← Chapters

မိစ္ဆာဂိုဏ်းမှမဟာအကြီးအကဲ

Vol. 35 Ch. 497

မိစ္ဆာဂိုဏ်းမှမဟာအကြီးအကဲ

Vol. 35 Ch. 497

...

ဖီလိုနာသည် အတိတ်မှ အမှတ်ရစရာများကို ပြန်ပြောင်းသတိရလိုက်မိသဖြင့် ငြိမ်းချမ်းမှုတစ်ခုကို ခံစားလိုက်ရသည်။

သူမအနေဖြင့် အာရန်အား ကာကွယ်ပေးနိုင်ခဲ့သည့်အတွက် ပျော်ရွှင်နေမိခဲ့သည်။

သူမသည် ရှေ့ရှိ အမည်မသိပုဂ္ဂိုလ်အား မျက်နှာချင်းဆိုင်လိုက်ပြီး သူမ၏ ဓားမြှောင်နှစ်ချောင်းအား ဝိညာဉ်စွမ်းအင်များဖြင့် ဖြည့်တင်လိုက်သည်။

ဤထိပ်တိုက်ရင်ဆိုင်မှုတွင် ဖြစ်လာမည့် ရလဒ်ကို သူမအနေနှင့် ကောင်းစွာ သိရှိထားပြီးဖြစ်သော်လည်း သူမ၏ နှလုံးသားတွင် ထိုရလာဒ်ကို ကျေကျေနပ်နပ်ပင် လက်ခံထားပြီးလည်းဖြစ်၏။

အမည်မသိပုဂ္ဂိုလ်သည် သူမ၏အပြုအမူအတွက် အနည်းငယ်ပင် အံ့အားသင့်သွားခဲ့ရသည်။

ပုံမှန်အားဖြင့် ဤမိန်းကလေးသည် သူနှင့် သန့်စင်ဧကရာဇ် အလုပ်ရှုပ်နေစဉ် တွင် ထွက်ပြေးရန် ကြိုးစားခဲ့သင့်သည်။

သူမက ထိုသို့လုပ်ဆောင်ပါက သူသည် ၎င်းတို့နှစ်ဦးစလုံးအား တစ်ပြိုင်နက်တည်း သတ်ပစ်မိခဲ့ပေလိမ့်မည်။

သူသည် ထိုဖြစ်နိုင်ခြေအတွက်ပင် အဆင်သင့် ပြင်ဆင်ထားနှင့်ပြီးဖြစ်၏။

သို့သော် သူမက ထွက်ပြေးရမည့် အစား ထိုသို့ တန်ပြန် တိုက်ခိုက်ခဲ့သောကြောင့် သူ ပင်အံ့အားသင့်သွားခဲ့ရခြင်းဖြစ်လေသည်။

သူမတွင် သန့်စင်ဧကရာဇ်နှင့် ရန်ငြိုး အချို့ရှိနေသည်မှာ အနည်းငယ် ရှင်းလင်းလာခဲ့သည်။

ထိုမျှသာမက ထိုဝိညာဥ်အမျိုးသမီးသည် သူမ၏ စွမ်းရည်များအပေါ်အလွန်အမင် ယုံကြည်ချက်ပြင်းထန်နေပုံရပြီး သူတို့အား အနိုင်ယူနိုင်မည်ဟု မုချထင်မှတ်ထားပုံရလေသည်။

“မင်းက မင်းရဲ့ ရန်ငြှိုးတွေကို ဟိုဧကရာဇ်အပေါ်မှာပဲ တုံ့ပြန်ခဲ့ရင် ငါဝင်ပါဖြစ်ခဲ့မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းက မထိသင့်တဲ့သူတစ်ယောက်ကို ထိဖို့ကြိုးစားခဲ့မိတယ်” ထိုအမည်မသိပုဂ္ဂိုလ်၏ ပတ်ဝန်းကျင်ရှိ အော်ရာအရှိန်အဝါသည် ပိုမို၍ ပြင်းထန်လာခဲ့သည်။

ထိုအချိန်တွင် သူ၏ နံဘေးရှိ ကမ္ဘာကြီးသည် ရပ်တန့်သွားသကဲ့သို့သို့ပင်။

ထိုပုဂ္ဂိုလ်သည် မျက်တောင်တစ်ချက်ခပ်စာ အတွင်းမှာပင် ဖီလိုနာ၏ရှေ့တွင် ရုတ်တရက်ပေါ်လာခဲ့ပြီး ဖီလိုနာကလည်း၎င်းကို မျှော်လင့်ထားပြီးဖြစ်ဟန်ဖြင့် လျှင်မြန်စွာ တုံ့ပြန်လိုက်သည်။

မြေပြင်မှ ဝိညာဉ်ကြိုးများစွာ ထွက်ပေါ်လာပြီး ထိုပုဂ္ဂိုလ်၏ လှုပ်ရှားမှုမှန်သမျှကို ကန့်သတ်ရင်း မြွေတစ်ကောင်အလား သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို တင်းကျပ်စွာ ရစ်ပတ်ထားလိုက်သည်။

ဖီလိုနာသည် ထိုအမည်မသိပုဂ္ဂိုလ်အား သူမ၏ ဝိညာဉ်ကြိုးများဖြင့် ထိမ်းချုပ်လိုက်ပြီးသည်နှင့် အချိန်မဆိုင်းပင် သူမ၏ဓားမြှောင်ဖြင့် ထပ်မံခုတ်ပိုင်းချလိုက်၏။

အံ့အားသင့်စရာကောင်းသည်မှာ ဓားမြှောင်သည် ထိုပုဂ္ဂိုလ်၏ရင်ဘတ်ကို အလွယ်တကူ ဖောက်ဝင်သွားပြီး သွေးများစွာ ပန်းထွက်လာခဲ့ခြင်းပင်။

“ငါ...အောင်မြင်သွားတာလား” ဖီလိုနာသည် မိမိကိုယ်ကိုယ် မယုံကြည်နိုင်စွာဖြင့် တွေးမိလိုက်သည်။

၎င်းသည် ဤမျှ လွယ်ကူလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ထိုပုဂ္ဂိုလ်သည် သူမတွေးထားသည်ထက် ပို၍အားနည်းနေခဲ့၍လော...။

သူသည် သူမ၏ချုပ်နှောင်မှုများကိုပင် မချိုးဖျက်နိုင်ခဲ့ခြင်းလော..။

ဖီလိုနာတစ်ယောက် အံ့အားသင့်နေမိခဲ့သော်လည်း သူမသည် ထိုမျှဖြင့် သတိလွတ် ရပ်မသွားခဲ့ပေ။

မည်သည့်အန္တရာယ်မှ ထပ်မံမစွန့်စားလိုဟန်ဖြင့် သူမသည် ထိုဓားမြှောင်ဖြင့်ပင် ထိုပုဂ္ဂိုလ်၏ ခန္ဓာကိုယ်ကို ဆက်လက်ထိုးစိုက်လိုက်ပြန်၏။

နောက်ဆုံးတွင် သူမသည် ထိုအမည်မသိပုဂ္ဂိုလ်၏လည်ပင်းကို လှီးဖြတ်လိုက်ရာ သူ၏ ခေါင်းသည် လေထဲတွင် ပျံဝဲထွက်သွားခဲ့သည်။

ထိုပုဂ္ဂိုလ်၏ခေါင်းသည် လေပေါ်တွင်တအောင့်မျှဝဲပျံသွားပြီးနောက် နောက်ဆုံးတွင် ‘ဒုန်း’ ဟူသော အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့၏။

သူ၏မျက်လုံးများမှာမူ ပွင့်နေဆဲဖြစ်ပြီး ဖီလိုနာအား စိုက်ကြည့်နေခဲ့လေသည်။

ထိုမျှ ရက်ရက်စက်စက် အသတ်ခံလိုက်ရခြင်းဖြစ်သော်လည်း သူသည် အနည်းငယ်မျှပင် အသံမထွက်ခဲ့ပေ။

သူ၏ခေါင်းသည် မြေပြင်ပေါ်တွင် လှိမ့်ဆင်းသွားပြီး ထူးဆန်းစွာပင် သူ၏မျက်လုံးများတွင် မူ အနည်းငယ် စိတ်ပျက်အားငယ်နေဟန်ပင် ရှိနေခဲ့သည်။

“မင်းမှာ ဒီလောက်တောင် ယုံကြည်မှုရှိနေတဲ့အတွက် တစ်ခုခု လုပ်ပြနိုင်လိမ့်မယ်လိ့ တွေးခဲ့မိတာ” ဟု လှိမ့်နေသောခေါင်းပြတ်က ထ၍ စကားပြောလိုက်သည်။

“ဒါပေမယ့် ငါ့ကို လုံးဝ စိတ်ပျက်စေခဲ့တယ်”

ထိုသို့ ပြောပြီးသည်နှင့် ထိုပုဂ္ဂိုလ်၏ ခေါင်းပြတ်သည် မီးခိုး‌ငွေ့များအဖြစ် ပြောင်းလဲသွားခဲ့ပြီး လေထဲမှာပင် ပျောက်ကွယ်သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်သည်လည်း အလားတူပင် အစကတည်းက ထိုနေရာတွင် တစ်ခါမှ မရှိခဲ့သည့်အလား ပျောက်ကွယ်သွားခဲ့ပြန်လေသည်။

ဖီလိုနာသည် ထိုမြင်ကွင်းကြောင့် လွန်စွာ အံ့အားသင့်သွားခဲ့ရသည်။

သို့သော် သူမအနေနှင့် မည်သည့် တုံ့ပြန်မှုမှ မပြုလုပ်နိုင်မှီမှာပင် လက်တစ်ဖက်သည် သူမ၏ လည်ပင်းကို နောက်ကျောဘက်မှ လာရောက်ဆုပ်ကိုင်ထားသည်ကို ခံစားမိလိုက်သည်။

အမည်မသိ အင်အားတစ်ခုသည် သူမ၏လက်မောင်းများကို လှုပ်မရအောင် ဖမ်းချုပ်ထားလိုက်သည်။

ဓားမြှောင်နှစ်လက်သည် သူမ၏ လက်ထဲမှ ပြုတ်ကျသွားခဲ့ပြီး ဝိညာဉ်အငွေ့အသက်များအဖြစ် ပြောင်းလဲ ပျောက်ကွယ်သွားခဲ့ကြသည်။

“မင်းက တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် မင်း မကျူးလွန်သင့်တဲ့သူကို ကျူးလွန်မိခဲ့တဲ့အပြစ်အတွက် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်လိုက်ပါ” ဟု ထိုပုဂ္ဂိုလ်က ပြောလိုက်သည်။

ထို့နောက် ဖီလိုနာ၏လည်ပင်းရှိ သူ၏လက်သည် ပိုမို တင်းကျပ်လာခဲ့လေသည်။

ဖီလိုနာသည် ဝိညာဉ်ပုံစံသာ ရှိနေခြင်းဖြစ်သော်လည်း ထိုပုဂ္ဂိုလ်အတွက် သာမန်ပုဂ္ဂိုလ်တစ်ယောက်နှင့်ထူးသည့်ပုံမပေါ်ပေ။

ထိုပုဂ္ဂိုလ်၏ ခန္ဓာကိုယ်ပတ်လည်တွင် တည်ရှိနေသော အမည်မသိ ရှုပ်ထွေးလွန်းသော စွမ်းအားစုတစ်ခုကြောင့် ဤဝိညာဥ်ပုံစံတွင်ရှိနေလျက်နှင့်ပင် သူမအား လွယ်ကူစွာ ထိတွေ့နိုင်ခဲ့ခြင်းဖြစ်ဟန်ရ၏။

ဖီလိုနာသည် အကူအညီမဲ့စွာ ရုန်းကန်နေခဲ့မိသည်။

ထိုပုဂ္ဂိုလ်၏မျက်နှာတွင် သနားညှာတာမှု အနည်းငယ်မျှ ရှိမနေခဲ့ဘဲ သူမ၏ အသက်သည် သူ့အတွက် တန်ဖိုးမရှိသည့် ပိုးမွှားတစ်ကောင်အလား အေးစက်သော အကြည့်တစ်ခုသာ ရှိနေခဲ့၏။

ထိုပုဂ္ဂိုလ်သည် ဖီလိုနာ၏နောက်တွင် ရပ်နေခြင်းဖြစ်သောကြောင့် သူမ၏ မျက်နှာအမူအရာများကို သတိမထားမိခဲ့ပေ။

သို့သော် သန့်စင်ဧကရာဇ်နှင့် စေ့စပ်ထားသော မိန်းကလေးမှာမူ ဖီလိုနာ၏ မျက်နှာအမူအရာများကို သေချာစွာ မြင်နေခဲ့ရသည်။

အကြောင်းတစ်ခုခုကြောင့် ဖီလိုနာသည် ထိုအခြေအနေနှင့်ကြုံနေရသည့်တိုင် အနည်းငယ် သက်တောင့်သက်သာဖြစ်နေပုံရသည်ဟု ခံစားမိလိုက်သည်။

၎င်းသည် သူမ၏ထင်ယောင်ထင်မှားဖြစ်ခြင်းသက်သက်ပဲလား။ သူမ မသေချာခဲ့ပေ။

“ဟင်”

ထိုစဥ် သန့်စင်ဧကရာဇ် လဲလျောင်းနေသည့်နေရာအနီးတစ်ဝိုက်တွင် ထူးဆန်းသော လှုပ်ရှားမှုအချို့ကို သတိပြုမိလိုက်သည်။

သို့သော် ရုတ်တရက်လှည့်ကြည့်လိုက်သောအခါ မည်သည့် မသင်္ကာစရာမျှမတွေ့ရပေ။

သန့်စင်ဧကရာဇ်သည် မြေပြင်ပေါ်တွင် လဲလျောင်းလျက်ရှိနေခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် ဖြူဖျော့လျက်ရှိ‌နေခဲ့ကာ ဓားမြှောင်တစ်ချောင်းက သူ၏ ရင်ဘတ်အတွင်း၌ စိုက်ဝင်လျက်ရှိနေ၏။

“တစ်ယောက်ယောက် စောစောက အဲဒီမှာ ရှိနေခဲ့တယ်လို့ မြင်လိုက်မိပါတယ် ဒါ ငါ့ရဲ့ထင်ယောင်ထင်မှားဖြစ်မှု သက်သက်ပဲလား “

သူမသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သော်လည်း ၎င်းကို များစွာ ဆက်လက် မတွေးခဲ့ပေ။

သူမသည် အလွန်အကျွံ တွေးမိခဲ့ခြင်းဖြစ်မည်ဟုသာ သဘောထားလိုက်သည်။

ထိုအမည်မသိပုဂ္ဂိုလ်သည် ဖီလိုနာ၏ လည်ပင်းကို ဆက်လက်တင်းကျပ်စွာ ညှစ်ထားခဲ့ပြီး သူမအား အသက်မထွက်မှီတွင် တတ်နိုင်သမျှ ညှဉ်းပန်းနှိပ်စက်လိုနေသည့်အလားပင်။ ဖီလိုနာသည် တဖြည်းဖြည်း မျက်လုံးများမှေးစင်းလာခဲ့ကာ သူမ၏ ဝိညဥ်ပုံစံ ကိုယ်ရောင်ကိုယ်ဝါများ ပိုမိုဖျော့တော့လာခဲ့သော်လည်း သူမ၏အသက်အတွက် အနည်းငယ်မျှပင် တောင်းပန်ခြင်း မပြုခဲ့ပေ။

သူမသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး သူမ၏ကံကြမ္မာကို လက်ခံလိုက်လေသည်။

သို့သော် သူမ၏ကံကြမ္မာကို ထိုသို့လက်ခံလိုက်ချိန်မှာပင် သူမ၏အနီးတွင် ရင်းနှီးလွန်းသော အနံ့လေးတစ်ခုကို ခံစားမိလိုက်၏။

သူမ၏မျက်လုံးများ တဖန်ပြန်ပွင့်လာခဲ့သည်။

သူမ၏နှုတ်ခမ်းများသည် အနည်းငယ် ပွင့်ဟလိုက်ကာ တစ်စုံတစ်ခုကို မေးရန် ကျိုးစားလိုက်သော်လည်း ချက်ချင်းပင် သူမ၏မျက်လုံးများကို တဖန်ပြန်မှိတ်လိုက်၏။

တစ်ချိန်တည်းတွင် ထိုအမည်မသိပုဂ္ဂိုလ်သည် ထူးဆန်းသောအန္တရာယ်တစ်ခုကို ခံစားမိလိုက်သည်။

ပထမဆုံးအကြိမ်အဖြစ် သူသည် ရိုင်းစိုင်းသောမိစ္ဆာသားရဲကြီးတစ်ကောင်မှ သူ့အား စောင့်ကြည့်နေသကဲ့သို့ ခံစားလိုက်ရလေသည်။

ထို့နောက် သူသည် မသိစိတ်၏ လှုံ့ဆော်မှုအရ နောက်သို့ခုန်ဆုတ်လိုက်မိကာ သူ၏ မျက်နှာအမူအရာမှာ ပို၍ပင် မှောင်မိုက်လာခဲ့မိသည်။

ဤခံစားချက်သည် အဘယ်ကလာသည်ကို သိလို၍ သူ၏ပတ်ဝန်းကျင်ကို အကဲခပ်ကြည့်လိုက်သည်။

သို့သော် ထိုအရာသည် နန်းတော်၏အပြင်ဘက်မှ ဝင်လာနေဟန်ရ၏။

သူသည် ထိုလုပ်ရပ်ကြောင့် ဖီလိုနာကို လွှတ်ပေးမိလိုက်သလိုဖြစ်သွားခဲ့သည်။

ဖီလိုနာသည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့ပြီး အဆက်မပြတ် ချောင်းဆိုးမိခဲ့သည်။

တစ်စုံတစ်ဦးသည် အတွင်းသို့ ဝင်ရောက်လာသောကြောင့် နန်းတော်၏ ဝင်ပေါက်ဝတွင် ခြေသံအချို့ ပဲ့တင်ထပ်လာနေသည်ကိုပင် ကြားနိုင်လိုက်ကြသည်။

ယခုရောက်ရှိလာသူ၏ အော်ရာသည် သန့်စင်ဧကရာဇ်၏ မြင့်မြတ်သော ကောင်းချီးအော်ရာထက်ပင် ပိုမို၍ ခြိမ်းခြောက်မှုများနေဟန်ရ၏။

၎င်းသည် ဓားဧကရာဇ်၏အော်ရာဖြစ်ပြီး ထိုအမည်မသိပုဂ္ဂိုလ်ပင် ၎င်းအော်ရာ၏ ဖိနှိပ်မှုကို ခံစားလိုက်ရသည်။

နန်းတော်အတွင်းသို့ ဝင်လာသောထိုလူသည် မိစ္ဆာဂိုဏ်းမှ မဟာအကြီးအကဲများ ဝတ်လေ့ဝတ်ထရှိသော ဝတ်စုံမျိုးကို ဝတ်ဆင်ထားလေသည်။

“ရှင်...”

ဖီလိုနာသည် ရောက်ရှိလာသော ထိုလူကို မြင်လိုက်သောအခါ သူမ၏မျက်ဝန်းများ တွင် အနည်းငယ် စိုစွတ်လာခဲ့၏။

သူမသည် သန့်စင်ဧကရာဇ်တည်ရှိရာသို့ နောက်ပြန်လှည့်ကြည့်လိုက်ရာ ဘာဖြစ်သွားခဲ့သည်ကို ချက်ချင်း နားလည်လိုက်သည်။

ထိုနေရာတွင် လဲလျောင်းနေသော သန့်စင်ဧကရာဇ်သည် အာရန် မဟုတ်တော့ပေ။ ယင်းအစား ၎င်းသည် သူ၏ကိုယ်ပွားတစ်ဦးဖြင့် အစားထိုးခံလိုက်ရခြင်းသာဖြစ်လေ၏။

ထိုအချိန်တွင် အစစ်အမှန် အာရန်သည် သူ၏ မိစ္ဆာဂိုဏ်းဝင် ပုံစံသို့ ပြန်လည်ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

မြောက်ပိုင်းတိုက်ကြီးရှိ ဂိုဏ်းကြီးများစွာကို သွေးချောင်းစီးစေပြီးနောက် မိစ္ဆာဂိုဏ်းမှ မဟာအကြီးအကြီးအကဲသည် တစ်ဖန်ပြန်ရောက်လာခဲ့ပြီ ဖြစ်လေသည်။

အမည်မသိပုဂ္ဂိုလ်သည် ဖီလိုနာအကြောင်း တွေးနေခြင်းကို ရပ်တန့်လိုက်သည်။

သူသည် ဝင်ပေါက်အနီးတွင် ရပ်နေသော မိစ္ဆာဂိုဏ်းမှ မဟာအကြီးအကဲဆီသို့ စူးစိုက်ကြည့်နေမိခဲ့သည်။

အာရန်ဆီမှထွက်လာသော အော်ရာသည် သန်းပေါင်းများစွာသော အသက်များကို နှုတ်ယူထားခဲ့သည့် သွေးဆာနေသော လူတစ်ယောက်၏ အော်ရာမျိုးဖြစ်လေသည်။

ထိုအချိန်တွင် နန်းတော်အတွင်းရှိ နံရံများတွင် ချိတ်ဆွဲထားသော ဓားများသည် အာရန်၏ ခြေတစ်လှမ်းချင်းစီတိုင်းတွင် အလိုက်သင့် တုန်ယင်နေခဲ့ကြသည်။

အာရန်သည် ထိုအမည်မသိ ပုဂ္ဂိုလ်နှင့် ပေအနည်းငယ် အကွာတွင် ရပ်လိုက်ပြီး သူ၏ အေးစက်စက် မျက်လုံးများဖြင့် ပြန်ည် စိုက်ကြည့်လိုက်သည်။

ထို့နောက် သူ၏အကြည့်သည် မြေပြင်ပေါ်တွင်လဲကျလျက်ရှိသော သန့်စင်ဧကရာဇ်ထံသို့ ရွှေ့လျားသွားခဲ့သည်။

#Catfoot

All Chapters