြီး ချီကျူးထိုက်တဲ့ တာ၀န်တွေကို ထမ်းဆောင်ရမှာ ဖြစ်တယ်၊ အဲတာတွေကပဲ မင်းတို့ကို ပြည်ထောင်မြင်းစစ်သည်တော် ဖြစ်လာမှာစေမှာ ဖြစ်တယ်”
"နောက်ဆုံးအသုတ်အနေနဲ့ကတော့ နတ်အရိုင်းမြေ စခန်းပဲ၊ အရည်အချင်းရှိတဲ့ အဖွဲ့သားတွေကို စစ်ဌာနချုပ်က ရွေးချယ်ထားတယ်။ အဲကိုသွားဖို့ ဆန္ဒအလျောက် ဆုံးဖြတ်နိုင်တယ်။ လေ့ကျင့်ရေးကွင်းက နတ်အရိုင်းနယ်မြေမှာရှိမယ်။ နတ်အရိုင်းနယ်မြေထဲမှာ အန္တရာယ်ရှိသလို သေမင်းနဲ့ပြည့်နေတဲ့ နေရာလည်း ဖြစ်တယ်။ နတ်အရိုင်းနယ်မြေရဲ့ တောထဲမှာ အချိန်မရွေး သေဖို့ အသင့်ပြင်ထားဖို့တော့လိုမယ်"
"နတ်အရိုင်းမြေစခန်းကို မရဏစခန်း ဒါမှမဟုတ် မရဏလမ်းကြောင်းလို့လည်း ခေါ်တယ်။ အဲဒီနေရာမှာ သေဆုံးနှုန်း ၁၅% ရှိပြီး မသန်မစွမ်းဖြစ်နိုင်ခြေ ၅% ကတော့သေချာတယ်။ စုစုပေါင်း ၂၀% ပေါ့၊ လက်ရွေးစင်တွေဖြစ်အောင် လေ့ကျင့်ပေးသူများတွေကလဲ လက်ရွေးစင်တွေပဲ။ သတိတစ်ချက်လစ်တာနဲ့ ထာဝရအဆုံးစီရင်ခံရမှာပဲ"
"ဒါပေမယ့် မင်းရဲ့လေ့ကျင့်မှုကို ပြီးမြောက်ခဲ့မယ်ဆိုရင် မင်းဟာ နတ်ပြည်ထောင်ရဲ့ လက်ရွေးစင်စစ်သားတစ်ယောက်ဖြစ်လာလိမ့်မယ်။ မင်းအနာဂတ်မှာ လူသားသခင်ဖြစ်လာနိုင်တယ်၊ နတ်အရိုင်းနယ်မြေက တိုင်အာ နတ်ပြည်ထောင် ရဲ့ ပန်းတိုင်မှတ်တိုင်။ မင်း ခုန်ကျော်နိုင်ရင် မင်းထာဝရဂုဏ်ကျက်သရေတွေရရှိမှာ၊ ဒါပေမယ့် မင်း ပြုတ်ကျရင်တော့ အထိနာလိမ့်မယ်။" ထိုစကားများကို ပြောနေစဉ်တွင် ယန်မန်လုံ၏ အာရုံမှာ ယီယွင် နှင့် စုန့်ကျစ်ကျွင်း ဆီသို့ ရောက်ရှိလာသည်။ မြို့တော်တစ်ခုလုံးအတွင်းရှိ ယီယွင် နှင့် စုန့်ကျစ်ကျွင်း သာလျှင် နတ်အရိုင်းမြေစခန်းများသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီသည်။နတ်အရိုင်းစခန်းသို့ သွားမည်၊ မသွားမည်မှာ ၎င်းတို့ အပေါ်တွင် မူတည်လေသည်။
“နတ်အရိုင်းမြေ…” ယီယွင် က တီးတိုး ရေရွတ်လိုက်သည်။ မကြာသေးမီရက်များအတွင်း မိမိသည် တိုင်အာ နတ်ပြည်ထောင် အကြောင်း ပိုမိုသိရှိလာခဲ့သည်။
နတ်အရိုင်းနယ်မြေသည် တိုင်အာ နတ်ပြည်ထောင် နှင့်မသက်ဆိုင်ပေ။
အမှန်မှာ၊ နတ်အရိုင်းမြေသည် မည်သည့်နိုင်ငံမှ မပိုင်ဆိုင်ပေ။ ထိုမြေ၏အတိုင်းအတာကို မည်သူမျှမသိရှိကြပေ။ ၎င်း၏ဧရိယာသည် ကြီးမားကျယ်ပြန့်သော တိုင်အာ နတ်ပြည်ထောင် ထက် ဆယ်ဆကျော် ကျယ်ဝန်းမည်ဟု ခန့်မှန်းထားကြသည်။
နတ်အရိုင်းနယ်မြေကိုဖော်ပြရန် စကားလုံးတစ်လုံးထဲဖြင့် ဖော်ပြမည်ဆိုပါက ၎င်းမှာ အဆုံးမဲ့ဖြစ်လိမ့်မည်။
နတ်အရိုင်းမြေ၌ သမိုင်းမတင်မီက ရှေးဦးသွေးများရှိသော ဧရာမ နတ်သားရဲများ ပုန်းခိုနေလျှက်သည်။ ထိုနတ်သားရဲများသည် လူသားပညာရှိများနှင့် တူညီပြီး ဒဏ္ဍာရီလာ ဧကရာဇ်ကြီးများနှင့်ပင် နှိုင်းယှဉ်ခံရလေသည်။
နတ်အရိုင်းမြေသည် အဆုံးမရှိသောကြောင့်။ တိုင်အာ နတ်ပြည်ထောင် သည် နတ်အရိုင်းနယ်မြေ၏ သေးငယ်သော ပမာဏလောက်ကိုသာ စူးစမ်းလေ့လာနိုင်ခဲ့သည်။
နတ်အရိုင်းမြေ၌ ထိန်းမနိုင်သိမ်းမရ အကြောင်းအချက်များစွာကြောင့် တိုင်အာ နတ်ပြည်ထောင် သည် နတ်အရိုင်းမြေ၌ စခန်းတစ်ခုကို တည်ထောင်ခဲ့သည်။ ထို့ကြောင့် အန္တရာယ်များပြည့်နှက်နေသည်မှာ ထင်ရှားသည်။
နတ်အရိုင်းမြေ၌ စခန်းချထားနေရာသည် မရဏစခန်းဖြစ်သည်ဟု ဆိုခြင်းမှာ ချဲ့ကားခြင်းမဟုတ်လှပေ။
"ထုတ်ပယ်လိုက် ယီယွင် နဲ့ စုန့်ကျစ်ကျွင်း၊ နောက်မှာနေပါ"
ယန်မန်လုံ က အတိုချုံးပြောခဲ့သည်။ စခန်းသုံးခုကို ပိရမစ်ပုံစံဖြင့် ဖော်ပြထားသည်။ အစိုးရိမ်ရဆုံးမှာ ပိရမစ်၏အထွတ်အထိပ်၊ နတ်အရိုင်းမြေစခန်းများဖြစ်သည်။
"ယီယွင် ကျစ်ကျွင်း မင်းတို့ကိုအနောက်မှာထားတဲ့ ရည်ရွယ်ချက်ကို သိကြမယ် ထင်ပါတယ်" ယန်မန်လုံ သည် သူ့လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့သို့ တင်လိုက်သည်။ ခြေထောက်အနည်းငယ်ခွာကာ ကျောက်စင်ပေါ်တွင် ခမ်းနားသော ကိုယ်ဟန်အနေအထားဖြင့် ရပ်နေ၏။ ထို့နောက် ယီယွင် နှင့် စုန့်ကျစ်ကျွင်း ကို တချက်ကြည့်လိုက်သည်။
ယီယွင် နှင့် စုန့်ကျစ်ကျွင်း က ခေါင်းညိတ်လိုက်သည်။
"နတ်အရိုင်းမြေ ထဲသို့ဝင်ရောက်ခြင်းသည်ရွေးချယ်မှုသာ ဖြစ်တယ်၊ သွားဖို့ မရွေးချယ်ဆိုရင်လည်း ကျုံး ပြည်နယ်စခန်းကို ရွေးချယ်နိုင်တယ်၊ ထိုနေရာတွင်သေဆုံးမှုနှုန်း ၂% သာရှိတယ်။ သင်တို့ရဲ့ခွန်အားတွေနဲ့ဆို ကျုံး ပြည်နယ်စခန်းတွေမှာ ထိပ်ဆုံးဖြစ်လာမည်ဖြစ်ပြီး ဒုက္ခမရှိဘဲ လေ့ကျင့်မှုတွေကို ဘေးကင်းစွာ ပြီးမြောက်နိုင်စေနိုင်တယ်၊ အနာဂတ်မှာလည်း အဆင့်အတန်းမြင့်ပြီး ကျက်သရေရှိသောနေရာတစ်ခု ရနိုင်မှာဖြစ်ပြီး ဇနီးမယားအနည်းငယ်၊ သခင်တစ်ယောက်အနေနဲ့ ငြိမ်းချမ်းတဲ့ဘဝကို ဖြတ်သန်းလိုလား” ယန်မန်လုံ က သူတို့ကို ထိုစကားလုံးများဖြင့် မေးလိုက်သည်။
ယီယွင် နှင့် စုန့်ကျစ်ကျွင်း က "ကျွန်တော်တို့ မလုပ်ဘူး"
ကျင်းလုံဝေ့ တွင် နှစ်ပေါင်းများစွာ ဘေးကင်းစွာ အမှုထမ်းပြီးနောက် ရာထူးမှ ရပ်စဲခံရမည်။ နောက်ဆုံးတွင် အိမ်ထောင်ပြု ကလေးမွေးပြီး အနှစ်တစ်ရာကျော် မသေခင် ချမ်းသာသောဘဝမျိုးဖြင် နေထိုင်ကာ အရိုးမှလွဲ၍ ချန်ထားစရာဘာမှမရှိသော ဘ၀မျိုး။ယီယွင် ရော စုန့်ကျစ်ကျွင်း ပါ ထိုဘဝမျိုးကို မဦးဆောင်ချင်ကြပေ။
လူတစ်ယောက်မှာ အိမ်မက်များရှိပေမည်။
လင်ရှင်းထုံ သည် ထိုကဲ့သို့ ခွန်အားများ ရှိခဲ့သော်ငြားလည်း သူမ အဆုံးသတ်ထားသော သွေးကြောနယ်ပယ်နောက်သို့ ဆက်လက် လိုက်နေဆဲ ဖြစ်သည်။ ယီယွင် ထိုကဲ့သို့ လုပ်မည်သာဖြစ်သည်။
"အရမ်း ကောင်းတယ်" ယန်မန်လုံ က ခေါင်းညိတ်လိုက်သည်။ “နတ်အရိုင်းမြေ စခန်းရွေးရင်၊ ဟိုမှာ လက်ရွေးစင်တွေ အများကြီးရှိတယ်”
"နတ်အရိုင်းမြေစခန်းမှာ ကျင်းလုံဝေ့ တစ်ခုတည်းတင်မဟုတ်ဘူး။ ခုနကပြောခဲ့တဲ့ စခန်းသုံးခုထဲက နှစ်ခုကို ကျင်းလုံဝေ့ က စီစဉ်ပေးပေမယ့် နောက်ဆုံးနတ်အရိုင်းမြေစခန်းကို တိုင်အာ နတ်ပြည်ထောင် က စီစဉ်ပေးတာပါ။ ကျင်းလုံဝေ့ က နတ်အရိုင်းမြေစခန်းမှာ လူတွေရဲ့ ၁၀% လောက်ပဲ ပါဝင်တာပါ"
" ကျင်းလုံဝေ့ အပြင်၊ ချင်းလွမ်ဝေ့ ၊ တော်ဝင်အစောင့်များနှင့် မျိုးနွယ်စုကြီးများနှင့် တော်ဝင်မိသားစုဝင်တွေရဲ့သားသမီးတွေလည်း ရှိသေးတယ်"
"ဒီတပ်တွေနဲ့ မိသားစု မျိုးနွယ်စုတွေ အားလုံးဟာ နတ်အရိုင်းမြေစခန်းထဲကို ဝင်ကြလိမ့်မယ်"
"မင်းတို့ အဲထဲဝင်ပြီးတာနဲ့ ဉာဏ်ကြီးရှင်ဆိုတာ ဘာကိုဆိုလိုလဲနားလည်လာလိမ့်မယ်၊ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကိုလည်း တွေ့ရလိမ့်မယ်။ သူတို့ဟာ အသက် (၃) နှစ်အရွယ်ကတည်းက ဆေးဝါးနဲ့ ရေချိုးပြီး (၈) နှစ်သားလောက်မှာ ခန္ဓာကိုယ်ရဲ့ သွေးလိုင်းတချို့ကသန်မာနေပြီ။ တချို့က မနာလိုစိတ်ဖြစ်စေလောက်တဲ့အထိကို သဘာဝက ခွန်အားတွေကို ပေးစွမ်းထားတဲ့ ဉာဏ်ကြီးရှင်တချို့လည်း ရှိသေးတယ်။"
"နတ်အရိုင်းမြေစခန်းများမှာ မသန်စွမ်းဖြစ်ဖို့နှုန်းက ၂၀% ရှိပြီး ရယ်စရာကိစ္စတော့ မဟုတ်ဘူး။ကျရှုံးသွားတဲ့ သူတွေကလည်း ထိပ်တန်းပါရမီရှင်တွေဖြစ်ပြီး သေဆုံးသွားသော ဉာဏ်ကြီးရှင်တွေကလည်း သင့်တို့ထက် သာလွန်တဲ့ စွမ်းရည်ရှိတဲ့သူတွေပဲ"
ယန်မန်လုံ ၏စကားကိုကြားသောအခါ စုန့်ကျစ်ကျွင်း က အသက်ပြင်းပြင်းရှူပြီး လက်သီးများကို ဆုပ်ထားသည်။နတ်အရိုင်းမြေ စခန်းတွင် မိမိထက် အားနည်းသူ မရှိမည် မဟုတ်ပဲ မိမိထက် သန်မာတဲ့သူသာ ရှိမည်ဖြစ်ကြောင်း သိလိုက်ရလေသည်။
နတ်မြို့တော်တစ်ခုလုံးတွင် စုန့်ကျစ်ကျွင်း နှင့် ယီယွင် တို့ နှစ်ဦးကိုသာ ရွေးချယ်ခဲ့သည်။ စုန့်ကျစ်ကျွင်း သည် ယီယွင် အောက်တွင် ရှိနေကြောင်း ဝန်ခံခဲ့ပြီး ဝင်ရောက်ရန် ရွေးချယ်ခံရသူများထဲတွင် နိမ့်ကျသူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရသည်။
အားနည်းရင် အန္တရာယ်ရှိမည်။ကျစ်ကျွင်းမှာ သေဆုံးမှုနှင့် မသန်စွမ်းမှုစာရင်းဇယား၏ ၂၀%များထဲမှ တစ်ဦးဖြစ်နိုင်သည် ။
ယန်မန်လုံ က "မင်းတို့ နတ်အရိုင်းမြေကိုသွားတဲ့အခါ မင်းတို့က ကျင်းလုံဝေ့ ကို ကိုယ်စားပြုပြီး ကျင်းလုံဝေ့ နတ်မြို့တော် ဌာနခွဲကို ကိုယ်စားပြုလိမ့်မယ် ၊ ကျင်းလုံဝေ့ အတွက် အရှက်မကွဲစေနဲ့ နတ်မြို့တော် ဌာနခွဲကို အရှက်မကွဲစေနဲ့။ အရေးကြီးဆုံးကတော့ မင်းတို့ကို ပြောချင်တာက... ဘေးကင်းစွာ ပြန်လာဖို့ပါပဲ။ ဘဝက အရေးကြီးဆုံးပဲ"
ယန်မန်လုံ သည် ယီယွင် နှစ်ဦးတို့၏မျက်လုံးများအတွင်းမှ အဖြေကိုတွေ့သောကြောင့် သူတို့ဆုံးဖြတ်ချက်ကို နောင်တရနေမည်လားကို သေချာမသိပေ။
နတ်အရိုင်းမြေစခန်းများသည် စိန်ခေါ်မှုတစ်ခုဖြစ်သော်လည်း အခွင့်အရေးတစ်ခုလည်းဖြစ်သည်။
သိုင်းပညာ လေ့ကျင့်ခြင်း၏ လမ်းကြောင်းမှာ ကောင်းကင်ဘုံသို့ သွားခြင်း ဖြစ်သည်။ အောင်မြင်မှုအများဆုံးလိုချင်သူများကို သတ္တိရှိရှိ တွန်းအားပေးရမည် ဖြစ်သည်။
"ကောင်းပြီ၊ နှစ်ရက်လောက် အနားယူပြီး သုံးရက်မြောက်နေ့ မနက်စောစောမှာ မင်းတို့နှစ်ယောက်ကို အဲဒီကို ယာဉ်ပျံနဲ့ ခေါ်သွားမယ်။ အိုး...ဟုတ်သား ပျက်ဆီးခြင်း အရိုးအမွေအနှစ်တွေကို မင်းကို ပေးမယ် ပြောထားတာ" ယန်မန်လုံ ပြောသည့်အတိုင်း လက်ချောင်းများကို ပွတ်ဆွဲလိုက်ပြီး ယီယွင် ၏လက်ထဲသို့ ပဲတောင့်အရွယ် ကျောက်တုံးနှစ်တုံး ပျံတက်လာသည်။
ထိုအချိန်က ယန်မန်လုံသည် ပြိုင်ပွဲတွင် အနိုင်ရသူသည် လက်နက်များသာမက အရိုးအမွေအနှစ်ပါ ရမည်ဟု ပြောခဲ့ဖူးသည်။
"ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်" ယီယွင် သည် အရိုးအမွေအနှစ်နှစ်ခုကို ဝမ်းသာအားရဖြင့် ဖမ်းလိုက်သည်။ ဤအချက်နှစ်ချက်သည် အလွန်အရေးကြီးပါသည်။ ယီယွင် သည် ပျက်စီးခြင်းလူသားတောင်ကြားတွင် စုဆောင်းထားခဲ့သော ကြမ်းတမ်းခြင်း အရိုးအမွေအနှစ်များအားလုံး ကုန်သွားပြီးသွားပြီ ဖြစ်သည်။
စစ်သည်တစ်ဦး၏ ကျင့်ကြံမှုတွင် အဆုံးမရှိ ဆေးရည်နှင့် အမွေအနှစ် များ လိုအပ်လှသည်။ မြင်းတစ်ကောင် ပြေးနိုင်စေရန် အတွက် အစာကျွေးရန် လိုအပ်ပေသည်။
"ကောင်းပြီ၊ ငါ့ကို စိတ်ပျက်မနေနဲ့ဦး" ယန်မန်လုံ သည် ယီယွင် နှင့် စုန့်ကျစ်ကျွင်း တို့ကို ပုခုံးပေါ် တင်းတင်းကြပ်ကြပ် ဖက်ကာ ထွက်ခွာသွားသည်။ ရောထွေးနေသော ခံစားချက်များကို ယီယွင် နဲ့ စုန့်ကျစ်ကျွင်း တို့၏နောက်တွင် ထားခဲ့လေသည်။
စုန့်ကျစ်ကျွင်း သည် သူ့လက်သီးများကို ဆုပ်ထားရင်း လက်ချောင်းများ တုန်တုန်ယင်ယင်ဖြင့် အသက်ပြင်းပြင်းရှူလိုက်သည်။
စုန့်ကျစ်ကျွင်း ရဲ့တုံ့ပြန်မှုကို ယီယွင် အံ့သြသွားပြီး "ကြောက်နေပြီလား၊ စိတ်လှုပ်ရှားနေလား" လို့ မေးသည်။
စုန့်ကျစ်ကျွင်း သက်ပြင်းချလိုက်ပြီး ယီယွင် ကို နောက်ပြန်လှည့်ကာ "နှစ်ယောက်စလုံးထင်တယ်..."
"ဗိုလ်ချုပ် ယန် ပြောတာ မှန်တယ်၊ သေဆုံးသွားတဲ့ ပါရမီရှင် တော်တော်များများက ငါ့တို့ထက် ပိုသန်မာတယ် တကယ်တော့၊ ငါ့ရဲ့ ခွန်အားက အဲဒီနေရာ ရောက်လိုက်တာနဲ့ ဘာမှ မဟုတ်ဘူး။ ငါ့နာမည်က အဲဒီ သေဆုံးမှုနဲ့ မသန်စွမ်းမှုစာရင်း ၂၀%မှာ ပါသွားနိုင်တယ်"
ယီယွင် ခေါင်းညိတ်လိုက်ကာ” မင်းအားနည်းလေလေ ဖယ်ထုတ်ဖို့ လွယ်လေလေပါပဲ”
"တိုင်အာ နတ်ပြည်ထောင် ရဲ့ ပြည်နယ်၁၀၈ခု က ကျင်းပြည်နယ်ရဲ့ ပျမ်းမျှအရွယ်အစားရှိတယ်။ ကျင်း ပြည်နယ် ၁၀၀ ရှိတယ်။ငါ့တို စုန့်မိသားစု က ကျင်း ပြည်နယ် နန်ကျွင်း ပြည်နယ်မှာ တော်တော်ကောင်းတဲ့ မိသားစု လို့ သတ်မှတ်ထားတယ်၊ ဒါပေမယ့် အများကြီးထဲက တစ်ခုပဲလေ။ နန်ကျွင်း မှာ မဆိုးပါဘူး၊ ဒါပေမယ့် သူတို့က နန်ကျွင်းထက် ငယ်တဲ့ မျိုးဆက်တွေ အများကြီးပဲ။ ကျင်းလုံဝေ့ ထဲကို မဝင်ဘဲ တခြားနေရာကို သွားကြတယ်”
“အိုး…” ယီယွင် လေးလေးနက်နက် နားလည်သွားသည်။ နန်း မြို့တော် ကျင်းလုံဝေ့ ကြီးစိုးသော တပ်စခန်းသည် ဘာမှ များများစားစားမရှိလှပေ။ ၎င်းတို့သည် ကျင်းလုံဝေ့ ၏ အခြားအုပ်စုတစ်ခုမျှသာဖြစ်သည်။ ၎င်းတို့သည် နန်းမြို့တော်၌ သေးငယ်သော နေရာကိုသာ ချုပ်ကိုင်ထား၍ အလုံးစုံ မဟုတ်ပေ။ ထို့အပြင်၊ နန်းမြို့တော်သည် ကျင်းပြည်နယ်ရှိ မြို့ကြီးတစ်မြို့ဖြစ်သည်။ ကျယ်ပြောလှတဲ့ တိုင်အာ နတ်ပြည်ထောင်ထဲတွင်တော့ ဘာမှမဟုတ်ပေ။
ဒီကမ္ဘာကြီးက ကြီးလွန်းတယ်။ တိုင်အာ နတ်ပြည်ထောင်၏ အထက်တန်းလွှာလူငယ်အားလုံးနှင့်အတူ နတ်အရိုင်းမြေစခန်းမှာ မည်သို့ဖြစ်မည်နည်း။
ယီယွင် မှာ မျှော်လင့်ချက်အပြည့်ဖြင့်…
ယီယွင် နှင့် စုန့်ကျစ်ကျွင်း တို့သည် တစ်ယောက်ကိုတစ်ယောက် အားပေးခဲ့ကြသည်။ နောက်တော့ ယီယွင် က တိမ်မျှင်အိမ်တော်ကို ပြန်လာခဲ့လေသည်။ အိမ်တော်ရှိကိစ္စများကို ကိုင်တွယ်ရန်အတွက်ဖြစ်သည်။
သို့သော် ကျန်းရှောင်ယု က အရာအားလုံးကို ဖြေရှင်းပေးထားသဖြင့် ကိုင်တွယ်ဖြေရှင်းစရာ သိပ်မရှိပေ။ယီယွင်က နတ်အရိုင်းမြေစခန်းကို သွားရမည်ဖြစ်သဖြင့် ကျန်းရှောင်ယုအား နှုတ်ဆက်လိုက်လေသည်။
ပြန်တွေးကြည့်သောအခါ အိမ်တော်မှ လူများအားလုံးမှာ ကြင်နာတတ်ကြသည်။ ၎င်းတို့ကိုယ်တိုင်မှာ တိမ်တိုက်ရိုင်းနယ်မြေ မှ ဂရုတစိုက်ရွေးချယ်ခံထားရသူများဖြစ်သည်။ထို့အပြင် အိမ်တော်မှ လူများကို ကြင်နာသဖြင့် ကျန်းရှောင်ယု ကို နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ မြတ်နိုးကြသည်။ထိုကြောင့် အိမ်တော်ကို ဂရုတစိုက်ထိန်းသိမ်းပေးကြလေသည်။
အပြန်လမ်းတွင် ယီယွင်က ကျန်းတန် ကို တိမ်မျှင်အိမ်တော်ကို စောင့်ရှောက်ရန် အပ်နှင်းလိုက်သည်။ ကျန်းတန် အနေဖြင့် သက်တောင့်သက်သာဖြစ်စေနိုင်သည်။
တစ်ချိန်တည်းမှာပင်၊ ယီယွင် သည် အိမ်တော်ကို ကာကွယ်ရန်အတွက် သိုင်းပညာရှင် အနည်းငယ်ကိုလည်း ငှားရမ်းခဲ့သည်။ ရံဖန်ရံခါတွင် သိုင်းပညာရှင်များက ကျန်းရှောင်ယု နှင့် ကျိုးရှောင်ကဲ့ အားသိုင်းပညာများကို သင်ကြားပေးလျှက်ရှိသည်။
ယီယွင်က သိုင်းပညာသင် ပေးရန်အချိန်မရှိပေ။ ယီယွင် သည် နန်းမြို့တော်မှ နတ်အရိုင်းမြေသို့ အလောတကြီးပင်သွားရပေသည်။ ကျန်းရှောင်ယုအား သိုင်းပညာ လေ့ကျင့်သင်ကြားပေးရန် အချိန်မရှိပေ။
”လင်းရှင်းထုံ သာ ကျန်းရှောင်ယု ကို လေ့ကျင့်ပေးနိုင်ရင် အရမ်းကောင်းမှာပဲ...”
လင်ရှင်းထုံ မည်သို့ဖြစ်နေမည်ကို ယီယွင် တွေးတွေးမိသည်။ လင်ရှင်းထုံမိသားစုက သူမအား တစ်ခုခုအတွက် ပြန်ခေါ်ထားသည်ဟု သူမပြောဖူးသည်။ မည်သည်အတွက်ဖြစ်မည်ကို ယီယွင် တွေးမိသည်...