← Chapters

တပ်တစ်ထောင် ဓားမောက် ၏ ပထမဆုံးတိုက်ပွဲ

Vol. 11 Ch. 160

တပ်တစ်ထောင် ဓားမောက် ၏ ပထမဆုံးတိုက်ပွဲ

Vol. 11 Ch. 160

ယီယွင် အား စိုက်ကြည့်နေသော လူငယ်က "ငါ့ကိုငါ မိတ်ဆက်ပါရစေ။ ငါက ရွှမ်းဝူစစ်တပ်ထဲက ကျိုးခွေ့"

တိုင်အာ နတ်ပြည်ထောင် တစ်ခုလုံးတွင် ကျင်းလုံဝေ့ သည် ၎င်း၏ တစ်ခုတည်းသော စစ်ဘက်ဆိုင်ရာ ဌာနခွဲတစ်ခုသာ ရှိသည်။ ရွှမ်းဝူ စစ်တပ် သည် တိုင်အာ နတ်ပြည်ထောင် ၏ အခြားသော သစ္စာခံ စစ်ဘက်ဆိုင်ရာ တပ်ခွဲတစ်ခုဖြစ်သည်။

သာမန် ရွှမ်းဝူ တပ်သားတစ်ဦး၏အဆင့်မှာ သာမန်မျှသာဖြစ်ပြီး သာမန်ကျင်းလုံဝေ့ စစ်သည်နှင်ယှဉ်ပါက နိမ့်ကျသော အဆင့်တွင်ရှိသည်။ သို့သော် ရွှမ်းဝူ တပ်၏အရွယ်အစားသည် ကျင်းလုံဝေ့ ထက် ဆယ်ဆရှိသည်။

ထို့အပြင် ရွှမ်းဝူ တပ်ဖွဲ့သည် အထူးကောင်းမွန်သော လက်ရွေးစင်တပ်မကြီးကို ပြုစုပျိုးထောင်ခဲ့သည်။ ထိုလက်‌ရွေးစင်တပ်တပ်များမှ လူများသည် ကျင်းလုံဝေ့မှ လက်ရွေးစင် စစ်သည် များထက် အားနည်းသည်မဟုတ်ပေ။

ရွှမ်းဝူ စစ်တပ်သည် တိုင်အာ နတ်ပြည်ထောင် မြောက်ဘက်တွင် တပ်စွဲထားပြီး ကျင်း ပြည်နယ်တွင် တပ်ဖွဲခွဲများရှိသည်။ ထို့ကြောင့် ယီယွင် နှင့် စုန့်ကျစ်ကျွင်း တို့နှင်ဘ ရွှမ်းဝူ တပ်ဖွဲ့ဝင် အများအပြားပါ လိုက်ပါခဲ့ကြသည်။

ယီယွင်နှင့် ကျိုးခွေ့ က ရပ်လိုက်သောအခါ အခြား ကျင်းလုံဝေ့ အမှုထမ်းများ ရောက်လာသည်။

စစ်တပ်များသည် စည်းလုံးညီညွတ်သော အဖွဲ့အစည်းဖြစ်သည်။ ပဋိပက္ခဖြစ်သည့်အခါတိုင်း၊ မိမိအဖွဲ့နှင့်နောက်ခံရှိသူများသည် ပြင်ပခြိမ်းခြောက်မှုများကို တွန်းလှန်ရန် အချင်းချင်း တညီတညွတ်တည်း ကူညီပေးကြ‌လေသည်။ ရန်ဖြစ်လည်း ထိုအတူပင်။

"အစ်ကိုယီ ဘာကိစ္စရှိလို့လဲ" ရပ်နေသည်မှာ ယီယွင်ဖြစ်နေသည်ဟု သိသောအခါ ရှုကျန်း ရောက်လာသည်။ ရှုကျန်းလည်း ကျင်းလုံဝေ့ မှဖြစ်သည်။

ယီယွင် က မျက်စပစ် အချက်ပြပေးလိုက်သောအခါ အဖွဲ့မှလူများမှာ ဖြစ်ပျက်နေသည်များကို ချက်ချင်း သဘောပေါက်သွားသည်။ "ဟီးဟီး၊ အခန်းငါးခန်းကို ငါတို့က သူတို့ကို လိုက်လျောညီထွေ ခွဲ‌နေသင့်တယ်၊ ဒါပေမယ့် ရွှမ်းဝူ စစ်တပ် က အခန်းအားလုံးကို လိုချင်နေတယ်"

"ဒါက အထက်စီးကျပဲ၊ မင်းကိုမင်း ဘာထင်‌နေလဲ" ယီယွင် နောက်ကျောမှ တစ်စုံတစ်ယောက်က လှမ်းပြောသည်။

ချက်ခြင်းပင်၊ ရွှမ်းဝူ တပ်သားများအားလုံး ကျိုးခွေ့ ၏နောက်တွင် ရပ်လိုက်ကြသည်။

ရွှမ်းဝူ စစ်တပ်မှ စစ်သားများ၏ ကိုယ်ခန္ဓာမှာ ယေဘုယျအားဖြင့် ကျင်းလုံဝေ့ အဖွဲ့ဝင်များထက် ပိုထွားကြ‌သည်။

ထိုအပြင်၊ ကျင်းလုံဝေ့ စစ်သားများသည် ဆယ်နှစ်ဦးမျှသာ ရှိပြီး အင်အားနည်းလွန်းသည်။

ဆယ်နှစ်ဦးနဲ့ သုံးဆယ်ခြောက်ဦး...

ယီယွင် သည် ခက်ထန်နေသော ကျိုးခွေ့ ကို ကြည့်လိုက်သည်။ တိုင်အာနတ်မြို့‌တော် ၏ ရည်ရွယ်ချက်ကို ယီယွင်သိသည်။ လူလတ်တန်းစား အိမ်များကို ခွဲဝေပေးခြင်းမရှိဘဲ အရည်သွေးနိမ့် လူတန်းစားအိမ်များနှင့် ရောနှောကာ တိုင်အာနတ်မြို့သို့ ရောက်ရှိလာသော စစ်သည်များအား ကနဦးကတည်းပင် အပြိုင်အဆိုင် အနေအထားသို့ ထားရှိရန် ဖြစ်သည်။

ပြိုင်ဆိုင်မှု၊ တွန်းလှန်မှု၊ ဖယ်ရှားမှု စသည်တို့မှာ နတ်အရိုင်း‌‌တောစခန်း၏ ရည်ရွယ်ချက်ဖြစ်သည်။

တာ၀န်ထမ်းဆောင်ရန်တွက် နေထိုင်ရန် နေရာများအတွင် ရိုးရှင်းသော ပြိုင်ဆိုင်မှုသည် ထိုအချက်များကိုထင်ဟပ်စေသည်။

ကျိုးခွေ့ သည် စည်းကမ်းများကို ရှင်းရှင်းလင်းလင်း နားလည်သည်။ "တိုင်အာ နတ်မြို့‌တော်မှာ ခွန်အားသည် ဘုရင်ပဲ၊ ဒီနေရာမှာ ရှိတဲ့ လူလတ်တန်းစား ငါးအိမ်အတွက် ငါတို့ယှဉ်ပြိုင်ဖို့ ပဲရှိတယ်၊ ဟဲဟဲ… ငါ ပြိုင်ရတာ ကြိုက်တယ်၊ ကျင်းလုံဝေ့ ကလည်း ဒီနေရာကို သူတို့အတွက်လို့ထင်မှာပဲ၊ သေချာတယ်၊ ဒီနေ့ပဲ ယှဉ်ပြိုင်ကြတာ‌‌ပေါ့၊ နိုင်တဲ့သူရဲ့ အဖွဲ့က နေပေါ့"

ရွှမ်းဝူ စစ်တပ်သည် တုန်လှုပ်ချောက်ချားဖွယ်တည်ရှိပြီး ၎င်းတို့တွင် ကိန်းဂဏန်းအရလည်း အားသာချက်ရှိသည်။ ယန်မန်လုံ ပြောသည့်အတိုင်း ထိုနေရာတွင် ရပ်တည်နိုင်သည့် လူငယ်သူရဲကောင်းများ သည် အားနည်းသူများမဟုတ်ပေ။ ရှန်းဝူစစ်တပ်၏ လူသုံးဒါဇင်ကို ဆန့်ကျင်သည့် ကျင်းလုံ‌ဝေ့၏ လူတစ်ဒါဇင်တို့မှာ ခန့်မှန်းလွယ်သောရလဒ်တွင်ရှိသည်။

မိမိခွန်အားကို ယုံကြည်မှုရှိသော ယီယွင် ပင်လျှင် လူများစွာကို တွန်းလှန်နိုင်စွမ်းမရှိပေ။

"ကျွန်တော် ကျိုးခွေ့ ကို သိတယ်။ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က ခရမ်းရောင်သွေးရဲ့ အလယ်အဆင့်မှာ ရှိပြီး နှောင်းပိုင်း အဆင့်ကို ရောက်လုနီးနီးပဲ" ရှုကျန်း က ယီယွင် အနားမှာ ပြောလိုက်သည်။

အခြေအနေကတော့ အဖွဲလိုက်ယှဉ်ပြိုင်ပါက ဒုက္ခရောက်မှာ သေချာလှ‌ပေသည်။ သို့သော် မယှဉ်ပြိုင်ပါက ကျင်းလုံဝေ့မှာ လူလတ်တန်းစား အခန်းအားလုံးကို လွှဲပေးရုံမှလွှဲရယ် တခြားမရှိပေ။

ရွှမ်းဝူ စစ်တပ်သည် အခန်းများကို ဝိုင်းထားသည်။ ကျိုးခွေ့ က လက်ဆစ်များကို ချိုးလိုက်ရင်း ရယ်မောကာ ခက်ထန်သော အမူအရာလုပ်နေလေသည်။

ကျိုးခွေ့ ကြွက်သားများမှာ တောင့်တင်းလာပြီး ကျောက်တုံးဖြင့်ပင် ဆင်တူလာသည်။ အမှန်တကယ်ပင် ကျိုးခွေ့အား ဆယ့်လေးနှစ် ဆယ်ကျော်သက်အရွယ်ဟု တွေးကြည့်ဖို့ ခက်လှ‌ပေသည် ။

"ဒီနေ့ ငါဒီမှာရပ်ပြီး ရွှမ်းဝူ စစ်တပ်ကို ကိုယ်စားပြုမယ်။ ဘယ်သူက ငါ့ကိုလာတိုက်ချင်တာလဲ၊ ငါ့ကိုရိုက်နိုင်ရင် အခန်းတစ်ခန်းယူခွင့်ရှိတယ်"

တိုင်အာနတ်မြို့တော်၏ စည်ကမ်းများ အရ ပြိုင်ဘက်သည် ကိုယ်အင်္ဂါ မသန်စွမ်း မဖြစ်သရွေ့ သီးသန့်ပွဲများ ယှဉ်ပြိုင်နိုင်ကြောင်းကို ကျိုးခွေ့ သိသည်။

ယီယွင် သည် ကျိုးခွေ့ အား ကြည့်လိုက်ပြီး၊ ကျိုးခွေ့ တွင် လက်နက်နှစ်လက်ပါရှိပြီး စစ်ဓါးတစ်လက် နှင့် စစ်ပွဲသုံးတူဖြစ်သည်။ ၎င်းတို့ကို နောက်ကျောတွင် လွယ်၍ထားလေသည်။

တူတစ်ချောင်းကို လက်နက်အဖြစ် အသုံးပြုသည်ကို တွေ့ရရှားလှ‌ ပေသည်။ ခွန်အားကြီးသောလူတွေသာလျှင် ၎င်းတို့ရဲ့တိုက်ခိုက်မှု အရှိန်နှေးကွေးပြီး ဓားနဲ့ဓားမောက်များအား မယှဉ်နိုင်သည်အတွက် တူကိုအသုံးပြုခြင်းဖြစ်သည်။

ကျိုးခွေ့ တွင်ရှိသော စစ်ပွဲသုံးဓားနှင့် ပတ်သက်၍ ၎င်းသည် အလွန်လေးလံသော လက်ကိုင်ဓားတစ်ခုဖြစ်သည်။ ယီယွင် ၏ တပ်တစ်ထောင် ဓားမောက်နှင့် လုံးဝ ကွဲပြားသည်။

တပ်တစ်ထောင်ဓားမောက် သည် ရှည်လျားကျဉ်းမြောင်းပြီး မသိမသာ ကွေးညွှတ်သွားကာ ဓားနှင့် ပိုတူသည်။

ကျိုးခွေ့ ၏ စစ်ပွဲသုံးဓားနှင့် နှိုင်းယှဉ်ပါက ၎င်းတို့မှာ လုံးဝကွဲပြားခြားနားသော လက်နက်နှစ်ခုဖြစ်သည်။

ယီယွင် သည် မျက်လုံးများကို ထူးထူးခြားခြား မှိတ်ထားရင်း စကားလုံးအနည်းငယ်ကို ရေရွတ်လိုက်သည်။

တိုင်အာနတ်မြို့တော် သည် လည်ပင်းဖြတ် ပြိုင်ပွဲကျင်းပရာနေရာ ဖြစ်သည်။ ယီယွင် ဒီကိုရောက်စဥ်ထဲက အားနည်းသူတွေဟာ အားကြီးသူ‌တွေအား သားကောင်‌တွေလို အုပ်ချုပ်မည်ဟု ဆုံးဖြတ်ထားလေသည်။ တိုင်အာနတ်မြို့တော် တွင် ပါရမီရှင်များ များပြားလွန်းသည်၊ သူတစ်ပါးကို မနှိပ်ကွပ်ရင် တခြားသူတွေက မိမိအား နှိမ်ကြ‌ပေလိမ့်မည်။

စင်စစ်အားဖြင့် တိုင်အာနတ်မြို့တော် တွင်သာမက ရှည်လျားသော သိုင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလိုလျှင် ယှဉ်ပြိုင်မှုများဖြင့် ဆက်တိုက်ကြုံတွေ့ရမည်ဖြစ်သည်။ ရင့်ကျက်ပြီး သန်မာလာရန်မှာ ၎င်းတို့ပိုင်‌သောအရာအတွက် ယှဉ်ပြိုင်တိုက်ပွဲဝင်ဖို့သာရှိပေသည်။

ယီယွင် သည် စကားတစ်ခွန်းမှ မပြောဘဲ အင်္ကျီကြယ်သီးများကို ဖြည်းညှင်းစွာ ဖြုတ်လိုက်သည်။ ထိုနောက် ပါးလွှာပေါ့ပါးသော ပိုးထည်အား အလင်းအလျင်ဖြင့် ချွတ်ကာ ရှုကျန်း အား ပေါ့ပေါ့ပါးပါး ပေးလိုက်‌လေသည်။

“ငါ့အတွက် ကိုင်ပေးပါဦး” ယီယွင် က ရှုကျန်းအားပြောလိုက်ကာ ပြဒါးစီး၀တ်ရုံအား ပေးလိုက်လေသည်။

ယီယွင် က သူ့ကို ဘာပေးလိုက်သည်ကို မသိသောကြောင့် ရှုကျန်း ခေတ္တ‌တွေဝေသွားသည်။

ကျိုးခွေ့ လည်း ရပ်ကြည့်နေလေသည်။ စိန်ခေါ်သူအတွက် ရဲရင့်စွာ ရပ်စောင့်နေရင်း သူ့လက်ကို ပိုက်ထားဆဲပင်ဖြစ်သည်။ ကျိုးခွေ့မျက်လုံးများမှာ ပတ်ဝန်းကျင်ကို အာရုံမစိုက်ပဲရပ်နေလေသည်။ ယီယွင်၏ ပြဒါးစီး၀တ်ရုံကို ချွတ်လိုက်သည့်တိုင် ခေတ္တခဏမျှပင် ဂရုမစိုက်ပေ။ ဒါဇင်နဲ့ချီသော ကျင်းလုံဝေ့ အဖွဲ့သားများမှ ယီယွင် ဟာ ထူးခြားတဲ့လူတစ်ယောက်လို့ မထင်ထားသောကြောင့်ယီယွင်အပေါ် အာရုံမစိုက်ခြင်း ‌ဖြစ်ပေသည်။

ထိုအချိန်တွင် ယီယွင် လှုပ်ရှားလိုက်လေသည်။ မည်​သည့်​သတိ​ပေး​ချက်​မှ​မ​ပြော​ဘဲ ​တစ်​ကိုယ်​လုံး​မှာ လျှပ်​စီး​လက်​သွားသလို​ပင်။

ယီယွင် အရှိန်မှာ မြန်လွန်းလှသည်။

"ချာ"

တပ်တစ်ထောင် ဓားမောက်သည် ဒါးအိမ်အပြင်တွင်...

တဒင်္ဂလှုပ်ရှားမှု ၏ ကြီးမားသောအောင်မြင်မှု အစအဆင့်ကို နားလည်ပြီးချိန်မှစ၍က ယီယွင်၏အရှိန်သည် ကြောက်စရာကောင်းသည် အထိတိုးတက်လာခဲ့သည်။

"တွမ်"

ကြည်လင်သော အသံထွက်လာကာ လေထဲသို့ တပ်တစ်ထောင် ဓား‌မောက်ဖြင့် ခုတ်ပိုင်းလိုက်သည်။ သို့သော် ဤအသံသည် တပ်တစ်ထောင် ဓားမောက်၏ အရှိန်ကို မလိုက်နိုင်ပေ။

"ဟင်” ကျိုးခွေ့ ၏ မျက်မှောင်ကြုတ်သွား‌လေသည်။ကျိုးခွေ့မှာလည်း လျင်မြန်စွာ ပင် အနောက်သို့သို့ဆုတ်ကာတုန့်ပြန်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် ပိုက်ထားသော လက်နှစ်ဖက်ကို လွှတ်လိုက်ပြီး စစ်ဓားနှင့် စစ်တူကို သူ့နောက်ကျောမှ ထုတ်ယူလုဆဲဆဲဖြစ်‌နေသည်။

သို့သော် ထို ဓါးနှင့်တူ၏လက်ကိုင်ကိုထိပြီး နောက်သို့ သုံးလှမ်းဆုတ်လိုက်သည်နှင့်ပင် ယီယွင် ၏တပ်တစ်ထောင် ဓားမောက်မှာ ကျိုးခွေ့ ၏လည်ပင်းပေါ်သို့ရောက်ရှိနေပြီဖြစ်သည်။

အေးစက်သောဓားသွားသည် လူသတ်ရန်ကိုပင် တည်ငြိမ်စွာဖြင့်… ။

ကျိုးခွေ့ လည်ပင်းမှ သွေးစို့သွားလေသည်။ အကယ်၍ ယီယွင် သည် ထိုတစ်စက္ကန့် လောက်သာ မထိန်းချုပ်မိပါက ကျိုးခွေ့ ၏လည်ပင်းကို ဖြတ်ထွက်သွားလိမ့်မည်။

ထိုဓား‌မောက်သည် သာမန်ဓားမောက်မဟုတ်ပေ။ ဓါးသည် ယီယွင်၏ အရပ်နီးပါး မြင့်သည်။ ယီယွင် က ကိုင်ထားချိန်တွင် ၎င်းမှာ အံ့သြစရာကောင်းသော ရောင်ဝါတစ်ခုထွက်ရှိနေသည်။

ကျိုးခွေ့ သည် သူ့နဖူးမှ ချွေးများထွက်ကာ မလှုပ်မယှက် ရပ်နေသည်။ ထိုအခိုက်အတန့်မှာပင် သေခြင်းတရားမည်သို့ မည်ပုံရှိသည်ကို ခံစားလိုက်ရသည်။

ထိုမြင်ကွင်းကို အံ့အားသင့်နေသော အကြည့်များဖြင့် ကြည့်နေသော ဘေးပတ်ဝန်းကျင်မှ လူများပင် ငြိမ်သက်လျှက်…

"မင်း... ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တယ်" ကျိုးခွေ့ ၏ မျက်လုံးများသည် ယီယွင် ၏ ဓားသွားကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။ အသက်ရှုကြပ်နေပြီ ဖြစ်သော်လည်း အသက်ပြင်းပြင်းရှူရဲပေ ဓါးက လည်ချောင်းကို ဖြတ်မသွားဘူးဟု အာမမခံနိုင်သောကြောင့် ဖြစ်‌သည်။

ကျိုးခွေ့ က မကျေမနပ်ဖြစ်နေသည်။ပိုက်ထားသော လက်ကိုဖြုတ်ကာ နောက်မှာ ဓားကို မယူရသေးခင်မှာပင် ပွဲကအခုမှစပြီဟု အော်ကာ ယီယွင်က ရုတ်တရက် တိုက်ခိုက်လေသည်။

ကျိုးခွေ့၏ အစွမ်းအစ ဘာတစ်ခုမှ မထုတ်ပြရသေးခင်ပင် မိမိထက် ခေါင်းတစ်ဝက်လောက် ပုသောကလေး၏ သတ်ဖြတ်မှုကို ချက်ချင်း အသတ်ခံရလုနီးနီးပင်…

ဘဝတစ်ခုလုံး သိမ်းငှက်ကို အမဲလိုက်ပြီးနောက် စာငှက်တစ်ကောင်၏ မျက်လုံးကို ထိုး‌‌ဖောက်ခံရခြင်းမှာ လွန်စွာ အရှက်ရစရာပင် ဖြစ်လေသည်။

"စစ်မြေပြင်မှာ ရန်သူက မင်းကိုမသတ်ခင် အဆင်သင့်ဖြစ်ပြီလားလို့ မေးမှာလား" ယီယွင် က ဓားကို မရုတ်သိမ်းသေးပဲ မေးလိုက်သည်။ ဓါးထိပ်သည် ကျိုးခွေ့ ၏လည်ပင်းနှင့် ထိနေသေးသဖြင့် စကားပြောရခက်စေသည်။

ယီယွင်၏လက်ထဲက အလွန်ရှည်လျားသော ဓားမောက်က ကျိုးခွေ့အား ဖိအားများစွာပေးသောကြောင့် ပါးစပ်ကိုပိတ်ထားရလေသည်။

ထိုအချိန်တွင် ရွှမ်းဝူ စစ်တပ်မှာ ပေါက်ကွဲသံများထွက်လာလေသည်။ အဖွဲသားတို့က မကျေမနပ်ဖြစ်ကာ “စက်ဆုပ်ဖွယ်ကောင်းလွန်းတယ်၊ ခိုး‌ကြောင်ခိုးဝှက်တိုက်ပြီး၊ အသံကောင်းလာဟစ်နေတယ် ” ဟု အော်ကြသည်။

"မင်းမှာ အစွမ်းအစရှိရင် မင်းရဲ့ဓားကို ပြန်ရုတ်ပြီး ညီအကို ခွေ့ နဲ့ ယှဉ်ပြိုင် တိုက်ကြည့်စမ်းပါ"

ကျိုးခွေ့ ၏ ခွန်အားသည် အဖွဲ့ထဲတွင် အမြင့်ဆုံးဖြစ်သည်။ ၎င်း၏ထူးခြားသောခွန်အားကြောင့် ကျိုးခွေ့ သည် ထိုဓားနှင့် စစ်တူကို အသုံးပြုသောအခါတွင် သူ့အား ရင်ဆိုင်နိုင်သူမရှိပေ။

သို့သော် ကျိုးခွေ့ ၏ အရှိန်မှာ အတော်လေး အားနည်းလှသည်။

သို့သော် ယီယွင် သည် ကျိုးခွေ့၏အရှိန်ကြောင့် သတိထားမိသည်။ ယီယွင် အလစ်ဝင်တိုက်ခိုက်မှုနှင့်အတူ ကျိုးခွေ့ သည် သူ့ဓားကို ဆွဲထုတ်ရန်ပင် အခွင့်အလမ်းပင်မရှိစေဘဲ တစ်ချက်တည်းနှင့် ရှုံးနိမ့်သွားသည့် အခြေအနေသို့ ရောက်သွားစေခဲ့သည်။

သို့သော် ယီယွင် ကတော့ သူတို့ရဲ့ စကားများကို လက်မခံပေ။

ယခု အပြစ်ပြောစရာရှိသည်မှာ ကျိုးခွေ့ ၏ မာနကြောင့်သာ ဖြစ်သည်။ ယှဉ်ပြိုင်ရန် ကြေငြာနေစဥ်မှာ ကျိုးခွေ့မှာလက်ပိုက်နေဆဲပင် ဖြစ်သည်။

"ဒါက စစ်မြေပြင်ဖြစ်ခဲ့ရင် မင်းသေပြီးသားဖြစ်လိမ့်မယ်" ဟု ယီယွင် က ပေါ့ပေါ့ပါးပါးပြောသည်။

ကျိုးခွေ့ မျက်နှာ နီရဲလာသည်။ စိတ်ဆိုးနေသော်လည်း ယီယွင် ပြောသည့်စကားမှာ အမှန်တရားဖြစ်သည်ကို ကျိုးခွေ့သိသည်။

ကျိုးခွေ့မှာ လိုက်လျောညီထွေ တိုက်ခိုက်နိုင်သူ တစ်ဦးဖြစ်သည်။ ယီယွင် ၏အလစ်ငိုက်တိုက်ခိုက်မှုဖြစ်‌ဖြစ်၊ ကျိုးခွေ့၏အင်အားမှာ ယီယွင် ထက် ကြီးတာပဲဖြစ်ဖြစ်၊ ယှဉ်ပြိုင်မှု ရလဒ်မှာ ယီယွင် ကို ရှုံးနိမ့်ခြင်းသာဖြစ်သည်။

"မင်း ရက်စက်တာ သေချာတယ်" ကျိုးခွေ့ က အံကြိတ်ကာ ပြောလိုက်သည်။ "လူလတ်တန်းစား အခန်းတစ်ခန်းကို မင်းပိုင်တယ်။"

ကျိုးခွေ့ က ဝန်ခံပြီးနောက် ယီယွင် ကဓားကို ရုတ်လိုက်လေသည်။

ကျိုးခွေ့ က ယီယွင် ကို ဒေါသတကြီးကြည့်ကာ "မင်းနာမည်ဘယ်လိုခေါ်လဲ"

"ယီယွင်"

"ယီယွင် ကောင်းပြီ၊ ငါ ဒီနေ့ မင်းကို ရှုံးတယ်၊ ဒါပေမယ့် မင်းကို မမေ့ဘူး၊ ဒီနေ့ မင်းယူခဲ့တဲ့ မာနကို ငါပြန်ယူမယ်။ ငါ့ရဲ့ တစ္ဆေဘုရင် နဲ့ ဦးခေါင်းခွံခွဲ ရဲ့ အရသာကို မင်းကို ငါပြောပြမယ်"

ယီယွင် သည် ကျိုးခွေ့ ၏ နာကြည်းမှု စကားကို စိတ်ထဲတွင်ပင် မထားပေ။ ယီယွင်က သူ၏ တပ်တစ်ထောင်ဓားကို ကိုင်ဆောင်ကာ အခန်းထဲသို့ ၀င်သွားလေသည်။

ထိုအခန်းငါးခန်းလုံးကို ကျင်းလုံဝေ့ အား မပေးနိုင်ပေ။ ရွှမ်းဝူ စစ်တပ်သည် အခန်းအားလုံးကို သိမ်းယူရန် နည်းလမ်းမရှိပေ။အခန်းအားလုံးမှာ ဘယ်သူတွေ အစွမ်းအစရှိလဲ‌ပေါ်တွင်သာ မူတည်လေသည်။

ယီယွင် သည် အားနည်းသူများကို မကူညီနိုင်ပေ။

ယီယွင် သည် အခန်းကို ရှင်းလိုက်‌လေသည်။ အလွန်ရိုးရှင်းသော ပရိဘောဂများပါရှိသော ရိုးရိုးကျောက်တုံးအိမ်လေးဖြစ်သည်။

ပျက်စီးခြင်းအမွေအနှစ်တခု၊ ကျောက်ခုတင်၊ ကျောက်စားပွဲ၊ ကုလားထိုင်နှင့် စိတ်ဝိညာဉ်စုဆောင်းမှုအစီအရင်တို့သာပါရှိသည်။

ပျက်စီးခြင်းအမွေအနှစ်သည် အထူးအဆန်းမဟုတ်ပေ၊ သက်တမ်းရင့်လာသည်နှင့်အမျှ ၎င်းအတွင်း၌ စွမ်းအင်အလွန်အမင်းမှာ အကန့်အသတ်ဖြင့်သာကျန်ရှိတော့သည်။

ကျောက်ကုတင်ပေါ်တွင် အခင်းပင် မရှိပေ။အိပ်ရာမှာ ရှင်းလင်းပြီး မာကျောလှသည်။ ထိုအိပ်ရာတွင် တစ်ညတာအိပ်စက်ပြီးပါကာ သာမန်လူတစ်ဦး၏ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သည်။ တိုင်အာနတ်မြို့တော်၏ အခန်းများတွင် အိပ်ယာမရှိရခြင်း၏ အကြောင်းရင်းမှာ ထိုနေရာသို့ ရောက်လာသည် စစ်သည်တော်များကို တရားထိုင်ခြင်းကို အိပ်စက်ခြင်းနှင့် အစားထိုးပြီး လေ့ကျင့်ပေးရန်ဖြစ်သည်။

တိုင်အာနတ်မြို့တော် ကို လာရသည်မှာ ဘဝမှာ ပျော်ရွင်ဖွယ်အမှတ်တရ မဟုတ်ပေ။ ဘဝကို ပျော်မွေ့စွာနေထိုင်ပါက နတ်ဆိုးများကြားတွင်သာ နေထိုင်ရပေလိမ့်မည်။ တိုင်အာနတ်မြို့တော်တွင် ၎င်းတို့၏ ခြောက်နှစ်တာကာလအတွင်း၊ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး ရှေ့သို့တက်လှမ်းရန် ကြိုးစားအားထုတ်ရန်သာရှိပေသည်။

ဘာသာပြန်သူမှတ်ချက်- ရွှမ်းဝူ ကို တရုတ်နက္ခတ်တာရာများတွင် ဒဏ္ဍာရီလာ သတ္တဝါလေးမျိုးထဲမှ တစ်ခုဖြစ်သည့် လိပ်နက် ဟုလည်း လူသိများသည်။

All Chapters