← Chapters

ကာကွယ်မှုများကို ထိုးဖောက်ခြင်း

Vol. 35 Ch. 499

ကာကွယ်မှုများကို ထိုးဖောက်ခြင်း

Vol. 35 Ch. 499

…

အာရန်သည် ထိုဓားကို ဆုတ်ကိုင်ထားစဉ် ယခင်အဆိပ်လည်ဆွဲမှ အကျိုးသက်ရောက်မှုများကို ပြန်လည်အသုံးပြုနိုင်ကြောင်း တွေ့ရှိလိုက်သည်။

သူသည် ရုပ်ပိုင်းဆိုင်ရာအားဖြင့် လည်ဆွဲတစ်ခုကို သူ၏ လည်ပင်းတွင် တစ်ချိန်လုံးဆွဲထားရန်ပင် မလိုအပ်ပေ။

သူ၏ အော်ရာသည်လည်း ပိုမိုအားကောင်းလာခဲ့ကာ အဆိပ်၏ ရနံ့များပင် လေထုထဲတွင် အနည်းငယ်ခံစားမိနိုင်နေပြီဖြစ်၏။

၎င်းက သူ၏ သမုဒ္ဒရာအုပ်စိုးသူအစွမ်းဖြင့်ဖန်တီးထားသည့် ကိုယ်ပိုင်နယ်မြေ၌ပင် ၎င်းကို ထိန်းချုပ်ရန် အတော်လေးရုန်းကန်နေရသည့် အဆင့်အထိ အကျိုးသက်ရောက်မှု ရှိနေဟန်ရလေသည်။

ဓားဧကရာဇ်၏ အော်ရာသည် ယခင်ကထက်များစွာ ပိုမို အားကောင်းခဲ့သော်လည်း တစ်ခုခု လိုနေသေးသည်ဟု ခံစားမိနေဆဲပင်။

သို့သော် ယခင်ထက်စာလျှင်မူ များစွာ ပို၍ပြည့်စုံသွားသကဲ့သို့ ခံစားလိုက်ရသည်။

ထိုဓားကို ကိုင်စွဲထားသောအခိုက်အတန့်တွင် အာရန်သည် လုံးဝ ကွဲပြားသော နယ်မြေတစ်ခုသို့ ခြေချမိလိုက်သကဲ့သို့ပင် အမှန်တကယ် ခံစားလိုက်ရသည်။

အာရန်၏ ဓားဧကရာဇ်အော်ရာနှင့် ရင်ဆိုင်ရသောအခါ ထိုအမည်မသိပုဂ္ဂိုလ်သည် ထူးဆန်းသော ဖိအားတစ်ခုကို စတင်ခံစားလိုက်ရပြီးဖြစ်၏။

ထိုပုဂ္ဂိုလ်သည် အာရန်အား စိုက်ကြည့်နေစဥ်မှာပင် အဆိပ်ရှိသော ဦး‌ခေါင်းကိုးလုံးပါရှိသည့် မွေနဂါးကြီးတစ်ကောင်၏ ပုံရိပ်ကို မြင်ယောက်လိုက်မိသည်ဟုပင် ခံစားမိလိုက်သည်။

သူ၏ စိတ်သည် အာရန်၏ အော်ရာကြောင့် ထိခိုက်ခံနေရပြီဖြစ်ကြောင်းကို သဘောပေါက်လိုက်သောအခါ သူ၏စိတ်ကို လျှင်မြန်စွာ ပြန်လည်ထိမ်းချုပ်၍ ပုံမှန်အသိစိတ်သို့ ပြန်ရောက်အောင်ကျိုးစားလိုက်ရသည်။

၎င်းအော်ရာတွင် သူ့အားပင် ထိခိုက်စေနိုင်သော ထူးဆန်းသည့် အဆိပ်တစ်မျိုး ပါဝင်နေဟန်ရလေ၏။

ထို့နောက်ထိုအမည်မသိပုဂ္ဂိုလ်သည် သူ၏ ထူးဆန်းသည့် အော်ရာတစ်မျိုးအား အသုံးပြု၍ သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်အား ဤအဆိပ်ရှိသော အော်ရာသက်ရောက်မှုမှ ကာကွယ်ထားလိုက်ရသည်။

“ဒီလူငယ်အကြောင်းကို ငါ ဘာမှ မသိထားပေမယ့် သူက အန္တရာယ်ရှိတယ် ဆိုတာတော့သေခြာတယ်။ ငါ တစ်ယောက်တည်းဆိုရင်တော့ သူ့ကို ကောင်းကောင်းယှဥ်ပြိုင်နိုင်လိမ့်မယ်။ ဒါပေမယ့် မင်းရဲ့ လုံခြုံရေးဟာ ဦးစားပေး ဖြစ်တဲ့အတွက် သူ့ကို တိုက်ခိုက်ရတာက ပိုပြီးခက်ခဲနိုင်လိမ့်မယ်။ ငါတို့ ဒီကနေ ထွက်သွားသင့်တယ်” ဟု ထိုပုဂ္ဂိုလ်သည် သူ၏နောက်ရှိ မိန်းကလေးအား ပြောလိုက်လေသည်။

အစောပိုင်းက သူရင်ဆိုင်ခဲ့ရသော ရန်သူများသည် အရေးမပါခဲ့ပေ။

သူ ကာကွယ်နေရသည့် အမျိုးသမီး၏ လုံခြုံရေးကို စိုးရိမ်စရာမလိုဘဲ သူတို့အား အလွယ်တကူ သတ်ပစ်နိုင်စွမ်းရှိလေသည်။

သို့သော် ယခုမူ သူသည်သာ ဤလူငယ်နှင့်ထိပ်တိုက်ရင်ဆိုင်မိပါက ထိုမိန်းကလေး၏ ဘေးကင်းလုံခြုံရေးကိုပင် ထိန်းသိမ်းနိုင်ပါ့မလားဆိုသည်ကို သူ မသေချာတော့ပေ။

သူမ၏ ဘေးကင်းလုံခြုံမှုကိုသာ စိုးရိမ်ရမည်ဆိုပါက သူသည် ဤလူငယ်နှင့် တိုက်ခိုက်ခြင်းအပေါ်တွင် အာရုံစိုက်နိုင်မည် မဟုတ်တော့ပေ။

ထို့ပြင် အနီးအနားတွင် အခြားနောက်ထပ် ပုန်းအောင်းနေသူများ ရှိနေဦးမလားဆိုသည်ကိုပင် သူ မသေချာချေ။

သူသည် ထိုမိန်းကလေးအား တိုက်ပွဲနှင့်ဝေးရာတွင် တစ်ယောက်တည်း ထားမထားခဲ့ရဲပေ။

“သူက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား” ဟု ထိုမိန်းကလေးက မေးလိုက်ရင်းဖြင့် သူမ၏ မျက်လုံးများသည် အစောပိုင်း သန့်ရှင်းသောဧကရာဇ်အပေါ် ကြိုးစားခဲ့သည့်အတိုင်း အာရန်၏ ဝိညာဉ်ကို ထပ်မံထိုးဖောက်ကြည့်ရှုရန် ကြိုးစားလိုက်သည်။

လူတစ်ဦးသည် ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွင် အင်အားကြီးသည်ဆိုဦးတော့ သူ၏ စိတ်ဝိညာဉ်သည်လည်း အလားတူ အင်အားကြီးမားလိမ့်မည်ဟု မဆိုလိုပေ။

သူတို့သည် သူ၏ ခန္ဓာကိုယ်ကို မတိုက်ခိုက်နိုင်ပါက သူ၏စိတ်ဝိညာဉ်ကို ပစ်မှတ်ထားနိုင်ပြီး သူ သတိမထားမိချိန်မှာပင် သတ်ပစ်နိုင်သေးသည်။

ထိုမိန်းကလေး၏ အကြည့်အောက်တွင် အာရန်သည် ယခင်ကကဲ့သို့ပင် ပူလောင်သောခံစားမှုတစ်ခုကို ခံစားမိလိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူ၏အခြားစွမ်းရည်များကို ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။

ထို့ပြင် ထိုသို့ဖုံးကွယ်ရန်လည်း အစီအစဉ်မရှိပေ။

ထိုကောင်မလေးသည် အခြားလူ၏ ဝိညာဉ်များကို နာကျင်စေခြင်းအား အလွန်စိတ်အားထက်သန်နေသောကြောင့် သူသည် သူမအား သင်ခန်းစာတစ်ခု ပေးလိုခဲ့သည်။

အာရန်တွင် ပိုင်ဆိုင်ထားသော မူလနဂါး၏ သွေးမျိုးဆက်သည် စတင်၍ အသက်ဝင်လာခဲ့၏။

သူသည် ဘိုးဘေးနဂါးလျှာအစွမ်းကိုပင် ထပ်မံ၍ ပေါင်းစပ် အသုံးပြုလိုက်ကာ စကားလုံးအနည်းငယ်အား ရွတ်ဆိုလိုက်သည်။

အာရန်၏ မျက်လုံးများသည် ခဏတာအတွင်း ပို၍ နက်မှောင်သွားခဲ့ကြသည်။ ထိုခဏတာအတွင်းမှာပင် အာရန်သည် ထိုအမည်မသိပုဂ္ဂိုလ်၏ နောက်ကွယ်တွင် ပုန်းအောင်းနေသော မိန်းကလေးအား တန်ပြန် စိုက်ကြည့်လိုက်၏။

ထိုအမျိုးသမီးသည် အာရန်၏ တန်ပြန်အကြည့်အောက်တွင် တောင့်တင်းသွားခဲ့သည်။ သူမ၏နှလုံးခုန်သံများပင် ရပ်တန့်သွားသကဲ့သို့ပင်။

သူမ၏နှလုံးသားအတွင်းတွင် ရုတ်တရက် နာကျင်မှုတစ်ခု ထိုးတက်လာသည်ကို ခံစားမိလိုက်ကာ သူမ၏ခန္ဓာကိုယ်အတွင်းရှိ သွေးစီးဆင်းမှုသည် ထိုခဏတာအတွင်း ပြောင်းပြန်ဖြစ်သွားခဲ့သကဲ့သို့ပင် ခံစားလိုက်ရသည်။

သူမ၏မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့ပြီး သွေးတလုတ် အန်ချမိလိုက်သည်။

ဖြူဖျော့လျက်ရှိသော မျက်နှာလေးဖြင့် သူမသည် အာရန်ဆီမှ မယုံကြည်နိုင်စွာဖြင့် အကြည့်ကို လွှဲလိုက်မိသည်။

သူက သူမအား မည်သို့များ နာကျင်အောင် ပြုလုပ်နိုင်ခဲ့ရသနည်း။ သူမ နားမလည်နိုင်ခဲ့ပေ။

ထိုခဏတာအချိန်အတွင်း ထိုသူသည် သူမ၏ စိတ်ဝိညာဥ်တစ်ခုလုံးကိုပင် တန်ပြန် ထိန်းချုပ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ခြင်းဖြစ်လေသည်။

ကံကောင်းထောက်မစွာဖြင့် ထိုအကျိုးသက်ရောက်မှုများသည် အချိန်ခဏမျှသာ ကြာရှည်ခဲ့ခြင်းပင်ဖြစ်သည်။

သို့မဟုတ်ပါက သူမအတွက် ရလဒ်များသည် မည်မျှဆိုးရွားမည်ကို သူမကိုယ်တိုင်ပင် မသေချာပေ။

သူမ၏အခြေအနေကို မြင်သောအခါ သူမကို ကာကွယ်ရန် တာဝန်ရှိသော ထိုပုဂ္ဂိုလ်အမျိုးသားသည်လည်း စကားမပြောနိုင်အောင်ပင် ဖြစ်သွားခဲ့ရသည်။

ပထမဆုံးအကြိမ်အဖြစ် သူသည် အမှန်တကယ်ပင် စတင်၍ ထိတ်လန့်လာခဲ့ပြီဖြစ်သည်။

ထိုမိန်းကလေးသာ တစ်စုံတစ်ရာ ဖြစ်သွားခဲ့ပါက ဖြစ်လာနိုင်သည့် အကျိုးဆက်များကို သူကိုယ်တိုင်ပင် ခံယူဝံ့မည်မဟုတ်ပေ။

ထိုမိန်းကလေးသည် သူ၏အားနည်းချက်ဖြစ်ပြီး သူ၏ကြောက်ရွံ့မှုလည်း ဖြစ်လေသည်။

ဤမြင်ကွင်းကိုသတိထားမိသောအခါ အာရန်သည် တစ်စုံတစ်ရာကို တွေးမိလိုက်၏။

ဤတိုက်ပွဲသည် သူ တွေးထားသလောက် ခက်ခဲမည့်ပုံမပေါ်တော့ပေ။

သူသည် ဤနေရာတွင် ဗီလိန်တစ်ဦးအဖြစ်ကပြနေခြင်းဖြစ်သောကြောင့် အဘယ်ကြောင့် ဤလိုအခွင့်အရေးမျိုကို အခွင့်ကောင်းမယူရမည်နည်း။

ဗီလိန်များသည် ဘယ်အချိန်ကများ သူတို့၏ အခန်းကဏ္ဏကို တရားမျှတစွာ ကပြဘူးခဲ့လို့နည်း။

ထိုပုဂ္ဂိုလ် အာရုံပျံ့လွင့်နေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ အာရန်သည် လျင်မြန်စွာ စတင်လှုပ်ရှားလိုက်သည်။

သူသည် ထိုပုဂ္ဂိုလ်၏ဘေးတွင် ရုတ်တရက်ပြန်ပေါ်လာခဲ့ပြီး သူ၏ ပုံရိပ်ယောင်ဓားကို ဝှေ့ယမ်းလိုက်၏။

ထိုပုဂ္ဂိုလ်သည် အန္တရာယ်ရှိသည့် အရာတစ်ခုကို အာရုံခံမိလိုက်သည့်အလား ချင်ချင်းပင် ရှောင်တိမ်းရန် ဟန်ပြင်ခဲ့သည်။

သို့သော် ချင်ချင်းပင် သူသာ ထိုသို့ ရှောင်တိမ်းလိုက်ပါက သူ၏ နောက်ရှိထိုမိန်းကလေးအား ဒဏ်ရာရရှိသွားမည်ကို စိုးရိမ်လိုက်မိသည်။

ထိုမိန်းကလေးသည် ထူးခြားသောကြောင့် သူမကို အန္တရာယ်ဖြစ်စေ၍ မရမှန်း သူကောင်းစွာသဘောပေါက်ထားသည်။

သူသည် စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက်တစ်ခုကို အမြန်ချလိုက်ရကာ အာရန်၏ ဓားသွားကို လက်ဖြင့်ပင်ဖမ်းဆုတ်ရန် ကျိုးစားလိုက်လေသည်။

အာရန်၏ဓားသည် ထူးဆန်းသည့် ရတနာပစ္စည်းတစ်ခုဖြစ်နေခဲ့လျှင်ပင် ကစဥ်ကလျ စွမ်းအင်များဖြင့် ဝန်းရံထားသော သူ၏ လက်အား ဖြတ်တောက်နိုင်မည်မဟုတ်ဟု သူ သည် လုံးဝယုံကြည်ထားလေ၏။

သူသည် ဤကမ္ဘာတစ်ခုလုံးတွင်ပင် သူ၏ ဆရာထံမှ ရရှိထားသော ထိုကစဥ်ကလျစွမ်းအင် ထက် ပိုမို အားကောင်းသည့် စွမ်းအင်ဟူ၍ မရှိဟု ယုံကြည်ထားလေသည်။

အာရန်နှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ရန် အကွာအဝေးတစ်ခု ဖန်တီးချင်သဖြင့် သူ၏ အခြားလက်တစ်ဖက်ဖြင့် မိန်းကလေးအား နောက်ဘက်သို့ တွန်းထုတ်လိုက်လေ၏။

သူသည် သူမအား အရင်ဆုံး ပြန်ပို့လိုနေခဲ့သော်လည်း သူ၏ရှေ့မှလူငယ်သည်သူအား ထိုသို့လုပ်ဆောင်ရန် ခွင့်ပြုမည်မဟုတ်မှန်း သူသေခြာသိနေခဲ့လေသည်။

ဤသို့ဖြင့် သူသည် အာရန်၏ဓားကို ဖမ်းဆီးရန် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်လေသည်။

သူ၏ စွမ်းအင်အဆီအနှစ်များသည် သူ၏ လက်မောင်းပတ်လည်တွင် ခိုင်မြဲစွာ ရစ်ပတ်ထားပြီး လက်မောင်းပတ်လည်တွင် လက်အိတ်နှင့် ဆင်တူသော ပုံသဏ္ဍာန်တစ်ခု ဖြစ်ပေါ်လာခဲ့လည်။

သူ၏ ကစဥ်ကလျစွမ်းအင်မျာဖြင့် ဖန်တီးယူထားသည့် ထိုလက်အိတ်သည် အာရန်၏ ဓားသွားကို ညှပ်၍ ဆုပ်ကိုင်ထားလိုက်သည်။

ထိုအချိန်တွင် သူ၏ အခြားလက်သီးတစ်ဖက်ဖြင့် အာရန်၏ မျက်နှာအား တစ်ပြိုင်နက်တည်း ပိတ်ထိုးလိုက်ရန် ပြင်ဆင်ထားလိုက်၏။

“ဟင်”

ထိုစဥ် ရုတ်တရက် သူ၏ မျက်နှာအမူအရာများ မှောက်မိုက်သွားခဲ့ကာ သွေးများသည် နေရာအနှံ့သို့ လွင့်စင်သွားခဲ့လေသည်။

၎င်းသည် အမှန်တကယ်ပင် သူ၏သွေးများဖြစ်လေ၏။

သူ၏ လက်ချောင်းများနှင့် လက်ဖဝါးတစ်ဝက်ခန့်သည် လုံးဝ ကွဲပြားသော နေရာတစ်ခုဆီသို့ ဦးတည်လွင့်စင်သွားနေသည်ကို မြင်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် အာရန်၏ ဓားဆီမှ အစိမ်းရောင်အရိပ်တစ်ခုသည် သူ၏ လည်ပင်းဆီသို့ တည့်တည့်မက်မက် ရောက်ရှိလာခဲ့ပြန်သည်။

ထိုအချိန်တွင် သူသည် အာရန်အား ထိုးနှက်ရန်ကြံရွယ်ထားမှုကိုပင် မေ့လျော့သွားခဲ့သည်။

သူသည် နောက်သို့ အလျှင်အမြန်ဆုတ်၍ ရှောင်လိုက်ရာ အာရန်၏ ဓားက သူ၏ မေးစေ့ကို အနည်းငယ်မျှသာ ထိမိနိုင်လိုက်သည်။

အာရန်သည် သူ့အား လွယ်ကူစွာ ဆုတ်ခွာခွင့် မပေးခဲ့ချေ။

အာရန်သည် သူ၏ရှေ့ရှိ ရန်သူကို ချေမှုန်းပစ်ရန် ဤမျှ ကောင်းသော အခွင့်အရေးကို နောက်တစ်ကြိမ်ထပ်ရရန်လွယ်ကူမည်မဟုတ်မှန်း သဘောပေါက်လိုက်သည်။

ထို့နောက်အာရန်သည် သူ၏ လက်ကောက်ဝတ်ကို တစ်ပတ်ပြန်လည်လိုက်ပြီး သူ၏ ဓားသွား ဦးတည်ရာကို ပြောင်းလိုက်ကာ အောက်သို့ ထိုးစိုက်ချလိုက်သည်။

ထိုပုဂ္ဂိုလ်အတွက် ကံကောင်းသွားသည်မှာ သူသည် သူ၏အခြားစွမ်းရည်များကို အသုံးပြုရန် အချိန်အလုံအလောက် ရရှိသွားခဲ့ခြင်းပင်။

သူသည် မီးခိုးအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

အာရန်၏ဓားသည် မီးခိုးငွေ့များလွင့်ပျံနေသည့် လေထုကိုသာ ထိုးခွင်းမိလိုက်သည်။

ထိုပုဂ္ဂိလ်၏ အစစ်အမှန်ခန္ဓာကိုယ်သည် သိပ်မဝေးသည့် တစ်နေရာတွင် ပြန်ပေါ်လာခဲ့ပြီး သူ၏မျက်လုံးများမှာမူ မယုံကြည်နိုင်ဖြစ်နေဆဲပင်။

သူသည် သူ၏ ညာဘက်လက်ကို ပြန်ကြည့်လိုက်ရာ တစ်ဝက်မှာ ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရလေသည်။

ပုံမှန်အားဖြင့် သူ၏လက်သည် ချင်ချင်းပြန်လည် ကောင်းမွန်လာသင့်သော်လည်း အံ့အားသင့်စရာကောင်း‌အောင်ပင် သူလက်သည် ယခုတစ်ကြိမ်တွင်မူ ထိုသို့ ပြန်လည်ကောင်းမွန်လာခြင်းမရှိခဲ့ပေ။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်တာလဲ ဒါက ဘယ်လိုဓားမျိုးလဲ သူက ဒီလောက် ရှုပ်ထွေးနေတဲ့ ကစဥ်ကလျစွမ်းအင်တွေနဲ့ ပြည့်နှက်နေတဲ့ အကာအကွယ်ကို ဘယ်လိုများ ဖြတ်သွားနိုင်ခဲ့ရတာလဲ”

#Catfoot

All Chapters