← Chapters

ဗဟိုမြင့်မြတ်သောမျှော်စင်

Vol. 11 Ch. 158

ဗဟိုမြင့်မြတ်သောမျှော်စင်

Vol. 11 Ch. 158

“ဒီမီးတောက်ရောင် ငှက်ကြီးက ဘာကောင်လဲ” ယီယွင် က နောက်မှလူကို မေးလိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ယီယွင်မှာ သူငယ်ချင်းတချို့ ရရှိလာပြီဖြစ်သည်။

"ဒါဟာ ကြောက်စရာကောင်းတဲ့ မီးငှက်တစ်ကောင်၊သူ့မှာ ပဏာမပျက်စီးခြင်း သားရဲ ဗာမီလီယံငှက် ရဲ့ အသွေးအသား ရှိတယ်၊ဒီငှက်နဲ့ မီးခွင်း သားရဲ နှစ်မျိုးလုံးဟာ မီးဒြပ်စင် ပျက်စီးခြင်း သားရဲတွေပဲ၊ နောက်ထပ် မီးဒြပ်စင် သားရဲကို စားသုံးမှာပဲ သူတို့ရဲ့ ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေမှာ၊ သူတို့ နှစ်ကောင်လုံးက ပျက်စီးခြင်း သားရဲတွေ ဖြစ်ပေမဲ့ သူတို့ရဲ့ အစွမ်းသတ္တိ ကွာခြားချက်တွေကတော့ ကြီးမားတယ်" ယီယွင် အနားက မသိမသာ ၀ဖိုင့်သောလူငယ်တစ်ဦးကရှင်းပြလေသည်။

ထိုလူငယ်၏အမည်မှာ ရှုကျန်း။ရှုကျန်းမှာ ခရီးသွားစဉ်တွင်ရရှိခဲ့သော ယီယွင်၏ သူငယ်ချင်းအသစ်များထဲမှ တစ်ဦးဖြစ်သည်။

ရှုကျန်း က သူ၏ ဖောင်းကားနေသော မေးစေ့ကို ကိုင်ကာ နှုတ်ခမ်းများကို သပ်လိုက်ပြီး "အသွေးအသားပါတဲ့ ပျက်စီးခြင်း တိရစ္ဆာန်‌တွေ။ သူတို့က လူတွေရဲ့ခန္ဓာကိုယ် အတွက်များစွာ အကျိုးကျေးဇူးတွေ ပေးတယ်။ ကြောက်မက်ဖွယ်ကောင်းသော မီးငှက်တစ်ကောင်ကိုဖမ်း ပျက်စီးခြင်း အရိုးအမွေအနှစ်အဖြစ် ပြောင်းလဲ ပြုပြင်လိုက်ရင် စျေးကွက်မှာ အဖိုးဖြတ်လို့ကိုမရဘူး၊ ဝယ်တဲ့လူတွေနဲ့ လောက်တောင်မလောက်ဘူး ကိုယ့်လူ"

ထိုရက်များတွင် ယီယွင် သည် မတူညီသော ပျက်စီးခြင်းသားရဲများ၏ ခွန်အားနှင့်အမျိုးအစားခွဲခြားမှုကို သင်ယူခဲ့သည်။

အညံ့ဆုံးမှာ သာမန်ပျက်စီးခြင်းသားရဲ များဖြစ်သည်။ ကြမ်းတမ်းခြင်း သားရဲများ၏ တစ်ခုတည်းသော ခြားနားချက်မှာ ကောင်းကင်အဆင့် ယွမ်ချီကို ကိုင်တွယ်နိုင်သည့် စွမ်းရည်ဖြစ်သည်။ ၎င်းအဆင့်သည် ချီစုဆောင်းမှု နယ်ပယ်မတိုင်မီ သေမျိုးသွေးစစ်သည်များနှင့် ချီစုဆောင်းမှု နယ်ပယ်နှင့် အထက်သို့ တက်ရောက်မည့်သူများနှင့် ဆင်တူသည်။

သာမာန်ပျက်စီးခြင်းသားရဲများနောက်တွင်၊ လက်ရွေးစင်အဆင့်ရှိသော ပျက်စီးခြင်းသားရဲများ၊ ဗိုလ်ချုပ်အဆင့်ရှိသော ပျက်စီးခြင်းသားရဲများ၊ ဘုရင်အဆင့်ရှိသော ပျက်စီးခြင်းသားရဲများရှိသည်။

ထို့အပြင် ရှေးဦးအဆင့်ရှိသော ပျက်စီးခြင်းသားရဲများနှင့် ရှေးဦး‌သွေးအဆင့်ရှိသော ပျက်စီးခြင်းသားရဲများအကြောင်း ကောလာဟလများရှိသည်။ထိုကောလဟာလများမှာ ယီယွင် ရဲ့ နားလည်မှု အတိုင်းအတာထက် ကျော်လွန်လျှက်ရှိသည်။

ပျက်စီးခြင်းသားရဲသန်မာရန်အတွက် အရေးကြီးဆုံးစံသတ်မှတ်ချက်မှာ ၎င်းတို့၏သွေးဖြစ်သည်။ ပုံမှန်အားဖြင့်၊ ရှေးဦးသွေးပါရှိသော ပျက်စီးခြင်းသားရဲမှာ ပို၍သန်မာတတ်သည်။

အကယ်၍ လူတစ်ဦးသည် ရှေးဦး‌သွေးသားရဲတစ်မျိုးကို သတ်ပြီး ၎င်း၏အရိုးများနှင့် သွေးများကို ရယူပြီး ဆေးရည်နှင့် အမွေအနှစ်အဖြစ် သိမ်းဆည်းနိုင်ပါကာ ပစ္စည်းတန်ဖိုးကို တိုင်းတာ၍မရနိုင်တော့ပေ။

အမှန်ပင် ထိုကိစ္စရပ်များမှာ ယီယွင် အတွက် အရမ်းဝေးလွန်းလှသည်။ ယီယွင်မှာ သာမာန်အဆင့်ပျက်စီးခြင်းသားရဲများနှင့် တိုက်ခိုက်ရန်ပင် ခက်ခဲလှသည်၊ ရှေးဦးသွေးအဆင့်သားရဲကို ဖမ်းမိပါကလည်း ယီယွင်မှာ မည်သို့မည်ပုံလုပ်ဆောင်ရမည်ကို မသိပေ။

မှောင်စပြုလာသည်နှင့်အမျှ လေသင်္ဘောအတွင်း၌ ရုန်းရင်းဆန်ခတ်ဖြစ်လာကြသည်။ အသံများကိုကြားသဖြင့် ယီယွင်မှာ အဝေးကို လှမ်းကြည့်လိုက်သည်။ ယီယွင်မြင်လိုက်ရသည်မှာ လုံးဝကို မယုံကြည်နိုင်စရာပေ။

နတ်အရိုင်းတော၌ စခန်းချသော နေရာသည် မြို့တွင်း၌ တည်ရှိသည် ဟု ယခင်က ကြားခဲ့ဖူးသည်။ ထိုမြို့တွင် နတ်အရိုင်းတော တည်ရှိပြီး တိုင်အာနတ်ပြည်ထောင်၏ နတ်မြို့တော်အဖြစ် လူသိများသည်။

စကားလုံးများမှာ လေအဖြစ်သာရှိပြီး အမြင်မှာ ယုံကြည်ခြင်း ဖြစ်သည်။ ယခု မြို့ကိုမြင်ပြီးနောက် ယီယွင် သည် အဘယ်ကြောင့် ထိုမြို့ကို "နတ်မြို့တော်" ဟုခေါ်သည်ကို သိလိုက်ရသည် ။

အဆုံးမရှိ မီးခိုးရောင် လွင်ပြင်၏ မိုင်သန်းပေါင်းများစွာအတွင်းတွင် မြို့တစ်မြို့ တည်ရှိနေသည်။ ဧရာမ‌ မြေလွှာထိပ်တွင် မြို့တည်ထား‌ လေသည်။

ထိုမြို့သည် အနက်ရောင် မြို့အကာအကွယ် ခံတပ်ကြီးဖြစ်သည်။ အောက်ခြေတွင် ကျောက်စာတိုင်ကြီးများ ရှိသည်။ ၎င်းတို့သည် အချင်းဝက်မိုင်ပေါင်း ဒါဇင်ပေါင်းများစွာနှင့် မီတာထောင်ပေါင်းများစွာ မြင့်သော တောင်ထိပ်တစ်ခု အသွင်ပင်။

မီတာသောင်းချီမြင့်တဲ့ ကျောက်စာတိုင်တစ်ခုရဲ့ထိပ်တွင် တည်ဆောက်ထားသော မြို့တစ်မြို့မှာ အဝေးက ကြည့်ရှုပါက နဂါးနက်တစ်ကောင်ကဲ့သို့ တည်ရှိလျှက်ရှိနေသည်။

တိုင်အာ နတ်ပြည်ထောင်မှာ နတ်အရိုင်းတောထဲတွင် ယခုကဲ့သို့ မြို့ကို တည်ဆောက်ထားသည်မှာ စိတ်ကူးရခက်လှပေသည်။ အရည်အချင်းအရှိဆုံးလူသားများပင် ထိုအရာကိုမြင်လိုက်သောအခါ စိတ်လှုပ်ရှားစွာ သက်ပြင်းချမိပေလိမ့်မည်။

လေသင်္ဘောချဉ်းကပ်လာသည်နှင့်အမျှ ယီယွင် သည် မြို့၏သဏ္ဌန်ကို ဖြည်းဖြည်းချင်းမြင်နေရသည်။ ထိုမြင်ကွင်းမှာ ဧကရာဇ်နတ်ဘုရားက မိမိအား စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ တိုက်ခိုက်နေသကဲ့သို့ ကြီးကျယ်ခမ်းနားသော ရောင်ဝါကို ခံစားရစေသည်။

ယီယွင် ၏ စိတ်ထဲတွင် အမျိုးအမည်မသိ အားမာန်များဖြင့် ပြည့်နှက်နေပြီး သွေးသားများမှာ မီးလောင်ကျွမ်းနေသလိုပင်။

ထိုကဲ့သို့သောမြို့ကိုဖော်ပြရန် ခမ်းနားမှုဟုသော စကားလုံးဖြင့်ပင် မလုံလောက်ပေ။

မြို့၏အခြေမှာ မီတာသောင်းနှင့်ချီမြင့်လှသည်။ မြို့တော်အတွင်းတွင် အထပ်မြင့် အဆောက်အအုံများ ရှိနေပြီး အချို့မှာ တိမ်များကြားသို့ပင် ထိုးထွင်းဝင်ရောက်နေကြသည်။

မြို့ပတ်ပတ်လည်ရှိ တံတိုင်းများသည် အဆုံးမရှိသည့်သဖွယ် ဖြစ်နေသဖြင့် ကောင်းကင်နှင့် ချိတ်ဆက်ထားသည့်ပုံပင်။

မြို့၏အရှေ့ဘက်တွင် ကြီးမားပြီး အညိုရင့်ရောင်ရှိသော ရင်ပြင်တစ်ခုရှိသည်။ သွေးများဖြင့် ဖုံးလွှမ်းထားသည့်အသွင် အဆုံးမရှိသော သတ်ဖြတ်မှုနှင့် အားမာန်များကို ထုတ်ဖော်ပြသ‌နေသည်။

ရင်ပြင်ဘေးတွင် စိမ်းလန်းထူထဲကာ ရှည်လျားမြင့်မားလှသော သစ်ပင်ကြီးများပေါက်ရောက်လေ‌သည်။၎င်းတို့မှာ ဧရာမဘီလူးစိမ်းကြီး များနှင့်ဆင်လှသည်။

မြို့တစ်ခုလုံးသည် ချွန်ထက်သော ချောက်ကမ်းပါးပေါ်တွင် တည်ရှိပြီး ချောက်နံရံများသည် မှန်များကဲ့သို့ ချောမွေ့နေလေသည်။လမ်းမများမရှိပဲ ရေပုံးအရွယ်အစားခန့်ရှိ‌သော အနက်ရောင်သတ္တုကြိုးများသာရှိပြီး မညီမညာ‌လှသော မီတာသောင်းနှင့်ချီသောလွင်ပြင်များနှင့် ချောက်ကမ်းပါးများကို ချိတ်ဆက်ပေးထားသည်။

အောက်သို့ လှမ်းကြည့်လိုက်ပါက အောက်ခြေရှိ သံကြိုးများမှာ ကြီးမားပြီး မြင့်မားစွာ သွယ်တန်းနေကြသည်၊ သံကြိုးအဆုံးတဖက်သို့ကြည့်ပါက အဝေးရှိ တိမ်များသို့ သေးငယ်စွာ တိုး၀င် ပျောက်ကွယ်သွားလေသည်။ မြင်ကွင်းများမှာ ကြောက်ခမန်းလိလိပင်…

ထိုသံကြိုးများသည် ချောက်ကမ်းပါးများတွင် သွယ်တန်းထားသော တံတားများဖြစ်ပြီး ၎င်းတို့သည် နတ်အရိုင်းလွင်ပြင်မှ မြို့ထဲသို့ တစ်ခုတည်းသော ဝင်ပေါက်များဖြစ်သည်။

ထိုကဲ့သို့ တည်ဆောက်မှုကြောင့် မြို့တွင်း ဝင်ထွက်ရန်မှာ ခက်ခဲလှသည်။ ထိုအချက်မှာ​ အားသာချက်​​ဖြစ်ကာ မြို့တော်အား ကာကွယ်​ရလွယ်ကူစေသည်​။

နတ်အရိုင်းမြေ၌ ရံဖန်ရံခါ သားရဲများအုပ်စုလိုက်ရှိပေလိမ့်မည်။ ထိုသားရဲအုပ်တွင်၊ ဘုရင်အဆင့်ရှိသော ပျက်စီးခြင်းသားရဲများမပါရှိပေ။ သာမန်မြို့တစ်မြို့ဖြစ်သာဖြစ်ပါက ထိုသားရဲအုပ်များ လက်ချက်ဖြင့် ပျောက်‌ကွယ်သွားရန် ကြာလိမ့်မည်တောင်မဟုတ်ပေ။

အမြင့်ပေ သောင်းနှင့်ချီသော ကျောက်တောင်ထိပ်တွင် တည်ရှိနေသော မြို့တစ်မြို့အတွက်မူ သံကြိုးများကို ရုပ်သိမ်းလိုက်သည်နှင့် သာမန်ပျက်စီးခြင်း သားရဲများလာရောက် တိုက်ခိုက်ရန် နည်းလမ်းရှိတော့မည် မဟုတ်ပေ။

လေသင်္ဘောမှာ မြို့ရှေ့ ရှိရင်ပြင်ပေါ်တွင် ဆင်းသက်လိုက်လေသည်။

ရင်ပြင်ထဲတွင် ရပ်ထားသည့် လေသ‌င်္ဘောများနှင့် အရွယ်အစားတူသော ယာဉ်ပျံပေါင်း ဒါဇင်များစွာ ရပ်နားထားလေသည်။

ရင်ပြင်တွင် ကျွမ်းကျင်သန်မာသော အစောင့်အကြပ်များစွာ ရှိသည်။

ယီယွင်၊ စုန့်ကျစ်ကျွင်း နှင့် အခြားလူတစ်ရာကျော်တို့သည် ယာဉ်ပေါ်မှ ပိန်ပိန်ပါးပါး ဂတုံး‌ပြောင်လူနှင့်အတူ ဆင်းသက်လာကာ ထိုလူ‌နောက်သို့ လိုက်ပါသွားကြသည်။

လေသင်္ဘောပေါ်မှ ဆင်းသောအခါ ယီယွင် သည် အလွန်သိပ်သည်းပြီး ဖိအားများလှသော ကောင်းကင်အဆင့် ယွမ်ချီကို ခံစားလိုက်ရသည်။

ထိုနေရာရှိ ကောင်းကင်အဆင့် ယွမ်ချီသည် တိမ်တိုက်ရိုင်းနယ်‌မြေထက် ဆယ်ဆပို၍ ထူထပ်‌လေသည်။ ကောင်းကင်အဆင့်ယွမ်ချီ၏ သိပ်သည်းဆသည် သူရဲတစ်ဦး၏ ကျင့်ကြံမှုအတွက် များစွာအရေးကြီးသောကြောင့်၊ နတ်အရိုင်းတောအား နတ်ကျင့်ကြံခြင်းမြေအဖြစ် စစ်သည်တော်များစွာက ယူဆထားကြသည်။

နောက်ဆုံးတွင် ရင်ပြင်၌ရပ်နေသော ယီယွင်တို့မှာ မြို့၏ ကြီးကျယ်ခမ်းနားသော ရောင်ဝါကို ခံစားလိုက်ရသည်။

တိုင်အာ နတ်ပြည်ထောင် ၏ ထိပ်တန်းမြို့ - တိုင်အာနတ်မြို့တော်

ကျုံး ပြည်နယ်၏တော်ဝင်မြို့တော်သည် တိုင်အာ နတ်ပြည်ထောင် ဖြစ်ပြီး ဗဟိုမြို့ဖြစ်သောကြောင့် ခမ်းနားလှ‌သောအရှိန်အဝါရှိသည်။သို့ရာတွင် တိုင်အာ နတ်ပြည်ထောင် ၏ စစ်သည်တော်များ အတွက်မူ၊ အဝေးရှိ နတ်အရိုင်းတော၌ တည်ရှိသော ယခုမြို့သည် တိုင်အာ နတ်ပြည်ထောင် ၏ စစ်မှန်သော နံပါတ်တစ်မြို့ ဖြစ်သည်။

နှစ်သန်းပေါင်း များစွာအတွင်း တိုင်အာနတ်မြို့တော် သည် တိုင်အာ နတ်ပြည်ထောင် အတွက် စစ်သည်တော် အများအပြားကို ပြုစုပျိုးထောင်ပေးခဲ့သည်။ ထိုစစ်သည်များမှာမှာ ကျင့်ကြံခြင်း၊ သတ်ပုတ်ခြင်းများဖြင့် နတ်မြို့တော်တွင် ကြီးပြင်းလာကြသည်။

မီတာသောင်းချီမြင့်သော မြို့ရိုးများပေါ်တွင်တည်ရှိကာ အောက်ခြေ၌ နတ်အရိုင်းတော နှင့် အဆုံးမရှိသော လွင်ပြင်များကို မြင်သောအခါ၊ နတ်ပြည်ထောင် စစ်သည်တော်တိုင်းအတွက် ဂုဏ်ယူမှုမှာ မလွဲမသွေ မြင့်တက်လာပေလိမ့်မည်။

"မြို့ထဲဝင်ရအောင်" ဂတုံးနှင့်ခေါင်းဆောင်က ယီယွင်တို့အား ဦးဆောင်ကာ ထိုလူငယ်သူရဲကောင်းအားလုံးကို မြို့ထဲသို့ ခေါ်ဆောင်သွားသည်။

ထိုအချိန်တွင် ကောင်းကင်ကြီးတစ်ခုလုံးမှာ မှောင်မိုက်နေချေပြီ။

မြို့ရိုးများမှ ကမ္ပည်းစာများမှာ မှောင်ရိပ်မကျမီတွင် မှိန်ဖျော့သော အလင်းလေးများမှာ တန်းစီထွက်လာလေသည်။ ယီယွင် သည် ပြင်းထန်လှသော စွမ်းအင်အတက်အကျကို ရှင်းရှင်းလင်းလင်း ခံစားရစေသည်။

ထိုကမ္ပည်းစာတန်းများသည် နှစ်သန်းပေါင်း ရာနှင့်ချီ၍ တိုင်အာ နတ်ပြည်ထောင် ၏ အစီအရင်ဆရာ မှ ပြုလုပ်သော ကမ္ပည်းစာတန်းများ ဖြစ်သည်။ ကောင်းကင်အဆင့်ယွမ်ချီ သည် မြို့ရိုးတိုင်းကို ရန်သူများ မထိုးဖောက်နိုင်အောင်ပြုလုပ်ထား‌လေသည်။

မြို့ရိုးတံတိုင်းများပေါ်တွင် သူရဲခိုများ ရှိပြီး စစ်ပွဲသုံးလေးခွများဖြင့် အခိုင်အမာ ထည့်သွင်းထားလေသည်။ပြဿဒ်ချွန်များမှာလည်း အပေါ်သို့ ညွှန်ပြနေသကဲ့သို့ပင်။စစ်ပွဲသုံးလေးခွများ ၏ အေးစက်သောမြှားခေါင်း များသည် ခရမ်းရောင်စွမ်းအင်ဖြင့် တောက်ပနေ‌ လေသည်။ မြို့ရိုးတစ်ခုလုံး၏ အစီအရင်များနှင့်အတူ၊ ၎င်းသည် သိမ်မွေ့သော လှည့်စားမှုကို ဖြစ်ပေါ်စေ‌ပေသည်။

ဒီ စစ်ပွဲသုံးလေးခွများမှာ ညအခါတွင် သားရဲများလိုပင်။ ယီယွင် အားချိန်ရွယ်ထားခြင်း မရှိသော်လည်း မသိမသာ ကြက်သီးမွှေးညှင်းများပင် ထသွားသလိုပင် ခံစားလိုက်ရသည်။

သားရဲအုပ်တစ်ခုပေါ်လာသောအခါ၊ ပျံသန်းနေသော ပျက်စီးခြင်းသားရဲများ၏တိုက်ခိုက်မှုမှာ အကြီးမားဆုံးခြိမ်းခြောက်မှု ဖြစ်လာ‌လေသည်။ထို စစ်ပွဲသုံးလေးခွ များသည် ပျံသန်းနေသော ပျက်စီးခြင်းသားရဲများ၏ ပြေးမလွတ်သော အိမ်မက်ဆိုးများပင်။

ထို့ကြောင့် နတ်မြို့‌ တော်မှာ မရေမတွက်နိုင်သော တိုင်အာ နတ်ပြည်‌ထောင် သူရဲကောင်းများ‌၏ ဉာဏ်ပညာအပြင် ၎င်းတို့၏ အသွေးအသား အရည်အချင်းများကို ပေါင်းစပ်ထားခြင်းဖြစ်သည်။

ထိုအချိန်တွင် မြို့တံခါးများပွင့်လာ‌လေသည်။ ယီယွင် သည် ဂတုံးခေါင်းဆောင်နောက်မှလိုက်ကာ တိုင်အာနတ်မြို့တော်ထဲသို့ ၀င်ရောက်လာသည်။ လမ်းမများပေါ်တွင် လူသိပ်မရှိသောကြောင့် ဟင်းလင်းပြင်များ ဖြစ်နေသည်။

မြို့ထဲသို့ဝင်သောအခါ အထင်ရှားဆုံးအဆောက်အဦးမှာ မြို့လယ်ရှိ မျှော်စင်ကြီးတစ်ခုဖြစ်သည်။ ထိုမျှော်စင်မှာ စတုရန်းပုံသဏ္ဍာန်ရှိပြီး ၎င်း၏အမြင့်ထက်ဝက်ခန့်မှာ တိမ်များကြားတွင် ပျောက်ကွယ်လျှက် ရှိသည်။မျှော်စင်၏ ထိပ်မှာ တိမ်များကြားတွင် မှုန်ဝါးဝါးသာ မြင်တွေ့ရသည်။

ပိရမစ်ကြီးတစ်ခုနှင့်ဆင်တူလှသည်။

ယီယွင် သည် မျှော်စင် အနီးနားရှိ အဆောက်အအုံများဖြင့် နှိုင်းယှဉ်ကြည့်ရာ ၎င်းအနီးတစ်ဝိုက်ရှိ အဆောက်အအုံများအားလုံးသည် ပိရမစ်၏ အရွယ်အစားကို ပိုမိုကြီးမားစေသည်ဟု ထင်သယောင် ဖြစ်စေသည်။ထိုကြောင့်‌မျှော်စင်မှာ ကြီးမားသော တောင်ကြီးတစ်ခုကဲ့သို့ ဖြစ်နေကြောင်း မြင်တွေ့ရလေသည်။

ပိရမစ်အလွှာ၏ အလွှာတိုင်းတွင် ထွက်ပေါက်များဖြင့် ပြည့်နေပြီး ၎င်းကို ပျားအုံကဲ့သို့ ဖြစ်စေသည်။ ပျံသန်းနေသော သားရဲများနှင့် လေသင်္ဘောများသည် ထွက်ပေါက်များကြားတွင် ပျံသန်းနေသည်ကို မြင်တွေ့နိုင်သည်။ ထိုပိရမစ်ကြီးနှင့် နှိုင်ယှဥ်ကြည့်ပါက ထိုကြီးမားလှသောသားရဲများ နှင့်လေသ‌င်္ဘောများသည် ခြင်များကဲ့သို့ သေးငယ်သော ပမာဏလောက်သာရှိတော့သည်။

“ဒါက ဗဟိုနတ်မျှော်စင်၊ ထိပ်တန်းအဆင့်ကတော့ နတ်မြို့တော်ရဲ့ အရှင်သခင်နဲ့ သူရဲ့အကြီးအကဲသုံးဦးတို့ နေထိုင်ပြီး၊ တိုင်အာ နတ်မြို့တော်ရဲ့ အထက်တန်းလွှာတွေကတော့ အောက်‌ခြေမှာပဲ” ဂတုံးနှင့်လူသည် ၎င်းတို့ကို မြို့ထဲသို့မခေါ်မီ ပေါ့ပေါ့ပါးပါး မိတ်ဆက်လိုက်‌လေသည်။

ယီယွင်တို့ မြို့ထဲသို့၀င်ရောက်မှု ပိုနက်ရှိုင်းလာလေလေ ပိုတုန်လှုပ်သွားလာလေလေ ဖြစ်သည်။

မြို့တွင်းရှိ အဆောက်အအုံ အားလုံးမှာ လက်ရာမြောက်လှသည် မဟုတ်ပေ။ သို့သော် အဆောက်အအုံများ၏ ကြမ်းတမ်းမှုနဲ့ ခမ်းနားမှုများကြောင့် ခမ်းနားထည်ဝါသော ရောင်ဝါကို ထုတ်လွှတ်လျှက်ရှိသည်။၎င်း၏ထည်၀ါမှုများကြောင့်ရင်သပ်ရှုမောဖွယ်ဖြစ်သည်။

အချို့သော အဆောက်အအုံများတွင် ရှေးဦးထဲက စွန့်ပစ်ထားသော အရိုးများပင်ပါ၀င်သည်။ ယီယွင် သည် သားရဲများ၏ လှုပ်ရှားမှု ဝိညာဉ်များကိုပင် ခံစားနိုင်‌ပေသည်။

ထိုကဲ့သို့သော အဆောက်အဦများသည် ခိုင်ခံ့ပြီး ခမ်းနားစွာ ဆောက်လုပ်ခဲ့ကြသည်။ ပျက်စီးခြင်းသားရဲသည် မြို့ထဲသို့ဝင်‌ရောက်လျှင်ပင်၊ အဆောက်အအုံများကို ဖျက်ဆီးရန် အလွန်ခက်ခဲလှ‌ပေမည်။

လမ်းမများပေါ်ရှိ သာမန်အိမ်များကိုပင် အကာအကွယ်အစီအရင်များဖြင့် ဖုံးအုပ်ထားသည်။ ထိုအစီအရင်များမှာ ရှေးကျပြီး ရိုးရှင်းလှသည်။ အချို့သော ဘုံအိမ်များတွင် အမည်မသိ သားရဲများ၏ ညို့သကျီးအရိုးများမှ ကာရံထားသည်။

အရိုးများကို ထုပ်တန်းတွေအဖြစ် အသုံးပြုထားသည်မှာ အံ့သြစရာကောင်းလှသည်။

"အိုး …အဲဒါဘာလဲ" လမ်းဘေးနှစ်ဖက်စလုံးတွင် အနက်ရောင်သတ္ထုစင်မြင့်များ ရှိသည်ကို သူရဲကောင်းလူငယ်တစ်ဦးက တွေ့ရှိခဲ့ပြီး စင်တစ်ခုစီတွင် လူပုံသဏ္ဍာန်ရှိသော ကျောက်တုံးရုပ်တု တစ်ခုစီကို တွေ့ရပေသည်။

ကျောက်ဆစ်ရုပ်တွေရဲ့ အောက်ခြေတွင် စာသားတချို့ ရေးထွင်း ထားသည်။

အဝိုင်းပုံစံစင်မြင့်များထဲမှတစ်ခုက "2164 WD တွင် ကောင်းကျီ သည် ကောင်းကင်မြေမြင် စင်မြင့်ပေါ်တွင် ၃ မိနစ် ၂၄ စက္ကန့်ကြာရပ်ခဲ့သည်၊ သူသည် ဘိုးဘေးများ၏ မှတ်တမ်းများကို ချိုးဖျက်ခဲ့ခြင်းဖြစ်သည်၊ ထိုမှတ်တမ်းမှာ အနာဂတ်မျိုးဆက်သစ်များကို အားပေးရန်ဖြစ်သည်။"

“ကောင်းကင်မြေမြင် အဆင့်။ အဲဒါဘာလဲ”

ယီယွင် အံ့သြသွားသည်။ "ကောင်းကျီ" သည် သဘာဝအားဖြင့် လူတစ်ဦး၏ နာမည်ဖြစ်သည်။ယီယွင် အမှတ် မမှားပါက ထိုရုပ်တုမှာ “ကောင်းကျီ”ဖြစ်မည်။

ထိုကိုယ်တစ်၀က်ရုပ်တုသည် သတ္တိရှိရှိ ဆယ်ကျော်သက်အရွယ်၏ ရုပ်တုဖြစ်သည်။

2164 WD တွင်၊ တိုင်အာ နတ်ပြည်ထောင် ၏ နတ်ဧကရာဇ် ၀မ်တိ ၏ အစပြုသောနှစ်ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်းငါးသောင်းခန့် က နတ်ဧကရာဇ်တစ်ပါးဖြစ်သည်။

ဆိုလိုသည်မှာ သတ္တုအဝိုင်းနှင့် ကိုယ်ခန္ဓာသည် ထိုနေရာတွင် နှစ်ပေါင်း ငါးသောင်းခန့် တည်ရှိနေခဲ့ပြီဟု ဆိုနိုင်သည်။ ထိုကောင်းကျီ ဆိုသူမှာလည်း ဆုံးပါးသွားနိုင်ဖွယ်ရှိသည်။

“ထိုမှတ်တမ်းများသည် နတ်အရိုင်းတော၌ စစ်သည်တော်များ လေ့ကျင့်ပေးခြင်းဖြင့် ကျန်ရစ်ခဲ့သလော” သတ္တုစင်မြင့်များနှင့် ပန်းပုများဖြင့် စီတန်းထားသော ထိုလမ်းသည် နတ်မြို့တော်တွင် ထင်ရှားသော ပါရမီရှင်အားလုံးကို မှတ်တမ်းတင်ထားကြောင်း ယီယွင် က နားလည်လေသည်။ ထိုသူများသည် နတ်မြို့တော်၌ ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများကို ပြီးမြောက်အောင်မြင်ခဲ့ပြီး ၎င်းတို့၏မှတ်တမ်းများသည် သမိုင်းတွင် အမြဲတမ်းနေရာတစ်ခု ပေးခဲ့‌လေသည်။

All Chapters