← Chapters

ကောင်းကင်၊ မြေကြီး၊ လူသားတို့၏ ဂုဏ်သိက္ခာ

Vol. 11 Ch. 162

ကောင်းကင်၊ မြေကြီး၊ လူသားတို့၏ ဂုဏ်သိက္ခာ

Vol. 11 Ch. 162

ယီယွင် နှင့် တပ်ခွဲမှလူအများသည် တံခါးပွင့်မလာမီ ဆယ့်ငါးမိနစ်ခန့် စောင့်ဆိုင်းပြီး လူတချို့ခန့် ထွက်လာကြ‌လေသည်။

ခပ်ပိန်ပိန်လူငယ်တစ်ယောက်က သူတို့ကို ဦးဆောင်ထားလေသည်။ ထိုလူငယ်မှာ ရိုးရိုးရှင်းရှင်း၊ ပေါ့ပေါ့ပါးပါး လေ့ကျင့်ရေးဝတ်စုံကို ၀တ်ဆင်ထားကာ ကျောနောက်တွင် ဓားတစ်ချောင်းကိုလွယ်ထားလေ၏။

ပိန်ပါးလှသောလူငယ်၏ခြေလှမ်းတိုင်းသည် လေးပေတိတိဆီ တိကျစွာ လျှောက်လှမ်းလေသည်။ပေကြိုးဖြင့်တိုင်းတာ ထားသကဲ့သို့ပင်။

ထိုလူငယ်သည် ဓားအိမ်မှ ထုတ်ထားသော ဓားမောက်တစ်ချောင်း၏ ဖိနှိပ်မှုဓားသွားမှာ လူအများအား အထင်ကြီးစေခဲ့သည်။

ပိန်ပါးလှ‌သော လူငယ် ပေါ်လာသည်နှင့် လူအများ၏အာရုံမှာ ထိုလူငယ်ဆီသို့ ကျရောက်သွားလေသည်။

ယီယွင် မှာ ထိုလူငယ်နှင် မျက်လုံးချင်းဆုံသောအခိုက်တန့်တွင် မျက်ခုံးမွှေးများ အေးစက်သွားသလို ခံစားလိုက်ရသည်။လူငယ်၏ ဂုဏ်ရှိန်မှာ ကြီးလွန်းလှသည် ။

မနီးမဝေးရှိ ကျိုးခွေ့ မှာလည်း ထိုလူငယ်ကို ထိတ်လန့်လျှက်ရှိသည်။

ခပ်ပိန်ပိန် လူငယ်၏ အရှိန်အဝါမှာ ယန်းချန် ထက်ပင် ကြီးမားသည်။

ယန်းချန် က မတ်တပ်ထရပ်ကာ ကြိုဆိုသော အကြည့်ဖြင့် နှုတ်ဆက်လိုက်လေသည်။

"ချိုးဖျက်လိုက်ပြီလား" ယန်းချန် သည် သူ၏ မျက်မှောင်ကို အပ်တစ်ချောင်းနီးပါးအထိ ကျုံ့ထားကာ ပိန်ပါးလှသော လူငယ်ကို ကြည့်လိုက်လေသည်။

“ကံကောင်းတဲ့ အောင်မြင်မှုတစ်ခုနဲ့ ငါ့ ဂုဏ် အမှတ်တချို့ ရခဲ့တယ်။ အခု ကျွန်တော် လုပ်နိုင်နေပြီ…” လူငယ်လေးက အေးဆေးစွာ ပြောလိုက်‌လေသည်။

"ဂုဏ် အမှတ်တချို့... ဟမ်၊ရလဒ်ကောင်းပဲ၊ ဂုဏ်ယူပါတယ်" ယန်းချန် ၏ မျက်ခုံးများပင့်သွားကာ မျက်လုံးထဲတွင်မကျေနပ်မှုတို့ပါ၀င်နေလေသည်။ ချီးကျူးဂုဏ်ပြုနေသော်လည်း ၎င်းတို့နှစ်ဦးကြားတွင် ယှဉ်ပြိုင်မှုများကို လူတိုင်းရိပ်စားမိနိုင်သည်။

ယန်းချန် နှင့် ပိန်ပါး‌သော လူငယ်တို့မှာ ပြိုင်ဖက်များဖြစ်သည်။

၎င်းမှာ အံ့သြစရာတော့ မဟုတ်ပေ။ တိုင်အာ နတ်မြို့တော် တွင် လူငယ်သူရဲကောင်းများအားလုံးသည် အပြိုင်အဆိုင် ဆက်ဆံရေးများရှိကြသည်။

လူများစွာနှင့် ယှဉ်ပြိုင်နေရသော ယီယွင် လိုပင်။ အခြားမည်သူမျှ ယူဆောင်သွားလို့ မရနိုင်သောအရာများစွာရှိသည်။

ထိုအခြေအနေမျိုးတွင် ခင်မင်ရင်းနှီးတဲ့ဆက်ဆံရေး ဘယ်လိုမျှ ရှိနိုင်မည်မဟုတ်ပေ။

နောက်ဆုံးတွင် ပိန်ပါးသောလူငယ် က ယန်းချန်၏ ပခုံးအား တိုက်ကာ ထွက်ခွာသွားလေသည်။ ထွက်သွားခါနီးတွင်ယန်းချန်ဘက်သို့လှည့်ကာ "မင်းရဲ့စိန်ခေါ်မှုကို စောင့်နေတယ်"

ထိုစကားကြောင့် တိုင်အာ နတ်မြို့တော်မှ လူသစ်များမှာ အချင်းချင်း တစ်‌ယောက်ကိုတစ်ယောက် ကြည့်လိုက်ကာ ဒီလူငယ်က ဘယ်သူလဲ။ ယန်းချန် ရဲ့စိန်ခေါ်မှုကို ဘာကြောင့်စောင့်ရတာလဲ ပြီးတော့ ဘာလို့ ဒီလောက် မာနကြီးတာလဲ စသည့် မေးခွန်းများဖြင့် ပြည့်နေလေ၏။

ယန်းချန် ၏ တုံ့ပြန်မှုကို မြင်တော့ ယန်းချန်မှာ ပိန်ပါး‌သောလူငယ်ထက် အားနည်းမည်ဆိုသည်မှာ ထင်ရှားလှသည်။

ယန်းချန် သည် အလွန်အစွမ်းထက်နေပြီဖြစ်သည်။ထို့အပြင် ယန်းချန်မှာ ဆယ့်ငါးနှစ်သား အရွယ်ရှိ မြို့စားတစ်ဦးဖြစ်သော်လည်း သူ့ကို နိုင်သော လူတစ်ယောက်ရှိနေ‌လေသည်။

လူတော်တော်များများက တံတွေးကို မြိုချရင်း “ဒီနေရာက ကျွမ်းကျင်သူတွေနဲ့ ပြည့်နေတယ်…” ဟု မပြောခင် ခေတ္တရပ်လိုက်ပြီး၊

ဓားနှင့်လူငယ် ထွက်သွားပြီးနောက် လူများစွာက “ပိန်ပိန်ပါပါး ဓားသမားက ဘယ်သူလဲ၊ သူ့ရဲ့ ကျင့်ကြံမှု အဆင့်က ဘယ်လောက်လဲ”ဟု အချင်းချင်း မေးကြလေသည်။

ခေါင်းဆောင် ကတုံးချင် က "သူ့နာမည်က ယောင်တာအို (နတ်ဆိုးဓားမောက်) ပဲ။ သူ့နာမည်ပြောင်လည်း ပါတယ်။ သူ တိုင်အာ နတ်မြို့တော်မှာ လေ့ကျင့်နေတာ သုံးနှစ်ရှိပြီ။ ဒီနှစ်တော့ အသက် ဆယ့်ငါးပြည့်ပြီ"

"သူနဲ့ ယန်းချန် တို့ဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အဖွဲ့ထဲမှာ အကောင်းဆုံးလူတွေပေါ့၊သူတို့က တစ်ယောက်နဲ့တစ်ယောက်က အကြီးကျယ်ဆုံးပြိုင်ဘက်တွေပေါ့၊ ဒါပေမယ့် ယောင်တာအို က ယန်းချန် ကို အမြဲတမ်း သာလွန်နေတာ"

"သူ့ရဲ့ ကျင့်ကြံမှုအဆင့်အရ ယန်းချန် နဲ့ အတူတူပဲ၊ သူတို့နှစ်ယောက်လုံးက ခရမ်းရောင်သွေးနယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ရှိတယ်- ယွမ် အခြေခံနယ်ပယ်ရဲ့ အစောပိုင်းအဆင့်တွေ"

“ယွမ်အခြေခံနယ်ပယ်”

အားလုံးမှာ ငြိမ်သက်သွားကာအသက်ရှုသံများ ထွက်ပေါ်လာသည်။

“ယွမ်” သည် အစ၏ အဓိပ္ပါယ်ဖြစ်သည်။ ယွမ်နှစ်သည် ပထမနှစ်ဖြစ်သည်။ "ယွမ်ဗိုလ်ချုပ်" သည် စစ်ဘက်တွင် အမြင့်ဆုံးတပ်မှူးဖြစ်ပြီး "ယွမ်ပညာရှင်" သည် စာမေးပွဲများတွင် ပထမရသူဖြစ်သည်။

ယွမ်အခြေခံသည် စစ်သည်တော်၏အစနှင့် မူလအခြေအမြစ်ပင် ဖြစ်သည်။

စစ်သည်တော်သည် ခရမ်းရောင်သွေးနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ပြီးနောက်၊ ၎င်းတို့ ခန္ဓာကိုယ်၏ အဆီအနှစ်‌တွေကို အာဟာရဖြည့်တင်းပေးလိမ့်မည်။ ပေါင်းစည်းလိုက်သောအခါတွင် အရည်အသွေးပိုင်း ဆိုင်ရာ ပြောင်းလဲမှု ရှိလာမည်။ သွေးသည် စွမ်းအင် ရေပန်းတစ်ခုအဖြစ် ပေါင်းစပ်သွားလိမ့်မည်။ထို‌နောက် စွမ်းအင်ရေပန်းမှာ အားကောင်းစေပြီး၊ ခိုင်မာသောအခြေခံဖြစ်လာသည်။

၎င်းမှာ ယွမ် အခြေခံနယ်ပယ်ပင်။

ခရမ်းရောင်သွေးကို သိုင်းပညာ၏အစဟုခေါ်ဆိုမည်ဆိုလျှင် ယွမ်အခြေခံနယ်ပယ်သည် စစ်သည်တော်တစ်ဦးအတွက် နတ်ဘုရားဖြစ်စေရန် ပထမဆုံးခြေလှမ်းပင်ဖြစ်သည်။

ယွမ်အခြေခံနယ်ပယ် စစ်သည်တော်များသည် တိုင်အာနတ်မြို့‌တော်တွင် အလွန်ဂုဏ်သိက္ခာရှိကြသည်။

ထို့အပြင် ယောင်တာအို နှင့် ယန်းချန် တို့သည် ဆယ့်ငါးနှစ်သာရှိ‌ သေးသော်လည်း သူတို့သည် ယွမ်အခြေခံနယ်ပယ်သို့ ဝင်ရောက်နေပြီဟု ယူဆနိုင်သည်။

လူသစ်တော်တော်များများက စကားမပြောနိုင်ဖြစ်ကြကုန်သည်။ သူတို့အားလုံးမှာ ခရမ်းသွေးနယ်ပယ်မှာရှိကြသော်လည်း တခြားသူများမှာ ယွမ်အခြေခံနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ယန်းချန် သည် အထင်ကြီးလောက်စရာဖြစ်သော်လည်း လက်တွေ့တွင် ယန်းချန် သည် ယောင်တာအို အား မကျော်နိုင်ပေ။

လူတဦးမှာဘယ်လောက်ပင် သန်မာနေပါစေ ၎င်းထက် ပိုသန်မာသူတစ်ဦးမှာ အမြဲရှိနေမည်ဖြစ်သည်။

"မင်းတို့ရဲ့ရှေ့ခရီးက အရှည်ကြီးနေသေးတယ်၊ သူတို့က တိုင်အာ နတ်မြို့တော် မှာ သုံးနှစ်ရှိနေပြီ။ မင်းအခုမှရောက်တာ ဘာ‌ကို‌လောနေတာလဲ" လူသစ်တွေ စိတ်ဓာတ်တွေကျနေတာကို တွေ့ရသဖြင့် ဂတုံးချင်က အားပေးလိုက်သည်။

"ကောင်းပြီ၊ အခုဝင်ဖို့အလှည့်ရောက်ပြီ" သူပြောသည့်အတိုင်း ဂတုံးချင်က ခန်းမတံခါးကို ဖြတ်၀င်သွား‌လေသည်။

ခန်းမအတွင်း အလင်းရောင်မှာ မှိန်ပြပြဖြင့်၊ အထင်ရှားဆုံးမှာ ခန်းမအလယ်ရှိ ရုပ်တု သုံးခုဖြစ်သည်။

ရုပ်တုတစ်ခုစီကို မြင့်မားလှပြီး လူပုံသဏ္ဍာန် ထွင်းထုထားသည်။

၎င်းတို့သည် တိုင်အာနတ်မြို့တော်သမိုင်းတွင် အကျော်ကြားဆုံး နတ်ဧကရာဇ်များဖြစ်သည်။

အလယ်တွင် မြို့အားစတင်တည်ထောင်ခဲ့သော နတ်ဧကရာဇ်။ ဘေးဘက်ရှိ နတ်ဧကရာဇ်များသည် ယခင်က နယ်မြေချဲ့ထွင်ခဲ့ကြသူများ ဖြစ်သည်။ သူတို့သည် နိုင်ငံရေးနှင့် သိုင်းပညာတို့တွင် ထူးထူးခြားခြား ပညာရှိသော အုပ်စိုးရှင်များ ဖြစ်ခဲ့ကြသည်။

ထိုပညာရှိ မင်းသုံးပါးတို့သည် ၎င်းတို့၏ ကြီးမြတ်သော နာမည်ကို ချန်ထားခဲ့၍ လူအများ၏ ကြည်ညိုလေးစားမှုကို ခံရလေသည်။

သို့သော် ယီယွင် သည် ရုပ်တုသုံးခုကို ဂရုမစိုက်ပေ။

ထိုရုပ်တုများရှေ့တွင် သတ္တုပြားသုံးပြားရှိသည်ကို ယီယွင်သတိထားမိသည်။ သတ္တုပြားတစ်ခုစီတွင် နာမည်များ ရေးထွင်းထား‌သည်။

ဤအရာတို့သည် ဂုဏ် သုံးဆင့်ဖြစ်လေသည်။

"ဒါတွေက ကောင်းကင်၊ မြေကြီးနဲ့ လူသားတွေရဲ့ ဂုဏ်အသရေတွေပဲ" ဂတုံးချင်က ရှင်းပြသည်။

စာရင်း၏ ထိပ်ဆုံးဆယ်ယောက်၏အမည်များကို ပိုကြီးသောစာလုံးဖြင့် ရေးထားသည်။ ထို့ကြောင့် နာမည်များမှာ အလွန်ထင်ရှား‌လျှက်ရှိသည်။

ယီယွင် သတိပြုမိသည်မှာ မိုးနဲ့ မြေစာရင်းတွင် တူညီသောအမည်များဖြစ်သည့် ထိုက်ဟောက်ထျန်း ဖြစ်သည်။

လူစာရင်း ရဲ့ ထိပ်တန်းပုဂ္ဂိုလ်မှာ လော့ဟော်အာ။

"အိုး လော့ဟော်အာ အမျိုးသမီးလား"

ယီယွင် သည် ယောင်တာအို နှင့် ယန်းချန် တို့၏ နာမည်များကို ရှာတွေ့ခဲ့သည်။ ယောင်တာအို ၏အမည်သည် မိုးနဲ့ မြေ စာရင်း၏ အဆင့် ငါးဆယ့်နှစ်တွင် ရှိသည်။

ယန်းချန် သည် မိုးနဲ့ မြေ မှတ်တမ်းစာရင်း၏ အဆင့် ခြောက်ဆယ့်ရှစ်တွင် ပါဝင်သည်။

နှစ်ယောက်စလုံးမှာ လူစာရင်းတွင် မပါ၀င်ပေ။

"ဒါတွေကို တွေ့လား။ ဒါက ဂုဏ်သိက္ခာ မှတ်တမ်းပဲ။ မင်း ခြောက်နှစ်အကြာ တိုင်အာ နတ်မြို့တော် ကနေ ထွက်သွားပြီး ဘယ်စာရင်းရဲ့ ထိပ်တန်း အဆင့်၁၀၀၀ မဆို ဝင်နိုင်ခဲ့ရင် မင်း ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့တာပဲ"

"မင်းတို့အားလုံး အရမ်းဂုဏ်ယူနေတာ ငါသိပါတယ်။ မင်းရဲ့ ထူးချွန်မှုကို သက်သေပြဖို့ ဒီကိုလာခဲ့တာပဲ။ ဒါပေမယ့် မင်းရဲ့ ထူးချွန်မှုက မင်းလာခဲ့တဲ့ နယ်ပယ်တွေနဲ့ ယှဉ်ရင် ဒီကိုရောက်နေတဲ့ ဘယ်သူကမှ မင်းထက် ပိုညံ့တယ်ဆိုတာ မရှိဘူး၊ တိုင်အာ နတ်မြို့တော် မှာ သုံးနှစ်လေးနှစ်လောက် သင်ကြားပြီးတဲ့ သူတွေကတော့ မင်းတို့ထက် သန်မာတာ သာမာန်ပဲ"

"မင်းတို့ထဲက တစ်ယောက်ယောက်က အဲဒီစာရင်းတွေထဲက ထိပ်တန်း အဆင့် ၁၀၀၀ စာရင်းဝင်ခဲ့ရင် တိုင်အာ နတ်မြို့တော် က ထွက်သွားတဲ့အခါ တိုင်နတ်ပြည်ထောင်တောင်မဟုတ်ပဲ အဲဒီမှာရှိတဲ့ အဖွဲ့ကြီးတွေအားလုံးရဲ့ အာရုံစိုက်မှုကို ခံရလိမ့်မယ်။

ဂတုံးချင်၏ စကားများသည် စိတ်ဓာတ်များကို နှိုးဆွပေးလေသည်။

တစ်နှစ်အတွင်း ထိပ်တန်း အဆင့် ၁၀၀၀ သို့ဝင်ရောက်ရန်၊ တိုင်အာနတ်ပြည်ထောင် ရှိ ကြီးမားသော အဖွဲ့ခွဲများအားလုံး၏ အာရုံစိုက်မှုကို ရယူရန်...

၎င်းတို့မှ စိတ်လှုပ်ရှားစရာကောင်းလှပေသည်။

ကျိုးခွေ့ သည် တိုက်ခိုက်လို စိတ်များဖြင့် မျက်လုံးများ တောက်ပနေချိန်တွင် ၎င်း၏လက်ကောက်ဝတ်များကို ဆုပ်ကိုင်ထားလေသည်။ ယောက်ျားတစ်ယောက်အနေနဲ့ ၎င်းကို ပြီးအောင်လုပ်ရမည်သာ ရှိသည်။ ထိုစကားများသည် ကျိုးခွေ့၏ အိပ်မက်ဖြစ်သလို လက်ရှိ သူရဲကောင်း တော်တော်များများ၏ အိပ်မက်များလည်း ဖြစ်ပေသည်။

ယီယွင် သည် စာရင်းထဲရှိ နာမည်များကို တိတ်တဆိတ် မှတ်သားထား လေသည်။ ကောင်းကင်၊ မြေကြီး၊လူသားတို့၏ ဂုဏ်သိက္ခာမှတ်တမ်း တွင် ယွမ်အခြေခံနယ်ပယ်၏ အစောပိုင်းအဆင့်တွင်ပင် မှတ်တမ်း၏ အဆင့် ၁၀ အတွင်းသတ်မှတ် ခံရနိုင်ပေသည်။

ထို့နောက် ထိပ်တန်းဆယ်ဦး သို့မဟုတ် ထိပ်တန်းသုံးဦးတွင် အဆင့်သတ်မှတ်ခံရသူများအတွက် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်မှာ ဘယ်လောက်ရှိမည်နည်း။

ယွမ်အခြေခံနယ်ပယ် အလယ် သို့မဟုတ် ယွမ်အခြေခံနယ်မြေရဲ့ နှောင်းပိုင်းအဆင့်များ တွင် ဖြစ်နိုင်ပေသည်။ခန့်မှန်းဖို့မှာ ခက်လှပေသည်။

ထို တိုင်အာ နတ်မြို့တော် သည် အမှန်ပင် တိုင်အာနတ်ပြည်ထောင် ၏ အထက်တန်းလွှာများ စုဝေးရာ နေရာဖြစ်သည်။

ကျင်းလုံဝေ့ သည် ကြီးမားသော မျိုးနွယ်စုများ၊ တော်ဝင်မိသားစုများ၊ စစ်တပ်ရင်းလေးခု၊ ချင်းလွမ်းဝေ့၊ တော်ဝင်အစောင့်များနှင့် ဂိုဏ်းပေါင်းစုံမှ ဖွဲ့စည်းထားသော အခြားသော လက်ရွေးစင်အုပ်စုများနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ပေ။ ထို့အပြင်၊ ကျင်းပြည်နယ် နတ်မြို့တော်၏ ကျင်းလုံဝေ့ ဌာနခွဲသည် တိုင်အာနတ်ပြည်ထောင် တစ်ခုလုံးရှိ ကျင်းလုံဝေ့ အကိုင်းအခက်များထဲမှတစ်ခုသာဖြစ်သည်။

ဤဂုဏ်သိက္ခာ မှတ်တမ်းသည် အမှန်တကယ်ပင် စိန်ခေါ်မှုကြီးတစ်ခုပင်ဖြစ်သည်။

ယီယွင်၏ ကြိုးစားလိုစိတ်များ တဟုန်ထိုး တက်လာသည်ကို ခံစားလိုက်ရသည်။

"လက်ရှိငါ့ကို ဘယ်အဆင့်ရနိုင်မလဲလို့ တွေးမိနေတာလား။ ထိပ်တန်း ၁၀၀၀ ထဲမှာ ပါဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တိုင်အာ နတ်မြို့တော် မှာ ကျင့်ကြံသူ ၁၂၀၀၀ ရှိတယ်လို့ ငါကြားထားတယ်။ နှစ်စဉ် လူသစ် ၂၀၀၀ လောက်ရှိမယ်။ လူသစ်တွေက နောက်ဆုံးအဆင့်ဖြစ်တတ်တယ်။ ငါနဲ့အတူ ပါလာတဲ့ စုန့်ကျစ်ကျွင်း က ၁၀၀၀၀ ကျော်တယ်"

"လူသစ်တွေကြားထဲမှာ ငါ့ရဲ့ခွန်အားက တော်တော်ကောင်းရမယ်။ ကျိုးခွေ့ ကိုတော့ အလစ်ငိုက် မတိုက်ခိုက်ခဲ့ရင်တောင် ငါ သူကိုနိုင်တယ်၊ ဒါပေမယ့်... ဒီအသုတ်မှာ လူ ၂၀၀၀ လောက်ရှိတယ်။ ကျိုးခွေ့ က လူသစ်၂၀၀၀ ထဲမှာ ပျမ်းမျှထက် နည်းနည်းမြင့်တယ်လို့ ယူဆနိုင်တယ်။ ငါ့ရာထူးက ဘယ်ဖြစ်မလဲ။ ဒီလူသစ် ၂၀၀၀မှာ ငါထက် သန်မာတဲ့သူတွေရှိလား?"

ယီယွင် က သူ့ကိုယ်သူ လျှော့မတွက်ဘဲ ခရမ်းရောင်သွေးနယ်ပယ်ရဲ့ အစောပိုင်းအဆင့်တွင် ရှိသည်ကို သိသည်။

ကျင်း ပြည်နယ်တစ်ခုလုံးတွင် ယီယွင် ကို အကောင်းဆုံးအဖြစ် သတ်မှတ်ခဲ့ကြသည်။သို့သော် တခြားပြည်နယ် ၁၀၇ ခု ရှိပြီး အကြီးဆုံးအင်ပါယာမြို့ ဖြစ်သော ကျုံး ပြည်နယ်လည်း ရှိသေးသည်။

လူသစ်များကြားတွင် ယီယွင်ထက် သန်မာသော အခြားသူများ ရှိနေသည်မှာ အံ့သြစရာမဟုတ်ပေ။

တိုင်အာ နတ်မြို့တော်မှ ရေတွက်မည်ဆိုပါက၊ ယီယွင် သည် ၎င်းတို့ အားလုံး၏အဆင့် ၁၀၀၀၀ အထက်တွင် ရှိသည်ဟု ခန့်မှန်းနိုင်သည်။ အဆင့် ၈၀၀၀ လား ၉၀၀၀ဒါမှမဟုတ် ယီယွင်မှာ ၁၀၀၀၀ ထက်တောင် ပိုနေနိုင်မလား မသိနိုင်ပေ...

တစ်နှစ်တာတောအတွင်း ထိပ်တန်းအဆင့် ၁၀၀၀ သို့ဝင်ရောက်ခြင်းသည် ထူးခြားသည်ဟု ဆိုနိုင်ပေသည်။ နိုင်ငံတွင်းရှိ အစုအဖွဲ့ကြီး အသီးသီး၏ အာရုံကို ဆွဲဆောင်နိုင်လိမ့်မည် ဟုဆိုလျှင် ယီယွင်ကော တစ်နှစ်အတွင်း အဆင့်မည်မျှအထိ တက်ရောက်နိုင်မည်ကို မသိနိုင်ပေ။

၎င်းမှာ ယီယွင် စောင့်မျှော်‌နေသော အရာဖြစ်သည်။ တွေး‌တောကြည့်ပါက ယီယွင်သည် ကျယ်ပြောလှသော ကျတ်တီးမြေမှ ထွက်လာခဲ့သည်။ ကျင့်ကြံခြင်းနည်းစနစ် သို့မဟုတ် အရင်းအမြစ်များမှာ တော်ဝင်မိသားစု သို့မဟုတ် မိသားစုမျိုးနွယ်စုများမှ လူငယ်များနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။ မြင့်မားသော ခံယူချက်နှင့် ကောင်းကင်ကို စိန်ခေါ်နိုင်သော ခရမ်းရောင် သလင်းကျောက်၏ အကူအညီဖြင့် ဘဝနှစ်ခုကို ဦးဆောင်ခဲ့သော်လည်း သူ၏ သိုင်းပညာနှင့် ထိတွေ့မှုမှာ တိုတောင်းလှသည်။ တိုင်အာနတ်ပြည်ထောင်ရှိ ငယ်ရွယ်သော သူရဲကောင်းများကြားတွင် ထိပ်တန်း အဆင့် ၁၀၀၀၀ သို့ ဝင်ရောက်နိုင်ခဲ့ခြင်းမှာပင် အလွန်ကောင်းမွန်နေပြီဖြစ်သည်။

"ကောင်းပြီ၊ ဒီအဓိပ္ပာယ်မရှိ‌တာတွေ ပြောမနေနဲ့တော့။ အခု မင်းတို့ စတင် ကျင့်ကြံရမယ်၊ အဲဒီ ကျောက်တံခါးတွေကို ကြည့်လိုက်" ဂတုံးချင်က အနီးနားတစ်နေရာကို ညွှန်ပြသည်။ လူသစ်များရှေ့တွင် ကျောက်တံခါးကြီး ခြောက်ခု စိုက်ထူထားတယ်။ ကျောက်တံခါးများမှာ ရှေးဦးသွေး ပျက်စီးခြင်း သားရဲများဖြင့် ထွင်းထုထားပြီး ရှေးဟောင်းနှင့် လျှို့ဝှက်ဆန်းကြယ်သည်ပုံစံမျိုး ဖြစ်သည်။

ဂတုံးချင်က "မင်းရှေ့က ကျောက်တံခါးခြောက်ပေါက်က နတ်အရိုင်းမြေ ကျောင်းတော်ခန်းမရဲ့ နှလုံးသားပဲ၊ တောထဲမှာ ‌ခန်းမက ကျင့်ကြံရာနေရာပဲ။ လူသစ်တွေဆိုတော့ ကျင့်ကြံချိန် နှစ်နာရီ အခမဲ့ရလိမ့်မယ်။ အခု မင်းတို့အားလုံး ဝင်လို့ရပြီ၊ ဘယ်တံခါးကို ၀င်မလဲဆိုတာ လွတ်လွတ်လပ်လပ် ရွေး၊ တံခါးတစ်ခုစီက လူ ၁၈ ယောက်ပဲ ခွင့်ပြုတယ်"

"အိုး… အခမဲ့ ကျင့်ကြံချိန်" ယီယွင် ခေတ္တမျှရပ်လိုက်ပြီး၊ အနာဂတ်တွင် ထိုနေရာသို့ ဝင်ရောက်လိုပါက နဂါးကြေးခွံ မှော်စာလုံးဖြင့် ငွေပေးချေရပုံ ပေါ်သည်။

ထိုအချိန်တွင် ဂတုံးချင်က လက်ပိုက်ကာ ဘေး၌ရပ်နေလေသည်။ ၎င်း၏ဘေးတွင် သဲနာရီတစ်လုံးရှိသည်။ ဂတုံးချင်သည် သဲနာရီကို လှန်လိုက်ပြီး သဲများစတင် စီးဆင်း‌စေသည်။ သဲများအားလုံး ကုန်သွားပါက နှစ်နာရီပြည့်ပြီ ဖြစ်သည်။

လူငယ် သူရဲကောင်းများ အားလုံးသည် တိုင်အာ နတ်မြို့တော် သို့ ပထမဆုံးအကြိမ် ရောက်ရှိလာကြခြင်း ဖြစ်သဖြင့် စည်းမျဥ်းများစွာကို မသိခဲ့ကြသော်လည်း နတ်အရိုင်းမြေ ကျောင်းတော် ခန်းမ၌ရှိသော အချိန်သည် အလွန်တန်ဖိုးရှိကြောင်း သိရှိကြပေသည်။ ထုံးစံအတိုင်း၊အချိန်ဟာ အလဟဿဖြစ်ရမည့် အရာမဟုတ်ပေ။

All Chapters