← Chapters

ပညာရှင်ရိပ်သာ

Vol. 11 Ch. 159

ပညာရှင်ရိပ်သာ

Vol. 11 Ch. 159

ထိုလမ်းသည် မြို့လယ်ခေါင်သို့ တည့်တည့်‌ ဖောက်လုပ်ထား‌လေသည် ။ ဤသည်မှာ တောင်ဘက်တံခါးမှ မြို့လယ်သို့သွားသော တိုင်အာ နတ်မြို့တော် ၏ အဓိကလမ်းမကြီးဖြစ်သည်။ တောင်ဘက်ဝင်ပေါက်မှ ဝင်လာသူတိုင်း ထိုလမ်းမမှ ဖြတ်ရမည်ဖြစ်သည်။ ထို့ကြောင့် လမ်းနေရာတွင် ပန်းပုများထားရှိခြင်းသည် ကြီးမားသောဂုဏ်အသရေကို ထုတ်ဖော်ပြသထားခြင်းပင် ဖြစ်သည်။

ဂတုံးနှင့်လူက "ဒီလမ်းကို ပညာရှင်ရိပ်သာလမ်း လို့ ခေါ်တယ်။ နတ်အရိုင်း‌ တောမှာ စခန်းချတဲ့ စစ်သည်တစ်ယောက်က နတ်မြို့‌တော်ရဲ့ စံချိန်ကို ချိုးလိုက်တိုင်း ပညာရှင်ရိပ်သာ မှာ သူ့နာမည် ကျန်နေလိမ့်မယ်။ ပန်းပုဆရာက ပညာရှင် စင်မြင့်ပေါ်မှာ တင်ထားရမယ့် ပန်းပုရုပ်ထုကို ထွင်းထုလိမ့်မယ်"

"မင်းရဲ့ ကိုယ်တစ်ပိုင်းရုပ်ထုနဲ့ နာမည်ကို နတ်မြို့တော်မှာ ထားခဲ့နိုင်တာက ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ယူစရာပဲ။ အဲဒီအိပ်မက်ကို မမက်ဖူးတဲ့လူ မရှိလောက်ဘူး"

"ဒါပေမယ့် ခက်လွန်းတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀၀ အတွင်းမှာ နာမည်သစ်ထိုးနိုင်မယ့်သူ မရှိသေးဘူး။ ဘယ်သူမဆို အရည်အချင်းရှိမယ်ဆိုရင် သူတို့မှာ သေးငယ်အခွင့်အလမ်းလေးပဲရပါစေ ပညာရှင်တစ်ယောက် ဖြစ်လာနိုင်မှာပါ"

“ဒါကြောင့် ဒီလမ်းကို ပညာရှင်ရိပ်သာ လို့ ခေါ်တယ်”

"ပညာရှင်ဖြစ်ဖို့" ထိုစကားကိုကြားတော့ လူငယ်သူရဲကောင်းများသည် အလွန်စိတ်လှုပ်ရှားသွားကြသည်။ လူသားပညာရှင်တစ်ဦးမှာ ၎င်း၏လက်ဖြင့် မိုးကိုပင် ဆင့်ခေါ်နိုင်သူတစ်ဦးဖြစ်သည်။

ထိုအချိန်တွင်၊ တိုက်အာ နတ်မြို့တော်၏တည်ထောင်သူဧကရာဇ်သည် ပညာရှင်က၀ိ တစ်ပါးဖြစ်သည်။ တိုင်အာ နတ်ပြည်ထောင် မှာရှိတဲ့ ပညာရှင်တွေထဲတွင် အကောင်းဆုံးပညာရှင်များထဲမှ တစ်ယောက်ပင်။

လူများသည် ပညာရှင်များကြားတွင် အကောင်းဆုံးဖြစ်ရန် မလိုအပ်ပေ။ အနိမ့်ဆုံး ပညာရှင်အဆင့်ပင်လျှင် လွန်ကဲသော ကိန်းဂဏန်းဖြစ်သည်။ ဘယ်ကိုသွားနေပါစေ ရိုသေလေးစားမှု အပြည့်ရရှိစေမည် ဖြစ်သည်။ ရှေးခေတ်မိသားစု မျိုးနွယ်စုများပင်လျှင် လေးစားကြပေလိမ့်မည်။

နတ်အရိုင်းတော စခန်းသို့ရောက်လာသော လူငယ်များမှာတွင် ထိပ်တန်းစစ်သည်မဖြစ်ချင်သူ ပါ၀င်မည်မဟုတ်ပေ။ ထို ပညာရှင်ရိပ်သာ သည် ထိုလူငယ်တို့၏ စိတ်လှုပ်ရှားမှုကို လှုံ့ဆော်ပေးနိုင်ခဲ့သည်။

လူတော်တော်များများမှာ ရှေ့ကို ဆက်မသွား‌သေးပဲ။လမ်းတလျှောက်ရှိ သတ္တုစင်များပေါ်တွင် ရေးထိုးထားတဲ့ စာသားများကို ဖတ်ကြည့်နေကြသည်။

ဂတုံးနှင့်လူသည် လူငယ်များအား မတားဆီးပဲ ဆက်လက်ကြည့်ရှုရန် ခွင့်ပြုထားလေသည်။ ထိုအရာများကို ရှေးခေတ်သူရဲကောင်းများကို ဂုဏ်ပြုရန်နှင့် အနာဂတ်မျိုးဆက်သစ်များကို အတုယူရန် ထားရှိထားခြင်း ဖြစ်သည်။ လူငယ်များကို ကြည့်ခွင့်ပေးထားသည်မှာ ကောင်းမွန်လှသည်။

"အို...ချင်းဖုန်းခုနစ် ၆၃၄။ ကျိုးထျန်ပင် က ဂုဏ်ပြုမှတ်တမ်းလွှာသုံးခုကို တစ်ပြိုင်နက်တည်းဖြင့် ထိပ်တန်းနေရာ ၁၀၀၀ သို့ ဝင်ရောက်ထားသည်။ ဘိုးဘေးတို့၏ မှတ်တမ်းများကို ချိုးဖျက်ထားသည်။ဤမှတ်တမ်းသည် အနာဂတ်မျိုးဆက်သစ်များကို အားပေးရန်ဖြစ်သည်။"

“ချင်းဖုန် နတ်ဧကရာဇ်၊ အဲဒါက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀,၀၀၀ က နတ်ဧကရာဇ်ပဲ။ ပြီးတော့ ဂုဏ်သုံးဆင့်ထဲမှာ ထိပ်တန်းနေရာ ၁၀၀၀ ကို ဝင်ခဲ့သလား၊ဂုဏ်‌သုံးဆင့်ဆိုတာ ဘာလဲ။

တိုင်အာ နတ်မြို့တော် သည် အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။ တချို့သော မျိုးနွယ်စုငယ်များမှ လူငယ်များသည် တိုင်အာ နတ်မြို့တော် ၏ စည်းကမ်းများကို မသိကြပေ။

"ဂုဏ်သုံးဆင့်သည် ကောင်းကင်၊ မြေကြီးနှင့် လူသားတို့ဖြစ်သည်၊ ထိုဂုဏ်သုံးဆင့်သည် တိုင်အာ နတ်မြို့တော် တွင် အလွန်အရေးကြီးပါသည်။ နောင်မှ မင်းတို့‌ တွေ့ရလိမ့်မည်" ဂတုံးနှင့်လူသက ရှေ့သို့ဆက်မသွားခင် ပြောလိုက်သည်။

လူငယ်တစ်ရာကျော်သည် လမ်းဘေးနှစ်ဖက်စလုံးတွင် စီတန်းနေသော သတ္တုစင်များကို အာရုံစိုက်ကြည့်ရှုရင်း လမ်းတစ်လျှောက် လျှောက်သွားကြ‌လေသည်။

သတ္တုစင်မြင့်များပေါ်တွင် ပညာရှင်တို့၏အမည်များကို ရေးထွင်းထားသည့် ထင်ရှားသောရုပ်ထုများသည် ၎င်းတို့အား စိတ်ရင်းမှန်ဖြင့် ကြည်ညိုလေးစားမှုဖြင့် ပြည့်နှက်‌စေပေသည်။

"အိုး ကျင်း ပြည်နယ်ရဲ့ ၀မ်လီရှောင်း၊ သူက ဦးစီးတပ်မှူး လေးယောက်ထဲက တစ်ယောက် မဟုတ်လား။ အဲဒီတုန်းက ဗိုလ်ချုပ်ကြီး လီ ဟာ လေ့ကျင့်ရေးလုပ်ဖို့ နတ်အရိုင်းတောကို ရောက်လာပြီး သူ့နာမည်ကို ပညာရှင်စင်မြင့် ပေါ်မှာတောင် တင်နိုင်ခဲ့တယ်" လူငယ်တစ်ဦးသည် ၀မ်လီရှောင်းရုပ်ထု ကိုတွေ့ရှိခဲ့ပြီး အခြားသူများထံမှ အာရုံစိုက်မှုကို ချက်ချင်းရရှိခဲ့သည်။

ကျင်း ပြည်နယ်၏ ၀မ်လီရှောင်း သည် လူငယ်စစ်သည်တော်များစွာ၏ အားကျရသော ပုဂ္ဂိုလ် ဖြစ်သည်။ လူငယ်များမှာ ၎င်းတို့‌ လေးစားရသော ပုဂ္ဂိုလ်၏ နာမည်ကို ထိုနေရာ၌မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားကုန်ကြသည်။

“ငါတို့နာမည်ကို ဒီမှာထားခဲ့နိုင်ရင် အရမ်းကောင်းမယ်”

၎င်းတို့မှာ လူတော်တော်များများ၏အတွေးများပင်။ ဟုတ်ပေသည်၊ ထိုအရာမှာ မယုံနိုင်လောက်အောင် ခက်ခဲသော အောင်မြင်မှုတစ်ခု ဖြစ်သည်ဆိုသည်ကို လူငယ်များ သိကြသည်။

ဂတုံးနှင့်လူက လူငယ်များကို မြို့အနောက်ဘက်ရှိ ကျေးလက်အဆောက်အအုံတစ်ခုသို့ ခေါ်သွားခဲ့သည်။ လူတိုင်းကို သင်္ကေတအမှတ်အသားများ ပေးထား‌လေသည်။

"သင်တို့ရဲ့ စိတ်ဝိညာဉ်ရေးစွမ်းအင်ဖြင့် သ‌င်္ကေတအမှတ်အတွင်းမှာ အမှတ်အသားတစ်ခုကို လုပ်ထားပါ။ နောက်ခြောက်နှစ်အတွင်း၊ အဲဒီသင်္ကေတက သင်ရဲ့ကိုယ်ပိုင်အမှတ်အသားဖြစ်လိမ့်မည်"

ယီယွင် က သင်္ကေတ အမှတ်အသားတစ်ခုကို ယူလိုက်သည်။ ၎င်းမှာ လက်ထဲတွင် လေးလံနေသလို ခံစားလိုက်ရသည်။ သင်္ကေတ အမှတ်အသားမှာ လက်ဖဝါးအရွယ်အစားရှိပြီး အလေးချိန် ဆယ့်နှစ်‌ ပေါင်ခန့်ရှိသည်။

အမှတ်အသား၏ အရှေ့ဘက်တွင် ကမ္ပည်းစာများဖြင့် ပြည့်နှက်နေပြီး နောက်ကျောတွင် ရှေးအက္ခရာများဖြင့် “နတ်အရိုင်းတော” ဟူသော စကားလုံးများ ပါဝင်သည်။

ယီယွင် သည် မိမိ၏စိတ်ဝိညာဉ်စွမ်းအင်ကို သင်္ကေတ အမှတ်အသားအတွင်းသို့ ထည့်သွင်းခဲ့သည်။ မကြာမီတွင်၊ အမှတ်အသားအတွင်းမှ ရွှေရောင်အလင်းတန်းများဖြင့် လင်းလက်တောက်ပလာ‌လေသည်။

“အိုး… ဒါ…” ရွှေရောင်အကြေးခွံများနှင့်တူသည်။ ယီယွင် အံ့သြလျှက်…

"ဒီမှော်နဂါးကြေးပြား တွေက ဒီက စစ်သည်တွေအတွက် အခြေခံအကျဆုံး ပစ္စည်းတစ်ခုပါပဲ။ မှော်နဂါးကြေးပြား မရှိရင် သူတို့ ဘာမှ လုပ်လို့ မရဘူး"

"အရင်းအမြစ်များ၊ကျင့်ကြံခြင်းစနစ်များ၊ အမွေအနှစ်များ၊ လေ့ကျင့်ရေးကွင်းများအပါအဝင် သူရဲကောင်းများအတွက် တိုင်အာ နတ်မြို့တော် အတွင်းရှိ ကုန်ကျစရိတ်တိုင်းကို မှော်နဂါးကြေးပြား ဖြင့် ဝယ်ယူရန် လိုအပ်ပါသည်။တဖြည်းဖြည်းချင်းနဲ့ မှော်နဂါးကြေးပြား ၏ အရေးကြီးပုံကို နားလည်လာပါလိမ့်မယ်" ဂတုံးနှင့်လူ ဘေးမှ ရှင်းပြလေသည်။

"ငါသိပြီ၊ ဒါကြောင့် နဂါးကြေးခွံတွေက တိုင်အာ နတ်မြို့တော်ရဲ့ ငွေကြေးပဲ..." ယီယွင် က အမှတ်အသားအတွင်းမှာရှိ နဂါးကြေးခွံ ကိန်းဂဏန်းများကို ရေတွက်လိုက်သည်၊ ဆယ်ခုသာရှိသည်။

ဂတုံးနှင့်လူက "ဒီနေ့ကစပြီး မင်းရဲ့နောက်က ကျောက်တုံးအိမ်တွေက မင်းနေရမယ့်နေရာပဲ။ ဒီကျောက်အိမ်တွေက တိုင်အာ နတ်မြို့တော် မှာ အနိမ့်ဆုံးအိမ်တွေလေ။ အလကားပေးတာ။ ဒီမှာ အစားအသောက်လည်း အလကားပေးတာပဲ၊ ဒါပေမယ့် အစုတ်ပဲ့ဆုံးပဲ"

“အနိမ့်ဆုံး လူတန်းစား အိမ်တွေ နဲ့ အနိမ့်ဆုံး အစားအစာ “

ထိုလူငယ်သူရဲကောင်းများအားလုံးသည် သာမန်လူများဖြစ်သည်။ ထို့ကြောင့် "အရည်သွေးနိမ့် လူတန်းစား" နှင့် "အနိမ့်ဆုံးသော" ဟူသော စကားလုံးများသည် နားထဲတွင် အလွန်ကြမ်းတမ်းလှသည်။

လူငယ်တစ်ဦးက "သာလွန်ကောင်းမွန်တဲ့ အိမ်ရာတွေနဲ့ပတ်သက်၍ ဘယ်လို အကျိုးကျေးဇူးများ ရှိပါသလဲ၊ ကျွန်ုပ်တို့ အဲဒီနေရာတွေကို ပြောင်းချင်ရင်ကော ဘယ်လို လိုအပ်ချက်တွေ ပြည့်မီရန် လိုအပ်သလဲ" ဟု မေးလိုက်လေသည်။

ဂတုံးနှင့်လူက " တိုင်အာနတ်မြို့‌‌တော်ကို အရည်သွေးနိမ့် လူတန်းစား၊ လူလတ်တန်းစား၊ အထက်တန်းစား နှင့် ဗဟိုနတ်မျှော်စင်အဆင့်ဟူ၍ ခွဲခြားထားတယ်၊ အရည်အသွေးနိမ့် လူတန်းစားတွေက အခမဲ့နေထိုင်နိုင်တယ်။ လူလတ်တန်းစားများသည် တစ်နေ့လျှင် နဂါးအကြေးခွံ နှစ်ခုနှုန်းဖြင့် ကောက်ခံကြတယ်။ အထက်တန်းစားတွေကိုတော့ တစ်ရက်လျှင် နဂါးအ‌ကြေးခွံ ငါးဆယ်ထပ် မကျော်သောနှုန်းနဲ့ ကောက်ခံကြတယ်”

"ဗဟိုနတ်မျှော်စင်အဆင့်၏နေအိမ်များ"

လူငယ်သူရဲကောင်းများအားလုံးသည် မြို့လယ်ခေါင်ဆီသို့ လှမ်းကြည့်လိုက် ကြသည်။ တောင်တစ်ခုကဲ့သို့ဖြစ်‌နေသော ပိရမစ်သည် ၎င်းတို့အား အလွန်သေးငယ်သည်ဟု ခံစားရစေသည်။

တိုင်အာ နတ်မြို့တော် တွင် နေထိုင်သည့် အမျိုးအစား လေးမျိုးအနက် အောက်ခြေ၊ လူလတ်တန်းစားနှင့် အထက်တန်းစား တူညီသော ဈေးနှုန်းများရှိသည်။

သို့သော် ဗဟိုနတ်မျှော်စင်အဆင့်သို့ရောက်သည်နှင့်၊ စျေးနှုန်းသည် ဆယ်ဆခုန်တက်သွားပြီး နဂါးအကြေးခွံငါးဆယ်ဖြင့် စတင်ခဲ့သည်။

ဗဟိုနတ်မျှော်စင်တွင် နေထိုင်ခြင်းတွင် အကျိုးကျေးဇူးများစွာရှိကြောင်း ထင်ရှားလှသည်။

ဂတုံးနှင့်လူက "တိုင်အာ နတ်မြို့၏ဗဟိုနတ်မျှော်စင်သည် ကောင်းကင်အဆင့် ယွမ်ချီစွမ်းအင် ကိုစုစည်းထားသည့် ကြီးမားသောအစီအရင်တစ်ခုဖြစ်သည်။ တိုင်အာနတ်မြို့သည် အံ့သြဖွယ်ကောင်းသောမြေကြောပေါ်တွင်တည်ဆောက်ထားပြီး ကောင်းကင်အဆင့် ယွမ်ချီစွမ်းအင်မှာလည်း ထူထပ်လှသည်။ ဗဟိုနတ်မျှော်စင်၏ အစီအရင်နှင့်အတူ၊ တိုင်အာ နတ်မြို့တော် အားလုံးကို မိုင်တစ်ရာအကွာအဝေးတွင်စုစည်းတည်ရှိသည်။ မျှော်စင်သည် ကောင်းကင်အဆင့် ယွမ်ချီ ထူထပ်စွာအရှိဆုံး နေရာဖြစ်သည်"

"ဗဟိုနတ်မျှော်စင်မှာ အမြင့်သို့ ရောက်ရှိလေ၊ ကောင်းကင်အဆင့် ယွမ်ချီ က ပိုထူလေပဲ၊ ထိပ်ဆုံးအဆင့်ဆို သိပ်သည်းဆက မှန်းဆလို့မရတဲ့ ပမာဏကို ရောက်သွားတယ်”

"နဂါးအကြေးခွံငါးဆယ်က နတ်မျှော်စင်ရဲ့ အနိမ့်ဆုံးအဆင့်မှာနေဖို့ပဲ၊ ပိုမြင့်လေ၊ ပိုစျေးကြီးလေပဲ"

"တိုင်အာနတ်မျှော်စင်မှာ အဆင့်ပေါင်း၉၉ဆင့် ရှိတယ်။ အဆင့် ၅၀ မှစတင်ပြီးစျေးနှုန်းတွေက ကြီးလွန်းတယ်။ အဆင့် ၇၀ မှစတင်၍ ဈေးနှုန်းသည် မရေတွက်နိုင်အောင်ကိုဖြစ်တယ်။ တိုင်အာ နတ်မြို့တော် သို့ရောက်လာသော လူငယ်သူရဲကောင်းများသည် ၎င်းကို တတ်နိုင်မယ့် နည်းလမ်းမရှိဘူး"

"မတတ်နိုင်ဘူး အဲတာဆို အဆင့် ၇၀ အထက် အခန်းတွေမှာ ဘယ်သူတွေနေလဲ" တစ်ယောက်ယောက်မှ ထမေးလေသည်

ဂတုံးနှင့်လူက "တိုင်အာ နတ်ပြည်ထောင် တွင်၊ မြို့စားတွေ၊ မြို့စားကြီးတွေနဲ့ လူတွေနဲ့ သီးသန်နေချင်တဲ့ပုဂ္ဂိုလ်တွေလဲ ရှိတယ်၊ ပုံမှန်အားဖြင့်၊ အဲလူတွေက အဆင့် ၇၀ အထက်တွင် ရှိနေတယ်..."

ဒါပဲ…

လူငယ်သူရဲကောင်းများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ထိုလူပုဂ္ဂိုလ်များတွင် သူတို့ နားမလည်နိုင်သော စွမ်းအားများ ရှိသည်။

အမှန်စင်စစ်၊ တိုင်အာ နတ်မြို့တော် သည် တိုင်အာ နတ်ပြည်ထောင်၏ နံပါတ်တစ်မြို့ဖြစ်သင့်‌ပေသည်။ ၎င်းသည် စစ်သူရဲများအတွက် မြို့ဖြစ်သောကြောင့် နိုင်ငံတစ်ဝှမ်းမှ လူငယ်သူရဲကောင်းများအတွက် လေ့ကျင့်ရန်နေရာတစ်ခုဖြစ်သည်။ သို့သော် တိုင်အာပြည်‌ထောင် ပိုင် မဟုတ်ပေ။

အဆင့် ၇၀ အထက် အကောင်းဆုံး ကျင့်ကြံခြင်းမြေများသည် အထူးကျွမ်းကျင်သူများကို ဦးစားပေးထားသည်။ ဆယ်ကျော်သက်ကလေးတစ်ယောက် တက်ပြီးသုံးဖို့လား။

“ခက်တယ်”

ဂတုံးနှင့်လူက "အဆင့် ၉၅ အထက်မှာ ထိပ်တန်းအခန်းတွေရှိတယ်။ တိုင်အာ နတ်မြို့တော် မှာ အခန်းပေါင်း ၂၀ ပဲရှိတယ်။ နဂါးအကြေးခွံအမြောက်အမြားရှိရုံ တစ်ခုတည်းနဲ့မရဘူး၊ မင်းမှာ သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်မှီတဲ့ တန်ဖိုးအလုံအလောက် ဒါမှမဟုတ် အံ့မခန်းရလဒ်တွေရရှိဖူးတယ်ဆိုမှ မင်းဝင်လို့ရမယ်"

ဂတုံးနှင်လူ၏ စကားကိုကြားသောအခါ လူတိုင်းမှာ စိတ်ဓာတ်ကျသွားသည်။ထိုဗဟိုနတ်မျှော်စင်သည် ကောင်းမွန်သော်လည်း ၎င်း၏လိုအပ်ချက်များမှာ မြင့်မားလွန်းသည်၊ အထူးသဖြင့် မြင့်မားသောအဆင့်ရှိအခန်းများမှာ ၎င်းတို့လို လူငယ်များအတွက် ပြင်ဆင်ထားခြင်း မဟုတ်ပေ။

ဂတုံးနှင့်လူ၏စကားမှာ ၎င်းတို့သည် ဗဟိုနတ်မျှော်စင်၏ အောက်ပိုင်းအဆင့်တွင်နေထိုင်ခြင်းမှာလည်း အလွန်ကောင်းမွန်သည်ဟု လူငယ်များပြောနိုင်သည်။

ထူးထူးခြားခြား လူအနည်းငယ်သာ ဒါဇင်နှင့်ချီသော ဇာတ်လမ်းများတွင် အသက်ရှင်နိုင်ရန် အံ့သြစရာပင်ဖြစ်သည်။

"ဒီမှာ အခုနားကြ၊ မနက်ဖြန် ငါ မင်းတို့ကို ကျင့်ကြံခြင်းကွင်း ခေါ်သွားမယ်။ အဲဒီ ကျင့်ကြံမှုဟာ အခွင့်ကောင်းမို့ ကောင်းကောင်းအသုံးချပါ" ထိုစကားများကိုပြောရင်ဖြင့် ဂတုံးနှင့်လူက လှည့်ကြည့်လိုက်သည်။ လူငယ်များသည် ၎င်းတို့၏ အိပ်ဆောင်သို့ မသွားမီ သက်ပြင်းချကြကုန်လေသည်။

ထိုအရည်သွေးနိမ့် လူတန်းစားများနေထိုင်ရာများသည် တိုင်အာ နတ်မြို့တော် ၏အစွန်းတွင်ရှိသည်။ အိမ်တန်းများ သည် ရာဂဏန်းခန့် ရှိသည်။ ယီယွင် သည် အခန်းအနည်းငယ်ကို လှမ်းကြည့်လိုက်ပြီး တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည်။

"အိုး အတူတူ အလကားရတဲ့ အခန်း၊ ဒါပေမယ့် နေရေးထိုင်ရေးက ကွာခြားလွန်းတယ်"

အချို့အခန်းများတွင် စိတ်ဝိညာဉ်စုစည်းမှုအစီအရင်များကြောင့် အခန်းအတွင်းရှိ ယွမ်ချီမှာ ပိုမိုထူထပ်လျှက်ရှိသည်။ သို့သော် တခြားအခန်းများတွင် ဘာမှမရှိသလို အိမ်အပြင်မှာလည်း အတူတူပင်။ ထိုကဲ့သို့သော အိမ်များတွင် ကျင့်ကြံခြင်း ပြုလုပ်ရန်မှာ ခက်ခဲလှသည်။

ယီယွင် သည် ပတ်၀န်းကျင်ကို ဂရုတစိုက် သတိပြုမိပြီး အထူထပ်ဆုံး ကောင်းကင်အဆင့် ယွမ်ချီစွမ်းအား ရှိသည့် အိမ်များကို အမြန်ဆုံးရှာတွေ့ခဲ့သည်။

ဒီအိမ်ရဲ့နံရံမှာ ရေးထားသည်မှာ-

အိမ်အဆင့်သတ်မှတ်ချက်- လူလတ်တန်းစား။

လိုအပ်သော မှော်နဂါးကြေးပြား- မရှိပါ။

"အိုး..လူလတ်တန်းစားအခန်း" ထိုအရည်သွေးနိမ့် လူတန်းစားအိမ်များတွင် ရောနှောနေသော လူလတ်တန်းစား အခန်း ၅ ခန်းပါ၀င်နေကာ အခမဲ့ နေထိုင်နိုင်သဖြင့် ယီယွင် အံ့သြသွားလေသည်။

“ဒါဆို ဘယ်သူက လူလတ်တန်းစား အိမ်မှာ မနေချင်ပဲ နေမှာလဲ”

သို့သော်... ဂတုံးနှင့်လူက သူတို့အတွက် အခန်းနံပါတ်ကို မပေးထားပေ။ ထို့ကြောင့် မည်သူမဆို ဤလူလတ်တန်းစားအခန်းများတွင် နေထိုင်ခွင့် ရှိသည်။

ယီယွင် သည် တိုင်အာ နတ်မြို့တော်မှ ထိုသို့စီစဉ်ရခြင်း၏ အကြောင်းရင်းကို ဖျတ်ခနဲ ခန့်မှန်းနိုင်လိုက်သည်။

ယီယွင် ခဏလောက်စဉ်းစားပြီး အခန်းဆီသို့ လျှောက်သွားလေသည်။ တံခါးကို ဖြတ်၀င်လိုက်စဉ်တွင် အေးစက်စက်အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး "တောင်းပန်ပါတယ် ဒီအိမ်ငါးလုံးက ငါတို့ပိုင်တယ်"

ယီယွင် ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ခမ်းနားထည်ဝါသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ ယီယွင် ကို ကဲ့ရဲ့ရှုတ်ချသည့် အကြည့်ဖြင့် လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ပိုက်ထား‌ လေသည်။

တိုင်အာ နတ်မြို့တော်ကို လာရောက်တဲ့ လူငယ် တွေဟာ အသက် အရွယ် အားဖြင့် အတူတူပင်။သို့‌ သော် ယီယွင်အရှေ့ကလူမှာ အရပ်မြင့်သဖြင့် အရပ်အမောင်းမှာ လူကြီးတစ်ယောက်အရွယ်ခန့် ရှိနေလေသည်။

ထိုလူငယ်သည် လူလတ်ပိုင်းအရွယ်ရောက်သောအခါတွင်၊ ၎င်းအရပ်မှာ မိုးထိုးနေပေလိမ့်မည်။

All Chapters