← Chapters

မြင့်မြတ်သောတောသို့ ခရီးသွားခြင်း။

Vol. 11 Ch. 157

မြင့်မြတ်သောတောသို့ ခရီးသွားခြင်း။

Vol. 11 Ch. 157

"ယွင်အာ၊ ဒီနတ်အရိုင်းမြေစခန်းကို... မင်းသွားရမှာလား" ကျန်းရှောင်ယု သည် သူမ၏ နှုတ်ခမ်းများကို ကိုက်လိုက်ပြီး ယီယွင် အား ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့် ကြည့်နေသည် ။

ယီယွင် သည် နတ်အရိုင်းမြေစခန်းတွင် သေဆုံးနှုန်းများအကြောင်း ကျန်းရှောင်ယု အား မပြောပြသော်လည်း ကျန်းရှောင်ယု သည် နတ်အရိုင်းနယ်မြေစခန်းများမှ အကြောင်းအရာအားလုံးကို သိရှိနေဆဲဖြစ်သည်။

သေဆုံးမှုနှုန်း ၁၅%နှင့် မသန်စွမ်းမှုနှုန်း ၅%သည် စိတ်မသက်သာဖွယ်ရာ ဖြစ်ပေသည်။

“ကျွန်တော် အဆင်ပြေမှာပါ” ယီယွင် က လေးနက်စွာပြောလိုက်သည်။

ယီယွင် စကားကိုကြားသောအခါ ကျန်းရှောင်ယု နှုတ်ခမ်းများ လှုပ်သွားကာ တစ်ခုခုပြောချင်သော်လည်း အဆုံးတွင် ဘာမှပြန်မပြောဖြစ်ပေ။

နောက်ဆုံးတော့ သူမက ယီယွင် ကို ညင်သာစွာ ပွေ့ဖက်ပေးလိုက်ရုံမျှသာလုပ်နိုင်တော့သည်။ ယီယွင် လိုချင်သည့်ဘဝ ရှိသည်ကို ကျန်းရှောင်ယုသိသည်။ ယီယွင်ဆုံးဖြတ်ထားသည်အရာကို စိတ်ပြောင်းနိုင်ဖို့ နည်းလမ်းမရှိပေ။

မြင်းရိုင်းတစ်ကောင်ကို မြက်ခင်းပြင်တွင်လွှတ်ရန်ရာသာ ရည်မှန်းထားလေသည်...

ကျန်းရှောင်ယု က ယီယွင် ယူဆောင်သွားရန်အတွက် အရာအားလုံးကို ထုပ်‌ပိုးပေးခဲ့သည်။ ယီယွင် နှင့် လိုက်ဖက်သော အိတ်ကို ချုပ်ထား‌ပေးပြီး ၎င်းပေါ်တွင် "ယို"ဟုသောစာလုံးကြီးကို ချည်ဖြင့် ထိုးထား‌လေသည်။ ကျတ်တီး‌မြေမှလူများသည် လူများမှာ၎င်း၏အနောက်ဖက်တွင် ချည်ထိုးထားပါက ကာကွယ်ပေးသည်ဟုယုံကြည်ကြသည် ။ ယီယွင် ကို ဘေးကင်းစေရန် မျှော်လင့်ရင်း စုကျဲ ပေးခဲ့သော အကာအကွယ်အဆောင်ကို ချုပ်ပေးထားခြင်းပင်...

ဤသို့ဖြင့် ယီယွင် ဟာ ၎င်း၏ခရီးကို စတင်ခဲ့သည်..။

...

သုံးရက်မြောက်သောနေ့၊ ချိန်းထားသောအချိန်၌ ကောင်းကင်သည် လင်းထိန်နေ၏။ ယီယွင် သည်၎င်း၏ ထက်ဝက်ခန့်ရှိသော သားရဲအရေပြားအိတ်ကို သယ်ဆောင်လာက ကျင်းလုံဝေ့ ရင်ပြင်မှာ စောင့်နေလေသည်။

သိပ်မကြာခင်မှာပင် စုန့်ကျစ်ကျွင်းမှာ မြင်ကွင်းထဲတွင် ပေါ်လာသည်။

နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်လေသည်။ နှစ်ယောက်စလုံးက နတ်အရိုင်းမြေစခန်း ဘက်ကို သွားကြမည့်သူများ ဖြစ်သည့်အတွက် ပြောစရာအများကြီး မရှိလှပေ။

၎င်းတို့ နှစ်ဦးသားမှာ ဖြောင့်စင်းလှသော လှံနှစ်ချောင်းနှင့် တူပေသည်။

နေ‌မင်း၏ ပထမဦးဆုံးရွှေရောင်အလင်းတန်း ပေါ်ထွက်လာသောအခါ၊ စိမ်းမြသော အမှုန်အမွှားများမှာ ဝေးကွာလှသော မိုးကုတ်စက်ဝိုင်းတွင် ပေါ်လာ‌လေ၏။အလင်းရောင်မှာ တ‌ဖြည်းဖြည်း ကြီးထွားလာကာ မကြာခင်မှာ ကောင်းကင်ကို ဖုံးလွှမ်းသွားလေ၏။

ယီယွင် မော့ကြည့်လိုက်ပြီး သူ့လျှာကိုတိတ်တဆိတ် ဖိကိုက်နေလေသည်။ လေသ‌င်္ဘောတစ်စင်း…။ လေသင်္ဘောကို တိမ်တိုက်ရိုင်းနယ်မြေတွင် လင်ရှင်းထုံနှင်အတူ ယခင်က မြင်ခဲ့ဖူး‌လေသည်။

ယခုမှာ စစ်‌လေသင်္ဘောပင်။ ၎င်းသည် လင်ရှင်းထုံနှင့်တွေ့ခဲ့ရသော လေသင်္ဘောထက် များစွာကြီးမားပြီး ရှုပ်ထွေးမှုမှာနည်းလှသည်။

လေသင်္ဘော များသည် တိုင်အာနတ်ပြည်ထောင် ၏ လေကြောင်း ပို့ဆောင်ရေး သင်္ဘောများ ဖြစ်သည်။ အထူးသဖြင့် နတ်ရိုင်း‌မြေအား ဖြတ်ကူးနိုင်တဲ့ လေသင်္ဘောများကို နတ်သင်္ဘောဟုလည်း ခေါ်ကြပေသည်။ ၎င်းတို့ကို တိုင်အာနတ်ပြည်ထောင် ၏ အစင်ကြယ်ဆုံး သခင် အများအပြားက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အသုံးပြုထားသော သတ္တုများအားလုံးကို အင်းကွက် အစီအရင်များဖြင့် ရေးထွင်းထားလေသည်။ ‌လေသင်္ဘောသည် ခိုင်မာသည့်အပြင် ခံစစ်နဲ့ ထိုးစစ်ဆင်မှုများပါ လုပ်‌ဆောင်နိုင်လေသည်။ နတ်အရိုင်းမြေ၌ ပျံဝဲသော ပျက်စီးခြင်းသားရဲတို့၏ အန္တရာယ်များကိုပါ ကျော်လွှားနိုင်လေသည်။

တိုင်အာနတ်ပြည်ထောင် ၏ ကျော်ကြားသော နတ်သင်္ဘောများသည် နတ်လှေများဖြင့် ဖွဲ့စည်းထားသည်။ ၎င်းသည် တိုင်အာနတ်ပြည်ထောင် ၏ ခွန်အား၏ သင်္ကေတတစ်ခုဖြစ်သည်။

နတ်သင်္ဘောသည် ၎င်း၏အမြင့်ကို ဖြည်းညှင်းစွာ လျှော့ချလိုက်သည်။ အေးစက်နေသော သတ္တုဝမ်းဗိုက်အောက်ရှိ ရေစက်အဝိုင်းလေးများသည် နံနက်ခင်းနေရောင်ဖြင့် လင်းလက်နေသည်။ ၎င်းတွင် ရေးထိုးထားသော လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်း အင်းကွက် တချို့သည် လေသင်္ဘောကို ရောင်ခြည်တော်စက်၀န်းကဲ့သို့ အုပ်မိုးထားလေသည်။

ဤမျှလောက် အားကြီးသော လေသင်္ဘောကို မြင်လိုက်ရသဖြင့် ယီယွင်မှာ ဖိအားတချို့ကို ခံစားလိုက်ရသည်။ထိုမျှကြီးမားသော ရတနာ လေသင်္ဘောကြီး တစ်ခုပေါ်တွင် ပထမဆုံး ပျံသန်းရမည်ဖြစ်သည် ။

ယီယွင်မှာ နတ်အရိုင်း‌မြေသို့ဝင်ရောက်ရန် လိုအပ်သော သက်သေခံလက်မှတ်ကို ဆုပ်ကိုင်ထားလိုက်သည်။

“ဘက်(စ်)”

လေသင်္ဘောမှာ မြေပြင်အထက် မီတာတစ်ရာကျော်တွင် ရပ်တန့်ကာ မြည်ဟိန်းနေလေသည်။

ရေပုံးအရွယ်အစားခန့်ရှိ‌သော ခိုင်ခန့်လှသော အနက်ရောင် သတ္တုကြိုးတစ်ခုသည် သင်္ဘောဝမ်းဗိုက်မှ ယီယွင် နှင့် စုန့်ကျစ်ကျွင်း ရှေ့ရှိ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။

လေးလံသော သံကြိုးများကြောင့် ဖုန့်မှုန်များမှာ မုန်တိုင်းထသကဲ့သို့ပင်။

ပျံသန်းနေသော လှေ၏ကိုယ်ထည်ရှိ တံခါးများ ပွင့်လာလေသည်။ ပိန်ပိန်ပါးပါး ဂတုံး‌ပြောင်ပြောင်ဖြင့်လူလတ်ပိုင်းအရွယ် လူတစ်ဦးသည် သူ့လက်နှစ်ဖက်ကို ပိုက်ကာ ထိုနေရာတွင် ရပ်နေလေ၏။ အထက်မှ အမိန့်ပေးကာ ယီယွင် နှင့် စုန့်ကျစ်ကျွင်း ကို ငုံ့ကြည့်‌နေသည်။

"မင်းက နန်းမြို့တော် ကျင်းလုံဝေ့ ရွေးချယ်ထားတဲ့ နတ်အရိုင်း‌မြေစခန်းအတွက် ကျောင်းသားတွေလား။ မင်းတို့ရဲ့ သက်သေတွေပြပါ" ထိုလူက ယီယွင် အနားတွင် ရှိနေသကဲ့သို့ ယီယွင် ၏ နားထဲသို့ အသံများကို လွှတ်လိုက်သည် ။

ယီယွင် နှင့် စုန့်ကျစ်ကျွင်း က ပြန်ဖြေပြီး သက်သေခံလက်မှတ်ကို အပေါ်သို့ ပစ်လိုက်‌လေသည်။

လက်မှတ်များကို စစ်ဆေးပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်ကာ “ကောင်းပြီ သံကြိုး‌ပေါ်ကိုတက်ခဲ့”

ယီယွင် နှင့် စုန့်ကျစ်ကျွင်း တို့သည် သံကြိုးများပေါ်သို့ ချက်ချင်းတက်ကြသော်လည်း သတ္တုကြိုးများသည် လက်ထဲတွင် လျှောကျနေသည်ကို သတိထားမိလိုက်ကြသည်။ ၎င်းကို တရုတ်သစ်သားဆီအလွှာများဖြင့် ဖုံးအုပ်ထားပုံပေါ်သည်။

ထိုအကြောင်းအရာကို တွေးကြည့်တော့ စမ်းသပ်မှုတစ်ခုပဲလား။

သို့သော် ထိုစမ်းသပ်မှုမှာ ယီယွင် နဲ့ စုန့်ကျစ်ကျွင်း အတွက်တော့ အလွယ်တကူပင်။ ၎င်းတို့၏ ပျော့ပျောင်းမှုနဲ့အတူ မျောက်များကဲ့သို့ သံကြိုးကွင်းများကို သွက်သွက်လက်လက် တက်နေကြသည်။

ယီယွင် သည် အလွန်ကျွမ်းကျင်စွာမြေပြန့်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ သင်္ဘောပေါ်သို့ တက်ခဲ့ကြသည်။ လူလတ်ပိုင်းအရွယ်ကသူတို့ကို ခဏမျှ ရပ်ကြည့်နေသည်။

လေသင်္ဘောထဲသို့ ဝင်သောအခါ ခေါင်းဆောင်က ၎င်းတို့အား လေသင်္ဘော၏ အရှေ့မြောက်ထောင့်သို့ ခေါ်ဆောင်သွားသည်။ လေသင်္ဘောပေါ်တွင် လိုက်နာရမည့် စည်းကမ်းတချို့ကို ရှင်းပြပြီးနောက် ထွက်ခွာသွားလေသည်။

ခေါင်းဆောင်ထွက်သွားသောအခါ ယီယွင် သည် ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်သည်။

လေသင်္ဘောပေါ်တွင် လူနှစ်ဆယ်ကျော် လိုက်ပါလာလေသည်။

ထိုသူတို့မှာ အနီးနားမြို့များမှ ပါဝင်သူများဖြစ်ကြသည်။ နန်းမြို့တော်ပတ်လည်မှာ လူများစွာလည်းပါ၀င်သည်။

ထိုလူတွေအားလုံးမှာ သတ္တိနှင့်ပြည်စုံသော ယောကျာ်းကောင်းများ ဖြစ်ကြသည်။

တချို့ကလေသင်္ဘောပေါ်မှာတောင် လေ့ကျင့်မှုများကို ပြုလုပ်လျှက်ရှိနေလေသည်။ တရားထိုင်ခြင်း တချို့က ပြင်းပြင်းထန်ထန် လေရှူသွင်းခြင်း၊ လက်သီးများ ထုတ်လွှတ်ကြခြင်းတို့ဖြစ်သည်။ တစ်ယောက်မှ စိတ်အေးလက်အေး မနေကြပေ။

ယင်းကြောင့် နတ်အရိုင်း‌မြေစခန်း၌ စခန်းချရန် ရွေးချယ်ခံရသူများသည် သာမန်လူများမဟုတ်ကြောင်း ယီယွင် သဘောပေါက်စေခဲ့သည်။

ယီယွင် က ဘယ်သူ့ကိုမှ စကားသိပ်မပြောပဲ သူ့နေရာတွင်သူ ထိုင်ကာ အသက်ရှုခြင်းကို ထိန်းညှိနေလေသည်။

မကြာမီ၊ နတ်လှေတော်သည် နန်းမြို့တော်၏ နယ်မြေမှ ဖြတ်ကျော်လာလေသည်။ နန်းမြို့တော်၏ အနီးနားရှိမြို့များမှ နတ်လှေပေါ်တက်ကြသော လူတစ်ဒါဇင်ခန့်ရှိသည်။ မြို့ဆယ်မြို့ကျော်ကို ဆက်တိုက် ပျံသန်းပြီးနောက် လူ ၁၀၀ ကျော် လိုက်ပါလာခဲ့သည်။

ထိုနောက်တွင် တခြားလိုက်ပါမည့်သူ မရှိတော့ပေ။ နတ်လှေတော်သည် တိမ်များအတွင်းသို့ တိုးမြင့်စွာ ပျံတက်သွားကာ အစီအရင်များကို အသက်သွင်းလိုက်သည်နှင့် တရှူးရှူး မြည်သံများနှင့် အတူ မိုးခြိမ်းသံများပါ နောက်ကွယ်တွင် ကျန်ရစ်ခဲ့‌လေသည်။

ယီယွင် မျက်လုံးဖွင့်ပြီး ပြတင်းပေါက်ကို လှမ်းကြည့်ရုံမှတပါး တခြားလုပ်စရာမရှိပေ။

တိုင်အာနတ်ပြည်ထောင် ၏ရှုခင်းသည် မြင်ကွင်းတစ်ခုဖြစ်သည်။

မျိုးနွယ်စုငယ်မှ ရောက်ရှိလာသော ယီယွင် ကဲ့သို့ လူတစ်ဦးအတွက် ၎င်းသည် တောင်တန်းများနှင့် မြစ်များကို မြင်ကွင်းကျယ်ကြည့်ရှုရန် လေ့ကျင့်မှုနှင့် အတွေ့အကြုံစုဆောင်းမှုပုံစံတစ်ခုပင်ဖြစ်သည်။

လေသင်္ဘောအပြင်ဘက်တွင် ယီယွင်သည် များမကြာမီပင် ကြီးမားသောမြစ်ကြီးကို တွေ့လိုက်ရသည်။ မြစ်မှာ မိုင်ရာပေါင်းများစွာ ကျယ်ဝန်းပြီး မြစ်အတွင်း၌ အမှောင်ရိပ်များ ရှိနေသည်။ ရုတ်​တရက်​ အရိပ်​တစ်​ခုမှာ ​ရေပြင်​‌ပေါ်သို့ ခုန်တက်လာလေသည်​။ ဝေလငါးကြီးထက် အဆများစွာကြီးမားသော သားရဲကြီးဖြစ်သည်။ ရေထဲမှခုန်ထွက်ပြီး ကောင်းကင်မှာ ဧရာမငှက်ကြီးတစ်ကောင်ကို ဖမ်းဆွဲကာ ရေထဲသို့ပြန်ဆင်းသွားလေသည်။

ယီယွင်က ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွားသည်။ ထိုကဲသို့ လူသတ် ရေသတ္တဝါမျိုးကို တစ်ခါမှ မတွေ့ဖူးပေ။

အဆုံးမရှိသော ကျတ်တီးမြေထဲတွင် ကောင်းကင်ပြင်ကို ပိတ်ဆို့နေသော ထူးဆန်းသောငှက်အုပ်များလည်း ရှိသည်ကို ယီယွင်မြင်လိုက်ရသည်။ တောင်ပံများမှာ ပေတစ်ရာကျော် ရှည်လျားပြီး တောင်ပံရိုက်ခတ်မှုမှ ထွက်‌လာသော လေလှိုင်း‌များကြောင့် လေသင်္ဘောကိုပင် လှုပ်ခါလျှက်ရှိသည်။

ကျယ်ပြောလှသော သမုဒ္ဒရာကြီးထဲရှိ ရေပြင်ပေါ်မှာ ကျွန်းငယ်လေးများစွာ ပေါ်ထွက်နေကြပြီး‌ ဝေဟင်ပေါ်မှာကဲ့သို့ ရွေးလျားနေကြလေသည်။ သက်တံများပင် ပေါ်ထွက်နေကြသည်။အမှန်‌တွင် ထိုကျွန်းစုလေးများမှာ ဧရာမ လိပ်ကြီးများဖြစ်လေသည်။

အံ့သြဖွယ်ကောင်းသော တိရစ္ဆာန်များစွာမှာ တခါမှမကြုံတွေ့ဖူးသဖြင့် ယီယွင်အား အံ့အားသင့်စေခဲ့သည်။

တိုင်အာနတ်ပြည်ထောင် သည် အလွန်ကျယ်ပြောလှသော်လည်း ရက်အနည်းငယ်ကြာ ပျံသန်းပြီးနောက်တွင် ကြီးမားသော ဧရာမခံတပ်တစ်ခုသို့ လေသင်္ဘောမှာ ဆိုက်ကပ်လျှက်ရှိလေသည်။

ခံတပ်တွင် မရေမတွက်နိုင်သော သလင်းကျောက်များဖြင့် ခမ်းနားထည်ဝါသော အစီအရင်တစ်ခု ရှိပြီး ကောင်းကင်‌ပေါ်သို့ တောက်ပသော စွမ်းအင်များ ဖြာထွက်လျှက်ရှိသည်။

၎င်းတို့မှာ အလွန်ကြီးမားလှသော အစီအရင်များဖြစ်သည်။

တိုင်အာ နတ်ပြည်ထောင်သည် ကြီးမားရုံသာမက နတ်တောဖြင့်လည်း အလွန် ဝေးကွာလွန်းသဖြင့် လေသင်္ဘောများဖြင့် ပျံသန်းသွားလျှင်ပင် အချိန်အတော်ကြာ‌ပျံသန်းရပေသည်။ ထို့ကြောင့် တစ်နေရာမှတစ်နေရာသို့ ခရီးသွားရန် ရှေးကျသော အစီအရင်များကို အားကိုးရ‌လေသည်။

ယီယွင် ရေတွက်ကြည့်လိုက်မိသည်။ ခမ်းနားထည်ဝါတဲ့ ခံတပ်အစီအရင်မှာ အာလုံးပေါင်း သုံးခုရှိကာ။ မိုင် သန်းပေါင်းများစွာ အကွာအဝေးကို သုံးကြိမ်တိုင်တိုင် နေရာခုန်ကူးခဲ့ရ‌ပေသည်။

နောက်ဆုံးတွင် ယီယွင်တို့မှာ နတ်အရိုင်းမြေအနီးရှိ ဖုန်းဆိုးမြေသို့ ရောက်ရှိခဲ့ကြသည်။

လျှိုင် မျိုးနွယ်စုသည် မူလက ကျင်း ပြည်နယ်အနားရှိ တိမ်တိုက်ရိုင်း‌နယ်‌မြေတွင်ဖြစ်သည်။ သို့သော် နတ်အရိုင်း‌မြေသည် နတ်ပြည်ထောင်၏ တစ်ဖက်စွန်း၌ တည်ရှိလေ၏။ ကျင်း ပြည်နယ်မှ နတ်အရိုင်းတောသို့ ခရီးသွားမည်ဆိုပါက တိုင်အာနတ်ပြည်ထောင် ၏ ကြီးမားသော ဧရိယာကဖုံးလွမ်းထားသဖြင့် ၎င်းကို ဖြတ်ကျော်ရပေမည်။

ခရီးမှာ ဝေးလွန်းလှသည်။

လေသင်္ဘောပေါ် ဖြာကျနေသည့် နေရောင်မှာ သွေးနီရောင်သမ်းနေသည်။

လေသင်္ဘော၏ထိပ်တွင်၊ တွင်းပေါက်အနည်းငယ်ရှိသည်။ ၎င်းတို့သည် နတ်လှေကို ကာကွယ်ရန်အတွက် သတ္တုအတွင်း ထည့်သွင်းထားသော အစီအရင်များဖြစ်သည်။ ယီယွင်တို့၏ခရီးတွင်၊ ပျက်ဆီးခြင်းသားရဲများ၏ တိုက်ခိုက်ခြင်းကို နှစ်ကြိမ်တိုင်တိုင်ခံခဲ့ရသည်။ ထိုနောက် လေသင်္ဘော သတ္တုကိုယ်ထည်ပေါ်တွင် ကုတ်ရာများပင် ကျန်ခဲ့လေသည်။

"နတ်တော၊ ငါတို့ နတ်တောကို ရောက်ပြီ။" နတ်လှေထဲရှိ လူတစ်ယောက်က အော်လေသည်။ ခန်းမထဲမှ လူများမှာ အလုအယက်ဖြင့် အပြင်ကို ကြည့်နေကြသည်။

ယီယွင် သည် လေယာဉ်သင်္ဘော၏ မှန်ပြတင်းပေါက်မှ လှမ်းကြည့်ရင်း မျက်ခုံးပင့်လိုက်သည်။ အဝေးမှာ မြူတွေ လွင့်နေသည်ကို တွေ့လိုက်ရသည်။

တောတွင်း အငွေ့အသက်များ တဟုန်ထိုး လွှမ်းခြုံသွားသလိုပင်။

“အုံး”

အသံကြီးနှင့်အတူ ‌တလောကလုံး တုန်လှုပ်သွားစေသည်။

အောက်‌ခြေတွင်လည်း ဖုန်မှုန့်များအပြည့်ပင်။ ဖုန်မှုန့်လွင်ပြင်များပေါ်တွင် အကောင်ကြီးများစွာမှာလည်း ပြေးလွှားနေကြသည်။ သူတို့၏ ခွာသံများသည် မြေပြင်ပေါ်မှ မိုးခြိမ်းသံများကဲသို့ပင်။

အဝေးမှ မိုးကုတ်စက်ဝိုင်းမှာ အနက်ရောင် တောနက်ကြီးတစ်ခုအား ဖြတ်ကျော်သွားတယ်။ ကြီးမားသောသစ်ပင်ကြီးတစ်ပင်မှာ ကောင်းကင်ပြာပြာသို့ ထိုးတက်နေသော အလင်းတန်းတစ်ခုနှင့် တူလှသည်။

ကောင်းကင်မှာ စူးရှတဲ့ အော်ဟစ်သံများ ပျံလွင့်နေသည်။ ၎င်းတို့သည် မြောက်မြားစွာသော ပျံသန်းနေသည့် သားရဲများဖြစ်ပြီး ၎င်းတို့၏ ချွန်ထက်သော ခြေသည်းများမှာ ဓားသွားများကဲ့သို့ပင် ဖြစ်သည်။ ခြင်္သေ့နှင့်တူသော သားရဲတစ်ကောင်မှာ ကောင်းကင်ယံသို့ သုတ်ချီခံလိုက်ရကာ မြေပြင်၌သွေးနှင့်ဖုန်မှုန့်များသာ ကျန်ခဲ့လေသည်။

အဝေးရှိ တိမ်တိုက်များကြားမှာ ထူထပ်တဲ့ တောင်ကြီးတစ်တောင် တည်ရှိနေသည်။ ကောင်းကင်ဘုံကဲ့သို့ တောက်ပသော အလင်းတန်းများ ဖြင့် ၀န်းရံထားလေသည်။ သို့သော် ထိုနတ်အရိုင်းမြေ ကျော်ဖြတ်သွားသောအခါ အနက်ရောင်ပိုးအိမ်နှင့်တူသော သားရဲများကဖမ်စား‌ပေလိမ့်မည်...

တချိုတောင်ထိပ်များမှာ လွင်ထီးပြင်သာဖြစ်ပြီး သက်ရှိများ ရှိသည်အရိပ်အရောင်ပင်မပေါ်ပေ။‌ တောင်တစ်လုံးမှာ ခြင်္သေ့ကြီးတစ်ကောင် မှောက်လျှက်၀ပ်‌နေသည့် အနေအထားဖြင့်တည်ရှိ‌ နေသည်။ ၎င်းဆီမှ ဟိန်းသံများပင် တစ်ချက်ချက်ကြားရပေသည်။

လေသင်္ဘောသည် ထိုနေရာသို့ ရောက်ရှိလာသောအခါတွင် ပို၍ ဂရုတစိုက် ပျံသန်းလာခဲ့သည်။ ပို၍မြင့်မားသော အမြင့်သို့ ပျံသန်း‌‌နေလေသည်။

လေသင်္ဘော၏အောက်တွင် အဆုံးမရှိသော တောင်တန်းများရှိသည်။

ရံဖန်ရံခါတွင် ကြီးမားသော မဟူရာ ရွှံ့ညွန် သို့မဟုတ် ပူနွေးသော ကျတ်တီးမြေများကို မြင်တွေ့နိုင်သည်။

ထိုနေရာများတွင် အဖြူရောင်အရိုးစုများ ရှိနေသည်။

“ဒါက နတ်တောလား…” ယီယွင် အသက်ပြင်းပြင်းရှူရင်းမေးလိုက်သည်။ နတ်တောမှာ အလွန်အားကြီးပြီး ကြောက်စရာကောင်းလှသည်။

"ကြည့်စမ်း၊ ဒါ မီးခွင်းသားရဲမဟုတ်ဘူးလား။" ယီယွင် ငုံ့ကြည့်ရင်း တစ်စုံတစ်ယောက်က ရုတ်တရက် ပြောသံကိုကြားလိုက်ရသည်။ နတ်လှေအောက်ရှိ တောကန္တာရလွင်ပြင်တွက် အရိုးစုပုံများတွေ့ရသည်။ ထိုအရိုးများအတွင်းတွင် ချော်ရည်ကဲ့သို့ စီးဆင်းနေသော အရာတစ်ခုရှိသည်။ ၎င်းသည် မီးခွင်းသားရဲ ဖြစ်ပုံရသည်။

သို့သော် ယခုအချိန်မှာတော့ မီးခွင်းသားရဲမှာ သေဆုံးနေပြီဖြစ်သည်။ ၎င်း၏ အသားများကို ရောင်စုံငှက်ကြီးတစ်ကောင်က ထိုးဖဲ့ စားသောက် နေလျှက်ရှိသည်။

ယီယွင် မျက်လုံးများကို မှိတ်လိုက်သည် ။ တိမ်တိုက်ရိုင်းနယ်မြေထဲတွင် မီးခွင်းသားရဲများရှိသည်ကို ယီယွင်သိရှိပြီး တိမ်တိုက်ရိုင်းနယ်မြေတွင် လူသိများတဲ့ သားရဲတစ်ကောင်ပင်။ သို့သော် ယခု နတ်အရိုင်းတော၌ ရောင်စုံငှက်ကြီး၏ သားကောင်ဖြစ်နေပေပြီ။

နတ်အရိုင်းတော၌ အလှည့်အပြောင်းတိုင်း၌ အန္တရာယ်များပြည့်‌ နေလေ၏။ တိမ်တိုက်ရိုင်း‌နယ်မြေနှင့် ယှဉ်ပါက လုံးဝခြားနားသော အဆင့်မှာ ရှိနေသည်။

တိမ်တိုက်ရိုင်းနယ်မြေ သည် ကောင်းကင်အဆင့်ယွမ်ချီ နှင့် မဖြစ်ထွန်းသောမြေမျိုးဖြစ်သည်။ ထို့ကြောင့် ရတနာများ သို့မဟုတ် အားကြီးသော ပျက်စီးခြင်း သားရဲများကို မမွေးဖွားနိုင်ပေ။

ရှေးဦးမျိုးစိတ်များမှ ကြီးမားသော ဧရာမသားရဲများကဲ့သို့ အမျိုးအစားများ ကင်းမဲ့လျှက်ရှိသည်။

တိမ်တိုက်ရိုင်းနယ်မြေ ၏ အပြင်းထန်ဆုံးသော ပျက်စီးခြင်း သားရဲများသည် ပျက်စီးခြင်းလူသားတောင်ကြား ၏ မြောက်ဘက်ရှိ ပျက်စီးခြင်း ဖုန်းဆိုး‌မြေများထဲသို့ ဝင်ရောက်လာခြင်းဖြစ်သည်။ ပျက်စီးခြင်း ဖုန်းဆိုးမြေများသည် တိမ်တိုက်ရိုင်းမြေနှင့် လုံးဝခြားနားသော နေရာနှစ်ခုဖြစ်သည်။

သို့သော် နတ်အရိုင်းတောနှင့် အလွန်ခြားနားသည်။ တောအတွင်း၌ ဧရာမအကောင်ကြီး အရေအတွက်မှာ မရေမတွက်နိုင်အောင်ကို များပြားလှသည်။

သာမာန်လူတို့သည် တိမ်တိုက်ရိုင်း‌နယ်မြေ၌ ခဲယဉ်းကြီးစွာ ရှင်သန်နိုင်သော်လည်း နတ်အရိုင်းတော၌ သာမန်လူမရှိချေ။ ထိုမြေများကို အခြေချသူ အလွန်နည်းပါးသည်။ အထူးသွေး အမွေအနှစ်များ သို့မဟုတ် လျှို့ဝှက်ဆန်းကြယ်သော မျိုးနွယ်စုများ ရှိကြောင်း ဒဏ္ဍာရီများ ရှိသည်။ ထိုမျိုးနွယ်များမှာ လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်အစွမ်းထက်ကြသည်ဟု ပြောကြလေသည်။

All Chapters