နတ်အရိုင်းမြေရဲ့ ကျောင်းတော်ခန်းမ
Vol. 11 Ch. 161
ယီယွင် သည် ကျောက်စားပွဲဆီသို့ လှမ်းကြည့်လိုက်ရာ အဝတ်အစားအသစ်တစ်စုံနှင့် စာအုပ်တစ်အုပ်ကို အပေါ်တွင်ထားသည်ကို တွေ့လိုက်ရသည်။
အ၀တ်များကို လီနင်စဖြင့်ပြုလုပ်ထားသောကြောင့် အထည်စမှာ ကြမ်းတမ်းသော်လည်း သာမန်လူများဝတ်ဆင်သောပိတ်အဝတ်များနှင့် ကွဲပြားသည်။ ထိုလီနင်အဝတ်ကို ငွေကြိုးများဖြင့် ချုပ်လုပ်ထားလေသည်။ ၎င်းသည် ခုခံနိုင်စွမ်းရှိသည့်အပြင် ဒြပ်စင်များကို ခံနိုင်ရည်ရှိသည့် ပျော့ပျောင်းသောချပ်ဝတ်တန်ဆာအဖြစ်ပင် အသုံးပြုနိုင်သည်။ သာမာန်ပိတ်အဝတ်အစားဆိုလျှင် တိုင်အာနတ်မြို့တော် မှ စစ်သည်တော်တစ်ဦး၏ ပြင်းထန်သောလေ့ကျင့်သင်ကြားမှုများကြောင့် ရက်အနည်းငယ်အတွင်း အစုတ်များအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။
စာအုပ်မှာ အဖုံးအထူဖြင့်ချုပ်လုပ်ထားပြီး အထဲရှိ စာရွက်များမှာ ပါးလွှာလှသည်။အဖုံးပေါ်တွင် “နတ်အရိုင်းတော” ဟု ရေးသားထားသည်။
ယီယွင် စာအုပ်ကိုလှန်ကြည့်သောအခါ စာအုပ်ထဲတွင် အခြားကမ္ဘာတစ်ခုရှိသည်ကို သတိပြုမိသည်။ စာမျက်နှာတစ်ခုစီသည် စာသားမရေးထားဘဲ ဗလာဖြစ်နေသည်။ သို့သော် လူတစ်ယောက်၏ စိတ်ဝိညာဉ်စွမ်းအင်ကို ထည့်သွင်းလိုက်သောအခါ အတွင်းမှာ များပြားလှတဲ့ အချက်အလက်တွေကို ဖတ်ရှုနိုင်လာမည်ဖြစ်သည်။
အမှန်တွင် စာအုပ်ထဲရှိ စာမျက်နှာတိုင်းတွင် နတ်အရိုင်းတော၏ ပတ်သက်သမျှအချက်အလက်များကို ရေသားမိတ်ဆက်ထားခြင်း ဖြစ်သည်။
ယီယွင် သည် ပထမ စာမျက်နှာဆယ့်နှစ်ရွက်ခန့်ကို လှန်ကြည့်ကာ အတွင်းတွင်
"တိုင်အာ နတ်မြို့တော်"
"နတ်အရိုင်းမြေဒေသ"
“ရှေးဟောင်း ပျက်စီးခြင်း သားရဲများ”
"ရတနာများ"
"လျှို့ဝှက်ဆန်းကြယ်သောနယ်ပယ်များ၏ကောလဟာလ"
...
“နတ်အရိုင်းတော” စာအုပ်သည် စာမျက်နှာကိုးဆယ်ခန့်ရှိသည်။ စာမျက်နှာတိုင်းသည် ယီယွင် အတွက် နယ်မြေနှင့်ပတ်သက်သော အသိများကို တိုးလာစေသည်။
ပထမစာမျက်နှာတွင် တိုင်အာနတ်မြို့တော် ကို မိတ်ဆက်ထားသည်။ နတ်မြို့တော်၏ သမိုင်းနှင့် တိုင်အာနတ်မြို့တော် အတွင်း စစ်သူရဲလေ့ကျင့်ရေးစည်းမျဉ်းများအား ဖော်ပြထားပေသည်။
တိုင်အာနတ်မြို့တော် တွင် ကျင့်ကြံမှု အရင်းအမြစ်များစွာရှိသည်။ ၎င်းတို့ထဲမှ ၉၀% ကျော်ကို မှော်နဂါးကြေးပြားများ ဖြင့် လဲလှယ်နိုင်ပါသည်။
ကျင့်ကြံမှုရင်းမြစ်များ၏ နောက်ဆုံး ၁၀%သည် မှော်နဂါးကြေးပြား လိုအပ်ရုံသာမက ဂုဏ်အမှတ်ရှိရန်လည်း လိုအပ်ပါသည်။
ဥပမာအားဖြင့်၊ ယခင်စံချိန်ကိုချိုးဖျက်ခြင်းသည် ဂုဏ်ယူစရာဖြစ်သည်။ သို့သော် ၎င်းစံချိန်များကို ချိုဖျက်ရန်မှာ ခက်ခဲလှပေသည်။
ထိုစာအုပ်မှာ ယီယွင် ရဲ့ သိမှုနယ်ပယ်ကို ကျယ်ပြန့်စေခဲ့သည်။ယီယွင် မှာ စာမျက်နှာတစ်မျက်နှာပြီးတစ်မျက်နှာကို လှန်လှောဖတ်ရှုရင်း စွဲစွဲလန်းလန်း ဖတ်နေမိသည်။ တိုင်အာနတ်မြို့ကို စတင်မိတ်ဆက်ပြီးနောက်၊ နောက်ပိုင်းအပိုင်းများသည် နတ်အရိုင်းတော၌ ပျက်စီးခြင်းသားရဲများနှင့် နတ်တောထဲရှိသော ဟင်းသီးဟင်းရွက်များ အကြောင်းကို ရေးသားထားလေသည်။ ၎င်းအပိုင်းသည် နတ်အရိုင်းတော၏ ရှင်သန်ခြင်းလမ်းညွှန်ချက်ဖြစ်သည်။
ထိုရှင်သန်ခြင်းအသိပညာများမှာ အလွန်အရေးကြီးလှသည်။
နတ်တောထဲရှိ သာမာန်ပျက်စီးခြင်း သားရဲများနှင့် အသွင်သဏ္ဍာန်တူသော လက်ရွေးစင် ပျက်စီးခြင်း သားရဲများစွာ ရှိသည်ကို သိထားရမည်ဖြစ်သည်။ အကယ်၍ လူသားများသည် ၎င်းတို့အား သတိမပြုဘဲ သာမန်သားရဲများအဖြစ် တိုက်ခိုက်မိပါက သေခြင်းတရားဖြင့် တိုက်ခိုက်ခြင်းသာဖြစ်မည်။
အဖိုးတန်ဆေးဖက်ဝင်အပင်များကဲ့သို့ အဆိပ်ရှိသော အပင်များလည်း ရှိသည်။၎င်းတို့အား ဂရုမစိုက်ဘဲ ခူးဆွတ်ပြီး အသုံးပြုမိပါက သေခြင်းတရားကို ကြုံတွေ့ရလိမ့်မည်သာဖြစ်သည်။ မျိုးဆက်တစ်ခု၏ သူရဲကောင်းတစ်ဦးသည် တိုင်အာနတ်မြို့တော်အတွင်း သခင်ဖြစ်မလာပဲ ဟင်းသီးဟင်းရွက်တချို့ကို စားသုံးမိခြင်းကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဆိုပါက ထိုထပ်အရှက်ရစရာရှိလိမ့်မည် မဟုတ်ပေ။
ထိုစာအုပ်သည် နတ်အရိုင်းတောထဲရှိ အန္တရာယ်များကို ညွှန်ပြရုံသာမက ပျက်စီးခြင်း သားရဲများ၏ ကြီးမားသောတန်ဖိုးများကိုလည်း ညွှန်ပြထားသည်။
အထူးသဖြင့် ၎င်းတို့အတွင်းတွင် ရှေးဦးသွေးအနည်းငယ်သာရှိသော ပျက်စီးခြင်းသားရဲများသည် မူလရှေးဦးမျိုးစိတ်များထက် နိမ့်ကျသော်လည်း၊ ၎င်းတို့သည် သာမန်ပျက်စီးခြင်း သားရဲထက် အဆတစ်ရာပို၍ အဖိုးတန်နေသေးသည်။
အမှန်တကယ်တွင် မူလရှေးဦးမျိုးစိတ်များ၏ တန်ဖိုးကိုတိုင်းတာလို့ မရပင် မရနိုင်ချေ။
ယီယွင်ကဲ့သို သူရဲကောင်း ၁၀,၀၀၀ ကို ထိုရှေးဦးသွေး သားရဲမျိုးများကို တိုက်ခိုက်ရန် စေလွှတ်လိုက်လျှင်ပင် သူရဲကောင်းအားလုံးမှာ အသတ်ခံရမည်သာ ဖြစ်သည်။ နတ်မြို့တော်၏ ရှေးဦးသွေးပါသော အကြီးအကဲ သူရဲကောင်းများသာလျှင် တဦးတည်းဖြင့် တိုက်ခိုက်ပေမည်။
ရှေးဦးမျိုးစိတ်များ သည် ကမ္ဘာပေါ်ရှိ သဘာဝကပင် ကာကွယ်ပေးထားသော သတ္တဝါများ ဖြစ်ကြသည်။ ၎င်းတို့သည် လူသားများနှင့် နှိုင်းယှဉ်ခြင်းထက် ကျော်လွန်သော ကောင်းကင်အဆင့် ယွမ်ချီ နှင့် ရင်းနှီးမှုရှိကြသည်။
အကယ်၍ရှေးဦးမျိုးစိတ်မှ ပျက်စီးခြင်း သားရဲတစ်ကောင်အား သတ်နိုင်ခဲ့ပါက၊ ၎င်း၏အရိုးများမှပြုလုပ်ထားသော ပျက်စီးခြင်း အမွေအနှစ်သည် သွေးမုန်တိုင်းကို ကျိန်းသေပေါက်ဖြစ်ပေါ်စေနိုင် မည်ဖြစ်သည်။
ရှေးဦးမျိုးစိတ်များမှ အမွေအနှစ်များကို စားသုံးခြင်းသည် ကြီးမားသော စွမ်းအင်ကို ပေးရုံသာမက ကမ္ဘာ့သဘာဝနိယာမများ၏ အသေးစိတ်အချက်များကိုပါ ထိုးထွင်းသိမြင်မှု ကိုလည်း ပေးစွမ်းနိုင်သည်ဖြစ်သည်။ ဤအရာသည် ပြိုက်ဘက်ကင်း စစ်သည်တော်များပင် မနာလိုဖြစ်ရမည့် အရာပင်။
ယီယွင် သည် “နတ်အရိုင်းတော” စာအုပ်ကို ညဉ့်နက်အထိ ဖတ်ရှုခဲ့သည်။ အရုဏ်မတက်မီ နှစ်နာရီခန့်တွင် ယီယွင် တရားထိုင်ခြင်းကို ပြုလုပ်လေသည်။ ယီယွင်ကဲ့သို့ စစ်သည်တစ်ဦးအတွက် စွမ်းအားကြီးကြီးမားမား လျော့နည်းခြင်းမရှိသရွေ့ နှစ်နာရီခန့် တရားထိုင်ခြင်းမှာ အကောင်းဆုံးအခြေအနေသို့ ပြန်လည်ရောက်ရှိရန် လုံလောက်ပေသည်။
“စု ရပ်” မနက်မိုးလင်းတွင် အိမ်တန်းအပြင်ဘက်မှ လူတစ်ယောက်က အော်လိုက်သည်။
ယီယွင် သည် အမြန်ရေချိုးပြီး အခန်းထဲမှ မထွက်မီ အဝတ်အစားလဲလိုက် လေသည်။
အိမ်များအပြင်ဘက် ကွက်လပ်တွင် လူအနည်းငယ်ခန့်မှာ စုရုံးနေပြီဖြစ်သည်။ သူတို့သည်လည်း ယီယွင် ကဲ့သို့ပင် နိုးထလာကြသည်။၎င်းတို့ထဲတွင် ကျိုးခွေ့ လည်း ပါ၀င်လေသည်။
ကျိုးခွေ့ မှာ ခက်ထန်သော ခံစားချက်ကို ပေးစွမ်းပြီး နောက်ကျောတွင် ၎င်း၏အမှတ်အသားဖြစ်သော တိုက်ပွဲဓါးနှင့် တူ ကို ဆောင်ထားဆဲပင် ဖြစ်သည်။
ကျိုးခွေ့ က ယီယွင် ဘက်သို့ ဘာမှမပြောပဲ စိုက်ကြည့်နေလေသည်။
ကတုံးချင် က မေးစေ့ကို ပွတ်သပ်ပြီး ရယ်မောနေ လေသည်။ တိုင်အာနတ်မြို့တော် ကိုရောက်ရှိလာကြသော သူရဲကောင်းလူငယ်များမှာ အချင်းချင်း ပြိုင်ဆိုင်နေကြသည်။ အကန့်အသတ်ရှိသော အရင်းအမြစ်များဖြင့် ၎င်းတို့သည် တစ်ယောက်ကိုတစ်ယောက် ယှဉ်ပြိုင်နေရသောကြောင့် ၎င်းတို့အတွက် ရန်လိုမှုအချို့ရှိနေသည်မှာ ပုံမှန်ပင်ဖြစ်သည်။ရန်လိုမှုများမှာ ရှောင်လွှဲလို့ မရပေ။
"ဒီနေ့ မင်းကို နတ်အရိုင်းမြေ ကျောင်းတော်ခန်းမကို ခေါ်သွားမယ်" ဂတုံးနှင်လူက စကားကို ငြီးငွေ့စွာပြောပြီး နတ်မြို့လယ်သို့ ဆောင်သွားလေ၏။
နတ်အရိုင်းမြေ ကျောင်းတော်ခန်းမ သည် ဗဟိုနတ်မျှော်စင်ရှေ့တွင် ရှိသော ခမ်းနားသောခန်းမကြီးဖြစ်သည်။ နတ်အရိုင်းမြေ ကျောင်းတော်ခန်းမ သည် ကြီးမားပြီး ၎င်းသည် ဗဟိုနတ်ဘုရားမျှော်စင်ပြီးနောက် တိုင်အာနတ်မြို့တော်၏ အကြီးဆုံး အဆောက်အဦး ဖြစ်သည်။ ထိုနေရာသို့ရောက်သောအခါ၊ လူငယ်သူရဲကောင်းများစွာသည် ပုရွက်ဆိတ်များကဲ့သို့ ဧကရာဇ်မင်းမြတ်၏ခမ်းနားသောခန်းမထဲသို့ တွားသွားနေသကဲ့သို့ ခံစားနေရသည်။
ခန်းမဝင်ပေါက်ရှိ တိုင်လုံးများအားလုံးကို သေသေချာချာ အချောသတ်ထားလေသည်။ ထိုတိုင်လုံးများမှာ ပေသုံးဆယ်ခန့် ရှည်လျားပြီး လူဆယ်ယောက်ဖက်ထား ရသည်အထိ ကြီးမားလှသည်။ ခန်းမမြင်ကွင်းမှာ အံ့သြစရာကောင်းတဲ့ မြင်ကွင်းတစ်ခုပင်။
ကျောင်းတော်ခန်းမ တည်ဆောက်ရာတွင် အသုံးပြုသည့် ကျောက်တုံးများမှာ အလွန်လေးလံပြီး ကြီးမားသောအပိုင်းများစွာ ပါ၀င်လေသည်။ ၎င်းတို့သည် တောင်ငယ်တစ်လုံးမှ အပိုင်းပိုင်း ဖြတ်ထားသော ကျောက်တုံးများနှင့်တူသည်။ အရည်ကြိုထားသောသံများကို တိုင်လုံးများအတွင်း ရိုက်သွင်းထားသဖြင့် အလင်းရောင်အောက်တွင် ထိုသံများမှာ အေးစက်သော သတ္တုသဘာ၀ကို ထုတ်ပေးနေသည်။
ခန်းမမှာ သိသိသာသာ ကျယ်ဝန်းလှသည်။ ယီယွင် ခန်းမအတွင်းသို့ တချက်ကြည့်လိုက်သည်။ အထဲတွင် လူများစုဝေးနေကြသည်ကို တွေ့လိုက်ရသည်။
ယောက်ျားများသာမက အမျိုးသမီးများပါ ပါရှိသည်။ အမျိုးသမီးများမှာ သုံးပုံတစ်ပုံခန့်ရှိသည်။ ကျင်းလုံဝေ့ တို့သည် အမျိုးသားများဖြစ်ကြသော်လည်း တိုင်အာနတ်မြို့တော် တွင် အမျိုးသမီး ကျင့်ကြံသူလည်း ပြတ်လပ်မှုမရှိပေ။ ဤအမျိုးသမီးအများစုသည် မိသားစုမျိုးနွယ်စုများ သို့မဟုတ် တော်ဝင်မိသားစုများမှ လာကြသည်။ အချို့မှာ ကျင်းလုံဝေ့ ၏ မိတ်ဖက်တပ်ရင်းများမှပင် လာကြသည်။ ဥပမာ ချင်းလွမ်ဝေ့ သည် အမျိုးသမီးတပ်ရင်းဖြစ်သည်။
ခန်းမအတွင်းမှ လူအများစုသည် စတိုင်လ်ကျကျ ၀တ်ဆင်ထားကြသည်။ တချို့က ၎င်းတို့ရဲ့ မြင့်မြတ်သောအဝတ်အစားတွေ ၀တ်ထားပေသည်။ ငါးပျံဝတ်ရုံအပြင် စပါးအုံးဝတ်စုံများလည်း ပါရှိသေးသည်။
စပါးအုံး ၀တ်စုံအား အရာခံအမတ်များ ဝတ်ဆင်ထားကြသည်။
တိုင်အာနတ်မြို့တော်၏ မြင့်မြတ်သောဘွဲ့များသည် အမွေဆက်ခံနိုင်ခြင်း မရှိသလို၊ တစ်သက်လုံး ထိန်းသိမ်းထားနိုင်သည့်ဘွဲ့များလည်း မဟုတ်ပေ။ စစ်သည်တစ်ဦးသည် အကြောင်းတစ်ခုခုကြောင့် စွမ်းအားများ ဆုံးရှုံးသွားခဲ့ပါက၊ ၎င်း၏ ရာထူးမှာ ကုသမှုကြောင့် လျော့ကျသွားမည်ဖြစ်သည်။ တိုင်းပြည်အတွက်ပါ၀င်သော တိုက်ပွဲကြောင့် ရရှိသော ဒဏ်ရာများတော့ မပါဝင်ပေ။
ယီယွင် သည် စပါးအုံး ၀တ်စုံဝတ်ဆင်ထားသည့် လူငယ်တစ်ဦးကို ကြည့်နေသည်။ ၎င်းမှာ အသက်ဆယ့်လေးနှစ်ခန့်သာရှိသေးသည်။ ထိုကဲ့သို့ ငယ်ငယ်ရွယ်ရွယ်ဖြင့် အရာခံအမတ် ဖြစ်လာရခြင်းက ၎င်းတွင် ထူးချွန်ထက်မြက်တဲ့ အရည်အချင်းများရှိခြင်းကြောင့် ဖြစ်ပေမည်။
"ဆယ့်လေးနှစ်သား အရာခံအမတ်... သူ ဘယ်လောက်တောင် သန်မာနေလဲ သိချင်လိုက်တာ" ယီယွင် က တစ်ကိုယ်တီး ရေရွတ်လိုက်သည်။ ရုတ်တရက် ထို အရာခံအမတ်က မျက်မှောင် ကျုံ့ပြီး နောက်ဘက်သို့လှည့်ကြည့်သည်။
ချိုးနျို ဝတ်စုံကို ၀တ်ဆင်ထားပြီး ချယ်လှယ်နေသော လူငယ်တစ်ဦးသည် ကုလားထိုင်ပေါ်တွင် ထက်မြက်စွာ ထိုင်နေသည်။
ချိုးနျို ၀တ်စုံသည် မြို့စား ၏ အဓိပ္ပါယ်။
အသက် ဆယ့်ခြောက်နှစ် အရွယ် လူငယ် တစ်ဦးက မြို့စားလုပ်နိုင်တာလား။
မြို့စား ဆိုတာဘာလဲ။ နတ်မြို့တော်၏ ကျင်းလုံဝေ၏ စစ်ဗိုလ်ချုပ် ယန်မင်လုံပင်လျှင် အရာရှိတစ်ဦးသာဖြစ်သည်။
လူငယ်တစ်ဦးသည် ဗိုလ်ချုပ်တစ်ဦးနှင့် တူညီသော မြို့စားဘွဲ့တံဆိပ်တစ်ခုရှိသည်။
ယီယွင် အံ့သြသွားသည်။
ခန်းမထဲရှိ လူတော်တော်များများက ထိုကဲ့သို့အဝတ်အစားများဖြင့် လူငယ်အား ရှောင်ပေးကြ နေကြသည်ကို ယီယွင်သတိထားမိသည်။
ခန်းမရှိ လူအားလုံးနီးပါးမှာ မတ်တပ်ရပ်နေကြသည်။ သို့တိုင်အောင် ဤလူငယ်သည် ဘုရင်တစ်ပါးကဲ့သို့ ဘာမှမထူးခြားသလို ထိုင်နေလေသည်။
လူငယ်၏မျက်လုံးများသည် မျက်လုံးထောင့်မှ နေရာတိုင်းကို စိုက်ကြည့်နေသည်။ သူ့လက်ထဲတွင် ခရမ်းရောင်ဓားရှည်တစ်လက်နှင့် လက်ချောင်းပေါ်တွင် အနီရောင်လက်စွပ်တစ်ကွင်းရှိသည်။
“နေရာလွတ်လက်စွပ်…” ယီယွင် က လက်စွပ်ကို မှတ်မိသည်။ ထိုလက်စွပ်၏ စျေးနှုန်းမှာ အလွန်မြင့်မားသည်။ ယီယွင် တွင် နေရာလွတ် လက်စွပ်တစ်ကွင်းမှ မရှိသေးပေ။ ယီယွင် မိမိ၏အရပ် ထက်၀က်ခန့်ကို ဖုံးကွယ်ထားသော သားရေအိတ်ကို သယ်ဆောင်ကာ နတ်အရိုင်းတောသို့ ခရီးထွက်ခဲ့ခြင်းဖြစ်သည်။
"သူ့ကိုသိလား" ယီယွင် က သူ့အနားရှိ စုန့်ကျစ်ကျွင်း အား မေးလိုက်သည်။ ယီယွင် သည် လူငယ်ကို ညွှန်ပြရန် မျက်လုံးများကိုသာ အသုံးပြုခဲ့သော်လည်း အခြားအဖွဲ့မှလူများက ဤအမူအရာကို သတိပြုမိမည်ဟု ယီယွင် မထင်ခဲ့ပေ။
လူငယ်သည် ယီယွင် နှင့် စုန့်ကျစ်ကျွင်း တို့ကို စူးစူးစိုက်စိုက်ကြည့် နေလေသည်။ ခဏအကြာတွင် ထိုလူငယ်က ယီယွင် ကို လျစ်လျူရှုပြီး အခြားနေရာသို့ ကြည့်လိုက်လေ၏။
သို့သော် ထိုခဏမျှအခိုက်အတန့်မှာပင် စုန့်ကျစ်ကွင်းမှာ ခေါင်းနပန်းကြီးသွားလေသည်။
"ဓားဆန္ဒ သူ့မျက်လုံးတွေက ဓားဆန္ဒ ကို ဘယ်လိုဖန်တီးရမလဲဆိုတာ သင်ယူပြီးပြီ..."
ထိုလူငယ်၏ အကြည့်တစ်ချက်ကြောင့် စုန့်ကျစ်ကျွင်း၏ မျက်ခုံးကြားထဲကို ဓားတစ်ချောင်းးတိုး၀င်လာသလို ခံစားလိုက်ရသည်။ ထိုအအေးဒဏ်ကြောင့် သူ့ချွေးပေါက်များပင် ကျဉ်းသွားသလိုပင် ။
ဓားသမားသည် ၎င်းတို့၏ လက်များ၊ လက်ဖဝါးနှင့် ခြေထောက်များကို ဓားများအဖြစ်အသုံးပြုရန် လေ့ကျင့်နိုင်သည်။ လက်ဖဝါးကိုပင် ဓားကဲ့သို့ အသုံးပြုနိုင်သည်။ နောက်ဆုံးအဆင့်တွင် တစ်ချက်ကြည့်ရုံဖြင့် လူများကို ဓားဖြင့်ထိုးသတ်နိုင်သည်အထိ ပြင်းထန်လှသည်။
ထိုလူငယ်သည် ဓားကဲ့သို့ အကြည့်ခံရသည့်အဆင့်သို့ မရောက်သေးသော်လည်း ၎င်းကို ပုံဖော်နိုင်နေပြီဖြစ်သည်။
"သူက ဘယ်သူလဲ?" ယီယွင် က နောက်တစ်ကြိမ် ထပ်မေးသည်။
သိုသော့် စုန့်ကျစ်ကွင်း က ခေါင်းခါလိုက်ပြီး “ဘာမှ မသိဘူး…”
စုန့်ကျစ်ကျွင်း သည် ကျင်း ပြည်နယ် နန်ကျွင်း ပြည်နယ်ရှိ စုန့် မိသားစုမှဖြစ်သည်။ ကျင်း ပြည်နယ်၏ နန်ကျွင်း ပြည်နယ်သည် သေးငယ်သောနေရာတစ်ခုမျှသာဖြစ်ပြီး ကြီးမားကျယ်ပြန့်သော တိုင်အာနတ်ပြည်ထောင်အား ဆန့်ကျင်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် စုန့်ကျစ်ကျွင်း သည် ထူးချွန်သောလူများစွာကို သိရှိခြင်းမရှိပေ။
ထိုအချိန်တွင် စုန့်ကျစ်ကျွင်း အနားရှိ လူတစ်ဦးက "သူ့နာမည်က ယန်းချန်း ၊ တိုင်အာတော်ဝင်မိသားစုက၊ သူ့ ဆယ့်နှစ်နှစ်သားမှာ တိုင်အာနတ်မြို့တော် ကို ဝင်ခဲ့ပြီး ဒီမှာ သုံးနှစ်လေ့ကျင့်ခဲ့တယ်။ အခု ယန်းချန် ဟာ မိုးနဲ့မြေမှတ်တမ်းရဲ့ ထိပ်တန်းရာဂဏန်းအဆင့်မှာရှိတာ၊ ဒီနှစ်မှာတော့ ထိပ်တန်းဆယ်ယောက်ထဲတောင် ဝင်သွားနိုင်တယ်"
"တိုင်အာ တော်ဝင်မိသားစု" ယီယွင် အသက်ပြင်းပြင်းရှူလိုက်သည်။ တိုင်အာ နတ်ပြည်ထောင် တစ်ခုလုံးတွင် သြဇာကြီးမားသော မျိုးနွယ်စုများနှင့် မိသားစုမျိုးနွယ်များ ရှိသော်လည်း ၎င်းတို့မှာ တော်ဝင်မိသားစုနှင့် မနှိုင်းယှဉ်နိုင်ပေ။
ကျင်းပြည်နယ်၏ မိသားစုမျိုးနွယ်စုများ အနေဖြင့် ၎င်းတို့သည် တော်ဝင်မိသားစု၏ ရှေ့မှောက်တွင် ပုရွက်ဆိတ်များကဲ့သို့ပင် ဖြစ်သည်။
တိုင်အာနတ်ပြည်ထောင် တည်ထောင်ပြီးချိန်မှစ၍ တော်ဝင်မိသားစု၏ သွေးအနွယ်သည် နှစ်သန်းပေါင်း များစွာအထိ တည်တံ့ခဲ့သည်။
ထိုနှစ်သန်းပေါင်း များစွာအတွင်း တိုင်အာနတ်ပြည်ထောင် ၏ တော်ဝင်မိသားစုတွင် လက်ထပ်ထိမ်းမြားရန် တင်းကျပ်ထားသော စည်းမျဉ်းများ ရှိသည်။ တော်ဝင်မိသားစုဝင်တိုင်းသည် ၎င်းတို့၏အိမ်ထောင်ရေးကို အကြီးအကဲများကသာ ဆုံးဖြတ်ခဲ့ကြသည်။ သီးသန့်လက်ထပ်ခြင်းမျိုး ရှိခဲ့ပါ ၎င်းတို့၏ တော်ဝင်အဆင့်အတန်းကို စွန့်လွှတ်ရပေမည်။
တော်ဝင်မိသားစု၏ လက်ထပ်ထိမ်းမြားမှုရွေးချယ်မှုသည် နက်နဲသော အမွေအနှစ်များရှိသော မိသားစုမျိုးနွယ်စုများ သို့မဟုတ် ရှေးခေတ် ဆန်းကြယ်သော မျိုးနွယ်စုများမှ သာလွန်ကောင်းမွန်သော အသွေးအသားအချို့ဖြစ်ရပေမည် မဟုတ်ပါက ၎င်းတို့တွင် လူအများအပြားကို လွှမ်းမိုးနိုင်သည့် ကိုယ်ပိုင်အရည်အချင်းများ ရှိပေရမည်။
အတိုချုပ်ပြောရလျှင် ကောင်းကင်ဘုံရှိ အရည်အချင်းရှိသော၊ အထက်တန်းစားနှင့် ဂုဏ်ရှိသောကလေးတိုင်းကို တော်ဝင်မိသားစုမှ ထိန်းချုပ်ထားလေသည်။ အကြောင်းရင်းမှာ ၎င်းတို့၏ အမျိုးအနွယ်၏ အသွေးအသား အားကောင်းလာစေရန် ဖြစ်သည်။ထိုမှ ဉာဏ်ကြီးရှင်ဖြစ်ဖို့ အလားအလာ ပိုများမည်ဖြစ်သည်။
တိုင်အာ တော်ဝင်မိသားစုမှာ ကြီးပွားတိုးတက်ပြီး ၎င်းတို့၏အာဏာကို သေချာစေသော ဤစနစ်သည် ယုတ္တိမဲ့သောစနစ်ဖြစ်သည်။
တော်ဝင်မိသားစု၏ အမွေအနှစ်သည် အလွန်နက်ရှိုင်းသည်။ တော်ဝင်မိသားစုတွင် ရတနာများ ပြတ်လပ်ခြင်းမရှိပေ။ သို့သော် တော်ဝင်မျိုးနွယ်ဖြစ်ခြင်းကြောင့် ဤအရင်းအမြစ်အားလုံးကို ခံစားနိုင်သည်ဟု မဆိုလိုပါ။ မင်းမျိုးမင်းနွယ်များ များပြားလွန်းသောကြောင့် ထိုမင်းမျိုးမင်းနွယ်အတွင်းမှ ခြွင်းချက်ရှိသူများကိုသာ တော်ဝင်မိသားစုမှ ပြုစုပျိုးထောင်ရန် အရည်အချင်းပြည့်မီသည်။
ဒီလိုအခြေအနေမျိုးမှာ ယန်းချန် ဟာ အသက်ဆယ့်ငါးနှစ်မှာ မြို့စား ဘွဲ့ကို ရရှိထားခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။